ဒီရောဂါလက္ခဏာတွေ ဖြစ်နေတာ ဘယ်လောက် ကြာသွားပြီလဲ နောက်ပြီး အထူးသဖြင့် ခင်ဗျား ရဲ့ အသက်အရွယ်မှာ ရင်ဘတ်အောင့်တာ အားလုံးကို ဒီနည်းနဲ့ ကုသရပါတယ် နောက်ပြီး ဖျားလည်း ဖျားနေတယ် နောက်ပြီး ခင်ဗျားရဲ့ ကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကို စစ်ဆေးဖို့လည်း လိုတယ် နောက် ခင်ဗျားမှာ အခု အဖျား ရှိနေလား ခင်ဗျား ရင်ဘတ်အောင့်တာ အပြင် ဒီ လက္ခဏာ တွေထဲက တစ်ခုခု ရှိသေးလား။ ခင်ဗျားမှာ နှာရည်ယိုတာကော ရှိလား ခင်ဗျား အခု ရင်ဘတ် အောင့်နေသေးလား။ နောက် ဒါ့အပြင် ခင်ဗျားမှာ အသက်ရှုရတာ ခက်သလား နောက်ပြီး ဒါနဲ့အတူ တခြား ရောဂါလက္ခဏာတွေ ဘာတွေ ရှိတယ်ဆိုတာကို ပြောပြပါ။ အောင့်တာက ရင်ဘတ်ကနေ တခြားနေရာကို ရွှေ့သွားသလား။ အရည်များများ သောက်ပါ နောက်ပြီး ခင်ဗျား ကိုယ်အပူချိန်က ဘယ်လောက်အထိ မြင့်တက်သလဲ ကျွန်တော်/ကျွန်မ ချောင်းလည်း ဆိုးပါတယ် နောက်ပြီး ကျွန်တော်/ကျွန်မမှာ နည်းနည်းအအေးမိပြီး ချောင်းဆိုးတယ် နောက်ပြီး ဒီနေ့ ကျွန်တော်/ကျွန်မ မှာ တကယ့်ကိုဆိုးတဲ့ ရင်ဘတ်အောင့်တာလည်း ရှိနေတယ်။ နောက် ဒါကခင်‌ဗျား ဟေးဖီဗာ ရနေကျအချိန် မဟုတ်ဖူးလား နောက် အဲဒါက ရင်ဘတ်အောင့်စေတယ် နောက် ကျွန်တော့်မှာ အဖျား နည်းနည်း ရှိတယ်လို ထင်တယ် နောက် ရင်ဘတ်နာတာ ဘယ်နားမှာလည်း ဆိုတာ ပြောပြစေချင်တယ် နောက်ပြီး သူ့မှာလည်း အလားတူ လက္ခဏာတွေ ရှိတယ် ခင်ဗျားမှာ ဘယ်လို ရောဂါလက္ခဏာတွေ အခုရှိနေတယ်ဆိုတာ ကျွန်တော့်/ကျွန်မ ကို ပြောပြပါ။ နောက်ပြီး သူတို့မှာ တချို့လည်း အဖျားရှိနေကြတယ် နောက်ပြီး မင်းမှာ ဆီးချိုသွေးချို ရာဇဝင်ရှိတယ် နောက်ပြီးတော့ သိလား ကျွန်တော်/ကျွန်မ ရင်ဘတ်တွေ ကြေမွသွားတော့ မလို ခံစားရတယ် နောက်ပြီး လူတွေက တချိန်လုံး ကျွန်တော့်ဖက်လှည့်ပြီး ချောင်းဆိုးကြတယ် သိလား နောက် ခင်ဗျားက ရင်ဘတ် အောင့်နေတယ် နောက်ပြီး ခင်ဗျားရဲ့ ရောဂါ လက္ခဏာတွေက ငါးရက်အတွင်း ပျောက်မသွားဘူး နောက်ပြီး ခင်ဗျားမှာ ရင်ဘတ်ထဲ ဖိအား ရှိနေတယ်လို့ ပြောတယ် မိသားစုထဲက တယောက်ယောက်မှာ နှလုံး ပြဿနာ၊ နှလုံး ရောဂါတွေ၊ နှလုံး သွေးကြောပိတ်ခြင်း၊ ကိုလက်စထရော မြင့်မာခြင်း၊ သွေးတိုးရောဂါ ရှိသလား ကြွက်သားတွေ ကိုက်ခဲတာနဲ့ အတူတူ တခြား ရောဂါလက္ခဏာ ဒါမှမဟုတ် ပြဿနာတွေ ခင်ဗျား သတိထားမိတာ ရှိသလား ခင်ဗျား ရဲ့ ရင်ဘတ် ဘယ်ဖက်မှာ စူးပြီးနာတာမျိုး ရှိသလား အိမ်မှာ ခင်ဗျားလို အလားတူ လက္ခဏာတွေနဲ့ နေမကောင်းဖြစ်နေတဲ့ သူ ရှိသေးလား ခင်ဗျား အခု အသက်ရှူရ ခက်ခဲတာ ရှိသလား ခင်ဗျားမှာ တခြား ရောဂါ လက္ခဏာတွေ ရှိသလား အသက်ရှူရခက်တာမျိုး ရှိသလား အခုထိ ရင်ဘတ်အောင့်နေတုန်းပဲလား ဘာလို့လဲ ဆိုတော့ ဒါက တုပ်ကွေး ရာသီ ဖြစ်တယ် ဆီးချိုသွေးချိုအပြင် ခင်ဗျားမှာ တခြား ပြဿနာ ဒါမှမဟုတ် အရေးကြီးတဲ့ ရောဂါတွေ ရှိသလား ဒါပေမယ့် ကျွန်တော်/ကျွန်မတို့အနေနဲ့ နှလုံးကလာတဲ့ ရင်ဘတ်အောင့်တာ တွေကိုလည်း ဘေးဖယ်မပစ်သင့်ဘူး ဒါပေမယ့် အခု ပိုအရေးကြီးတဲ့ ပြဿနာက ရင်ဘတ်အောင့်တာပဲ ဒါပေမယ့် ခင်ဗျားမှာ ချောင်းဆိုးနေခဲ့ရင် ဒါပေမယ့် ကျွန်တော်/ကျွန်မမှာ အသက်ရှူရခက်တယ် ဒါပေမယ့် လူတွေ အများကြီး ကျွန်တော်/ကျွန်မ အပေါ် ချောင်းဆိုးသွားတာ သိတယ် ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဘယ်လို ရင်ဘတ်အောင့်တာမျိုးကို မဆို ဂရုတစိုက် ကုသပေးဖို့ လိုပါတယ် ဒါပေမယ့် ခင်ဗျား အသက်ရှူရတာ အဆင်ပြေတယ်မဟုတ်လား။ အခု အဆင်ပြေတယ် မဟုတ်လား။ ဒီ ရင်ဘတ်အောင့်တာကို ကျွန်တော်/ကျွန်မ လုံးလုံး မေ့သွားလို့ ဘာလို့လဲ ဆို သူတို့ ချောင်းဆိုးနေကြတယ် ခင်ဗျား ရင်ဘတ်ကို တယောက်ယောက်က ညှစ်နေသလို ခံစားရသလား အသက်ရှူရ ကြပ်သလို ခံစားရတုန်းပဲ သူတို့တွေက အလားတူ လက္ခဏာတွေ ခံစားနေရတယ်လို့ ပြောသလား ခင်ဗျား သိထားသလောက် ခင်ဗျားမှာ သွေးပေါင်ချိန် ပြဿနာ တစ်ခုခု ရှိသလား သွေးတိုး ဒါမှမဟုတ် အဲဒါလိုမျိုး တစ်ခုခု နာတာရှည် ရောဂါ တစ်ခုခု ရှိသလား ဆီးချို သွေးချိုလိုမျိုး တခြား နာတာရှည် ရောဂါ မျိုး ကျန်းမာရေး ပြဿနာတွေ ရှိသလား ဒီ ရင်ဘတ်နာတာနဲ့ အတူ အသက်ရှူကြပ်တာမျိုး ရှိသလား ခင်ဗျားမှာ သွေးတိုး ရှိသလား အဲဒါနဲ့ အတူ အသက်ရှူရတာ ခက်ခဲတာမျိုးရှိနေလား သူ့မှာ ဘယ်လို ရောဂါ လက္ခဏာမျိုး ရှိတယ်လို့ သိထားလဲ ခင်ဗျား ဆွေမျိုးတွေမှာကော အလားတူ လက္ခဏာမျိုးတွေ တွေ့ရလား ပုံကို ခင်ဗျား တွေ့ရသလား ဒီနေ့ အရည်တွေ အများကြီးသောက်ပါ ချောင်းခြောက်ဆိုးတယ်၊ အအေးမိတယ်၊ နှာရည်ယိုတယ်၊ အန်တယ်၊ ဝမ်းလျှောတယ် ဒါပေမယ့် ကျွန်တော်/ကျွန်မ ဆီးချိုသွေးချို စစ်ဆေးမှုတွေ လုပ်ထားတယ် ဒါပေမယ့် သူ့မှာ ကျွန်တော့်မှာ ရှိတဲ့ လက္ခဏာမျိုးတွေ ရှိနေတယ် ခင်ဗျား ကိုယ်အပူချိန် ဘယ်လောက်အထိ မြင့်သလဲ ခင်ဗျားရဲ့ သွေးပေါင်ချိန်က ဘယ်လိုလဲ ကျွန်တော်/ကျွန်မ မှာ သွေးတိုး မရှိဘူး လို့ ထင်တယ် ကျွန်တော်/ကျွန်မ ရင်ဘတ်ထဲက အောင့်တယ်၊ ရင်ဘတ်ရဲ့ အရှေ့ပိုင်းဒီနားမှာ ခင်ဗျားမှာ အဖျားကြီးတာ ဆက်ရှိနေမယ် ဆိုရင် အဖျား ၁၀၂ နဲ့ အထက် ရှိတယ် ဆိုရင် ခင်ဗျားရဲ့ ရောဂါ လက္ခဏာတွေနဲ့ ပြဿနာတွေက နည်းနည်း ထပ်ကြည့်သင့်တယ်လို့ ထင်သလား။ မနေ့က အဖျား ရှိတယ် ကျွန်တော်/ကျွန်မ မှာလည်း အဖျား နည်းနည်း ရှိတယ် ကျွန်တော်/ကျွန်မ မနေ့က ဖျားတယ် ကျွန်ုပ်၏ ရင်ဘတ်တွင် စူးခနဲအောင့်ပြီး နာကျင်နေပါသည် ကျွန်တော်/ကျွန်မမှာ ပြင်းထန်တဲ့ ရင်ဘတ်အောင့်တာကို ဒီနေရာမှာ ခံစားနေရတယ် ကျွန်တော်/ကျွန်မမှာ ဟေးဖီဗာ လည်း ရှိတယ် ကျွန်တော်/ကျွန်မ ခန္ဓာကိုယ် ရင်ဘတ် ဧရိယာမှာ လုပ်ထားတယ် ကျွန်တော်/ကျွန်မ အသက်ရှူရတာလည်း နည်းနည်း ခက်တယ် ကျွန်တော်/ကျွန်မ ခင်ဗျားဆီကို ပုံတစ်ခု ပို့လိုက်မယ် ကျွန်တော်/ကျွန်မ ဒီကနေ့ ရင်ဘတ် အောင့်နေတယ် ကျွန်တော်/ကျွန်မ ဒီကနေ့ ခေါင်းနည်းနည်းကိုက်ပြီး ကိုယ် နည်းနည်း ပူတယ် ကျွန်တော်/ကျွန်မက တုပ်ကွေးလို့ ထင်တယ် ကျွန်တော်ထင်တာကတော့ ဒါဟာ တုပ်ကွေး အသေးစားပဲ အဲဒါက ခင်ဗျား ရင်ဘတ် အလယ်ကနေ လည်ပင်းဘက်ကို တက်သွားတယ်လို့ သိရတယ် အဲဒါက သိပ်လေးတဲ့ လူတယောက် ခင်ဗျား ရင်ဘတ်ပေါ် တက်ထိုင် နေသလိုမျိုးလား ခေါင်းကိုက်တာနဲ့ စပြီး တချိန်တည်းလိုလိုပဲ အဖျား တက်လာတယ် ရင်ဘတ်ထဲက နာတယ် ကျွန်တော်/ကျွန်မ ရင်ဘတ် အလယ်တည့်တည့်မှာ အောင့်နေတယ် အဲဒါဟာ ရင်ဘတ်အောင့်သလိုမျိုး ဖိအားမျိုးဖြစ်တယ်။ အဲဒါက ကျွန်တော်/ကျွန်မ ရင်ဘတ်ထဲမှာ အဲဒါက ကျွန်တော် ကျွန်မ ရင်ဘတ် အလယ်မှာ အဲဒါ ရင်ဘတ် အလယ်မှာ လား အဲဒါက ကျွန်တော်/ကျွန်မ ရင်ဘတ် အလယ်တည့်တည့်မှာ ဖြစ်နေတာ အဲဒါက ကျွန်တော်/ကျွန်မ ရင်ဘတ် အလယ်မှာ ပဲ ကြည့်ရာတာ ခင်ဗျားမှာ ဉယျာဉ်အမျိုးအစား အအေးမိ ဒါမှတဟုတ် တုတ်ကွေး ရှိနေပုံ ရတယ် ကျွန်တော်/ကျွန်မ ရင်ဘတ်အောင့်တယ် ဒီ ရင်ဘတ်အောင့်တာကို တော်တော် စိတ်ပူတယ် ဒီ ရင်ဘတ်အောင့်တာကို ပုံဖော်ပြီး ပြောပြစေလိုပါတယ် ကျွန်တော်/ကျွန်မ ခင်ဗျားဆီကို ပုံတစ်ခု ပို့လိုက်မယ် ခင်ဗျားရဲ့ မျက်နှာပြင်ပေါ်ကို ကျွန်တော်/ကျွန်မ ပုံတစ်ပုံ ပို့လိုက်မယ် သွေးတိုး ဒါမှမဟုတ် သွေးချိုဆီးချိုလိုမျိုး ရင်ဘက် အလယ်တည့်တည့်လို နေရာမျိုး တည့်တည့်မှာ အချိန် တော်တော်များများမှာ ဒီလိုမျိုး ရင်ဘတ်အောင့်တယ် ကျွန်တော်/ကျွန်မ ညီမမှာ အလားတူ ရောဂါ လက္ခဏာတွေ ရှိတယ် အခု အဖျားအတွက် တက်ခီပီရီနာ သကြားလုံး စားလို့ ရတယ် အခု ကျွန်တော်/ကျွန်မ ခင်ဗျားဆီကို ပုံတစ်ခု ပို့လိုက်မယ် မေရီ အခု ဒီလက္ခဏာတွေ ခံစားနေရတာ ဘယ်နှစ်ရက်လောက် ရှိပြီလဲ အခု ခင်ဗျား ရင်ဘတ်အောင့်တယ်လို့ ခင်ဗျား ပြောတယ် တစ်ခါတစ်ခါ ကျွန်တော်/ကျွန်မ မှာ ရင်ဘတ်အောင့်တယ် အိုကေ၊ နာတာကလွဲရင် တခြား ဘယ်လို ရောဂါ လက္ခဏာတွေ ခင်ဗျား ခံစားနေရသလဲ ဒါမှမဟုတ် ခင်ဗျားမှာ သွေးတိုးရှိသလား ဒါမှမဟုတ် တယောက်ယောက်က ခင်ဗျား ရင်ဘတ်ပေါ် တက်ထိုင်သလား အတူတူနည်းပါးပဲ၊ ဖျားပြီး ချောင်းဆိုးတယ်၊ ခေါင်းကိုက်ပြီး ကြွက်သားတွေ နာတယ် ကျွန်တော်/ကျွန်မ ရင်ဘတ် အလယ်တည့်တည့်မှာ ဒီရုပ်ပုံ ထဲမှာ ကျွန်တော်/ကျွန်မကို ပြပါ၊ ဘယ်နားက နာတာလဲ ခင်ဗျားမှာ အဖျား ရှိနေတဲ့ အတွက် ဒါဆိုရင် ဒီလက္ခဏာတချို့က ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်နေ နိုင်တယ်လို့ ခင်ဗျားထင်သလား ဒါဆို ခင်ဗျား ရင်ဘတ်အောင့်တာ ဒီမနက် စတာပေါ့ ဒါဆို ခင်ဗျား ကလေးတွေလည်း တချို့ အလားတူ လက္ခဏာတွေ ဖြစ်နေကြသလား ခင်ဗျားရဲ့ ရင်ဘတ်နာတဲ့ အကြောင်းကို ပြောပြပါ။ ညပိုင်းမှာ အဖျားပိုတက်တယ် ကိုယ်ပူမြင့်နေတာ နှစ်ရက်ရှိပြီ မနေ့ည က စပြီး ကိုယ်အပူချိန် မြင့်လာတယ် အဖျားက လွန်ခဲ့တဲ့ နှစ်ရက်က စတယ် ပန်းဝတ်မှုန်နဲ့ ဓါတ်မတည့်လို့ ဖျားနာခြင်းကြောင့် ကြွက်သားနာခြင်း သူကတော့ အရေးပေါ်ခန်း သုံးပွင့်ဆိုင် စင်တာက ဒေါက်တာပေါ်တာ ပါ ဟုတ်ပြီ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ ရင်ဘတ်အောင့်တဲ့ အကြောင်း နည်းနည်းလေး ပိုပြောပြနိုင်မလား ကျွန်တော်/ကျွန်မ အမြင်မှာတော့ ဒါဟာ တုတ်ကွေးလေး ပါပဲ ဟုတ်ပါတယ်။ ကျွန်တော်/ကျွန်မ ကိုယ်ခန္ဓာအရှေ့ပိုင်း ဟောဒီ ရင်ဘတ်နေရာမှာ အောင့်ပါတယ် ဟုတ်တယ် ကျွန်တော်/ကျွန်မ ရင်ဘတ်မှာ တော်တော့်ကို နာနေတယ် ဟုတ်ပြီ အမျိုးသမီး၊ ခင်ဗျားရဲ့ ရောဂါလက္ခဏာတွေ နားထောင်ရတာ ခင်ဗျားမှာ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးမျိုး ရထားပုံရတယ် ဟုတ်တယ် ကျွန်တော်/ကျွန်မမှာ ရင်ဘတ်နာတာ ရှိတယ် ခင်ဗျား ရင်ဘတ်နာတာ ဘယ်လို နာတာမျိုးလဲ ရင်ဘတ်နာတာ ဘယ်တုန်းက စတာလဲ ရင်ဘတ် ဘယ်နေရာမှာ အောင့်တာလဲ ရင်ဘတ်အောင့်တာ ဘယ်နားမှာ ခံစားရသလဲ ခင်ဗျားမှာ ရင်ဘတ်အောင့် နေနိုင်တယ် ခင်ဗျား ရင်ဘတ်မှာ ကြပ်နေတာမျိုး ခံစားရလား ခင်ဗျား သိလား ကျွန်တော်/ကျွန်မမှာ ဆီးချို သွေးချိုနဲ့ ဟာတွေ ရှိတယ် ဒီရင်ဘတ်အောင့်တာ ဖြစ်နေတယ်လို့ ခင်ဗျား ပြောခဲ့တယ်။ 2020 ပြည့်နှစ် ဇန်နဝါရီ 1 ရက်မှ မတ်လ 15 ရက်အတွင်း ဥရောပသမဂ္ဂ (EU)/ဥရောပ စီးပွားရေး ဒေသ (EEA) ရှိ နိုင်ငံများနှင့် ဗြိတိန်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုးတက်ဖြစ်ပွားမှုနှုန်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကူးစက်မှုများ တိုးပွားဖြစ်ထွန်းလာမှု အညွှန်းကိန်းက ဥရောပသမဂ္ဂ/ဥရောပတခွင် စီးပွားကူးသန်း နယ်နိမိတ် နိုင်ငံများနှင့် ယူနိုက်တက်ကင်းဒမ်းတို့တွင် အလားတူ ဖြစ်စဉ်များ ရှိကြောင်း ပြသနေကာ တိုင်းပြည်ပေါ် မူတည်၍ ကွဲပြားသောအဆင့်တစ်ခုဖြင့် COVID-19 ကူးစက်ရောဂါသည် နိုင်ငံအားလုံးတွင် လျင်မြန်စွာတိုးပွားလာနေကြောင်းကို အတည်ပြုနေပါသည်။ အီတလီနိုင်ငံမှ အတွေ့အကြုံများကို အခြေခံ၍ နိုင်ငံများ၊ ဆေးရုံများနှင့် အထူးကြပ်မတ်ကုသရေးဌာနများသည် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သော၊ အထူးကြပ်မတ်စောင့်ရှောက်မှုလိုအပ်သော COVID-19 ကူးစက်ခံထားရသည့် လူနာများ တစ်ဟုန်ထိုးတိုးတက်လာနိုင်မှုအတွက် သူတို့၏ အသင့်ဖြစ်မှုကို တိုးမြှင့်ထားသင့်သည်။ 2019 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ် ဝူဟန်မြို့၌ အစုအပြုံလိုက် ကူးစက်သော ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်း မသိရှိရသေးသည့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုများ ပေါ်ပေါက်နေကြောင်း အစီရင်ခံခဲ့သည်။ 2020 ခုနှစ်၊ ဇန်နဝါရီ 9 ရက်တွင် တရုတ်နိုင်ငံ (China) ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုက ယခုအခါ ပြင်းထန်သော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ် 2 (SARS-CoV-2) ဟု ခေါ်ဆိုသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်စေသော ပစ္စည်းကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုစဉ်မှစ၍ SARS-CoV-2 ကူးစက်မှုကြောင့်ဖြစ်ပွားသော ဖျားနာမှုကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟု ခေါ်ဆိုကြပါသည်။ ယနေ့အထိ အထောက်အထားများအရ COVID-19 ရောဂါ ဖြစ်ပွားသူများ၏ 80% ခန့်သည် အဆုတ်ရောင်ရောဂါ ဖြစ်ပွား၍သော်လည်းကောင်း အဆုတ်ရောင်ရောဂါ မဖြစ်ဘဲ သော်လည်းကောင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ မပြင်းထန်သည့် ကူးစက်ရောဂါ ဖြစ်ပွားကြပြီး အများစုမှာ ပြန်လည် ပျောက်ကင်းကြပါသည်။ 14% ခန့်သော ဖြစ်ပွားမှုများတွင် COVID-19 သည် ဆေးရုံတက်ရောက်ကုသမှုခံယူရန် လိုအပ်သော ပိုမိုပြင်းထန်သည့် ရောဂါအဖြစ် ပြောင်းလဲဖြစ်ပေါ်လာပြီး ကျန် 6% သော ဖြစ်ပွားမှုများတွင် အထူးကြပ်မတ်ကုသမှုလိုအပ်သော ပြင်းထန်သည့် ဖျားနာမှုများကို တွေ့ကြုံခံစားခဲ့ရသည်။ COVID-19 ကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာများ၏ အသေအပျောက်နှုန်းမှာ 4% ခန့်ဖြစ်ပါသည်။ ဤလေ့လာမှုတွင် ကျွန်ုပ်တို့သည် ဥရောပသမဂ္ဂ/ဥရောပတခွင် စီးပွားကူးသန်း နယ်နိမိတ် (EU / EEA) နိုင်ငံများနှင့် ယူနိုက်တက်ကင်းဒမ်း (UK) တို့၏ နိုင်ငံအလိုက် COVID-19 တိုးပွားလာမှု အလားအလာအခြေအနေများကို စစ်ဆေးအကဲဖြတ်ပြီး ၎င်းတို့ကို (China) တရုတ်နိုင်ငံ၊ (Hubei) ဟူဘေးပြည်နယ်နှင့် နှိုင်းယှဉ် အကဲဖြတ်မည် ဖြစ်သည်။ 2020 ပြည့်နှစ် ၊ ဇန်နဝါရီလ 31 ရက်မှ မတ်လ 15 ရက်အတွင်း ဥရောပသမဂ္ဂ (EU)/ဥရောပ စီးပွားရေး ဒေသ (EEA) ရှိ နိုင်ငံများနှင့် ဗြိတိန်နိုင်ငံများတွင် COVID-19 လက်ရှိ ဖြစ်ပွားမှုအရေအတွက်ကို အီတလီနိုင်ငံရှိ လက်ရှိရောဂါဖြစ်ပွားမှု အရေအတွက်နှင့်လည်း ကျွန်ုပ်တို့ နှိုင်းယှဉ်ထားပါသည်။ EU/EEA နိုင်ငံများနှင့် UK တို့တွင် COVID-19 ရောဂါဖြစ်ပွားမှုများ တရုတ်တွင် ဖြစ်ပွားပြီးနောက်ပိုင်း COVID-19 သည် အခြားနယ်မြေဒေသများသို့ ဆက်လက် ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာတစ်လွှားရှိ ကျန်နိုင်ငံများတွင် COVID-19 ကပ်ရောဂါ တဟုန်ထိုး မြင့်တက်ဖြစ်ပွားခဲ့သည်။ 2020 ပြည့်နှစ် မတ်လ 11 ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ်သည် COVID-19 ကို ကူးစက်ကပ်ရောဂါတစ်ခုအဖြစ် ကြေညာခဲ့သည်။ WHO ၏ ရောဂါဖြစ်ပွားမှု အဓိပ္ပါယ်သတ်မှတ်ချက်အရ ဥရောပလူမျိုးများတွင် COVID-19 ရောဂါပထမဆုံးဖြစ်ပွားမှု အတည်ပြုကြောင်း မတ်လ 5 ရက်နေ့ထုတ် Eurosurveillance 2020၊ Spiteri et al. ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။ EU/EEA အတွင်း ပထမဆုံး အတည်ပြုလူနာ သုံးဦးကို 2020 ပြည့်နှစ် ဇန်နဝါရီလ 24 ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှ ပြန်လာသည့်သူများ ဖြစ်ကြပါသည်။ 2020 ပြည့်နှစ်၊ မတ်လ 15 ရက်နေ့၌ ဥရောပသမဂ္ဂ (EU)/ ဥရောပ စီးပွားရေး ဒေသ (EEA) ရှိ နိုင်ငံပေါင်း 30 လုံးနှင့် ယူနိုက်တက် ကင်းဒမ်း (ယူကေ) တွင် COVID-19 ဖြစ်ပွားမှုများကို တွေ့ရှိခဲ့ပြီး 2019 ခုနှစ် ဒီဇင်ဘာလ 31 ရက်နှင့် ထိုနေ့ကြားကာလအတွင်း ရောဂါဖြစ်ပွားသူပေါင်း 39,768 ဦးနှင့် သေဆုံးသူ 1,727 ဦး ရှိခဲ့ကြောင်းနှင့် အီတလီနိုင်ငံတစ်နိုင်ငံထဲတွင် လူဦးရေ 17,750 အထိ ကူးစက်မှုဖြစ်ပွားခဲ့ပြီး 1,441 ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ COVID-19 ဖြစ်စဉ်များ၏ ပြန့်ပွားမှု အညွှန်းကိန်းနှင့် ပြန့်ပွားမှုအရေအတွက်ကို ရယူခြင်း ဥရောပ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (ECDC) တွင် နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအဆင့်နှင့် ဒေသအဆင့် ကျန်းမာရေးအာဏာပိုင်များနှင့် WHO ကဲ့သို့သော တရားဝင်ရင်းမြစ်များမှရရှိသည့် COVID-19 ရောဂါအရေအတွက် ကောက်ယူမှုများကို နေ့စဉ် နံနက် 8:00 နာရီတွင် အပ်ဒိတ်ပြုလုပ်ပါသည်။ ဤအချက်အလက်များကို EU/EEA နှင့် UK ရှိ COVID-19 ၏ အလားအလာအခြေအနေကို အကဲဖြတ်ရာနှင့် ၎င်းနိုင်ငံများ၏ အခြေအနေများကို အီတလီနိုင်ငံ၏ အခြေအနေများနှင့် နှိုင်းယှဉ်ရာတွင် အသုံးပြုခဲ့သည်။ လက်ရှိ ဖြစ်ပွားနေသော COVID-19 ဖြစ်စဉ်များ၏ ပြန့်ပွားမှုနမူနာအဖြစ် 2020 ခုနစ် ဇန်နဝါရီ 1 ရက်မှ မတ် 15 အတွင်း EU/EEA နိုင်ငံများနှင့် UK နိုင်ငံတို့တွင် စုစုပေါင်း 14 ရက်အတွင်းနှင့် ၎င်းအထက်ကတည်းက ဖြစ်ပွားသော COVID-19 ဖြစ်စဉ်များ၏ ပြန့်ပွားမှု အညွှန်းကိန်းကို ကျွန်ုပ်တို့ တွက်ချက်ခဲ့ပြီး ၎င်းကို COVID-19 ၏ သမားရိုးကျ ဖြစ်လေ့ရှိသည့် ပမာဏ အဖြစ်မှတ်ယူမည်။ ကျွန်ုပ်တို့အနေဖြင့် 2020 ပြည့်နှစ် မတ်လ 15 ရက်နေ့ နံနက် 8:00 နာရီတွင် နိုင်ငံတိုင်း၏ အစီရင်ခံထားသည့် ရောဂါတိုးတက်ဖြစ်ပွားမှု အရေအတွက်ကို အီတလီနိုင်ငံတွင် 2020 ပြည့်နှစ် ဇန်နဝါရီလ 31 ရက်မှ မတ်လ 15 ရက်အတွင်း ရောဂါတိုးတက်ဖြစ်ပွားမှု အရေအတွက်နှင့် နှိုင်းယှဉ်၍လည်း ဖော်ပြထားပါသည်။ EU/EEA နိုင်ငံများနှင့် UK ရှိ COVID-19 ၏ အလားအလာအခြေအနေများ ဥရောပသမဂ္ဂ (EU)/ဥရောပ စီးပွားရေး ဒေသ (EEA) ရှိ နိုင်ငံများနှင့် ဗြိတိန်နိုင်ငံများတွင် COVID-19 ရောဂါ 14 ရက်ကြာ တိုးတက် ဖြစ်ပွားမှုနှုန်းများသည် ဟူဘေး ပြည်နယ် (တရုတ်နိုင်ငံ) တွင် ဖြစ်ပွားမှုနှုန်းများနှင့် ယေဘုယျအားဖြင့် အလားတူပင်ဖြစ်သည် (ပုံ 1)။ EU/EEA နှင့် UK တို့အားလုံးကိုခြုံကြည့်လျှင် ဖေဖော်ဝါရီ 21 ပတ်ချာလည်ခန့်တွင် COVID-19 ပြန့်ပွားမှု အညွှန်းကိန်းသည် စတင်မြင့်တက်ခဲ့ပြီး ၎င်းနောက် 2020 ဖေဖော်ဝါရီ 28 ပတ်ချာလည်ခန့်တွင် သိသိသာသာ မြင့်တက်လာခဲ့သည် (အပိုစာစောင်တွင်)။ ယင်းသည် အဓိကအားဖြင့် အီတလီနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရောဂါဖြစ်ပွားသူအရေအတွက် တစ်ဟုန်ထိုးမြင့်တက်လာမှုကြောင့် ဖြစ်ပြီး ဥရောပသမဂ္ဂ (EU)/ ဥရောပ စီးပွားရေး ဒေသ (EEA) ရှိ နိုင်ငံများနှင့် ဗြိတိန်နိုင်ငံအားလုံး၌ COVID-19 ရောဂါတိုးတက် ဖြစ်ပွားမှုနှုန်း (နောက်ဆက်တွဲ အချက်အလက်များ) တွင်လည်း အလားတူ မြင့်တက်မှုရှိကြောင်း ပြသခဲ့သည်။ ပုံ 2 တွင် 2020 ပြည့်နှစ် ဇန်နဝါရီ 31 မှ မတ်လ 15 ရက် ကာလအတောအတွင်း EU/EEA နိုင်ငံများနှင့် UK တွင် COVID-19 ဖြစ်ပွားမှု တိုးပွားလာသော အရေအတွက်နှင့် အီတလီနိုင်ငံရှိ အရေအတွက်တို့ကို နှိုင်းယှဉ်ပြသထားသည်။ 3 ပတ်နှင့် အောက်တွင် အခြားသော ဥရောပသမဂ္ဂ (EU)/ ဥရောပ စီးပွားရေး ဒေသ (EEA) ရှိ နိုင်ငံ 15 နိုင်ငံနှင့် ဗြိတိန်နိုင်ငံများသည် အီတလီနိုင်ငံတွင် ရောဂါဖြစ်ပွားမှုအရေအတွက်နှင့် အလားတူနှိုင်းယှဉ်နိုင်သော ရောဂါဖြစ်ပွားမှု စုစုပေါင်းအရေအတွက်ကို မတ်လ 15 ရက် နံနက် 8:00 နာရီတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ယင်းက မီးမောင်းထိုးပြသည်။ ကျွန်ုပ်တို့၏ ရလဒ်များက EU/EEA နှင့် UK တို့တွင် COVID-19 ကူးစက်ခံရသူအရေအတွက်သည် လျင်မြန်စွာ မြင့်တက်လျက်ရှိကြောင်း ဖော်ပြနေသည်။ လေ့လာစောင့်ကြည့်ထားသည့် COVID-19 တိုးတက်ဖြစ်ပွားမှုနှုန်း အလားအလာများအရ နိုင်ငံအားလုံးတွင် ကပ်ရောဂါသည် ပြန့်ပွားမှုနှုန်းတူညီစွာဖြင့် မြင့်တက်လာနေသည်ဟု ညွှန်ပြထားသည်။ နိုင်ငံများတွင် အမျိုးသားပြည်သူ့ကျန်းမာရေး ရောဂါတုံ့ပြန်ဆောင်ရွက်မှုများသည် အဆင့်အမျိုးမျိုးတွင်၊ အခြေအနေအမျိုးမျိုးဖြင့် ရှိနေကြပြီး ရောဂါဖြစ်ပွားမှုအဓိပ္ပါယ် သတ်မှတ်ချက်များနှင့် ပေါင်းစပ်စစ်ဆေးမှုအပါအဝင် COVID-19 ရှိမရှိအတည်ပြုစစ်ဆေးရန်လိုအပ်သည့် လူနာများ ရွေးချယ်ရန် လုပ်ထုံးလုပ်နည်းများတွင် နိုင်ငံအလိုက် ကွဲပြားချက်များရှိနေသော်လည်း ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ 2020 ပြည့်နှစ်မတ်လအစောပိုင်းတွင် အီတလီနိုင်ငံ၊ ကူးစက်ခံဒေသများမှ ဆရာဝန်များက COVID-19 ကူးစက်မှုခံရသော လူနာ 10 % ခန့်သည် အထူးကြပ်မတ်ကုသမှု လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး မီဒီယာရင်းမြစ်များက အဆိုပါဒေသများရှိ ဆေးရုံများနှင့် အထူးကြပ်မတ်ကုသရေးဌာနများသည် ၎င်းတို့၏ လူနာ လက်ခံနိုင်သော ပမာဏ အမြင့်ဆုံးကို ရောက်ရှိပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဥရောပသမဂ္ဂ (EU)/ဥရောပ စီးပွားရေး ဒေသ (EEA) အဆင့်တွင် ဆေးရုံ နှင့်/သို့ အထူးကြပ်မတ်ကုသဆောင်များ၌ တက်ရောက်ကုသနေသော COVID-19 ရောဂါလူနာဦးရေ အချက်အလက်များ၏ 6% နှင့် 1% ကိုသာ အသီးသီး ရရှိနိုင်သည် (အချက်အလက်ကို ဖော်ပြမထားပါ)။ သို့သော် သတင်းပို့လူနာအရေအတွက်နှင့် သေဆုံးသူအရေအတွက်ကို အာရုံစိုက်သည့် လက်ရှိ ဒေတာစောင့်ကြည့်ရေးကို အားဖြည့်ရန်အတွက် ၎င်းတို့ကို စနစ်ကျသည့် အသွင်ဖြင့် စစ်တမ်းကောက်ယူသင့်ပါသည်။ 2010-11 ခုနှစ်တွင် လေ့လာစမ်းစစ်ချက်ပြုလုပ်မှုတစ်ခုအရ ဥရောပတွင် အထူးကြပ်မတ်ကုသမှုနှင့် စပ်ကြားကာလ ကုသမှုတို့အတွက် ကုတင်အရေအတွက်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံသာ သိသိသာသာ ကွာဟလျက်ရှိပြီး ဂျာမနီ၌ လူဦးရေ 100,000 တွင် ကုတင် 29.2 လုံးရှိသော်လည်း ပေါ်တူဂီ၌မူ ကုတင် 4.2 လုံးသာ ရှိကြောင်း တွေ့ရှိရသည်။ ဤသည်က (2010-11 ခုနှစ်တွင် လူ 100,000 လျှင် အထူးကြပ်မတ်ကုသမှုနှင့် အလယ်အလတ်အဆင့် ကြပ်မတ်ကုသမှု ဆောင်ရွက်နိုင်သော ကုတင်အရေအတွက် 12.5 ရှိသော) အီတလီနိုင်ငံထက် ထိုနိုင်ငံများက အရင်းအမြစ်များ ပိုမိုများပြားစွာ ပိုင်ဆိုင်ထားနိုင်သလို ပို၍လည်း နည်းနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အရေအတွက်ပြည့်သွားခြင်းနှင့် ဆက်နွှယ်သည့် ပုံဖော်ထားသည့် စိတ်မှန်းအခြေအနေများကို EU/EEA နိုင်ငံများနှင့် UK တို့တွင် အထူးကြပ်မတ်ကုသမှု ဆောင်ရွက်နိုင်သည့် ကုတင်အရေအတွက်ထက် & gt; 90% ကျော်လွန်နိုင်သည့် အန္တရာယ်နှင့် ဆက်နွှယ်သည့် ဆေးရုံတက် COVID-19 ကူးစက်လူနာများ၏ ကူးစက်ပြန့်ပွားမှုခန့်မှန်းများနှင့်အတူ ECDC လျင်မြန်သော COVID-19 ဘေးအန္တရာယ်စစ်ဆေးအကဲဖြတ်ချက် ဆဋ္ဌမအကြိမ်မြောက် မွမ်းမံပြင်ဆင်ခြင်းတွင် ထည့်သွင်းဖော်ပြထားသည်။ ရောဂါသည် EU/EEA နိုင်ငံများနှင့် UK တို့ရှိ အချို့ဒေသများအတွင်း စုဝေးပျံ့နှံ့နေပြီး ဆေးရုံနှင့် အထူးကြပ်မတ်ကုသဆောင်တို့တွင် ပုံမှန်အားဖြင့် သတ်မှတ်ဒေသတွင်းလူဦးရေကိုသာ ကုသနိုင်သည်ဖြစ်ရာ ရောဂါဖြစ်ပွားမှုများနှင့် အထူးကြပ်မတ်ကုသဆောင် ကုတင်အရေအတွက်တို့ဆိုင်ရာ သတင်းအချက်အလက်များကို ကိန်းဂဏန်းအချက်အလက်အတွက် ဒေသပိုင် ဌာနများ အမည်ပေးစနစ် အဆင့် 2 (NUTS-2) ဖြင့်ရရှိနိုင်အောင် ပြုလုပ်ပေးထားသင့်သည်။ အီတလီမှ ရရှိသော အတွေ့အကြုံများနှင့် အခြားနိုင်ငံများ၏ လက်ရှိအလားအလာများက COVID-19 ကပ်ရောဂါသည် EU/EEA နှင့် UK တို့တွင် လျင်မြန်စွာ တိုးတက် ဖြစ်ပွားလျက်ရှိကြောင်းကို ပြသနေသည်။ သို့ဖြစ်၍ နိုင်ငံများ၊ ဆေးရုံများနှင့် အထူးကြပ်မတ် ကုသဆောင်များသည် ဒေသတွင်း SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန်နှင့် အီတလီနိုင်ငံရှိ ရောဂါဖြစ်ပွားမှုဒဏ် ခံစားနေရသည့် ဒေသများတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အထူးသဖြင့် အထူးကြပ်မတ်ကုသမှုခံယူရန် လိုအပ်သည့် COVID-19 လူနာအရေအတွက် မြင့်တက်လာခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်သည်။ မကြာသေးမီက ECDC ၏ ရုတ်ခြည်း အန္တရာယ် အကဲဖြတ်ချက်တွင် ထောက်ပြထားသည့်အတိုင်း SARS-COV-2 ပြန့်ပွားမှုကို နှောင့်နှေးစေရန်အတွက် ထိန်းချုပ်ဟန့်တားရေးမှ လျော့ပါးသက်သာစေရေးသို့ ပြောင်းလဲမှု နည်းလမ်းနှင့်အတူ လျင်မြန်သော၊ ကြိုတင်ပြင်ဆင်မှုရှိပြီး ကျယ်ပြန့်သော ရောဂါကာကွယ်ထိန်းချုပ်မှု နည်းလမ်းတစ်ရပ်ကို မရှိမဖြစ်လိုအပ်ပါသည်။ လူနာအရေအတွက်တွင် ကြိုတင် မျှော်မှန်းထားသည့်အတိုင်း တစ်ဟုန်ထိုး မြင့်တက်လာလျှင် ကြိုတင်ပြင်ဆင်ထားမှု မရှိပါက ဆုံးဖြတ်ချက်ချမှတ်သူများနှင့် ဆေးရုံများအတွက် ရောဂါအခြေအနေကို နားလည်လက်ခံပြီး သင့်တော်သလို ပြောင်းလဲတုံ့ပြန်နိုင်သည့် အချိန်မလုံလောက်ဘဲ ဖြစ်စေနိုင်သည်။ အန္တရာယ်ဖြစ်နိုင်မှု အလျင်အမြန် စစ်ဆေးအကဲဖြတ်မှုများတွင် ကပ်ရောဂါကြောင့် ထိခိုက်မှုကို လျှော့ချနိုင်မည့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ အစီအမံများကိုလည်း ဖော်ပြထားပါသည်။ SARS-CoV-2 ပျံ့နှံ့မှုကို နှေးကွေးစေပြီး ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ကျရောက်မည့် ဖိအားများကို လျှော့ချနိုင်ရန်အတွက် နိုင်ငံများအနေဖြင့် သူတို့၏ ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများကို ထပ်မံတိုးမြှင့်နိုင်ရန် ကာလတို အခွင့်အလမ်းတစ်ခု ရှိနေသည်။ ဤသည်ကို မအောင်မြင်ခဲ့ပါက အခြားသော EU / EEA နိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် လာမည့်ရက်များ (သို့) ရက်သတ္တပတ်များအတွင်း အထူးကြပ်မတ်စောင့်ရှောက်မှုလိုအပ်သော လူနာများ တဟုန်ထိုးများပြားလာခြင်းကို ရင်ဆိုင်ရဖွယ်ရှိသည်။ ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (SARS) ကိုရိုနာဗိုင်းရပ်စ် 2 (SARS-CoV-2) ကြောင့် ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 (COVID-19) သည် ယခုအချိန်အထိ တရုတ်နှင့် ကမ္ဘာ့အခြားဒေသများတွင် လူပေါင်း 3,000 ကျော်ကို သေစေခဲ့ပြီး 80,000 ကျော်အထိ ကူးစက်ခံခဲ့ရသောကြောင့် လူသားများအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ 2003 ခုနှစ်တွင် လူထောင်ပေါင်းများစွာ၌ SARS ရောဂါ ကူးစက်ဖြစ်ပွားစေခဲ့သည့် ၎င်း၏ မျိုးတူဗိုင်းရပ်စ် SARS-CoV နှင့် အလားတူပင် SARS-CoV-2 သည်လည်း လင်းနို့မှ ကူးစက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး အလားတူ အင်္ဂါအစိတ်အပိုင်းစုမှတစ်ဆင့် တူညီသော လက္ခဏာများကို ဖြစ်ပွားစေခြင်း ဖြစ်နိုင်သည်။ သို့ရာတွင် COVID-19 သည် SARS ထက် ပြင်းထန်မှုနှင့် သေဆုံးမှုနှုန်း နည်းပါးသော်လည်း ပျံ့နှံ့မှုနှုန်း ပိုများပြီး လူငယ်များထက် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများထက် အမျိုးသားများကို ပိုမိုကူးစက်သည်။ ဖြစ်ပေါ်နေသည့် ရောဂါနှင့်ပတ်သက်၍ ရေးသားထုတ်ဝေမှုများ လျင်မြန်စွာ များပြားလာသည့်အပေါ် တုံ့ပြန်သောအနေဖြင့် ဤဆောင်းပါးက အလျင်အမြန် တိုးတက်ပြောင်းလဲနေသော သုတေသနအကြောင်းအရာများအပေါ် ပြည့်စုံမှုရှိသော သုံးသပ်ချက်တစ်ခု အချိန်မီ ပံ့ပိုးပေးနိုင်ရန် အားထုတ်ထားပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကပ်ရောဂါကို လေ့လာခြင်း၊ ရောဂါအကြောင်းရင်းကို လေ့လာခြင်း၊ ဗိုင်းရပ်စ်ကို လေ့လာခြင်း၊ ရောဂါဖော်ထုတ်ခြင်း၊ ကုထုံး၊ ရောဂါအခြေအနေသုံးသပ်ချက်နှင့် ကြိုတင်ကာကွယ်ခြင်းစသည့် အကြောင်းအရာများ ခြုံငုံပါဝင်အောင် လုပ်ဆောင်ပါမည်။ မေးခွန်းများစွာအတွက် အဖြေများ လိုအပ်နေဆဲဖြစ်သော်လည်း ဤပြန်လည်သုံးသပ်မှုသည် ခြိမ်းခြောက်နေသည့် ရောဂါအကြောင်းကို သိရှိ နားလည်သွားစေပြီး ၎င်းကို အမြစ်ပြတ်သုတ်သင်ပစ်ရာတွင် အထောက်အကူပြုမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ 2020 ပြည့်နှစ် ဇန်နဝါရီလ 25 ရက်နေ့တွင် ကျရောက်သော နွေဦးရာသီပွဲတော်သည် နိုဗယ်ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားမှုကြောင့် အားလပ်ရက်ကာလ တစ်လျှောက်လုံးနှင့် အားလပ်ရက်ပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ အိမ်တွင်း၌သာ နေထိုင်ရန်အတွက် တိုက်တွန်းခံခဲ့ရသော တရုတ်နိုင်ငံသားများအားလုံးအတွက် မကြုံစဖူးဖြစ်သော မမေ့နိုင်စရာအမှတ်တရများ ဖြစ်လာခဲ့သည်။ ဗိုင်းရပ်စ်သည် 2003 ခုနှစ်တွင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (SARS) ဖြစ်ပွားခြင်းကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ် (CoV) နှင့် အလွန်ပင် ထပ်တူညီမှုရှိနေသည့်အတွက်ကြောင့် 2020 ပြည့်နှစ် ဖေဖော်ဝါရီ 11 ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၎င်းကို SARS-CoV-2 ဟု အမည်ပေးခဲ့ပြီး ၎င်းနှင့်ဆက်စပ်သောရောဂါကို CoV Disease-19 (COVID-19) ဟု ခေါ်ခဲ့သည်။ ကပ်ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ကာ တရုတ်နိုင်ငံတစ်ခုလုံးနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း 50 နီးပါးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပါသည်။ 2020 ခုနှစ်၊ မတ်လ 2 ရက်အထိ ဗိုင်းရပ်စ်ပိုးသည် COVID-19 အတည်ပြု ဖြစ်ပွားသူ လူနာပေါင်း 80,000 ကျော်အထိရှိစေခဲ့ပြီး 40,000 ကျော်သည် ဆေးရုံမှဆင်းခွင့်ရခဲ့ကာ 3,000 ကျော် သေဆုံးစေခဲ့ပါသည်။ COVID-19 ကို WHO က “အများပြည်သူ့ နံပါတ် 1 ရန်သူ” ဖြစ်ပြီး အကြမ်းဖက်ဝါဒထက်ပင် ပိုမိုအင်အားကောင်းနိုင်ဖွယ် ရှိသည်ဟု သတိပေးထားပါသည်။ PubMed (https://www.ncbi.nlm.nih.gov/pubmed/) တွင် ဖော်ပြချက်အရ လူနာများစွာကို သီးခြား ခွဲထုတ်ထားပြီးနောက် ဗိုင်းရပ်စ်၏ ကွင်းဆက်ကို စူးစမ်းလေ့လာထားသည့် ပထမဆုံးအစီရင်ခံစာကို 2020 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်တွင် ပြုလုပ်ခဲ့ပြီးနောက် နှစ်လအတွင်းတွင် ဗိုင်းရပ်စ်အကြောင်း လေ့လာမှု၊ ကပ်ရောဂါကို လေ့လာခြင်း၊ ရောဂါအကြောင်းရင်းကို လေ့လာခြင်၊ ရောဂါစိစစ်ရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာ COVID-19 နှင့်ဆက်စပ်သည့် စာတမ်းပေါင်း 200 ကျော်ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။ ဤသုံးသပ်ချက်သည် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသည့် အကြောင်းအရာနယ်ပယ် အသစ်အပေါ် လုပ်ဆောင်နေသည့် သုတေသနကို အနှစ်ချုပ်ရန် ကြိုးစားထားသည်။ ဖြစ်နိုင်ခြေရှိသောအခါတိုင်းတွင် ကျွန်ုပ်တို့အနေဖြင့် COVID-19 ကို SARS နှင့် အခြားသော CoV ကြောင့်ဖြစ်ပွားသည့် ရောဂါများ၊ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (2012 ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကူးစက်ရောဂါ MERS) ဖြင့် နှိုင်းယှဉ်ရန် ကြိုးစားပါမည်။ ယခုအချိန်အထိ ကျွန်ုပ်တို့လေ့လာသိရှိပြီးသမျှ ရောဂါကို ကြိုတင်ကာကွယ်ခြင်းနှင့် ကြိုတင်မှန်းဆခြင်းများ အကြောင်းကိုလည်း ဆွေးနွေးပေးမည့်အပြင် အချို့သော ကျန်ရှိနေသည့် အရေးပေါ် ပြဿနာရပ်များကိုလည်း ဆွေးနွေးပါမည်။ CoV များသည် အစဉ်အလာအားဖြင့် လူကို အန္တရာယ်မပြုနိုင်သည့် ရောဂါဖြစ်ပွားစေသော ပစ္စည်းများဖြစ်ပြီး အဓိကအားဖြင့် ပုံမှန်အအေးမိခြင်းအဆင့် 4 ၏ ခန့်မှန်းခြေ 15% ကို ဖြစ်ပွားစေပါသည်။ သို့သော် ဤရာစုနှစ်တွင် ကျွန်ုပ်တို့သည် လူသားတို့တွင် ရောဂါဖြစ်ပွားနိုင်မှု မြင့်မားသော CoV များကို နှစ်ကြိမ်တွေ့ခဲ့ရပါသည်။ ၎င်းတို့မှာ 2003 ခုနှစ်တွင် (China) တရုတ်နိုင်ငံနှင့် 2012 ခုနှစ်တွင် (Saudi Arabia) ဆော်ဒီအာရေဗျနိုင်ငံတို့မှ စတင်ဖြစ်ပွားခဲ့ပြီး မကြာမီပင် ကြောက်မက်ဖွယ်ရောဂါကူးစက်နှုန်းများ၊ သေဆုံးနှုန်းများနှင့်အတူ အခြားနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည့် SARS-CoV နှင့် MERS-CoV တို့ဖြစ်သည်။ ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါသည် လူသားများ၏သမိုင်းတွင် CoV တတိယမြောက် ဖြစ်ပွားခြင်းဖြစ်ပါသည်။ ပုံ-ပုံ-1,1 တွင် ဖော်ပြထားသည့်အတိုင်း ဇာစ်မြစ်မသိသည့် အအေးမိ အဆုတ်ရောင်ရောဂါ အစုလိုက်အပြုံလိုက်ဖြစ်ပွားမှုကို ဝူဟန်မှ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်သို့ 2019 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့တွင် ပထမဆုံးသတင်းပို့ခဲ့သည်။ ခုနစ်ရက်ကြာပြီးနောက် CoV ၏ နောက်ဆက်တွဲအခြေအနေကို ထုတ်ပြန်ပေးခဲ့သည်။ 2020 ပြည့်နှစ်၊ ဇန်နဝါရီလ 15 ရက်နေ့တွင် ဝူဟန်မြို့၌ ပထမဆုံး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့သည်။ ဤအတောအတွင်း ကပ်ရောဂါသည် နယ်နိမိတ်ထိစပ်နေသည့် မြို့ကြီးများ၊ ပြည်နယ်များနှင့် တိုင်းပြည်များသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဇန်နဝါရီ 20 တွင် ကျန်းမာရေးဝန်ထမ်းများသို့ ရောဂါကူးစက်မှု ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ဇန်နဝါရီလ 23 ရက်နေ့တွင် (Wuhan) ဝူဟန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးအားလုံးကို ရပ်တန့်ကာ မြို့ကို လော့ခ်ဒေါင်းချခဲ့သည်။ ဇန်နဝါရီလ 24 ရက်နေ့တွင် ရောဂါနှင့် ပတ်သက်၍ ပထမဦးဆုံး လက်တွေ့လေ့လာမှုအရ အတည်ပြုပြီးသော ရောဂါကူးစက်ခံထားရသည့် လူနာ (41) ဦး အနက် (21) ဦးသာ အမျိုးအမည်မသိသေးသော တိရစ္ဆာန်မှ ကူးစက်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရသည့် ကနဦးနေရာ ဝူဟန် ပင်လယ်စာဈေးသို့ သွားလာဆက်သွယ်မှုရှိခဲ့ကြောင်း တွေ့ရသည်။ ဇန်နဝါရီလ 30 ရက်နေ့တွင် WHO သည် ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါသည်။ ဤအစီရင်ခံစာထွက်ရှိသောအချိန်တွင် တရုတ်ပြည်တစ်ဝှမ်းနှင့် ကမ္ဘာအနှံ့ရှိ အခြားနိုင်ငံပေါင်း 50 နီးပါးအထိ ရောဂါ ကူးစက်ပျံ့နှံ့ပြီး ဖြစ်သည် (ပုံ (ပုံ-2).2)။ အခြေအနေမှာ တရစပ်ပြောင်းလဲတိုးတက်နေသည်ဖြစ်ရာ ကူးစက်ပျံ့ပွားမှု၏ အဆုံးသတ်အတိုင်းအတာနှင့် ပြင်းထန်မှုတို့ကို ဆုံးဖြတ်ရန် ကျန်ရှိနေပါသည်။ 2020 ခုနှစ် ဖေဖော်ဝါရီလ 11 ရက်နေ့တွင် COVID-19 အတည်ပြုလူနာ 4,021 ဦးပါဝင်သည့် လူနာ 8,866 ဦးဖြင့် ပြုလုပ်ခဲ့သော စင်တာပေါင်းစုံ လေ့လာမှုအရ ကူးစက်ရောဂါအကြောင်း နောက်ဆုံးရအချက်အလက် အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဖော်ပြထားပါသည်။ (https://mp.weixin.qq.com/s/UlBi-HX_rHPXa1qHA2bhdA) SARS-CoV-2 သည် အသက်အရွယ်မရွေး ရောဂါကူးစက်ခံရသော်လည်း အသက် 30 မှ 65 နှစ်အတွင်း အဓိကကူးစက်သည်။ ရောဂါကူးစက်ခံရသူ တစ်ဝက်နီးပါး (47.7%) သည် အသက် 50 ကျော်အရွယ်ဖြစ်ပြီး အသက် 20 နှစ်အောက်တွင် ဖြစ်ပွားမှု အလွန်နည်းပါးကာ 10 နှစ်အောက် အရွယ်များတွင်မူ ကူးစက်ခံရမှု 14 ဦးသာ ရှိခဲ့သည်။ SARS-CoV-2 ကူးစက်မှုသည် အမျိုးသမီးများတွင်ထက် (0.27/100,000) အမျိုးသားများတွင် ကူးစက်နှုန်း (0.31/100,000) ပိုများပါသည်။ COVID-19 သည် အဓိကအားဖြင့် ဟူဘေးပြည်နယ်နှင့် အနီးတစ်ဝိုက်တွင် အစုအပြုံလိုက် ကူးစက်ပျံ့နှံ့ခဲ့သည်။ စတင်ဖြစ်ပွားသည်မှ ရောဂါစစ်ဆေး တွေ့ရှိသည်အထိ COVID-19 သည် ပျမ်းမျှအားဖြင့် 5 ရက် (2-9) ကြာမြင့်သည်။ ပျမ်းမျှ ပေါက်ဖွားသောကာလသည် 4.8 (3.0-7.2) ရက် ဖြစ်ခဲ့သည်။ ရောဂါလက္ခဏာစတင်ပြသသည်မှ သေဆုံးသည်အထိ ပျမ်းမျှအချိန်မှာ 9.5 ရက် (4.8 ရက်မှ 13 ရက်ထိ) ဖြစ်သည်။ အခြေခံ မျိုးပွားနိုင်သောအရေအတွက် (R0) သည် 3.77 (95%CI ၊ 3.51-4.05) နှင့် အနေအထားပြုပြင်ထားသော R0 မှာ 2.23-4.82 ဖြစ်သည်။ တရုတ်နိုင်ငံ နွေဦးရာသီပွဲတော်မတိုင်မီ သယ်ယူပို့ဆောင်ရေး ယာဉ်များစွာ ပြေးဆွဲသည့် အချိန်နှင့် တိုက်ဆိုင်သော 2020 ပြည့်နှစ်၊ ဇန်နဝါရီ 23 ရက် မတိုင်မီ ရောဂါကူးစက်ခံရသူဦးရေသည် အဆများစွာတိုးလာခဲ့သည်။ ရောဂါ အတည်ပြု လူနာများ၏ သေဆုံးမှုမှာ 1.44% (95% CI: 1.10-1.86%) ရှိပြီး လူနာအားလုံး၏ ကိုက်ညီအောင် ချိန်ညှိထားသော သေဆုံးမှုနှုန်းမှာ 3.06% (95% CI: 2.02-4.59%) ရှိပါသည်။ COVID-19 ရောဂါ၏ အဓိက အန္တရာယ်အရှိဆုံး အုပ်စု သုံးခုမှာ အမျိုးသားများ၊ အသက် 60 နှင့်အထက်ရှိသူများနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ရှိသူများ ဖြစ်ပါသည်။ CoV များသည် RNA တစ်မျှင်တည်းပါဝင်သည့် ကြီးမားပြီး DNA ကို အလုံပိတ်ထားသည့် ဗိုင်းရပ်စ်များ၏ မျိုးခွဲတစ်ခုဖြစ်သည်။ ၎င်းတို့ကို အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနှင့် ဒယ်လ်တာဟူ၍ မျိုးဆက် လေးခု ခွဲခြားနိုင်ပြီး ထိုအနက်မှ အယ်ဖာ- နှင့် ဘီတာ-CoV တို့သည် လူသားများတွင် ကူးစက်ပြန့််ပွားနိုင်သည်။ SARS-CoV နှင့် MERS-CoV တွင် Envelope Spike(S) ဂလိုင်ကို ပရိုတင်းသည် ၎င်း၏ ကလာပ်စည်းလက်ခံသူများဖြစ်သည့် အန်ဂျီအိုတန်ဆင် ကွန်ဗာ့တင်း အင်ဇိုင်း 2 (ACE2) နှင့် ဒဲ့ပါ့ပ်တီဒိုင်း ပပ်ပီဒေ့စ် 4(DPP4) တို့ထံတွင် အသီးသီး တွဲကပ်နေပြီးနောက် ပေါင်းစပ်အမြှေးပါး ဖြစ်ပေါ်လာသည်။ ဗိုင်းရပ်စ် RNA မျိုးရိုးဗီဇကို ဆိုက်တိုပလာဇမ်တွင်းသို့ ထုတ်လွှတ်လိုက်သည်-ဗိုင်းရပ်စ်ဗီဇနေရာဖလှယ်ပြီးနောက် အလုံပိတ် ဂလိုင်ကိုပရိုတင်းနှင့် နူကလီယိုကပ်စစ်တို့ ပါဝင်သည့် မျိုးရိုးဗီဇဆိုင်ရာ RNA သည် အရည်ကြည်များပါဝင်သည့် ကူးစက်နိုင်သည့်ပုံစံဖြစ်ပေါ်သွားပြီး ၎င်းက ပလက်စမာ တစ်သျှူးအလွှာနှင့် ပေါင်းစပ်ကာ ဗိုင်းရပ်စ်ကို ထုတ်လွှတ်သည်။ 2020 ခုနှစ် ဇန်နဝါရီလ 10 ရက်နေ့တွင် SARS-CoV-2 ၏ ပထမဆုံး မျိုးရိုးဗီဇ အစီအစဉ် (genomic sequence) ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကူးစက်မှု စတင်ဖြစ်ပွားရာ (Wuhan) ဝူဟန်မြို့၊ (Huanan) ဟွာနန်ပင်လယ်စာဈေးမှ စုဆောင်းရယူခဲ့သည့် မျိုးဗီဇနမူနာ 10 ခုတွင် SARS-CoV-2 ကို မျိုးရိုးဗီဇ 99.98% ကျော် ကိုက်ညီမှုနှင့်အတူ beta-CoV အမျိုးအစားအသစ်အဖြစ် တွေ့ရှိခဲ့ရသည်။ SARS-CoV-2 သည် မျိုးရိုးဗီဇအားဖြင့် MERS-CoV ထက် SARS-CoV နှင့် ပို၍ ဆင်တူသည်။ အီလက်ထရွန် အဏုကြည့်မှန်ပြောင်းမှတစ်ဆင့် ကြည့်ရှုသောအခါ SARS-CoV-2 အမှုန်လေးများကို လူ့အသက်ရှူလမ်းကြောင်း မျက်နှာပြင်တစ်ရှူးလွှာ၏ အလွန်ပါးလွှာသော အပိုင်းများအတွင်းတွင် တွေ့ရှိခဲ့ရသည်။ လူ့ ACE2 သည် SARS-CoV-2 နှင့် SARS-CoV များအတွက် လက်ခံနေရာတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သို့ရာတွင် လူ့ ACE2 တွင် တွယ်ကပ်နေသော SARS-CoV-2 ၏ S ပရိုတင်းသည် SARS-CoV ထက်ပိုမိုအားနည်းပြီး ၎င်းက SARS-CoV-2 သည် SARS-CoV ထက် ပိုမိုနည်းပါးသည့် ပြင်းထန်သောကူးစက်မှုကို ဖြစ်စေသည် ဟူသောအချက်နှင့် တိုက်ဆိုင်သည်။ SARS-CoV-2 ဗိုင်းရပ်စ်သည် orf3b မှ ဖန်တီးပေးသည့် တိုတောင်းသော နိုဗယ်ပရိုတင်းနှင့် orf8 မှ ဖန်တီးပေးသည့် ဆဲလ်မှထုတ်ပေးသော ပရိုတင်း ပုံစံလည်း ဖြစ်နိုင်ပါသည် ။ SARS-CoV-2 ဗိုင်းရပ်စ်၏ orf3b သည် ဗိုင်းရပ်စ်ရောဂါဖြစ်ပွား စေသည့် လက္ခဏာတစ်ခုဖြစ်နိုင်ပြီး IFNβ ဖြစ်ပေါ်မှုကို တားဆီးနိုင်သော်လည်း orf8 တွင် သိရှိထားသော သက်ရောက်မှု ဒိုမိန်း (သို့) ဖွဲ့စည်းပုံ တစ်စုံတစ်ရာ မပါဝင်ပါ။ 2020 ပြည့်နှစ်၊ ဖေဖော်ဝါရီလ 18 ရက်နေ့တွင် Zhou နှင့် အခြားသူများက အမိုင်နိုအက်ဆစ် သယ်ယူပို့ဆောင်သည့် B0AT1 နှင့် ရောထွေးနေသော အလျားပြည့် လူ့ ACE2 ၏ cryo-EM ဖွဲ့စည်းပုံကို 2.9 Å ရီဆိုလူးရှင်းဖြင့် တင်ပြခဲ့သည်။ အပိတ်နှင့်အဖွင့် ဖွဲ့စည်းတည်ဆောက်ပုံပါသော အစုအဝေးသည် ဒိုင်မာ (dimer) အဖြစ် ဖွဲ့စည်းသွားပြီး ၎င်း ACE2-B0AT1 အစုအဝေးသည် S ပရိုတင်းနှစ်ခုကို ချိတ်ဆက်စေနိုင်ကာ ၎င်းကို CoV တွေ့ရှိ၊ ကူးစက်ခံရကြောင်း သက်သေအဖြစ် မှတ်ယူနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ B0AT1 သည် SARS-CoV-2 ရောဂါကူးစက်မှုကို နှိမ်နင်းရန် ဆေးဝါး စမ်းသပ်ခြင်းတွင် ကုထုံးဆိုင်ရာ ပစ်မှတ်တစ်ခု ဖြစ်လာ နိုင်သည်။ မူလလက်ခံကောင်နှင့် ကြားခံ လက်ခံကောင် SARS-CoV ဗိုင်းရပ်စ်နှင့် MERS-CoV ဗိုင်းရပ်စ် နှစ်မျိုးစလုံး သည် လင်းနို့များမှ စတင်ကူးစက်ခဲ့ခြင်းဖြစ်ပြီး ကြောင်ကတိုးများနှင့် ကုလားအုတ်များမှတစ်ဆင့် လူသားများဆီသို့ ကူးစက်ခဲ့သည်ဟု သိရှိထားပါသည်။ SARS-CoV-2 နှင့် အခြား CoVs များ၏ မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ် နှိုင်းယှဉ်ချက်အရ ဗိုင်းရပ်စ်အသစ်သည် bat-SL-CoVZX45 နှင့် bat-SL-CoVZX21 ဟုခေါ်သော လင်းနို့များတွင်ဖြစ်ပွားသည့် SARS နှင့်ဆင်တူသော CoVs များနှင့် 96% ထပ်တူကျသဖြင့် လင်းနို့များသည် SARS-CoV-2 ၏ မူလအစဖြစ်ကြောင်း ယူဆခဲ့ကြပါသည်။ မည်သို့ပင်ဖြစ်စေ ဗိုင်းရပ်စ်ကို မျိုးစိတ်အတားအဆီးကို ကျော်ဖြတ်ပြီး လူသားတို့ထံသို့ ကူးစက်ရန် ကူညီပေးခဲ့သည့် အလယ်အလတ် လက်ခံကောင်ကို ယခုထိ မသိရှိရသေးဘဲ ကူးစက်ရာလမ်းကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိရရန် ကျန်ရှိဆဲဖြစ်သည်။ Ji နှင့် အခြားသူများက S ပရိုတင်းအတွင်း ပါဝင်သော ပြောင်းလဲပေါင်းစပ်မှုများအားလုံးသည် အမျိုးအစားတူညီမှုရှိသည့်အတွက် ဗိုင်းရပ်စ်သည် လင်းနို့မှ လူများသို့ ကူးစက်ရာတွင် မြွေသည် ကြားခံသယ်ဆောင်သူဖြစ်နိုင်ကြောင်း အဆိုပြုထားသည်။ သင်းခွေချပ်များရှိ ကိုရိုနာဗိုင်းရပ်စ် (CoV) နှင့် SARS-CoV-2 တွင် ဗိုင်းရပ်စ်မျိုးရိုးဗီဇ 99 ရာခိုင်နှုန်း ကိုက်ညီမှုရှိကြောင်း တွေ့ရှိခဲ့သည့် အခြေခံလေ့လာမှုတစ်ခုအရ တရုတ် တိုင်းရင်းဆေးပညာတွင် မကြာခဏအသုံးပြုလေ့ရှိသည့် နှုတ်သီးရှည်ပြီး ပုရွက်ဆိတ်စားသုံးသည့် နို့တိုက်သတ္တဝါ သင်းခွေချပ်များသည် SARS-CoV-2 ဗိုင်းရပ်စ်၏ အလားအလာရှိသည့် ကြားခံ လက်ခံကောင် ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ သုတေသီများက ပြောကြားခဲ့သည်။ သို့သော် ဇီဝမျိုးပွားပစ္စည်းနှစ်ခုစလုံးတွင် ပျံ့နှံ့မှု ကွဲပြားခြားနားချက် 1% ရှိခြင်းသည် သိသာသော ကွာခြားချက်တစ်ခုဖြစ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ခိုင်မာသော သက်သေအထောက်အထားများအတွက် အပြီးသတ်သုံးသပ်ချက် ရလဒ်များကို စောင့်မျှော်နေကြသည်။ (ပုံ၊(ပုံ-33))။ SARS-CoV-2 ၏ ရူပဗေဒ၊ ဓာတုဗေဒဆိုင်ရာ ဂုဏ်သတ္တိများကို များများစားစား မသိရသေးပါ။ SARS-CoV နှင့် MERS-CoV သည် စမ်းသပ်ဖန်ပြွန်ထဲတွင် ခြောက်သွေ့သောပတ်ဝန်းကျင်၌ 48 နာရီကြာနှင့် အပူချိန် 20 °C အောက်နှင့် စိုထိုင်းဆ 40% မှ 50% ၌ 5 ရက်အထိ အသက်ရှင်နိုင်သည်။ SARS-CoV-2 တွင် အလားတူလက္ခဏာရပ်များ ရှိနိုင်သည်။ SARS-CoV-2 သည် ခရမ်းလွန်ရောင်ခြည်နှင့် 56 ဒီဂရီ စင်တီဂရိတ်တွင် 30 မိနစ် အပူပေးခြင်းကို ခံနိုင်ရည်မရှိဘဲ အီသာ၊ အီသနော 75%၊ ကလိုရင်းပါဝင်သော ပိုးသတ်ဆေးများ၊ ပါအက်စီတစ် အက်ဆစ်၊ ကလိုရိုဖောင်းနှင့် အခြား အဆီများသော ပျော်ရည်များက ဗိုင်းရပ်စ်ကို သေစေနိုင်သည်။ ကလိုဟက်စီဒင်းကမူ ထိုသို့ဗိုင်းရပ်စ်ကို သေစေနိုင်ခြင်းမရှိပါ။ ယေဘုယျအားဖြင့် လူသားအားလုံးတွင် SARS-CoV-2 ကို ခုခံကာကွယ်နိုင်သည့် ကိုယ်ခံအား ကင်းမဲ့လျက်ရှိပြီး ထို့အတွက်ကြောင့် နိုဗယ် ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်နိုင်စွမ်းမရှိခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် SARS-CoV-2 ကို ကိုယ်ခံစွမ်းအားက တုံ့ပြန်မှုနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်ကို အသေးစိတ် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါ။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အခြား CoV များ၊ အထူးသဖြင့် SARS-CoV နှင့် MERS-CoV (ပုံ။ (ပုံ 4) .4) နှင့် ပတ်သက်၍ ယခင်လေ့လာမှုများကိုသာ ရည်ညွှန်းနိုင်သည်။ ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ပိုးတစ်ခုက လက်ခံကောင်ထံ ကျူးကျော်ဝင်ရောက်ပြီးနောက် လက်ခံကောင်၏ မူလကိုယ်ခံအားစနစ်သည် C-type lectin-like ရီဆပ်တာများ၊ Toll-like ရီဆပ်တာ (TLR)၊ NOD-like ရီဆပ်တာ (NLR) နှင့် RIG-I-like ရီဆပ်တာ (RLR) အပါအဝင် ပုံစံ အသိအမှတ်ပြု ရီဆပ်တာများ (PRRs) မှတစ်ဆင့် ၎င်းကို အရင်ဆုံး သိရှိသည်။ မတူညီသော လမ်းကြောင်းများမှတစ်ဆင့် ဗိုင်းရပ်စ်သည် ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေပြီး dendritic (ကိုယ်ခံအားစနစ်) ဆဲလ်များကို ရင့်သန်ဖွံ့ဖြိုးစေသည့်အပြင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကန့်သတ်ပေးပြီး ဖါဂိုဆိုက်တစ် ဆဲလ်များက ဗိုင်းရပ်စ်၏ ပဋိဇာတ်များကို ဝါးမျိုမှုကို အရှိန်မြှင့်တင်ပေးသည့် အမျိုးအစား I အင်တာဖယ်ရွန်များ (IFNs) ကို ဖန်တီးပေးသည်။ သို့ရာတွင် SARS-CoV ဗိုင်းရပ်စ်၏ N ပရိုတင်းသည် ကိုယ်ခံအားတုံ့ပြန်မှုများမှ လွတ်မြောက်အောင် ဗိုင်းရပ်စ်ကို ကူညီနိုင်သည်။ မကြာခင်တွင် လိုက်လျောညီထွေပြောင်းလဲလာသော ကိုယ်ခံစွမ်းအား တုံ့ပြန်မှုသည် ဗိုင်းရပ်စ်ကို တိုက်ထုတ်ရေးတွင် ပါဝင်လာသည်။ CD4 + နှင့် CD8 + T ဆဲလ်များအပါအဝင် T သွေးဖြူဥများသည်ေရောဂါကာကွယ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ CD4 + T ဆဲလ်များသည် ဗိုင်းရပ်စ်တိုက်ဖျက်သည့် ပဋိဇီဝ ပစ္စည်းများကို ထုတ်လုပ်ရန်အတွက် B ဆဲလ်များကို လှုံ့ဆော်ပေးပြီး CD8 + T ဆဲလ်များသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် ဆဲလ်များကို တိုက်ရိုက် သတ်ပစ်ပါသည်။ T helper ဆဲလ်များသည် ကာကွယ်နေသော ဆဲလ်များကို ကူညီရန် ရောင်ရမ်းမှုဖြစ်စေသော ဆိုက်တိုကိုင်းကို ထုတ်လုပ်ပေးသည်။ သို့သော် CoV သည် T ဆဲလ်များ သေဆုံးခြင်းကို ဖြစ်ပေါ်စေခြင်းဖြင့် T ဆဲလ် လုပ်ငန်းဆောင်တာများကို အဟန့်အတားဖြစ်စေနိုင်သည်။ ဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရာတွင် C3a၊ C5a နှင့် ပဋိပစ္စည်းများကဲ့သို့ အားဖြည့်ပစ္စည်းများအပါအဝင် သွေးအတွင်းရှိရောဂါများကို ခုခံနိုင်သော ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကိုလည်း မရှိမဖြစ်လိုအပ်သည်။ ဥပမာအားဖြင့် ပြန်လည်ကောင်းမွန်လာသည့် လူနာများထံမှ ထုတ်ယူထားသည့် ပဋိပစ္စည်းများသည် MERS-CoV ကို ပျက်စီးစေခဲ့သည်။ အခြားတစ်ဖက်တွင် ကိုယ်တွင်းခုခံမှုစနစ်၏ တုံ့ပြန်မှုလွန်ကဲခြင်းသည် အဆုတ်နှင့် ကိုယ်တွင်းအစိတ်အပိုင်းများကို ပြင်းထန်စွာထိခိုက်စေသည့်၊ အပြင်းထန်ဆုံးအခြေအနေတွင် ကိုယ်အင်္ဂါပေါင်းစုံ ပျက်စီးပြီး သေဆုံးခြင်းပင်ဖြစ်နိုင်သည့် ဖရီးရက်ဒီကယ် ဘေးထွက်ပစ္စည်း အမြောက်အများကို ထုတ်ပေးလိုက်ပြန်သည်။ အစုလိုက်အပြုံလိုက် ရောဂါအစပျိုးမှု ပုံစံဖြင့် SARS-CoV-2 ရောဂါ ကူးစက်မှုသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ တွဲဖက်ရောဂါရှိသူ သက်ကြီးရွယ်အိုများကို ပို၍ ကူးစက်နိုင်ပါသည်။ ပုံမှန်အားဖြင့် ဗိုင်းရပ်စ်အရေအတွက်များစွာဖြင့် ထိတွေ့ခံရသူ (သို့) ခုခံအားစနစ် အားနည်းနေသူများသည် အခြားသူများထက် ရောဂါကူးစက်ခံရရန် အခွင့်အလမ်း ပိုများပါသည်။ (Wuhan) ဝူဟန်မြို့ရှိ ကူးစက်ခံရသူ 425 ဦးအပေါ် ပြုလုပ်ထားသော လေ့လာမှုတစ်ခုအရ ခန့်မှန်းခြေအားဖြင့် SARS-CoV-2 ပျမ်းမျှှရောဂါအစပျိုးချိန်သည် 1 ရက်မှ 14 ရက်အတွင်း ဖြစ်ပြီးအများစုမှာ 3 ရက်မှ 7 ရက်အတွင်း ဖြစ်သည်။ သို့ရာတွင် လူနာ 1,099 ဦးကို လေ့လာမှုတစ်ခုအရ ပျမ်းမျှရောဂါအစပျိုးချိန်ကာလသည် 3 ရက်ဖြစ်ပြီး အစပျိုးနိုင်သော ကာလမှာ 0 ရက်မှ 24 ရက်အထိ ရှိသည်ကို တွေ့ရသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း လူပေါင်း 8,866 ဦး၏ ရောဂါ ဖြစ်ပွားမှုအပေါ် အခြေခံ၍ မကြာသေးမီကပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ခုအရ ရောဂါပျိုးရက် ကာလသည် 4.8 (3.0-7.2) ရက်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ အတိကျဆုံးရောဂါဖြစ်ပွားမှုကာလအပေါ်မူတည်၍ ထိရောက်သည့် သီးခြားခွဲခြားနေထိုင်ခြင်းကာလကို ချိန်ညှိရန်မှာ ကျန်းမာရေးအာဏာပိုင်များအတွက် အလွန် အရေးကြီးပါသည်။ သို့မှသာ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူများမှ အခြားသူများထံသို့ ဗိုင်းရပ်စ်ပြန့်ပွားခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။ လုပ်ရိုးလုပ်စဉ်တစ်ခုအနေဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများနှင့် ထိတွေ့ခဲ့သူများ (သို့) ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများကို 14 ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။ အသွားအလာကန့်သတ်၍ သီးခြားစောင့်ကြည့်ရမည့်အချိန်ကို 24 ရက်အထိ တိုးမြှင့်သင့် သလား။ အများအားဖြင့် COVID-19 ၏ ကနဦးပိုင်းတွင် ပြသသည့် အဓိက ရောဂါလက္ခဏာမှာ ဖျားနာခြင်းဖြစ်ပြီး ယင်းနှင့်အတူ အခြားရောဂါ လက္ခဏာများ တွဲ၍မဖြစ်ပွားသည့်အခါရှိသလို ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့ခြင်းနှင့် အော့အန်ခြင်း စသည့် အခြားရောဂါလက္ခဏာများ တွဲ၍ဖြစ်ပွားသည့်အခါလည်း ရှိသည်။ လူနာအချို့သည် ရောဂါစတင်ပြီး တစ်ပတ်အကြာတွင် အသက်ရှူကျပ်ခြင်း နှင့်/သို့မဟုတ် အဆုတ်နှင့်သွေးတွင် အောက်ဆီဂျင် မလုံလောက်ခြင်းကို ခံစားခဲ့ရသည်။ ပြင်းထန်သောဖြစ်ရပ်များတွင် လူနာများသည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ၊ သွေးဆိပ်တက်ခြင်း၊ အစာခြေစနစ်အတွင်း အက်ဆစ်ဓါတ်လွန်ကဲခြင်းနှင့် သွေးယိုခြင်းတို့ လျင်မြန်စွာ ဖြစ်ပွားလာကြသည်။ အဖျားရှိသည့်လူနာများ နှင့်/သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ပြသနေသည့်လူနာများနှင့် ပြင်းထန်စွာဖျားနာနေသည့် လူနာများတွင် အဆုတ်ပုံရိပ် မူမမှန်ခြင်းများ မတွေ့ရသည့်တိုင်အောင် ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိမရှိ စောစီးစွာ စစ်ဆေးရှာဖွေသင့်သည်။ 2019 ခုနှစ် ဒီဇင်ဘာလကုန်ခန့်ကပြုလုပ်ခဲ့သော ဒေသတွင်း ရောဂါစစ်တမ်းလေ့လာမှုတစ်ခုအရ ရောဂါလက္ခဏာ ပြသမှု ရာခိုင်နှုန်းမှာ ဖျားနာခြင်း 98%၊ ချောင်းခြောက်ဆိုးခြင်း 76%၊ အသက်ရှူကြပ်ခြင်း 55% နှင့် ဝမ်းလျှောခြင်း 3% ဖြစ်ပြီး လူနာများ၏ 8% မှာ အသက်ရှူစက် အကူအညီလိုအပ်သည်ဟု ဖော်ပြထားသည်။ မိသားစုတစ်စုနှင့် ရောဂါလက္ခဏာမပြသူတစ်ဦးထံမှ ထပ်ဆင့်ကူးစက်ခြင်းခံထားရသည့် အုပ်စုတစ်စုတို့အပေါ် မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှု နှစ်ခုတွင်လည်း အလားတူ အခြေအနေမျိုးကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။ နှိုင်းယှဉ်ပြရလျှင် 2012 ခုနှစ်ကပြုလုပ်ခဲ့သော လူဦးရေဆိုင်ရာ လေ့လာမှုတစ်ခုအရ MERS-CoV လူနာများတွင်လည်း ဖျားနာခြင်း (98%)၊ ချောင်းခြောက်ဆိုးခြင်း (47%)၊ အသက်ရှူကြပ်ခြင်း (55%) ဝေဒနာများကို ၎င်းတို့၏ အဓိက ရောဂါလက္ခဏာများအဖြစ် တွေ့ရှိရကြောင်း ဖော်ပြခဲ့ပါသည်။ မည်သို့ဖြစ်စေ ၎င်းတို့အနက်မှ 80% မှာ အသက်ရှူစက်အထောက်အပံ့လိုအပ်ပြီး ဤသည်မှာ COVID-19 လူနာများထက် အလွန်ပိုမိုများပြားသည်ဖြစ်ရာ COVID-19 ထက် အသက်အန္တရာယ်ခြိမ်းခြောက်မှုပိုမိုမြင့်သည့် MERS နှင့် အတူတူလောက်ဖြစ်သည်။ ဝမ်းလျှောခြင်း(26%) နှင့်လည်ချောင်းနာခြင်း (21%) ကိုလည်း MERS လူနာများတွင် လေ့လာတွေ့ရှိခဲ့သည်။ SARS ရောဂါလူနာများတွင် ဖျားခြင်း (99% မှ 100%)၊ ချောင်းခြောက်ဆိုးခြင်း (29% မှ 75%)၊ အသက်ရှူကျပ်ခြင်း (40% မှ 42%)၊ ဝမ်းလျှောခြင်း(20 မှ 25%) နှင့် လည်ချောင်းနာခြင်း (13 မှ 25%) သည် အဓိက ရောဂါလက္ခဏာများဖြစ်ပြီး လူနာများ၏ 14% မှ 20% နီးပါးအတွက် အသက်ရှူစက် အကူအညီများ လိုအပ်ပါသည်။ ဖေဖော်ဝါရီ 14 ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်း၌ ကူးစက်ခံရမှု အတည်ပြုလူနာ 66,576 ဦး ရှိခဲ့သည့် အချိန်တွင် COVID-19 ကြောင့် သေဆုံးမှုသည် 2% ဖြစ်ခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် 2002 ခုနှစ်၊ နိုဝင်ဘာလတွင် SARS ကြောင့် သေဆုံးမှုသည် အတည်ပြုထားသော ရောဂါဖြစ်ပွားသူ 8,096 ဦးတွင် 10% ရှိသည်။ MERS အတွက်မူ 2012 ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သော လူဦးရေဆိုင်ရာ လေ့လာမှုတစ်ခုအရ အတည်ပြုထားသော ရောဂါဖြစ်ပွားသူ 2,494 ဦးအနက် သေဆုံးသူ 37% ရှိသည်။ အစောပိုင်း လေ့လာမှုတစ်ခုအရ SARS-CoV-2 ၏ R0 (ပျမ်းမျှကူးစက်မှုနှုန်း) သည် တိကျမှုအပိုင်းအခြား (CI) 5.71-7.23 တွင် 95% သေချာနှုန်း ဖြင့် 6.47 အထိမြင့်မားပြီး SARS-CoV ၏ R0 (ပျမ်းမျှကူးစက်မှုနှုန်း) သည် 2 မှ 4 အထိသာ ရှိပါသည်။ ၎င်းတို့၏ ရောဂါလက္ခဏာများ၊ သေဆုံးမှုနှင့် R0 (ပျမ်းမျှကူးစက်မှုနှုန်း) တို့နှင့် စပ်လျဉ်း၍ SARS-CoV-2 ကို MERS-CoV နှင့် SARA-CoV တို့ဖြင့် နှိုင်းယှဉ်မှုကို ဇယား ဇယား1.1 တွင် ဖော်ပြထားပါသည်။ အထက်ပါကိန်းဂဏန်းများအရ SARS-CoV-2 သည် MERS-CoV နှင့် SARS-CoV ထက် ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားသော်လည်း သေဆုံးမှုနှုန်းမှာ အဆိုပါနှစ်ခုထက် နည်းပါးသည်။ ထို့ကြောင့် SARS-CoV-2 ကူးစက်ကပ်ရောဂါကို အဆိုပါ MERS-CoV နှင့် SARS-CoV တို့ထက် ပိုမိုထိန်းချုပ်ရ ခက်ခဲပါသည်။ အစုအပြုံလိုက် ကူးစက်ခြင်းသည် တူညီသောမိသားစုအတွင်း သို့မဟုတ် တူညီသောမိတ်ဆုံစုဝေးပွဲမှ သို့မဟုတ် အပျော်စီး ဇိမ်ခံသင်္ဘောကဲ့သို့သော ယာဉ်များမှ ဖြစ်ပွားလေ့ရှိသည်။ လူနာများသည် ရောဂါလက္ခဏာစတင်မပြမီ နှစ်ပတ်အတွင်းက ခရီးသွားရာဇဝင်ရှိသူများ သို့မဟုတ် ဝူဟန်မြို့ (Wuhan) သို့မဟုတ် အခြားကူးစက်မှုဖြစ်ပွားနေသည့်နေရာမှ ဒေသခံများ သို့မဟုတ် ရောဂါကူးစက်ခံရသူ သို့မဟုတ် လူနာများနှင့် ထိတွေ့မှု ရှိခဲ့ဖူးသူများဖြစ်ပါသည်။ သို့ရာတွင် လူများသည် နှစ်ပတ်ထက်ပို၍ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားနိုင်ကြောင်းနှင့် ကုသပျောက်ကင်း၍ ဆေးရုံမှဆင်းသွားသော လူနာများတွင် ဗိုင်းရပ်စ်ပိုး ထပ်မံသယ်ဆောင်နိုင်ကြောင်း သိရပြီး အသွားအလာကန့်သတ် စောင့်ကြည့်ရမည့် အချိန်ကို ထပ်တိုးရမည်ဖြစ်ကြောင်း သတိပေးတပ်လှန့်မှုပင်ဖြစ်သည်။ အစောပိုင်းအဆင့်တွင် လူနာများ၏ သွေးဖြူဥ အရေအတွက် (အထူးသဖြင့် ပြန်ရည်ဆဲလ် သွေးဖြူဥများ) သည် ပုံမှန် သို့မဟုတ် လျော့ကျသွားတတ်သည်။ ဥပမာအားဖြင့် COVID-19 လူနာ 1,099 ဦး၌ လင်ဖိုဆိုက်အရေအတွက် & lt; 1×109/L အောက် အပါအဝင် သွေးဖြူဥ အရေအတွက် & lt; 4×109/L အောက်ရှိသည့် လင်ဖိုဆိုက်သွေးဖြူဆဲလ် အရေအတွက် ပုံမှန်အောက် နည်းပါးခြင်းနှင့် အက်စ်ပါတိတ် အမီနိုထရန်စ်ဖရေ့စ် အင်ဇိုင်းပမာဏ မြင့်တက်ခြင်းနှင့် သွေးထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေခြင်းများကို တွေ့ရှိခဲ့သည်။ လူနာအချို့၏သွေးထဲတွင် သွေးနီဥ ဓါတ်ပစ္စည်း (myoglobin) များနှင့် အသည်းနှင့် ကြွက်သားအင်ဇိုင်းများ၏ ပမာဏ မြင့်တက်လာပြီး လူနာအများစု၏သွေးများတွင် C-reactive ပရိုတင်းနှင့် သွေးနီဥဆဲလ်အနည်ထိုင်ခြင်းများ မြင့်တက်လာခဲ့သည်။ ပြင်းထန်စွာကူးစက်ခံရသော လူနာများတွင် သွေးထဲ၌ ပါဝင်သော ဖိုင်ဘရင် (fibrin) ဓာတ်ပြောင်းပစ္စည်းတစ်မျိုးဖြစ်သည့် D-dimer ပမာဏသည် မြင့်တက်လာပြီး ပြန်ရည်ဆဲလ် သွေးဖြူဥအရေအတွက်သည် တဖြည်းဖြည်း လျော့နည်းလာသည်။ COVID-19 လူနာအများစု၏ ရင်ဘတ်ဓာတ်မှန်တွင် ပုံမှန်မဟုတ်သည်များကို တွေ့ရှိရပြီး အဆုတ် နှစ်ဖက်လုံး၌ အကွက်အကွက်ဖြစ်နေသာအရိပ်များ သို့မဟုတ် ဖန်စများကဲ့သို့အလင်းကာနေသော အကွက်များ ဖြစ်နေခြင်းများမှာ အဓိကအင်္ဂါရပ်များ ဖြစ်ပါသည်။ လူနာများသည် ပုံမှန်မဟုတ်သော အဆုတ်ရောင်ရောဂါ၊ ပြင်းထန်သော အဆုတ်ဒဏ်ရာနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ (ARDS) တို့ကို ခံစားရလေ့ရှိသည်။ ARDS ဖြစ်ပွားသောအခါတွင် ထိန်းချုပ်နိုင်ခြင်းမရှိသည့် ရောင်ရမ်းခြင်း၊ အရည်တည်ခြင်းနှင့် တွယ်ဆက်တစ်ရှူးများ တိုးပွားဖြစ်ပေါ်လာခြင်းကြောင့် ဓါတ်ငွေ့လဲလှယ်ခြင်း လုပ်ငန်းစဉ်ကို အကြီးအကျယ် ထိခိုက်စေသည်။ ပုံစံ-I နှင့် ပုံစံ-II နူမိုဆိုက်များ အလုပ်မလုပ်ခြင်းသည် မျက်နှာပြင်တင်းအားထိန်းအဆင့်ကို လျော့နည်းစေပြီး မျက်နှာပြင် တင်းအားကို တိုးစေသဖြင့် အဆုတ် ချဲ့ကားနိုင်စွမ်းကို လျော့နည်းစေကာ အဆုတ်ကို မြန်ဆန်စွာ ပျက်စီးသွားစေနိုင်သည်။ ထို့ကြောင့် အဆိုးဝါးဆုံး ရင်ခေါင်းဓါတ်မှန်တွေ့ရှိချက်များသည် ရောဂါ၏ အပြင်းထန်ဆုံးအတိုင်းအတာနှင့် တူညီလေ့ရှိသည်။ 2020 ခုနှစ်၊ ဖေဖော်ဝါရီ 18 ရက်တွင် ရောဂါကူးစက်မှုကြောင့် သေဆုံးသွားသော လူနာတစ်ဦးကို COVID-19 ရောဂါဗေဒခွဲခြမ်းစိတ်ဖြာလေ့လာမှု ပထမဆုံးအကြိမ် ပြုလုပ်ရာတွင် အဆုတ်အတွင်းရှိ နူမိုဆိုက်များ၊ ဟိုင်လင်းအမြှေးပါးများ ကွာကျခြင်း၊ သွေးကြောတစ်ရှူးများအကြား သွေးဖြူဥ စိမ့်ဝင်ခြင်းနှင့် အဆုတ်အတွင်းတွင် ဆဲလ်ထွေးအဖုအကျိတ်များကို ထင်ရှားစွာတွေ့ရှိခဲ့ရသည်။ ဗိုင်းရပ်စ်ကူးစက်မှု ရောဂါဗေဒ၊ ARDS တို့နှင့် ကိုက်ညီမှုရှိပြီး SARS နှင့် MERS လူနာများနှင့်ဆင်တူသည်။ COVID-19 ရောဂါ ရှာဖွေမှုအတွက် အဓိကစံနှုန်းအဖြစ် RNA နမူနာပုံစံမှ ဖြည့်စွက် DNA ဖန်တီးသည့်အင်ဇိုင်းနှင့် Polymerase အင်ဇိုင်း ကွင်းဆက်တုံ့ပြန်မှု (RT-PCR) ပေါင်းစပ်လုပ်ဆောင်ချက်မှတစ်ဆင့် SARS-CoV-2 RNA ရှာဖွေဖော်ထုတ်မှု လုပ်ငန်းစဉ်ကို အသုံးပြုသည်။ သို့သော် ရောဂါမရှိကြောင်းမှားယွင်းစစ်ဆေးမိနှုန်း မြင့်မားမှုက ကူးစက်ကပ်ရောဂါ၏ အရှိန်ကို မြှင့်ပေးလိုက်နိုင်သဖြင့် ရောဂါရှာဖွေစိစစ်ရေးအတွက် (RT-PCR တစ်မျိုးတည်းပေါ်တွင်သာ မှီတည်ခြင်းမရှိတော့ဘဲ) ဆေးဘက်ဆိုင်ရာနည်းပညာများအသုံးပြုခြင်းကို တရုတ်နိုင်ငံတွင် 2020 ခုနှစ်၊ ဖေဖော်ဝါရီ 13 ရက်နေ့က စတင်ခဲ့သည်။ အလားတူအခြေအနေမျိုးသည်လည်း SARS ရောဂါစစ်ဆေးရှာဖွေရာတွင် ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ရောဂါရာဇဝင်၊ လက်တွေ့ကုသမှုတွေ့ရှိချက်များ၊ ဓါတ်ခွဲစမ်းသပ်ချက်များနှင့် ဓါတ်မှန်ဆိုင်ရာ တွေ့ရှိချက်များ ပါဝင်သည့် ပေါင်းစပ်လေ့လာမှုသည် ထိရောက်သော ရောဂါဖော်ထုတ်မှု ဆောင်ရွက်ခြင်းအတွက် မရှိမဖြစ်အရေးပါသလို လွန်စွာလည်း အရေးကြီးသည်။ 2020 ပြည့်နှစ် ဖေဖော်ဝါရီလ 14 ရက်နေ့တွင် Feng Zhang အုပ်စုသည် တိုင်းတာမှုကိရိယာများကို အကျယ်တဝင့် အသုံးပြုစရာ မလိုဘဲ တစ်နာရီပင်မကြာသည့် အချိန်အတွင်း အရည်ထဲနှစ်၍ တိုင်းတာမှုတုတ်တံ (dipstick) တစ်ခုကို သုံးပြီး 20 × 10-18 mol/L မှ 200 × 10-18 mol/L ပမာဏအထိ (ထည့်သွင်းသည့် မိုက်ခရိုလီတာ တစ်လီတာလျှင် 10-100 ကော်ပီ) ရှိသော ဖန်တီးထားသည့် SARS-CoV-2 RNA အပိုင်းအစများကို စစ်ဆေးဖော်ထုတ်ပေးသည့် CRISPR နည်းပညာအခြေခံ SHERLOCK နည်းလမ်းကို အသုံးပြု၍ SARS-CoV-2 ကို စစ်ဆေးဖော်ထုတ်ရန် လုပ်ထုံးလုပ်နည်းတစ်ခုကို ဖော်ပြခဲ့သည်။ မျှော်လင့်စရာမှာ ဆေးဘက်ဆိုင်ရာ လက်တွေ့စမ်းသပ်ထားသည့် နမူနာများတွင် အတည်ပြုနိုင်မည် ဆိုပါက နည်းစနစ်အသစ်သည် တုံ့ပြန်နိုင်မှုနှင့် အဆင်ပြေမှုကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေမည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါဆန်းကို တွေ့ကြုံဖူးခြင်းမရှိသောကြောင့် SARS-CoV ဗိုင်းရပ်စ် ၊ MERS-CoV ဗိုင်းရပ်စ်နှင့် (ဇယား (ဇယား2).2) ပါ အခြားဗိုင်းရပ်စ် ရောဂါများကဲ့သို့ အခြား ကိုရိုနာဗိုင်းရပ်စ် ရောဂါများကို ကုသရန်အတွက် ယခင်က အသုံးပြုထားသည့် (သို့) အဆိုပြုထားသည့် ရောဂါ ကုထုံးအမျိုးမျိုးကို စမ်းသပ်အသုံးပြုကြည့်နေစဉ် တစ်ချိန်တည်းမှာပင် သမားတော်များသည် COVID-19 လူနာများကို အဓိကထား ကုသစောင့်ရှောက်မှု ပေးနိုင်ပါသည်။ အဆိုပါ ရောဂါကုထုံးများတွင် လက်ရှိနှင့် အလားအလာရှိသော ဗိုင်းရပ်စ်တိုက်ဖျက်နိုင်သည့် ဆေးများ၊ ခုခံစွမ်းအားကို ဖိနှိပ်ထိန်းချုပ်သော ပစ္စည်းများ၊ စတီးရွိုက်များ၊ ပြန်လည်ကျန်းမာလာသော လူနာများထံမှ သွေးရည်ကြည်များ၊ တရုတ်ရိုးရာဆေးဝါးများဖြင့် ကုသပေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်းတို့ ပါဝင်သည်။ ပြန်လည်ကောင်းမွန်သွားသည့် လူနာများထံမှ ပလာစမာကိုပင် အသုံးပြု ကုသရန် အဆိုတင်သွင်းခဲ့သည်။ ဆေးဝါးကုမ္ပဏီများသည် ဗိုင်းရပ်စ်ကိုတိုက်ဖျက်သည့် ပဋိဇီဝပစ္စည်းနှင့် ကာကွယ်ဆေးများထုတ်လုပ်ရန် အပြိုင်အဆိုင် ဆောင်ရွက်နေကြ ပါသည်။ SARS-CoV-2 ဗိုင်းရပ်စ်သည် အစပိုင်းတွင် အဆုတ်များကို အဓိက တိုက်ခိုက်ပြီး အစာအိမ်/အူလမ်းကြောင်းစနစ်နှင့် ကျောက်ကပ်များ ကဲ့သို့ ACE2 အင်ဇိုင်းကို ပြသသည့် အခြားကိုယ်တွင်းအင်္ဂါများကိုလည်း အနည်းငယ် တိုက်ခိုက်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကမောက်ကမဖြစ်မှုနှင့် ယိုယွင်းမှုသည် လူနာများအတွက် အဓိကခြိမ်းခြောက်မှုဖြစ်ပြီး သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက်အပံ့သည် ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် အသက်များကို ကယ်တင်ရန် အရေးကြီးပြီး ရောဂါ၏ ပြင်းထန်မှုအပေါ် မူတည်၍ အထွေထွေအောက်ဆီဂျင်ကုထုံး၊ မြင့်မားသောအောက်စီဂျင်လည်ပတ်စီးဆင်းမှု၊ ခန္ဓာကိုယ်အတွင်းသို့ မထည့်သွင်းထားသော အသက်ရှူသွင်း/ထုတ်ကိရိယာနှင့် ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထားသော စက်ကိရိယာအကူ အသက်ရှူသွင်း/ထုတ်ကိရိယာတို့ ပါဝင်သည်။ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ခံစားနေရသော လူနာများကို အဆုတ်အကူစက် extracorporeal membrane oxygenation (ECMO) ဖြင့် ထောက်ပံ့ပေးရမည်။ ၎င်းသည် အသက်ကိုခြိမ်းခြောက်သည့် နှလုံးဆိုင်ရာ ရောဂါများနှင့် အသက်ရှူလမ်းကြောင်း ယိုယွင်းပျက်ဆည်းခြင်းတို့ကို ကုသရာတွင် အသုံးပြုသည့် ပြုပြင်မွမ်းမံထားသော နှလုံးနှင့်အဆုတ်တို့၏ လုပ်ငန်းကို ခေတ္တရပ်ဆိုင်း၍ ပြင်ပမှ စက်၏ အကူအညီဖြင့် သွေးလည်ပတ်စေကာ အောက်ဆီဂျင်ရယူစေသော နည်းပညာတစ်မျိုးပင် ဖြစ်သည်။ ထို့အပြင် ဒုတိယအဆင့် ကူးစက်မှုနှင့် သွေးဆိပ်တက်ခြင်းတို့ကို ကာကွယ်၊ ကုသရန်အတွက် အီလက်ထရိုလိုက် ညီမျှအောင် ထိန်းသိမ်းထားရန်အပြင် အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်မှုများကို ကာကွယ်ရန်မှာလည်း SARS-CoV-2 လူနာများအတွက် အရေးပါသည်။ Cytokine အလွန်အကျွံ ရုတ်ချဉ်း တက်သွားခြင်းဖြစ်စဉ် (Cytokine Storm) သည် SARS နှင့် MERS လူနာများ၏ ကိုယ်ခံစွမ်းအားစနစ်က အလွန်အကျွံတုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်တစ်ခုဖြစ်သည်ဟု သိရှိထားကြသည်။ ကလာပ်စည်း၏ ဆိုက်တိုပလာဇမ် အလွန်အမင်း ပြိုကွဲမှုသည် TNFα, IL-1β, IL-2, IL-6, IFNα, IFNβ, IFNγ နှင့် MCP-1 အပါအဝင် ဆိုက်တိုပလာဇမ်ပြိုကွဲမှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသော စနစ်တကျ ရောင်ရမ်းတုံ့ပြန်မှု ပုံစံတစ်မျိုးဖြစ်သည်။ အဆိုပါ ကလာပ်စည်းရှိ ဆိုက်တိုပလာဇမ် ပြိုကွဲမှုများသည် ကိုယ်ခံအားဆဲလ်များကို ဖရီးရက်ဒီကယ် ဘေးထွက်ပစ္စည်း ပမာဏအများအပြားကို ထုတ်လုပ်စေရန် အားပေးပြီး ၎င်းတို့သည် ARDS နှင့် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်း ယိုယွင်းမှုများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ ဖြစ်သည်။ အထူးသဖြင့် ရောဂါပြင်းထန်သော လူနာများတွင် Cytokine အလွန်အကျွံ ရုတ်ချဉ်း တက်သွားခြင်းဖြစ်စဉ် (Cytokine Storms) ကို ကုသရာ၌ ကိုယ်ခံအား ကျဆင်းအောင် ဖိနှိပ်မှုလုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်သည်။ ခန္ဓာကိုယ်တွင်း ဆိုက်တိုကင်းဓာတ်များ အဆမတန် များပြားလာသည့် ရောဂါ (ဆိုင်တိုကင်း စတောင်း) ကို ကုသရန် ကော်တီကိုစတီးရွိုက်၊ တူဆီလီဇူးမက်နှင့် anti-IL6 မိုနိုကလိုနယ်ပဋိဆေးများကို အသုံးပြုခဲ့ကြပါသည်။ ဆိုက်တိုကင်း မုန်တိုင်း (ဆိုက်တိုကင်းပမာဏ လွန်ကဲစွာ ထုတ်လုပ်မှု) အတွက် အခြားခုခံအားဖိနှိပ်ထိန်းချုပ်သည့် ကုသမှုများတွင် တီဆဲလ်တိုက်ရိုက် ကိုယ်ခံအား တုံ့ပြန်မှုကို ညှိယူခြင်း၊ IFN- γ ၊ IL-1 နှင့် TNF များကို ပိတ်ပင်ခြင်း၊ JAK အင်ဇိုင်းမျိုးရင်း ဟန့်တားခြင်း၊ ဆိုက်တိုကင်း ဆဲလ် အချက်ပြခြင်း 4 အဆင့်အား ဖိနှိပ်ထိန်းချုပ်မှုနှင့် HDAC ဟန့်တားမှု ဆေးဝါးများ ပါဝင်သည်။ ရောင်ရမ်းသည့်ဒဏ် ပြင်းထန်မှုကို လျှော့ချရန်အတွက် SARS ကုသခြင်းတွင် စတီးရွိုက်ကို ကိုယ်ခံအားထိန်းချုပ်ဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ သို့သော်လည်း SARS နှင့် COVID-19 လူနာများတွင် ပြင်းထန်သည့် အဆုတ်ထိခိုက်မှုအတွက် စတီးရွိုက် အများအပြား ပေးခြင်းသည် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ယင်းအစား သူတို့သည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ၊ အထူးသဖြင့် အရိုးတစ်ရှူးများ သေဆုံးမှုကို ဖြစ်စေနိုင်ပြီး ရောဂါစစ်တမ်းထုတ်ယူမှန်းဆမှုကို သိသိသာသာ သက်ရောက်မှု ရှိစေသည်။ မည်သို့ပင်ဆိုစေကာမူ ပြင်းထန်စွာ နာမကျန်းဖြစ်နေသည့် COVID-19 လူနာများအတွက် ကော်တီကိုစတီးရွိုက်ဆေးများကို ဆေးပမာဏ အနည်းငယ်မှ အတန်အသင့်ဖြင့် အချိန်ခဏတာ အသုံးပြုရန် တိုက်တွန်း အကြံပေးထားသည်။ ယခုအချိန်အထိ ထိရောက်သော ပိုးသတ်ဆေးကုထုံးကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။ သို့ရာတွင် နျူကလီရိုတိုက် အန်နလော့ဂ် (nucleotide analog) တစ်မျိုးဖြစ်သည့် ရမ်ဒက်စ်ဆီဗီယာ (remdesivir) ကို သွေးကြောအတွင်းသို့ ဆေးသွင်းခြင်းသည် COVID-19 ဖြစ်ပွားနေသည့် အမေရိကန်လူနာတစ်ဦးတွင် ထိရောက်မှုရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ Remdesivir သည် နိုဗယ် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆေးတစ်မျိုးဖြစ်ပြီး ကနဦးတွင် Ebola နှင့် Marlburg ဗိုင်းရပ်စ်များကြောင့် ဖြစ်သောရောဂါများကို ကုသရန်အတွက် Gilead က တီထွင် ထုတ်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် remdesivir သည် MERS နှင့် SARS ဗိုင်းရပ်စ်များ အပါအဝင် အခြား single stranded RNA ဗိုင်းရပ်စ်များကိုလည်း ဟန့်တားနိုင်ကြောင်း ပြသခဲ့ပါသည်။ ဤအချက်များအပေါ် အခြေခံ၍ Gilead သည် SARS-CoV-2 ရောဂါကူးစက်ခံရသူများကို ပေါင်းစပ် စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် ဒြပ်ပေါင်းကို တရုတ်နိုင်ငံသို့ ပေးအပ်ခဲ့ပြီး ရလဒ်များကို အလွန်မျှော်လင့်ထားသည်။ ထို့အပြင် ဘာရီဆီတင်ဘ်၊ အင်တာဖီရွန်-အယ်ဖာ၊ လိုပင်နာဗာ/ ရီတိုနာဗာနှင့် ရီဘာဗီရင်တို့ကို လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများပြသနေသည့် လူနာများအတွက် အလားအလာရှိသော ကုထုံးများအဖြစ် သုံးသပ်ထားကြသည်။ ဝမ်းလျှောခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ အသည်းပျက်စီးခြင်းနှင့် အခြားဆိုးရွားသောတုံ့ပြန်မှုများသည် Lopinavir / ritonavir ဆေးဝါးများအသုံးပြု၍ ပေါင်းစပ်ရောဂါကုထုံး ကုသအပြီး ဖြစ်ပွား နိုင်ပါသည်။ ဤကုသမှုနည်းလမ်းများနှင့် လူနာများတွင် အသုံးပြုသော အခြားဆေးများအကြား အပြန်အလှန်သက်ရောက်မှုကို ဂရုပြု စောင့်ကြည့်သင့်သည်။ ပြန်လည်ကောင်းမွန်လာသည့်လူနာများထံမှ သွေးရည်ကြည်နှင့် ရောဂါကာကွယ်မှု ပဋိပစ္စည်းများ ထုတ်လုပ်ခြင်း ရောဂါတူ ခံစားနေရသည့် အခြားလူနာများကိုကုသရန် (သို့) ရောဂါ ကူးစက်ခြင်းမရှိသေးသည့် လူတစ်ဦးကို ရောဂါမကူးစက်အောင် ကာကွယ်ရန် ကူးစက်ရောဂါမှ ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏ သွေးရည်ကြည်ကို ယူ၍ အသုံးပြု ကုသပေးမှုကို ဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့ပါသည်။ စင်စစ်တွင် ပြန်လည်ကောင်းမွန်လာသည့် လူနာများတွင် သူတို့၏ သွေးအတွင်း ရောဂါတိုက်ထုတ်သည့် ပဋိပစ္စည်းများ၏ စွမ်းရည်သည် လွန်စွာ မြင့်မားနေလေ့ရှိကြသည်။ ရောဂါကာကွယ်သော သက်စောင့်ပဋိပစ္စည်းများဆိုသည်မှာ ရောဂါဖြစ်ပွားစေတတ်သည်များနှင့် အခြားပြင်ပမှ ဝင်ရောက်သည်များကို တိုက်ခိုက်ရန် သွေးဖြူဆဲလ် မျိုးကွဲတစ်ခုဖြစ်သည့် ဘီ လင်ဖိုဆိုက်များမှ ထုတ်လုပ်သော ကိုယ်ခံအားဆိုင်ရာ ပရိုတင်းများဖြစ်ပြီး ၎င်းတို့သည် ရောဂါဖြစ်ပွားစေသည့်အရာများထဲမှ မတူကွဲပြားသည့် မော်လီကျူးများကို သိရှိပြီး ၎င်းတို့ကို တိုက်ရိုက် ချေမှုန်းသည်။ ဤအချက်ကို အခြေခံ၍ COVID-19 ရောဂါခံစားရပြီး ပြန်လည်ကျန်းမာလာသည့် လူနာများ၏ သွေးရည်ကြည်ကို ထုတ်ယူ၍ ပြင်းထန်စွာ ဖျားနာနေသော လူနာ 10 ဦးအား ထိုးပေးခဲ့ပါသည်။ 24 နာရီအတွင်း ရောင်ရမ်းမှု လျော့ကျလာခြင်း၊ ဗိုင်းရပ်စ်အရေအတွက် ကျဆင်းလာခြင်းနှင့် သွေးထဲတွင် အောက်ဆီဂျင်ပြည့်ဝမှု တိုးတက်လာခြင်းတို့နှင့်အတူ ၎င်းတို့၏ ရောဂါလက္ခဏာများသည် သက်သာလာခဲ့သည်။ သို့ရာတွင် တိကျသော ကုထုံးများ မဖွံ့ဖြိုးသေးမီ နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်အတွက် အဆိုတင်သွင်းရာတွင် စစ်ဆေးအတည်ပြုခြင်းနှင့် သဘောပေါက်နားလည်စေအောင် ရှင်းလင်းခြင်းများ လိုအပ်သည်။ ထို့အပြင် ရောဂါကုထုံးရလဒ်များ ဖော်ပြချက်အရ သွေးရည်ကြည်နှင့် ဆက်စပ်သည့် ဆိုးကျိုးအချို့ကို ဂရုတစိုက်ထည့်သွင်း စဉ်းစားရပါမည်။ ဥပမာအားဖြင့် ပဋိပစ္စည်းများသည် ကိုယ်ခံအား တုံ့ပြန်မှုကို အလွန်အမင်း လှုံ့ဆော်ပေးပြီး ထို့အတွက်ကြောင့် အသက်အန္တရာယ် ထိခိုက်လောက်အောင် အဆိပ်အတောက်ဖြစ်လာနိုင်သည့် ဆိုက်တိုကိုင်း ထုတ်လွှတ်မှု ရောဂါလက္ခဏာစုကို ဖြစ်ပွားစေသည်။ သွေးတွင်း ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်း ပါဝင်မှုများ ပုံမှန်အားဖြင့် နည်းပြီး အသည်းအသန်ဖျားနာနေသည့် လူနာများကို ကုသရန် သွေးရည်ကြည်အများအပြား လိုအပ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကို တိုက်ဖျက်ရန်အတွက် တိကျသေချာ သည့် ပဋိဇီဝပစ္စည်းများကို အလျင်အမြန် လုံလုံလောက်လောက် တိုးမြှင့် ထုတ်လုပ်ရန် အခက်အခဲရှိပါသည်။ ထို့ကြောင့် ပြန်လည်ကောင်းမွန်လာသည့်လူနာများမှ ဘီဆဲလ်များကို သီးခြားခွဲထုတ်ရန်နှင့် ဗိုင်းရပ်စ်ပိုး၏ မရှိမဖြစ်လိုအပ်သော ပရိုတင်းများကို တိုက်ဖျက်ရန်အတွက် ထိရောက်သည့် ပဋိဇီဝပစ္စည်းများကို စစ်ဆေးဖော်ထုတ်ရန် (သို့) ထိရောက်သည့် ပဋိဇီဝပစ္စည်းများကို ဖန်တီးပေးသည့် မျိုးရိုးဗီဇကုဒ်များကို ဖော်ထုတ်ရန်မှာ ပို၍ အရေးကြီးပြီး လက်တွေ့ကျပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ပဋိပစ္စည်းထုတ်လုပ်မှုကို တိုးချဲ့နိုင်သည်။ (China) တရုတ်နိုင်ငံအတွင်း ရောဂါအမျိုးမျိုးကို ကုသရာတွင် TCM ကို နှစ်ပေါင်းထောင်ချီ အသုံးပြုခဲ့သည်။ သို့ရာတွင် ၎င်း၏ အကျိုးသက်ရောက်မှုများသည် TCM ၏ သဘောတရားများအပေါ်အခြေခံ၍ ရောဂါတစ်ခုကို ရှာဖွေစစ်ဆေးသည့်အပေါ်မူတည်ပြီး ကွဲပြားခြားနားမည်ဖြစ်သော ဆေးဖော်နည်းတစ်ခုတွင် ပါဝင်မည့် ပါဝင်ပစ္စည်းအမျိုးမျိုး၏ အတွဲအစပ်ပေါ်တွင် မှီတည်နေသည်။ ထိရောက်မှုအရှိဆုံးဖြစ်သော အစိတ်အပိုင်းအများစုကို မသိရှိရသေးပါ (သို့) ထိုကဲ့သို့သော အစိတ်အပိုင်းများ သို့မဟုတ် ၎င်းတို့၏ အသင့်တော်ဆုံးသော ပေါင်းစပ်မှုများကို ခွဲထုတ်ရန်နှင့် အတည်ပြုရန်အတွက်ခက်ခဲသဖြင့် တိကျရေရာမှုမရှိပါ။ လတ်တလောတွင် COVID-19 ရောဂါအတွက် ထိရောက်သေချာသည့် ကုထုံးမရှိသေးသဖြင့် TCM သည် အပျော့စားမှ အသင့်အတင့်ရောဂါလက္ခဏာပြလူနာများ သို့မဟုတ် ပြင်းထန်သည့်အဆင့်မှ ပြန်လည်ကောင်းမွန်လာသူများအတွက် အဓိက အစားထိုးကုသနည်းလမ်းများအနက်မှ တစ်ခုဖြစ်လာပါသည်။ ဥပမာအားဖြင့် COVID-19 ကုသမှုအတွက် Shu Feng Jie Du ဆေးတောင့်များနှင့် Lian Hua Qing Wen ဆေးတောင့်များသည် ထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။ COVID-19 လူနာများကို ကုသရာတွင် အမြင့်ဆုံး ရောဂါပျောက်ကင်းနှုန်းကို (Gansu) ဂန်းစု (63.7%)၊ (Ningxia) နင်းရှား (50%) နှင့် (Hunan) ဟူနန် (50%) အပါအဝင် ၎င်းတို့၏ လူနာ 87% အား TCM ကို အသုံးပြုကုသခဲ့သည့် တရုတ်နိုင်ငံရှိ ပြည်နယ်တော်တော်များများတွင် လေ့လာတွေ့ရှိရပြီး COVID-19 လူနာများအား ကုသရာတွင် လူနာ 30% ခန့်ကိုသာ TCM အသုံးပြုကုသခဲ့သည့် (Hubei) ဟူဘေးပြည်နယ်တွင် ကုသပျောက်ကင်းမှု အနိမ့်ဆုံးနှုန်း (13%) ကို တွေ့ရှိရသည်။ သို့ရာတွင် အကဲဖြတ်မှုပြုလုပ်ရာ၌ လူနာများ၏ အရေအတွက်နှင့် ရောဂါပြင်းထန်မှု စသည့် အခြားသော သက်ရောက်မှုရှိစေသည့် အချက်အလက် အများအပြားကို ထည့်သွင်းတွက်ချက်ရန် လိုအပ်သည့်အတွက် ဤသည်မှာ အကြမ်းဖျင်း နှိုင်းယှဉ်ချက်တစ်ခုသာဖြစ်သည်။ 2020 ခုနှစ်၊ ဖေဖော်ဝါရီ 18 ရက်တွင် Boli Zhang နှင့် လုပ်ဖော်ကိုင်ဖက်များက အနောက်တိုင်းဆေးဝါး (WM) သီးသန့်ကုသမှုနှင့် WM နှင့် TCM ပေါင်းစပ်ကုသမှုတို့ကို နှိုင်းယှဉ်ရန်အတွက် လေ့လာမှုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ခန္ဓာကိုယ်အပူချိန် ပြန်လည်နာလန်ထူရန်၊ ရောဂါလက္ခဏာများပျောက်ကင်းရန်နှင့် ဆေးရုံတက်ရန် လိုအပ်သည့်အချိန်များသည် WM တစ်မျိုးတည်းသာ အသုံးပြုသော အုပ်စုထက် WM + TCM ပေါင်းစပ် အသုံးပြုသောအုပ်စုတွင် သိသိသာသာတိုတောင်းကြောင်း တွေ့ရှိခဲ့သည်။ ဝမ်းမြောက်ဖွယ် အကောင်းဆုံးမှာ ရောဂါလက္ခဏာပြင်းထန်မှုနှုန်း (အနည်းငယ်မှ အပြင်းအထန်သို့) သည် WM တစ်မျိုးတည်း အုပ်စုထက် WM+TCM အုပ်စုတွင် သိသိသာသာ လျော့ကျလာခဲ့ခြင်းဖြစ်ပြီး (7.4% နှင့် 46.2%) အသေအပျောက်နှုန်းသည်လည်း WM တစ်မျိုးတည်းအုပ်စုထက် WM+TCM အုပ်စုတွင် ပိုနည်းပါသည်(8.8% နှင့် 39%)။ မည်သို့ပင်ဆိုစေကာမူ TCM ၏ ထိရောက်မှုနှင့် လုံခြုံမှုက ပိုမိုကြီးမားသည့် စနစ်တကျ ထိန်းချုပ်ထားသော လက်တွေ့စမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စင်တာအများအပြားတွင် လုပ်ဆောင်ရန် စောင့်ကြိုနေဆဲဖြစ်သည်။ လုပ်ဆောင်မှုယန္တရား၏ ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဖော်ထုတ်ရန်နှင့် TCM ကုသမှုများ သို့မဟုတ် ဖြစ်နိုင်ပါက ၎င်းနှင့် တွဲစပ်အသုံးပြုမှုများ၏ ထိရောက်သော အစိတ်အပိုင်းများကို ရှင်းလင်းစွာ သိရှိနိုင်ရန်သည်လည်း စိတ်ဝင်စားဖွယ်ကောင်းလိမ့်မည်။ COVID-19 သံသယရှိသူ (သို့) အတည်ပြုလူနာများသည် အများအားဖြင့် ကူးစက်မြန်ပြီး အသက်ပင်ဆုံးရှုံးစေနိုင်သည့် ရောဂါအပေါ် အလွန်ထိတ်လန့်တုန်လှုပ်ကြပြီး အသွားအလာ ကန့်သတ်ထားသူများသည်လည်း စိတ်ပျက်ငြီးငွေ့ခြင်း၊ အထီးကျန်ခြင်းနှင့် စိတ်တိုဒေါသထွက်ခြင်းများကို ခံစားကြရသည်။ ထို့ပြင် ဖျားနာခြင်း၊ သွေးတွင်း အောက်ဆီဂျင်မလုံလောက်ခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ ကူးစက်ရောဂါ လက္ခဏာများအပြင် ကော်တီကိုစတီးရွိုက်များကြောင့် ဖြစ်ပွားသည့် အိပ်မပျော်ခြင်းကဲ့သို့ ကုသမှုများ၏ ဘေးထွက်ဆိုးကျိုးများသည် စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ပိုမိုဖြစ်ပွားစေနိုင်သည်။ SARS ကူးစက်မှု အစောပိုင်းအဆင့်တွင် မကြာခဏ စိတ်ကျခြင်း၊ စိုးရိမ်မှုများခြင်း၊ အလွန်အကျွံ ထိတ်လန့်ကြောက်ရွံ့ခြင်းများ၊ စိတ်လှုပ်ရှားတက်ကြွလွယ်ခြင်း၊ စိတ်ဝေဒနာရောဂါလက္ခဏာများ ပြသခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းမှုများအပါအဝင် စိတ်ရောဂါဆိုင်ရာ ရောဂါဖြစ်ပွားမှုအမျိုးမျိုး ဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။ COVID-19 ပြန့်ပွားမှုကို ပြည်သူ့ကျန်းမာရေး၏ တုံ့ပြန်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် မဖြစ်မနေလုပ်ဆောင်ရသော ထိတွေ့ဆက်ဆံခဲ့မှုများကို နောက်ကြောင်းလိုက်ခြင်းနှင့် အသွားအလာ ကန့်သတ်၍ သီးခြားနေထိုင်စေခြင်း လုပ်ငန်းစဉ်များသည် လူထုကို ပိုမို စိုးရိမ်စေပြီး ၎င်းတို့၏ မိသားစုများနှင့် မိတ်ဆွေများကို ရောဂါ ကူးစက်စေမှု၊ ထိုသူများကိုလည်း သီးခြားခွဲ၍ နေထိုင်စေမှုနှင့် အရှက်ရစေခြင်းတို့အတွက် မိမိကိုယ်မိမိ အပြစ်တင်မိနိုင်သည်။ ထို့ကြောင့် COVID-19 လူနာများ၊ ရောဂါသံသယရှိသူများ၊ ၎င်းတို့နှင့်ထိတွေ့မှုရှိသူများအပြင် အကူအညီ လိုအပ်နေသည့် ပြည်သူလူထုအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးသင့်သည်။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွင် ကဏ္ဍပေါင်းစုံပါဝင်သည့် စိတ်ကျန်းမာရေးအဖွဲ့များ တည်ထောင်ခြင်း၊ SARS-CoV-2 ဖြစ်ပွားမှုနှင့် ကုသမှုအစီအစဉ်များ အကြောင်း တိကျသော နောက်ဆုံးရသတင်းများကို ပုံမှန် ရှင်းလင်းစွာ ဆက်သွယ် အသိပေးမှုများ ပြုလုပ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် နည်းပညာမြင့် အီလက်ထရောနစ်ပစ္စည်းများနှင့် အပလီကေးရှင်းများ အသုံးပြုခြင်းတို့ပါဝင်သင့်သည်။ ထိရောက်သော ကာကွယ်ဆေးများသည် ရောဂါပိုးများ ရှင်သန်သိုမှီးရာ တိရစ္ဆာန်များနှင့် ရောဂါပိုးရှိသော လူသားများထံမှ ကူးစက်လွယ်သော လက်ခံသူများဆီသို့ ကူးစက်သော ကူးစက်မှုလမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး ပေါ်ထွက်လာသည့် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားသည့် ကပ်ရောဂါများကို ထိန်းချုပ်ရာတွင် ဗိုင်းရပ်စ်နှိမ်နင်းရေး ကုသမှုနှင့် ထပ်တူထပ်မျှအရေးပါသည်။ ရေရှည် ထိရောက်မှုရှိသော ပဋိဇီဝပစ္စည်းများ နှင့်/သို့မဟုတ် SARS-CoV မှ ကာကွယ်ပေးသည့် ကိုယ်ခံစွမ်းအားများကို ထုတ်လုပ်ပေးရန်အတွက် S ပရိုတိန်းကို အခြေခံသည့် ကာကွယ်ဆေးကို ထုတ်လုပ်ရန် အားထုတ်ကြိုးပမ်းလျက်ရှိသည်။ သက်ရှိဗိုင်းရပ်စ်ကို ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများကို SARS ရောဂါအတွက် တိရစ္ဆာန်များကို အသုံးချကာ အကဲဖြတ်ထားပြီး ဖြစ်ပါသည်။ သို့သော် ဆေးဘက်ဆိုင်ရာ လက်တွေ့သုတေသန စတင်မလုပ်ဆောင်ရသေးမီ အသက်ကြီးသူများနှင့် အသက်အန္တရာယ် ရှိမရှိ အကဲဖြတ်ရန် အစမ်းသပ်ခံတိရစ္ဆာန်များတွင် ဤလျာထားသည့် ရောဂါကာကွယ်ဆေးများ၏အာနိသင် ထိရောက်မှုနှင့် ထိုကာကွယ်ဆေးများက တိရိစ္ဆာန်များမှ လူကိုကူးစက်တတ်သည့် ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်နိုင်ခြင်း ရှိမရှိကို အတိအကျ မဆုံးဖြတ်နိုင်ပါ။ SARS ပျောက်ဆုံးခဲ့သည်မှာ 17 နှစ်ကျော်ပြီ ဖြစ်သော်လည်း ထိုစဉ်ကတည်းက ယခုအထိ လူနာအသစ် မတွေ့ရှိတော့သည်ဖြစ်ရာ ဤသည်မှာလည်း ဖြစ်နိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် MERS ရောဂါ ရံဖန်ရံခါ ကွက်ကျား ဖြစ်ပွားမှုနှင့် အစုအပြုံလိုက် ဖြစ်ပွားမှုကိစ္စရပ်များ အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ဖြစ်ပွားခဲ့ပြီး ရောဂါ ဖြစ်ပွားသည့် ဒေသများတွင် တိရိစ္ဆာန်များမှ လူကိုကူးစက်တတ်သည့် ရောဂါ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အခြားဒေသများသို့ ရောဂါ ပျံ့နှံ့သွားသည်။ အသက်မဲ့အောင် ပြုလုပ်ထားသည့် ဗိုင်းရပ်စ်များ ပါဝင်သော ကာကွယ်ဆေး၊ DNA ပလတ်စမစ် ၊ ဗိုင်ရယ်လ် ဗက်တာ (viral vector) များ၊ နာနို အမှုန်များ၊ ဗိုင်းရပ်စ်နှင့် ဆင်တူသည့် အမှုန်များနှင့် recombinant protein subunits (သတ်မှတ် ပရိုတင်းပဋိဇာတ်များ သုံး၍ဖော်စပ်ထားသည့် ကာကွယ်ဆေး) နှင့် တိရိစ္ဆာန်များတွင် စမ်းသပ်အသုံးပြုထားသည့် ကာကွယ်ဆေး အချို့ကို အသုံးပြု၍ MERS ကာကွယ်ဆေးထိုးခြင်း မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့ပါသည်။ ကိုယ်ခံအား မရှိသောသူများအတွက် လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိသော SARS-CoV-2 ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရေးသည် လက်ရှိဖြစ်ပွားနေသော ကူးစက်ကပ်ရောဂါကို ထိန်းချုပ်ရန်အတွက် အရေးပေါ်နှင့် အရေးကြီးသော လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးထွက်ပေါ်လာရန်နှင့် CoV များ၏ ပြောင်းလဲမှုအမျိုးမျိုးအတွက် လိုအပ်သော အချိန်မှာ (ပျမ်းမျှ 18 လ) အတော်ကြာသည့်အတွက် အခက်အခဲကို ကျော်လွှားနိုင်ရန် စိန်ခေါ်မှုများ ရှိနေပါသည်။ ရောဂါအသစ်တစ်ခုဖြစ်သည့်အတွက် COVID-19 သည် လူနာထောင်နှင့်ချီ ကူးစက်ပြီးမှသာ ၎င်း၏ ရောဂါဖြစ်ပွားမှု လမ်းကြောင်း အပြည့်အစုံကို စတင်ပြသခဲ့သည်။ ရောဂါဖြစ်ပွားမှု အများစုတွင် လူနာများသည် နောက်ဆက်တွဲရောဂါ မဖြစ်ပွားဘဲ တဖြည်းဖြည်းပြန်လည်သက်သာလာနိုင်ပါသည်။ သို့ရာတွင် SARS နှင့် MERS ကဲ့သို့ပင် COVID-19 သည်လည်း ပြင်းထန်သော ရောဂါကူးစက်မှု ခံရသည့် လူနာများတွင် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ ယှဉ်တွဲနေသည်။ ထို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အေဂျင်စီများသည် အထူးသဖြင့် အရင်းအမြစ် အကန့်အသတ်ရှိသည့် ဒေသများတွင် ကုသမှုများကို ဦးစားပေးဆောင်ရွက်နိုင်ရန်အတွက် ရောဂါ အခြေအနေ ကြိုတင်ခန့်မှန်းချက် ပုံစံငယ်တစ်ခုကို မဖြစ်မနေ တည်ဆောက်ရန် လိုအပ်ပါသည်။ ယခုထိ ဆေးပညာဆိုင်ရာလေ့လာတွေ့ရှိချက်များအရ အောက်ပါအချက်များသည် COVID-19 လူနာများ၏ ရောဂါအလားအလာအပေါ် သက်ရောက်မှု သို့မဟုတ် ဆက်နွှယ်မှုရှိသည် (ဇယား (ဇယား33)- အသက်- အသက်အရွယ်သည် SARS ရောဂါအခြေအနေသုံးသပ်ချက်ပြုလုပ်ရာတွင် အရေးအကြီးဆုံးအချက်ဖြစ်ခဲ့ပြီး COVID-19 အတွက်လည်း မှန်ကန်မှု ရှိနေသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း လူနာ 8,866 ဦးဖြင့် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ COVID-19 သည် အသက် 30-65 နှစ်အရွယ် လူများကို အဓိကကူးစက်ပြီး အဆိုပါလူနာများထဲတွင် အသက် 50 ကျော်အရွယ်များသည် 47.7% အထိ ရှိသည်။ အထူးကြပ်မတ်စောင့်ရှောက်မှုကို လိုအပ်သည့် လူနာများသည် အများအားဖြင့် ကျန်းမာရေးအခံမကောင်းသူများဖြစ်ပြီး နောက်ဆက်တွဲရောဂါများသည် အသက်အရွယ်ပိုမို ကြီးမားသူများတွင် သိသိသာသာ ဖြစ်ပွားသည် (အသက် 51 နှစ်အရွယ်နှင့် နှိုင်းစာလျင် အသက် 66 နှစ် ပျမ်းမျှအရွယ်တွင် ဖြစ်ပွားတတ်ပါသည်)။ COVID-19 လူနာများ၏ ရလဒ်များကို ကြိုတင်မှန်းဆချက် ပြုလုပ်ရာတွင် အသက်အရွယ်ကို အချက်တစ်ချက်အဖြစ် ထည့်သွင်းစဉ်းစားရန် အကြံပြုသည်။ လိင်- SARS-CoV-2 သည် အထက်တွင် ဖော်ပြထားသည့်အတိုင်း အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုကူးစက်ခံရပါသည် (0.31/100,000 နှင့် 0.27/100,000)။ ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် နောက်ဆက်တွဲ ဆင့်ပွားအခြေအနေများ- အထူးကြပ်မတ်ပြုစု စောင့်ရှောက်မှုလိုအပ်သော COVID-19 လူနာများသည် ပြင်းထန်သော နှလုံး ဒဏ်ဖြစ်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့ကို ပိုမိုခံစားရနိုင်သည်။ နှလုံးနှင့်ပတ်သက်သော ရောဂါများသည် SARS လူနာများ သေဆုံးရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်ပါသည်။ SARS-CoV-2 သည် ACE2-ပေါ့စတစ် ချိုလန်ဂီယိုဆိုက်နှင့်လည်း ချိတ်ဆက်နိုင်ပြီးသဖြင့် COVID-19 လူနာများတွင် အသည်းမကောင်းခြင်းကို ဖြစ်ပွားစေနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။ အထူးသတိပြုသင့်သည်မှာ အသက်အရွယ်နှင့် ရောဂါအခံရှိမှုသည် အပြန်အလှန်ဆက်စပ်မှုအလွန်ရှိပြီး တစ်ခုနှင့် တစ်ခု အပြန်အလှန် သက်ရောက်မှုရှိနိုင်သည်။ ပုံမှန်မဟုတ်သော ဓါတ်ခွဲတွေ့ရှိချက်များ - သွေးထဲရှိ စီ-ရီအက်တစ် ပရိုတင်း (CRP) သည် ရောင်ရမ်းခြင်း သို့မဟုတ် တစ်ရှူးဒဏ်ရာပြင်းထန်မှုကို ဖော်ပြနေပြီး ရောဂါအခြေအနေ၊ ကုထုံးကို ပြန်လည်တုံ့ပြန်မှုနှင့် အပြီးသတ် ပြန်လည်နာလန်ထူကောင်းမွန်လာမှုတို့အတွက် ဖြစ်နိုင်ခြေရှိသော ကြိုတင်မှန်းဆရန် အချက်တစ်ချက်အဖြစ် အဆိုပြုထားသည်။ COVID-19 ၏ ပြင်းထန်မှု၊ ရောဂါအခြေအနေသုံးသပ်ချက်နှင့် CRP အဆင့် တို့ အပြန်အလှန်ဆက်စပ်မှုကိုလည်း အဆိုပြုထားပြီး ဖြစ်ပါသည်။ ထို့အပြင် မြင့်တက်နေသော lactate dehydrogenase (LDH)၊ aspartate aminotransferase (AST)၊ alanine aminotransferase (ALT) နှင့် creatine kinase (CK) တို့သည်လည်း ရလဒ်ကို ကြိုတင်ခန့်မှန်းရာတွင် အထောက်အကူပေးနိုင်သည်။ ဤအင်ဇိုင်းများကို ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများစွာ၌၊ အထူးသဖြင့် နှလုံးနှင့် အသည်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်ပြီး တစ်ရှူးပျက်စီးမှုကာလအတွင်းတွင် ထိုအင်ဇိုင်းများကို ထုတ်ပေးသည်။ ထို့ကြောင့် ၎င်းတို့မှာ အသည်း သို့မဟုတ် ကျောက်ကပ် ပုံမှန်အလုပ်မလုပ်တော့ကြောင်း ပြသနေသည့် ဖြစ်ရိုးဖြစ်စဉ် လက္ခဏာများ ဖြစ်ပါသည်။ အဓိက ရောဂါလက္ခဏာများ- COVID-19 ၏ အကျိုးဆက်များနှင့် ထပ်တိုးလာသော ရောဂါသစ်များကို ခန့်မှန်းရန်အတွက် ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်းနှင့် ရောဂါလက္ခဏာများ၏ အချိန်နှင့်အလိုက် တိုးတက်မှုများကို အခြားပြဿနာများနှင့်အတူ ထည့်သွင်းစဉ်းစားသင့်ပါသည်။ စတီးရွိုက်များအသုံးပြုခြင်း- အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စတီးရွိုက်များသည် ကူးစက်ရောဂါများအတွက် ပြင်းထန်သည့် ရောင်ရမ်းနာကျင်ခြင်းများ လျော့ကျစေရန် တွဲဖက်ကုထုံးတစ်ခုအဖြစ် အသုံးပြုလေ့ရှိသည့် ကိုယ်ခံအား ကျဆင်းစေသော ဆေးဝါးများဖြစ်သည်။ ကော်တီကိုစတီးရွိုက် (corticosteroid) ဆေး ပမာဏအများအပြားကို ပြင်းထန်သော SARS လူနာများအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသောကြောင့် အသက်ရှင်ကျန်ရစ်သူ အများအပြားတွင် avascular osteonecrosis ကို ခံစားခဲ့ရပြီး တစ်သက်တာမသန်မစွမ်း ဖြစ်သွားကာ ကျန်းမာရေးလည်း ထိခိုက်ခဲ့ရသည်။ ထို့ကြောင့် လိုအပ်ပါက COVID-19 လူနာများအတွက် စတီးရွိုက်ကို ပမာဏနည်းနည်းဖြင့် ကာလတိုသာ ပေးသင့်သည်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု- အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း COVID-19 ကူးစက်ပြန့်ပွားစဉ် လူနာအများစုသည် အချိန်ကြာမြင့်စွာ အသွားအလာကန့်သတ်ခြင်းအပြင် ဆွေမျိုးရင်းချာ မိသားစုဝင်များ၊ မိတ်ဆွေလူနာများ သေဆုံးရမှုကို တပ်အပ် မြင်ခဲ့ရမှုနှင့် အသက်ရှင်ရန် မရေမရာဖြစ်မှုတို့ကြောင့် ပုံမှန်ထက်ပိုသော စိတ်ဖိစီးမှုများကို ခံစားရပါသည်။ အဆိုပါလူနာများ စိတ်ဖိစီးမှုမှ ပြန်လည်သက်သာလာပြီး ပုံမှန်ဘဝများသို့ ပြန်လည်ရောက်ရှိစေရေး အကူအညီပေးရန်အတွက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် ရေရှည်ထောက်ပံ့မှုများ လုပ်ဆောင်ရန်သည် အလွန်အရေးကြီးသည်။ လက်ရှိအချိန်အထိ နယ်မြေ၊ ဒေသ အသီးသီးရှိ လူဦးရေကို လေ့လာမှုများအရ COVID-19 တွင် SARS နှင့် ကွဲပြားခြားနားသော ကူးစက်ကပ်ရောဂါဆိုင်ရာ လက္ခဏာများ ရှိနေသည်ဟု ယူဆရသည်။ အသက်ရှူလမ်းကြောင်းအောက်ပိုင်းတွင် ဝင်ရောက်နေရာယူခြင်းအပြင် SARS-CoV-2 သည် အသက်ရှူလမ်းကြောင်းအထက်ပိုင်းကိုလည်း ထိထိရောက်ရောက်ဝင်ရောက်နိုင်ပြီး ပုံမှန်အအေးမိခြင်းဖြစ်ပွားစေသည့် အခြား CoV များနည်းတူ ကူးစက်ခံရပြီး အစောပိုင်းကာလတွင် အပျော့စား ရောဂါလက္ခဏာပြခြင်း သို့မဟုတ် မည်သည့်ရောဂါလက္ခဏာမျှ မပြခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ရောဂါကူးစက်ခံထားရသည့် လူနာများသည် ၎င်းတို့၏ အစောပိုင်းအဆင့် သို့မဟုတ် ရောဂါပျိုးရက် ကာလအတွင်း နေ့စဉ် သွားလာလှုပ်ရှားစဉ်အချိန်များ၌ ဗိုင်းရပ်စ် ပမာဏများစွာကို ပြန့်ပွားစေနိုင်သောကြောင့် ရောဂါထိန်းချုပ်ရေးကို အလွန်အခက်အခဲ ရှိစေသည်။ သို့ရာတွင် SARS-CoV ကူးစက်မှုသည် လူနာများ အသည်းအသန်ဖျားနာနေချိန်တွင် ဖြစ်ပွားသည်ဟု ယူဆရပြီး အစောပိုင်းအဆင့်တွင် ကူးစက်မှု ဖြစ်ပွားခြင်း မရှိပါ။ ထို့ကြောင့် လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုသည် SARS ရောဂါဖြစ်ပွားခြင်းထက် ပို၍ ပြင်းထန်ပြီး ထိန်းချုပ်ရန် ခက်ခဲသည်။ SARS-CoV-2 ရောဂါပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဝူဟန်(Wuhan)နှင့် ၎င်းပတ်ပတ်လည်ရှိ မြို့များကို လော့ခ်ဒေါင်းချခြင်းနှင့် လူထုအားလုံးနီးပါး ပါဝင်သည့် စဉ်ဆက်မပြတ် အသွားအလာကန့်သတ်ခြင်းအပါအဝင် အလွန်ကောင်းမွန်သော ကြိုးပမ်းအားထုတ်မှုနည်းလမ်းများကို (China) တရုတ်နိုင်ငံတွင် လက်ရှိ ကျင့်သုံးလျက်ရှိသည်။ အဆိုပါလုပ်ဆောင်ချက်များသည် နိုင်ငံစီးပွားရေးနှင့် အခြားသောကဏ္ဍများကို သိသာထင်ရှားစွာ ထိခိုက်စေခဲ့သော်လည်း ကူးစက်ခံရသော လူနာသစ်အရေအတွက်မှာမူ လျော့ကျနေလျက်ရှိပြီး ကပ်ရောဂါကူးစက်မှုအရှိန် လျော့နည်းသွားကြောင်းကို ပြသနေသည်။ အကောင်းအမြင်ဆုံး ခန့်မှန်းချက်မှာ ရောဂါဖြစ်ပွားမှုကို မတ်လတွင် အဆုံးသတ်နိုင်လိမ့်မည်ဖြစ်ပြီး ပြန်လည်လျော့ကျသည့်အဆင့်သည် 3-4 လအထိ ကြာမြင့်လိမ့်မည် ဖြစ်သည်။ သို့သော် အချို့ ကျွမ်းကျင်သူများကမူ ထိုသို့ အကောင်းမြင်သူများ မဟုတ်ကြပါ။ SARS ရောဂါထက် ကူးစက်မှုပိုဖြစ်စေသော COVID-19 ရောဂါသည် 2020 ပြည့်နှစ်တွင် မပြီးဆုံးနိုင်ကြောင်း Paul Hunter နှင့် အခြားသူများက ခန့် မှန်းထားပါသည်။ Ira Longini, et al., သည် ကူးစက်ကပ်ရောဂါ၏ ရလဒ်များကို ခန့်မှန်းသည့် ပုံစံတစ်ခုကို တည်ဆောက်ခဲ့ပြီး SARS-CoV-2 သည် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကို ကူးစက်နိုင်သည်ဟု သုံးသပ်ခဲ့ပါသည်။ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းသည်မှာ 2 ပတ်ထက် စောခဲ့ပြီဖြစ်သော လူနာများ၏ လေပြွန်အလယ်တွင်ရော လည်‌ချောင်းတို့ဖတ်စတို့တွင်ပါ SARS-CoV-2 ကို တွေ့ရှိရကြောင်း ကနေဒါအဖွဲ့က အစီရင်ခံခဲ့ရာ တွေ့ရှိထားသည့် ဗိုင်းရပ်စ်အသစ်သည် တုပ်ကွေးရောဂါကဲ့သို့ပင် ရာသီအလိုက် ပြန်ဖြစ်မည့်သဘောမျိုးကို ပြသနေပါသည်။ သို့ရာတွင် (China) တရုတ်နိုင်ငံတွင် ကူးစက်ခံရမှုအသစ်အရေအတွက် လျော့နည်းကျဆင်းလာမှုများအရ အလားအလာ လက္ခဏာကောင်းများ ဖြစ်ပေါ်လျက်ရှိပြီး လက်ရှိ လုပ်ဆောင်နေသည့် မဟာဗျူဟာလုပ်ဆောင်ချက်များသည် ထိရောက်မှုရှိသည်ကို တွေ့ရသည်။ အီဘိုလာ ရောဂါဖြစ်ပွားမှုဦးရေ လူတစ်သန်းအထိရှိလာနိုင်ပြီး အဆိုပါလူတစ်သန်း၏ ထက်ဝက်မှာ သေဆုံးနိုင်သည်ဟု မူလက ခန့်မှန်းထားခဲ့သည်။ သို့ရာတွင် တင်းကျပ်သော အသွားအလာ ကန့်သတ်ခြင်းနှင့် သီးသန့်ခွဲခြားခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ရောဂါကို တဖြည်းဖြည်းချင်း ထိန်းချုပ်မှု ရရှိနိုင်သည်။ SARS-CoV-2 သည်လည်း SARS-CoV ကဲ့သို့ပင် ကူးစက်နိုင်မှု အားနည်းလာနိုင်ကာ နောက်ဆုံးတွင် ကွယ်ပျောက်သွားနိုင်သည် သို့မဟုတ် လူသားများတွင် တွဲဖက်တည်ရှိနိုင်မှု နည်းပါးသော ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်လာနိုင်သည်မှာ ဖြစ်နိုင်ခြေရှိသည်။ COVID-19 ၏ ကူးစက်ပြန့်ပွားမှုနှင့် SARS နှင့် MERS တို့၏ ကူးစက်ပြန့်ပွားမှု နှိုင်းယှဉ်ချက်ကို အောက်တွင် ဖော်ပြထားပါသည် (ပုံ(ပုံ.55)။ SARS-CoV-2 သည် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှတစ်ဆင့် ကူးစက်မှု ပိုမိုမြင့်မားပြီး ဗိုင်းရပ်စ်ပိုးများ တွယ်ကပ်နေသည့် ပစ္စည်းများကို တိုက်ရိုက်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း ကူးစက် နိုင်သည်။ ဗိုင်းရပ်စ်ပိုးကို မစင်များတွင်လည်း တွေ့ရှိရသဖြင့် မစင်နှင့် လက်တို့မှတစ်ဆင့် ပါးစပ်သို့ ကူးစက်မှု ဖြစ်နိုင်ခြေအသစ်ကို ဖြစ်ပေါ်စေသည်။ အခြားရောဂါအခံရှိသူ 17 ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ 40 ဦးတို့အပါအဝင် ကူးစက်မှု 138 ခုကို မကြာသေးမီက လေ့လာခဲ့မှုအရ 41% သော ကူးစက်မှုများသည် ဆေးရုံမှ ကူးစက်ခံရခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် လူသားများ၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ လူမှုဝန်ထမ်းများ၊ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လူနာများ သို့မဟုတ် ရောဂါကူးစက်ခံထားရသူများနှင့် အဆက်အသွယ်ရှိသူများကိုပင် ကာကွယ်နိုင်ရန်အတွက် အထူးကောင်းမွန်သော ကြိုတင်ကာကွယ်မှုကို အသုံးပြုသင့်သည်။ ကူးစက်မှုအန္တရာယ်ကို လျှော့ချရန်အတွက် အသုံးပြုနိုင်သည့် ပထမဆုံးကာကွယ်ရေး နည်းလမ်းမှာ နှာခေါင်းစည်းများဖြစ်သည်။ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများနှင့် N95 အသက်ရှူလမ်းကြောင်းဆိုင်ရာ နှာခေါင်းစည်းများ (စီးရီး # 1860 များ) အသုံးပြုခြင်းဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အ‌ထောက်အကူ ရစေသည်။ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများသည် ကူးစက်ခံထားရသော အလားအလာရှိသူထံမှ အရည်မှုန်များကို အခြားသူသို့ ကူးဆက်နိုင်သည့်နည်းလမ်းများဖြစ်သည့် လေထဲသို့ပြန့်နှံ့ခြင်း နှင့် မျက်နှာပြင်များနှင့် ပစ္စည်းများသို့ တွယ်ကပ်ခြင်းတို့ကို တားဆီးပေးနိုင်သည်။ သို့သော် N95 (စီးရီး # 1860 များ) နှာခေါင်းစည်းများကသာ 10 နာနိုမီတာမှ 80 နာနိုမီတာအထိ သေးငယ်သည့် ဗိုင်းရပ်စ်အမှုန်အမွှားများကို ကာကွယ်ပေးနိုင်ပြီး ဗိုင်းရပ်စ်အမှုန်အမွှား 5% သာ ထိုးဖောက်ဝင်ရောက်နိုင်သည်။ SARS-CoV-2 သည် အရွယ်အစားအားဖြင့် SARS-CoV နှင့် တူညီပြီး ဗိုင်းရပ်စ်နှစ်ခုလုံးမှာ 85 နာနိုမီတာ အရွယ်အစားခန့် ရှိသည်။ အမှုန်လေးများသည် အတူတူ တွဲချုပ်ထားသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ငါးခုကိုပင်လျှင် ဖောက်ထွက်နိုင်သဖြင့် လူနာနှင့် တိုက်ရိုက်ထိတွေ့ရသော ကျန်းမာရေး စောင့်ရှောက်မှုပေးသူများသည် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများကို အသုံးမပြုဘဲ N95 (စီးရီး # 1860 များ) နှာခေါင်းစည်းများကို ဝတ်ဆင်အသုံးပြုရမည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ဗိုင်းရပ်စ်နှင့် ထိတွေ့မှုကို ထပ်မံလျှော့ချနိုင်ရန်အတွက် နှာခေါင်းစည်းများအပြင် အံကိုက်ဖြစ်သော အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်သင့်သည်။ ဗိုင်းရပ်စ်သည် လူတစ်ယောက်သို့ မျက်စိမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ 2020 ပြည့်နှစ်၊ ဇန်နဝါရီလ 22 ရက်နေ့တွင် ဆရာဝန်တစ်ဦးသည် N95 နှာခေါင်းစည်း ဝတ်ဆင်ထားသည့်ကြားမှ with SARS-CoV-2 ကူးစက်ခံခဲ့ရသည်။ ဗိုင်းရပ်စ်သည် သူ၏ ရောင်ရမ်းနေသော မျက်လုံးများမှ တစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် လူနာများကို ထိတွေ့ကုသစဉ် မျက်နှာကာအကြည်များ သို့မဟုတ် မျက်မှန်များ တပ်ဆင်သင့်သည်။ ကူးစက်ခံ သို့မဟုတ် ကူးစက်ခံရနိုင်ခြေရှိသည့် ဒေသများရှိ ပြည်သူလူထုအနေဖြင့် လူတိုင်းလူတိုင်း မိမိတို့၏ လက်ကို ပိုးသတ်ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ အိမ်တွင်းမှာသာ နေထိုင်ပြီး ကိုယ်တိုင် အသွားအလာ ကန့်သတ်၍ သီးခြားနေထိုင်နိုင်ရေး ကြိုးစားလုပ်ဆောင်ရန်နှင့် ကူးစက်ခံထားရနိုင်သည့် အလားအလာရှိသူများနှင့် ထိတွေ့ဆက်သွယ်မှုများ မပြုလုပ်မိစေရေး ကန့်သတ်ထိန်းချုပ်ရန် အထူး အကြံပြုသည်။ လူသားများအနေဖြင့် လူနာနှင့်‌ သုံးပေအကွာအဝေးတွင် နေခြင်းသည် သင့်တော်သော အကွာအဝေးတစ်ခုအဖြစ် ယူဆထားသည်။ ဤလုပ်ဆောင်ချက်များသည် ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အပြင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်အတွက်လည်း ထိရောက်သော နည်းလမ်းများဖြစ်သည်။ လူ့ကမ္ဘာလောကအတွက် SARS-CoV-2 သည် ဗိုင်းရပ်စ်အသစ်တစ်မျိုးအဖြစ် ရောက်ရှိလာသော်လည်း 2020 ပြည့်နှစ်၊ ဇန်နဝါရီလ 7 ရက်နေ့ အစီရင်ခံစာအရ SARS-CoV နှင့် အလွန်အမင်း ကိုက်ညီမှုရှိပြီး တရုတ်နိုင်ငံကို 2003 ခုနှစ်က ဖြစ်ပွားခဲ့သော SARS ကူးစက်ပျံ့နှံ့မှု၏ နက်ရှိုင်းသော အမှတ်ရစရာအဖြစ်အပျက်အရ အရေးပေါ်အခြေအနေဖြစ်ကြောင်း အချက်ပေးခဲ့သည်။ သို့ရာတွင် 2020 ခုနှစ် ဇန်နဝါရီလ 19 ရက်နေ့မတိုင်ခင်အထိ (Wuhan) ဝူဟန်မြို့ ရောဂါထိန်းချုပ်ရေးဌာနက နိုဗယ်ဗိုင်းရပ်စ်သည် ကူးစက်မှုနည်းပါးပြီး လူမှလူသို့ ကူးစက်ပြန့်ပွားမှုတွင် ကန့်သတ်ချက်များရှိခြင်းကြောင့် ရောဂါကို ကာကွယ်ရန်နှင့်ထိန်းချုပ်ရန်အတွက် အခက်အခဲမရှိကြောင်း လူထုကို နှစ်သိမ့်ခဲ့သည်။ ဤသတင်းစကားသည် အထူးသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နွေဦးပွဲတော်အတွက် ပြင်ဆင်နေကြချိန်တွင် လူထု၏ သတိရှိမှုကို သိသိသာသာ ပြေလျော့သွားစေပြီး ဝူဟန် (Wuhan) မြို့တွင် ရောဂါကို အနိမ့်ဆုံးအနေအထားနှင့် ထိန်းသိမ်းနိုင်ရန်အတွက် ဤအရေးပါလှသော ကာလနှင့် လွဲချော်ခဲ့ရသည်။ တရုတ်နိုင်ငံရှိ ရောဂါထိန်းချုပ်ရေးဌာနများသည် ဤခက်ခဲသောသင်ခန်းစာကိုယူပြီး အနာဂတ်တွင် အရေးပါသော တိုးတက်မှုများကို ပြုလုပ်နိုင်လိမ့်မည်။ ဥပမာ ဤအေဂျင်စီများသည် (1) ပြည်သူများအတွက် စကားလုံးတိုင်းက အရေးပါပြီး ၎င်းတို့၏ သဘောထားနှင့် ဆုံးဖြတ်ချက်များကို ပြောင်းလဲစေနိုင်သောကြောင့် အများသိစေရန် ထုတ်ပြန်ကြေညာချက်များ ပြုလုပ်ရာတွင် ပို၍ဂရုစိုက်သင့်သည်၊ (2) ဆရာဝန်များ သို့မဟုတ် အရာရှိများထံမှ တရားဝင် ထုတ်ပြန်ချက်များကို စောင့်နေမည့်အစား ဆေးခန်းများမှ ပုံမှန်မဟုတ်ဘဲ ထူးခြားသော အချက်အလက်များကို ပို၍ သတိထားတုံ့ပြန်သင့်သည်၊ (3) ပြည်သူကို စိတ်သက်သာရာရဖို့ ကြိုးစားမည့်အစား ကနဦးအဆင့်ကတည်းက အလားအလာရှိသော ကပ်ရောဂါကို ထိန်းချုပ်ရန် ပို၍ ထိန်းချုပ်ကန့်သတ်သင့်သည်၊ (4) ကပ်ရောဂါများအကြောင်း ပြည်သူများ ပို၍နားလည်သိရှိလာစေရန် ပစ်မှတ်ထားဆောင်ရွက်သော၊ ထိရောက်သော လုပ်ထုံးလုပ်နည်းများကို ပို၍ မကြာခဏ ထုတ်ပြန်သင့်ပြီး ပြည်သူလူထု၏ တုံ့ပြန်မှု စနစ်ကို ပုံမှန် စစ်ဆေးမြှင့်တင်သင့်သည်။ နိုဗယ်ဗိုင်းရပ်စ် SARS-CoV-2 ကြောင့် ဖြစ်သည့် COVID-19 ရောဂါ ပျံ့ပွားမှုသည် 2019 ခုနှစ် ဒီဇင်ဘာအကုန်တွင် စတင်ခဲ့သည်။ နှစ်လမပြည့်မီအချိန်အတွင်း ဤစာကို ရေးသားနေသောအချိန်တွင် ၎င်းသည် တရုတ်နိုင်ငံတစ်ဝှမ်းနှင့် ကမ္ဘာအနှံ့ရှိ အခြားနိုင်ငံပေါင်း 50 နီးပါးအထိ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။ ဗိုင်းရပ်စ်သည် SARS-CoV နှင့် အလွန်ဆင်တူသည့်အပြင် COVID-19 နှင့် SARS တို့အကြား ရောဂါလက္ခဏာများသည်လည်း ဆင်တူမှုရှိနေသောကြောင့် COVID-19 ဖြစ်ပွားခြင်းက SARS ပြန်လည်ဖြစ်ပွားလာသကဲ့သို့ ခံစားရမိစေသည်။ သို့သော် COVID-19 နှင့် SARS အကြား သိသာထင်ရှားသည့် ကွဲပြားခြားနားချက်အချို့ရှိပြီး အဆိုပါအချက်များအား ကူးစက်ကပ်ရောဂါကို ထိန်းချုပ်ရန်နှင့် လူနာများကို ကုသရာတွင် မရှိမဖြစ်လိုအပ်သည်။ COVID-19 သည် လူငယ်များထက် လူကြီးများ၊ မိန်းမများထက် ယောက်ျားများတွင် ပို၍ ဖြစ်ပွားမှုရှိပြီး ရောဂါပြင်းထန်မှုနှင့် သေဆုံးနှုန်းမှာလည်း လူငယ်များထက် သက်ကြီးရွယ်အိုများတွင် ပိုမိုမြင့်မားပါသည်။ SARS သည် COVID-19 ထက် သေဆုံးမှုနှုန်း ပိုမိုများပြားသည် (10.91% နှင့် 1.44%)။ COVID-19 လူနာများသည် ရောဂါလက္ခဏာများ မပြသသည့်တိုင်အောင် ၎င်းတို့ထံမှ ဗိုင်းရပ်စ်ပိုးကို ထုတ်လွှင့်ကူးစက်စေနိုင်သည်။ SARS တွင်မူ လူနာများသည် အများအားဖြင့် ၎င်းတို့ ပြင်းထန်စွာဖျားနာချိန်တွင် ကူးစက်သည်။ ထို့ကြောင့် COVID-19 ရေဂါကူးစက်ပျံ့နှံ့မှုကို SARS ထက်ပို၍ ထိန်းချုပ်ရန်ခက်ခဲနေခြင်းဖြစ်သည်။ ဤအချက်က SARS-CoV-2 သည် အဘယ်ကြောင့် SARS-CoV ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်ကို တစ်စိတ်တစ်ပိုင်းရှင်းပြနေပေသည်။ အချို့သော COVID-19 လူနာများတွင် SARS-CoV-2 ရှိမရှိ ပုံမှန် RNA စမ်းသပ်ရာတွင် ရောဂါမရှိဟု ပြနိုင်ပါသည်။ အခြားတစ်ဖက်တွင်လည်း ကုသပျောက်ကင်းထားသော လူနာများသည် ဗိုင်းရပ်စ် ပြန်လည်ကူးစက်ခံရနိုင်သည်။ ဤတွေ့ရှိချက်များသည် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည့် အန္တရာယ်ကို သိသိသာသာ တိုးပွားစေသည်။ COVID-19 သုတေသနပြုမှုတွင် ယင်းကဲ့သို့ တစ်ဟုန်ထိုး မြင့်တက်မှုအရ အလွန်အရေးကြီးသော ကိစ္စရပ်များကို အောက်ပါအတိုင်း ဆက်လက်ဖြေရှင်းရန် လိုသေးသည်- SARS-CoV-2 သည် မည်သည်မှ လာသနည်း။ SARS-CoV-2 နှင့် လင်းနို့မှဖြစ်ပွားသည့် SARS CoV နှစ်မျိုးကြား မျိုးရိုးဗီဇ တူညီမှုကို 96% တွေ့ရှိထားသော်လည်း SARS-CoV-2 သည် လင်းနို့များမှ ဖြစ်သည်ဟု ကျွန်ုပ်တို့ ကောက်ချက်မချနိုင်သေးပါ။ မူရင်းလက်ခံကောင်ဟုဆိုထားသည့် လင်းနို့များမှ လူသို့ ဗိုင်းရပ်စ် ကူးစက်စေသည့် ကြားခံမျိုးစိတ်သည် မည်သည့်တိရစ္ဆာန် ဖြစ်သနည်း။ #1 နှင့် 2 တို့၏ အဖြေများကို မသိရှိရဘဲ ကျွန်ုပ်တို့အနေဖြင့် ကူးစက်ပျံ့နှံ့မှုကို ထိထိရောက်ရောက် မဖြတ်တောက်နိုင်ပါ။ ထို့အပြင် ရောဂါဖြစ်ပွားမှုသည်လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည်။ မော်လီကျူး ပုံဖော်ခြင်းနှင့် ဇီဝဓါတုဆိုင်ရာစစ်ဆေးမှုအများအရ SARS-CoV-2 သည် ACE2 နှင့်ဆက်နွှယ်နေကြောင်း ပြသခဲ့သော်လည်း ဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းရှိဆဲလ်များသို့ မည်သို့ တိကျစွာ ဝင်ရောက်သွားပြီး နောက်ဆက်တွဲ ရောဂါဗေဒဆိုင်ရာ ပြောင်းလဲမှုများကို မည်သို့ဖြစ်ပေါ်စေခဲ့သနည်း။ ဗိုင်းရပ်စ်သည် အခြားသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများရှိ ACE2 ပြသမှု ဆဲလ်များနှင့်ရော ပေါင်းစည်းသလား။ ဤမေးခွန်းများအတွက် ရှင်းလင်းသောအဖြေများ မရှိပါက ကျွန်ုပ်တို့သည် လျင်မြန်ပြီး တိကျမှန်ကန်သော ရောဂါရှာဖွေစစ်ဆေးမှုနှင့် ထိရောက်သောကုသမှုကို ရရှိနိုင်မည်မဟုတ်ပါ။ ကပ်ရောဂါသည် မည်မျှရှည်ကြာဦးမည်နည်း။ ဗိုင်းရပ်စ်သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်စဉ် မျိုးရိုးဗီဇပြောင်းလဲမှု မည်သို့ရှိသနည်း။ ၎င်းသည် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်လာနိုင်သလား၊ SARS ရောဂါကဲ့သို့ ပျောက်ကွယ်နိုင်သလား သို့မဟုတ် တုပ်ကွေးရောဂါကဲ့သို့ ပုံမှန်ပြန်လည်ဖြစ်ပွားနိုင်သလား။ ၎င်းသည် မရှိမဖြစ်လိုအပ်သော်လည်း အထက်ဖော်ပြပါ မေးခွန်းနှင့် အခြားသော မေးခွန်းများစွာအတွက် အဖြေများရရှိနိုင်ရန်အတွက် အချိန်အနည်းငယ်ယူရနိုင်သည်။ သို့ရာတွင် မည်မျှကုန်ကျသည်ဖြစ်စေ ကူးစက်ရောဂါကို တတ်နိုင်သမျှ အမြန်ဆုံးရပ်တန့်ပြီး ကျွန်ုပ်တို့၏ ပုံမှန်ဘဝများသို့ ပြန်လည်ရောက်ရှိစေရန်အတွက် ကျွန်ုပ်တို့တွင် အခြားရွေးချယ်စရာမရှိပါ။ လူသားကိုရိုနာဗိုင်းရပ်စ်များ၏ ဇူနိုးတစ်ဇစ်မြစ်များ သန္ဓေပြောင်းခြင်းနှင့် အသားကျခြင်းတို့က ကိုရိုနာဗိုင်းရပ်စ် (CoVs) နှင့် လူသားများပါဝင်သည့် ၎င်းတို့၏ ရောဂါလက်ခံကောင်များ နှစ်ပေါင်းများစွာတိုင်အောင် အတူတွဲ၍ ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းအပေါ် တွန်းအားပေးခဲ့သည်။ 2003 ခုနှစ်မတိုင်မီက လူသားတွင်ဖြစ်သည့် CoVs (HCoVs) ပိုး နှစ်မျိုးက သာမန်အအေးမိခြင်းကဲ့သို့ မပြင်းထန်သည့် ဖျားနာမှုဖြစ်စေခဲ့ကြောင်း သိရှိခဲ့ရသည်။ ပြင်းထန်သောအသက်ရှူလမ်းကြောင်းရောဂါလက္ခဏာ (SARS) နှင့် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာ (MERS) တို့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားမှု တွင် HCoV ကူးစက်မှုသည် မည်သို့မွှေနှောက်ဖျက်စီးပြီး အသက်အန္တရာယ်ပြုနိုင်သည်ကို ထုတ်ဖော်ဖွင့်ဆိုရာတွင် ပြောင်းပြန်လှန်လိုက်သလို ဖြစ်စေခဲ့သည်။ 2019 နှစ်ကုန်ပိုင်းတွင် တရုတ်ပြည်မကြီး၌ SARS-CoV-2 ထွက်ပေါ်လာမှုသည် CoVs ကို ထပ်မံ၍မီးမောင်းထိုးပြလိုက်သလိုဖြစ်ကာ ၎င်း၏ မြင့်မားသော ကူးစက်ပျံ့နှံ့နိုင်စွမ်းဖြင့် ကျွန်ုပ်တို့ကို အံ့သြစေခဲ့သော်လည်း ၎င်း၏ အမျိုးတူ SARS-CoV နှင့်နှိုင်းယှဉ်လျှင် ရောဂါဖြစ်နိုင်စေမှု ပို၍လျော့နည်းပါသည်။ HCoV ကူးစက်မှုသည် တိရိစ္ဆာန်မှတဆင့် လူသို့ကူးစက်မှုဖြစ်ပြီး HCoVs ၏ မူလ တိရိစ္ဆာန်ဇစ်မြစ်များအကြောင်းနားလည်ခြင်းက ကျွန်ုပ်တို့အား ကောင်းစွာလုပ်ဆောင်နိုင်စွမ်း ရှိစေပါမည်။ လင်းနို့မှမူလပထမကူးစက်သည့် HCoVs အများစုသည် ရောဂါဖြစ်ပွားမှုမရှိသော လင်းနို့များထံမှ မူလအရင်းခံလာသည်။ အချို့သော HCoVs ၏ ကြားခံလက်ခံကောင်များကိုလည်း သိရှိထားပါသည်။ လက်ခံကောင် တိရိစ္ဆာန်များကို ဖော်ထုတ်ခြင်းက လူသား ရောဂါများကို ကြိုတင်ကာကွယ်ရေးနှင့် တိုက်ရိုက်ပတ်သက်မှု ရှိပါသည်။ တိရိစ္ဆာန်များအတွင်း CoV-ရောဂါ လက်ခံကောင် အပြန်အလှန်ဆက်သွယ်မှုကို စုံစမ်းစစ်ဆေးခြင်းသည် လူများအတွင်း CoV ရောဂါဖြစ်ပွားစေမှုအတွက် အရေးကြီးသောအတွင်းကျကျအမြင် အဖြစ်လည်း ထုတ်နှုတ်ယူနိုင်သည်။ ဤပြန်လည်ဆန်းစစ်ချက်တွင် ၎င်းတို့၏စူးစမ်းလေ့လာမှုမှတ်တမ်းသာမက ၎င်းတို့၏ တိရိစ္ဆာန်ဇစ်မြစ်များနှင့် မျိုးစိတ်များအကြား ရောယှက်ကူးစက်မှုကိုပါ အလေးပေးခြင်းဖြင့် ရှိနေပြီးသည့် HCoVs ခုနစ်မျိုးအကြောင်း အသိပညာ ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ကျွန်ုပ်တို့က တင်ပြထားပါသည်။ အရေးကြီးသည်မှာ ကျွန်ုပ်တို့သည် မတူညီသော HCoV များကို ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် နှင့် မျိုးရိုးဇီဝပစ္စည်း ပြန်လည်ပေါင်းစပ်ခြင်းဆိုင်ရာ ရှုထောင့်မှ နှိုင်းယှဉ်၍ ဆန့်ကျင်ဘက်သဘော ဆွေးနွေးတင်ပြခြင်းဖြစ်သည်။ လက်ရှိ CoV ရောဂါ 2019 (COVID-19) ကပ်ရောဂါအကြောင်းကို ဤအကြောင်းအရာတွင် ဆွေးနွေးထားပါသည်။ ထို့အပြင် လက်ခံကောင် တစ်ကောင်မှ တစ်ကောင် အောင်မြင်စွာ ကူးစက်ပြောင်းလဲမှုများအတွက် လိုအပ်ချက်များနှင့် ရောဂါ၏ပြင်းထန်မှုပေါ်တွင် ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲမှု၏ ဂယက်ရိုက်မှုများကိုလည်း မီးမောင်းထိုးပြထားပါသည်။ ကိုရိုနာဗိုင်းရပ်စ်များ (CoVs) သည် အကာအရံပါသော အပေါင်းဓာတ်ဆောင်သည့် အမျှင်တစ်မျှင်ပါ RNA ဗိုင်းရပ်စ်အုပ်စုတစ်ခု ဖွဲ့စည်းပါဝင်သည့် ကိုရိုနာဗိုင်းရပ်စ်မိသားစုဝင် ဖြစ်ပါသည်။ ဤဗိုင်းရပ်စ်များသည် အနုကြည့်မှန်ပြောင်းအောက်တွင် သွင်ပြင်ဖွဲ့စည်းပုံအရ သရဖူ (ခရောင်း) ပုံရှိသောကြောင့် “CoVs” အဖြစ် အမည်ပေးသည့် RNA ဗိုင်းရပ်စ်များအကြား ကီလိုဘေ့စ် 26 မှ 32 အကြား အကြီးမားဆုံး မျိုးစိတ်ကို လက်ခံရယူထားသည်။ တည်ဆောက်ပုံအရ CoVs တွင် အလားတူဆင်တူသည့် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသော စိတ်ဖြာခြင်းမရှိသော မျိုးရိုးဗီဇဆဲလ်များ ရှိပါသည်။ ခန့်မှန်းချေအားဖြင့် ဇီဝပစ္စည်းပါဝင်မှု၏ သုံးပုံနှစ်ပုံတွင် pp1a နှင့် pp1ab ပုံတူပွားပိုလီပရိုတိန်းများ အဖြစ် အဓိပ္ပါယ်ပြန်ထားသည့် တစ်ခုနှင့်တစ်ခု ထပ်နေပြီး နှစ်ဖက်စလုံးမှ ဖတ်နိုင်သော ဘောင်ကြီးနှစ်ခု (ORF1a နှင့် ORF1b) ပါဝင်ပါသည်။ ပိုလီပရိုတိန်းများသည် nsp1~16 အဖြစ်သတ်မှတ်ထားသော တည်ဆောက်ပုံမရှိသည့်ပရိုတိန်း 16 ခုကိုထုတ်ပေးရန် လုပ်ဆောင်ပါသည်။ ဇီဝပစ္စည်း ပါဝင်မှုရှိသည့် ORFs ဖွဲ့စည်းတည်ဆောက်မှု၏ ကျန်ရှိသည့်အစိတ်အပိုင်းတွင် spike (S), envelope (E), membrane (M) and nucleoprotein (N) တို့ ပါဝင်သည်။ မျိုးရိုးတိကျသည့် အရံပရိုတိန်း အရေအတွက်အများအပြားကို မတူညီသော CoVs မျိုးရိုးများဖြင့်လည်း ကုဒ်သတ်မှတ်ထားသည်။ မတူညီသော ပရိုတိန်းနောက်ဆက်တွဲ အကျိုးသက်ရောက်မှုများအတွင်းပေါ်အခြေခံ၍ CoVs ရောဂါပိုးများကို မျိုးစုလေးမျိုး (alpha-CoV, beta-CoV, gamma-CoV နှင့် delta-CoV) အုပ်စုခွဲခြားထားပြီး ၎င်းတို့ထဲမှ beta-CoV မျိုးစုတွင် HCoVs ပါဝင်မှုများပြီး (A, B, C နှင် D) မျိုးရိုးလေးခုအတွင်းသို့ ထပ်ဆင့် ပိုင်းခြားထားသည်။ မျိုးရိုးဗီဇအရခွဲခြမ်းလေ့လာမှု သက်သေတွင် ငှက်များသည် gamma-CoVs နှင့် delta-CoVs ၏ အဓိကစုစည်းရာနေရာများဖြစ်နေပြီး လင်းနို့များနှင့် ကိုက်ဖြတ်တတ်သောသတ္တဝါများသည် alpha-CoVs နှင့် beta-CoVs အများစု၏ မျိုးဗီဇရင်းမြစ်များအဖြစ် လုပ်ဆောင်ကြောင်းကို ပြသထားပါသည်။ နှစ်ထောင်ပေါင်းများစွာကပင် CoVs သည် မျိုးစိတ်ကန့်သတ်မှုများ အဆက်မပြတ်ရှိခဲ့ပြီး အချို့မှာ လူသားရောဂါဖြစ်ပွားစေမှုများအတွက် အရေးတကြီး ပေါ်ထွက်လာခဲ့သည်။ ယနေ့အထိ လူသားမျာတွင်ဖြစ်ပွားသော CoVs (HCoVs) ခုနစ်မျိုးရှိသည်ကို သိရှိထားပါသည်။ ၎င်းတို့ထဲတွင် HCoV-229E နှင့် HCoV-NL63 တို့သည် alpha-CoVs ရောဂါပိုးများဖြစ်သည်။ အခြားသော ဗိုင်းရပ်စ်ရောဂါ ငါးခုတွင် ပါဝင်သည်များမှာ HCoV-OC43, HCoV-HKU1 ပြင်းထည်သော အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာဆိုင်ရာ ကိုရိုနာဗိုင်းရပ် (SARS-CoV)၊ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာဆိုင်ရာ ကိုရိုနာဗိုင်းရပ် (MERS-CoV) နှင့် SARS-CoV-2 တို့ ဖြစ်သည်။ HCoV-229E, HCoV-OC43, HCoV-HKU1 နှင့် HCoV-NL63 ရောဂါကူးစက်မှုတို့က မပြင်းထန်သည့် ရောဂါလက္ခဏာများဖြစ်သည့် သာမန်အအေးမိခြင်းနှင့်/သို့မဟုတ် ဝမ်းသွားခြင်းကဲ့သို့ ဖြစ်နေကျပုံစံများ ဖြစ်ပေါ်သည်။ နှိုင်းယှဉ်ကြည့်ရလျှင် SARS-CoV၊ MERS-CoV နှင့် အသစ်ခွဲခြားသတ်မှတ်ထားသော SARS-CoV-2 တို့သည် ဗိုင်းရပ်စ်မှကူးစက်သည့်ရောဂါဖြစ်ပွားစေနိုင်မှုမြင့်မားကာ လူနာများစွာတွင် ပြင်းထန်သောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (ARDS) နှင့် ပြင်းထန်သော အဆုတ်နှင့်ဆိုင်သည့်ရောဂါများ ဖြစ်ပွားနိုင်နှုန်းမြင့်မားသည့် ပြင်းထန်သော အသက်ရှုလမ်းကြောင်းအောက်ပိုင်း ရောဂါကူးစက်မှုကို ဖြစ်စေပါသည်။ ပထမဆုံးသော HCoV-229E မျိုး B814 ကို 1960 ပြည့်နှစ်လယ်ပိုင်းအတွင်း အအေးမိသည့် လူနာထံမှ နှာရည်မှ သီးခြားခွဲထုတ်ခဲ့သည်။ ထိုအချိန်မှစ၍ ကန့်သတ်ထားသောရောဂါလက္ခဏာများကိုဖြစ်စေနိုင်သည့် HCoV-229E နှင့် HCoV-OC43 နှစ်မျိုးစလုံးပေါ်တွင် ကျယ်ပြန့်စွာလေ့လာမှုများမှတဆင့် အသိပညာများပို၍ရရှိလာပါသည်။ အမှန်တကယ်ပင်၊ SARS ဖြစ်ပွားမှုမတိုင်မီအထိ HCoVs နှင့်ဆိုင်သောရောဂါကူးစက်မှုမှာ ယေဘုယျအားဖြင့် အန္တရာယ်မရှိနိုင်ဟုဆိုသော ယူဆပုံကို ကျယ်ပြန့်စွာ လက်ခံထားခဲ့ပါသည်။ 2003 ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် SARS ရောဂါကူးစက်ပျံ့နှံ့မှုသည် လက်ရှိသမိုင်းတွင် မွှေနှောက်ဖျက်ဆီးမှု အများဆုံးထဲမှတစ်ခုဖြစ်ပြီး လူပေါင်း 8000 ကျော်ကို ကူးစက်ပြီး ခန့်မှန်းခြေ 10% အသေအပျောက်အထိ ဖြစ်အောင် ပြင်းထန်ခဲ့သည်။ နောက်ဆယ်နှစ်အကြာ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ (MERS) ဖြစ်ပွားခြင်းမှ အာရေဗီယံကျွန်းဆွယ်အတွင်း ကပ်ရောဂါအဖြစ် ဆက်တိုက်ကူးစက်ပျံ့ပွားပြီး ကျန်သည့်ကမ္ဘာ့နေရာများသို့ သီးခြားပျံ့နှံ့ကြောင်း ရလဒ်ထွက်ပေါ်ခဲ့သည်။ 2019 ခုနှစ်အတွင်းပေါ်ထွက်လာသည့် HCoV (2019-nCoV) သည် နောက်ပိုင်းတွင် SARS-CoV-2 အဖြစ်အမည်ပြောင်းလဲခေါ်တွင်ပြီး 2020 ခုနှစ်၊ မတ်လ 3 ရက်နေ့စာရင်းအရ လူပေါင်း 3,120 ကို သေကျေပျက်စီးစေပြီး လူပေါင်း 91,000 ကျော်အား ကူးစက်မှုအကြောင်းတရားပေါ်ပေါက်စေသည့် ဆက်လက်ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 (COVID-19) ကို အဓိကဖြစ်ပေါ်စေသည်။ အချက်ပေးလိုက်သကဲ့သို့ဖြစ်သွားကာ တစ်ကမ္ဘာလုံးသည် လာမည့် SARS-CoV-2 ကပ်ရောဂါအတွက် ပြင်ဆင်နေရပါသည်။ တိရစ္ဆာန်မှတဆင့် လူသို့ကူးစက်နိုင်သည့် HCoVs ရောဂါပိုးခုနှစ်မျိုးစလုံးသည် လင်းနို့များ၊ ကြွက် သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များမှ မူလစတင်ကူးစက်သည်။ ဗိုင်းရပ်စ်များ ကောင်းမွန်စွာသဟဇာတဖြစ်ကာ ရောဂါဖြစ်ပွားမှုမရှိသော်လည်း ကောင်းမွန်သည့် မျိုးဗီဇကွဲပြားမှုကို ပြသထားသည့်လင်းနို့များထံမှ HCoVs အားလုံး၏ ဆင့်ကဲ့ဇစ်မြစ်ကို မျိုးစုံသောသက်သေအကြောင်းအရာများက ထောက်ကူပေးထားပါသည်။ COVID-19 ကူးစက်ရောဂါက အလွန်ကြီးမားသော ဆေးဝါးဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာကို တရုတ်နိုင်ငံနှင့်တကွ တစ်ကမ္ဘာလုံးသို့ ရင်ဆိုင်ရစေသည်။ HCoVs ၏ ဇူနိုးတစ်ဇစ်မြစ်များကို ခြေရာခံခြင်းသည် မျိုးစိတ်များ၏ကျော်လွန်ပြောင်းလဲမှု၏ တွန်းအားနှင့် ကန့်သတ်ထားသောအချက်များအပါအဝင် သဘာဝသမိုင်းကို နားလည်စေရန် ဘောင်တစ်ခုကို ဖြည့်ဆည်းပေးပါသည်။ ၎င်းက ရောဂါလက်ခံနေရာရှာဖွေရန်၊ SARS-CoV-2 ၏ အလယ်အလတ်အဆင့်နှင့် တိုးမြှင့်ကူးစက်သည့် ရောဂါလက်ခံသည့် တိရစ္ဆာန်(များ)၊ အနာဂတ်ကူးစက်မှုများကိုကာကွယ်ရန် အရေးကြီးသည့် ပါဝင်ပတ်သက်ခြင်းများအတွက် လမ်းညွှန်ခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။ ဤသုံးသပ်မှုအတွင်း တိရစ္ဆာန်မှ လူသို့ကူးစက်မှုမူလရင်းမြစ်၊ ရောယှက်ကူးစက်မှုနှင့် HCoVs ရောဂါကူးစက်မှုတို့၏ သုံးသပ်ချက်များကို ကျွန်ုပ်တို့ တင်ပြထားသည်။ သီးခြားအားဖြင့် ကျွန်ုပ်တို့သည် ၎င်းတို့၏ သဘာဝအတိုင်းဖြစ်သော လက်ခံကောင်များတွင် ရောဂါမဖြစ်ပွားစေနိုင်သော်လည်း လက်ခံကောင်အသစ်ထံ မျိုးစိတ်များအတွင်း ကူးစက်ပျံ့ပွားပြီးနောက် ရောဂါဖြစ်လာစေနိုင်သည့် HCoVs ၏ ဇစ်မြစ်ဗိုင်းရပ်စ်များနှင့်ဆိုင်သော အတွေ့ရများသည့်ပုံစံအကြောင်းကို မီးမောင်းထိုးပြကာ ဆွေးနွေးထားပါသည်။ ကျွန်ုပ်တို့သည် ရောဂါဖြစ်ပွားမှုလျော့ပါးမှုနှင့်အတူ ကူးစက်ပျံ့ပွားမှုတိုးမြင့်လာတတ်သော HCoV ဆင့်ကဲပြောင်းလဲမှုပုံစံကိုလည်း ပြန်လည်ဆန်းစစ်ထားပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် SARS-CoV-2 ရောဂါပျံ့နှံ့မှု၏ အကျိုးရလဒ်များကိုလည်း ဤစကားစပ်အတွင်း ဆွေးနွေးခဲ့သည်။ တိရိစ္ဆာန်မှတဆင့် ကူးစက်တတ်သည့် CoVs ရောဂါပိုးကို 1930 ခုနှစ် နှောင်းပိုင်းကတည်းက သိရှိခဲ့သည်။ အတွေ့ရများသည့်အအေးမိခြင်းဖြစ်ပေါ်နေခဲ့သော လူနာများ၏ နှာခေါင်းတွင်းမှထွက်လာသည့်အရာများနေ၍ ပထမဆုံး HCoV-229E ဗီဇ B814 ကို သီးသန့်မထားမီတွင်၊ ကြက်ဆင်၊ ကြွက်၊ နွား၊ ဝက်၊ ကြောင်နှင့် ခွေးများပါဝင်သော ကူးစက်ခံထားရသည့်တိရစ္ဆာန်များတွင် မတူညီသော CoVs ကို သီးသန့်ထားထားခဲ့ပါသည်။ လွန်ခဲ့သောဆယ်စုနှစ်များတွင်၊ HCoVs ခုနစ်မျိုးကို ခွဲခြားသတ်မှတ်ထားပါသည်။ HCoV ရှာဖွေတွေ့ရှိမှုသမိုင်းကြောင်း အကျဉ်းချုပ်ဖော်ပြချက်ကို နှစ်ကာလအလိုက်စဉ်ထားသော (ဇယား 1) တွင် အချက်အလက်စုံလင်စွာနှင့် ဗဟုသုတပေးစွမ်းနိုင်စေရန် ဖော်ပြထားသည်။ ပထမဦးဆုံး HCoV-229E မျိုးရိုးကို 1966 ခုနှစ်အတွင်း အထက်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရသူလူနာများထံမှ သီးခြားခွဲထုတ်ခဲ့ပြီး နောက်ပိုင်းတွင် WI-38 အဆုတ်ဆဲလ်လိုင်းများအတွင်း ရှင်သန်မှုရှိရန် နေသားကျသွားခဲ့သည်။ HCoV-229E ရောဂါကူးစက်ခံရသည့်လူနာများတွင် အအေးမိရောဂါလက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ နှာစေးခြင်း၊ မအီမသာဖြစ်ခြင်းနှင့် လည်ချောင်းနာခြင်း၊ ရောဂါကူးစက်ခံရမှု 10~20% အတွင်း တွေ့ရှိရသည့် အဖျားတက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့အပါအဝင် လက္ခဏာများကို ပြသသည်။ 1967 ခုနှစ်နောက်ပိုင်း HCoV-OC43 ကို ကြွက်ကလေး၏ဦးနှောက်အတွင်းရှိ အင်္ဂါဖွံ့ဖြိုးမှုတစ်ရှူးနှင့် နောက်ဆက်တွဲဆင့်ကဲဖြစ်စဉ်များမှ သီးခြားခွဲထုတ်ထားခဲ့သည်။ HCoV-229E အားဖြင့် HCoV-OC43 ကူးစက်ခံရမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှုလက္ခဏာများမှာ အလားသဏ္ဍာန်တူပြီး တုပ်ကွေး A ဗိုင်းရပ်စ်နှင့် ရိုင်နိုဗိုင်းရပ်စ်ကဲ့သို့ ရောဂါကူးစက်မှုမှ အခြား အသက်ရှူလမ်းကြောင်း ရောဂါဖြစ်ပွားစေသော အရိပ်လက္ခဏာခွဲခြား၍မရနိုင်ပေ။ HCoV-229E နှင့် HCoV-OC43 နှစ်ခုစလုံးသည် ကမ္ဘာအနှံ့ပျံ့နှံ့ပြီး အပူအအေးမျှတသော ရာသီဥတုအတွင်း ဆောင်းရာသီတွင် အဓိကအားဖြင့် ကူးစက်သည်။ ယေဘုယျအားဖြင့် ထိုဗိုင်းရပ်စ်နှစ်မျိုး၏ ပေါက်ဖွားသည့်အချိန်သည် တစ်ပတ်ထက်လျော့နည်းပြီး နောက်ဆက်တွဲ 2-ပတ်ခန့် ဖျားနာပါသည်။ စေတနာ့ဝန်ထမ်းလူသားဖြင့် စမ်းသပ်စစ်ဆေးမှုတစ်ခုအရ HCoV-229E ကူးစက်ခံရသည့် ကျန်းမာသန်စွမ်းသောသူတွင် မပြင်းထန်သော သာမန်အအေးမိလက္ခဏာကို တွေ့ရှိရသည်။ ကိုယ်ခံအားနည်းသောလူနာအချို့တွင်သာ ပြင်းထန်သော အသက်ရှုလမ်းကြောင်းအောက်ပိုင်း ရောဂါကူးစက်မှု ဖြစ်ပွားခဲ့ပါသည်။ “တမူထူးခြားသောနမိုးနီးယားရောဂါ” ဟုလည်း သိရှိကြသည့် SARS ရောဂါသည် လူ့သမိုင်းတွင် ပထမဆုံးကောင်းမွန်စွာမှတ်တမ်းတင်နိုင်ခဲ့သည့် HCoV-ကြောင့်ဖြစ်ပွားသော ကပ်ရောဂါဖြစ်ကာ ကူးစက်စေသောအရာမှာ SARS-CoV ဖြစ်ပြီး၊ တတိယမြောက် HCoV ကို စူးစမ်းတွေ့ရှိခဲ့ပါသည်။ ပထမဆုံး SARS ရောဂါဖြစ်ပွားမှုဖြစ်စဉ်သည် 2002 နှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဂွမ်ဒေါင်စီရင်စု၌ဖြစ်သည်ဟု နောက်ကြောင်းလိုက်နိုင်ခဲ့ပါသည်။ SARS ကပ်ရောသည် ကမ္ဘာအနှံ့မှ နိုင်ငံများနှင့် တိုက်ကြီးများထံ ပျံ့နှံ့သွားကာ သေဆုံးသူပေါင်း 774 ဦးဖြင့် ကူးစက်ခံရသူပေါင်း 8,096 ဖြစ်ပွားစေခဲ့ပါသည်။ ‌‌ရောဂါအား အဆမတန် မြင့်မားသောနှုန်းဖြင့် ကူးစက်စေသူများမှလွဲ၍ ရောဂါအစပျိုးသည့် ကာလ 4 ရက်မှ 7ရက်အတွင်း လူနာတစ်ဦးချင်းစီမှ ခန်မှန်းခြေအားဖြင့် ဆင်ပွားလူနာနှစ်ဦးခန့် ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းထားကြပြီး ဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံးကာလမှာ ဖျားနာပြီး 10 ရက်မြောက်နေ့တွင် ဖြစ်သည်ဟု ခန့်မှန်းထားသည်။ SARS-CoV ရောဂါကူးစက်ခံရသည့်လူနာများတွင် ကြွက်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အချမ်းတက်ခြင်းအပြင် အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်ပေါ်ပြီနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာများကို နောက်ဆုံးပြသသည်။ လင်ဖိုဆိုက်သွေးဖြူဥ နည်းပါးခြင်း၊ အသည်းအလုပ်လုပ်မှုစစ်ဆေးမှုများ ရှုပ်ထွေးခြင်းများ နှင့် အင်န်ဇိုင်းဇီဝဖြစ်စဉ်တိုးမြင့်လာမှုများသည် SARS ရောဂါ၏ အဖြစ်များသော ဓါတ်ခွဲခန်းတွင်းတွေ့ရှိရသည့် သဘာဝမကျမှုများဖြစ်သည်။ အဆုတ်လေအိတ်ငယ်များ အနှံ့အပြားပျက်ဆီးခြင်း၊ အဆုတ်အပေါ်ယံဆဲလ်များ (Epithelial cells) ပွားလာခြင်း၊ အမှိုက်မြိုသည့်ဆဲလ်များ (Macrophages) ပွားများလာခြင်းတို့ကိုလည်း SARS ရောဂါပိုးရှိလူနာများ၌ လေ့လာတွေ့ရှိနိုင်သည်။ လူနာ 20-30% ခန့်သည် အတွင်းလူနာစောင့်ရှောက်မှုနှင့် စက်ပိုင်းဆိုင်ရာ အသက်ရှုကိရိယာအကူကို နောက်ဆက်တွဲအနေဖြင့် လိုအပ်ကြပါသည်။ အသက်ရှူလမ်းကြောင်း အောက်ပိုင်း သာမက အစာအိမ်လမ်းကြောင်း၊ အသည်းနှင့် ကျောက်ကပ်များအပါအဝင် အမျိုးမျိုးသော အင်္ဂါအစိတ်အပိုင်းများကိုလည်း ကူးစက်နိုင်ပြီး ယင်းသို့သော ပြင်းထန်သည့်ရောဂါရှိသူများ၊ အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေသည့် လူနာများတွင် သေစေနိုင်လောက်သည့် ဆိုက်တိုကိုင်းမုန်တိုင်း (cytokine storm) ဟုခေါ်သည့် ပြင်းထန်သောဆဲလ်ပြောင်းလဲမှုဖြစ်စဉ်နှင့် အစဉ်တွဲလာတတ်ပါသည်။ ဗိုင်းရပ်စ်သည် ဂွမ်ဂျိုးမှ ဟောင်ကောင်သို့ခရီးသွားခဲ့သည့် သက်ဆိုင်ရာလူနာ၏ အဆုတ်အသားမျှင်ဓါတ်ခွဲစစ်ဆေးခြင်းမှ ဦးစွာ သီးခြားထားခဲ့သည်။ ထို့အချိန်မှစကာ အံ့သြဖွယ်ရာအားထုတ်မှုများကို HCoV စူးစမ်းလေ့လာမှုတွင် ရည်ရွယ်လုပ်ဆောင်လျှက်ရှိပါသည်။ HCoV-NL63 ကို 2004 ခုနှစ်နှောင်းအတွင်း နယ်သာလန်နိုင်ငံမှ 7 လသားအရွယ်မှ သီးခြားခွဲထုတ်ခဲ့သည်။ ၎င်းသည် ကနဦး၌ ငယ်ရွယ်သောကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းရောဂါရှိသည့် ကိုယ်ခံအားနည်းသည့်လူနာများအတွင်း ပျံ့နှံ့ကြောင်း တွေ့ရှိရသည်။ HCoV-NL63 ကြောင့် ဖြစ်ပေါ်သည့်ရောဂါများတွင် ချွဲသလိပ်၊ မျက်မြှေးရောင်နာ၊ အဖျားတက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါလက္ခဏာတို့သည် တွေ့နေကျဖြစ်သည်။ အခြားသော လွတ်လပ်သည့်လေ့လာမှုတွင် နယ်သာလန်နိုင်ငံ၌ နမိုးနီးယားရောဂါခံစားနေရသည့် အသက် 8-လအရွယ်ကလေးငယ်၏ နှာခေါင်းတွင်းမှ အလားတူဗိုင်းရပ်စ်ခွဲထုတ်မှုအကြောင်းကို ဖော်ပြခဲ့ပါသည်။ ၎င်းအား နယ်သာလန်တွင် ဖော်ထုတ်တွေ့ရှိခဲ့သော်လည်း လက်တွေ့၌ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့ခဲ့ပါသည်။ HCoV-NL63 သည် အဖြစ်များသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၏ ခန့်မှန်းခြေ 4.7% ဖြစ်စဉ်ရှိကြောင်း ခန့်မှန်းတွက်ချက်ရနိုင်ပြီး ၎င်း၏ အဖြစ်အများဆုံးကာလများမှာ နွေရာသီ၊ နွေဦးရာသီနှင့် ဆောင်းရာဦအစပိုင်းများအတွင်း ဖြစ်ပွားသည်။ HCoV-NL63 သည် အသံအိုးရောင်ရမ်းနာဟု သိရှိကြသည့် လည်ချောင်းနာရောဂါနှင့် ဆက်စပ်မှုရှိသည်။ အဆိုပါတစ်နှစ်ထဲမှာပင် ဟောင်ကောင်နိုင်ငံအတွင်း အဆုတ်ရောင်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ပြွန်ရောင်ရောဂါတို့ဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် အသက် 71-နှစ်အရွယ်လူနာဆီမှ HCoV-HKU1 ကို သီးခြားခွဲထုတ်ထားသည်။ လူထုအသိုင်းအဝိုင်းမှ ကူးစက်ရရှိသော နမိုးနီးယား နှင့် အဆုတ်ပြွန်ငယ်များ ရောင်ရမ်းမှု (bronchiolitis) တို့အပြင်၊ HCoV-HKU1 သည် စိုးရိမ်ဖွယ်ရာဖြစ်သော ပန်းနာရင်ကြပ်ရောဂါပိုင်းဆိုင်ရာ ဆိုးရွားစေမှုနှင့် ဆက်စပ်နေသည်ဟု သတင်းပို့ထားပါသည်။ HCoV-NL63၊ HCoV-229E နှင့် HCoV-OC43 တို့နှင့်အလားတူပင်၊ ညင်သာသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်ပွားစေသည့် HCoV-HKU1 ကို ကမ္ဘာတစ်ဝှမ်းတွင် တွေ့ရှိခဲ့ပါသည်။ အဆိုပါ လူထုအသိုင်းအဝိုင်းမှ ကူးစက်ရရှိသည့် HCoVs ရောဂါလေးမျိုးစလုံးမှာ လူသားများနှင့် သဟဇာတဖြစ်လာပြီး ယေဘူယျအားဖြင့် ဗိုင်းရပ်ကြောင့်ဖြစ်သည့် ရောဂါများပိုမိုဖြစ်ပွားနိုင်သည်အထိ မျိုးရိုးသန္ဓေပြောင်းနိုင်စွမ်းမှာ နည်းပါးပါသည်၊ သို့ရာတွင် အကြောင်းအရင်း သေချာမသိရသေးသော်လည်း မတော်တဆမှုများမှတစ်ဆင့် ရှားပါးကိစ္စရပ်တစ်ရပ်အနေဖြင့် တရုတ်နိုင်ငံအတွင်း အသက်ရှုလမ်းကြောင်းအောက်ပိုင်းအား ပြင်းထန်စွာ ထိုခိုက်စေနိုင်သည့် လွန်စွာကူးစက်လွယ်ပြီး ထိခိုက်မှုမြင့်မားသည့် HCoV-NL63 ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုတစ်မျိုးကို လက်တစ်လောတွင်တွေ့ရှိရကြောင်း သိရှိရပါသည်။ ယေဘုယျအားဖြင့်၊ ဤ HCoVs က ထိရောက်စွာ ကူးစက်နိုင်စွမ်းနှင့် လူသားများကြားတွင် စဉ်ဆက်မပြတ် ရှိနေနိုင်စွမ်း ရလာသည့်အခါ ပြင်းထန်မှု သို့မဟုတ် ရောဂါဖြစ်စေမှု လျော့နည်းလာသည်။ MERS-CoV သည် ဆော်ဒီအာရေဗျနိုင်ငံအတွင်း အဆုတ်ရောင်ရောဂါနှင့် ကျောက်ကပ်ပျက်စီးမှု ရောဂါလက္ခဏာပြသလာသည့် အသက် 60 နှစ်အရွယ်၏ အဆုတ်မှ 2012 ခုနှစ်အတွင်းမှာ ပထမဆုံးသီးခြားခွဲထုတ်ထားသည်။ စင်စစ်အားဖြင့် ဓါတ်ခွဲခန်းမှအတည်ပြုသည့် ရောဂါကူးစက်မှုအများစုသည် အရှေ့အလယ်ပိုင်းမှတဆင့် ဇစ်မြစ်ခံခဲ့ပြီး အနီးကပ်ထိတွေ့မှုမှတဆင့် ရံဖန်ရံခါ ဆင့်ကဲကူးစက်ပြန့်ပွားသော အခြားနေရာမှ ဝင်ရောက်လာသည့်ရောဂါဖြစ်ပွားမှုများကို ဥရောပနိုင်ငံအမျိုးအမျိုး နှင့် တူနီးရှားနိုင်ငံများအတွင်း အစီရင်ခံထားပါသည်။ နောက်ထပ် ဆင့်ကဲ ဗိုင်းရပ်ပြန့်ပွားကူးစက်မှုမှာ 2015 ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၌ အတည်ပြုကူးစက်လူနာပေါင်း 186 ဦးဖြင့် ဖြစ်ပွားခဲ့သည်။ SARS နှင့် အဆင်သဏ္ဍာန်တူ MERS ၏ လက်တွေ့ဖော်ပြချက်အရ ပြင်းထန်သောအဆုတ်ရောင်ရောဂါအဖြစ် အဆင့်ဆင့်လက္ခဏာသွင်ပြင်ကို ဖော်ဆောင်သည်။ SARS ရောဂါနှင့်မတူသည်မှာ MERS ရောဂါကူးစက်ခံရသောလူနာများစွာတွင် စိုးရိမ်ဖွယ်ရာကျောက်ကပ်ပျက်စီးမှုသည်လည်း ဖြစ်ပွားခဲ့ပြီး ယင်းက MERS ရောဂါအား HCoV-ကြောင့်ဖြစ်ပွားသော ရောဂါများကြားတွင် သီးသန့်ဖြစ်စေခဲ့သည်။ ကူးစက်ခံရသည့်လူနာ 30% ကျော်သည် ဝမ်းသွားခြင်းနှင့် အော့အန်ခြင်းတို့ကဲ့သို့ အစာအိမ်နှင့် အူရောင်ရမ်းနာမှု ရောဂါလက္ခဏာများကို ပြသသည်။ 2020 ခုနှစ် ဖေဖော်ဝါရီလ 14 ရက်နေ့အထိ မြင့်မားသောသေဆုံးနိုင်မှု 34.4% ဖြင့် ကူးစက်ခံရမှု ဓာတ်ခွဲအတည်ပြုစစ်ဆေးချက်ပေါင်း 2500 ကျော်ရှိကြောင်း သတင်းပို့ထားကာ MERS-CoV ကို လူသားများသိရှိထားသည့် ခြောက်ခြားဖွယ်အကောင်းဆုံးဗိုင်းရပ်စ်များထဲမှ တစ်ခုဖြစ်စေခဲ့ပါသည်။ SARS-CoV-2 ကူးစက်မှုနှင့် ဆက်နွှယ်ကြောင်း ပြန်လည်သုံးသပ်ချက်များအရ သိရှိထားသော နမိုးနီးယား လူနာ အုပ်စုများကို တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်၊ ဝူဟန်မြို့တွင် 2019 ခုနှစ် ဒီဇင်ဘာလလယ်မှ လကုန်ပိုင်းကာလအတွင်း တွေ့ရှိခဲ့ရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် SARS-CoV-2 ကြောင့်ဖြစ်ပွားသည့် လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းအောက်ပိုင်း ရောဂါကူးစက်မှုဖြစ်ပွားခြင်းကို နိုင်ငံတကာအတွက်စိတ်ပူစရာဖြစ်လာသည့် အများပြည်သူကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး ရောဂါကိုလည်း COVID-19 ဟု အမည်ပေးခဲ့ပါသည်။ 2020 ခုနှစ် မတ်လ 3 ရက်နေ့အထိ ကြမ်းတမ်းသောသေဆုံးမှု 3.4% ဖြင့် ကမ္ဘာတစ်ဝှမ်းတွင် အတည်ပြုလူနာပေါင်း 90,053 ရှိလာခဲ့ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၊ ဟူဘေမြို့တွင် လူသေဆုံးမှု 4.2%၊ ပြင်ပနေရာတစ်ခုတွင်တော့ 1.2% ဖြစ်သည်။ SARS-CoV-2 ဖြစ်ပွားမှုသည် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းလက္ခဏာများပြသသည့် SARS-CoV နှင့် MERS-CoV တို့ကဲ့သို့ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုရှိသည်။ အချို့သောလူနာများတွင် ဝမ်းလျှောသည်ကို တွေ့ရပါသည်။ အဆုတ်ရောင်ရောဂါသည် အပြင်းထန်ဆုံးသော ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သောရောဂါလက္ခဏာတစ်ရပ်သို့ တဟုန်တိုးဖြစ်သွားနိုင်သည်။ သို့သော်လည်း SARS-CoV နှင့် SARS-CoV-2 တို့သည် သက်ရှိကလာပ်စည်းအကျိုးဆက် 82% မျိုးရိုးဗီဇ မြင့်မားမှုကြောင့် အလွန်အလားသဏ္ဍာန်တူပြီး ၎င်းတို့သည် ဇီဝအဖွဲ့အစည်းသစ်ပင်အခွဲများအဖြစ် အမျိုးမျိုးအုပ်စုကွဲကြသည်။ SARS-CoV-2 သည် SARS-CoV နှင့် MERS-CoV တို့နှင့်ယှဉ်လိုက်လျှင် ရောဂါဖြစ်ပွားစေမှု သိသိသာသာနည်းပါးသော်လည်း ကူးစက်ပျံ့နှံ့မှုမှာ ပိုမိုများပြားပါသည်။ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ SARS-CoV-2 ကူးစက်ခံထားရသူများကို လည်း တွေ့ရှိထားရပြီး ယင်းတို့သည် ‌ထိုရောဂါ ကမ္ဘာတစ်ဝှမ်းသို့ အလျှင်အမြန် ကူးစက်ပျံ့နှံ့မှုတွင် အကြောင်းအရင်းတစ်ရပ်အနေဖြင့် ပါဝင်နိုင်ပါသည်။ SARS-CoV-2 နှင့် အခြား ပေါ်ထွက်လာသည့် HCoVs ၆ မျိုးတို့၏ အလားသဏ္ဍာန်တူမှုများနှင့် ခြားနားမှုများက အလွန်စိတ်ဝင်စားဖွယ်ရာကောင်းသည်။ ဦးစွာ ရောဂါပိုးမွှားစတင်မွေးခြင်းကာလနှင့် HCoV ရောဂါကူးစက်မှုကာလအတွင်း၌ အလွန်အလားသဏ္ဍာန်တူညီသည်။ ၎င်းအချက်အရ၊ SARS-CoV-2 သည် အခြားသော HCoVs ခြောက်မျိုး၏ ယေဘုယျဦးတည်ရာကို လိုက်နာပါသည်။ ဒုတိယအနေဖြင့် COVID-19 ၏ ရောဂါလက္ခဏာ ပြင်းထန်မှုသည် SARS-CoV နှင့် လူအများတွင် ဖြစ်ပွားမှုများသော HCoVs လေးမျိုး (HCoV-229E၊ HCoV-OC43၊ HCoV-HKU1 နှင့် HCoV-NL63) ကြားတွင် တည်ရှိပါသည်။ အခြားတစ်ဖက်၌လည်း SARS-CoV-2 ရောဂါကူးစက်မှုတွင် ရောဂါလက္ခဏာ တိတိကျကျညွှန်ပြနိုင်ခြင်းမရှိသော သို့မဟုတ် မပြင်းထန်သော သို့မဟုတ် ရောဂါလက္ခဏာပင်မပြသော ဖြစ်ပွားမှုများအပါအဝင် လူသားများတွင် အဖြစ်များသည့် HCoVs ရောဂါကူးစက်မှုအတွင်း အတွေ့ရများသည့် ရောဂါလက္ခဏာရပ်များကို ပြသလျက်ရှိသည်။ တစ်နည်းအားဖြင့် အချိုးမှာ အနည်းငယ်နည်းပါးသော်လည်း COVID-19 ပြင်းထန်သောဖြစ်စဉ်များ၏ ဖြစ်ရပ်ခွဲအသေးစားကိုလည်း SARS-CoV ဖြစ်စဉ်တွင် တွေ့နိုင်ပါသည်။ တတိယအချက်အနေဖြင့် SARS-CoV-2 ၏ ကူးစက်မှု၌ လူမှုရေးရာမှတဆင့် ကူးစက်သော HCoVs နှင့် SARS-CoV နှစ်မျိုးစလုံးတို့၏ စိတ်ဝင်စားဖွယ် ပုံစံများကိုလည်း ပြသသည်။ တစ်ဖက်တွင်၊ SARS-CoV-2 ၏ ကူးစက်ပျံ့ပွားနိုင်စွမ်းသည် အနည်းဆုံး လူများတွင်ဖြစ်ပွားသော HCoVs ကဲ့သို့ မြင့်မားမှုရှိနေပါသည်။ တစ်နည်းအားဖြင့် SARS-CoV နှင့် MERS-CoV ဖြစ်စဉ်များကဲ့သို့ လူသားများတွင် ကူးစက်ဖြတ်သန်းပြီးနောက် SARS-CoV-2 ၏ကူးစက်ပျံ့ပွားမှုမှာ လျော့ကျသွားခြင်း ရှိ မရှိ စစ်ဆေးရန်ကျန်ရှိနေဆဲဖြစ်ပါသည်။ အဆုံးသတ်အနေဖြင့် HCoVs ကဲ့သို့ပင် SARS-CoV-2 ကို အညစ်အကြေးနမူနာများတွင် တွေ့ရှိနိုင်ပါသည်။ SARS-CoV-2 ၏ ဝမ်း-ပါးစပ်မှတဆင့်ကူးစက်မှုသည် SARS-CoV ကူးစက်မှုအတွင်း အရေးကြီးသည့်အခန်းကဏ္ဍ၌ ရှိ၊ မရှိကို အနာဂါတ် စမ်းသပ်လေ့လာမှုများဖြင့် ရှင်းလင်းတင်ပြရန် လိုအပ်နေသည်။ HCoVs လူမှုလှုပ်ရှားမှုမှ ရရှိလာသည့် ကူးစက်မှုများကဲ့သို့ ရာသီဥတုအလိုက် ပေါ်ထွက်လာသည့် SARS-CoV-2 ကို မြင်တွေ့နိုင်မှုရှိ၊ မရှိမှာ အထူးသဖြင့် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ သို့သော်၊ လူသားများတွင်ဖြစ်ပွားပြီးနောက် ၎င်း၏ ပျံ့ပွားနိုင်စွမ်း၊ ရောဂါဖြစ်ပွားစေမှုနှင့် ထိန်းထားနိုင်သော ပျံ့နှံ့မှုတို့ပါဝင်သည့် SARS-CoV-2 ၏ သွင်ပြင်လက္ခဏာများသည် လက်ရှိ COVID-19 ဖြစ်ပွားနေမှု၏ အဆုံးစွန်သောကံကြမ္မာပေါ်တွင် လွှမ်းမိုးသွားပါလိမ့်မည်။ လူထုအသိုင်းအဝိုင်းမှ ကူးစက်ရရှိသော HCoVs လေးမျိုးလုံးသည် မပြင်းထန်သည့် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပြီး လူသားများနှင့်ကောင်းစွာအသားကျလျက်ရှိသည်။ အခြားသောရှုထောင့်မှကြည့်လျှင် လူသားတို့အနေဖြင့် ဤ HCoVs လေးမျိုးနှင့် ကောင်းစွာအသားကျလျက်ရှိသည်မှာလည်း မှန်ကန်နိုင်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် နှစ်ခုစလုံးသည် ယခင်ခေတ် ကမ္ဘာ့ကပ်ရောဂါများဖြစ်သည့် HCoV၏ လက်ကျန်‌ရောဂါများ ဖြစ်နိုင်ပါသည်။ လူများ၌ ပြင်းထန်သော ရောဂါကူးစက်မှုကို ဖြစ်ပေါ်စေသည့် HCoVs နှင့် HCoV ရောဂါအပြင်းအထန် ကူးစက်ရရှိခဲ့ကြသည့် လူများကို ဖယ်ရှားခဲပြီးဖြစ်သည်။ ထိုသို့ဖြစ်ရန်အတွက် HCoVs သည် ရောဂါလက်ခံမှုကန့်သတ်ချက် အကြောင်းအရာများကိုဆန့်ကျင်သည့် နေသားကျရန်သန္ဓေပြောင်းပေါင်းစပ်ရန်အတွက် လုံလောက်သော အချိန်ဆွဲခွင့်ပြုစေနိုင်ရန် လူသားများအတွင်း ပုံတူပွားသည်။ ဤအခြေအနေ၌ SARS-CoV-2 ကူးစက်ပြန့်ပွားမှု ကြာရှည်လေ လူအများအပြားကို ရောဂါကူးစက်လေဖြစ်ပြီး သက်ရှိလူသားများနှင့် အပြည့်အဝ အသားကျလာရန် အခွင့်အရေးပိုများလေဖြစ်မည်။ ၎င်းက ကောင်းကောင်းနေသားကျသွားလျှင် သက်ရှိလူသားများအတွင်း ကူးစက်မှုများအနေဖြင့် တကိုယ်တည်းသီးသန့်ခွဲခြားနေထိုင်ခြင်း သို့မုတ် အခြား ကူးစက်ရောဂါထိန်းချုပ်တိုင်းတာမှုများဖြင့် ရပ်တန့်ရန်ခက်ခဲလိမ့်မည်။ နှစ်ပေါင်းများစွာအထိ လူမှုအသိုင်းအဝိုင်းတွင်း ဖြစ်ပေါ်သည့် CoVs သည် လူသားများကြားတွင် ျပျံ့နှံ့လျက်ရှိပြီး သာမန်ကိုယ်ခံအား ရှိသူများတွင် အအေးမိဖျာနာခြင်းကို ဖြစ်စေခဲ့ပါသည်။ ဤဗိုင်းရပ်စ်များသည် ရောဂါလက်ခံရာ တိရစ္ဆာန် မလိုအပ်ပေ။ ယှဉ်ကြည့်လျှင်၊ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသော SARS-CoV နှင့် MERS-CoV တို့သည် လူသားများတွင် ကောင်းမွန်စွာ သဟဇာတမဖြစ်ဘဲ ၎င်းတို့၏ လူသားများတွင်ကူးစက်ပျံ့နှံ့မှုကို ထိန်းမထားနိုင်ပါ။ ၎င်းတို့သည် ရောဂါသိုမှီးရာတိရိစ္ဆာန်များအတွင်း ထိန်းသိမ်းထားရှိ၍ ပျံ့ပွားရန်လိုအပ်ပြီး တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကြားခံ နှင့် ရောဂါလက်ခံချဲ့ထွင်ရာ အိမ်ရှင်များမှတဆင့်လည်း ကိုယ်ခံအားနည်းသော လူများသို့ ဖိတ်စင်ကူးစက်ရန် အခွင့်အရေးရှာဖွေကြသည်။ SARS-CoV-2 တွင် SARS-CoV/MERS-CoV နှင့် လူများတွင်ဖြစ်ပွားသော HCoVs လေးမျိုးနှင့်ဆင်တူသော သွင်ပြင်လက္ခဏာများ ရှိပါသည်။ ၎င်းသည် လက်ရှိဖြစ်နေသည့်အချိန်တွင် လူများတွင်ဖြစ်ပွားသော HCoVs လေးမျိုးကဲ့သို့ပင် ပျံ့ပွားနှုန်းမြင့်မားပါသည်။ သို့သော်လည်း ၎င်းသည် လူမှုရေးရာဆက်နွယ်မှုမှရရှိသည့် HCoVS ထက် ပိုမိုရောဂါကူးစက်လွယ်ပြီး SARS-CoV သို့မဟုတ် MERS-CoV တို့ထက် ရောဂါကူးစက်ခံရမှု လျော့နည်းသည်။ ၎င်းအနေဖြင့် လူသားများဆီသို့ အပြည့်အဝအသားကျပြီး ရောဂါလက်ခံရာ သို့မဟုတ် အလယ်အလတ်အဆင့် တိရစ္ဆာန်ရောဂါလက်ခံမှုမရှိဘဲ လူသားများအချင်းချင်း ပျံ့နှံ့ကူးစက်နေကြောင်းကို ဆက်လက်တွေ့ရှိနေရသည်။ HCoVs ၏ တိရစ္ဆာန်မူလရင်းမြစ်များကို မဆွေးနွေးမီ HCoVs ၏ ရောဂါလက်ခံမှုဆိုင်ရာ ဆင့်ကဲဖြစ်စဉ်၊ သဘာဝ၊ ရောဂါသိုမှီးရာ၊ အလယ်အလတ်အဆင့်နှင့် ချဲ့ထွင်မှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ထူးခြားသောလက္ခဏာများကို ဆွေးနွေးစေသည်။ တိရိစ္ဆာန်တစ်ကောင်အနေဖြင့် မျိုးရိုးဗီဇအခြေခံကလာပ်စည်း အစီအစဉ်အဆင့်တွင် မြင့်မြင့်မားမားတူညီမှု မျှဝေသည့် အနီးစပ်ဆုံး ဆက်နွယ်သည့် ဘိုးဘေးတစ်မျိုးကို လက်ခံရရှိထားပါက HCoV တစ်မျိုး၏ မျိုးရိုးဗီဇ ဆင့်ကဲဖြစ်စဉ်အဖြစ် လုပ်ဆောင်ပါသည်။ ရှေးခေတ် ဗိုင်းရပ်စ်သည် ထုံးစံအတိုင်းကောင်းစွာ နေသားကျလေ့ရှိပြီး ဤရောဂါလက်ခံနေရာ၌ ရောဂါကူးစက်မှုမရှိပါ။ အလားတူပင် ​ရောဂါပိုးသိုမှီးထားသည့် လက်ခံကောင်က HCoV ကို မပြတ်တမ်း အချိန်အတော်ကြာ လက်ခံ သယ်ဆောင်ထားသည်။ ကိစ္စရပ်နှစ်ခုစလုံးအတွင်း ရောဂါလက်ခံသူများမှာ သဘာဝအလျောက် ရောဂါကူးစက်ခံခဲ့ရပြီး HCoV ၏ သဘာဝရောဂါလက်ခံရင်းမြစ် သို့မဟုတ် ၎င်းတို့၏ မူလရင်းမြစ်ဗိုင်းရပ်စ်များ ဖြစ်ကြသည်။ ခြားနားချက်အနေဖြင့် HCoV သည် လူသားများဆီသို့ မကူးစက်မီ အလယ်အလတ်အဆင့် ရောဂါလက်ခံနေရာအဖြစ် အစပြုလျှင် ၎င်းအနေဖြင့် ရောဂါလက်ခံမှုနေရာအသစ်နှင့် ကောင်းစွာအသားမကျသေးဘဲ ယေဘုယျအားဖြင့် ရောဂါကူးစက်ခံရနိုင်သည်။ ဤကြားခံလက်ခံကောင်သည် လူသားများအကြား ကူးစက်မှု၏ ဇူနိုးတစ် ရင်းမြစ်အဖြစ် ဆောင်ရွက်ပေးနိုင်ယုံသာမက ဗိုင်းရပ်စ်အား ယာယီ ပွားများလာစေပြီး လူသားများသို့ ကူးစက်စေခြင်းဖြင့် လူသားများအကြား ကူးစက်မှုပမာဏကို မြှင့်တင်ပေးနိုင်သည့် ‌ရောဂါဖြန့်‌ဝေမှုမြင့်မားသည့် လက်ခံကောင်အဖြစ် ဆောင်ရွက်သည်။ HCoV သည် ကြားခံလက်ခံကောင်ရှိ ၎င်း၏ပျံ့ပွားမှုကို ထိန်းထားနိုင်ခြင်းမရှိပါက ၎င်းသည် မျှော်လင့်ချက်မရှိသော ရောဂါကူးစက်မှုကို ဖြစ်စေနိုင်ပါသည်။ အခြားတစ်ဖက်တွင်လည်း HCoVs သည် ကြားခံလက်ခံကောင်တွင်ပင် ကူးစက်ရှင်သန်နေနိုင်ပြီး ကာလှရှည်ကြာ ‌ရောဂါဖြစ်ပွားမှုအားပင် ဖြစ်ပေါ်နိုင်စေပါသည်။ ဤကိစ္စရပ်၌ အလယ်အလတ်အဆင့် ရောဂါလက်ခံထားရှိမှုမှ သဘာဝရောဂါလက်ခံထားရှိမှုအသွင် ဖြစ်လာသည်။ ကပ်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ရေးဆိုင်ရာဒေတာများအရ သမိုင်းကြောင်းအား ပြန်လည်ကြည့်ရှုလိုက်လျှင် SARS ‌ရောဂါ ပထမဖြစ်စဉ်တွင် အမဲလိုက်တိရစ္ဆာန်များနှင့် ထိတွေ့ထားသော မှတ်တမ်းရှိထားကြောင်း ဖော်ပြထားပါသည်။ သွေးစစ်ဆေးမှုဖြင့် ရောဂါဖြစ်ပွားစေမှုနောက်ဆက်တွဲ စုံစမ်းဖော်ထုတ်ချက်များက ညွှန်ပြထားရာတွင် တိရိစ္ဆာန်ကုန်သည်များတွင် ယေဘုယျလူဦးရေများနှင့်နှိုင်းယှဉ်လျှင် SARS-CoV ကို တိုက်ဖျက်သည့် ပဍိပစ္စည်း (SARS-CoV IgG) ပျံ့နှံ့မှုအမြင့်ဆုံးရှိသည်ဟု ပြဆိုသည်။ တိရိစ္ဆာန်အရှင်ရောင်းဈေးအတွင်းရှိ ကြောင်ကတိုးများ (Paguma larvata) နှင့် ရက်ကွန်ဝံတို့သည် SARS-CoV နှင့် ထပ်တူဖြစ်သည့် SARS-CoV ကဲ့သို့ ဗိုင်းရပ်စ်ပိုးကိုသယ်ယူရန် ဦးစွာဖော်ထုတ်ခံရသည်။ ဈေးများအတွင်းရှိ ကြောင်ကတိုးအားလုံးကို သတ်ဖြတ်ပြီးနောက် SARS ရောဂါကူးစက်ပျံ့နှံ့မှုသတင်း နောက်ထပ်မပေါ်ပေါက်လာသည့် အဖြစ်အပျက်ကို သွယ်ဝိုက်သောနည်းဖြင့် ပံ့ပိုးမှုရှိနေသည်။ သို့သော်လည်း တောထဲမှ သို့မဟုတ် မွေးမြူရေးခြံထဲမှ ကြောင်ကတိုးများသည် တိရစ္ဆာန်အရှင်ဈေးနှင့် ထိတွေ့မှုမရှိဘဲ SARS-CoV ကူးစက်ခံရမှုမရှိနိုင်ကြောင်း တင်ပြထားရှိပြီး ကြောင်ကတိုးများသည် SARS-CoV ၏ သဘာဝရောဂါပိုလက်ခံရာတစ်ခုမဟုတ်ဘဲ အလယ်အလတ်အဆင့် ရောဂါတိုးချဲ့လက်ခံသူအဖြစ် အလုပ်လုပ်နိုင်သည်။ အထူးသဖြင့် ဂွမ်ဂျိုးမြို့၊ ဈေးများအတွင်းရှိ အမျိုးမျိုးသော တိရစ္ဆာန်များ၌ SARS-CoV ရောဂါကာကွယ်သော ပဋိပစ္စည်း 80% ရှိနေပြီး အမျိုးမျိုးသော အသေးစားနို့တိုက်သတ္တဝါ မျိုးစိတ်များက တိုက်ရိုက်ချဲ့ထွင်သည့် SARS-CoV ရောဂါလက်ခံသည့်နေရာများအဖြစ် ဖြစ်နိုင်ခြေရှိသည်ကိုလည်း ချန်လှပ်ထား၍မရပေ။ ဤအရာအားလုံးသည် SARS-CoV ၏ နောက်ဆုံးရောဂါလက်ခံကောင်များ ဖြစ်ဟန်ရှိသည်။ SARS-CoV ၏ သဘာဝတိရစ္ဆာန်ရောဂါလက်ခံမှုအတွက် နောက်ဆက်တွဲရှာဖွေလေ့လာမှုက လင်းနို့ CoV အပြင် တရုတ်မြင်းခွာလင်းနို့တွင်ရှိသည့် SARS နှင့် ဆက်စပ်သည့် Rhinolophus bat CoV HKU3 (SARSr-Rh-BatCoV HKU3) နီးကပ်စွာ ဆက်စပ်ကြောင်း ထုတ်ဖော်ဖွင့်ဟသည်။ ဤလင်းနို့များသည် SARS-CoV ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းများရှိပြီး SARSr-Rh-BatCoV HKU3 ၏ မျိုးရိုးဗီဇအစီအစဉ် တူညီမှုလည်း ရှိသည်။ ၎င်းနှင့် အခြားသော လင်းနို့ CoVs တို့သည် SARS-CoV နှင့် မျိုးရိုဗီဇ အခြေခံကလပ်စည်းများ အစီအစဉ်တူညီမှု 88-92% အထိ တူညီပါသည်။ ဤလေ့လာမှုများသည် လင်းနို့များသည် လူများအား ‌‌ရောဂါဖြစ်စေနိုင်သည့် ရောဂါပိုးများအား သယ်ဆောင်သည့် လက်ခံသတ္တဝါများဖြစ်သည်ဆိုသော ယူဆချက်အသစ်အတွက် အခြေခံအုတ်မြစ်ဖြစ်စေခဲ့သည်။ CoVs (SL-CoVs) ကဲ့သို့ အမျိုးမျိုးသော SARS ရောဂါများကိုလည်း လင်းနို့များမှဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သော်လည်း သတ်မှတ်ထားသည့် WIV1 တစ်ခုအတွက်မှလွဲ၍ အသက်ရှင်နေသည့်ဗိုင်းရပ်စ်အဖြစ် သီးသန့်မခွဲထုတ်နိုင်ခဲ့ပါ။ လူသားတို့၏ ဟော်မုန်းတည်ဆောက်မှုမှကူးပြောင်းသည့် အင်န်ဇိုင်း 2 (ACE2) အား SARS-CoV ၏ ရောဂါလက်ခံသူအဖြစ် သိရှိကြသည်။ WIV1 သည် လင်းနို့များ၏ ဝမ်းနမူနာများမှ ဆင်းသက်လာပြီး လင်းနို့၊ ကြောင်ကတိုးနှင့် လူသား ACE2 တို့ကို ဆဲလ်အဝင်အတွက် ရောဂါလက်ခံနိုင်မှုကြားခံအဖြစ်သုံးရန် သိသာထင်ရှားစေခဲ့သည်။ စိတ်ဝင်စားဖွယ်ပင် SARS‌‌ ရောဂါဖြစ်ပြီး နာလန်ထလူနာများ၏ သွေးရည်ကြည်သည် WIV1 ကို လျော့ပါးပျက်ပြယ်စေနိုင်ခဲ့ပါသည်။ ထိုအထိ WIV1 သည် မျိုးရိုးဗီဇအခြေခံကလပ်စည်း အစီအစဉ်တူညီမှု 95% မျှဝေမှုရှိသည့် လင်းနို့များအတွင်း SARS-CoV နှင့် အနီးစပ်ဆုံး ဆက်စပ်မှုရှိကြောင်း ပြသသည်။ ထိုဗိုင်းရပ်စ်နှစ်မျိုးကြားတွင် မျိုးရိုးဗီဇအရတူညီမှု မြင့်မားသည်ဆိုသော်လည်း WIV1 သည် SARS-CoV ၏ တိုက်ရိုက်ဆက်နွယ်မှုရှိသော မူလဗိုင်းရပ်စ် မဟုတ်သကဲ့သို့ပင် လင်းနို့များသည် SARS-CoV ၏ တိုက်ရိုက်ဆက်နွယ်မှုရှိသော လက်ခံကောင်မဟုတ်ကြောင်း ယေဘုယျအားဖြင့် လက်ခံထားကြပါသည ဖီလိုဂျနက်တစ် (Phylogenetic) ဇီဝအခြေခံပညာရပ်က MERS-CoV အမျိုးစုများက လင်းနို့ CoV-HKU4 နှင့် လင်းနို့ CoV-HKU5 အုပ်စုတို့ကဲ့သို့ မျိုးစုတူညီသည်။ CoV-HKU4 နှင့် MERS-CoV တို့သည် ဗိုင်းရပ်စပ်ဝင်ရောက်ရန်အတွက် တူညီသော ရောဂါလက်ခံနေရာ dipeptidyl peptidase 4 (DPP4) မှတဆင့် ရောဂါပျံ့နှံ့ကူးစက်သည်။ MERS-CoV ၏ RNA-ကိုမှီခိုသော RNA ပေါ်လီမီရေစ့်အန်ဇိုင်း အကျိုးဆက်များသည် ဥရောပနှင့် အာဖရိကတို့မှ ဖော်ထုတ်တွေ့ရှိခဲ့သည့်လင်းနို့ beta-CoVs ပါရှိသောအရာများနှင့် မျိုးရိုးဗီဇခွဲခြမ်းစိပ်ဖြာမှုအရ နီးစပ်မှုရှိပါသည်။ ယခုအထိ လင်းနို့ရိုင်းများတွင် သက်ရှိ MERS-CoV ကို မတွေ့ရှိရပါ။ MERS-CoV နှင့် ၎င်း၏အနီးစပ်ဆုံးဆွေမျိုးဖြစ်သော လင်းနို့ CoV-HKU25 တို့သည် မျိုးရိုးဗီဇအခြေခံကလပ်စည်း အစီအစဉ်တူညီမှု 87% ကိုသာ မျှဝေပါသည်။ ထို့ကြောင့် လင်းနို့များအနေဖြင့် MERS-CoV ၏ တိုက်ရိုက် ကူးစက်ရောဂါသိုလှောင်ရာအဖြစ် မဖြစ်နိုင်ပေ။ အခြားတစ်ဖက်၌လည်း အရှေ့အလယ်ပိုင်းတွင် လေ့လာတွေ့ရှိမှုက ဘို့တစ်လုံးကုလားအုတ်များက MERS-CoV အာရုံစိုက် ရောဂါကာကွယ်သောပဋိပစ္စည်း လျော့ပါးမှုအတွက် ရောဂါကူးစက်နိုင်ခြေရှိကြောင်းပြသပြီး အာဖရိကနိုင်ငံအမျိုးမျိုးအတွင်းရှိ အရှေ့အလယ်ပိုင်းမူလရင်းမြစ် ကုလားအုတ်များနှင့် အတူတူပင်ဖြစ်သည်။ လူသားများတွင်တွေ့ရှိရသော ဗိုင်းရပ်စ်နှင့်ထပ်တူညီသည့် သက်ရှိ MERS-CoV အား ဘို့တစ်လုံးကုလားအုတ်များ၏ နှာခေါင်းတွင်းမှ သီးခြားနမူနာခွဲယူခဲ့ပြီး ကုလားအုတ်များသည် MERS-CoV ၏ အမှန်တကယ် ရောဂါသိုမှီးသည့် လက်ခံကောင်အဖြစ် လုပ်ဆောင်ပေးကြောင်း ဆက်လက်ပြသခဲ့ပါသည်။ အများအားဖြင့် MERS-CoV နှင့် စမ်းသပ်သည့်အနေဖြင့် ကူးစက်ခံရသည့် ကုလားအုတ်များတွင် ယေဘုယျအားဖြင့် ရောဂါလက္ခဏာမပြင်းထန်သော်လည်း ၄င်းမှတဆင့်ဗိုင်းရပ်စ်ကူးစက်စေနိုင်မှု ကြီးကြီးမားမားရှိနိုင်ကြောင်းကလည်း မှတ်သားဖွယ်ဖြစ်သည်။ ကူးစက်ခံရသောကုလားအုတ်များသည် အသက်ရှုလမ်းကြောင်းမှသာမက လင်းနို့များထံမှ ဗိုင်းရပ်စ်များထွက်လာသည့် အဓိလမ်းကြောင်းလည်းဖြစ်သည့် မစင်စွန့်သည့်လမ်းကြောင်း-ခံတွင်းလမ်းကြောင်းမှတဆင့်ဖြင့်လည်း ဗိုင်းရပ်စ်များကို ထွက်လာစေပါသည်။ သို့သော်လည်း MERS ရောဂါကူးစက်မှုများတွင် ရောဂါပြင်းထန်စွာ တိုက်ခိုက်မှုမတိုင်မီ ကုလားအုတ်များနှင့် ထိတွေ့မှုသမိုင်းကြောင်း မရှိခဲ့ဘဲ ယုတ္တိရှိရှိ လူအချင်းချင်းကူးစက်မှုရှိခြင်း သို့မဟုတ် MERS-CoV ရောဂါလက်ခံထားရှိသည့် အမျိုးအမည်မသိ တိရိစ္ဆာန်မျိုးစိတ်များပါဝင်သည့် အမည်မသိကူးစက်ပျံ့ပွားမှုတို့အတွက် မေးခွန်းများ ဆက်လက်ရှိနေပါသေးသည်။ SARS-CoV-2 သည် Rhinolophus affinis လင်းနို့မှ ခွဲခြားဖော်ထုတ်သည့် CoV RaTG13 နှင့် သက်ရှိကလာပ်စည်းဇီဝမျှဝေမှု 96.2% ရှိသည်။ SARS-CoV နှင့် MERS-CoV ဖြစ်စဉ်များတွင်ကဲ့သို့၊ SARS-CoV-2 နှင့် RaTG13 ကြားရှိ အကျိုးဆက်ကွဲပြားမှုသည် ပင်မရင်းမြစ်နှင့်တော်စပ်ပုံကိုသတ်မှတ်ရန် အလွန်ကောင်းမွန်ပါသည်။ နောင်တွင် လုံးဝထပ်တူကျလုနီးပါး လင်းနို့ CoVs ကို ရှာမတွေ့လျှင် လင်းနို့များသည် SARS-CoV-2 ၏ ဆက်နွယ်မှုရှိသော မှီတည်လက်ခံကောင်(များ) မဟုတ်နိုင်ဟု ပြောနိုင်ပါသည်။ ယူဆရန်ရှိသည်မှာ SARS-CoV-2 ၏ အလယ်အလတ်အဆင့် တိရစ္ဆာန်မှ ရောဂါလက်ခံထားရှိနိုင်မှုသည် ဟွာနန်ပင်လယ်အစားအစာ လက်ကားဈေးကွက်၌ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ သတ်ဖြတ်ရောင်းချခြင်းအကြား တည်ရှိနိုင်ပြီး COVID-19 နှင့်ဆက်စပ်သည့် ကနဦးကူးစက်မှုများနှင့် တိရစ္ဆာန်မှ လူသို့ကူးစက်သည့်အဖြစ်အပျက်များရှိကြောင်း ညွှန်ပြနေသည်။ မျိုးဗီဇဆိုင်ရာစူးစမ်းလေ့လာမှုအကျိုးဆက်များပေါ်တွင် အခြေခံသည့် လတ်တလောလေ့လာမှုများစွာသည် အန္တရာယ်ဖြစ်စေနိုင်သည့် သင်းခွေချပ်များ (Manis javanica) အဖြစ် သိရှိကြသည့် နို့တိုက်သတ္တဝါငယ်အုပ်စုသည် SARS-CoV-2 နှင့်စပ်ဆက်နေသော ရင်းမြစ် beta-CoVs ကိုလည်း လက်ခံထားနိုင်သည်ဟု ယူဆထားပါသည်။ ဤ သင်းခွေချပ် CoV မျိုးရိုးဗီဇအသစ်က SARS-CoV-2 နှင့် သက်ရှိကလာပ်စည်းအကျိုးဆက်အတွင်း 85-92% မျှဝေမှုရှိသည်။ သို့သော်လည်း ၎င်းတို့သည် မျိုးရိုးအခြေခံကလပ်စည်း စီစဉ်သည့်အဆင့်၌ RaTG13 နှင့် ဝိသေသလက္ခဏာ 90% ခန့် နီးနီးကပ်ကပ်ဆက်စပ်မှုရှိသည်။ ၎င်းတို့သည် ဆင့်ကဲဖြစ်စဉ်သစ်ပင်တွင် SARS-CoV-2-နှင့် အလားတူဗိုင်းရပ်စ်များ၏ မျိုးနွယ်ခွဲနှစ်ခုအဖြစ်သို့ စုဝေးသွားကာ၊ ၎င်းတို့ထဲမှတစ်ခုသည် အမိုင်နိုအက်ဆစ်အစီအစဉ် ဝိသေသလက္ခဏာ 97.4% ရှိသော SARS-CoV-2 ပါရှိသည့် လက်ခံသည့်အရာနှင့် ပူးပေါင်းသောဒိုမိန်း (RBD) နှင့် ပို၍ဆင်တူပါသည်။ သိသာကွဲပြားသည်မှာ SARS-CoV-2 နှင့် RaTG13 တို့၏ RBDs သည် ပိုမိုကွဲလွဲသော်ငြားလည်း မျိုးရိုးဗီဇအနှံ့ အစီအစဉ်တူညီမှု ဒီဂရီ မြင့်မားသည်။ ရောဂါရှိသည့် သင်းခွေချပ်များအပေါ် ကနဦးလေ့လာချက်တစ်ခုအရ အဆုတ် နမူနာများမှ ဗိုင်းရပ်စ် အချင်းချင်းထပ်နေမှုကို ဖယ်ရှားခြင်းသည် SARS-CoV-2 နှင့် အလားတူသက်ဆိုင်မှုရှိသည့်အဖြစ်သို့ ကူးပြောင်းသွားကြောင်း တင်ပြထားသည်။ ဤလေ့လာမှုသည် မတူညီသော အချက်အလက်ရင်းမြစ်များကို ပေါင်းစပ်လေ့လာသည့် နည်းလမ်းဖြစ်ပြီး ဗိုင်းရပ်စ်ဗီဇအစအဆုံး၏ 86.3% ခန့် တစ်စိတ်တစ်ဒေသ ဇီဝဖွဲ့စည်းမှုအကျိုးဆက်ကို ဖြစ်ပေါ်စေရန် လူတို့၏ အနာရောဂါကုနိုင်အောင် ကြိုးပမ်းအားထုတ်မှုဖြင့် ရပ်တည်သည်။ သင်းခွေချပ်သည်လည်း SARS-CoV-2 ၏ ကြားခံ တိရိစ္ဆာန်လက်ခံကောင် ဖြစ်နိုင်ချေအလားအလာကိုလည်း ဖယ်ထုတ်ထား၍မရပေ။ သို့သော်လည်း လက်ရှိတွင် SARS-CoV-2 နှင့် သင်းခွေချပ် SARS-CoV-2-အနွယ်ဝင် beta-CoVs တို့အကြား နောက်ဆက်တွဲ ရလဒ်များခြားနားမှုအရ SARS-CoV-2 ၏ သင်းခွေချပ်မူလဗိုင်းရပ်စ်မှ တိုက်ရိုက်ဆင်းသက်လာသည့်ဟု သက်သေပြနိုင်ခြင်း မရှိသေးပါ။ ထို့ပြင် SARS-CoV-2 နှင့် RaTG13 တို့အကြားအကွာအဝေးသည် beta-CoVs နှင့် ဆက်စပ်မှုရှိသည့် SARS-CoV-2 နှင့် SARS-CoV-2 တို့ကြားအကွာအဝေးထက်ပင် တိုတောင်းသည်။ လင်းနို့များ၊ သင်းခွေချပ်များနှင့် အခြားနို့တိုက်သတ္တဝါများအတွင်း SARS-CoV-2 ရောဂါကူးစက်မှုဆင့်ကဲဖြစ်စဉ်များကို သက်သေထူရန် လိုအပ်သည်။ SARS-CoV-2 နှင့် သင်းခွေချပ်တို့အကြားရှိ RBDs တွင် အမြင့်မားဆုံးသောနောက်ဆက်တွဲ မျိုးရိုးဗီဇအရတူညီမှုကို တွေ့ရှိထားပြီး၊ SARS-CoV-2-နှင့်စပ်ဆက်နေသော beta-CoVs၊ SARS-CoV-2 နှင့် RaTG13 တို့သည် မျိုးရိုးဗီဇဆဲလ်အရ အမြင့်မာဆုံးသော နောက်ဆက်တွဲ မျိုးရိုးဗီဇတူညီမှုအား မျှ‌‌ဝေပိုင်ဆိုင်ထားကြပါသည်။ သင်းခွေချပ် SARS-CoV-2 ၏ RBDs နှင့် beta-CoVs နှင့် SARS-CoV-2 သက်ဆိုင်မှုအကြား အလားသဏ္ဍာန်တူမှု ပမာဏမြင့်မားမှုသည် ရွေးချယ်-ဖြေရှင်းမှု ဆုံမှတ်ဆင့်ကဲဖြစ်စဉ်အားဖြင့် တွန်းအားပေးမှုရှိကြောင်းကို ထင်ကြေးပေးမှုများ မြင့်တက်လျက်ရှိသည်။ တန်ပြန်အဆိုပြုချက်သည် သင်းခွေချပ် SARS-CoV-2-နှင့်စပ်ဆက်နေသော beta-CoV နှင့် တတိယမြောက်တောရိုင်းတိရစ္ဆာန်မျိုးစိတ်များရှိ RaTG13 တို့ကြားရှိ ပြောင်းလဲပေါင်းစပ်မှုကို လိုလားပါသည်။ ဆင့်ကဲပြောင်းလဲမှုတွင် တွန်းအားတစ်ရပ်အဖြစ် ပြောင်းလဲပေါင်းစပ်မှုသည် beta-CoVs များကြားတွင် ပျံ့နှံ့လျက်ရှိပါသည်။ ဆုံးဖြတ်ပေးမည့်အရာက SARS-CoV-2 ၏ တိုက်ရိုက်ဆင်းသက်သည့် တိရိစ္ဆာန်ဇစ်မြစ်ပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ ဗိုင်းရပ်မှ ကူးစက်သည့်ရောဂါဖြစ်ပွားစေမှုနှုန်းမြင့်မားသော HCoVs အပြင်၊ HCoV-229E၊ HCoV-OC43၊ HCoV-NL63 နှင့် HCoV-HKU1 တို့၏ ဇူနိုးတစ်ဇစ်မြစ်ကိုလည်း လေ့လာလျှက်ရှိပါသည်။ မျိုးရိုးဗီဇဆိုင်ရာသက်သေအထောက်အထားအရ မူလရင်းမြစ် ဗိုင်းရပ်စ်များဖြစ်သော HCoV-OC43 နှင့် HCoV-HKU1 တို့ကို ကိုက်ဖြတ်တတ်သော တိရိစ္ဆာန်များ၌ တွေ့ရှိရစဉ် HCoV-NL63 နှင့် HCoV-229E နှစ်မျိုးစလုံးသည် လင်းနို့ CoVs မှ အရင်းခံဆင်းသက်လာသည်မှာ ဖြစ်နိုင်ကြောင်း ညွှန်ပြသည်။ ARCoV.2 (Appalachian Ridge CoV) ဟုအမည်ပေးထားသော CoV ကို HCoV-NL63 နှင့်နီးစပ်သည်ဟုပြသထားသော မြောက်အမေရိက သုံးရောင်စပ်လင်းနို့တွင် တွေ့ရှိခဲ့ကြောင်း သတင်းပို့ထားပါသည်။ အခြားတစ်ဖက်၌လည်း HCoV-229E သည် ဂါနာတွင်စုံစမ်းတွေ့ရှိခဲ့ရသော Hipposideros/GhanaKwam/19/2008 ဟုအမည်မှည့်ထားသည့် အခြားသော လင်းနို့ CoV နှင့် မျိုးဗီဇအားဖြင့် ဆက်စပ်နေပြီး ကုလားအုတ်ကြီးများအား ၎င်း၏ ကြားခံလက်ခံကောင်အဖြစ် ယူဆနေကြသည်။ ပိုမိုရှင်းလင်းစေရန်အတွက် HCoVs အဖြစ် လူသိများသည့် တိရစ္ဆာန်မူလရင်းမြစ်ဆိုင်ရာ လက်ရှိဗဟုသုတအချက်အလက်များကို ရုပ်ပုံ 1 နှင့် ဇယားကွက် 2 တို့တွင် အကျဉ်းချုပ်ဖော်ပြထားသည်။ ဇီဝဆင့်ကဲပြောင်းလဲမှု ဆန်းစစ်ချက်များတွင် သမိုင်းကြောင်းအရ HCoV များ၏ မျိုးစိတ်ကွဲများအကြား ကူးစက်မှုရှိကြောင်း အထောက်အထားများကို ဖော်ပြပေးထားသည်။ 1890 ခုနှစ်ဝန်းကျင်တွင် HCoV-OC43 သည် မျိုးစိတ်များကိုဖြတ်သန်းကာ အိမ်မွေးတိရစ္ဆာန်များမှတဆင့် လူသားများထံ ရောဂါကူးစက်မှုဖြစ်စေသည့်အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှု ကပ်ရောဂါဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းတင်ထားပါသည်။ HCoV-229E ၏ မျိုးစိတ်များအကြား ကူးစက်ပျံ့ပွားမှုသမိုင်းကြောင်းမှာ ရှင်းလင်းမှုနည်းပါးပါသည်။ HCoV-229E နှင့် အနီးစပ်ဆုံး ဆက်စပ်မှုရှိသော လင်းနို့ alpha-CoVs ကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့အကြားတွင် ကုလားအုတ်မျိုးဝင် အမွေးထူ တိရစ္ဆာန်တစ်မျိုးတွင်တွေ့ရသည့် alpha-CoV ရောဂါပိုးရှိသည်။ လင်းနို့များမှ လူသို့ တိုက်ရိုက်ကူးစက်မှုဆိုင်ရာ အမျိုးမျိုးသော သက်သေအထောက်အထားများရှိသည်။ မျှဝေဂေဟစနစ်နယ်ပါယ်အတွင်း အယ်လ်ပါကား လုလားအုတ်များမဟုတ်ပဲ လူများက လင်းနို့များနှင့် ဦးစွာ ထိတွေ့ခဲ့နိုင်သည်။ ၎င်းအစား လူသားများသည် အယ်လ်ပါကာကုလားအုတ်များနှင့် အနီးကပ် ထိတွေ့မှုရှိပါသည်။ ဒုတိယအနေဖြင့် HCoV-229E-နှင့်စပ်ဆက်နေသော လင်းနို့ alpha-CoVs သည် လင်းနို့များတွင် ကွဲပြားကာ ရောဂါဖြစ်ပွားစေမှုမရှိဘဲ အယ်လ်ပါကာကုလားအုတ် alpha-CoV သည် ကူးစက်ခံရသောတိရစ္ဆာန်များတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်ပွားစေပါသည်။ နောက်ဆုံးအနေဖြင့် ကုလားအုတ်မျိုးဝင် အမွေးထူ တိရစ္ဆာန်တစ်မျိုးတွင်တွေ့ရသည့် alpha-CoV ရောဂါပိုးကို တောရိုင်းတိရစ္ဆာန်များတွင် မတွေ့ရှိရပါ။ ဤအကြောင်းကြောင့် ကုလားအုတ်မျိုးဝင် အမွေးထူ တိရစ္ဆာန်တစ်မျိုးက HCoV-229E ဆက်စပ်မှုရှိသည့် alpha-CoV ကို လူသားများဆီမှ ကူးစက်ရရှိသည့် ဖြစ်နိုင်ခြေကို ဖယ်ထုတ်ထား၍မရပေ။ အမှန်စင်စစ်အားဖြင့် လင်းနို့များသည် လူသို့ကူးစက်နိုင်သည့်ဗိုင်းရပ်များဖြစ်သော ခွေးရူးပြန်ဗိုင်းရပ်စ်ရောဂါပိုး၊ အီဘိုလာဗိုင်းရပ်စ်ရောဂါပိုး၊ နီး-ပါဗိုင်းရပ်စ်ရောဂါပိုးနှင့် ခွာနာလျှာနာဗိုင်းရပ်စ်ရောဂါပိုးတို့ အပါအဝင်တို့သည် ရောဂါပိုးတိုက်ရိုက်သယ်ဆောင်ရာ အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် လင်းနို့များသည် လူများထံ HCoV-229E အား တိုက်ရိုက်ကူးစက်စေနိုင်သည်မှာ အလွန်အံ့သြစရာကောင်းသော ကိစ္စရပ်မဟုတ်ပါ။ တစ်နည်းအားဖြင့် alpha-CoVs သည် တကယ်တော့ HCoV-229E ၏ ဗီဇအစုအဖြစ်လုပ်ဆောင်ပြီး ကုလားအုတ်မျိုးဝင် အမွေးထူ တိရစ္ဆာန်တစ်မျိုးနှင့် ကုလားအုပ်တို့သည် အတိအကျအားဖြင့် MERS-CoV ကူးစက်မှုများအတွင်းကဲ့သို့ ဗိုင်းရပ်စ်များမှ လူများသို့ကူးစက်မှု၏ အလယ်အလတ်အဆင့် ရောဂါလက်ခံနေရာအဖြစ် လုပ်ဆောင်သည်။ MERS-CoV သည် လင်းနို့များမှတစ်ဆင့် ဘို့တစ်လုံး ကုလားအုတ်များသို့သာမက ဘို့တစ်လုံး ကုလားအုတ်များမှတစ်ဆင့် လူသားများသို့ပါ မျိုးစိတ်ကွဲများအကြား ကူးစက်မှုရှိကြောင်း သက်သေပြနိုင်သည့် အကောင်းဆုံး နမူနာ တစ်ရပ်ပင် ဖြစ်ပါသည်။ လင်းနို့များမှ မူလဆင့်ကဲဖြစ်စဉ်အရ ပေါ်ထွက်လာသည့် MERS-CoV သည် ကနဦးခွဲခြားသတ်မှတ်မှုအဖြစ် သိရှိကြပြီး နောက်ဆက်တွဲလေ့လာတွေရှိချက်များအရ အားကောင်းလာခဲ့ပါသည်။ လင်းနို့များသည် မျိုးဗီဇအပိုင်းအစများကို မျိုးစိတ်များအကြား ဖလှယ်မှုနှင့် မျိုးစိတ်များအကြား ကူးစက်ပျံ့ပွားမှုတို့အတွက် အလွန်ကျယ်ပြန့်သော ဗိုင်းရပ်စ်မျိုးစိတ်အမျိုးမျိုးကို ဖြန့်ဝေနေသည်မှာ ထင်ရှားပါသည်။ ကြာရှည်စွာနေနိုင်မှု၊ သိပ်သည်းစွာပူးကပ်နေသည့် ကိုလိုနီအုပ်စုများ၊ နီးကပ်သော လုမှုရေးဆက်ဆံမှုများ နှင့် ပျံသန်းနိုင်စွမ်းအားကောင်းခြင်း တို့သည် လင်းနို့များအား ‘ဗိုင်းရပ်စ်ဖြန့်သူ’ အဖြစ် ဦးစားပေးသည့်အခြေအနေအားလုံးဖြစ်သည်။ တစ်နည်းအားဖြင့် MERS-CoV သည် ဘို့တစ်လုံးကုလားအုတ်များတွင် ဆယ်စုနှစ်များစွာကြာအောင် ရှိနေခဲ့ပြီးဖြစ်ပါသည်။ တိုက်ရိုက်ရောဂါသိုလှောင်လက်ခံနေရာမှတဆင့် တည်ငြိမ်၍ သဘာဝအတိုင်းတည်ရှိနေသည့် ရောဂါသိုလှောင်လက်ခံနေရာအဖြစ် ပြောင်းလဲသွားမှုရှိသည့် ကုလားအုတ်များ၏အခြေအနေနှင့် ကောင်းစွာကိုက်ညီသည်။ MERS-CoV သည် အဆိုပါတိရိစ္ဆာန်များတွင် အလွန်အားပျော့သောရောဂါကို ဖြစ်စေကာ သန္ဓေပြောင်းနှုန်းနည်းပါးစေရန် ထိန်းပေးထားပါသည်။ ၎င်း၏ လူသားများထံ ရှားရှားပါးပါး ကူးစက်မှုမှာ မတော်တဆဖြစ်ရာမှဖြစ်ပြီး ယင်းဗိုင်းရပ်စ်၏ ကူးစက်မှုကို ထိန်းမထားနိုင်သောကြောင့် လူများသည် MERS-CoV ၏ အခြားလက်ခံကောင်များအား ဖြန့်‌‌ဝေနိုင်ခြင်းမရှိသည့် လက်ခံကောင်အဖြစ် ကျန်ရှိခြင်းဖြစ်ပါသည်။ တစ်ခုခုရှိမည်ဆိုပါက ယှဉ်ကြည့်လျှင် MERS-CoV ကူးစက်ပျံ့ပွားမှုရှိ ကုလားအုတ်များ၏ အခန်းကဏ္ဍနှင့် SARS-CoV-2 ကူးစက်ပျံ့ပွားမှုရှိ သင်းခွေချပ်များ၏ အခန်းကဏ္ဍမှာ ကွဲပြားခြားနားပါသည်။ အထူးသဖြင့် သင်းခွေချပ် beta-CoVs ရောဂါပိုးသည် သင်းခွေချပ်များအတွင်း ရောဂါဖြစ်ပွားမှု မြင့်မားစေသည်။ ၎င်းတို့သည် ကြောင်ကတိုးနှင့်ဆက်စပ်သည့် SARS-CoV- နှင့်အလားတူ SARS-CoV-2 နှင့် ဆက်စပ်သည့် beta-CoVs နှင့်အတွက် လမ်းဆုံးလက်ခံကောင် ဖြစ်နိုင်သည်။ တိရစ္ဆာန်များမှ လူများသို့ကူးစက်သည့် SARS-CoV-2 ကူးစက်ရောယှက်မှုအတွက် အမျိုးမျိုးသောဖြစ်နိုင်ခြေများကို အနာဂါတ်လေ့လာစမ်းသပ်ချက်များအတွင်း စာရင်းထည့်တွက်ရန်နှင့် စာရင်းမှပယ်ဖျက်ရန်ကို ဆုံးဖြတ်ရန် စဉ်းစားသင့်သည်။ ဦးစွာ လင်းနို့များသည် SARS-CoV-2 အဖြစ် ဖော်ထုတ်သတ်မှတ်နိုင်လုနီးပါး ဆက်စပ်သည့် ဗိုင်းရပ်စ်ဖြစ်သော SARS-CoV-2 ၏ ရောဂါလက်ခံနိုင်သည့်နေရာတစ်ခု ဖြစ်နိုင်သည်။ သက်ရှိလူသားများအနေဖြင့် လင်နို့များအား သတ်ဖြတ်ခြင်း သို့မဟုတ် ကျောက်မီးသွေးတူးဖော်ခြင်းတို့မှဆင့် လင်းနို့များနှင့် ဂေဟနယ်ပါယ် မျှဝေမှုရှိနိုင်သည်။ ဒုတိယအနေဖြင့် သင်းခွေချပ်များသည် SARS-CoV-2 နှင့်ဆက်စပ်သည့် ဗိုင်းရပ်စ် စတင်ပေါ်ထွက်လာစေခဲ့သည့် ကြားခံချဲ့ထွင်လက်ခံကောင် ဖြစ်နိုင်သည်။ လူများသည် သားကောင်အသားများကို အသားသတ်ဖြတ်ရောင်းချခြင်းနှင့် စားသုံးခြင်းတို့မှတဆင့် ဗိုင်းရပ်စ် ကူးစက်ခံရသည်။ အိမ်မွေးတိရိစ္ဆာန်များအပါအဝင် နို့တိုက်သတ္တဝါများစွာသည် SARS-CoV-2 ဖြစ်ပွားလွယ်သည်ဆိုသည်မှာ ဖြစ်နိုင်ရှိချေပါသည်။ အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်း တိရစ္ဆာန်များအကြား ခုခံအား စစ်တမ်းပြုလုပ်ချက်က ထိုအချက်ကို ပိုမို ခိုင်မာစေခဲ့သည်။ တတိယအချက်အနေဖြင့် အထက်ဖော်ပြပါအတိုင်း SARS-CoV-2 ၏ ပြန်လည်ပေါင်းစပ်ခြင်းနှင့် နေသားကျမှုတို့မှ လင်းနို့များနှင့် သင်းခွေချပ် နှစ်မျိုးစလုံးနှင့် ထိတွေ့မှုရှိသည့် တတိယမျိုးစိတ်အတွင်း ပေါ်ပေါက်နိုင်သည်။ SARS-CoV-2 ၏ တိရိစ္ဆာန်ဇစ်မြစ်အတွက် သုတေသနကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ တိရိစ္ဆာန်လက်ခံကောင်အမျိုးမျိုးမှအပ CoV များအနေဖြင့် မျိုးစိတ်များကြား အတားအဆီးများကိုဖြတ်ကျော်ရာတွင် လွယ်ကူအောင်ဆောင်ရွက်ရာ၌ ဗိုင်းရပ်စ်ဖက်မှ အဓိကကဏ္ဍ သုံးရပ်ကလည်း အရေးကြီးသည်။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် RNA ပုံတူပွားမှုအတွင်း သန္ဓေပြောင်းမှု အတော်ကလေးမြင့်မားသည်။ တစ်မျှင်တည်းဖြစ်သော RNA ဗိုင်းရပ်စ်များနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ CoVs ၏ ခန့်မှန်းထားသောသန္ဓေပြောင်းနှုန်းအား CoV ၏ နိုဗယ်လက်ခံကောင်များတွင် သဟဇာတဖြစ်သောပုံစံပေါ်တွင်မူတည်ကာ တစ်နှစ်လျှင် ဆိုက် 2 ခုလျှင် ~10-4 အစားထိုးသည့်နှုန်းဖြင့် “အသင့်အတင့်” မှ “မြင့်မားသော” ပျမ်းမျှအစားထိုးနှုန်းအဖြစ် သတ်မှတ်နိုင်ပါသည်။ CoVs တွင် ဖတ်ရှုပြင်ဆင်သည့် အိတ်ဇိုရိုင်ဘို နျူကလီယေ့ (Exoribonuclaese) အင်ဇိုင်း ပါရှိပြီး ယင်းအား ပယ်ဖျက်ခြင်းက မျိုးရိုးဗီဇပြောင်းလဲမှုကို အလွန်တရာမြင့်မားစေပြီး ခန္ဓာကိုယ်ပိန်လှီလာခြင်း သို့မဟုတ် အသက်ရှင်ရန်ခက်ခဲ့သည့် အခြေအနေသို့ပင် ရောက်ရှိသွားစေနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ပင် နူကလီရိုတိုက် အန်နာလေ့ာ ရမ်ဒီစီဗာ (Remdesivir) အား ဤ အိတ်ဇိုရီဘိုနူကလိစ်နှင့် RNA-ကိုမှီခိုသော RNA ပေါ်လီမီရေစ့်အန်ဇိုင်းတို့၏ ကန့်သတ်ချက်မှတဆင့် CoV ပုံစံတူကို ဖိနှိပ်နိုင်သည်ဟု သိရှိထားပါသည်။ Remdesivir သည် အလားအလာအကောင်းဆုံး SARS-CoV-2 တိုက်ဖျက်ရေးအတွက် စမ်းသပ်စစ်ဆေးထုတ်လုပ်ထားသည့် ဆေးဝါးတစ်မျိုးဖြစ်သည်။ သို့သော်ငြားလည်း CoVs ၏သန္ဓေပြောင်းနှုန်းသည် ၎င်းတို့၏လက်ခံကောင်များထက် အဆတစ်သန်းခန့် ပို၍မြင့်မားပါသည်။ ထို့အပြင် CoVs ပိုးသည် ​ရောဂါသယ်ဆောင်သူနှင့် ကောင်းစွာ အသားမကျသည့်အခါတွင် သန္ဓေပြောင်းလဲနှုန်းသည် မကြာခဏပင် မြင့်မားလာတတ်သည်။ သန္ဓေပြောင်းနှုန်းမြင့်မားသော SARS-CoV နှင့်ယှဉ်ကြည့်လျှင်၊ SARS-CoV-2 ၏သန္ဓေပြောင်းနှုန်းမှာ သိသာစွာနည်းပါးကာ လူသားများတွင် သဟဇာတဖြစ်မှုအဆင့်ပို၍မြင့်မားသည်ဟု အကြံပြုထားပါသည်။ ယင်းယူဆချက်အရ ၎င်းသည် လူသားများနှင့်နီးစပ်သည့် အခြားသောလက်ခံသတ္တဝါတွင် ကူးစက်နေပြီဟု ယူဆနိုင်ပါသည်။ SARS-CoV-2 အပြင် ၎င်းသည်လည်း ဘို့တစ်လုံးကုလားအုတ်များတွင် ကောင်းမွန်စွာ အသားကျနေသော MERS-CoV နှင့် သက်ဆိုင်ပါသည်။ သီအိုရီအရ မျိုးရိုးဗီဇ ရွေ့လျားပြောင်းလဲမှုက SARS-CoV-2 ကာကွယ်ဆေးများနှင့် ဗိုင်းရပ်စ်နှိမ်နင်းဆေးများ မထိရောက်မှု လျင်မြန်စွာ မဖြစ်စေနိုင်ပါ။ ဒုတိယအချက်အနေဖြင့် CoV များ အတွင်းရှိ RNA မျိုးရိုဗီဇကြီးက သန္ဓေပြောင်းလဲခြင်းများ နှင့် ပြန်လည်ပေါင်းစည်းရေးများအတွက် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံမှုအတွင်း ပိုမိုပုံပြောင်းလွယ်စေသည်၊ ထိုနည်းအားဖြင့် မျိုးစိတ်များကြား ပူးတွဲဆင့်ကဲပြောင်းလဲမှုများ ဖြစ်နိုင်ချေကို များပြားစေပြီး ယင်းက အခြေအနေပေးလာသောအချိန်တွင် နိုဗယ် CoVများ ထွက်ပေါ်လာစေရန် အခွင့်အရေးဖြစ်စေသည်။ ၎င်းကို များပြားသော ကွဲပြားသည့် ဖွင့်ထားသော ဖတ်ရှုမှု ဘောင်များနှင့် ခရိုမိုဆုမ်းအစုံ၏ 3' အဆုံးသို့ ကုဒ်များ သတ်မှတ်ထားသည့် ပရိုတိန်း လုပ်ငန်းစဉ်များ က ပံ့ပိုးထားသည်။ တတိယအချက်အနေဖြင့် CoVs သည် ကွဲပြားသော “ကူးယူ-ရွေးချယ်” အစိတ်အပိုင်းမှတဆင့် RNA ပုံတူပွားမှုအတွင်း အလျဉ်းသင့်သလိုနှင့် မကြာခဏ ပုံစံပြောင်းလဲသည်။ ရောစပ်ပေးသည့်ယာဉ်အဖြစ် လုပ်ဆောင်သည့် လက်ခံကောင်တစ်ခုအတွင်း CoV RNA ကူးယူချိန် အတောအတွင်း အမျှင် ဘက်ပြောင်းမှု ဖြစ်ပေါ်သည်။ အစအဆုံးမျိုးတူရရှိမှုမြင့်မားခြင်းနှင့် ဗီဇကလာပ်စည်း RNAs ပြန့်ပွားမှုတို့၏ ပြန်လည်ပေါင်းစပ်မှုက CoVs ရောဂါပိုးအသစ်များကို ပေါ်ပေါက်စေနိုင်သည်။ သဘာဝအရ မျိုးဗီဇပြောင်းလဲပေါင်းစပ်မှု၏ ဆင့်ကဲ့ဖြစ်စဉ် သက်သေအား HCoV-HKU1 နှင့် HCoV-OC43 တွင်သာမက၊ လင်းနို့ SL-CoV နှင့် လင်းနို့ CoV-HKU9 တို့ကဲ့သို့သော တိရစ္ဆာန် CoVs တွင်ပါ တွေ့ရှိထားပါသည်။ ကူးစက်ပျံ့ပွားမှုနှင့်ဆက်စပ်နေသော ဗိုင်းရပ်စ်လက်ခံကောင် တုံ့ပြန်မှု အထက်ဖော်ပြပါ ဗိုင်းရပ်စ်နှင့်ဆိုင်သည့် အချက်သုံးချက်အပြင် လက်ခံကောင်၏ ရောဂါလက်ခံနေရာ နှင့် ဗိုင်းရပ်စ် အပြန်အလှန်ဆက်သွယ်မှုသည် မျိုးစိတ်များအကြား ရောယှက်ကူးစက်မှုအပေါ် လွှမ်းမိုးသည့် အခြားအဓိကအချက်ဖြစ်သည်။ ဤအကြောင်းအရာတွင် SARS-CoV ၏ ပြန်လည်ပေါင်းစပ်မှုအား မျိုးစိတ်များအကြား ရောယှက်ကူးစက်မှုဖြစ်စဉ်အတွင်း ရွေးချယ်ခံရမှုသက်သေကိုပြသသည့် ဖြစ်ပွားနေကျ ဥပမာတစ်ရပ်အနေဖြင့် သတ်မှတ်ထားပါသည်။ လူသားများနှင့် ကြောင်ကတိုး SARS-CoVs ကို သီးခြားစီ နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာမှုပေါ်တွင်အခြေခံ၍၊ SARS-CoV အား သီးခြားအားဖြင့် S ပရိုတိန်း၏ RBD တွင် သန္ဓေပြောင်းခြင်းများနှင့်အတူ မတူညီသောလက်ခံကောင်များတွင် အမြန်သဟဇာတဖြစ်နိုင်မှုမျိုး ဖြစ်စေနိုင်သည်ဟု တွေးထင်ထားပါသည်။ ယေဘုယျအားဖြင့် CoV ၏ S ပရိုတိန်းအတွင်း RBD သည် ကလာပ်စည်းများဖြင့်ဖွဲ့စည်းထားသော ရောဂါလက်ခံရာနှင့် ရောဂါကာကွယ်သောပဋိပစ္စည်းတုံ့ပြန်မှုဖြင့် ပြင်းထန်စွာရွေးချယ်မှုဖြင့် အပြန်အလှန်တုံ့ပြန်မှုရှိသည်။ SARS-CoV အတွင်း RBD သည် လူသား ACE2 အပြင် ဗိုင်းရပ်စ်ဝင်ရောက်ရာတွင် ပူးတွဲရောဂါလက်ခံနေရာဖြစ်သော S1 အပိုင်းအစပေါ်ရှိ အမီနိုအက်ဆစ် 318 ခုမြောက်မှ 510 ခုမြောက် အထိတွင်ရှိသည်။ SARS-CoV ၏ RBD သည် ဗိုင်းရပ်စ်ရောယှက်ကူးစက်မှုကို ဖြစ်ပေါ်စေသည့် လင်းနို့၊ ကြောင်ကတိုး၊ ကြွက်နှင့် ရက်ကွန်းဝံတို့အပါအဝင် အမျိုးမျိုးသော ACE2 ရောဂါလက်ခံနိုင်သူတိရစ္ဆာန်များကို မှတ်မိနိုင်စွမ်းရှိသည်။ အမှန်အားဖြင့် RBD တွင် သီးသန့်ရှိနေသော လူသားနှင့် ကြောင်ကတိုးတို့နှင့်ဆိုင်သည့် ဗိုင်းရပ်စ်ထံမှ မတူညီသော အမိုင်နိုအက်ဆစ်အကြွင်းအကျန် 6 မျိုးကိုသာ စူးစမ်းလေ့လာခဲ့ပြီး ၎င်းတို့အနက်မှ 4 မျိုးသည် ACE2 လက်ခံသည့်အရာနှင့် အပြန်အလှန်အကျိုးသက်ရောက်ခြင်းအတွက် လက်ခံသည့်အရာနှင့် နှီးနွယ်နေသော အရာတွင် တည်ရှိပါသည်။ ကြောင်ကတိုး SARS-CoV တွင် ၎င်း၏ RBD အတွင်း K479N နှင့် S487T သန္ဓေပြောင်းခြင်းများရှိပြီး ယင်းတို့က လူသား ACE2 ရောဂါလက်ခံနေရာ နှင့် အချွန်အတက်ပါသည့် (စပိုက်) ပရိုတိန်းတို့ အပြန်အလှန် ဆက်သွယ်နိုင်စွမ်းကို တိုးပွားစေနိုင်သည်။ တစ်နည်းဆိုရလျှင် ဤအမီနိုအက်စစ်နှစ်မျိုးအစားထိုးခြင်းများသည် လူသားများ၌ ရောဂါအသားကျမှုအတွက် အလွန်အရေးပါနိုင်သည်။ SARS-CoV-2 သည် SARS-CoV နှင့်ဆင်တူသော ဆဲလ်ဆိုင်ရာလက်ခံသူကို မျှဝေထားသည်မှာ မှတ်သားဖွယ်ရာဖြစ်ပါသည်။ S ပရိုတိန်း၏ S1 ယူနစ်အတွင်း SARS-CoV-2 နှင့် SARS-CoV အကြား 30% ကွာခြားချက်က ၄င်း၏ S ပရိုတိန်းက လူသား ACE2 နှင့် နှီးနွယ်ပေါင်းစပ်နိုင်စွမ်း ပြောင်းလဲမှုရှိနိုင်ခဲ့ကြောင်း ပြသပါသည်။ အမှန်တကယ်ပင် cryo-EM လေ့လာမှုက လူသား ACE2 နှင့် SARS-CoV S ပရိုတိန်းများကြားရှိ နှီးနွှယ်ပေါင်းစပ်မှုထက် 10ဆမှ အဆ20အထိ ပို၍မြင့်မားသော နှီးနွှယ်ပေါင်းစပ်မှုရှိသည်ကို ညွှန်ပြထားပါသည်။ အခြားသော အဓိကရောဂါလက်ခံနေရာသည် SARS-CoV-2 ကူးစက်ပျံ့ပွားမှုအတွက် လိုအပ်မှုရှိ၊ မရှိကို ဆုံးဖြတ်ရန်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ စိတ်ဝင်စားစရာကောင်းလောက်အောင်ပင် HCoV-NL63 သည်လည်း ACE2 သို့ ဆက်နွယ်မှုရှိသော်လည်း S ၏ မတူညီသော အစိတ်အပိုင်းနှင့်ဖြစ်သည်။ HCoV-229E အတွက် N အမီနိုပတ်ပီဒေ့စ်နှင့် HCoV-OC43 အတွက် 9-O-acetylated ဆစ်လစ်အက်စစ် တို့ကဲ့သို့ အခြားသော HCoV ရောဂါသိုလှောင်ရာများစွာလည်း ရှိသည်။ ၎င်းတို့၏ တိရစ္ဆာန်လက်ခံကောင်များထံမှ မျိုးစိတ်အတွင်းကူးစက်ပျံ့နှံ့မှုဖြစ်ပြီးနောက် လူသားများတွင် ထို CoVs ၏ အောင်မြင်စွာသဟဇာတဖြစ်နိုင်မှုအတွက်ကိုလည်း ၎င်းတို့ကို ယူဆနိုင်ပါသည်။ ဆဲလ်၏ ရောဂါလက်ခံသည့်အရာများအပြင် HCoVs ၏ မျိုးစိတ်အချင်းချင်း ရောယှက်ကူးစက်မှုရလဒ်ကို လက်ခံကောင်ပေါ် မှီတည်သည့်အခြားအချက်များ နှင့် ကန့်သတ်ချက်များကလည်း အုပ်စိုးနေသည်။ လူသားများနှင့် လင်းနို့များ၊ ကုလားအုတ်များနှင့် ကြွက်များကဲ့သို့ HCoVs သဘာဝရောဂါလက်ခံထားရာနေရာများအကြား ပရိုတိန်းများ လက်ခံထားရှိမှုခြားနားချက်သည် ကူးစက်မှု၌ပါဝင်ရောယှက်မှုအတွက် အတားအဆီးတစ်ခုအဖြစ် ပါဝင်နိုင်သည်။ HCoVs သည် ရောယှက်ကူးစက်မှုအောင်မြင်ရန်အတွက် ရောဂါလက်ခံထားရာနေရာများအား နေရာလုယူပြီး ရောဂါလက်ခံရန် ကန့်သတ်ထားသည့်နေရာများအားဖြိုဖျက်ဝင်နှောက်ရန် လိုအပ်သည်။ ဤအကြောင်းအရာနှင့်စပ်လျဉ်းပါက အဆိုပါ အရေးကြီးသည့် ဗိုင်းရပ်စ် နှင့် လက်ခံကောင် အပြန်အလှန်ဆက်သွယ်မှုဧရိယာတွင်း မော်လီကျူးပါဝင်မှုများအား ရွေးချယ်ဖော်ထုတ်နိုင်ရန် နှင့် သွင်ပြင်လက္ခဏာကိုဖော်ထုတ်ရန် ဆက်လက်လိုအပ်နေသေးသည်။ ဘက်လိုက်မှုမရှိသည့် ဗီဇမျိုးစိတ်အနှံ့စစ်ဆေးမှုအတွင်း SARS-CoV-2 အတွက် ရောဂါလက်ခံနေရာ တည်မှီမှုနှင့် ကန့်သတ်ချက်အကြောင်းအရာများကို CRISPR ၏ အဆင့်အမြင့်ဆုံးကို အသုံးပြုလျှင် အကျိုးများနိုင်မည်။ HCoVs အသစ်အဖြစ် သိသာထင်ရှားလာခြင်း- မူလအစသို့ပြန်သွားခြင်း လင်းနို့ CoVs အမျိုးအစားကွဲပြားမှုက HCoVs အသစ် ထင်ရှားလာမှုအတွက် အခွင့်အလမ်းများစွာကို ပံ့ပိုးပေးသည်။ ဤကဲ့သို့သောအမြင်တွင် လင်းနို့ CoVs သည် HCoVs ၏ မျိုးဗီဇကန်အဖြစ် လုပ်ဆောင်ပေးပါသည်။ ထို့အပြင်၊ အမြန်သန္ဓေပြောင်းခြင်းနှင့် မျိုးဗီဇပြောင်းလဲပေါင်းစပ်ခြင်းသည်လည်း HCoV ဆင့်ကဲပြောင်းလဲမှုကို ဖြစ်ပေါ်စေကာ ဤလုပ်ငန်းစဉ်တွင် အရေးကြီးသောအဆင့်နှစ်ရပ်အဖြစ် လုပ်ဆောင်ပါသည်။ ဥပမာ နိုဗယ်ပရိုတိန်းအတွက် ကုဒ်သတ်မှတ်သည့် မျိုးရိုးဗီဇများကို သိုမှီးမှု သို့မဟုတ် ဆုံးရှုံးမှုက ဗိုင်းရပ်စ်၏ အပြင်ပန်းပုံစံများကို အကြီးအကျယ်ပြုပြင်ရန် အလားအလာရှိသည်။ SARS-CoV အရံပရိုတိန်းများအကြားတွင် SARS-CoV နှင့်ဆက်စပ်နေသော လင်းနို့ဗိုင်းရပ်စ်များမှာ သီးခြားခွဲထွက်နေသော်လည်း ကွဲပြားသော ORF8 ပရိုတိန်းများအား ကုဒ်ထည့်သွင်းထားကို တွေ့ရှိရခြင်းကြောင့် ORF8 သည် လူသားများအတွင်း အသားကျမှုတွင် အ‌ရေးပါသည်ဟု တွေးထင်ခဲ့သည်။ SARS-CoVs ၏ 29-မျိုးရိုးအခြေခံကလပ်စည်းကို ပယ်ဖျက်သည့် သွင်ပြင်လက္ခဏာများကို လူသားများအကြား ကူးစက်မှုအစပိုင်း၌ သီးသန့်ခွဲထုတ်ခဲ့သော မျိုးကွဲများတွင်း တွေ့ရှိခဲ့သည်။ ဤပယ်ဖျက်မှုက ORF8 မှ ORF8a နှင့် ORF8b အဖြစ် အုပ်စုခွဲထုတ်ခြင်းနှင့် ရောဂါသိုလှောင်လက်ခံရာ အကူးအပြောင်းအဖြစ် လိုက်လျောညီထွေ သန္ဓေပြောင်းလဲမှုအဖြစ် သုံးသပ်နိုင်သည်။ ထို့ပြင် SARS-CoV သည် RNA အပေါ်တည်မှီသည့် RNA ပိုလီမာရေ့စ် အင်ဇိုင်းအတွင်း ခွဲခြားဖော်ထုတ်ထားသည့် ပိုမိုသေးငယ်သော ပြန်လည်ပေါင်းစပ်ထားသည့်နယ်ပယ်အရေအတွက် များပြားမှုရှိသည့် alpha- နှင့် gamma-CoVs မျိုးရိုးစဉ်ဆက်တို့ဖြင့် ပြန်လည်ပေါင်းစည်းသည့် သမိုင်းကြောင်းရှိနိုင်ချေရှိသည်။ ပြန်လည်ရောနှောပေါင်းစပ်ခြင်း တည်နေရာများကို nsp9, nsp10 အများစု၊ nsp14 ၏ အစိတ်အပိုင်းများအတွင်း၌လည်း ခွဲခြားဖော်ထုတ်နိုင်သည်။ အလားတူပင် ဆော်ဒီအာရေဗျနိုင်ငံတွင်းရှိ ဘို့တစ်လုံးကုလားအုတ်များ၌ ဖြစ်ပေါ်ခဲ့သည့် ကူးစက်ရောဂါ MERS-CoV သည် မတူညီသည့်အဆက်အနွယ်များအကြား ပြန်လည်ပေါင်းစည်းမှုဖြစ်ရပ်များ တွေ့ကြုံခဲ့ရကြောင်း ပြသလျက်ရှိသည်။ SARS-CoV နှင့် MERS-CoV အပြင်၊ ပြန်လည်ရောနှောမှု ဖြစ်ရပ်များကို အခြား HCoVs တွင် တွေ့ရှိခဲ့ရပြီး တွေ့ရှိမှုအရ HCoVs သည် ၎င်း၏ ဖွဲ့ စည်းတည်ဆောက်ပုံနှင့်မဆိုင်သော မျိုးရိုးဗီဇများတွင် အခြားတိရစ္ဆာန် CoVs နှင့် ပြန်လည်ရောနှောပါသည်။ သဘာဝမဟုတ်သည့် ရွေးချယ်ပေါင်းစပ်မှုက လက်ခံကောင်၏ ကိုယ်ခံအားစနစ်ကဲ့သို့သော ဗိုင်းရပ်စ်များအား ၄င်းတို့အပေါ်သက်ရောက်နေသည့် ဖိအားပေးရွေးချယ်မှုများ သက်သာစေခြင်းမှ ဖြစ်လာနိုင်ချေများသည့် ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကလပ်စည်းများအတွင်း မလိုလားအပ်သည့် ပြောင်းလဲမှုများ ဖြစ်စေနိုင်သည်ကိုလည်း သတိထားသင့်ပါသည်။ ထိုအကျိုးသက်ရောက်မှုများ၏ဥပမာသည် နူကလီရိုတိုက်နှစ်ခု ပျက်စီးခြင်းကို ဖြစ်စေသည့် HCoV-229E ပရိုတိုတိုက်ဗီဇရှိ ORF4 တစ်ခုလုံးကို ဆုံးရှုံးခြင်းဖြစ်ပါသည်။ မပျက်စီးသည့် ORF4 ကို HCoV-229E နှင့် ဆက်စပ်သည့် လင်းနို့နှင့် ကုလားအုတ် ဗိုင်းရပ်စ်များတွင် တွေ့ရှိနိုင်ချိန်တွင် အယ်လ်ပါကားကုလားအုတ် alpha-CoV က ဘောင်ပြောင်းရွှေ့မှုဖြစ်စေသည့် မျိုးရိုးအခြေခံကလပ်စည်း တစ်ခုတည်း ထည့်သွင်းမှုကို ပြသသည်။ နောက်ဆုံးတွင်မှပြောရသော်လည်း အလေးထားလျက်ဖြင့် HCoVs ရောဂါပိုးအသစ်၏ ဆင့်ကဲတိုးတက်ပြောင်းလဲမှုဖြစ်စဉ်အနေဖြင့် ၎င်းတို့၏ ရောဂါလက်ခံရာနေရာများအတွင်း ဖိအားပေးရွေးချယ်မှုကြောင့် တွန်းအားပေးမှုလည်းရှိနေကြသည်။ လင်းနို့များတွင် CoVs ကူးစက်ခံရသည့်အခါ CoVs နှင့် လင်းနို့များကြားရှိ အပြန်အလှန်သဟဇာတဖြစ်မှုကို ညွှန်ပြသည့် ရောဂါလက္ခဏာမပြသမှု သို့မဟုတ် ခပ်​ပျော့ပျော့ ရောဂါလက္ခဏာများကိုသာ ဖော်ထုတ်တွေ့ရှိရပါသည်။ လင်းနို့များက CoVs နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့်ဖြစ်စေ၊ ဇီဝကမ္မနှင့်ဖြစ်စေ ကောင်းကောင်းအသားကျကြောင်းကို ၎င်းက ပြသခဲ့သည်။ ဥပမာအားဖြင့် လင်းနို့များ၌ ရောင်ရမ်းမှုကိုအားပေးသည့် တုံ့ပြန်မှုအား လှုံ့ဆော်ရာတွင် ဖြစ်လာသည့် ချွတ်ယွင်းချက်များက CoVs ကြောင့် ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ လျှော့ချပေးပါသည်။ ထို့အပြင် လင်းနို့များအတွင်းရှိ သတ်ဖြတ်သည့်သဘာဝရှိသော ဆဲလ်လုပ်ဆောင်ချက်သည် သတ်ဖြတ်သည့်သဘာဝရှိသော ဆဲလ်အား ဆန့်ကျင်သည့် လက်ခံရာနေရာ NKG2/CD94 ကို တိုးမြှင့်ခြင်းကြောင့် နှင့် ပင်မ ဆဲလ်လိုက်လျောညီထွေဖြစ်မှုအုပ်စု အဆင့် I မော်လီကျူးများ ဖော်ထုတ်ပြသမှု နိမ့်ကျသည့်အဆင့်ကြောင့် ဖိနှိမ်ခြင်းခံရသည်။ ထို့ပြင် တုံ့ပြန်ဓါတ်ပြုအဆင့်မြင့်မားသော အောက်ဆီဂျင်မျိုးစိတ်များ (ROS) က လင်းနို့များ၏ သက်ရှိဇီဝတွင်းဖြစ်ပျက်မှုလုပ်ဆောင်ချက်မှ ပေါက်ဖွားလာပြီး CoV ပုံတူပွားခြင်းကို ဖိနှိမ်ကာ အိတ်ဇိုရီဘိုနျူကလီယေ့စ် (exoribonuclease) အင်ဇိုင်းဖြင့် ဖတ်ရှုပြုပြင်ခြင်း နှစ်မျိုးလုံးအပေါ် သက်ရောက်ပါသည်၊ ထို့အတွက်ကြောင့် ရောဂါလက်ခံကောင်အသစ်တစ်ခုအတွင်းသို့ မိတ်ဆက်ထည့်သွင်းချိန်တွင် ရောဂါဖြစ်ပွားမှုမြင့်မားသော ဗိုင်းရပ်စ်မျိုးကွဲများကို ထုတ်လုပ်ရန်အတွက် ရွေးချယ်ဖိအားပေးပါသည်။ ပိုမိုရောဂါဖြစ်ပွားစေသော CoV မျိုးကွဲများက ပြန်လည်ပေါင်းစပ်ခြင်းဖြင့်လည်း ဆင့်ကဲပြောင်းလဲနိုင်ကာ နိုဗယ်ပရိုတိန်းများ သို့မဟုတ် လက်ခံကောင်နှင့် အသားကျရန်အတွက် ပရိုတိန်းသွင်ပြင်များ သိုမှီးမှုသို့ ဦးတည်စေသည်။ ထို့ကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း HCoVs ရောဂါပိုးအသစ်များပေါ်ထွက်လာခြင်းမှ မတော်တဆအရ မဟုတ်ပါချေ။ CoVs များသည် ၄င်းတို့၏ လင်းနို့များနှင့် ကုလားအုတ်များကဲ့သို့သော သိုလှောင်မှီတင်းရာလက်ခံကောင်များတွင် ရောဂါလက္ခဏာမပြပါ သို့မဟုတ် ခပ်ပျော့ပျော့ ရောဂါလက္ခဏာများကို ဖြစ်စေပါသည်။ ၎င်းတို့သည် သန်မာသော လက်ခံကောင်၏ကိုယ်ခံအားတုံ့ပြန်မှုကို ထုတ်ယူခြင်းမရှိဘဲ သန်မာစွာဖြင့် ပုံတူပွားပါသည်။ ဤနေရာ၌ ရောဂါသယ်ဆောင်သူများ၌ ဘာကြောင့်ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသည့်လူသားများ၌ ပြင်းထန်သည့်ကူးစက်မှုအကြောင်းအရာများ ဖြစ်ပေါ်ပုံ၏ လျှို့ဝှက်ချက်တည်ရှိနေသည်။ ပြင်းထန်သည်ရောဂါလက္ခဏာများသည် ကိုယ်ခံအားတုံ့ပြန်မှု၏ လွန်ကဲသောတုံ့ပြန်လှုပ်ရှားမှုနှင့် ကိုယ်ခံအားတုံ့ပြန်မှုအားကောင်းလေ၊ အဆုတ်ပျက်ဆီးမှုပိုမိုပြင်းထန်လေဖြစ်သော အသက်ရှူလမ်းကြောင်း ရောဂါဆိုင်ရာ ပြင်းထန်သောလက္ခဏာများကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရောဂါသယ်ဆောင်ကြောင်း လက္ခဏာမပြသမှုအတွင်း CoV ပုံတူပွားယူမှုမှ ကိုယ်ခံအားတုံ့ပြန်မှုနှင့် ကွဲပြားမှုရှိသည်။ SARS-CoV-2 ကာကွယ်ထိန်းချုပ်ကုသမှုကို သက်ရောက်မှုရှိသည့် တူညီသောနည်းဗျူဟာတစ်ခုဖြစ်သော ကိုယ်ခံအားတုံ့ပြန်မှု ဖြတ်တောက်ခြင်းနည်းသည်လည်း အကျိုးရှိနိုင်သည်။ ရောဂါကိုကာကွယ်သည့် တုံ့ပြန်မှုသည် အထူးသဖြင့် လင်းနို့များ၌ အားကောင်းသည်။ ထို့ကြောင့် လူသားများတွင် SARS-CoV-2 ကူးစက်မှု အစောပိုင်းအဆင့်၌ အနည်းဆုံးအနေဖြင့် အမျိုးအစား I အင်တာဖရွန်ဒြပ်ကို တိုက်ကျွေးခြင်းမှာ အကျိုးရှိနိုင်ပါသည်။ ထို့ပြင် လင်းနို့များအတွင်းရှိ NLRP3 ပေါက်ကွဲတုံ့ပြန်နိုင်စွမ်းသည် ပြည့်စုံမှုမရှိပါ။ ဤအကြောင်းပြချက်ကြောင့် MCC950 နှင့် NLRP3 ကန့်သတ်ချက်များက COVID-19 ကုသမှုအတွင်း အသုံးဝင်နိုင်သည်။ SARS-CoV-2 ဗိုင်းရပ်စ် ပေါ်ပေါက်လာမှုသည် SARS-CoV နှင့် MERS-CoV ဗိုင်းရပ်စ်တို့ ပေါ်ပေါ်လာမှုဖြစ်စဉ်တို့ကဲ့သို့ပင် ယေဘူယျဆန်သည့် ပုံစံမျိုးဖြင့် လိုက်ပါလာနေသည်။ စင်စစ်အားဖြင့် လင်းနို့ beta-CoV သည် SARS-CoV နှင့် သက်ရှိကလာပ်စည်းဇီဝမျှဝေမှု 95% ရှိကြောင်းတွေ့ရှိရပြီး လင်းနို့ beta-CoV သည်လည်း SARS-CoV-2 နှင့် သက်ရှိကလာပ်စည်းဇီဝမျှဝေမှု 96% ရှိကြောင်းတွေ့ရှိရသည်။ စင်စစ်အားဖြင့် ကြောင်ကတိုးနှင့် ဈေးတွင်းရှိအခြားတိရိစ္ဆာန်များတွင် SARS-CoV နှင့် တစ်ထပ်တည်းတူညီသည့် ဗိုင်းရပ်စ်များ လက်ခံထားကြောင်းတွေ့ရှိရပြီး SARS-CoV-2 အတွက် တိုက်ရိုက်ကြားခံ လက်ခံကောင်များကိုမူ ဖော်ထုတ်နိုင်ခြင်းမရှိပါ။ သင်းခွေချပ် beta-CoVs သည် SARS-CoV-2 နှင့် သိသာစွာမျိုးရိုးအတူတူဖြစ်ကြောင်း တွေ့ရှိရပြီး သင်းခွေချပ်များသည် အလယ်အလတ်အဆင့် ရောဂါလက်ခံရာတစ်ခုအဖြစ် လုပ်ဆောင်နိုင်ပြီး သို့မဟုတ် သင်းခွေချပ် beta-CoVs အနေဖြင့် SARS-CoV-2 နောက်ဆုံးပုံစံအဖြစ်သို့ ဗီဇတစ်ပိုင်းတစ်စ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ကြောင်း ပြသနေသည်။ မေးခွန်းများဆက်လက်ရှိနေသော်လည်း SARS-CoV-2 သည် တမင်တကာ သို့မဟုတ် မတော်တဆ လူမှပြုလုပ်လိုက်သည်ဆိုသည့် သက်သေအထောက်အထားမရှိပါ။ လတ်တလော SARS-CoV-2 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် CoVs သည် ပြန်လည်ထင်ရှားလာခဲ့သည်။ လင်းနို့များနှင့် အခြားတိရစ္ဆာန်များရှိ CoVs လေ့လာမှုသည် လူသား၌ကူးစက်ပျံ့နှံ့မှုအတွင်း တိရစ္ဆာန်မှတဆင့် မူလရင်းမြစ်ကူးစက်မှုများနှင့် HCoVs ရောဂါလက်ခံထားရာ တိရစ္ဆာန်များ၏ အရေးကြီးမှုအပေါ် ကျွန်ုပ်တို့၏ သိမြင်နားလည်မှုကို ထိထိရောက်ရောက် ပြောင်းလဲပစ်ခဲ့သည်။ နေရာအနှံ့ရှိအထောက်အထားအရ SARS-CoV, MERS-CoV နှင့် SARS-CoV-2 တို့၌ လင်းနို့မူလအရင်းအမြစ်ရှိပြီး အလယ်အလတ်အဆင့် ရောဂါလက်ခံမှုများမှတဆင့် လူသားများဆီသို့ ကူးစက်ပျံ့နှံ့ကြသည်။ SARS-CoV ရောဂါကူးစက်မှုသည် လူများနှင့် စျေးများရှိ ကြောင်ကတိုးများကြား ထိတွေ့မှုမှ အရင်းခံသည်ဟု ယူဆပါက သားငါးအရှင် ရောင်းချသည့်စျေးများကို ပိတ်ပြီး ကြောင်ကတိုးများကိုသတ်ခြင်းက SARS ကပ်ရောဂါကို ထိရောက်စွာ အဆုံးသတ်စေနိုင်ခဲ့ပါသည်။ ူတူညီသောအကြောင်းပြချက်အရ to SARS-CoV-2 နှင့် နီးကပ်စွာ ဆက်စပ်သည့် သင်းခွေချပ်မျိုးနွယ်စု beta-CoVs အတွင်း ရှာဖွေတွေ့ရှိမှုအရ တိရစ္ဆာန်မှတဆင့် ရောဂါပျံ့နှံ့ကူးစက်မှုကိုကာကွယ်ရန် သင်းခွေချပ်များကို ကုန်စိုရောင်းချသည့်ဈေးများမှ ဖယ်ရှားသင့်သည်။ သို့ရာတွင် SARS-CoV-2 သည် သင်းခွေချပ်များနှင့် အခြားသောနို့တိုက်သတ္တဝါများမှတဆင့် လူသားများထံ ကူးစက်ပျံ့ပွားခြင်း ရှိ မရှိနှင့် ကူးစက်ပျံ့ပွားပုံတို့ကို နောက်ထပ်စူးစမ်းလေ့လာမှုများတွင် ရှင်းလင်းဖော်ပြရန် ကျန်ရှိနေပါသည်။ တစ်နည်းအားဖြင့် MERS-CoV သည် ဘို့တစ်လုံးကုလားအုတ်များတွင် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ပါသည်။ ဤကုလားအုတ်များက ခရီးသွားလာမှုအတွက် အဓိကအရေးပါမှုအဖြစ် ဖြည့်ဆည်းပေးသည့်အပြင် ဒေသခံလူများအတွက် အဓိကအသားအရင်းအမြစ်၊ နို့၊ သားရည်နှင့် အမွှေးထုတ်ကုန်များဖြင့်လည်း ပံ့ပိုးဖြည့်ဆည်းပေးသည်။ ၎င်းတို့သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်တလျှောက် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်။ SARS-CoV and SARS-CoV-2 ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ရန် တရုတ်နိုင်ငံတွင်းရှိ တောရိုင်းတိရစ္ဆာန်ဈေးများအတွင်း လုပ်ဆောင်ခဲ့သည့်အတိုင်း MERS ကိုထိန်းချုပ်နိုင်ရန်အတွက် ကုလားအုတ်အားလုံးကို စွန့်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။ မကြာခဏပေါ်ပေါက်သော MERS ကူးစက်မှုကိုရပ်တန့်ရန် အခြားသော ရောဂါကူးစက်မှုထိန်းချုပ်တိုင်းတာမှုများကို ပေါင်းစပ်ခြင်းဖြင့် ကုလားအုတ်များအတွက် MERS-CoV ရောဂါကာကွယ်ဆေးကို ထိထိရောက်ရောက် တိုးတက်ထုတ်လုပ်နိုင်ရန် ကျယ်ပြန့်စွာ ချဉ်းကပ်ဆောင်ရွက်သင့်သည်။ ဤဗိုင်းရပ်စ်များကို ပပျောက်အောင် သုတ်သင်နိုင်ခြင်းမပြုနိုင်သေးသလို ရောဂါကူးစက်ပြန့်ပွားစေသည့် မျိုးရိုးဗီဇအသစ်များက ထွက်ပေါ်လာနိုင်ပါသည်။ အမျိုးမျိုးသော တိရိစ္ဆာန်မှကူးစက်သည့် CoVs များသည် တောရိုင်းများတွင်း လှည့်လည်ပျံ့နှံ့သည်။ အထူးသဖြင့် တိရစ္ဆာန်မှတဆင့် လူသို့ကူးစက်နိုင်ရန်အလားအလာရှိသည့် လင်းနို့ CoVs သည် အမျိုးမျိုးကွဲပြားသည်။ ထို ဇူနိုးတစ် CoVs များ ပြောင်းလဲဖြစ်ပေါ်ကာ ပြောင်းလဲပေါင်းစပ်ပြီး နောင်တွင် လူသားများ၌ ပို၍ ကူးစက်ပျံ့နှံ့တတ်သော နှင့်/သို့မဟုတ် သေစေနိုင်သော CoVs အသစ်ပေါ်ထွက်လာစေနိုင်သော အခွင့်အလမ်းများစွာ ရှိနေပါသည်။ တရုတ်နိုင်ငံတွင်းရှိ တောရိုင်းတိရစ္ဆာန် စားသုံးသည့်ယဉ်ကျေးမှုရှိသည့် အချို့နေရာများအား လူသားများနှင့် တိရစ္ဆာန်များအကြား မလိုအပ်ဘဲထိတွေ့မှုကို လျှော့ချရန် ပိတ်သိမ်းသင့်သည်။ SARS၊ MERS နှင့် COVID-19 တို့၏ ခက်ခဲသည့်စမ်းသပ်ပွဲများနှင့်အတူ၊ ပိုမိုကောင်းမွန်သော ရင်ဆိုင်ရန်အသင့်ရှိနေမှုနှင့် တုံ့ပြန်မှုအစီအစဉ်များကို ထားရှိသင့်ပါသည်။ အမှန်တကယ်ဆိုလျှင် ဗိုင်းရပ်စ်အများအပြားသည် ကမ္ဘာဂြိုဟ်အတွင်း အချိန်ကြာမြင့်စွာကပင် တည်ရှိနေခဲ့ကြသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ပြင်ပသို့ ထွက်ကျခွင့်မရမချင်း ၎င်းတို့၏ ပင်ကိုယ်မှီတည်ရာများအတွင်း ရှင်သန်နေထိုင်ပါသည်။ သို့သော်လည်း လင်းနို့များတွင် ဗိုင်းရပ်စ်ပိုပျံ့နှံ့မှုကိုအားပေးသည့် အင်္ဂါရပ်များစွာရှိသော်လည်း လူသားများအနေဖြင့် လင်းနို့များနှင့် အခြားတောရိုင်းတိရိစ္ဆာန်မျိုးစိတ်များနှင့် ဝေးဝေးနေရန် အသိပညာရှိပါက ၎င်းတို့နှင့်ထိတွေ့မှုကိုလျှော့ချနိုင်သည်။ CoVs နှင့် ၎င်းတို့၏ သဘာဝ ရောဂါလက်ခံကောင်များအကြား ဂေဟဆက်နွယ်မှုကို ပိုမိုနားလည်ရန် သက်ရှိသတ္တဝါများကို ဆက်လက်စောင့်ကြည့်ရန်မှာ မရှိမဖြစ်လိုအပ်ပြီး ယင်းက တိရိစ္ဆာန်မှ လူသားဆီသို့ကူးစက်မှု နှင့် အနာဂါတ်တွင်း ကူးစက်ပြန့်ပွားမှုများကို ကာကွယ်ရာတွင် အသုံးဝင်ကြောင်း သက်သေပြပါလိမ့်မည်။ နိဂုံးချုပ်အနေဖြင့် တိရိစ္ဆာန်မှတဆင့် ဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ လူသားများအနေဖြင့် တိရိစ္ဆာန်မှတဆင့်ကူးစက်တတ်သည့် ဗိုင်းရပ်စ်များ၏ သဘာဝ ရောဂါသိုလှောင်မှီတင်းနိုင်သည့် ဂေဟနယ်ပါယ်များမှ ဝေးဝေးနေရန်ဖြစ်သည်။ SARS-CoV-2 ၏ တိရစ္ဆာန်မှတဆင့် လူသို့ကူးစက်နိုင်သည့် မူလရင်းမြစ် ပဟေဠိအတွင်း အစိတ်အပိုင်းအချို့ လစ်လပ်လျက်ရှိနေသေးသည်။ ဦးစွာ၊ လင်းနို့များသည် သင်းခွေချပ်များထံ SARS-CoV-2 ၏ ရင်းမြစ်ဗိုင်းရပ်စ်ကို ကူးစက်ပျံ့ပွားစေပါက၊ မည်သည့်အခြေအနေအောက်တွင် လင်းနို့များနှင့် သင်းခွေချပ်များသည် တူညီသော သက်ရှိဆိုင်ရာရှင်သန်နိုင်မှုအခြေအနေကို မျှဝေထားသည်ကိုကြည့်ရှုရန်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် လင်းနို့များသည် လူသို့ကူးစက်မှု၌ တိုက်ရိုက်အခန်းကဏ္ဍတွင် ပါဝင်လျှင် လူတို့အနေဖြင့် လင်းနို့ဆီမှ မည်သို့ကူးစက်သည်ကို စိစစ်လေ့လာသင့်သည်။ တတိယအချက်အနေဖြင့် တတိယမြောက် နို့တိုက်သတ္တဝါက အမှန်တကယ်အလယ်အလတ်အဆင့် ရောဂါလက်ခံနေရာဖြစ်လျှင် ၎င်းအနေဖြင့် လူသားများ၊ လင်းနို့များနှင့် သင်းခွေချပ်များအပါအဝင် အမျိုးမျိုးသော မျိုးစိတ်များဖြင့် မည်သို့အပြန်အလှန်တုံ့ပြန်မှုရှိသည်ဆိုသည်ကို ရှင်းလင်းရန်လိုအပ်သည်။ အဆုံးသတ်အနေဖြင့် အိမ်မွေးတိရစ္ဆာန်များပါဝင်သော နို့တိုက်သတ္တဝါအများအပြားသည် SARS-CoV-2 ဖြစ်လွယ်နိုင်ပြီး ရောဂါကူးစက်မှုကို စောင့်ကြည့်ခြင်းနှင့်စမ်းသပ်စစ်ဆေးခြင်းကို လုပ်ဆောင်သင့်ပါသည်။ ၎င်းတို့မှာ လင်းနို့၊ သင်းခွေချပ်နှင့် အခြားနို့တိုက်သတ္တဝါတစ်ကောင် ဖြစ်နေပါက SARS-CoV-2 သို့မဟုတ် ထပ်တူကျလုနီးပါး တူညီသည့် ၎င်း၏ မူလရင်းမြစ်ဗိုင်းရပ်စ်တို့အား အနာဂတ်တွင် ၄င်း၏သဘာဝ လက်ခံကောင်အတွင်း ခွဲခြားဖော်ထုတ်မည်ဟု မျှော်မှန်းထားပါသည်။ နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်မှုများက တိရိစ္ဆာန်များအတွင်း၌ SARS-CoV-2 ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းကို လူများတွင် COVID-19 ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးတို့၏ အရေးကြီးသော ပါဝင်ပတ်သတ်မှုများနှင့်အတူ ရှင်းလင်းစွာသိရှိနိုင်လိမ့်မည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 နှင့်ပတ်သက်သည့် ရွေးချယ်ထားသော ငုပ်လျိုးနေသည့်ကျန်းမာရေးအခြေအနေရှိနေသော လူနာများကြားတွင် ပျံ့နှံ့မှု၏ အကြိုစမ်းသပ်မှုဆိုင်ရာခန့်မှန်းမှုများ — အမေရိကန်ပြည်ထောင်စု၊ 2020 ခုနှစ်၊ဖေဖော်ဝါရီလ 12 ရက် - မတ်လ 28 ရက် 2020 ခုနှစ်၊ မတ်လ 11 ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 (COVID-19) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကြေညာခဲ့ပါသည်။ 2020 ခုနှစ်၊ မတ်လ 28 ရက်အရ ကမ္ဘာအနှံ့တွင် COVID-19 အတည်ပြုလူနာ 571,678 ဦးနှင့် သေဆုံးသူ 26,494 ဦး ရှိခဲ့ပါသည်။ ပြင်းထန်သည့် ရောဂါဖြစ်ပွားနိုင်သော အကြောင်းရင်းများ၌ အသက်အရွယ်ကြီးရင့်မှုနှင့် အနည်းဆုံး ရောဂါအခံတစ်ခု ရှိခြင်းတို့ပါဝင်သည်ဟု တရုတ်နှင့် အီတလီနိုင်ငံတို့မှ အစီရင်ခံစာများတွင် ဖော်ပြထားသည်။ အသက် ≥65 နှစ်နှင့် သီးခြားအားဖြင့် အသက် ≥85 နှစ်အရွယ်များပါဝင်သည့် U.S. သက်ကြီးရွယ်အိုများသည်လည်း ပြင်းထန်သော COVID-19–နှင့်ဆက်စပ်နေသည့် ရလဒ်များနှင့်ပတ်သက်၍ မြင့်မားသောအန္တရာယ်ရှိပုံပေါ်ပါသည်၊ သို့ရာတွင်၊ U.S. COVID-19 လူနာများကြားရှိ ‌ရောဂါအခံများကို ဖော်ပြသည့်ဒေတာများအား သတင်းပို့ထားခြင်းမရှိသေးပါ။ 2020 ခုနှစ် မတ်လ 28 ရက်နေ့တွင်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှုများမှ ဖြစ်ပေါ်လာသော ပြင်းထန်သည့်ရလဒ်များအတွက် ရောဂါအခံများနှင့် အခြားသော သိရှိထားသည့် အန္တရာယ်ရှိသောအချက်များရှိနေသူများ၏ ဒေတာများအတွက် 7,162 (5.8%) အပါအဝင်၊ CDC ထံ U.S. ပြည်နယ်များနှင့် ပိုင်နက်များတွင် U.S. COVID-19 ဖြစ်စဉ်ပေါင်း 122,653 ခုရှိလာကြောင်း သတင်းပို့ထားပါသည်။ ဤကူးစက်မှုပေါင်း 7,162 ခုတွင် လူနာ 2,692 (37.6%) ဦး၌ ‌ရောဂါအခံ သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်သည့် အချက် တစ်ခု သို့မဟုတ် တစ်ခုအထက် ရှိခဲ့ပြီး 4,470 (62.4%) ဦးတွင် အဆိုပါအခြေအနေများထဲမှ တစ်ခုမျှ မရှိခဲ့ကြောင်း သိရသည်။ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူရန် လိုအပ်သည့် လူနာများ (457 ယောက်တွင် 358 ယောက်၊ 78%) နှင့် အထူးကြပ်မတ်ကုသဆောင် မဝင်ရဘဲ ဆေးရုံတက်ရန် လိုအပ်သည့် လူနာများ (1,037 ယောက်တွင် 732 ယောက်၊ 71%) တွင် အနည်းဆုံး ရောဂါအခံတစ်ခုရှိသည့် သို့မဟုတ် ရောဂါဖြစ်ပွားနိုင်သည့် အကြောင်းရင်းခံ တစ်ခုရှိသည့် COVID-19 လူနာ ရာခိုင်နှုန်းသည် ဆေးရုံမတက်ရသည့် လူနာများ (5,143 ယောက်တွင် 1,388 ယောက်၊ 27%) ထက် ပိုမိုမြင့်မားသည်။ အတွေ့ရအများဆုံး ရောဂါအခြေအနေများမှာ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါတို့ဖြစ်ပါသည်။ ဤကနဦး တွေ့ရှိချက်များအရ အမေရိကန်ပြည်ထောင်စုတွင် ရှိရင်းစွဲ ကျန်းမာရေး အခြေအနေများ သို့မဟုတ် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ၏ ပြင်းထန်သော ဆိုးကျိုးကြောင့် အခြား သိသာထင်ရှားသည့် ရောဂါအန္တရာယ်ရှိသူများသည် အဆိုပါ ကျန်းမာရေး အခြေအနေများ မရှိသူများထက် COVID-19 ကူးစက်မှုကို ပြင်းထန်စွာ ခံစားရနိုင်ခြေ ရှိသည်သူ သိရသည်။ ပြည်နယ် 50၊ အမေရိကန်ပြည်ထောင်စုပိုင် နယ်မြေလေးခုနှင့် အဖွဲ့ဝင်ကျွန်းများ၊ ဝါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များရှိ CDC သို့ တင်ပြထားသည့် COVID-19 ဓာတ်ခွဲအတည်ပြု လူနာများ၏ အချက်အလက်များကို 2020 ပြည့်နှစ် ဖေဖော်ဝါရီလ 12 ရက်မှ မတ်လ 28 ရက်အထိ ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်သည့် ရက်စွဲများနှင့်အတူ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ အမေရိကန်ပြည်ထောင်စုသို့ နေရပ်ပြန်လည်ပို့ဆောင်ခံရသူများနှင့် Diamond Princess အပျော်စီးသင်္ဘောပေါ်မှ လူများတွင် ဖြစ်ပွားသည့်ကိစ္စရပ်များအား ထည့်တွက်ခြင်းမရှိခဲ့ပါ။ စဖြစ်ရက် မသိသည့် ကူးစက်ခံရသူများအတွက် စဖြစ်ရက်ကို အစောဆုံး နမူနာ စယူပြီးနေ့မှ 4 ရက် (ဤဒေတာများတွင် ရက်စွဲများပါ သိရှိထားသည့် လူများအကြားတွင် ရောဂါလက္ခဏာစတင်သည့် ရက်မှ နမူနာစုဆောင်းရယူသည့် ရက်အထိ)မှ နုတ်၍ ခန့်မှန်းရပါသည်။ ဖော်ပြပါ ရောဂါဝေဒနာများနှင့် အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် အချက်များဆိုင်ရာ အချက်အလက် (ပိုးတွေ့၊ မတွေ့ သို့မဟုတ် မသိရ) ကို ရယူသည့် စံသတ်မှတ်ထားသော ကူးစက်ခံရသူ တိုင်ကြားမှုဖောင်ကို အသုံးပြု၍ CDC ထံ ရောဂါကူးစက်မှုများအကြောင်း ပြည်သူ့ကျန်းမာရေးဌာနများက သတင်းပေးပို့ခဲ့သည်- နာတာရှည် အဆုတ်ရောဂါ (ပန်းနာ၊ နာတာရှည် အဆုတ်ရောင်ရောဂါ [COPD] နှင့် အဆုတ်လေအိတ်ပျက်စီးမှု)၊ ဆီးချို သွေးချို‌ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ နာတာရှည် အသည်းရောဂါ၊ (immunocompromised condition) ကိုယ်ခံအားစနစ်ချို့ယွင်းမှု၊ အာရုံကြောအားနည်းမှု၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ သို့မဟုတ် အသိဉာဏ်ဆိုင်ရာ ချို့ယွင်းမှု၊ ကိုယ်ဝန်ရှိမှု၊ လက်ရှိ ဆေးလိပ်သောက်သူ၊ ယခင်က ဆေးလိပ်သောက်သူ သို့မဟုတ် အခြား နာတာရှည်ရောဂါ။ CDC ထံ သတင်းပေးပို့ခဲ့သည့် ဒေတာများမှာ အကြိုသာဖြစ်ပြီး ကျန်းမာရေးဌာနက အချိန်တိုင်း ထပ်မံဖြည့်စွက်နိုင်သည်။ ကနဦး သတင်းပေးပို့ချက်တွင် အလွန်အရေးကြီးသော အချက်များ မပါဝင်နိုင်ပါ။ ထို့ကြောင့် ဤစိစစ်ချက်မှာ သရုပ်ဖော်သာဖြစ်ပြီး ကိန်းဂဏန်းနှိုင်းယှဉ်ချက်များ မပြုလုပ်နိုင်ပါ။ ဆေးရုံမတက်ခဲ့ရသည့်၊ ICU မဟုတ်ဘဲ ရိုးရိုး ဆေးရုံတက်ခဲ့ရသည့်နှင့် ICU အထိ ဆေးရုံတက်ခဲ့ရသည့် ‌ရောဂါအခံများရှိသည့် အရွယ်စုံ လူနာ ရာခိုင်နှုန်းကို တွက်ချက်ခဲ့ပါသည်။ ငုပ်လျိုးနေသည့်ကျန်းမာရေးအခြေအနေများ ရှိနေသော၊ မရှိနေသော အသက် ≥19 နှစ် လူများအတွက် ICU တွင်နေရသော ဆေးရုံတက်ရခြင်းနှင့် မနေရသော ဆေးရုံတက်ရခြင်းရာခိုင်နှုန်းများကို ခန့်မှန်းထားပါသည်။ နဂိုရောဂါအခံရှိသည့် ကလေးများ၏ ကူးစက်သူ နမူနာဦးရေကြောင့် စိစစ်မှု၏ ဤအပိုင်းကို အသက် 19 နှစ်နှင့်အထက် အရွယ် လူနာများအတွက်သာ ကန့်သတ်ခဲ့သည် (N = 32)။ ထို အကြိုစမ်းသပ်မှုသတင်းပို့ချက်များကြားတွင် ပျောက်ဆုံးနေသောဒေတာများကို တွက်ချက်ရန် ပိုင်းခြေအဖြစ် ဖော်ပြထားသော သိရှိထားသည့်ရလဒ်ဖော်ပြချက်များပါရှိသည့်ဖြစ်စဉ်များကိုသာအသုံးပြုထားသည့် အပေါ်ပိုင်းကန့်သတ်မှုနှင့် ပိုင်းခြေအဖြစ် ဖော်ပြထားသော ICU တွင်နေရခြင်း ပါရှိသော၊ မပါရှိသော ဆေးရုံတက်ရခြင်းများအတွက် သိထားသော၊ မသိထားသောဖော်ပြချက်များပါရှိသည့် ဖြစ်စဉ်များပါဝင်သော အောက်ပိုင်းကန့်သတ်မှုတို့ဖြင့် အကွာအဝေးများကို ခန့်မှန်းထားပါသည်။ နမူနာသေးငယ်ခြင်းနှင့် သေဆုံးသွားသည့် COVID-19 လူနာများကြား ရှိရင်းစွဲ ကျန်းမာရေး အခြေအနေများအတွက် ဒေတာ မရှိခြင်းကြောင့် ရောဂါရှိရင်းစွဲ ရှိသူနှင့် မရှိသူများအတွက် ရောဂါရှိသူ သေဆုံးနှုန်းမှာ ခန့်မှန်းမရနိုင်ခဲ့ပါ။ 2020 ခုနှစ်၊ မတ်လ 28 ရက်နေ့တွင်၊ ဓာတ်ခွဲအတည်ပြုထားသည့် COVID-19 ဖြစ်စဉ်စုစုပေါင်း 122,653 (ပုံ) နှင့် သေဆုံးမှု 2,112 ကို CDC ထံ သတင်းပို့ခဲ့ပါသည်။ ကူးစက်လူနာ 74,439 ဦး (60.7%) အတွက် ကူးစက်မှု အစီရင်ခံစာ ပုံစံများကို CDC သို့ တင်ပြခဲ့သည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများကြောင့် ပြင်းထန်သော ရလဒ်များ ဖြစ်ပေါ်လာခြင်းအတွက် လက်ရှိ ကျန်းမာရေးအခြေအနေနှင့် အခြားသော သိသာထင်ရှားသည့် အန္တရာယ်ဖြစ်နိုင်ခြေတိုးစေသည့် အချက်များ (ဥပမာ- ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း) ရှိခြင်း သို့မဟုတ် မရှိခြင်းတို့နှင့် ပတ်သက်သော ဒေတာများကို လူနာ 7,162 (5.8%) အတွက် ရရှိနိုင်သည် (ဇယား 1)။ ဤလူနာများ၏ ခန့်မှန်းခြေ သုံးပုံတစ်ပုံ (2,692 ၊ 37.6%) တွင် ရောဂါအခံ အနည်းဆုံး တစ်ခု သို့မဟုတ် ရောဂါဖြစ်ပွားနိုင်သည့် အကြောင်းရင်း ရှိခဲ့ကြသည်။ ဆီးချိုရောဂါ (784, 10.9%)၊ နာတာရှည်အဆုတ်ရောဂါ (656, 9.2%) နှင့် နှလုံးသွေးကြောဆိုင်ရာ‌ရောဂါ (647, 9.0%) များသည် လူနာအားလုံးတွင် အတွေ့ရအများဆုံး ရောဂါအခြေအနေများဖြစ်သည်။ ICU တွင် နေရသည့် လူနာ 457 ဦးနှင့် ICU မဟုတ်ဘဲ ရိုးရိုးဆေးရုံတက်ရသူ လူနာ 1,037 ဦးတွင် 358 (78%) နှင့် 732 (71%) အသီးသီးတို့က ရှိရင်းစွဲ ကျန်းမာရေးအခြေအနေ တစ်ခု သို့မဟုတ် တစ်ခုအထက်ရှိသူများထဲမှ ဖြစ်ပွားလာသူများ ဖြစ်သည်။ နှိုင်းယှဉ်ချက်အရ ဆေးရုံမတက်ခဲ့ရသည့် COVID-19 လူနာများ 5,143 တွင် 1,388 (27%) ဦးတွင် ရောဂါအခံ အနည်းဆုံး တစ်ခု ရှိနေသည်ဟု သိခဲ့ရပါသည်။ အသက် 19 နှစ်အထက် လူနာများတွင် ရောဂါအခံရှိသူများ (27.3%-29.8%) သည် ရောဂါအခံ မရှိသူများ (7.2%-7.8%) ထက် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် မဟုတ်ဘဲ ဆေးရုံတက် ကုသမှု ခံယူရသည့် ရာခိုင်နှုန်းပိုများပြီး ICU တွင် ထား၍ ကုသရသည့် ရာခိုင်နှုန်းသည်လည်း ရောဂါအခံရှိသူများ (13.3%-14.5%) က ရောဂါအခံမရှိသူများ (2.2%-2.4%) ထက် ပိုမိုမြင့်မားသည် (ဇယား 2)။ အသက် & lt; 19 နှစ်အရွယ် COVID-19 လူနာအရေအတွက်အနည်းငယ်သည် ဆေးရုံတက်နေရသည် (48 ဦး) သို့မဟုတ် ICU တွင်နေနေရသည် (ရှစ်ဦး) ဟု သတင်းပို့ထားပါသည်။ .နှိုင်းယှဉ်ချက်အရ အသက် 19 နှစ်အောက် လူနာ 335 ဦးသည် ဆေးရုံမတက်ခဲ့ရဘဲ 1,342 ဦး၏ ဆေးရုံတက်ရောက်မှု ဒေတာများမှာ ပျောက်ဆုံးနေသည်။ ရှိရင်းစွဲ ရောဂါများ သို့မဟုတ် ရောဂါအန္တရာယ်များ အချက်အလက်အပြည့်အစုံရှိသည့် COVID-19 လူနာအားလုံးတွင်၊ 184 ဦး သေဆုံးခဲ့သည် (လူနာအားလုံးမှာ အသက် ≥19နှစ် များ ဖြစ်သည်)၊ သေဆုံးသူ 173 ဦး (94%) တွင် အနည်းဆုံး ရှိရင်းစွဲရောဂါတစ်ခုရှိသည်ဟု သိရပါသည်။ 2020 ခုနှစ်၊ မတ်လ 28 ရက်တွင် CDC ထံသတင်းပို့ထားသော U.S. COVID-19 ဖြစ်စဉ် 122,653 တွင်၊ လူနာ 7,162 (5.8%) သည်ရောဂါအခံများ သို့မဟုတ် ဖြစ်နိုင်ချေရှိသော အန္တရာယ်ရှိသည့်အချက်များတွင် သက်ဆိုင်နေသည့်ဒေတာများကို ရရှိခဲ့ပါသည်၊ ထိုလူနာများတွင်၊ ရောဂါအခံများနှင့်ပတ်သက်၍ သတင်းပို့မထားသောလူနာများထက် ရောဂါအခံများရှိနေသည့် လူနာများ၏ ပိုမိုမြင့်မားသောရာခိုင်နှုန်းမှာ ဆေးရုံနှင့် ICU တွင် ရောက်ရှိနေပါသည်။ ဤရလဒ်များသည်၏‌ရောဂါအခံများနှင့် ရောဂါအန္တရာယ်ဖြစ်ပေါ်နိုင်သည့် အချက်များအပြင် အလားတူရောဂါများ ဖြစ်သည့် ဆီးချို‌သွေးချို‌ရောဂါ၊ သွေးတိုးရောဂါ၊ COPD၊ နှလုံးသွေးလွှတ်ကြောရောဂါ၊ ရုတ်တရက်လေဖြတ်ရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါနှင့် ဆေးလိပ်သောက်ခြင်းတို့ ခံစားနေရသည့် လူနာများက COVID-19 ကြောင့် ရောဂါပြင်းထန်မှု သို့မဟုတ် အသက်သေဆုံးမှုတို့ ဖြစ်နိုင်ခြေပိုများနိုင်သည်ဟု အကြံပြုထားသည့် တရုတ်နှင့် အီတလီတို့မှ တွေ့ရှိချက်များနှင့် ကိုက်ညီပါသည်။ အမြန်တိုးပွားလာသော ရောဂါကူးစက်သူဦးရေအား ကျန်းမာရေးဌာနများသို့ သတင်းပို့ရသည့် တာဝန်ကြောင့် ဤစိစစ်ချက်အတွက် နံပါတ်ငယ်များနှင့် လွဲနေသော ဒေတာများသာ ရရှိခဲ့ပြီး အဆိုပါ တွေ့ရှိချက်များကလည်း ထပ်တိုး ဒေတာ ရသည်နှင့် ပြောင်းလဲနိုင်ပါသည်။ ‌ရောဂါအခံများ၏ ပြင်းထန်မှု သို့မဟုတ် ၎င်းတို့ကို ထိန်းချုပ်မှုအဆင့်တို့သည် COVID-19 နှင့် ဆက်နွှယ်သော ပြင်းထန်သော ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်အပေါ် အကျိုးသက်‌‌ရောက်မှုရှိ မရှိ မသိရ‌သေးပါ။ ထို ရောဂါအခံများစွာသည် အမေရိကန်ပြည်ထောင်စုတွင် အဖြစ်များပါသည်- ကိုယ်တိုင်သတင်းပို့ထားသော 2018 ခုနှစ်ဒေတာများကိုအခြေခံ၍၊ အမေရိကရှိ ဆီးချိုသွေးချိုရောဂါခံစားနေရာသော အရွယ်ရောက်ပြီးသူပမာဏမှာ 10.1% ဖြစ်ပြီး၊ 2017 ခုနှစ်တွင် အမေရိက ၌ (အခြားသောနှလုံးရောဂါများမပါဘဲ သွေးတိုးရောဂါကို ချန်လှပ်ထားသည့်) နှလုံးနှင့်ဆိုင်သောရောဂါအမျိုးအစားအားလုံးကို ခံစားနေရသူပမာဏမှာ 10.6% ဖြစ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် COPD ၏ အသက်အလိုက် ပျံ့နှံ့မှုမှာ 5.9% ဖြစ်ပြီး 2018 တွင် အသက်အရွယ်စုံ၌ လက်ရှိ ပန်းနာရောဂါအတွက် အမေရိကန်နိုင်ငံ၏ ခန့်မှန်း ပျံ့နှံ့မှုမှာ 7.9% ဖြစ်ခဲ့သည်။ CDC သည် COVID-19 ကူးစက်ခံရနိုင်ခြေများကို လျှော့ချရန် ရှိရင်းစွဲ ကျန်းမာရေး အခြေအနေရှိသူများအတွက် အရင်းအမြစ်များကို ဆက်လက်၍ ထုတ်ဖော်ပြီး အဆင့်မြှင့်တင်ပေးသွားမည်။ ယူအက်စ် COVID-19 လူနာများ၏ အစောပိုင်းအုပ်စုကြား ဤရောဂါဝေဒနာများ၏ ခန့်မှန်း ပိုများလာသော ပျံ့နှံ့မှုနှင့် ရှိရင်းစွဲ ရောဂါဝေဒနာများရှိနေမှုနှင့် ဆက်စပ်၍ COVID-19 ကြောင့် ပိုပြင်းထန်သော ရောဂါများ ဖြစ်နိုင်ခြေတို့က နဂိုရောဂါရှိလူနာများတွင် COVID-19 ကြိုတင်ကာကွယ်ရေး၏ အရေးကြီးပုံကို အသားပေး ဖော်ပြပါသည်။ ဤအစီရင်ခံစာတွင် ပါဝင်သော တွေ့ရှိချက်များမှာ အနည်းဆုံး ကန့်သတ်ချက်ခြောက်ခုအပေါ် မူတည်ပါသည်။ ပထမဦးစွာ ဤအချက်အလက်များသည် ပဏာမအချက်အလက်များသာ ဖြစ်ပြီး တစ်ဟုန်ထိုးမြင့်တက်လာသည့် ကူးစက်မှုအရေအတွက်များနှင့် စပ်လျဉ်း၍ ကျန်းမာရေးဌာန၏ သတင်းအချက်အလက် ထုတ်ပြန်ရမှု အဆမတန်များပြားလာခြင်းကြောင့် အချက်အလက် ပျောက်ဆုံးမှုများရှိလာပြီး ယင်းကြောင့် လေ့လာဆန်းစစ်ချက်ကို အကန့်အသတ်ဖြင့်သာ ပြုလုပ်နိုင်ကာ ဆေးဖက်ဆိုင်ရာ အချက်အလက်ဇယား သုံးသပ်မှုပြုလုပ်ရန် လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်ရာတွင် နှောင့်နှေးမှုရှိလာပါသည်။ နောက်ထပ်အချက်အလက်များ ရရှိလာနိုင်သည့်အတွက် ဤတွေ့ရှိချက်များ အပြောင်းအလဲရှိနိုင်ပါသည်။ CDC သို့ သတင်းပို့လာသည့် လူနာ 122,653 ဦးတွင် လူနာ 7,162 ဦး (5.8%) အတွက်သာ ရောဂါရာဇဝင် အချက်အလက်များကို ရရှိနိုင်ပါသည်။ အချက်အလက်ပျောက်နေသူများကို ဆေးရုံတက်ရောက်မှု သို့မဟုတ် ရှိရင်းစွဲ ကျန်းမာရေး အခြေအနေများ စသည့် ဒေတာများရှိသည့် သူများနှင့် အတူတူပင်ဖြစ်သည်ဟု မယူဆနိုင်ပါ။ ဒုတိယအနေဖြင့် ထိုဒေတာများသည် တိုတောင်းသော စစ်ဆေးချိန်ကြောင့် ထွက်လာသော သိရှိအောင်စုံစမ်းလေ့လာမှုတွင် ယူဆချက်ဖြစ်ပါသည်။ ရလဒ်အချို့မှာ လျှော့တွက်ထားခြင်းဖြစ်နိုင်ပြီး ကာလရှည် ရလဒ်များကို ဤစိစစ်ချက်ဖြင့် အကဲဖြတ်မရနိုင်ပါ။ တတိယအချက်မှာ ဤကာလအတွင်း စီရင်ဆုံးဖြတ်ချက်ချမှတ်မှုများစွာတွင် စမ်းသပ်စစ်ဆေးချက်များ ရရှိမှု အကန့်အသတ်ရှိသောကြောင့် ဤစိစစ်ချက်မှာ ပိုမိုပြင်းထန်သော ကူးစက်မှုများဘက်သို့ ယိမ်းဟန်ရှိပြီး စမ်းသပ်စစ်ဆေးမှု ပိုကျယ်ပြန့်လာသည့်အမျှ တွေ့ရှိချက်များ ပြောင်းလဲလာနိုင်ပါသည်။ စတုတ္ထမြောက်အနေဖြင့် အဆိုပါဒေတာများ၏ သရုပ်ဖော်ပြချက် သဘောသဘာဝကြောင့် ရောဂါအခံရှိသူများနှင့် မရှိသူများတို့တွင် ရောဂါကူးစက်မှုနှုန်းများကို နှိုင်းယှဉ်၍ မရနိုင်ပါ၊ သို့ဖြစ်ရာ အဆိုပါအုပ်စုများကြားရှိ COVID-19 နှင့်ပတ်သတ်သည့် ရောဂါပြင်းထန်နိုင်မှု အန္တရာယ် ကွာခြားချက်ကို ခန့်မှန်း၍ မရနိုင်ပါ။ ပဉ္စမမြောက်အဖြစ် ကူးစက်မှု အစီရင်ခံစာဖောင်တွင် ထည့်သွင်းမထားသည့် ရှိရင်းစွဲရောဂါများ သို့မဟုတ် တစ်ခုတည်းသော ပေါင်းရုံးအမျိုးအစားဖြင့် သတင်းပို့ထားသည့် ရောဂါဝေဒနာအမျိုးမျိုးနှင့် ပတ်သက်၍ သုံးသပ်ချက် ပြုလုပ်မရနိုင်ခဲ့ပါ။ ဥပမာအားဖြင့် ပန်းနာရင်ကြပ်နှင့် COPD တို့သည် နာတာရှည် အဆုတ်ရောဂါအမျိုးအစားတွင် ပါဝင်သည်။ နောက်ဆုံးအနေဖြင့် အာရုံကြောအားနည်းမှုများ၊ နာတာရှည် အသည်းရောဂါ၊ လက်ရှိဆေးလိပ်သောက်သူနှင့် ကိုယ်ဝန်သည်တို့ အပါအဝင် ရှိရင်းစွဲ ကျန်းမာရေး အခြေအနေရှိသူများနှင့် အန္တရာယ်ရှိသူများအတွက် ပြင်းထန်သော ရလဒ်အချို့ကို သိရှိခဲ့ရသည်၊ ထို့ကြောင့် ဤလူစုများအကြားတွင် ပြင်းထန်သော COVID-19 အတွက် အန္တရာယ်နှင့် ပတ်သက်၍ ကောက်ချက်မပေးနိုင်ပါ။ အခြားနိုင်ငံများမှ တွေ့ရှိချက်များနှင့် အလားတူပင် အမေရိကန်ပြည်ထောင်စုတွင် ရောဂါအခံရှိသောသူများသည် COVID-19 ရောဂါကို ပိုမိုပြင်းထန်စွာခံစားရနိုင်ခြေ ရှိပါသည်။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူရခက်ခြင်း အပါအဝင် COVID-19 လက္ခဏာများခံစားနေရသည့်၊‌ရောဂါအခံရှိသူများသည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ချက်ချင်းဆက်သွယ်ရပါမည်။ ထိုလူများသည် COVID-19 မှ မိမိကိုယ်ကို ကာကွယ်ရန် အိမ်တွင်နေခြင်း၊ လူစုလူဝေးများ၊ စုဝေးတွေ့ဆုံမှုများနှင့် ခရီးသွားမှုတို့ကို ရှောင်ကြဉ်ခြင်းနှင့် ဖျားနေသူများနှင့် ထိတွေ့မှု မပြုခြင်းတို့ အပါအဝင် လက်ဆေးခြင်း၊ ထိတွေ့မှုများသော မျက်နှာပြင်များကို သန့်ရှင်းခြင်းနှင့် ပိုးသတ်ခြင်းအပြင် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းကို ကျင့်သုံးရပါမည်။ ရောဂါအခံရှိသူများအတွက် အနည်းဆုံး ရက် 30 စာ သောက်ဆေးများ၊ 2 ပတ်စာ အစားအသောက်နှင့် အခြားအခြေခံလိုအပ်သည့် ပစ္စည်းများကို စုဆောင်းထားပြီး COVID-19 ရောဂါလက္ခဏာများကို သိရှိထားရန် လိုသည်ဟု အကြံပြုထားပါသည်။ လူတိုင်းလူတိုင်းသည် မိမိကိုယ်ကိုနှင့် အခြားသူများကို COVID-19 ရန်မှ ကာကွယ်ရန် လိုအပ်သည့် အဆင့်များကို လုပ်ဆောင်သင့်သည်။ ဖျားနာနေသူအားလုံးသည် ဆေးဘက်ဆိုင်ရာစောင့်ရှောက်ကုသမှုရယူရန်မှလွဲ၍ အိမ်တွင်နေထိုင်သင့်ပါသည်၊ အလုပ်သို့မသွားသင့်ပါ၊ အခြားသူများ၏အဝေးတွင် နေသင့်ပါသည်။ အထူးသဖြင့် ၎င်းသည် ရောဂါအခံများရှိနေသူများ သို့မဟုတ် COVID-19 ၏ ပြင်းထန်သောရလဒ်များဖြစ်နိုင်သည့်အန္တရာယ် မြင့်မားသူများနှင့်အတူ လုပ်ကိုင်နေသူများအတွက် အရေးကြီးပါသည်။ COVID-19 ကူးစက်မှုကို နှေးကွေးစေရန် ရည်ရွယ်သည့် လူမှုအသိုင်းအဝိုင်း လျော့ပါးစေရေး မဟာဗျူဟာများသည် လူအများ အထူးသဖြင့် ရှိရင်းစွဲ ကျန်းမာရေး အခြေအနေများရှိသူများနှင့် ပြင်းထန်သော COVID-19 ဆက်စပ် ရောဂါ ရှိနိုင်ခြေများသူအားလုံးကို COVID-19 မှကာကွယ်ပေးရန် အရေးကြီးပါသည်။ (https://www.cdc.gov/coronavirus/2019-ncov/downloads/community-mitigation-strategy.pdf). ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ဘာတွေ သိထားပါသလဲ။ တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံမှထုတ်ပြန်သောအစီရင်ခံစာများတွင် ပြင်းထန်သော COVID-19 ရောဂါအတွက် အန္တရာယ်ရှိသောအချက်များတွင် ရောဂါအခံများ ပါဝင်ကြောင်း အကြံပြုထားသော်လည်း U.S. COVID-19 လူနာများကြားတွင် ငုပ်လျိုးနေသောကျန်းမာရေးအခြေအနေများကိုဖော်ပြသည့် ဒေတာကို သတင်းပို့ထားခြင်းမရှိသေးပါ။ ဤအစီရင်ခံစာတွင် ဘာကိုထပ်ထည့်ခဲ့ပါသလဲ။ အကြိုစမ်းသပ်မှုဆိုင်ရာ U.S. ဒေတာများကို အခြေခံမှုအရ၊ ဆီးချိုသွေးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ နှင့် နှလုံးနှင့်ဆိုင်သောရောဂါကဲ့သို့သော ငုပ်လျိုးနေသည့်ကျန်းမာရေးအခြေအနေရှိနေသူများသည် ထိုအခြေအနေမရှိသူများထက် ပြင်းထန်သော COVID-19–နှင့်ဆက်စပ်နေသည့်ရောဂါဖြစ်နိုင်ချေအန္တရာယ် ပို၍မြင့်မားပုံပေါ်ပါသည်။ အများပြည်သူကျန်းမာရေး ကုသမှုများအတွက် ပြဠာန်းချက်များမှာ အဘယ်နည်း။ COVID-19 ပျံ့ပွားမှုကိုနှေးအောင်လုပ်ရာတွင် ကူညီပေးရန်အတွက် ငုပ်လျိုးနေသောကျန်းမာရေးအခြေအနေရှိနေသူများနှင့် လူများများအားလုံးကိုကာကွယ်ရန် ခပ်ခွာခွာနေခြင်းနှင့် လက်ဆေးခြင်းတို့ပါဝင်သည့် နည်းဗျူဟာများကို အသိုက်အဝန်းများနှင့် လူများအားလုံးမှ အကောင်အထည်ဖော်လုပ်ဆောင်သင့်ပါသည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ၏ အရေးပေါ်အခြေအနေ- အထွေထွေရောဂါကုဆရာဝန်များ၏ တော်ဝင်ကောလိပ်၊ သုတေသနနှင့် စောင့်ကြည့်မှုစင်တာနှင့် အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနတို့မှ အသုံးပြုသည့် စောင့်ကြည့်မှု တိုးမြှင့်ရေးအတွက် လုပ်ထုံးလုပ်နည်း အထွေထွေရောဂါကုဆရာဝန်များ၏ တော်ဝင်ကောလိပ် (RCGP) သုတေသနနှင့် စောင့်ကြည့်စစ်ဆေးရေးစင်တာ (RSC) နှင့် အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန (PHE) တို့သည် ယခင်ကပ်ရောဂါသုံးခု အပါအဝင် တုပ်ကွေးရောဂါနှင့် အခြားသော ကူးစက်တတ်သည့် ရောဂါများအား စောင့်ကြည့်စစ်ဆေးရေးကို နှစ် 50 ကျော် အောင်မြင်စွာ အတူပူးတွဲ လုပ်ဆောင်ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ (COVID-19) ၏ နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပေါ်လာနှင့်အတူ UK နိုင်ငံ၏ ရောဂါထိန်းချုပ်မှု ချဉ်းကပ်နည်းကို COVID-19 ထိတွေ့ထားသည်ဟု သံသယရှိသူများကို စစ်ဆေးရန် ရေးဆွဲချမှတ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာသော်လည်းကောင်း သီးခြားစီသော်လည်းကောင်း ရပ်ရွာဒေသအတွင်း အချိန်နှင့် နယ်မြေဒေသအလိုက် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို စောင့်ကြည့်ရန်အပြင် ရောဂါထိန်းချုပ်မှု ဗျူဟာ ထိရောက်မှု ရှိမရှိ အကဲဖြတ်ရန် RCGP RSC ၏ စောင့်ကြည့်စစ်ဆေးမှုကို တိုးချဲ့လုပ်ဆောင်ထားသည်။ ဤလေ့လာမှု၏ ရည်ရွယ်ချက်မှာ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများရှိနေပြီး ရောဂါလက္ခဏာမပြသူများနှင့် စောင့်ရှောက်ခံလူနာများ၏ COVID-19 အခြေအနေကို စောင့်ကြည့်ရန်၊ COVID-19 ကူးစက်မှု နှုန်းနှင့် ပြန့်နှံ့မှုပုံစံတို့ကို သေချာစိစစ်လေ့လာရန်နှင့် ရောဂါထိန်းချုပ်မှု မူဝါဒ၏ ထိရောက်မှုကို အကဲဖြတ်ရန် ဖြစ်သည်။ အင်္ဂလန်ရှိ အထွေထွေဆေးခန်း 500 ကျော်၏ကွန်ရက်ဖြစ်သော RCGP RSC သည် အပတ်စဉ် အမည်ဝှက်ထားသောဒေတာများကို ကောက်နှုတ်ပါသည်။ ထပ်တိုး စောင့်ကြပ်ကြည့်ရှုမှုတွင် အစိတ်အပိုင်းငါးခု ပါဝင်သည်- (1) COVID-19 ကူးစက်ခံရသည် သို့မဟုတ် ထိတွေ့မှုရှိထားသည်ဟု သံသယရှိသူတိုင်းကို ဆေးမှတ်တမ်းတွင် မှတ်တမ်းတင်ခြင်း။ ကွန်ပျူတာနည်းဖြင့် ဆေးမှတ်တမ်းများကို ပံ့ပိုးပေးသူများက ယင်းကို ပံ့ပိုးပေးရန် တောင်းဆိုသည့် တစ်ပတ်အတွင်း ကုဒ်အသစ်များကို ဖန်တီးခဲ့သည်။ (2) COVID-19 နှင့် ထိတွေ့နိုင်သည်ဟု သံသယရှိထားသော သို့မဟုတ် ထိတွေ့ထားသောလူများရှိသောကြောင့် ကြိုတင်သတိပေးခြင်းနှင့်ပတ်သက်သည့်—တုပ်ကွေးရောဂါနှင့်ဆင်တူသော ဖျားနာမှု သို့မဟုတ် အသက်ရှုလမ်းကြောင်းအောက်ပိုင်း ရောဂါကူးစပ်မှုများ (LRTI) ရှိနေသူများကို စစ်ဆေးခြင်းနှင့် လက်ရှိ ပိုးမွှားဗေဒဆိုင်ရာစောင့်ကြည့်မှုကို တိုးချဲ့ခြင်းသည် အမျိုးသားဆိုင်ရာ ဟန့်တားထိန်းချုပ်ရေးလမ်းကြောင်းကို ကိုးကားသင့်ပြီး ကနဦးစောင့်ရှောက်ကုသမှုတွင် မတွေ့ရသင့်ပါ။ (3) အသက်အရွယ်အားလုံးတွင် သွေးရည်ကြည်နမူနာ စုဆောင်းမှု။ ဤသည်မှာ သတ်မှတ်ထားသည့် သွေးနမူနာယူစစ်ဆေးခြင်း ဆောင်ရွက်ရန် ၎င်းတို့၏ အထွေထွေဆေးခန်းများသို့ လာရောက်ကြသူများမှ ထပ်ဆောင်း သွေးနမူနာ ရယူခြင်း ဖြစ်သည်။ လက်ရှိတွင်လုပ်ဆောင်နေသော နှစ်စဉ်တုပ်ကွေးရောဂါဆိုင်ရာ ပိုးမွားဗေဒစောင့်ကြည့်မှု၏ ယေဘုယျဆေးခန်း 100 တို့မှာ ထပ်တိုးထားသော ပိုးမွှားဗေဒဆိုင်ရာနှင့် သွေးရည်ကြည်လေ့လာမှုဆိုင်ရာ စောင့်ကြည့်မှုတွင် ပါဝင်ပါလိမ့်မည်။ (4) နာလန်ထလာသူများ၏ သွေးရည်ကြည်နမူနာများကို စုစည်းခြင်း။ ကျွန်ုပ်တို့သည် လိုအပ်ပါက တစ်ပတ်လျှင်နှစ်ကြိမ် ဒေတာကောက်နှုတ်မှုကို အကျယ်ဖြန့်ရန် အခွင့်အရေးရှိပါသည်။ တို့ဖတ်နမူနာများနှင့် သွေးရည်ကြည်များကို PHE ရည်ညွှန်း ဓာတ်ခွဲခန်းများတွင် စိစစ်သွားပါမည်။ အထွေထွေကုသရေး ဆေးကုသမှုဆိုင်ရာစနစ် ပံ့ပိုးပေးသူများသည် COVID-19 စောင့်ကြည့်မှုကိုပံ့ပိုးပေးရန် အရေးပေါ် ဆေးကုသမှုဆိုင်ရာစည်းမျဉ်းအသစ်များကို မိတ်ဆက်လိုက်ပါသည်။ ထို့အပြင် လက်ရှိ ရောဂါပိုးမွှားဗေဒ စောင့်ကြပ်ကြည့်ရှုမှုတွင် ပါဝင်နေသော ဆေးခန်းများသည် LRTI များရှိနေသည့် အန္တရာယ်နည်း လူနာများထံမှ COVID-19 စောင့်ကြပ်မှုအတွက် နမူနာများကို ယခု ရယူနေပါသည်။ ဤစောင့်ကြည့်မှု စတင်လုပ်ဆောင်သည့် ပထမ 2 ပတ်အတွင်းတွင် လူနာ 3 ဦးကို စိစစ်တွေ့ရှိခဲ့ရပြီး- 1 ဉီးမှာ ကုဒ်နံပါတ်တပ်သည့် စနစ်အသစ်မှတစ်ဆင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန် 2 ဦးကို ထပ်တိုး ရောဂါပိုးမွှားနမူနာ ရယူခြင်းမှတစ်ဆင့် တွေ့ရှိခဲ့သည်။ ကျွန်ုပ်တို့သည် ဖွဲ့စည်းထားသော အမျိုးသားဆိုင်ရာ RCGP RSC တုပ်ကွေးရောဂါစောင့်ကြည့်ရေးစနစ်ကို COVID-19 ဟန့်တားထိန်းချုပ်ရေးမူဝါဒ၏ အကျိုးသက်ရောက်မှုကို စမ်းသပ်နိုင်သောအရာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲထားပါသည်။ ထပ်တိုး စောင့်ကြပ်ကြည့်ရှုမှုကို တွေ့ရှိထားသည့် လူနာ 3 ဦးတွင် စည်းမျဉ်းအသစ်များ အသုံးချမှုနှင့်အတူ တွေ့မြင်ပြီးဖြစ်သည်။ ဤပရိုတိုကောကိုအမြန်မျှဝေခြင်းသည် သိပ္ပံဆိုင်ရာဝေဖန်ချက်စာတမ်းနှင့် မျှဝေထားသောသင်ယူလေ့လာခြင်းကို ပြုလုပ်နိုင်စေသင့်ပါသည်။ အထွေထွေရောဂါကုဆရာဝန်များ၏ တော်ဝင်ကောလိပ် (RCGP)၊ သုတေသနနှင့် စောင့်ကြည့်ရေးစင်တာ (RSC) သည် ကူးစက်ရောဂါများကို အပတ်စဉ်စောင့်ကြည့်ခြင်းအတွက် အမည်ဝှက်ထားသည့် အချက်အလက်များကို ပံ့ပိုးပေးသည့် နိုင်ငံအဆင့်ကိုယ်စားပြု လူထုတစ်ရပ် ပါဝင်သော အထွေထွေရောဂါကုသရေး (GPs) ကွန်ရက်တစ်ခု ဖြစ်သည်။ ရောဂါစောင့်ကြည့်ရေး အစီအစဉ်ကို အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန (PHE) မှ ဦးစီးညွှန်ကြားပြီး တုပ်ကွေးရောဂါအပါအဝင် ကူးစက်တတ်သောရောဂါ 37 မျိုးကို စောင့်ကြည့်လျက်ရှိသည်။ RCGP RSC နှင့် PHE တို့က တုပ်ကွေးရောဂါနှင့် အသက်ရှူလမ်းကြောင်း ရောဂါ စောင့်ကြပ်ကြည့်ရှုမှုတွင် နှစ် 50 ကျော် ပူးပေါင်းလုပ်ကိုင်လာခဲ့ပြီး ယခုအခါမှာ ၎င်းတို့၏ 53 ကြိမ်မြောက် စောင့်ကြပ်ကြည့်ရှုမှုနှင့် စိစစ်မှုရာသီ ဖြစ်ပါသည်။ RCGP RSC သည် တစ်ပတ်လျှင် လူဦးရေ 4 မီလီယံကျော်ကို လွှမ်းခြုံသော မြို့တွင်းနှင့် မြို့တွင်းမဟုတ်သည့်နေရာများ၏ အမျိုးသားဆိုင်ရာကိုယ်စားပြု GPs နမူနာ 500 ကျော်ထံမှ အမည်ဝှက်ထားသောဒေတာများကို ကောက်နှုတ်ထားပါသည်။ ဤဆေးခန်းများမှ ဒေတာများကို အွန်လိုင်းတွင် အပတ်စဉ် အစီရင်ခံပြီး ၎င်းတို့တွင် အင်္ဂလန်၌ဖြစ်သော တုပ်ကွေးရောဂါကဲ့သို့ ဖျားနာမှု (ILI) နှင့် အခြား ကူးစက်ပျံ့နှံ့တတ်သောရောဂါနှင့် အသက်ရှူလမ်းကြောင်းရောဂါများ၏ အပတ်စဉ် နှုန်းထားများကို စောင့်ကြည့်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နှစ်စဉ်အစီရင်ခံစာတစ်စောင်ကိုလည်း ပြုစုထားသည်။ RCGP RSC ဒေတာအစုတွင် ကာကွယ်ဆေး စမ်းသပ်ချက် အပါအဝင် ကုဒ်ရေးထားသော ဒေတာများနှင့် ညွှန်းထားသော ဒေတာအားလုံးတို့ ပါဝင်ပါသည်။ RCGP RSC သည် တုပ်ကွေးရာသီတိုင်းတွင် ရောဂါပိုးမွှား စောင့်ကြည့်စစ်ဆေးမှုကို လုပ်ဆောင်ပြီး 2019-2020 ရာသီတွင် အထွေထွေရောဂါကုဆရာဝန် 100 ပါဝင်ခဲ့သည် (ပုံ-1)။ ဤရောဂါပိုးမွှားဗေဒ နမူနာယူရေး ဆေးခန်းများကိုလည်း နိုင်ငံလုံးဆိုင်ရာ ကိုယ်စားပြုဆေးခန်းများအဖြစ် သတ်မှတ်ခဲ့သည် (ပုံ 1)။ GP များသည် ရောဂါလက္ခဏာများ စတင်ပြသသည်မှ 7 ရက်အတွင်း ပြင်းထန်သော အသက်ရှူလမ်းကြောင်း နာမကျန်းမှု ဖြစ်နေသူများထံမှ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများ ရယူပါသည်။ နှာခေါင်းတွင်းမှနမူနာရယူခြင်းများကို စိုးရိမ်ဖွယ်ရာဖြစ်သည့် လည်ချောင်းနာခြင်း သို့မဟုတ် အဆုတ်ကူးစက်ရောဂါ၏ ရောဂါလက္ခဏာများကိုပြသနေသော အသက် 5 နှစ်အောက်ကလေးများထံမှ ရယူပါသည်။ ထို့အပြင် နှာခေါင်းတွင်းမှနမူနာရယူခြင်းများကို ILI နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ စင်တီရယ်ဗိုင်းရပ်စ်၏ စိုးရိမ်ဖွယ်ရာဖြစ်သော တိုက်ခိုက်မှုကိုပြသနေသည့် အသက် 5 နှစ် နှင့်အထက် မည်သူမဆိုထံမှ ရယူထားပါသည်။ ရယူထားသောနမူနာများကို ပေါ့စတစ်ဖြစ်သည့်နှုန်းထားများနှင့် လည်ပတ်နေသည့်မျိုးကွဲများသာမက ကာကွယ်ဆေး၏ထိရောက်မှုကိုတိုင်းတာခြင်းအတွက် စောင့်ကြည့်ရန် တုပ်ကွေးရောဂါဆိုင်ရာ PHE အသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ယူနစ်တွင် စမ်းသပ်စစ်ဆေးပါသည်။ RCGP RSC သည် လူကြီးများထံမှ ရှေ့ပြေး သွေးရည်ကြည်နမူနာများ စုဆောင်းခြင်းနှင့် ၎င်းတို့အား 2018-2019 တုပ်ကွေးရောဂါ ရာသီအတွင်း လူနာ၏ ဆေးဘက်ဆိုင်ရာ မှတ်တမ်းများနှင့် ချိတ်ဆက်ခြင်းကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။ ဤရှေ့ပြေးစမ်းသပ်ချက်ကို PHE ကပ်ရောဂါဆိုင်ရာ သွေးရည်ကြည်ထဲမှ ပဋိပစ္စည်း ​ဖော်ထုတ်မှုအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ကျန်းမာရေးဝန်ဆောင်မှု (NHS-National Health Service) ဓာတ်ခွဲခန်းများမှ PHE သို့ ပေးပို့သည့် လက်ကျန်သွေးနမူနာများတွင် ဤစမ်းသပ်ချက်ကိုပါ ထည့်သွင်းခဲ့သည်။ သွေးရည်ကြည် လေ့လာမှုက လူအများ၏ ကိုယ်ခံအားစနစ်အကြောင်း အချက်အလက်များ ဖော်ပြပြီး ကင်းစောင့် ကွန်ရက်များက စနစ်ကျသော ဒေတာ စုဆောင်းမှုနှင့် ဆေးဘက်ဆိုင်ရာ မှတ်တမ်းများအပြင် ကျန်းမာရေး ရလဒ်များနှင့် ချိတ်ဆက်မှုအတွက် နည်းစနစ်တစ်ခုကို ပံ့ပိုးပေးပါသည်။ သွေးရည်ကြည် ရှေ့ပြေးစမ်းသပ်မှုက လူကြီးများထံမှ သွေးရည်ကြည် နမူနာများကို ရယူစုဆောင်းနိုင်သည့် ကွန်ရက်၏ စွမ်းရည်ကို လက်တွေ့ပြသခဲ့သည်။ COVID-19 ကပ်ရောဂါကြီးသဖွယ် ပျံ့နှံ့မှုအတူ PHE နှင့် RCGP RSC တိုက လူထုအတွင်း COVID-19 ပြန့်နှံမှုကို စောင့်ကြည့်ရန် လက်ရှိရှိနေသည့် တုပ်ကွေးရောဂါစောင့်ကြည့်မှု လုပ်ထုံးလုပ်နည်းကို အလိုက်သင့် ပြင်ဆင်ထားပြီး ဤလုပ်ထုံးလုပ်နည်းသည် ဤပူးပေါင်းဆောင်ရွက်မှု၏ အခြေခံအုတ်မြစ်အဖြစ် ဖြစ်ပေါ်လာသည်။ အန္တရာယ်များသူများက တယ်လီဖုန်းက အကူအညီ စနစ် NHS111 နှင့် PHE ကျန်းမာရေး ကာကွယ်မှုအဖွဲ့များဖြင့် စီမံခန့်ခွဲခြင်းနှင့်အတူ COVID-19 ကူးစက်ရောဂါအတွက် အဓိက နိုင်ငံတော် မဟာဗျူဟာမှာ ထိန်းချုပ်ရေးဖြစ်သည်၊ သို့သော် RCGP RSC စောင့်ကြပ်မှုကို သီးခြား လုပ်ဆောင်ပါသည်။ ၎င်း၏စတင်ပြီးသောအလုပ်ကို တိုးချဲ့ခြင်းဖြင့် RCGP RSC သည် အသိုက်အဝန်းတွင် COVID-19 ကူးစက်မှု၏ မတည်မြဲမှုနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာပျံ့နှံ့မှုကို စောင့်ကြည့်ရန်အတွက် ပိုးမွှားဗေဒဆိုင်ရာနှင့် သွေးရည်ကြည်လေ့လာမှုဆိုင်ရာ စောင့်ကြည့်မှုကို ဖြည့်ဆည်းပေးပါလိမ့်မည်။ ဤသုတေသနအတွက် သီးသန့်ခွဲနေ၍ လုပ်ကိုင်မရနိုင်ပါ။ လုပ်ထုံးလုပ်နည်းများကို “နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကုသမှုနှင့် ပြည်သူ့ကျန်းမာရေး တုံ့ပြန်မှုများအတွက် အသိပညာမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် EU Horizon 2020 ရန်ပုံငွေများကို မကြာသေးမီက ရရှိထားသည့် UK လုပ်ဖော်ကိုင်ဖက်များ၊ I-MOVE ယာယီအဖွဲ့တို့နှင့်အတူ မျှဝေသွားပါမည်။ နိုင်ငံများ သီးခြားစီဆောင်ရွက်ခြင်းထက် ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပရောဂျက်စီမံခန့်ခွဲမှုတွင် ကြီးမားသော ထိရောက်မှုများကို ရနိုင်လိမ့်မည်ဟု မျှော်မှန်းပါသည်။ ဤလေ့လာမှု၏ ရည်ရွယ်ချက်မှာ ရှာဖွေမတွေ့ရှိသေးသည့် COVID-19 ၏ လူမှုအသိုင်းအဝိုင်းတွင်း ကူးစက်မှုနှင့် သံသရှိသူ ခန့်မှန်းဦးရေ ရှိမရှိတို့ကို ဖော်ထုတ်ရန်၊ လူမှုအသိုင်းအဝိုင်းအတွင်း COVID-19 ကူးစက်ရောဂါ၏ အချိန်နှင့် ဒေသအလိုက် ပျံ့နှံ့မှုကို စောင့်ကြည့်ရန် ဖြစ်သည်။ ဤလေ့လာမှု၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- COVID-19 သံသယရှိသူ၏ လူမှုပတ်ဝန်းကျင်အတွင်း လှုပ်ရှားမှုများအား ပင်မ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုဖြင့် စောင့်ကြည့်ရန်နှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်အဖြစ် လွှဲပေးလိုက်သော ဖြစ်နိုင်ခြေရှိသည့် COVID-19 ကူးစက်မှုများကို ဆေးဖက်ဆိုင်ရာ ကုဒ်နံပါတ်များဖြင့် မှတ်သားခြင်းအား စောင့်ကြည့်ရန်။ COVID-19 ၏ ရှာတွေ့မထားသော လူမှုအသိုင်းအဝိုင်း ကူးစက်မှု ရှိနေခြင်းနှင့် ပမာဏအတွက် ရောဂါပိုးမွှားဗေဒဆိုင်ရာ အထောက်အထားပေးရန်နှင့် အဓိကစောင့်ရှောက်မှုရှိ ILI သို့မဟုတ် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ရှိသူများကြားတွင် ‌ရောဂါကူးစက်နှုန်းများကို စောင့်ကြည့်ရန် အသိုက်အဝန်းတွင် COVID-19 နှင့် ဖြစ်လွယ်မှုများ၏ အခြေခံမျဉ်းကို ခန့်မှန်းကာ သွေးရည်ကြည်ဆိုင်ရာလေ့လာမှုစောင့်ကြည့်ခြင်းမှတဆင့် လူများတွင် ရောဂါလက္ခဏာပေါ်သော၊ ရောဂါလက္ခဏာမပေါ်သော ထိတွေ့မှုနှုန်းထားကို ခန့်မှန်းရန် ဆေးရုံဆင်းသွားသော COVID-19 ဖြစ်စဉ်များမှ ပြန်လည်သက်သာလာသူများကြားတွင် ရောဂါကာကွယ်သောပဋိပစ္စည်းပရိုဖိုင်များပါရှိသော နာလန်ထလာသူများ၏သွေးရည်ကြည်စုစည်းခြင်းအတွက် စနစ်တစ်ခုကို အကောင်းအထည်ဖော်ဆောင်ရွက်ရန် ကျွန်ုပ်တို့အနေဖြင့် အောက်ပါအချက်များအား ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ကူးစက်မှုများ၊ စစ်ဆေးနေဆဲ လူနာများနှင့် ကူးစက်ရောဂါ ဖြစ်ပွားသည့် နေရာများကို မှတ်သားရန် ဖန်တီးထားသည့် ကုဒ်များကို သုံး၍ COVID-19 ရောဂါ အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆေးကုသမှုပိုင်းတွင် တာဝန်မပိုအောင် လုပ်ဆောင်ထားသည် (ပုံများ 2-​-44) လွန်ခဲ့သော 28 ရက်အတွင်း သွားရောက်ခဲ့သည့် ပြည်ပနိုင်ငံများ အသုံးဝင်နိုင်သည့် လက်ရှိ စည်းမျဉ်းများ (ဇယား 1-​-3).3)။ GPများ နှင့် ကနဦး စောင့်ရှောက်ရေး အဖွဲ့များစွာက အရေးကြီး သက်ဆိုင်ရာ ဒေတာကို ကုဒ်ဝှက်နိုင်ကြောင်း မသိနိုင်ပါ။ မည်သည့် ကပ်ရောဂါမျိုးတွင်မဆို ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည့် စီမံချက်များ၏ ထိရောက်မှုကို စောင့်ကြည့်နိုင်သည့် အလားအလာများလည်းရှိပါသည်။ ကူးစက်မှုတစ်ခုကို အတည်ပြု သို့မဟုတ် ဖယ်ထုတ်လိုက်ကြောင်း ပြသမည့် ယုံကြည်စိတ်ချရသော ကုဒ်နံပါတ် အက္ခရာများနှင့် စစ်ဆေးမှု ရလဒ်များ နည်းစနစ်များသည် လက်ရှိ တုပ်ကွေးရောဂါစောင့်ကြည့်စစ်ဆေးရေးစနစ်နှင့် လတ်တလော သွေးရည်ကြည် စစ်ဆေးလေ့လာမှုတွင် အသုံးပြုနေသော နည်းလမ်းအတိုင်းဖြစ်ပြီး အစိတ်အပိုင်း ငါးခု ပါဝင်ပါသည်။ (1) ပင်မ ဆေးဖက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုဖြင့် စောင့်ကြည့်စစ်ဆေးမှု ၊ (2) ရောဂါပိုးမွှား စောင့်ကြည့်စစ်ဆေးမှု၊ (3) အများပြည်သူတို့၏ သွေးရည်ကြည်စမ်းသပ်မှုအား စောင့်ကြည့်စစ်ဆေးမှု၊ (4) ပြန်လည်သက်သာလာသော ကူးစက်လူနာများ၏ သွေးရည်ကြည်များနှင့် (5) အချက်အလက်များ စုဆောင်းရယူခြင်း။ NHS သည် ဆေးဖက်ဆိုင်ရာ ပညာရပ်အသုံးအနှုန်းများကို စနစ်တကျအမည်ပေးနည်း (SNOMED CT) ကုဒ်နံပါတ်စနစ်ကို အသုံးပြုပြီး တစ်နှစ်လျှင် နှစ်ကြိမ်သာ မွမ်းမံပြင်ဆင်လေ့ရှိသည်။ ထပ်မံဖြည့်စွက်ခြင်းမရှိတော့သည့် အချို့သော တွက်ချက်ထားသည့်ဆေးဘက်ဆိုင်ရာမှတ်တမ်း (CMR) ပံ့ပိုးပေးသူများမှ အသုံးပြုသည့် ကုဒ်ဖတ်ရှုမှုစနစ်များ (ဆေးကုသမှုဆိုင်ရာအသုံးအနှုန်းများ ဗားရှင်း 3 – CTv3 ကို ဖတ်ရှုပါ) ကဲ့သို့ အဆင့်မြှင့်တင်မှုများကို ထပ်ထည့်ထားပါသည်။ ထို့အပြင် 2020 ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းအထိ COVID-19 ကို မှတ်တမ်းတင်ရန် ကုသရေးစည်းမျဉ်းများ မရှိခဲ့ပါ။ ထို့ကြောင့် အဓိက GP စနစ် ပံ့ပိုးပေးသူနှစ်ဦးသည် ကျယ်ပြန့်သောစနစ် ဒေသတွင်းကုဒ်များကဲ့သို့ ဇယား 4 တွင်ပြသထားသော အသုံးအနှုန်းငါးမျိုးကို ထပ်ထည့်ခဲ့ပါသည်။ COVID-19 အတွက် SNOMED CT အယူအဆများကို UK ၏ အရေးပေါ် ထုတ်ပြန်မှုဖြင့် နောက်ပိုင်း၌ CMR စနစ် (ဇယား 4) အားလုံးတွင် ရနိုင်အောင် ပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်သည် အဆိုပါအရာများကို အသုံးပြုနိုင်သည့်နှင့် နောက်ဆုံး၌ ၎င်းတို့ကို SNOMED CT ယူဆချက်အသစ်များတွင် ထည့်သွင်းရန် ဖြစ်ပြီး သက်ဆိုင်ရာဒေတာများကို မှတ်တမ်းတင်နိုင်စေမှာ ဖြစ်ပါသည် (မာလ်တီမီဒီယာ နောက်ဆက်တွဲ 1)။ ဤထုတ်ပြန်ချက်၏ အဓိက သတ်မှတ်ချက်များသည် ကူးစက်မှုဖြစ်ပေါ်နိုင်သည့် အန္တရာယ်နှင့် ထိတွေ့မှုရှိဖူး (ကူးစက်မှုအန္တရာယ် ပိုမိုမြင့်မားသည့် ဒေသတစ်ခုခုသို့ ခရီးသွားဖူးသည်) ပြီး၊ COVID-19 ကူးစက်ခံထားရသူ တစ်ဦးဦးနှင့် ထိတွေ့ဖူးပြီး COVID-19 အတွက် စစ်ဆေးထားကာ ရောဂါလက္ခဏာမပြသေးသည့် (ပိုးမတွေ့သည့် စစ်ဆေးမှုတို့ကဲ့သို့) ဖြစ်စဉ်များရှိနေသည့် COVID-19 လူနာများကို ဖော်ထုတ်နိုင်သည့် စည်းမျဉ်း (ဇယား 4) ဖြစ်သည်။ ထို့အပြင်၊ ယခုအခါ ဆေးခန်းများသည် မျိုးစုံသောနိုင်ငံများထံသွားရောက်မှုများကို မှတ်တမ်းတင်နိုင်စွမ်းအပါအဝင် နိုင်ငံခြားခရီးသွားလာမှုတစ်စုံတစ်ရာကို ထည့်သွင်းနိုင်ပြီဖြစ်ပါသည် (2020 ခုနှစ်၊ ဖေဖော်ဝါရီလ 8 ရက်နေ့တွင် အကောင်အထည်ဖော်ခဲ့သည်)။ ပုံ 2--44 တို့တွင် EMIS ကွန်ယက် အကောင်အထည်ဖော်မှုအား ပြသထားသည်။ လက်ရှိတွင် တုပ်ကွေးရောဂါစောင့်ကြည့်မှုအတွက် ပိုးမွှားဗေဒဆိုင်ရာ နမူနာများကို စံထားသော တောင်းဆိုချက်ဖောင်ဖြင့် တွဲဖက်ထားပါသည်။ COVID-19 အတွက်၊ ကျွန်ုပ်တို့သည် ဖော်ပြပါတို့ကိုမှတ်တမ်းတင်မည့် တောင်းဆိုချက်ဖောင်အသစ်ကို ဖန်တီးပါမည်- ရောဂါလက္ခဏာ စတင်ပြသသည့် ရက်စွဲ ဖော်ပြပါတစ်စုံတစ်ရာ၏ ရောဂါစမ်းသပ်စစ်ဆေးမှု- အသက် ငါးနှစ်အောက် ကလေးများတွင် ပြင်းထန်သော လေပြွန်‌ရောင်ခြင်း၊ လေပြွန်ငယ်‌ရောင်ခြင်း အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ခြင်း (LRTI) ဖျားနာမှုရာဇဝင်(ရှိ/မရှိ)- အဖျား တိုင်းတာခဲ့ခြင်း(ရှိ/မရှိ)- ရှိပါက၊ အဖျားပမာဏ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုနှင့် အသက်ရှူနှုန်းကို တိုင်းတာကြည့်ပါက အသက်ရှူမဝခြင်း (ရှိ/မရှိ) မကြာမီက ခရီးသွားမှု (ရှိ/မရှိ)၊ ရှိပါက လွန်ခဲ့သော 14 ရက်အတွင်း သွားခဲ့သည့်နိုင်ငံများ COVID-19 အတည်ပြုလူနာဟု အမည်တပ်ထားသည့် လူတစ်ဦးနှင့် ထိတွေ့မှု(ရှိ/မရှိ) အပေါ် တိကျသေချာမှု အတိုင်းအတာနှင့် ပတ်သက်၍ လွတ်လပ်စွာ မှတ်ချက်စာသားရေးသားခြင်း ရောဂါနယ်ပယ်အနှံ့တွင် ယခင်က အသုံးပြုထားသည့် စည်းမျဉ်းများ အုပ်စုဖွဲ့ခြင်းအတွက် ကျွန်ုပ်တို့၏ စံချဉ်းကပ်နည်း စည်းမျဉ်းများ (ဇယား 5) ကို အသုံးပြု၍ “တိကျသော”၊ “ဖြစ်နိုင်သော”၊ “ဖြစ်နိုင်ခြေရှိသော” နှင့် “ကူးစက်မှုမဟုတ်” အဖြစ်သို့ ဖြစ်ပျက်ပုံအရ အုပ်စုခွဲသွားပါမည်။ ILI အတွက် RCGP RSC အဓိပ္ပါယ်သတ်မှတ်ချက်ကို မာလ်တီမီဒီယာ နောက်ဆက်တွဲ 2 တွင် ပြသထားပါသည်။ စောင့်ကြည့်လေ့လာရေးစနစ်နှင့် အချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခုဖြစ်သော ဒက်ရှ်ဘုတ်များကို အသုံးပြုပြီး အချက်အလက်များအား လူထုသို့ ရှင်းလင်းတင်ပြခြင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချက်အလက်များအား တင်ပြနိုင်ရေးအတွက် လေ့လာစောင့်ကြည့်ရေးစနစ်တစ်ခုကို လုပ်ဆောင်နေပြီး ၎င်းတို့၏ အချက်အလက်များ တိကျမှန်ကန်မှုနှင့် ရောဂါပိုးမွှားနှင့် သွေးရည်ကြည်နမူနာများ ရယူခြင်းဆိုင်ရာ လုပ်ငန်းများအပေါ် အကြံပြုချက်ပေးရန် အချက်အလက်စီမံခန့်ခွဲမှု ဒက်ရှ်ဘုတ်တစ်ခုကို လုပ်ဆောင်လျက်ရှိပါသည်။ ယင်းကို ဇယား4 တွင် ဖော်ပြထားသော ကုဒ်နံပါတ်သတ်မှတ်မှုအပေါ်တွင် အခြေခံသည်။ တိကျသော ကူးစက်ခံရမှုများကို ကျွန်ုပ်တို့၏ ဒတ်ရှ်ဘုတ်တွင် COVID-19 “ကူးစက်ခံရသူများ” အဖြစ် ဖော်ပြပါမည်။ ဖြစ်နိုင်ချေရှိသောဖြစ်စဉ်များအား “စုံစမ်းနေဆဲ” (စုံစမ်းစစ်ဆေးခြင်း) အဖြစ် တင်ပြပါမည်။ “ကူးစက်ထားသူမဟုတ်” ကို “ချန်လှပ်ထားသည်” အဖြစ် ဖော်ပြပါမည်။ COVID-19 စောင့်ကြည့်မှု (ပုံ 5) အစောပိုင်းအပတ်များတွင် အွန်လိုင်းဒေတာကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ၎င်းက လူနာ အကြမ်းဖျင်းအရေအတွက်နှင့် အတည်ပြု သို့မဟုတ် စစ်ဆေးဆဲ လူနာ 10,000 လျှင် နှုန်းထားအပြင် ဗိုင်းရပ်စ် မဖြစ်သည့်နေရာများကို ဖော်ပြပေးလျက်ရှိသည်။ ၎င်းကို နေ့စဉ်သတင်းပို့မှုသို့ပြောင်းလဲရန် အခွင့်အလမ်းပါရှိသော တစ်ပတ်နှစ်ကြိမ်စောင့်ကြည့်သတင်းပို့မှုများသို့ပြောင်းလဲရန် ကျွန်ုပ်တို့၌ ရွေးချယ်ခွင့်ရှိပါသည်။ ရာသီတုပ်ကွေး ဖြစ်ပွားမှု ကျဆင်းလာသောကြောင့် ရောဂါပိုးမွှားနမူနာ ရယူခြင်းကို ရပ်လိုက်မည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ ရောဂါရှိမရှိ ညွှန်ပြသည့် လုပ်ငန်းများမှတစ်ဆင့် ရောဂါပိုးမွှားနမူနာများကို ဆက်လက်ရယူသွားပါမည်။ ထို့အပြင် ကျွန်ုပ်တို့အနေနှင့် စောင့်ကြည့်ကြည့်ရှုမှုဆေးခန်းများကို ထပ်၍ ဖွင့်လှစ်သွားမည် ဖြစ်သည်။ RCGP RSC ၏ ရောဂါပိုးမွှားဗေဒဆိုင်ရာ ဆေးခန်းများသည် RCGP RSC ရောဂါဖြစ်ပွားမှုပြ ကွန်ရက်အနှံ့မှ တစ်ပတ်လျှင် အသက်အရွယ်စုံမှ နမူနာများကို စုဆောင်းခြင်း၊ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ 200-300 အထိ ရယူရန် ရည်ရွယ်ပါမည်။ တုပ်ကွေးရောဂါပိုးမွှားဆိုင်ရာ စောင့်ကြည့်ခြင်း(ILI၊ ပြင်းထန် ချောင်းဆိုးရင်ကျပ်ရောဂါ/အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း) အတွက် ပါဝင်မှုစံနှုန်းအပြင် ပါဝင်သည့် လုပ်ငန်းစဉ်များအရ 7 ရက်အတွင်း ရောဂါလက္ခဏာအစပျိုးပါက ပြင်းထန်သော LRTI ရောဂါလက္ခဏာများပြသနေသူများထံမှ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရယူမည်ဖြစ်ပါသည်။ RCGP RSC စူးစမ်းလေ့လာရေးအရာရှိများနှင့် ကျွမ်းကျင်သော ဆက်သွယ်ဆက်ဆံရေးဝန်ထမ်းများသည် တစ်ပတ်လျှင် အမျိုးသားဆိုင်ရာနမူနာစုစုပေါင်း 200-300 ကိုရယူနိုင်ရန် အလုပ်ရုံများကို စီမံခန့်ခွဲပါလိမ့်မည်။ PHE နမူနာပုံစံများတွင် နမူနာများပို၍လိုအပ်ပါက ၎င်းကို တိုးမြှင့်၍ရနိုင်ပါသည်။ လက်တွေ့လုပ်ဆောင်ချက်အသီးသီးမှ ရယူထားသည့် နမူနာများတွင် အောက်ပါအသက်အုပ်စုများ ပါဝင်သည်- & lt; 5 နှစ်၊ 5-17 နှစ်၊ 18-64 နှစ်နှင့် 65 နှစ်နှင့် အထက်။ စုဆောင်းရရှိသည့် (နှာခေါင်း၊ အာခေါင်တို့ဖတ်များ သို့မဟုတ် သွေးရည်ကြည်) နမူနာများကို ဓာတ်ခွဲစမ်းသပ်ရန်အတွက် ၎င်းတို့ကို လိပ်မူထားသည့် ပို့ခပေးချေပြီးသော စာအိတ်များထဲတွင် ထည့်၍ သင့်လျော်ရာ PHE ဓာတ်ခွဲခန်းသို့ ပေးပို့သွားပါမည်။ စုစည်းထားသောနမူနာများအားလုံးကို တုပ်ကွေးရောဂါနှင့် COVID-19 ရှိနေခြင်း ရှိ မရှိအတွက် စစ်ဆေးစမ်းသပ်ပါမည်။ ထို့အပြင် COVID-19 အတွက် 2020 ပြည့်နှစ် ဖေဖော်ဝါရီလ အစောပိုင်းနှင့် အလယ်ပိုင်းတို့တွင် PHE သည် စုဆောင်းထားဖူးသော တုပ်ကွေးရောဂါပိုးမွှားနမူနာများအား ပြန်လည်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဆေးခန်းများသည် COVID-19 အတွက် PHE လုပ်ထုံးလုပ်နည်းများကို လိုက်နာလိမ့်မည်ဖြစ်ပြီး ရောဂါကူးစက်နိုင်ခြေများသူများကို အလေးထားကာ ၎င်းတို့၏ အလေ့အထများအား ကိုယ်တိုင်လုပ်ဆောင်ခြင်းထက် ရောဂါထိန်းချုပ်မှုလမ်းကြောင်းအတိုင်း ဖော်ညွှန်းသွားသင့်သည်။ ကျန်ရှိနေသောခွဲစိတ်မှုများကိုတက်ရောက်ရန် ခွင့်ပြုထားသူများကို တိုက်ရိုက်စမ်းသပ်ထားသော်လည်း ကျွန်ုပ်တို့သည် အိမ်တွင် ကိုယ်တိုင်နမူနာယူခြင်းကိုလည်း လုပ်ဆောင်ပါမည်။ လုပ်ငန်းစဉ်များ၏ အကျဉ်းကို မာလ်တီမီဒီယာ နောက်ဆက်တွဲ 3 တွင် ဖော်ပြထားသည်။ GP များထံသို့ ဆက်သွယ်လာသည့် (ဥပမာ - ဖုန်းများမှတစ်ဆင့် ရက်ချိန်းတောင်းဆိုခြင်း) ILI သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ နာမကျန်းခံစားနေရသူတိုင်းကို တရုတ်နိုင်ငံနှင့် လက်ရှိ PHE အကြံပြုချက် ထုတ်ပြန်ထားသည့် နိုင်ငံများသို့ မကြာသေးမီက ခရီးသွားခြင်း သိုမ့ဟုတ် COVID-19 ကူးစက်ခံထားရသူများနှင့် ထိတွေ့မှုရှိမရှိတို့နှင့် ပတ်သက်၍ အထူးမေးမြန်းသင့်သည်။ ထိုစစ်ဆေးစုံစမ်းမှုများတွင် ပေါ့စတစ်ဖြစ်ပါက၊ လူနာအား ဆေးခန်းသို့မလာရောက်ရန် အကြံပြုမည်ဖြစ်ပြီး ၎င်းအစား PHE စီးဆင်းမှုစာရွက်ကိုလိုက်နာရန် အကြံပြုပါမည်။ တစ်ဦးချင်းအလိုက် ကုသမှု လုပ်ထုံးလုပ်နည်းအပေါ် မူတည်၍ ၎င်းသည် ဧည့်ခံကြိုဆိုရေးဝန်ထမ်း သို့မဟုတ် တိုက်ရိုက်ထိတွေ့ကုသ ဆရာဝန် ဖြစ်နိုင်ပါသည်။ ထိုခေါ်ဆိုမှုများကို GP CMR စနစ်အတွင်းသို့ ထည့်သွင်းသင့်ကာ RCGP RSC အပတ်စဉ်ပြန်လည်ပေးပို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတင်းပို့နိုင်ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါ ကုဒ်နံပါတ်တပ်သည့် နည်းလမ်း (မာတီမီဒီယာ (Multimedia) နောက်ဆက်တွဲ 4) ကို အထောက်အကူဖြစ်စေရန် လေ့ကျင့်ရေးပစ္စည်းများကိုလည်း ဖန်တီးခဲ့ပြီးဖြစ်ပါသည်။ အောက်ပါတို့အတွက် သဲလွန်စကဒ်များ ပါဝင်သည်- အရေးကြီးသောနေရာများသို့ သွားရောက်ခဲ့ဖူးသည့် ခရီးသွားရာဇဝင်ရှိပြီး ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိသည့် လူနာများ ဆေးခန်းလာပြရာတွင် PHE အကြံပြုချက်ပေါ်အခြေခံ၍ ကုဒ်နံပါတ်ရေးသွင်းရန် ဆေးခန်း စာရေး သို့မဟုတ် အရေးကြီးလူနာ ခွဲခြားသတ်မှတ်သည့် သူနာပြုများကို လေ့ကျင့်ပေးပါ ကုဒ်နံပါတ်တပ်သော စီမံခန့်ခွဲရေးဝန်ထမ်းများ သို့မဟုတ် ဆရာဝန်များ- Negative ရလဒ်များကို ဖယ်ထုတ်ရန်အတွက် ကုဒ်နံပါတ်တပ်ခြင်းအပါအဝင် သံသယရှိသော လူနာမှန်သမျှ၏ ရလဒ်များကို တစ်သမတ်တည်း ကိုက်ညီမှုရှိစွာ ကုဒ်နံပါတ်တပ်ဖို့ တိုက်တွန်းရန် ရောဂါပိုးမွှားဆိုင်ရာ စောင့်ကြည့်မှုတွင် ပါဝင်သည့် လုပ်ငန်းများအရ ပုံမှန်သွေးစစ်ရန်အတွက် လာရောက်သည့် လူနာများထံမှ သွေးနမူနာများကို အခွင့်သင့်သလို စုဆောင်းရယူမည် ဖြစ်ပါသည်။ ပုံမှန်သွေးစစ်မှု ဆောင်ရွက်ရန် ၎င်းတို့၏ ဆေးခန်းများသို့ လာရောက်ကြသည့် လူနာများကို သွေးရည်ကြည် စစ်ဆေးမှုအတွက် ထပ်ဆောင်းနမူနာ ပံ့ပိုးပေးပါရန် တောင်းဆိုသွားမည်။ ကျွန်ုပ်တို့အနေဖြင့် သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှား (FBC) စစ်ဆေးမှုရလဒ်အရေအတွက်နှင့် အရွယ်ရောက်ပြီးသူများနှင့် ကလေးများ၏ ယေဘုယျနှုန်းထားများ ကြည့်ရှုရန်အတွက် RCGP RSC ဒေတာအချက်အလက်များအတွင်း ကနဦးရှာဖွေမှုများကို လုပ်ဆောင်ခဲ့သည် (ပုံ 6--9).9)။ FBC သည် အများဆုံးလုပ်ဆောင်လေ့ရှိသော စစ်ဆေးမှုများမှ တစ်ခုဖြစ်ပြီး ၎င်းသည် ပြုလုပ်ထားသည့် သွေးစစ်ချက်အရေအတွက်အားလုံး၏ ခန့်မှန်းခြေကို ခြုံငုံဖော်ပြပေးနိုင်မည်ဟု မျှော်လင့်သည်။ လူနာဦးရေ 100,000 တွင် နမူနာယူသည့်နှုန်းသည် အသက် 15-17 နှစ်အတွင်း ကလေးများနှင့် 60 နှစ်နှင့် အထက် လူကြီးများတွင် အများဆုံးဖြစ်ပြီး 0-4 နှစ်ရှိ ကလေးငယ်များနှင့် 18-29 နှစ်ရှိ အရွယ်ရောက်ပြီးသူများတွင် အနည်းဆုံးဖြစ်သည် (ပုံ 6--99)။ အသက်အရွယ်အလိုက် စမ်းသပ်စစ်ဆေးမှု ပြောင်းလဲနှုန်းများကို ထင်ဟပ်သည့် အသက်အရွယ်စုံတို့၏ အခြေခံသွေးရည်ကြည် နမူနာ 1000 ကို ကျွန်ုပ်တို့ ပံ့ပိုးပေးသွားမည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ထုတ်ပေးမှုကိုလုပ်ဆောင်နိုင်ရန် ပိုးမွှားဗေဒဆိုင်ရာဆေးခန်းများအားလုံးထံမှ ၎င်းတို့ကိုရယူနိုင်ပါက စမ်းသပ်သွားပါမည်။ ကောင်းမွန်သော နေရာဒေသဖြန့်ကြက်မှုသည် အရေးကြီးပါသည်။ သို့မှသာ PHE အနေဖြင့် မည်သည့်နေရာဒေသများတွင် သွေးရည်ကြည်စစ်ဆေးချက်များကို အကောင်းဆုံး အကျိုးရှိရှိ ရယူနိုင်သည်ကို အကြံပြုပေးနိုင်မည်ဖြစ်သည်။ ယင်းကို လစဉ် နမူနာ 800 ရယူအပြီးတွင် လုပ်ဆောင်မည်ဖြစ်သည်။ ဤနမူနာရယူခြင်းကို အောက်ပါ အသယ်အရွယ်အုပ်စုများ - 5 နှစ်အောက်၊ 5-17 နှစ်ကြား၊ 18-64 နှစ်ကြားနှင့် 65 နှစ်နှင့် အထက် တို့တွင် ကပ်ရောဂါအကြိုစစ်တမ်း (လစဉ် 100) အတွက် နမူနာ 200 တို့နှင့် အသက်ရွယ်အသီးသီးအလိုက် ရယူသွားမည်။ ကုသမှုလုပ်ငန်းတော်တော်များများတွင် ငယ်ရွယ်သော လူနာများဖြစ်သည့်14 နှစ်အောက် လူနာများနှင့် 8 နှစ်အောက် ကလေးငယ် အားလုံးနီးပါးအား ကလေးသူငယ်ဆိုင်ရာ သွေးရည်ကြည် စောင့်ကြည့်စစ်ဆေးမှု ပြုရန် လိုအပ်သည်။ မကြာသေးမီက ခရီးသွားမှုနှင့် COVID-19 ထိတွေ့မှုကို သိရှိနိုင်ရန် အလေ့အထများအတွက် တောင်းဆိုမှုအသစ်ကို ကျွန်ုပ်တို့ ဖန်တီးရေးသားသွားပါသည်။ ပြင်းထန်သော ဗိုင်းရပ်စ်ကူးစက်သည့် လူနာများမှ နာလန်ထ သွေးရည်ကြည် စုဆောင်းခြင်း စီမံချက်ကို ကျွန်ုပ်တို့က ကနဦးစမ်းသပ် လုပ်ဆောင်သွားမည်။ ဤအရာသည် နေပြန်ကောင်းလာသော်လည်း ဗိုင်းရပ်စ်ပိုး ထုတ်လွှတ်ကူးစက်နိုင်သေးသည့် လူနာများတွင် ပိုးသယ်ဆောင်နိုင်ခြေကို ဖော်ထုတ်ရန် ဖြစ်သည်။ ဖြစ်စဉ်အရေအတွက်အနည်းငယ်ရှိပါက၊ ၎င်းသည် ၎င်းတို့၏ကိုယ်ပိုင် GP ကိုရယူကာ လူနာများတွင် ၎င်း၏လက်ခံနိုင်စွမ်းကို စူးစမ်းရန် လူနာများအတွက် test kit တစ်ခုကို အကောင်အထည်ဖော်ရာတွင် ကူညီပေးနိုင်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် COVID-19 ရောဂါဖြစ်ပွားမှုပမာဏ ကြီးထွားနေပါက RCGP RSC ကျန်းမာရေးလုပ်ငန်းများအနေဖြင့် ဆေးမှတ်တမ်းအပြည့်အစုံနှင့် ချိတ်ဆက်နိုင်မှုကို အသုံးချ၍ အတည်ပြုလူနာများအတွက် ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏ သွေးနမူနာများကို စုဆောင်းရယူနိုင်ပါသည်။ ဤလုပ်ငန်းစဉ်တွင် RCGP RSC ဆေးခန်းများရှိ ပိုးတွေ့လူနာတစ်ဦးချင်းအတွက် အမည်ဝှက် NHS နံပါတ်များကို စစ်ဆေးခြင်း၊ အတည်ပြုလူနာများအတွက် ကူးစက်နိုင်မှုကို ထည့်စဉ်းစားရေးများနှင့် ပတ်သက်သော လက်ရှိ PHE လမ်းညွှန်ချက်ကို စစ်ဆေးခြင်းနှင့် ယခင် ဖော်ပြထားသည့် လုပ်ငန်းစဉ်ကို လိုက်နာခြင်းဖြင့် လူနာအား ရက်ချိန်းစီစဉ်ပေးခြင်းတို့ ပါဝင်နိုင်သည်။ ယင်းကို ကွန်ရက်မှတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဂရုတစိုက်ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပြီး PHE အနေဖြင့် လူတစ်ဦးချင်းစီကို ဌာနပေါင်းစုံမှ ဆက်သွယ်ခြင်းမပြုလုပ်ရန် သေချာစစ်ဆေးဆောင်ရွက်ရမည်။ PHE ကတောင်းဆိုမှု ပြုလုပ်ပြီးသည်နှင့် ကနဦး ထိတွေ့မှုကို ရှာတွေ့နိုင်စေရန် အသုံးဝင်သော လုပ်ကိုင်ပုံကို RCGP RSC က ပံ့ပိုးပေးသွားပါမည်။ နှစ်စဉ်တုပ်ကွေးရောဂါပိုးမွှား စောင့်ကြည့်စစ်ဆေးရေးတွင် ပါဝင်သော RCGP RSC လုပ်ငန်းများဖြင့် LRTI ရောဂါလက္ခဏာများ ပြသနေသော လူနာများထံမှ နမူနာယူခြင်းကို စတင်ပြုလုပ်ခဲ့သည်။ လက်ခံရရှိသောနမူနာများအားလုံးကို တုပ်ကွေးရောဂါနှင့် COVID-19 အတွက် စစ်ဆေးထားပါသည်။ RCGP RSC သည် ရောဂါပိုးမွှားဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများအား တိုးချဲ့လုပ်ဆောင်ခြင်းဖြင့် COVID-19 ကူးစက်ခံရပြီး သက်သာပျောက်ကင်းသည်ဟု စမ်းသပ်တွေ့ရှိရသော လူနာများထံမှ သွေးနမူနာများအား စုဆောင်းရန်အတွက် နည်းလမ်းများကို ရှာဖွေမည်ဖြစ်သည်။ နောက်ပိုင်း လေ့လာမှုများအတွက် ဒေတာကို အသုံးပြုနိုင်စေရန် ဒေတာစုဆောင်းမှုကို လုပ်ငန်းစတင်ချိန်ကတည်းက သတိထား၍ ပြုလုပ်သွားပါမည်။ ကျွန်ုပ်တို့၏ ဆေးဖက်ဆိုင်ရာအချက်အလက်များကို ပိုးမွှားဗေဒဌာနဖြင့် ချိတ်ဆက်ထားမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ရှာဖွေနိုင်မှု၊ သုံးစွဲနိုင်မှု၊ အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်မှု၊ ပြန်လည်အသုံးပြုနိုင်မှု ဥပဒေသများကို အသုံးပြု၍ ကျွန်ုပ်တို့၏ အချက်အလက်များကို ရွေးချယ်ဖော်ပြပါမည်။ ဤအချက်ကို လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ အချက်အလက်စုစည်းချက်ကို ကျန်းမာရေးဆိုင်ရာ အချက်အလက် သုတေသန ယူကေနှင့် ဥရောပ ကျန်းမာရေးဆိုင်ရာ အချက်အလက်အထောက်အထား ကွန်ရက်တို့နှင့် ချိတ်ဆက်ပြီး စာရင်းပြုစုထားသည်။ ကိန်းဂဏန်းဆိုင်ရာနည်းလမ်းသည် ပြန့်ပွားလာသော ရောဂါဖြစ်ပွားမှုကို ချဉ်းကပ်ရေးမူဝါဒအား ပံ့ပိုးပေးကာ၊ ရောဂါဖိနှိပ်မှုကိုထုတ်လုပ်ပေးရန်အတွက် ထွက်ပေါ်လာသောကပ်ရောဂါကိုတုံ့ပြန်ရန် ဆေးဖော်စပ်မှုနှင့်မဆိုင်သော ကြားဝင်မှုများ (NPIs) ဟုခေါ်ဆိုသည့်အရာများကို အသုံးပြုထားပါသည်။ ဤမူဝါဒသည် လူများတွင် ထိတွေ့ဆက်ဆံမှုနှုန်းထားကို လျှော့ချကာ ဗိုင်းရပ်စ်ကူးပြောင်းပျံ့ပွားမှုကို လျှော့ချရန် ရည်ရွယ်ပါသည်။ ၎င်းကိုအကောင်အထည်ဖော်ရန် UK အစိုးရသည် လတ်တလောတွင် လူများကို ကိုယ်တိုင် သီးခြားနေစေခြင်းလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်လိုသောဆန္ဒအား ထုတ်ဖော်ပြောဆိုထားပါသည်။ မူဝါဒသည် မျိုးပွားမှုအရေအတွက် (R) (ဖြစ်စဉ်တစ်ခုစီကြောင့် ဖြစ်ပေါ်လာသော ပျမ်းမျှ ဆင့်ပွားဖြစ်စဉ်အရေအတွက်) ကိုပစ်မှတ်ထားကာ R ကို 1 အောက်သို့လျှော့ချရန် ရည်ရွယ်ခြင်းဖြင့်၊ လူလူချင်းကူးပြောင်းပျံ့ပွားမှုကို ရှင်းလင်းရန် သို့မဟုတ် (ပြင်းထန်သော စိုးရိမ်ဖွယ်ရာဖြစ်သည့် အသက်ရှုလမ်းကြောင်းရောဂါနှင့် အီဘိုလာတို့နှင့်ပတ်သက်သော ယခင်ကဖြစ်ပွားခဲ့မှုများတွင် မြင်တွေ့ရသည့်အတိုင်း) အဆင့်များကိုလျှော့ချရန်အတွက် ဖြစ်စဉ်အရေအတွက်ကိုလျှော့ချရန် ရှာဖွေနေပါသည်။ 2009 H1N1 ကပ်ရောဂါအတွေ့အကြုံတွင် ပြသထားသကဲ့သို့၊ NPIs သည် ကပ်ရောဂါလျော့ပါးစေမှု၏ အရေးပါသောအစိတ်အပိုင်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏လေ့လာမှုကိုအာရုံစိုက်ခြင်း၏ အဓိကအချက်မှာ လူများတွင် အမြင့်မားဆုံးသောဖြစ်စဉ်များကို ခန့်မှန်းခြင်းနှင့် ခပ်ခွာခွာနေခြင်းလုပ်ဆောင်ချက်များကို စိတ်အေးလက်အေးလုပ်နေသောကြောင့် ဖြစ်စဉ်အသစ်များတွင် ဖြစ်နိုင်ချေရှိသော တိုးပွားလာမှုနှင့် နောက်ဆက်တွဲမြင့်တက်လာမှုများအတွက် ဒေတာများကို စုစည်းကာ နမူနာပုံစံလုပ်ခြင်းဖြင့် အဆက်မပြတ် စောင့်ကြည့်နေခြင်းတို့ ဖြစ်ပါလိမ့်မည်။ တရုတ်ပြည်မကြီးတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် စပ်လျဉ်းသော ကပ်ရောဂါဆိုင်ရာ အရေးကြီးစီမံချက်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါ၏ ပြောင်းလဲမှုတွင် အခြေခံကျသည့် နောက်ထပ် အတိုင်းအတာတစ်ခုမှာ လူတစ်ဦး ကူးစက်ခံရသည့်အချိန်မှ ၎င်းက အခြားသူများကို ပြန်ကူးစက်နိုင်သည့် အချိန်ကြား ကာလနှင့် ကူးစက်မှု ပျမ်းမျှကြာချိန်တို့ ဖြစ်ကြသည်။ တိတိကျကျသာ ခန့်မှန်းတွက်ချက်နိုင်မည်ဆိုလျှင် ဤအချက်များဖြင့် ကပ်ရောဂါ၏ ဖြစ်ပွားနိုင်ခြေရှိသည့် ကြာမြင့်ချိန်နှင့် ‌အဆုံးသတ် ကူးစက်ခံရသူအရေအတွက်တို့ကို ကောင်းစွာခန့်မှန်းတွက်ချက်နိုင်လိမ့်မည်ဖြစ်သည်။ သံသယရှိသော-ကူးစက်ထားသော-ပြန်လည်ကူးစက်နိုင်သော-ပျောက်ကင်းသွားသော (SEIR) ကျပန်းတွက်ချက်သော ကမ္ဘာ့ကပ်ရောဂါ ဖြစ်နိုင်ခြေနမူနာပုံစံများတွင် မှန်းရ Bayesian ကောက်ချက် (ABC) (ဖြစ်နိုင်ခြေအနေအထားအရ သောင်းပြောင်းထွေလာရောနှေမှု) ကို အသုံးချလိုပါသည်။ ယင်းနည်းလမ်းများမှာ နှိုင်းယှဉ်ရ လွယ်သောကြောင့် ရောဂါ ကူးစက်မှု ပုံစံဖော်ခြင်း အပါအဝင် နယ်ပယ်များစွာတွင် အောင်မြင်စွာ အသုံးချလျက်ရှိသည်။ ၎င်းတို့သည် လုပ်ဆောင်ရဖွယ် ဆောင်ရွက်ချက်များ မရှိသော အခြေအနေနှင့် Markov chain Monte Carlo ကဲ့သို့သော ပို၍သမရိုးကျဖြစ်သော နည်းလမ်းများက လက်တွေ့အသုံးမဝင်သည့် အခြေအနေများတွင် အထူးသဖြင့် သင့်တော်သည်။ ဤကဲ့သို့သော ချဉ်းကပ်နည်းက ASPREN က စောင့်ကြပ်ကြည့်ရှုမှု ဒေတာများ၊ စောင့်ကြည့်ရေး GP များ ကွန်ရက်၊ ILIs နှင့် အခြားအခြေအနေများပေါ်တွင် ရောနှောထားသည့် အချက်အလက်များကို အစီရင်ခံသည့် သူနာပြု ခန့်မှန်းချက်များ ကွန်ရက်တို့ အတွက် ထိရောက်စွာ အလုပ်ဖြစ်ကြောင်း လက်တွေ့ပြသခဲ့သည့်။ ဤနေရာတွင် ပျောက်ဆုံးနေသော ဒေတာများနှင့် စောင့်ကြည့်မှုလုပ်ငန်းစဉ်ကို ပုံဖော်ရန်လိုအပ်သည့် လိုအပ်ချက်တို့ ကဲ့သို့သော ဖြစ်ရပ်များကို အောင်မြင်စွာ ဖော်ထုတ်ဖြေရှင်းပြီးဖြစ်သည်။ ထို့အပြင် အသစ်ကူးစက်သူများ တိုးပွားလာခြင်းအား ဖြန့်ကျက်သော နည်းလမ်းဖြင့် ခန့်မှန်းတွက်ချက်ခဲ့သည်။ SEIR မော်ဒယ်၏ ကန့်သတ်ဘောင်များ ခန့်မှန်းခြေမှာ နှိုင်းယှဉ်နိုင်မှုကြောင့် ဒေတာ ပမာဏများစွာအပေါ် ခြေရာခံနိုင်ပြီး အဆိုပါ နည်းလမ်းများကို R library များစွာတွင် အကောင်အထည်ဖော် သုံးစွဲခဲ့ပြီးဖြစ်သည်။ ကပ်ရောဂါ ပမာဏများကို အပတ်စဉ် တိုင်းတာနိုင်ရန် ABSEIR library များ (GitHub: https://tinyurl.com/vqu35cj တွင် ထည့်သွင်းထားသည်) နှင့် abctools (https://tinyurl.com/tfjavz4) တို့ကို ကျွန်ုပ်တို့ အသုံးပြုရန် ရည်ရွယ်သည်။ ကျွန်ုပ်တို့အနေဖြင့် ABC ပုံမှန်လုပ်ငန်းစဉ်တွင် SIR-ကပ်ရောဂါ ပုံစံငယ်တစ်ခုကို ထည့်သွင်းမည်ဖြစ်ရာ အရေအတွက် အနည်းငယ်သာ ပါဝင်သည့် အပတ်စဉ် ကူးစက်မှု အချက်အလက်များနှင့်စာလျှင် ကျွန်ုပ်တို့၏ ရလဒ်များက တိကျခိုင်မာမှုရှိမည်ဖြစ်ကြောင်း မျှော်လင့်ပါသည်။ ဥပမာ၊ 1967 မှစခဲ့သော Tristan da Cunha သာမန် အအေးမိခြင်းတွင် အသုံးပြုခဲ့သည့် ABC နည်းပညာကို ကြည့်ပါ၊ ယင်းတွင် I အရေအတွက် (ကူးစက်နိုင်သော ပိုးတွေ့လူနာများ ဦးရေ) နှင့် R (ပြန်ကောင်းလာသော လူနာများ) အရေအတွက်မှာ အများဆုံး တစ်ဆယ်စီ ဖြစ်ကြသည်။ အဆုံးသတ်တွင်၊ အထက်ပါနည်းလမ်းများအပြင်၊ ကျွန်ုပ်တို့သည် ကူးစက်ခံရသူ၏ သေဆုံးနိုင်မှုအချိုးကို ခန့်မှန်းရန် ရလဒ်နှစ်ခု (သေဆုံးမှုနှင့် ပြန်ကောင်းလာမှု) ပါရှိသော Kaplan-Meier နည်းလမ်းကို အသုံးပြုပါမည်။ ဤလုပ်ဆောင်မှုနည်းလမ်းသည် ABC နည်းလမ်းနှင့် သီးခြားဖြစ်ပြီး ရလဒ်များ၏ တိကျခိုင်လုံမှုကို စစ်ဆေးရန်အတွက် ပုံစံငယ် ပြုလုပ်မှု နည်းလမ်းနှစ်မျိုးမှ ခန့်မှန်းချက်များကို နှိုင်းယှဉ်ခွင့်ပြုမည်ဖြစ်သည်။ PHE ပါဝင်သော RCGP RSC ၏စောင့်ကြည့်မှုအား 2002 ကျန်းမာရေးဝန်ဆောင်မှု (လူနာ၏သတင်းအချက်အလက်များကိုထိန်းချုပ်ထားမှု) စည်းမျဉ်းများ၏ စည်းမျဉ်း 3 အရ ကျန်းမာရေးဆိုင်ရာကာကွယ်မှုအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ၎င်းကို PHE ၏ Caldicott Guardian ၏ ဌာနက အတည်ပြုခဲ့သည်။ ဤစောင့်ကြပ်ကြည့်ရှုမှုတွင် ပါဝင်သည့် ဆေးခန်းများ သို့မဟုတ် ကုသပေးသူများအတွက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် တိုးမြင့်လာမှု တစ်ခုခုကို မတွေ့ရပါ။ ရောဂါကူးစက်မှု တားဆီးရေးနှင့် ထိန်းချုပ်ရေး အကြံဉာဏ်သည် တည်ဆဲ နိုင်ငံတော် လမ်းညွှန်ချက်ကို လိုက်နာပါမည်။ စစ်ဆေးတွေ့ရှိထားသည့်မည်သည့်ဖြစ်စဉ်ကိုမဆို စစ်ဆေးတွေ့ရှိထားသည့် ထိတွေ့မှုများအတွက် အကြံပြုချက်အပါအဝင် အချိန်နှင့်အမျှ တွန်းအားပေးထားသော PHE/NHS လမ်းညွှန်ချက်အရ စီမံခန့်ခွဲပါမည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့၏ လေ့ကျင့်သင်ကြားပေးမှုတွင် နမူနာများကို ဘေးကင်းစွာကိုင်တွယ်ခြင်းအကြောင်း အသိပေးချက်များနှင့် ကျွန်ုပ်တို့၏ ရောဂါစစ်ဆေးကုသမှု လုပ်ငန်းများတွင် အဆင့်မြင့်လာမည်ဟု မျှော်မှန်းထားသည့် ကူးစက်ရောဂါ ထိန်းချုပ်ရေးစီမံချက်များအကြောင်း ပြန်လည်သုံးသပ်မှုများ ပါဝင်မည်ဖြစ်ပါသည်။ ၎င်းသည် စောင့်ရှောက်ကုသမှုအရည်အသွေးကော်မရှင်မှ အချိန်အပိုင်းအခြားအလိုက်စုံစမ်းစစ်ဆေးသော ဘေးကင်းရေးစောင့်ရှောက်မှုနှင့် ကုသမှုနှင့်ပတ်သက်သည့် စည်းမျဉ်း 12 ၏ အဓိကအပိုင်းဖြစ်ပါသည်။ ခရီးသွားမှတ်တမ်းနှင့် COVID-19 ကူးစက်မှုများ၏ ဆေးပညာဖော်ပြချက်များ CMR စနစ်အားလုံးတွင် COVID-19 အတွက် အသုံးပြုနိုင်ရန် ပြုလုပ်ထားသည့် ဆေးဖက်ဆိုင်ရာ ကုဒ်နံပါတ်ရေးသွင်းခြင်းနှင့် ပတ်သက်၍ RCGP RSC လုပ်ငန်းများကို အကြံပြုထားပါသည်။ ၎င်းတွင် ဆေးဖက်ဆိုင်ရာ မှတ်တမ်းများ (ဇယား 4) ၏ ကုဒ်ရေးသွင်းခြင်းနှင့် ဆိုင်သော အချက်အလက်များနှင့် လတ်တလော ခရီးသွားလာမှု ရာဇဝင်များ ပါဝင်ပါသည်။ ထပ်တိုး ရောဂါပိုးမွှားဗေဒ နမူနာယူရေး စတင်ဆောင်ရွက်မှု နှစ်စဉ်တုပ်ကွေးရောဂါဆိုင်ရာ ပိုးမွားဗေဒစောင့်ကြည့်မှုတွင်ပါဝင်သော RCGP RSC ဆေးခန်းများသည် LRTI ရောဂါလက္ခဏာများပြသနေသော လူနာများထံမှ နမူနာများဖြင့် စတင်လိုက်ပါသည်။ လက်ခံရရှိသောနမူနာများအားလုံးကို တုပ်ကွေးရောဂါနှင့် COVID-19 အတွက် စစ်ဆေးထားပါသည်။ ဤသို့အားဖြင့် အသက်အန္တရာယ်ထိခိုက်နိုင်မှုနည်းသည့် လူနာများတွင် ကူးစက်မှု နောက်ကြောင်းရာဇဝင်ကို အစောပိုင်းကတည်းက ဆောလျင်စွာ စိစစ်ဖော်ထုတ်နိုင်စေခဲ့သည်။ 2020 ခုနှစ်၊ မတ်လ 7 ရက်တွင်၊ စောင့်ကြည့်ရေးစနစ်သည် ထပ်တိုးထားသော ပိုးမွှားဗေဒဆိုင်ရာနမူနာမှတဆင့် ခရီးသွားမှတ်တမ်းမရှိသော အန္တရာယ်လျော့ပါးသည့်လူနာများတွင် COVID-19 ဖြစ်ပွားမှုဖြစ်စဉ် 2 ခုကို စုံစမ်းသိရှိခဲ့ပါသည်။ ရပ်ရွာဒေသတွင်း မမျှော်လင့်ထားသော COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုကို စောင့်ကြည့်ရန် အမျိုးသားအဆင့်တုပ်ကွေးရောဂါ စောင့်ကြည့်မှု စနစ်တစ်ခုအား ချိန်ညှိလုပ်ဆောင်ထားပုံကို ဤလုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည်။ ကျွန်ုပ်တို့အနေဖြင့် အချက်အလက်များကို မှတ်တမ်းတင်နိုင်ရန်အတွက် ကုဒ်အသစ်များ အလျင်အမြန် ဖန်တီးထည့်သွင်းခဲ့ပြီး ရောဂါထိန်းချုပ်ရေး မဟာဗျူဟာများ၏ ထိရောက်မှုကို စောင့်ကြည့်နိုင်ရန်အတွက် အချက်အလက်များကို စုဆောင်းနေပါသည်။ ဤစောင့်ကြပ်ကြည့်ရှုမှုမှတစ်ဆင့် ပြင်ပလူနာစောင့်ရှောက်ရေးစင်တာတွင် COVID-19 ကူးစက်မှုကာကွယ်ရေးနှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များကို ကျွန်ုပ်တို့ ရှာဖွေလိုပါသည်။ အထူးသဖြင့် အချိန်နင့် နယ်မြေအလိုက် ၎င်း၏ ကူးစက်မှုနှုန်းကို သိလိုပါသည်။ အန္တရာယ်နည်းသူများကို စမ်းသပ်မှုက အန္တရာယ်များသူများအတွက် ရောဂါပိုးမွှားဗေဒ စစ်ဆေးမှုအပေါ် အခြေခံသော ထိန်းချုပ်ရေးဗျူဟာနှင့် ၎င်းတို့၏ ထိတွေ့မှုအပြင် ကိုယ်တိုင်ခွဲနေခြင်းက ထိရောက်မှု ရှိမရှိကို သိနိုင်စေပါသည်။ ရောဂါထိန်းချုပ်ရေးက ကူးစက်မှုကို နှေးကွေးနိုင်စေပြီး အထူးကြပ်မတ် စောင့်ကြပ်ကြည်ရှုမှုကြောင့် ကူးစက်မှု ထိန်းချုပ်မှုတွင် အသာစီးရရှိခဲ့သည်။ သို့သော် အီတလီတွင် ဖြစ်ပွားခဲ့သလို လူအများအပြားထံ ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်နိုင်သည့် အခြေအနေတစ်ရပ်သို့လည်း ‌ရောက်လာနိုင်ပါသည်။ ဤထိပ်ဆုံးအမှတ်သို့ ရောက်မည့်အချိန်နှင့် ကူးစက်နှုန်းများ လျော့လာနိုင်ချိန်တွင် အန္တရာယ်နည်းသော လူနာများကို စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်သင့်သည်။ COVID-19 ၏ ကူးစက်မှုကာကွယ်ရေးကို အရေးပေါ်ဆက်လက် လုပ်ဆောင်ရမည်။ UK ကနဦးစောင့်ရှောက်ကုသမှု၏ စာရင်းသွင်းမှုကိုအခြေခံသောသဘောသဘာဝသည် ကျွန်ုပ်တို့အနေဖြင့် စုပုံလာသောဖြစ်ရပ်များနှင့် ကြာချိန်၏ ပြည့်စုံသောပုံစံကို ဖန်တီးနိုင်မည်ဖြစ်သည်ဟု ဆိုလိုပါသည်။ စောင့်ကြပ်ကြည့်ရှုမှုစနစ်သည် ဗိုင်းရပ်စ်ဆန့်ကျင် ကုထုံး စမ်းသပ်မှုများအတွက် သင့်လျော်နိုင်သည့် COVID-19 ကူးစက်မှုဖြစ်ပွားရာ ‌ဒေသများကို ရှာ‌‌ဖွေပေးနိုင်သင့်ပါသည်။ အဆိုပါ ဆေးဝါးများ သို့မဟုတ် ကာကွယ်ဆေးများ၏ ထိရောက်မှု သို့မဟုတ် ဆိုးကျိုးဖြစ်သော ဓာတ်ပြုမှုများကိုလည်း နောက်ဆက်တွဲ လေ့လာပါမည်။ နောက်ဆုံးအနေဖြင့် COVID-19 အတည်ပြုလူနာများကို ဆောလျင်စွာ တွေ့ရှိမှုသည် နိုင်ငံတော် ကွန်ရက်တွင်း ဤအရှိန်မြင့်ထားသည့် စောင့်ကြပ်ကြည့်ရှမှု၏ မြန်ဆန်သော အကောင်အထည်ဖော်ဆောင်နိုင်မှုကို နမူနာပြသခဲ့သည်။ ဆေးခန်းများ၏ ဘေးကင်းရေးမှာ ကျွန်ုပ်တို့၏ အဓိက စိုးရိမ်မှုဖြစ်သည်။ RCGP RSC သည် နှစ်ပေါင်း 50 ကျော် လည်ပတ်လုပ်ဆောင်နေခဲ့ကာ 1968/69 ဟောင်ကောင်တုပ်ကွေးကပ်ရောဂါ၊ 1977/78 ရုရှားတုပ်ကွေး၊ နှင့် 2009 ဝက်တုပ်ကွေးကပ်ရောဂါတို့မှနေ၍ ရောဂါနှင့် ကာကွယ်ဆေး၏ထိရောက်မှုကို စောင့်ကြည့်ရန် နမူနာများစုစည်းရယူခြင်းတွင် ပါဝင်ထားပါသည်။ စောင့်ကြည့်မှုတွင်ပါဝင်ခြင်းမှနေ၍ ကျွမ်းကျင်သောဝန်ထမ်း သို့မဟုတ် အခြားသောလူနာများတွင် အန္တရာယ်မြင့်တက်လာနိုင်ချေတစ်စုံတစ်ရာကို သတိမပြုမိပါ။ ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ပြင်ဆင်ရေးသည် RCGP RSC ၏ အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ RCGP RSC ရှိ အလေ့အထများနှင့် ဆက်စပ်သိရသည့် အချက်အလက်များအတွက် စည်းမျဉ်းတိုးမြှင့်ခြင်းက COVID-19 သံသရှိသူများ ဆေးရုံသို့ အမှုမှတ်အမှတ်မဲ့ ရောက်လာနိုင်ခြေကို လျှော့ချပေးပါမည်။ ကူးစက်သူများကို မမျှော်မှန်းနိုင်လောက်အောင် တွေ့ရှိခဲ့သည့်နေရာက အဆိုပါလူနာ၊ ၎င်းနှင့် ထိတွေ့ခဲ့သူများနှင့် ကုသမည့် ဆေးခန်းအတွက် အကူအညီ ဖြစ်နိုင်ပါသည်။ ကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပါက ဆရာဝန်များ၏ ကုသမှုလုပ်ငန်းပိုင်းတွင် ထိခိုက်မှုဖြစ်စေပြီး ဆေးခန်းကို သေချာစွာ ပိုးသတ်၊ သန့်ရှင်းမှုများ ပြုလုပ်ရန် တစ်ရက်ပိတ်ပြီးမှ ပြန်ဖွင့်ရပါသည်။ ကျွန်ုပ်တို့စနစ်၏ အဓိက ကန့်သတ်ချက်များသည် ဒေတာ ပွိုင့်များ၏ အရေအတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရောဂါရှာဖွေစစ်ဆေးသည့် နေရာ 100 မှ လူဦးရေ၏ အချိုးအစားအနည်းငယ်ကို လွှမ်းခြုံသည့် သွေးရည်ကြည် လေ့လာမှုနှင့် ရောဂါပိုးမွှားလေ့လာမှု အချက်အလက်များကို စုဆောင်းရယူနေပါသည်။ တုပ်ကွေးရောဂါကို စောင့်ကြည့်ခြင်းအတွက် စိတ်ကျေနပ်ဖွယ်ကောင်းလာခဲ့သော်လည်း ယင်းက COVID-19 ကူးစက်မှု စစ်ဆေးရန် လုံလောက်သည့် နမူနာရယူမှု ဖြစ်မဖြစ်ကို ကျွန်ုပ်တို့ သေချာမသိပါ။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်များ (စောင့်ကြည့်မှုလုပ်ငန်းများ) ကို လတ်တလော ပြုပြင်ပြီးဖြစ်၍ ထိုသို့လုပ်ဆောင်ခြင်းက ရောဂါဖြစ်ပွားမှုပိုမိုများပြားသော ဒေသများတွင် ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ရာတွင် အသုံးဝင်နိုင်ပါသည်။ လက်ရှိတွင် အပတ်စဉ် သတင်းပို့ပေးနေပါသည်။ ကျွန်ုပ်တို့တွင် ရှိနှင့်ပြီးသော စနစ်ကို တစ်ပတ်လျှင် နှစ်ကြိမ် အဆင့်မြှင့်တင်နိုင်ပါသည်၊ သို့သော် တစ်နေ့ချင်းအလိုက် သို့မဟုတ် နာရီအလိုက် ရရှိသည့် အချက်အလက်များက ကျွန်ုပ်တို့ လက်ရှိအသုံးပြုသင့်သည့် နည်းလမ်းတစ်ခု ဖြစ်သင့်ပါသည်။ ခြုံငုံကြည့်လျှင် ကလေးငယ်များတွင် သွေးဖောက်ယူ စစ်ဆေးမှုနှုန်း လျော့နည်းသဖြင့် 10 နှစ်အောက် ကလေးငယ်များတွင် ကနဦးသွေးရည်ကြည်နမူနာစစ်ဆေးမှုကို အကန့်အသတ်ထားကောင်းထားနိုင်ပါသည်။ ဖြစ်ပေါ်လာသည့် COVID-19 ကူးစက်မှုအတွက် RCGP RSC-PHE ကို အသုံးပြု၍ ထပ်တိုး စောင့်ကြပ်မှုကို မြန်ဆန်စွာ စတင်လုပ်ဆောင်လာခဲ့သည်။ ကုဒ်များ ဖန်တီးခဲ့သည့် အပတ်မှစ၍ အချက်အလက်များကို မှတ်တမ်းတင်ခြင်းနှင့်အတူ လိုအပ်သည့် အချက်အလက်များကို စုဆောင်းနိုင်ရန်အတွက် သင့်လျော်သည့် သတင်းအချက်အလက်စုဆောင်းထုတ်ယူမှု ရယူထားသည့် ပုံစံငယ်မှာ အောင်မြင်မှု ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင်၊ အပြိုင်နည်းလမ်းဖြင့် လူဦးရေစာရင်းကောက်ယူရန်အတွက် ရှိနေပြီးသော စောင့်ကြည့်မှုစနစ်ကို မွမ်းမံခြင်းမှာလည်း အကျိုးရှိနိုင်ပါသည်။ သို့ရာတွင်၊ ဒေသတွင်းဟန့်တားထိန်းချုပ်ရေးနည်းဗျူဟာများကို တွန်းအားပေးရန် ဤစောင့်ကြည့်မှုစကေးသည် လုံလောက်သောဒေတာများကို ဖြည့်ဆည်းပေးခြင်း ရှိ မရှိ မှာ လက်ရှိတွင် မသေချာပါ သို့မဟုတ် တစ်ခါတစ်ရံမှသတင်းပို့ခြင်းသည် ကျွန်ုပ်တို့၏သတင်းအချက်အလက်လိုအပ်ချက်များနှင့် ပြည့်မီခြင်း ရှိ မရှိမှာ လက်ရှိတွင် မသေချာပါ။ COVID-19 “သံသယလူနာ”နှင့် “အတည်ပြုလူနာ” များ၏ ရောဂါရှာဖွေမှု စံသတ်မှတ်ချက်ကို အဆင့်မြှင့်တင်ရန် လိုအပ်သည်။ 2020 ခုနှစ်၊ ဖေဖော်ဝါရီလ 6 ရက်တွင်၊ ကျွန်ုပ်တို့၏အဖွဲ့သည် 2019 နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါကူးစက်မှုကို ရောဂါစစ်ဆေးခြင်းနှင့် ကုသမှုအတွက် လျင်မြင်သောအကြံပြုလမ်းညွှန်ချက်ကို ထုတ်ဝေခဲ့ပြီး၊ ၎င်းလမ်းညွှန်ချက်တွင် ကျွန်ုပ်တို့၏အတွေ့အကြုံပါရှိကာ ဤ ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားနေသော ကပ်ရောဂါကို တွန်းလှန်တိုက်ခိုက်ခြင်းအတွက် ကောင်းမွန်သောကိုးကားမှုကို ပြုလုပ်ပေးပါသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 (COVID-19) သည် ရောဂါအသစ်ဖြစ်ပြီး လက်ရှိ သုတေသန တွေ့ရှိချက်များနှင့် ကုသမှုအလေ့အထ အတွေ့အကြုံတို့အပေါ် အခြေခံ၍ ကျွန်ုပ်တို့၏ သတိရှိမှုနှင့် သိနားလည်မှုက တဖြည်းဖြည့်း တိုးတက်လာပါသည်။ သို့ဖြစ်ပါ၍ ရောဂါစစ်ဆေးမှုနှင့် ကုသမှုအတွက် နည်းလမ်းများကိုလည်း စဉ်ဆက်မပြတ် ပြင်ဆင်မွမ်းမံထားပါသည်။ ဤစာတွင် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်နှင့် ပတ်သက်သော မှတ်ချက်တစ်ခုအား ဖြေကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မတီမှ ထုတ်ပြန်ခဲ့သည့် COVID -19 ရောဂါအတွက် နောက်ဆုံးပေါ်ရောဂါရှာဖွေခြင်းနှင့် ကုသမှုလမ်းညွှန်ချက်များ (ခုနှစ်ကြိမ်မြောက် တည်းဖြတ်ချက်) အရ “သံသယလူနာ” နှင့် “အတည်ပြုလူနာ” များ၏ ရောဂါရှာဖွေမှု စံနှုန်းသစ်ကို ဖော်ပြခဲ့သည်။ 2019 ခုနှစ် ဒီဇင်ဘာလတွင်၊ ယခုအခါ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 (COVID-19) အဖြစ် တရားဝင်အမည်ပေးထားပြီးဖြစ်သော 2019 နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ဖြစ်ပွားခဲ့ကာ ဗိုင်းရပ်စ်ကို ပြင်းထန်သော စိုးရိမ်ဖွယ်ရာဖြစ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် 2 (SARS-CoV-2) ဟု အမည်ပေးခဲ့ပါသည်။ 2020 ခုနှစ်၊ မတ်လ 11 ရက်တွင် WHO က COVID-19 အား ကမ္ဘာ့ကပ်ရောဂါအဖြစ် ဖော်ပြခဲ့သည်။ SARS-CoV-2 ကူးစက်ရောဂါကို တိုက်ထုတ်ရန်အလို့ငှာ ကျွန်ုပ်တို့၏ အဖွဲ့က သိလွယ်မည့် အကြံဉာဏ်များ လမ်းညွှန်ကို ရေးသားခဲ့ပြီး 2020 ခုနှစ်၊ ဖေဖော်ဝါရီ 06 ရက်တွင် စစ်တပ် ဆေးဘက်ဆိုင်ရာ သုတေသန၌ အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ပြီးကတည်းက လူအများ၏ အာရုံစိုက်မှု ရခဲ့ပါသည်။ မှတ်သားရန်မှာ COVID-19 သည် ရောဂါအသစ်တစ်ခုဖြစ်သည် ဆိုသော်လည်း လုပ်ဆောင်နေဆဲ သုတေသနတွေ့ရှိချက်များနှင့် ဆေးကုသမှု လုပ်ငန်းအတွေ့အကြုံတို့အပေါ် အခြေခံ၍ ကျွန်ုပ်တို့၏ ရောဂါအကြောင်း အသိနှင့် ဗဟုသုတများမှာ တဖြည်းဖြည်း တိုးပွားလာလျက်ရှိပြီး ဤနည်းအားဖြင့် ရောဂါရှာဖွေမှုနှင့် ကုသမှု နည်းဗျူဟာများကိုလည်း ဆက်တိုက် အဆင့်မြှင့်တင်လျက်ရှိသည်။ 2020 ခုနှစ် ဇန်နဝါရီလ 16 ရက်မှ 2020 ခုနှစ် မတ်လ 3 ရက်ကြားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားဆိုင်ရာကျန်းမာရေးကော်မတီမှထုတ်ပြန်သော COVID-19 အတွက် ရောဂါခွဲခြားစစ်ဆေးမှုနှင့် ကုသမှုဆိုင်ရာ လမ်းညွှန်ချက်များ (http://www.nhc.gov.cn/) သည် တည်ရှိမှုအရပြောင်းလဲနေသည့် အချို့သောအကြောင်းအရာများနှင့်ပတ်သက်သောာ စုစုပေါင်းပြင်ဆင်မှုခုနစ်ခုကို ထုတ်ပြန်ထားပါသည်။ ကုသမှုအတွေ့အကြုံများအပေါ် အခြေပြုသည့် ရိုးရင်းသော အမှတ်ပေး အဆိုပြုချက်ကို မိတ်ဆက်ခဲ့သော Zhou et al.က ကျွန်ုပ်တို့၏ လမ်းညွှန်ချက်အပေါ် ယခု မှတ်ချက်ပြုခဲ့သည်။ ၎င်းတို့၏ ကြိုးပမ်းမှုက ကျွန်ုပ်တို့၏ လမ်းညွှန်ချက်အတွက် အထောက်အထားအသစ် ထည့်ပေးခဲ့ပြီး ဤကမ္ဘာအနှံ့ဖြစ်ပေါ်နေသော ကပ်ရောဂါကို တိုက်ဖျက်ကုသရာတွင် တန်ဖိုးရှိသော အကိုးအကားလည်း ဖြစ်လာလိမ့်မည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ သိသာထင်ရှားသောအလုပ်ကို အတည်ပြုပေးကာ ကျွန်ုပ်တို့၏ကျေးဇူးတင်ရှိမှုကို ပြသပါသည်။ သို့သော် COVID-19 အတွက် နောက်ဆုံးရ ရောဂါစစ်တမ်းနှင့် ကုသမှု လမ်းညွှန်ချက်များ (စစ်းသပ်မှု ခုနှစ်ကြိမ်မြောက် ဗားရှင်း) နှင့် လမ်းညွှန်ချက်များ လေ့လာမှုများအရ ၎င်းတို့၏ အလုပ်များကလည်း မွမ်းမံချက် လိုအပ်သည်။ ခုနစ်ကြိမ်မြောက်ပြင်ဆင်မှုအရ (2020 ခုနှစ် မတ်လ 3 ရက်)၊ သံသယရှိသောဖြစ်စဉ်ကို အတည်ပြုရန်အတွက် ရှင်းလင်းသော ကူးစက်ရောဂါပျံ့ပွားခြင်းဆိုင်ရာမှတ်တမ်းမရှိပါက ကျယ်ပြန့်သောခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် ဆေးကုသမှုဆိုင်ရာသရုပ်ပြသသည့်အရာနှစ်ခုပါဝင်သည့် ကူးစက်ရောဂါပျံ့ပွားခြင်းဆိုင်ရာမှတ်တမ်းအင်္ဂါရပ်များများအနက်မှ တစ်ခုခုကို ပေါင်းစပ်ရန် လိုအပ်ပါသည်၊ သို့မဟုတ် ဆေးကုသမှုဆိုင်ရာသရုပ်ပြသသည့်အရာသုံးခုနှင့် ကိုက်ညီရန်လိုအပ်ပါသည်- ကူးစက်ရောဂါပျံ့ပွားခြင်းဆိုင်ရာမှတ်တမ်း- (1) ရောဂါလက္ခဏာများပေါ်မလာမီ လွန်ခဲ့သော 14 ရက်တွင် (Wuhan city) ဝူဟန်မြို့နှင့် အနီးပတ်ဝန်းကျင်နေရာများ၊ သို့မဟုတ် COVID-19 ဖြစ်ပွားသည်ဟု သတင်းပို့ထားသည့် အခြားသောအသိုက်အဝန်များထံ ခရီးသွားလာခဲ့သော သို့မဟုတ် နေထိုင်ခဲ့သော မှတ်တမ်း၊ (2) (ပေါ့စတစ် နျူကလစ်အက်ဆစ်စစ်ဆေးမှုရှိထားသော) SARS-CoV-2 ကူးစက်မှုဖြစ်စဉ်နှင့် ထိတွေ့ခဲ့သောမှတ်တမ်း၊ (3) ရောဂါလက္ခဏာများပေါ်မလာမီ လွန်ခဲ့သော 14 ရက်တွင် (Wuhan city) ဝူဟန်မြို့နှင့် အနီးပတ်ဝန်းကျင်နေရာများ၊ သို့မဟုတ် COVID-19 ဖြစ်ပွားသည်ဟု သတင်းပို့ထားသည့် အခြားသောအသိုက်အဝန်များမှ ဖျားနာနေသော သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများရှိနေသော လူနာများနှင့် ထိတွေ့ခဲ့သောမှတ်တမ်း၊ (4) အတည်ပြုထားသည့်ဖြစ်စဉ်များဖြင့် ထိတွေ့ခဲ့သောမှတ်တမ်း (အိမ်၊ ရုံး၊ ကျောင်းစာသင်ခန်း၊ စသည်တို့ကဲ့သို့သော ဧရိယာငယ်များတွင် 2 ပတ်အတွင်း ဖြစ်ပေါ်လာသော အဖျားရှိခြင်း နှင့်/သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများရှိနေသော ဖြစ်စဉ် ≥ 2)။ ရောဂါလက္ခဏာများ- (1) ဖျားခြင်း နှင့်/သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ၊ (2) COVID-19 ကူးစက်မှုအား ဓာတ်မှန်ရိုက်ထားသည့် ပုံထဲရှိ လက္ခဏာရပ်များ၊ (3) ကနဦးအစပျိုးသည့်အဆင့်တွင် သွေးဖြူဥတစ်မျိုးဖြစ်သည့် (Lymphocyte) အရေအတွက် ပုံမှန်ဖြစ်သည်၊ လျော့ကျသည် သို့မဟုတ် လျှော့ချခံရသည်ဟု ပြသနေသည့် သွေးဖြူဥဆဲလ် စုစုပေါင်းအရေအတွက်။ အတည်ပြုထားသောဖြစ်စဉ်များကို ရောဂါခွဲခြားစစ်ဆေးခြင်းအား ဖော်ပြပါအတိုင်း ရောဂါဖြစ်ပွားစေသည့်အရာ သို့မဟုတ် သွေးရည်ကြည်လေ့လာမှုဆိုင်ရာသက်သေတစ်ခုခုဖြင့် သံသယရှိသောဖြစ်စေဉ်ပေါ်တွင် အခြေခံသင့်ပါသည်။- (1) SARS-CoV-2 အတွက် တကယ့်အချိန်အတိုင်း PCR စစ်ဆေးမှုပေါ့စတစ်ဖြစ်ခြင်း (2) သိရှိထားသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရှိ မြင့်မားသောအမျိုးတူမှုကိုပြသသော ဗိုင်းရပ်စ်နှင့်ဆိုင်သည့် မျိုးပွားပစ္စည်းနောက်ဆက်တွဲတစ်ခုလုံး၊ (3) သွေးရည်ကြည်စမ်းသပ်မှုတွင် SARS-CoV-2 ၌ သီးခြား IgM ရောဂါကာကွယ်သောပဋိပစ္စည်းနှင့် IgG ရောဂါကာကွယ်သောပဋိပစ္စည်းအတွက် ပေါ့စတစ်ဖြစ်နေခြင်း၊ သို့မဟုတ် နက်ဂတစ်မှ ပေါ့စတစ်ဖြစ်သွားသော SARS-CoV-2-သီးခြား IgG ရောဂါကာကွယ်သောပဋိပစ္စည်းပြောင်းလဲမှု၊ သို့မဟုတ် စိုးရိမ်ဖွယ်ရာဖြစ်သောအဆင့်တွင် အထက်ပါ ပြန်လည်ကောင်းမွန်လာမှုအဆင့်၌ ≥4 ဆ မြင့်တက်လာခြင်း။ အသက်ရှူလမ်းကြောင်း သို့မဟုတ် သွေးနမူနာများ၌ နျူကလစ်အက်ဆစ် (nucleic acid) ပါဝင်မှု ရှိမရှိ အချိန်နှင့်တစ်ပြေးညီ PCR စစ်ဆေးမှုကို ဒုတိယအကြိမ် (2020 ပြည့်နှစ် ဇန်နဝါရီ 18 ရက်)နှင့် တတိယအကြိမ် (2020 ပြည့်နှစ် ဇန်နဝါရီ 22 ရက်) တည်းဖြတ်မှုများတွင် ထည့်သွင်းခဲ့ကြောင်း တွေ့နိုင်ပါသည်။ ရောဂါဖြစ်ပွားစေသည့်အရာကိုထောက်လှမ်းသည့် သွေးနမူနာကို လေးကြိမ်မြောက် (2020 ခုနှစ် ဇန်နဝါရီလ 27 ရက်) နှင့် ငါးကြိမ်မြောက် (2020 ခုနှစ် ဖေဖော်ဝါရီလ 8 ရက်) ပြင်ဆင်မှုများတွင် ထပ်ထည့်ခဲ့ပြီးနောက်၊ သွေးရည်ကြည်ဆိုင်ရာလေ့လာမှုသက်သေကို ခုနစ်ကြိမ်မြောက်ပြင်ဆင်မှုတွင် ထပ်ထည့်ခဲ့ပါသည်။ ဤပြင်ဆင်ချက်များသည် မြန်ဆန်သော ရှာဖွေမှုအတွက် အသင့်တော်ဆုံး နျူကလစ် အက်ဆစ် ထောက်လှမ်းရေးပစ္စည်းကို ရှာဖွေရန် သုတေသီများ၏ ဆက်တိုက်လုပ်ကိုင်မှုအပြင် သွေးနမူနာယူခြင်း အပါအဝင် မတူညီသော နမူနာများ ရနိုင်မှုကို တိုးပွားစေသည့် အသက်ရှူလမ်းကြောင်းမှ နမူနာများအပေါ် အခြေခံပြီး အတည်ပြု စံသတ်မှတ်ချက်နှင့်အညီ အထူးသီးသန့် ပဋိပစ္စည်း ရလဒ်ကောင်းကို ယူဆောင်လာရန် ပံ့ပိုးပေးပါသည်။ ထို့အပြင်၊ တမူထူးခြားသော ရောဂါလက္ခဏာပြသသည့်၊ ရောဂါလက္ခဏာမပြသသည့်လူနာများနှင့်ပတ်သက်၍ သတိပြုရန် ကျွန်ုပ်တို့ကိုသတိပေးသော အထောက်အထားများမှာ ပို၍ပို၍ ရှိလာပါသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဆေးကုသမှုဆိုင်ရာရောဂါလက္ခဏာများမရှိသူကို “အန္တရာယ်နည်းပါးသူ” အဖြစ် အမျိုးအစားသတ်မှတ်ထားသောကြောင့် Zhou et al. ၏ စီးဆင်းမှုပြဇယားကို အပ်ဒိတ်လုပ်သင့်ပါသည်။ ရမှတ်စနစ်ကိုလည်း ကုသမှုအလေ့အထများနှင့် လေ့လာမှုများဖြင့် အတည်ပြုရမည်ဖြစ်သည်။ နိဂုံးချုပ်အဖြစ် ပို၍ တိုက်ရိုက်ဖြစ်သော အထောက်အထားများနှင့် စာဖတ်သူများထံမှ မှတ်ချက်များကို ကျွန်ုပ်တို့ ရရှိလိုပါသည်။ “သံသယလူနာ”နှင့် “အတည်ပြုလူနာ”တို့ကို ဆေးစစ်ရန်အတွက် ၎င်းတို့မိခင်နိုင်ငံများ၏ နောက်ဆုံးရ ညွှန်ကြားချက်များကို စောင့်ကြည့်လိုက်နာကြရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ ကျွန်ုပ်တို့အဖွဲ့အနေဖြင့်လည်း အကူအညီပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်ကို အချိန်နှင့်တစ်ပြေးညီ ထပ်မံဖြည့်စွက်သွားမည်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် နေ့စဉ် အမြင့်ဆုံးအဖြစ် COVID-19 လူငါးဦး အသစ် သေဆုံးမှုကို သတင်းထုတ်ပြန်ထားသည်။ မနေ့က ဘင်္ဂလားဒေ့ရှ်က တစ်ရက်ထဲတွင် COVID-19 ကြောင့် သေဆုံးမှု အသစ် ငါးဦးကို အတည်ပြုခဲ့သည်။ ယင်းက ဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း အသေအပျောက် အများဆုံး အရေအတွက် ဖြစ်ပါသည်။ ယမန်နေ့ကအထိ ဘင်္ဂလားဒေ့ရှ် ကူးစက်ရောဂါ သိပ္ပံ၊ ရောဂါ ထိန်းချုပ်ရေးနှင့် သုတေသန (Institute of Epidemiology, Disease Control and Research, IEDCR) က အစီရင်ခံသော ကူးစက်ခံ ရသော မှတ်တမ်းတင်ထားသော လူနာ အရေအတွက်တွင် ကုသခံနေရသော လူနာ 114 ဦးနှင့် သက်သာပျောက်ကင်းပြီး အိမ်များတွင် နေထိုင်သူ 33 ဦးတို့ ပါဝင်သည်။ သေဆုံးမှုစုစုပေါင်း 17 ခုရှိသည်ဟု မှတ်တမ်းတင်ထားပါသည်။ အွန်လိုင်းသတင်းအနှစ်ချုပ်တွင်၊ IEDCR ၏ဒါရိုက်တာ၊ Dr Meerjady Sabrina Flora က သေဆုံးခြင်းများတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ဒေါက်တာ Meerjady အဆိုအရ လူနာနှစ်ဦးမှာ အသက် 60 ကျော်၊ နှစ်ဦးမှာ 51 မှ 60 အတွင်း၊ နှင့် တစ်ဦးမှာ 41 မှ 50 အတွင်း ဖြစ်သည်။ သေဆုံးသူ နှစ်ဦးမှာ ဒါကာမှ ဖြစ်ကြောင်းလည်း သူမက ပြောခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) သည် မတ်လ 11 ရက်နေ့တွင် COVID-19 ကို ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါသည်။ Kuwait Maitree ဆေးရုံတွင် ကုသမှုခံယူခဲ့သည့် Bengali Anti-Corruption Commission (ဘင်္ဂါလီ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်) ၏ ညွှန်ကြားရေးမှူး Jalal Saifur Rahman မှာ ရောဂါဖြင့်သေဆုံးသူ တစ်ဦးဖြစ်သည်ဟု ဆေးရုံ အရာရှိက ဒေသတွင်းသတင်းအေဂျင်စီ Anadolu Agency ကို ပြောပြခဲ့သည်။ စနေနေ့တွင် အွန်လိုင်း ဗီဒီယိုကြေညာချက်တစ်ခုတွင် ဘင်္ဂလားဒေ့ရှ် လမ်း သယ်ယူပို့ဆောင်ရေးနှင့် တံတား ဝန်ကြီး Obaidul Quader က အများသုံး သယ်ယူပို့ဆောင်ရေးများကို မူလ စီစဉ်ထားသည်ထက် အချိန်ပိုမိုကြာမြင့်စွာ လာမည့် စနေနေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အများသုံး သယ်ယူပို့ဆောင်ရေးများ ပိတ်ဆို့ထားခြင်းကို မတ်လ 26 ရက်နေ့တွင် အစပျိုး စတင်ခဲ့ပြီး ဧပြီ 4 ရက်၊ စနေနေ့တွင် အဆုံးသတ်ရန် စီစဉ်ထားသည်။ အခြေခံပစ္စည်းများ၊ ဆေးဝါး၊ လောင်စာဆီနှင့် အစားအသောက် ပို့ဆောင်မှုကို ဆက်လက်၍ ခွင့်ပြုထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပထမဆုံးမှတ်တမ်း တင်နိုင်သည့် COVID-19 ဖြစ်ရပ်များမှာ မတ်လ 8 ရက်နေ့တွင် အီတလီက ပြန်လာသော လူနှစ်ဦးနှင့် သူတို့ထဲမှ တစ်ဦး၏ ဇနီးဖြစ်သည်။ မတ်လ 19 ရက်နေ့မှစတင်ပြီး ၎င်းသုံးဦးစလုံးက နေပြန်ကောင်းလာခဲ့ပါသည်။ အမျိုးသား ဘက်စကက်ဘော အသင်းကို COVID-19 စိုးရိမ်မှုများ ကြောင့် ရာသီကာလတွင် ဆိုင်းငံ့ထားသည်။ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ပြည်ထောင်စု အမျိုးသား ဘက်စ်ကက်ဘော အသင်း (NBA) သည် COVID-19 နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် ပရို ဘတ်စကက်ဘော ရာသီကို ဆိုင်းငံ့ထားလိုက်သည်။ NBA ၏ ဆုံးဖြတ်ချက်နောက်တွင် အူတာဂျပ်ဇ် ကစားသမားတစ်ဦး တွင် COVID-19 ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ NBA သည် သူ၏ ကြေညာချက်တွင် မေးခွန်းထုတ်စရာ ကစားသမား မည်သူမည်ဝါဆိုသည်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပါ။ သူသည် အိုကလာဟိုးမားမြို့ရှိ Utah Jazz နှင့် Oklahoma City Thundar တို့ ယှဉ်ပြိုင်ကစားမည့် Chesapeake Energy ကွင်းအတွင်းတွင် ရှိမနေခဲ့ကြောင်း သူတို့က ပြောခဲ့သည်။ "၎င်း၏ သတင်းထုတ်ပြန်ချက်အရ NBA သည် ""နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း [ဗုဒ္ဓဟူးနေ့ ကစားပွဲအစီအစဉ် ပြီးဆုံးပြီးနောက် ကစားပွဲများကို ဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ခဲ့သည်။""" အခြားသော NBA ပွဲစဉ်တစ်ခုဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် Sacramento Kings နှင့် New Orleans Pelician တို့၏ ပွဲစဉ်ကို ဖျက်သိမ်းသကဲ့သို့ Jazz ၏ ပွဲကိုလည်း ဖျက်သိမ်းခဲ့သည်။ NBC သတင်းအဆိုအရ ဗုဒ္ဓဟူးနေ့အတွက် စီစဉ်ထားသော အခြား ကစားပွဲများကို ဆက်လက် ပြုလုပ်ခဲ့သည်။ အမေရိကန်နိုင်ငံ၏ အခြားသော အဓိက ဘတ်စကတ်ဘော အဖွဲ့အစည်းဖြစ်သည့် အမျိုးသားကောလိပ်ပေါင်းစုံ ပြေးခုန်ပစ်အဖွဲ့ချုပ်သည် ၎င်းတို့၏ကိုယ်ပိုင်ဖြစ်သော March Madness ပြိုင်ပွဲကြီး၏ အမျိုးသားနှင့်အမျိုးသမီး ပြိုင်ပွဲနှစ်ခုစလုံးအား ဖျက်သိမ်းခဲ့သည်။ John Hopkins တက္ကသိုလ်၏ အဆိုအရ အမေရိကန်ပြည်ထောင်စု၌ COVID-19 အတည်ပြုလူနာ အနည်းဆုံး 1,279 ဦး ရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အနည်းဆုံး ရောဂါကူးစက်မှုပေါင်း 118,381 ရှိကြောင်း CNBC မှ သတင်းထုတ်ပြန်သည်။ SARS-CoV-2 သည် ကမ္ဘာတစ်ဝှမ်း ကူးစက်မှုမှာ တစ်သန်းကျော်သွားပြီ ဖြစ်သည် ကြာသပတေးနေ့တွင်၊ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် စုစုပေါင်းအရေအတွက်မှာ ကမ္ဘာတစ်ဝှမ်းတွင် တစ်မီလီယံကျော်လွန်သွားခဲ့သည်ဟု Johns Hopkins တက္ကသိုလ်ဒေတာများမှ ညွှန်ပြခဲ့ပါသည်။ အနည်းဆုံး လူပေါင်း 52,000 သေဆုံးမှုသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါဖြစ်သည့် COVID-19 နှင့် ဆက်နွယ်နေသည်။ မာလာဝီတွင် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အတည်ပြုသည့်နေ့နှင့် ဇမ်ဘီယာတွင် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သေဆုံးမှုဖြစ်သည့်နေ့သည် တစ်နေ့တည်းဖြစ်လာခြင်းမှာ သမိုင်းမှတ်တမ်းအသစ်တစ်ခုဖြစ်ခဲ့ပါသည်။ ကြာသပတေးနေ့တွင် မြောက်ကိုရီးယားက ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သော နိုင်ငံအချို့မှ တစ်နိုင်ငံဖြစ်သည်ဟု ပြောဆိုခဲ့သည်။ မနေ့ကအထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် ဧပြီလ 4 ရက်နေ့တွင် ဗဟို ဥရောပစံတော်ချိန် နံနက် 10 နာရီ (UTC 0800 နာရီ) တွင် လွန်ခဲ့သည့် နှစ်ဆယ့်လေးနာရီအတွင်း အတည်ပြုလူနာ 79,332 ဦးအပါအဝင် အတည်ပြု လူနာ 1,051,635 ဦးရှိကြောင်း အစီရင်ခံထားသည်။ အမေရိကန်ပြည်ထောင်စုတွင်၊ အနည်းဆုံး သေဆုံးမှုပေါင်း 5,900 နှင့်ချိတ်ဆက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဖြစ်စဉ်ပေါင်း 244 ထောင်ကျော်ကို မှတ်တမ်းတင်ခဲ့ပါသည်။ Johns Hopkins တက္ကသိုလ်ဒေတာများအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကြောင့် အမေရိကန်ပြည်ထောင်စု (US) တွင် ဗုဒ္ဓဟူးနေ့၌ သေဆုံးသူ 1000 ကျော်ရှိခဲ့သည်ဟု CBS က သတင်းပေးပို့ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင်၊ နိုင်ငံများသည် ရောဂါပျံ့ပွားခြင်းကို ဟန့်တားရန် တင်းကြပ်သောစည်းကမ်းများကို ကြေညာခဲ့ပါသည်။ ကြာသပတေးနေ့က မော်စကိုမြို့တော်ဝန် Sergei Sobyanin က မြို့တော် ပိတ်ဆို့မှုကို မေလ 1 ရက်နေ့အထိ တိုးမြင့်ခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်၊ သမ္မတ Vladimir Putin သည် ရုရှားနိုင်ငံသားများကို ဧပြီလ 30 ရက်နေ့မတိုင်မီအထိ အလုပ်သို့သွားရောက်စရာမလိုဘဲ လခပေးထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ပေါ်တူဂီပါလီမန်တွင် နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေကို 15 ရက် ထပ်တိုးရန် မဲပေးခဲ့ကြပြီး၊ မဲပေးမှုမှာ ထောက်ခံမဲ 215 မဲ၊ ကြားနေမဲ ဆယ်မဲ၊ နှင့် ကန့်ကွက်မဲ တစ်မဲဖြင့် အောင်မြင်ခဲ့ပါသည်။ ဆော်ဒီ အာရေးဘီးယားက မြင့်မြတ်သော မက္ကာမြို့နှင့် မဒီနာမြို့တို့တွင် အပြင်မထွက်ရ အမိန့်များကို တစ်နေကုန်လုံးအထိ တိုးမြှင့်ခဲ့သည်၊ အပြင်မထွက်ရအမိန့်မှာ ယခင်က နေ့လယ် 3 နာရီနှင့် နံနက် 6 နာရီကြားတွင်သာ အကျုံးဝင်ခဲ့သည်။ ထိုင်းနိုင်ငံသည် ည 10 နာရီမှ မနက် 4 နာရီကြား အပြင်မထွက်ရအမိန့်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ပါသည်။ Ohio ၏ အုပ်ချုပ်ရေးမှူး၊ Mike DeWine က ပြည်နယ်တွင် မေလ 1 ရက်အထိ အိမ်တွင်နေပါက အမိန့်ကို ထပ်တိုးထားကြောင်း ကြေညာခဲ့သည်။ ဩစတြေးလျရှိ စတိုးဆိုင်များတွင် တစ်ကြိမ်လျှင် အိမ်သာစက္ကူ ဝယ်ယူနိုင်မှု ကန့်သတ်ချက်ကို လျော့ချလိုက်သည်။ စနေနှင့် တနင်္ဂနွေနေ့ ညနေပိုင်းတွင် သြစတြေးလျနိုင်ငံ Woolworths နှင့် Coles စတိုးဆိုင်ခွဲများသည် နိုင်ငံတော်အဆင့်အဖြစ် စတိုးဆိုင်များ အားလုံးတွင် ၎င်းတို့၏ အိမ်သာသုံးစက္ကူအား တစ်ခါဝယ်လျှင် နှစ်ထုပ်နှင့် တစ်ထုပ်အဖြစ် အသီးသီး ကန့်သတ်ခဲ့ကြသည်။ တနင်္လာနေ့တွင် ALDI ကလည်း တစ်ဦးလျှင် တစ်ထုပ်သာ ရောင်းချပေးသည့် ကန့်သတ်ချက်ကို စတင်မိတ်ဆက် ကျင့်သုံးခဲ့သည်။ ယင်း ကန့်သတ်မှုများကို ချက်အောက်များပေါ်တွင် နှင့် ပစ္စည်း ပေးသွင်းမှု လမ်းကြောင်းများ၏ ဖေ့ဘွတ် စာမျက်နှာများ အပေါတွင်လည်း မက်ဆေ့ချ် များအဖြစ် တင်ထားသည်။ COVID-19 အား ကြောက်ရွံ့မှုကြောင့် တစ်ယောက်တည်း သီးခြားခွဲ၍ နေထိုင်ရသည်ရှိသော် လိုအပ်လာနိုင်သဖြင့် ဝယ်ယူသူများအနေဖြင့် ကုန်ပစ္စည်းများအား သိုလှောင်မှုများပြုလုပ်နေကြသည်ဟု ပြောကြသည်။ ဗုဒ္ဓဟူးနေ့တွင် Woolworths သည် အိမ်သာသုံးစက္ကူ ဝယ်ယူမှုများကို အိမ်အရောက်ပို့ဆောင်ခြင်းအတွက်လည်း အမှာတစ်ခုလျှင် တစ်ထုပ်သာ မှာယူရန် ကန့်သတ်ခဲ့သည်။ ဤအပြောင်းအလဲသည် Woolworths နှင့် Coles တို့က မတ်လ 4 ရက်နှင့် 5 ရက်တို့တွင် အသီးသီး စတင်ဆောင်ရွက်ခဲ့သော တစ်ခါဝယ်လျှင် လေးထုပ်သာ ရောင်းချမည့် ကန့်သတ်ချက်များအပြီး လိုက်ပါပြောင်းလဲခြင်းဖြစ်သည်။ Coles က ၎င်း၏ မတ်လ 8 ရက်က ထုတ်ပြန်ခဲ့သော သတင်းတွင် တစ်ဦးလျှင် ပစ္စည်းလေးမျိုးသာ ရောင်းချနေသည့် “စတိုးဆိုင် အများအပြားတွင် ပစ္စည်းရောက်ပြီး တစ်နာရီအတွင်း ရောင်းကုန်သွားကြဆဲဖြစ်သည်” ဟု အစီရင်ခံခဲ့ပြီး ထိုဝယ်လိုအားကို ၎င်းက “မကြုံစဖူး”ဟု သုံးနှုန်းခဲ့သော်လည်း ဖေ့ဘွတ်ခ် ပို့စ်တစ်ခုတွင် ALDI က ထိုဝယ်လိုအားကို “မျှော်လင့်မထားမှု” ဟု ခေါ်ဆိုခဲ့သည်။ Woolworths ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ယခင်အပတ်ရောင်းအားသည် “ရုတ်တရက် မြင့်တက်ခဲ့ကြောင်း” သိရှိရသည်။ ကင်ဘာရာရှိ ကော့စကို စတိုးသည်လည်း ပြီးခဲ့သည့်အပတ်က ခွင့်ပြုသည့် ပမာဏကို နှစ်လိပ်အထိ ကန့်သတ်လိုက်သည်။ ကုန်ပစ္စည်း ပြတ်လပ်မှုများအား လျှော့ချနိုင်ရေးအတွက် Coles သည် ကုန်ပစ္စည်းထုတ်လုပ်ထောက်ပံ့သူများထံမှ ပိုမိုများပြားသော အရေအတွက်ကို မှာယူပြီး ပစ္စည်းပို့ဆောင်ခြင်းကို အကြိမ်‌ရေ တိုးမြှင့်ခဲ့သည်။ Woolworths အနေဖြင့် ကုန်ပစ္စည်းများအား အပိုဆောင်းမှာယူခဲ့ပြီး ALDI အနေဖြင့်လည်း သတ်မှတ်ထားသော ဗုဒ္ဓဟူးနေ့အထူးအစီအစဉ်အတွက် ကုန်ပစ္စည်းများ စောလျင်စွာ ရရှိနိုင်စေရေး ဆောင်ရွက်ခဲ့သည်။ ဩစတြေးလျ လက်လီရောင်းချသူများ အသင်း အမှုဆောင် ညွှန်ကြားရေးမှူး ရက်ဆယ်လ် ဇင်မာမန်က လက်လီရောင်းချသူများအနေဖြင့် ကုန်ပစ္စည်းများအား တိုးမြှင့် သိုလှောင်ထားလိုသော်လည်း ဒေသအာဏာပိုင်များက ကုန်တင်ကားများ၏ သွားလာနိုင်သည့်အချိန်ကို ကန့်သတ်ထားသဖြင့် ခက်ခဲစေသည်ဟု ပြောခဲ့သည်။ ကုန်ပစ္စည်းထောက်ပံ့သူများက ဝယ်လိုအား ပြည့်မီအောင် ကြိုးစားနေပြီး အထူးတလည်ကိစ္စရပ်များ နည်းပါးသဖြင့် ထုတ်လုပ်မှုကုန်ကျစားရိတ် မြင့်တက်လာမည်ဟု သူ့အနေဖြင့် မျှော်လင့်သည်။ အစောပိုင်း ရောင်းချမှုများ အပြီးတွင် အချို့သော စတိုးဆိုင်များသည် ဗုဒ္ဓဟူးနေ့အထူးရောင်းချမှုကို မဆောင်ရွက်နိုင်ကြောင်း ALDI က အင်္ဂါနေ့တွင်ကြေညာခဲ့သည်။ News.com.au ၏ အစီရင်ခံစာ တစ်စောင်တွင် Queensland နည်းပညာတက္ကသိုလ်မှ လက်လီအရောင်းကျွမ်းကျင်သူ ဒေါက်တာ Gary Mortimer က ကုန်စုံဆိုင်များအနေဖြင့် ကုန်ပစ္စည်းများအား ညစဉ်ညတိုင်း ဖြည့်တင်းနေသည်ဟု ပြောဆိုသည်။ အိမ်သာသုံးစက္ကူသည် နေရာယူသော ပစ္စည်းတစ်ခုဖြစ်ပြီး အရေအတွက် အနည်းငယ်သာ သိုလှောင်နိုင်ကာ ရောင်းကုန်သွားသောအခါတွင် စင်ပေါ်၌ ကြီးမားသော နေရာလွတ်များ ကျန်ခဲ့သည့်အတွက် အိမ်သာသုံးစက္ကူပြတ်လပ်မှုက လူများ၏ စိတ်ကို မသက်မသာဖြစ်စေသည်ဟု သူက မှတ်ချက်ပြုခဲ့သည်။ “Coles နှင့် Woolworths တွင် စင်များပေါ်တွင် ပစ္စည်းများ အလျှံပယ်ရှိပါက၊ အိမ်သာသုံးစက္ကူနှင့် သန့်စင်ဆေးကဲ့သို့ ထုတ်ကုန်များ (ဝယ်ယူ) ရရှိနိုင်ပါက နှင့် အရေအတွက်အများအပြား ရှိပါက သင်သည် ခြောက်ခြားမှုကို အနိမ့်ဆုံး လျော့ချနိုင်လိမ့်မည်ဟူသော အမြင်ရှိသည်” ဟု အေဘီစီ သတင်းဌာနက ရပ်စဲလ် ဇင်မာမင်း က ပြောသည်။ ပြန်လည်ထုတ်လုပ်ထားသည့် အိမ်သာသုံး စက္ကူရောင်းချသည့်ကုမ္ပဏီ Who Gives a Crap က ၎င်းတို့တွင် ပစ္စည်းများ ပြတ်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆိုခဲ့သည်။ Kleenex အိမ်သာသုံး စက္ကူကို ထုတ်လုပ်သည့် ကင်ဘာလီ ကလာ့ခ်နှင့် Sorben ကို ထုတ်လုပ်သည့် ဆိုလာရစ်ပေပါတို့သည် ထောက်ပံ့မှုကိုဆက်လက် ထိန်းသိမ်းရန် 24 နာရီ 7 ရက်ပတ်လုံး အလေးထား အလုပ်လုပ်နေကြောင်း News.com.au အစီရင်ခံစာအရ သိခဲ့ရပါသည်။ အိမ်ခြံမြေရောင်းဝယ်ရေးဝဘ်ဆိုဒ် Domain.com က မဲလ်ဘုန်းရှိ လေလံပွဲများ၌ အိမ်ခြံမြေရောင်းချသူများက ဝယ်ယူသူများအနေဖြင့် အလုပ်သမားနေ့အတွက် ကာလရှည်ရက်သတ္တပတ်ခွင့်ကာလများရရှိသည့်အတွက် ရေချိုးခန်းသုံးစက္ကူအခမဲ့ပေးဝေခြင်းကို ပထမဆုံးလုပ်ဆောင်ခဲ့သည်။ Darwin တွင် နေ့စဉ်ပုံနှိပ်ထုတ်ဝေသော NT သတင်းစာ၏ ကြာသာပတေးနေ့ ထုတ်ဝေမှုများတွင် အိမ်သာသုံးစက္ကူအဖြစ် ဖြတ်တောက်အသုံးပြုရန် ရည်ရွယ်ထားသော စာရွက် ၈ ရွက်ကို ထည့်သွင်းပေးထားသည်။ ABC ဩစတြေးလျ၏ မတ်လ 3 ရက်နေ့ သတင်းပို့ချက်အရ စတိုးဆိုင်များတွင် ကန့်သတ်မှုများ ချမှတ်လုပ်ဆောင်ရန်အတွက် အစပိုင်းတွင် တွန့်ဆုတ်နေခဲ့ပြီး သူတို့က ဝယ်ယူသူများအပေါ် ကန့်သတ်ချက်များလုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ပြောခဲ့သည်ဟု ဆိုသည်။ မျက်နှာဖုံးများ၊ သန့်စင်ဆေးများ၊ ကုန်ခြောက်များ၊ လက်ဆေးရည်နှင့် ဂျုံများအပါအဝင် အခြားထုတ်ကုန်ပစ္စည်းများသည်လည်း ဝယ်လိုအားမြင့်တက်လာခဲ့ကြောင်း Russel Zimmerman က ထပ်လောင်းပြောကြားခဲ့သည်။ အလားတူပင် ဩစတေးလျား အပြင်တွင် တနင်္ဂနွေနေ့တွင် ဗြိတိသျှ အွန်လိုင်း ဆူပါမက်ကက် အိုကေဒိုက Andres အိမ်သာစက္ကူ ဝယ်ယူမှုကို 12 လိပ်ပါအထုပ်များအထိသာ ကန့်သတ်ခဲ့သည်။ အမေရိကန်သမ္မတ ထရန့်က COVID-19 ကို နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ သောကြာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအား တုံ့ပြန်ရန်အတွက် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization က ကူးစက်ပျံ့နှံ့နေသည့် COVID-19 ကို ကပ်ရောဂါအဖြစ် ကြေညာပြီးနောက် နှစ်ရက်အကြာတွင် ထိုသို့ လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ NBC သတင်းဌာ၏ အဆိုအရ ဤလှုပ်ရှားမှုကြောင့် ဖက်ဒရယ်အစိုးရအနေဖြင့် ကပ်ရောဂါအား တိုက်ဖျက်ရန်အတွက် ထပ်ဆောင်း ရံပုံငွေ အမေရိကန်ဒေါ်လာ 50 ဘီလီယံကို ရရှိနိုင်ခဲ့သည်။ ကြေငြာချက်တွင် အထူးဖော်ပြထားသည်မှာ “အမေရိကန်ပြည်ထောင်စုအတွင်း COVID-19 ရောဂါဖြစ်ပွားခြင်းသည် နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်”ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေကို မတ်လ 1 ရက်နေ့တွင် စတင်ပြီး ကြေငြာချက်မထွက်ခင် နှစ်ပတ်နီးပါးရှိခဲ့သည်။ အမေရိကန်နိုင်ငံကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာနက ကူးစက်ပျံ့နှံ့မှုသည် “လူထုအရေးပေါ်ကျန်းမာရေး အခြေအနေ” ဖြစ်ကြောင်း ဇန်နဝါရီလ 31 ရက်နေ့တွင် ကြေညာခဲ့သည်။ Trump မှ Fedral Emergency Management Agency (FEMA) ကို COVID-19 အတွက် အစိုးရက တုံ့ပြန်ဆောင်ရွက်ရာ ကိစ္စများတွင် အာဏာမပေးခဲ့သဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ‌ရေးပညာရှင် အချို့ကို စိတ်ပျက်စေခဲ့ကြောင်း Politico မှ ထုတ်ပြန်ခဲ့သည်၊ FEMA ၏ ယခင် လက်ထောက် စီမံခန့်ခွဲရေးမှူးဖြစ်သူ Tim Manning ကို ပိုလက်တီကိုက ကိုးကားထားသည်။ “FEMA သည် ဘေးအန္တရာယ်ကို ပိုမိုကြီးမားစွာ တုန့်ပြန်ရာတွင် ပူးပေါင်းဆောင်ရွက် ရာတွင် အရေးပါသော အခန်းကဏ္ဌက ပါဝင်သည်” ထို့နောက် “အရေးပေါ် ဖြစ်ပါက FEMA က ပါဝင်ဖို့ လိုအပ်သည်။” အမျိုးသား အရေးပေါ်အက်ဥပဒေ၏ ပြဌာန်းချက်အရ အခြားအုပ်ချုပ်ရေးအာဏာပိုင်များအကြား ထရန့်က ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ထရမ့်အစိုးရအဖွဲ့မှ COVID-19 ကို တုံ့ပြန်မှုအနေဖြင့် ပြည်နယ်စုကျောင်းသားများချေးငွေအပေါ် အတိုးနှုန်းလျှော့ပေါ့ပေးခြင်းနှင့် ရေနံဆီဝယ်ယူမှုကန့်သတ်ချက်ကို တိုးမြှင့်ခြင်းစသည့် အခြားကြိုးပမ်းအားထုတ်မှုများကို ကြေငြာလုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ကပ်ရောဂါကို ကြေညာသည်။ ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကြောင့် ဖြစ်ပေါ်လာသော လက်ရှိ ဖြစ်ပွားနေသော COVID-19 ရောဂါကို ကပ်ရောဂါတစ်ခုအဖြစ် ကြေညာခဲ့သည်။ “ကပ်ရောဂါ” ဆိုသည်မှာ ရောဂါတစ်ခုမည်မျှအထိ ပျံ့နှံ့သည်ကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး ဖြစ်ပွားမှုမှာ မည်မျှဆိုးရွားမည်ကို ရည်ညွှန်းခြင်းမရှိသဖြင့် WHO က အောက်ပါတို့ကို အရေးတယူဆောင်ရွက်ရန် လိုအပ်ကြောင်း အစိုးရများကို မှတ်ချက်ပြုခဲ့သည်- “နိုင်ငံတိုင်းသည် ဤကပ်ရောဂါ လမ်းကြောင်းကို ပြောင်းလဲနိုင်နေဆဲ ဖြစ်သည်။ အကယ်၍ တုန့်ပြန်မှုအဖြစ် နိုင်ငံတွေဟာ ရှာဖွေ၊ စမ်းသပ်၊ ကုသ၊ ခွဲထား၊ ခြေရာခံ ပြီး ပြည်သူတွေကို လှုပ်ရှားစေတယ်ဆိုရင်” ဟု WHO အတွင်းရေးမှူးချုပ် တက်ဒရိုစ် အဒန်နွမ် ဂဲဘရီရက်ဆပ်စ် က ပြောသည်။ “ကျွန်ုပ်တို့အနေဖြင့် ကူးစက်ပျံ့နှံ့မှုနှင့် အရေးကြီးမှုအဆင့်အလိုက် သတိပေးမှု အဆင့်များနှင့် လှုပ်ရှားမှုမရှိပဲငြိမ်သက်နေမှုအတွက် သတိပေးမှု အဆင့်များ နှစ်ခုစလုံးအတွက် အထူး အလေးထားလုပ်ဆောင်နေပါသည်” အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ညွှန်ကြားရေးမှူးဟောင်း Dr. Tom Frieden ၏ အဆိုအရ ကူးစက်ရောဂါသည် “တစ်ခါမျှမကြုံဖူးသည့်အရာ” ဟု ဆိုသည်။ သူက ဖေဖော်ဝါရီလတွင် CNN က ထုတ်ပြန်သည့် မှတ်ချက်တွင် “တုတ်ကွေးက လွဲပြီး တခြား ဘယ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကိုမှ ကမ္ဘာတစ်ဝှမ်းလုံး ဆက်တိုက် ပြန့်နှံ့သွားတဲ့ အရေးပေါ် ခြေရာခံရတာ မရှိခဲ့ဘူး” ဟု ပြောသည်။ ဂေဘရီယက်ဆပ်စ်ကလည်း အလားတူအမြင်ကို “ကျွန်တော်တို့ အရင်က ဘယ်တုန်းကမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကပ်ရောဂါကို မတွေ့ဘူးကြဘူး” ဟုပြောသည်။ “ဖြစ်လျှင်ဖြစ်ခြင်း ထိန်းချုပ်နိုင်သည့် ကပ်ရောဂါဟူ၍ ကျွန်ုပ်တို့ မည်သည့်အခါကမျှ မတွေ့ဘူးပါ” ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။ ကမ္ဘာအနှံ့ရောဂါကူးစက်မှုအခြေအနေအသစ်တစ်ရပ်ပေါ်ပေါက်လာခဲ့ပြီးနောက် WHO အဖွဲ့၏ ဇန်နဝါရီလအတွင်း ကမ္ဘာလုံးဆိုင်ရာ အလေးထားရမည့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေငြာရန်ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဆိုင်ရာ တက္ကသိုလ်မှ ညွှန်ကြားရေးမှူး Dr.Anthony Fauci က ကူးစက်ရောဂါနှင့် ပတ်သက်၍“အခြေခံစံနှုန်းအရ အခြေအနေများမှာ ပိုမိုဆိုးရွားလာနိုင်သည်” ဟု ပြောခဲ့သည်။ ကြာသပတေးနေ့သို့ ရောက်သောအခါ အေပီသတင်းဌာနက ကမ္ဘာအနှံ့ COVID-19 လူနာ အနည်းဆုံး 126,000 ဦး ရှိခဲ့ပြီး လူပေါင်း 4,600 ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ 2019-20 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် လက်ရှိဖြစ်ပွားဆဲ ကိုရိုနာဗိုင်းရပစ် ရောဂါ 2019 (COVID-19) ကပ်ရောဂါဖြစ်ပြီး ရုတ်တရက်ပြင်းထန်သည့် အသက်ရှုလမ်းကြောင်းပိုးဝင်သည့်ရောဂါ ကိုရိုနာဗိုင်းရပ် 2 (SARS-CoV-2) ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ကူးစက်ပြန့်ပွားနေခြင်းကို တရုတ်နိုင်ငံ ဝူဟန်တွင် 2019 ခုနှစ် ဒီဇင်ဘာလ တွင် တွေ့ရှိခဲ့ပြီး 2020 ခုနှစ် ဇန္နဝါရီလ 30 ရက်နေ့တွင် နိုင်ငံတကာ ဆိုင်ရာ စိုးရိမ်ဖွယ် လူထု ကျန်းမာရေး အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး 2020 ခုနှစ် မတ်လ 11 ရက်တွင် ကပ်ရောဂါ အဖြစ် အသိအမှတ်ပြုခဲ့သည်။ 2020 ပြည့်နှစ် ဧပြီလ 10 ရက်နေ့အထိ နိုင်ငံနှင့် ဒေသပေါင်း 210 ခန့်မှ COVID-19 ဖြစ်စဉ် ခန့်မှန်း 1.61 မီလီယံ ရှိကြောင်း သတင်းပေးပို့ခဲ့ပြီး သေဆုံးမှုမှာ ခန့်မှန်း 97,000 ခန့် ဖြစ်သည်။ လူပေါင်း 364,000 ခန့် ပြန်လည်သက်သာလာပြီး ဖြစ်သည်။ အတည်ပြုလူနာ သေဆုံးနှုန်းသည် တရုတ်နိုင်ငံတွင် 4% ခန့်ရှိပြီး ကမ္ဘာတဝှမ်းတွင် အယ်ဂျီရီးယားတွင် 13.04% မှ နယူးဇီလန်တွင် .08% အကြားရှိသည်ဟု ခန့်မှန်းထားသည်။ ဖြစ်လေ့ရှိသော လက္ခဏာများတွင် ကိုယ်ပူမြင့်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကြပ်ခြင်းတို့ ပါဝင်သည်။ နောက်ဆက်တွဲ ရောဂါများတွင် အဆုတ်ရောင်ရောဂါနှင့် ပြင်းထန်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (Acute Respiratory Distress Syndrome) များ ပါဝင်နိုင်သည်။ ရောဂါကူးစက်ခံရချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်သည် ပုံမှန်အားဖြင့် ငါးရက်ခန့်ရှိသော်လည်း နှစ်ရက်မှ ဆယ့်လေးရက်အထိ ကြာနိုင်သည်။ ကာကွယ်ဆေး သို့မဟုတ် တိကျသော ဗိုင်းရပ်စ်သုတ်သင်နိုင်သည့် ကုသနည်းကို မသိရှိရသေးပါ။ အဓိက ကုသမှုနည်းလမ်းမှာ ရောဂါလက္ခဏာပေါ်မူတည်ကုသခြင်းနှင့် အထောက်အကူပေးသော ကုထုံးတို့ဖြစ်သည်။ တိုက်တွန်းအကြံပြုထားသော ကြိုတင်ကာကွယ်မှုနည်းလမ်းများတွင် လက်ဆေးခြင်း၊ ချောင်းဆိုးလျှင် ပါးစပ်ကို ဖုံးအုပ်ထားခြင်း၊ အခြားသူများနှင့် ခပ်ခွာခွာနေခြင်းနှင့် ကူးစက်ခံရသည်ဟု သံသယရှိပါက ကိုယ်တိုင်သီးခြားခွဲ၍ နေထိုင် စောင့်ကြည့်ခြင်းများ ပါဝင်သည်။ ကမ္ဘာအနှံရှိ အာဏာပိုင်များက ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း၊ ညမထွက်ရအမိန့် ထုတ်ခြင်း၊ လုပ်ငန်းခွင် အန္တရာယ်ထိန်းချုပ်ခြင်းနှင့် လုပ်ငန်းခွင်များ ပိတ်ခြင်း နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားရေးကို ပြိုလဲစေခဲ့ပြီး အားကစား၊ ဘာသာရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲများအား ရွှေ့ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ထိတ်လန့်မှုကြောင့် စုပြုံဝယ်ယူမှုကလည်း နေရာအနှံ့အပြားတွင် ကုန်ပစ္စည်း ပြတ်လပ်မှုကို ပိုမိုဆိုးရွားစေခဲ့သည်။ နိုင်ငံ 193 နိုင်ငံတွင် တစ်နိုင်ငံလုံး သို့မဟုတ် ဒေသတွင်းအတိုင်းအတာဖြင့် ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်လိုက်သောကြောင့် ကမ္ဘာ့ကျောင်းသားဦးရေ၏ 99.4 ရာခိုင်နှုန်းခန့်အား အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသည်။ ဗိုင်းရပ်စ်နှင့်ပတ်သက်သော သတင်းအမှားများ အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှု သိသာစွာဖြစ်ပွားသော ဒေသတွင် နေထိုင်သူများ၊ အရှေ့နှင့် အရှေ့တောင်အာရှ မျိုးနွယ်များ နှင့် အသွင်အပြင်ရှိသူများနှင့် တရုတ်လူမျိုးများ အပေါ် ကြောက်ရွံ့မှုများနှင့် ခွဲခြားဆက်ဆံမှုများ ဖြစ်ပွားလာခဲ့ပါသည်။ ခရီးသွားလာမှုများ နည်းပါးလာခြင်းနှင့် စက်ရုံကြီးများပိတ်ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှု လျော့နည်းလာပြီး ကာဗွန်ထုတ်လုပ်မှုသည်လည်း လျော့နည်းလာသည်။ တရုတ်နိုင်ငံ (ဟူဘေးပြည်နယ်၏ မြို့တော်) ဝူဟန်မြို့၏ ကျန်းမာရေးအာဏာပိုင်များက 2019 ခုနှစ် ဒီဇင်ဘာ 31 ရက်နေ့တွင် အကြောင်းရင်းမသိရသော အခြေအနေကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှု အစုအပြုံလိုက် တွေ့ရှိရကြောင်း သတင်းပေးပို့ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို 2020 ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည်။ လူနာအများစုမှာ ဟူနန် ပင်လယ်စု လက်လီဈေးနှင့် ဆက်စပ်နေသဖြင့် ဗိုင်းရပ်စ်သည် တိရစ္ဆာန် အရင်းအမြစ်မှ စတင်ခဲ့သည်ဟု စဉ်းစားခဲ့သည်။ ကူးစက်ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်မှာ SARS-CoV-2 ဖြစ်ပြီး အသစ်တွေ့ရှိရသော ဗိုင်းရပ်စ်အမျိုးအစားဖြစ်ကာ လင်းနို့ ကိုရိုနာဗိုင်းရပ်စ်၊ သင်းခွေချပ် ကိုရိုနာဗိုင်းရပ်စ်နှင့် SARS-CoV တို့နှင့် နီးစပ်ဆက်စပ်နေသည်။ ရောဂါလက္ခဏာ ခံစားရသည်ဟု အစောဆုံးတွေ့ရှိရသည့် လူနာသည် 2019 ခုနှစ် ဒီဇင်ဘာ 1 ရက်နေ့တွင်ဖျားနာသွားကြောင်း နောက်ပိုင်းတွင် သိရသည်။ သူ့အနေဖြင့် နောက်ပိုင်း အစုအပြုံလိုက် ကူးစက်မှုဖြစ်ပွားစေခဲ့သည့် ကုန်စိမ်းဈေးနှင့် သိသာထင်ရှားသော အဆက်အသွယ်များ မရှိပါ။ 2019 ခုနှစ် ဒီဇင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည့် အစောပိုင်း အစုအပြုံလိုက်ကူးစက်မှုများအနက် သုံးပုံနှစ်ပုံသည် ဈေးနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ 2020 ပြည့်နှစ် မတ်လ 13 ရက်နေ့တွင် South China Morning Post တွင် ဖော်ပြထားသော အတည်မပြုနိုင်သော သတင်းတစ်ခုအရ ဖြစ်ပွားမှုတစ်ခုအား 2019 ခုနှစ် နိုဝင်ဘာလ 17 ရက်နေ့အထိ နောက်ကြောင်းပြန်ခြေရာခံကြည့်ရာတွင် ဟူဘေးပြည်နယ်ရှိ အသက် 55 နှစ်အရွယ်ရှိသူတစ်ဦးသည် ပထမဆုံး ကူးစက်ခံရသူဖြစ်နိုင်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၌ အသစ်ဖြစ်ပွားမှု သိသိသာသာ ကျဆင်းနေသော်လည်း အီတလီ၊ အီရန်နှင့် တောင်ကိုရီးယားနိုင်ငံများတွင် ရုတ်တရက် ထိုးတက်ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံပြင်ပတွင် ဖြစ်ပွားနေသော ကူးစက်မှုအသစ်များ၏ အရေအတွက်သည် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကူးစက်မှုအသစ်များ၏ အရေအတွက်ထက် ပထမဆုံးအကြိမ်အဖြစ် ပိုမိုများပြားနေကြောင်း WHO က 2020 ခုနှစ် ဖေဖော်ဝါရီလ 26 ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အပျော့စား ရောဂါလက္ခဏာများသာ ပြသခဲ့သော ရောဂါကူးစက်ဖြစ်ပွားသူများအား ဖြစ်ပွားမှုစာရင်းများမှ လျှော့ချတင်ပြမှု အများအပြား ရှိနေနိုင်သည်။ ဖေဖော်ဝါရီလ 26 ရက်နေ့က အသက် 19 နှစ်နှင့်အောက် လူငယ်လူရွယ်များအကြားတွင် ရောဂါဖြစ်ပွားမှု အနည်းငယ်သာရှိခဲ့ပြီး တစ်ကမ္ဘာလုံး ဖြစ်ပွားမှုများ၏ 2.4 ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်ဟု အစီရင်ခံထားပါသည်။ United Kingdom၏ သိပ္ပံဆိုင်ရာအကြံပေးပုဂ္ဂိုလ် အကြီးအကဲ Patrick Vallance က ဗြိတိန်လူဦးရေ၏ 60% ကို ရောဂါကူးစက်ပြီးမှ အုပ်စုလိုက်ကိုယ်ခံစွမ်းအားကို ရရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက် ခဲ့သည်။ COVID-19 အတွက် စစ်ဆေးမှုခံယူထားပြီး တရားဝင် လုပ်ထုံးများအရ ပိုးတွေ့ကြောင်း အတည်ပြုထားခံရသူများကို ကူးစက်ခံရသူများဟု ရည်ညွှန်းပါသည်။ မတ်လ 23 ရက်နေ့တွင် မည်သည့်နိုင်ငံကမျှ လူဦးရေ၏ 3% ထက်ပို၍ စမ်းသပ်ခြင်းမပြုရသေးပဲ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွစ်ဇာလန် စသော နိုင်ငံအများအပြားတွင် အားပျော့သော ရောဂါ လက္ခဏာရှိ သူများကို ဓါတ်ခွဲစမ်းသပ်ခြင်းမပြုရန် တရားဝင်မူဝါဒများ ရှိကြသည်။ မတ်လ 16 ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော လေ့လာစမ်းစစ်မှု တစ်ခုတွင် တရုတ်နိုင်ငံ၌ ဇန်နဝါရီလ 23 ရက်နေ့အထိ COVID-19 ကူးစက်ခံရမှု၏ ခန့်မှန်း 86% အား ရှာဖွေမတွေ့ရှိရသေးကြောင်းနှင့် အဆိုပါ စာရင်းမသွင်းရသေးသော ကူးစက်မှုများသည် စာရင်းသွင်းထားသော ကူးစက်လူနာများ 79% ၏ ကူးစက်မှုမူလရင်းမြစ်များ ဖြစ်ကြောင်းတွေ့ရှိရသည်ဟု ဖော်ပြထားသည်။ မတ်လ 30 ရက်နေ့က ထုတ်ပြန်သော ကိန်းဂဏန်း သုံးသပ်ချက်တွင် အီတလီနိုင်ငံတွင် ရောဂါကူးစက်သော အရေအတွက်သည် အစီရင်ခံသော လူနာများထက် အတော်ပင်များပြားကြောင်း ခန့်မှန်းသည်။ COVID-19 အတွက် အခြေခံ မျိုးဆက်ပွားရေး နံပတ် (R0) ၏ မူရင်း ခန့်မှန်းချေမှာ 1.4 မှ 2.4 ဖြစ်သည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုမှ ထုတ်ဝေသော လေ့လာမှုတစ်စောင်တွင် ၎င်းသည် 5.7 ဖြစ်နိုင်ကြောင်း ကောက်ချက်ချထားသည်။ COVID-19 နှင့် လူအများစုမှာ ပြန်လည် သက်သာကြသည်။ ထိုသို့ မလုပ်ဆောင်သော သူများအတွက် ရောဂါလက္ခဏာပြသချိန်မှ သေဆုံးချိန်အထိ 6 ရက်မှ 41 ရက်ကြား ကြာမြင့်ပြီး ပုံမှန်အားဖြင့် ရောဂါလက္ခဏာပြသရန်မှာ 14 ရက်ဖြစ်သည်။ 2020 ပြည့်နှစ် ဧပြီလ 10 ရက်နေ့အထိ COVID-19 ကြောင့် သေဆုံးသူဦးရေ 97,000 ဝန်းကျင် ရှိနေပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ 5 ရက်နေ့ရောက်သည့်အချိန်တွင် သေဆုံးသူများ၏ 80% မှာ အသက် 60 ကျော်များ ဖြစ်ပြီး 75% တွင် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ နှင့် သွေးချိုဆီးချို အပါအဝင် မူလရှိပြီး ကျန်းမာရေး အခြေအနေများ ရှိကြသည်။ COVID-19 ကပ်ရောဂါမှ တရားဝင် သေဆုံးမှု စာရင်းများသည် ယေဘူယျအားဖြင့် တရားဝင် လုပ်ထုံးများအရ COVID ပိုးရှိကြောင်း စမ်းသပ်တွေ့ရှိသော သေဆုံးသူများကို ရည်ညွန်းသည်။ ယင်းတွင် ဆေးမစစ်ရဘဲ သေဆုံးသွားသူများ၊ ဥပမာ အိမ်၊ ဘိုးဘွားဂေဟာ အစရှိသည်တို့တွင် သေဆုံးသွားကြသူများ မပါဝင်နိုင်သောကြောင့် COVID-19 ကြောင့် အမှန်တကယ် သေဆုံးမှုအရေအတွက် ပို၍များပြားနိုင်သည်။ အီတလီမှ ရရှိသော အချက်အလက်တစ်စိတ်တစ်ပိုင်းအရ ကပ်ရောဂါဖြစ်ပွားမှု ကာလအတွင်း သေဆုံးမှု အရေအတွက်သည် COVID ကြောင့် အမှန်တကယ်သေဆုံးမှုထက် 4ဆ မှ 5ဆ အထိ ပိုမိုများပြားကြောင်း တွေ့ရသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန (CDC) မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက “သေဆုံးသူအရေအတွက်သည် လျှော့ပေါ့ တွက်ထားခြင်းဖြစ်သည်ကို ကျွန်ုပ်တို့အနေဖြင့် သိရှိသည်” ဟု ဝန်ခံခဲ့သည်။ အမေရိကန်တွင် လျှော့ပေါ့တွက်ချက်မှုများ ပြုလုပ်နေပြီး မရေရာသည့် သတင်းပို့တင်ပြချက်များကလည်း အဆိုပါထုတ်ပြန်ချက်အား ခိုင်မာစေသည်။ 2009 ခုနှစ် H1N1 ဝက်တုပ်ကွေးကပ်ရောဂါကာလကဲ့သို့ ကပ်ရောဂါ ကာလများအတွင်းတွင် ထိုသို့ လျှော့ပေါ့တွက်ချက်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ပထမဆုံးအတည်ပြုလူနာသေဆုံးမှုသည် ဝူဟန်မြို့တွင် 2020 ခုနှစ် ဇန်နဝါရီလ 9 ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ တရုတ်ပြည်မကြီးပြင်ပ၌ ပထမဆုံး သေဆုံးမှုမှာ ဖိလစ်ပိုင်နိုင်ငံတွင် ဖေဖော်ဝါရီလ 1 ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး အာရှတိုက်ပြင်ပ ပထမဆုံးသေဆုံးမှုမှာ ပြင်သစ်နိုင်ငံ၌ ဖေဖော်ဝါရီလ 14 ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ တရုတ်ပြည်မကြီး၏ အပြင်ဘက်ရှိ အီရန်၊ တောင်ကိုရီးယားနှင့် အီတလီနိုင်ငံများတွင် ဖေဖော်ဝါရီလ 28 ရက်နေ့မတိုင်မီ သေဆုံးမှု တစ်ဒါဇင်ကျော်စီ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ မတ်လ 13 ရက်နေ့တွင် အန္တာတိကတိုက်မှလွဲ၍ ကမ္ဘာ့တိုက်ကြီးတိုင်းရှိ နိုင်ငံနှင့် နယ်မြေ လေးဆယ်ကျော်တွင် သေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းပေးပို့ခဲ့ကြသည်။ သေဆုံးမှု အရေအတွက်များအား စာရင်းပြုစုရန်အတွက် နည်းလမ်းအများအပြားအား အသုံးပြုလျက်ရှိသည်။ ဤကိန်းဂဏန်းများမှာ ဒေသကိုလိုက်၍ အချိန်နှင့်အမျှ ကွဲပြားမှုရှိကာ စမ်းသပ်မှု ပမာဏ၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ် အရည်အသွေး၊ ကုသမှု ရွေးချယ်နိုင်မှုများ၊ အစပျိုး ကူးစက်သည်မှ ကြာချိန်၊ နှင့် အသက်၊ လိင်၊ နှင့် တစ်စုံလုံး အခြေအနေကဲ့သို့ လူဦးရေ သွင်ပြင်လက္ခဏာများက လွှမ်းမိုးမှုရှိသည်။ သေဆုံးနှင့် လူနာအချိုးသည် သတ်မှတ်ခါးသော အချိန်ကာလအတွင်း သေဆုံးသူ အရေအတွက်ကို အတည်ပြုလူနာအရေအတွက်ဖြင့် စားထားခြင်းဖြစ်သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ကိန်းဂဏန်းများအရ 2020 ခုနှစ် ဧပြီလ 10 ရက်နေ့အထိ ကမ္ဘာနှင့်အဝှမ်း သေဆုံးမှုနှင့် ရောဂါဖြစ်ပွားမှု အချိုးမှာ 6.0% (97,039/1,617,204) ရှိပါသည်။ အရေအတွက် ပမာဏသည် ဒေသအလိုက် ကွဲပြားသည်။ တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အချိုးကို ခန့်မှန်းတွက်ချက်ရာတွင် 17.3% (2020 ပြည့်နှစ် ဇန်နဝါရီ 1 ရက်မှ 10 ရက်အတွင်း လက္ခဏာများပြသူများအတွက်) မှ 0.7 ရာခိုင်နှုန်း (2020 ဖေဖော်ဝါရီ 1 ရက် နောက်ပိုင်းတွင် လက္ခဏာများပြသူများအတွက်) သို့ ကျဆင်းသွားသည်။ အခြား ခန့်မှန်းမှုများတွင် ရောဂါရှိသည်ဟု စစ်ဆေးတွေ့ရှိထားပြီး ရောဂါကြောင့် သေဆုံးသူ ရာခိုင်နှုန်းကို ဖော်ပြသည့် ရောဂါဖြစ်ပွားမှုကြောင့် အများဆုံး သေဆုံးနှုန်း (CFR) နှင့် (ရောဂါ စစ်ဆေးတွေ့ရှိသည်ဖြစ်စေ၊ မတွေ့ရှိသည် ဖြစ်စေ) ရောဂါကူးစက်ခံရပြီး သေဆုံးသူ ရာခိုင်နှုန်းကို ပြသသော ရောဂါကူးစက်၊ သေဆုံးမှုနှုန်း (IFR) တို့ပါဝင်သည်။ အဆိုပါကိန်းဂဏန်းများမှာ ကာလတစ်ခုအတွက် အချက်အလက်များ မဟုတ်ဘဲ ရောဂါကူးစက်ခံရသည်ဟု သတ်မှတ်လိုက်သည့် ဖြစ်စဉ်များမှတစ်ဆင့် ကူးစက်ခံရသည့် လူတစ်စုကို ကွင်းစက်လိုက်ရာမှ ရရှိသော အချက်အလက်များ ဖြစ်သည်။ ပညာရှင် အများအပြားက သီးခြား လူဦးရေအတွက် ယင်းကိန်းဂဏန်း များကို တွက်ချက်ရန် ကြိုးစားခဲ့ကြသည်။ အောက်စ်ဖို့တက္ကသိုလ်ရှိ အကိုးအကားပေါ်အခြေခံသော ဆေးပညာစင်တာမှခန့်မှန်းရာတွင် ရောဂါပျံ့ပွားမှုအတွက် အသေအပျောက်ဖြစ်နိုင်ခြေသည် ယေဘုယျအားဖြင့် 0.1% နှင့် 0.39% အကြား ရှိကြောင်း ထင်မြင်ချက်ပြုသည်။ ဤအတိုင်းအတာအတွက် အမြင့်ဆုံးခန့်မှန်းချက်သည် ဂျာမဏီနိုင်ငံအတွင်း COVID-19 အား ပထမဆုံး ကျပန်းရွေးချယ်စမ်းသပ်မှုနှင့် အသေအပျောက် ဖြစ်မှုနှုန်း ခန့်မှန်းချက်များအပေါ် စမ်းသပ်မှု၏ အကျိုးသက်ရောက်မှုအား ကိန်းဂဏန်း အချက်အလက်များဖြင့် စိစစ်လေ့လာတွေ့ရှိရချက်များနှင့် ကိုက်ညီမှုရှိသည်။ WHO က ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ကြောင်း အခိုင်အမာဆိုသည်။ ကူးစက်ပြန့်နှံ့မှု၏ အမြင့်ဆုံးနှင့် အဆုံးစွန် ကာလမှာ မရေရာပဲ နေရာကို လိုက်၍ ကွဲပြားနိုင်သည်။ ပန်းန် ပြည်နယ်တက္ကသိုလ်မှ မာဆီဘိုနီက “မထိန်းချုပ်ဘဲ လွှတ်ထားလိုက်ပါ။ ကူးစက်ရောဂါဖြစ်ပွားမှုများသည် ပုံမှန်အတိုင်းကူးစက်နေမှာ ဖြစ်ပြီး ရောဂါကူးစက်စရာများ ကုန်ဆုံးလာသည်နဲ့အမျှ ကူးစက်မှု စတင် လျော့နည်း ကျဆင်းလာနိုင်သည်” ဟု ပြောခဲ့သည်။ သို့ရာတွင် ယင်းက မည်သည့်အချိန်တွင် ဖြစ်ပေါ်လာမည်ကို ယခုအချိန်၌ သင့်တင့်လျောက်ပတ်စွာ ခန့်မှန်းရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သည်။ တရုတ်အစိုးရ၏ အကြီးတန်း ဆေးဘက်ဆိုင်ရာ အကြံပေး Zhong Nanshan က ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်ရန်အတွက် အစီအမံများနှင့် ပတ်သက်၍ WHO ၏ အကြံပြုချက်ကို နိုင်ငံအားလုံး စုစည်းလိုက်နာလုပ်ဆောင်လျှင် “ဇွန်လတွင် ကပ်ရောဂါ အဆုံးသတ်သွားနိုင်သည်” ဟု ပြောဆိုခဲ့သည်။ မတ်လ 17ရက်နေ့တွင် လန်ဒန် သန့်ရှင်းရေးနှင့် အပူပိုင်းဒေသဆေးပညာကျောင်းမှ Adam Kucharski က SARS-CoV-2 သည် “တစ်နှစ်သို့မဟုတ် နှစ်နှစ်အထိ ပျံ့နှံ့နေနိုင်ဖွယ်ရှိသည်ဟု” ပြောကြားခဲ့သည်။ နေးလ်ဖာဂူဆန် (Neil Furguson) ဦးဆောင်သော Imperial ကောလိပ်၏ လေ့လာမှုအရ “ကာကွယ်ဆေးရရှိနိုင်သည့်အခြေအနေ (ဖြစ်နိုင်ခြေ 18 လနှင့် ထို့အထက်) ထိတိုင်အောင်” လူမှုရေးရာခပ်ခွာခွာနေခြင်းနှင့် အခြားတိုင်းတာမှုစီမံချက်များ လိုအပ်ကြောင်း ဆိုသည်။ ဗန်ဒါဗစ်တက္ကသိုလ်မှ ဝီလီယံ ရှနပ်ဖ်ဖာက “ကူးစက်ပျံ့နှံ့မှု မြန်လွန်းတာကြောင့် ကိုရိုနာဗိုင်းရပ်စ် လုံးဝကွယ်ပျောက်သွားဖို့ မမြင်ဘူးလို့ ထင်ပါတယ်” ဟု ပြောကြားခဲ့ပြီး “ရာသီရောဂါတစ်ခုအဖြစ် ကူးပြောင်းသွားဖွယ်ရှိပြီး နှစ်တိုင်း ပြန်ပြန်လာနေမယ့်ပုံ ပေါ်ပါတယ်” ဟု ဆိုခဲ့သည်။ တစ်ကျော့ပြန် ပြန်လည်ကူးစက်နိုင်မှုသည် လူထု၏ ကိုယ်ခံစွမ်းအားနှင့် ဗီဇပြောင်းလဲမှု ပမာဏပေါ်တွင် မူတည်သည်။ COVID-19 ၏ ရောဂါလက္ခဏာများသည် အတိအကျမရှိသည့်အပြင် ရောဂါကူးစက်ခံထားရသူများသည်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်သည်။ အများဆုံး တွေ့ရသော ရောဂါလက္ခဏာ နှစ်ခုမှာ ကိုယ်ပူချိန် မြင့်ခြင်း (88%) နှင့် ချောင်းခြောက်ဆိုးခြင်း (68%) တို့ဖြစ်သည်။ သိပ်မမြင်ရသော ရောဂါလက္ခဏာများတွင် မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူလမ်းကြောင်းတွင် ချွဲ သလိပ် ပျစ်ပျစ်များ ထွက်လာခြင်း၊ အနံ့အာရုံ ပျောက်ဆုံးခြင်း၊ အသက်ရှူကြပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားအဆစ်အမြစ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ အော့အန်ခြင်း၊ သွေးကြောပိတ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ပြာနှမ်းခြင်းတို့ ပါဝင်သည်။ WHO မှ ထုတ်ပြန်ချက်အရ ‌ရောဂါဖြစ်ပွားသူခြောက်‌ယောက်တွင်တစ်‌ယောက်မှာ ဆိုးရွားစွာ နာမကျန်းဖြစ်လာပြီး အသက်ရှူကြပ်လာကြောင်း သိရသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများ (CDC) က အရေးပေါ် လက္ခဏာများအဖြစ် အသက်ရှူရ ခက်ခဲခြင်း၊ တောက်လျောက် ရင်ဘတ်နာခြင်း သို့မဟုတ် ဖိအားခံစားရခြင်း၊ ရုတ်တရက် စိတ်ရှုတ်ထွေးခြင်း၊ အိပ်ရာထ ခက်ခဲခြင်း၊ နှင့် မျက်နှာ သို့မဟုတ် နှုတ်ခမ်းများ ပြာနှမ်းခြင်း။ အကယ်၍ ထို လက္ခဏာများ ရှိက ဆေးဖက်ဆိုင်ရာ စောင့်ရှောက်မှုကို ချက်ချင်းရယူရန် အကြံပြုသည်။ နောက်ထပ် ရောဂါ၏ တိုးတက်ဖြစ်ပေါ်မှုသည် ပြင်းထန်သော နမိုးနီးယား၊ ရုတ်တရက် အသက်ရှူခက်ခဲခြင်း ရောဂါ လက္ခဏာစု၊ ပြည်တည်ခြင်းနှင့် သွေးဆိပ်ကြောင့် ရှော့ရခြင်းနှင့် သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ အချို့သော ရောဂါကူးစက်ခံရသူများသည် ရောဂါလက္ခဏာ ပြသခြင်းမရှိသော်လည်း စစ်ဆေးသည့်အခါတွင် ရောဂါကူးစက်နေသည့် အတည်ပြုလူနာ အဖြစ် တွေ့ရှိရသည်။ ထို့ကြောင့် သုတေသီများက ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာများနှင့် နီးကပ်စွာထိတွေ့ခဲ့သူများအား ရောဂါကူးစက်မှုကို ဖယ်ရှားရန်အတွက် အနီးကပ်စောင့်ကြည့်ပြီး စစ်ဆေးသင့်ကြောင်း အကြံပြုခဲ့သည်။ တရုတ်နိုင်ငံ၏ ခန့်မှန်းချက်အရ ရောဂါလက္ခဏာမပြသော အချိုးသည် အနည်းငယ်မှ 44% အထိ ရှိသည်။ ပုံမှန် ရောဂါအစပျိုးကာလ (ရောဂါကူးစက်ခံရပြီး ရောဂါလက္ခဏာပြချိန်အကြား ကာလ) သည် တစ်ရက်မှ 14 ရက်ကြားဖြစ်ပြီး အများအားဖြင့် ငါးရက်အတွင်း ရောဂါလက္ခဏာ ပြတတ်ပါသည်။ မသေချာ မရေရာသေးသည့် ဥပမာတစ်ခုမှာ COVID-19 ဖြစ်ပွားသည့် လူနာများတွင် အနံ့၊ အရသာ ပျောက်သွားသူ ခန့်မှန်းအရေအတွက်မှာ အစဦးတွင် 30% ရှိပြီး နောက်ပိုင်းတွင် 15% သို့ ကျဆင်းခဲ့သည်။ ရောဂါမည်သို့မည်ပုံ ကူးစက်ပျံ့နှံ့သည်ကို သိရှိရန် အချို့သော အသေးစိတ်အချက်အလက်များအား သုံးသပ်ဆုံးဖြတ်ရန် လိုသေးသည်။ ရောဂါအနေဖြင့် အနီးကပ် ထိတွေ့ဆက်ဆံမှုနှင့် ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် စကားပြောခြင်းတို့မှ ထွက်လာသော သေးငယ်သည့် အရည်အမှုန်အမွှားများမှ အဓိက ကူးစက်သည်ဟု ယုံကြည်ကြသည်။ အနီးကပ်ထိတွေ့ဆက်ဆံမှု ဆိုသည်မှာ 1 မီတာမှ 2 မီတာ အတွင်း (3 ပေမှ 6 ပေ) ဖြစ်သည်။ လေ့လာမှုများအရ ဖုံးအုပ်မှုမရှိဘဲ ချောင်းဆိုးခြင်းသည် အရည်အမှုန်အမွှားများကို 4.5 မီတာ(15 ပေ) မှ 8.2 မီတာ(27 ပေ) အထိ ရောက်ရှိစေနိုင်ကြောင်း တွေ့ရှိရသည်။ အချို့က ဗိုင်းရပ်စ်သည် လေထဲတွင် အချိန်ပိုမိုကြာရှည်စွာ နေနိုင်သော စကားပြောရာမှ ထွက်ပေါ်လာသော အစက်အမှုန်များ မှတဆင့် ကူးစက်နိုင်ခြင်းလည်း ဖြစ်နိုင်ကြောင်း အဆိုပြုသည်။ စကားပြောရင်း အသက်ရှူထုတ်သည့်အခါ ထုတ်လုပ်သော အသက်ရှူခြင်း ဆိုင်ရာ အစက်အမှုန်များလည်း ထွက်ပေါ်လာနိုင်သော်လည်း ယေဘူယျ အားဖြင့် ဗိုင်းရပ်စ်သည်လေမှတဆင့် ကူးစက်ခြင်း မဟုတ်ပါ။ အရည်စက်ကလေးများက အနီးနားရှိ လူများ၏ ပါးစပ်များ သို့မဟုတ် နှာခေါင်းပေါက်ထဲ ရောက်သွားနိုင်သည် သို့မဟုတ် ၎င်းတို့ကို အဆုတ်များထဲ့သို့ ရှူသွင်းမိနိုင်သည်။ ပြွန်တပ်ဆင်ခြင်းနှင့် နှလုံးခုန်စေရန် အရေးပေါ်လုပ်ဆောင်မှု (CPR) ကဲ့သို့သော ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်အချို့သည် အသက်ရှူလမ်းကြောင်းအတွင်း အရည်ထွက်ခြင်း ဖြစ်ပွားစေကာ လေထုအတွင်းအမှုန်များ ရောက်ရှိစေပြီး လေထုအတွင်းမှတစ်ဆင့် ပျံ့နှံ့ခြင်း ဖြစ်ပွားနိုင်သည်။ အရေအပြားအပါအဝင် ထိစပ်မှုရှိထားသည့် မျက်နှာပြင်တစ်ခုကို တစ်ဦးဦးက ကိုင်ပြီးနောက် ၎င်းတို့၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့ကို ထိကိုင်မိသော အခါတွင်လည်း ပျံ့ပွားနိုင်ပါသည်။ ထိုရောဂါသည် မစင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း အလေးထား ပူပန်မှုများရှိကြသော်လည်း ထိုသို့ ကူးစက်နိုင်ခြေမှာ နည်းပါးသည်ဟု ယုံကြည်ကြသည်။ တရုတ်အစိုးရသည် လူတစ်ဦး၏မစင်အညစ်အကြေးမှ အခြား တစ်ဦး၏ အစားအစာသို့ SARS-CoV-2 ရောဂါကူးစက်မှု ဖြစ်နိုင်ခြေကို ငြင်းဆိုခဲ့သည်။ ရောဂါလက္ခဏာမပြသမီနှင့် ရောဂါ၏ နောက်ပိုင်း အဆင့်များတွင် ရောဂါကူးစက်မှုဖြစ်နိုင်သော်လည်း ရောဂါ လက္ခဏာများစတင်ပေါ်ပေါက်ပြီးနောက် ပထမသုံးရက်အတွင်း ဗိုင်းရပ်စ်သည် အကူးစက်တတ်ဆုံးဖြစ်သည်။ ရောဂါလက္ခဏာမပြမီ သုံးရက်မတိုင်မီကတည်းက ရောဂါရှိနေသည်ဟု စမ်းသပ်တွေ့ရှိရသဖြင့် သိသာထင်ရှားသည့် ရောဂါလက္ခဏာ မပြသမီမှာပင် ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါသည်။ ဓာတ်ခွဲခန်းမှ အတည်ပြုပေးသည့် ရောဂါလက္ခဏာမပြသော ကူးစက်မှုများရှိကြောင်း အစီရင်ခံချက် အနည်းငယ်သာရှိသည်။ သို့ရာတွင် ထိုသို့ ရောဂါလက္ခဏာမပြသော်လည်း ကူးစက်မှုရှိကြောင်းကို သံသယရှိသူများအား ခြေရာခံ စုံစမ်းမှုများ ပြုလုပ်နေစဉ်အတွင်း နိုင်ငံအချို့တွင် တွေ့ရှိရသည်။ ရောဂါကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအတွက် ဥရောပ စင်တာ (ECDC) က ရောဂါမည်သို့ အလွယ်တကူ ပျံ့နှံ့သည်ဆိုသည်ကို လုံးဝရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လူတစ်ဦးသည် အခြားသူ နှစ်ဦးမှ သုံးဦးကို ယေဘုယျအားဖြင့် ကူးစက်စေသည်ဟု ဖော်ပြထားပါသည်။ ဗိုင်းရပ်စ်သည် မျက်နှာပြင်များပေါ်တွင် နာရီပေါင်းများစွာမှသည် နေ့များစွာအထိ ရှင်သန်နိုင်ပါသည်။ အထူးသဖြင့် ဗိုင်းရပ်စ်သည် ပလပ်စတစ် (ပေါ်လီ ပရိုပလင်း) နှင့် 304 စတီးလ်တို့ပေါ်တွင် သုံးရက်အထိ၊ ကတ်ထူပြားပေါ်တွင် တစ်ရက်နှင့် ကြေးနီပေါ်တွင် လေးနာရီထိကြာအောင် ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ လေထုစိုထိုင်းဆနှင့် အပူချိန်ပေါ်တွင် မူတည်ပြောင်းလဲသည်။ အိမ်မွေးတိရစ္ဆာန်များနှင့် အခြား တိရစ္ဆာန်များတွင် COVID-19 ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ တိရိစ္ဆာန်များမှ လူများသို့ ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း သက်သေ အထောက်အထား မရှိသော်လည်း ဗြိတိန်အာဏာပိုင်များက တိရိစ္ဆာန်များနှင့် ထိတွေ့ပြီးတိုင်း လက်ဆေးရန် အကြံပြုထားသည်။ ကူးစက်ခံရသူ ထိတွေ့ထားနိုင်သော နေရာများနှင့် ထိမိပြီးတိုင်း လုပ်ဆောင်ရသကဲ့သို့ လုပ်ဆောင်ရန် ဖြစ်သည်။ ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် 2 (SARS-CoV-2) သည် ဆန်းသစ်သည့်ဗိုင်းရပ်စ်ဖြစ်သည်။ ဝူဟန်တွင် အစုလိုက်အပြုံလိုက် ဖြစ်ပွားလျက်ရှိသော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုများနှင့် ဆက်စပ်နေသည့် လူသုံးဦးထံတွင် အရင်ဆုံး ခွဲထုတ်နိုင်ခဲ့သည်။ နိုဗဲလ် SARS-CoV-2 ဗိုင်းရပ်စ်၏ သွင်ပြင်လက္ခဏာ အားလုံး သဘာဝအလျောက် သက်ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်များတွင် ဖြစ်သည်။ လူ့ခန္ဂာကိုယ် ပြင်ပတွင် ဗိုင်းရပ်စ်သည် သူ၏ အကာအကွယ် အဖုံးကို ပျော်ဝင်စေသည့် အိမ်သုံးဆပ်ပြာတွင် သေဆုံးသည်။ SARS-CoV-2 သည် မူရင်း SARS-CoV နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ ၎င်းသည် တိရိစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော ဇစ်မြစ်ရှိသည်ဟု ယူဆရသည်။ မျိုးရိုးဗီဇ ခွဲခြမ်းလေ့လာချက်များအရ ကိုရိုနာဗိုင်းရပ်စ်သည် မျိုးရိုးဗီဇအားဖြင့် လင်းနို့မှ ဆင်းသက်သည့် မျိုးစိတ်နှစ်ခုနှင့် အတူ ဆာဘီကိုဗိုင်းရပ်စ်မျိုးစိတ် (မျိုးရိုး B) တွင် ဘီတာကိုရိုနာ ဗိုင်းရပ်စ်မျိုးစုတို့ဖြင့် တစ်အုပ်စုတည်း ဖြစ်ပါသည်။ ယင်းသည် အခြားသော လင်းနို့ ကိုရိုနာဗိုင်းရပ်စ် နမူနာများ (BatCov RaTG13) နှင့် ဂျီနုမ်းအဆင့်တစ်ခုလုံးတွင် 96% အတိအကျ တူညီသည်။ 2020 ပြည့်နှစ် ဖေဖော်ဝါရီတွင် တရုတ်သုတေသီများသည် သင်းခွေချပ်ရှိ ဗိုင်းရပ်စ်မျိုးစိတ်နှင့် လူတွင်ဖြစ်ပွားသော ဗိုင်းရပ်စ်မျိုးစိတ်နှစ်ခုအကြား မျိုးဗီဇအစဉ်၏ အချို့သော အပိုင်းများတွင် အမိုင်နိုအက်စစ် ကွာခြားမှုတစ်ခုတည်းသာ ရှိကြောင်း တွေ့ရှိခဲ့သည်။ ယခုအချိန်အထိ သက်ရှိ ဇီဝပစ္စည်းတစ်ခု၏ မျိုးပွားပစ္စည်းတစ်ခုလုံးကို နှိုင်းယှဉ်မှုအရ အာဖရိကပုရွက်ဆိတ်စားကောင်၏ ကိုရိုနာဗိုင်းရပ်စ်နှင့် SARS-CoV-2 အကြားတွင် မျိုးရိုးဗီဇပစ္စည်း 92 ရာခိုင်နှုန်းကျော် တူညီမှုရှိကြောင်း တွေ့ရှိရပြီး ထိုသို့တွေ့ရှိရရုံဖြင့် အာဖရိက ပုရွက်ဆိတ်စားကောင်သည် ကြားခံကူးစက်စေသူဖြစ်ကြောင်း သက်သေပြရန် မလုံလောက်ပေ။ ဗိုင်းရပ်စ်ကူးစက်ထားရှိမှုကို လက္ခဏာပြသမှုအပေါ်အခြေခံ၍ ယာယီအားဖြင့် ရောဂါရှာဖွေနိုင်သော်လည်း အတည်ပြုခြင်းကို ကူးစက်ခံထားရသူ၏ ဒီအန်အေကို ပုံစံတူ မိတ္တူပွားကာ တုံ့ပြန်မှုကို ပြောင်းပြန် ဖြစ်သွားစေသည့်နည်း (rRT-PCR) သို့မဟုတ် CT စကန်ဖတ်ခြင်းတို့ဖြင့်သာ ပြုလုပ်နိုင်သည်။ ဝူဟန်တွင် PCR ကို CT နှင့် နှိုင်းယှဉ်လေ့လာမှုတစ်ခုတွင် CT သည် PCR ထက်ပို၍ သိသာစွာ အာရုံခံမှု ထက်မြက်သော်လည်း တိကျမှု အားနည်းသည်၊ ရုပ်ပုံသွင်ပြင်လက္ခဏာအများအပြားမှာ အခြားသော နမိုးနီးယားနှင့် ရောဂါ ဖြစ်စဉ်များနှင့် ထပ်နေသည်။ 2020 ခုနှစ် မတ်လတွင် အမေရိကန် ဓာတ်မှန်ကောလိပ်မှ “COVID-19 ရောဂါအား စမ်းသပ်စစ်ဆေးရာ၌ သို့မဟုတ် ပထမအဆင့် စမ်းသပ်မှုအဖြစ် CT ကို အသုံးမပြုသင့်ပါ” ဟု အကြံပြုပါသည်။ WHO အနေဖြင့် SARS-CoV-2 အတွက် RNA စမ်းသပ်စစ်ဆေးမှု လုပ်ငန်းစဉ်အများအပြားအား ထုတ်ပြန်ပေးခဲ့ပြီး ပထမဆုံး ထုတ်ပြန်မှုအား ဇန်နဝါရီလ 17 ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ စမ်းသပ်မှုသည် အမှန်အချိန် ပေါ်လီမာရေ့စ် ကွင်းဆက် ပြောင်းပြန်ကူးယူခြင်း ဓါတ်ပြုမှု (rRT-PCR)ကို အသုံးပြုသည်။ စစ်ဆေးမှုကို အသက်ရှူလမ်းကြောင်း သို့မဟုတ် သွေးနမူနာများဖြင့် ဆောင်ရွက်နိုင်ပါသည်။ စစ်ဆေးချက်အဖြေများအား ယေဘုယျအားဖြင့် နာရီအနည်းငယ်အတွင်းမှ ရက်အနည်းငယ်အတွင်း ရရှိနိုင်သည်။ ယေဘုယျအားဖြင့် ဤစမ်းသပ်စစ်ဆေးမှုကို အာခေါင်တို့ဖတ်နှင့် လုပ်ဆောင်သကဲ့သို့ လည်ချောင်းတို့ဖတ်ဖြင့်လည်း အသုံးပြုလုပ်ဆောင်သည်။ ဓါတ်ခွဲခန်းများနှင့် ကုမ္ပဏီများသည် ပဋိဇီဝပစ္စည်းများအား စစ်ဆေးနိုင်သည့် သွေးရည်ကြည် စစ်ဆေးစမ်းသပ်မှုများအား တိုးချဲ့လုပ်ဆောင်နေကြသည်။ 2020 ပြည့်နှစ် ဧပြီလ 6 ရက်နေ့အထိ ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သည်ဟု အတည်ပြုရန် လုံလောက်သော အတိုင်းအတာအထိ မှန်ကန်တိကျမှုရှိကြောင်း သက်သေမပြနိုင်သေးပါ။ Cellex မှ စီမံထုတ်လုပ်ထားသည့် အမေရိကန် သွေးရည်ကြည် စစ်ဆေးစမ်းသပ်မှုအတွင်း အသိအမှတ်ပြုခံရသည့် ဓါတ်ခွဲခန်းများသာလျှင် အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုချက်ရှိကြောင်း အတည်ပြုခဲ့သည်။ အဓိကမကျသော အဆုတ်အတွင်း မှန်စသဖွယ် အလင်းမဖောက်နိုင်သော အချိုးမညီ အကွက်များပေါ်ခြင်းနှင့် အဆုတ်တွင်း ရေဝင်ခြင်းများ အပါအဝင် ရောဂါလက္ခဏာများ ပြသနေသော လူများအား ဓါတ်မှန် နှင့် computed tomography(CT) ရိုက်ပြီး ထူးခြားသော ဝိသေသလက္ခဏာရပ်များအား ရှာဖွေသည်။ အီတလီဓါတ်မှန်ပညာရှင်များအသင်းက အတည်ပြုလူနာများ၏ ပုံရိပ်ရှာဖွေတွေ့ရှိမှုများအား စုစည်းပြီး နိုင်ငံတကာ အွန်လိုင်းဒေတာဘေ့စ်တစ်ခု တည်ဆောက်နေသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ကဲ့သို့သော အခြားကူးစက်ခြင်းလက္ခဏာရပ်များနှင့် ဆင်တူနေသောကြောင့် COVID-19 အား ခွဲခြားသတ်မှတ်ရာတွင် PCR ဖြင့် အတည်ပြုချက်မရရှိဘဲ တိတိကျကျ သတ်မှတ်ရန် မဖြစ်နိုင်ပါ။ တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သော လေ့လာစမ်းသပ်မှုကြီး တစ်ခုတွင် ရင်ဘတ် CT ရိုက်ခြင်းနှင့် PCR ပြုလုပ်ခြင်း ရလဒ်များကို နှိုင်းယှဉ်ခဲ့ပြီး ပုံရိပ်စစ်ဆေးခြင်းသည် ရောဂါကူးစက်မှုအတွက် အသေးစိတ်တိတိကျကျ မရှိသော်လည်း ပိုမိုမြန်ဆန်ပြီးပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ကြောင်း သရုပ်ပြသခဲ့ကာ ကပ်ရောဂါသင့် ဒေသများတွင် ရှေ့ပြေးစမ်းသပ်မှုကိရိယာအဖြစ် အသုံးပြုသင့်ကြောင်းအကြံပြုခဲ့ပါသည်။ ဓါတ်မှန်နှင့် CT နှစ်ခုစလုံးဖြင့် ဗိုင်းရပ်စ်၏ သွင်ပြင်အင်္ဂါရပ်များအား ပုံရိပ်ဖော် ရှာဖွေတွေ့ရှိနိုင်ရန်အတွက် လူလုပ်အသိဉာဏ်တုအား အခြေခံသည့် ရှုပ်ထွေးသော အာရုံကြော ကွန်ရက်များအား တီထွင် ဖန်တီးလျက် ရှိပါသည်။ ရောဂါပြန့်ပွားမှု ကာကွယ်ခြင်းအတွက် မဟာဗျူဟာများတွင် တစုံလုံး ကောင်းမွန်သော တကိုယ်ရေ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း၊ လက်ဆေးခြင်း၊ မျက်စေ့များ၊ နှာခေါင်း သို့မဟုတ် ပါးစပ်များကို ရေမဆေးသော လက်ဖြင့် ထိတွေ့ခြင်း၊ နှင့် ချောင်းဆိုးခြင်း နှင့် နှာချေခြင်းများကို တစ်ရှူးများတွင် ပြုလုပ်ပြီး တစ်ရှုးများကို အမှိုက်ပုံးများထဲသို့ တိုက်ရိုက် ထည့်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက်ခံထားရသူများကို လူအများကြားတွင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် အကြံပေးထားပြီးဖြစ်သည်။ ကူးစက်မှုကာကွယ်ရန်အတွက် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း အလေ့အထများကိုလည်း အကြံပြုထားသည်။ အစိုးရများစွာက ကူးစက်မှု ဖြစ်ပွားနေသော နိုင်ငံများနှင့် ဒေသများသို့ဖြစ်စေ ၎င်းနိုင်ငံများနှင့် ဒေသများမှဖြစ်စေ အရေးတကြီး မလိုအပ်သော ခရီးသွားလာမှု အားလုံးကို မလုပ်ဆောင်ရန် တားမြစ်ထား၊ အကြံပြုထားသည်။ သို့ရာတွင် ဗိုင်းရပ်စ်သည် ကမ္ဘာ့အစိတ်အပိုင်းတော်တော်များများရှိ လူမှုအသိုင်းအဝန်းများတွင် ပျံနှံ့သော အဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ ဗိုင်းရပ်စ်ပိုးသည် လူမှုအသိုင်းအဝိုင်များအတွင်း ပျံ့နှံ့လျက်ရှိပြီး ထိုအသိုင်းအဝိုင်းများအတွင်းမှ ပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့ မည်သည့်နေရာမှ မည်သို့ ကူးစက်ခံခဲ့ရသည်ကို မသိကြပါ။ ရောဂါကူးစက်နေနိုင်သော တစ်စုံတစ်ဦးအား စောင့်ရှောက်မှုပေးရသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများ အနေဖြင့် စံပြု ကြိုတင်ကာကွယ်မှုများ၊ ထိတွေ့မှု ကြိုတင် ကာကွယ်ခြင်းနှင့် မျက်လုံးအကာအကွယ်များကို အသုံးပြုကြရန် အကြံပြုပါသည်။ ထိတွေ့မှု ခြေရာကောက်ခြင်းသည် ကျန်းမာရေးအာဏာပိုင်များအတွက် ရောဂါကူးစက်မှု၏ အရင်းအမြစ်ကို ဆုံးဖြတ်ရန်နှင့် ထပ်မံကူးစက်မှုကို ကာကွယ်ရန်အတွက် အရေးကြီးသောနည်းလမ်းဖြစ်သည်။ ဤရည်ရွယ်ချက်အတွက် အစိုးရက မိုဘိုင်းဖုန်းများမှ တည်နေရာအချက်အလက်များကို အသုံးချခြင်းသည် ကိုယ်ရေး အချက်အလက်လုံခြုံရေးအတွက် စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့နှင့် အခြား အဖွဲ့အစည်း 100 ကျော်တို့က ထိုကဲ့သို့သော စောင့်ကြည့်ထောက်လှမ်းမှုအပေါ် ကန့်သတ်ချက်များ ထုတ်ပြန်ရန် တောင်းဆိုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ လက်ကိုင်ဖုန်း အက်ပ်အမျိုးမျိုးကို အကောင်အထည်ဖော် သို့မဟုတ် စေတနာ့ဝန်ထမ်း အသုံးပြုမှုအတွက် အဆိုပြုခဲ့ပြီး 2020 ခုနှစ် ဧပြီလ 7 ရက်နေ့တွင် ကျွမ်းကျင်သူ အုပ်စု တစ်ဒါဇင်ကျော်သည် အသုံးပြုသူ၏ ဘလူးတုသ်ကို အခြားလက်ကိုင်ဖုန်းသို့ အနီးစပ်ဆုံး ဝင်ရောက်ရန် အသုံးပြုခြင်း ကဲ့သို့ ပုဂ္ဂလိက အချက်အလက် ရင်းနှီးမှု အဖြေရှာမှုအပေါ် အလုပ်လုပ်နေခဲ့ကြသည်။ COVID-19 ကူးစက်ခံရသည်ဟု စမ်းသပ်တွေ့ရှိသူတစ်ဦးနှင့် နီးကပ်သော ဆက်သွယ်မှုများ ရှိခဲ့ပါက အသုံးပြုသူများထံသို့ အကြောင်းကြားစာတစ်စောင် ရောက်ရှိမည်ဖြစ်သည်။ နှာခေါင်းအား ဆေးကြောခြင်းနှင့် ခံတွင်းသန့်ဆေးရည်ဖြင့် ပလုတ်ကျင်းခြင်း ကဲ့သို့ လူအများကြား ပျံ့နှံ့နေသော ကူးစက်ရောဂါကာကွယ်မှု နည်းလမ်းအမှားများသည် ထိရောက်မှုမရှိသော အယူအဆအလွဲများ ဖြစ်ကြသည်။ အဖွဲ့အစည်းများစွာမှ တီထွင်ထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေသော်လည်း COVID-19 အတွက် ကုသဆေး မရှိသေးပါ။ ရောဂါပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန်အတွက် လက်ဆေးကြရန် အကြံပြုထောက်ခံသည်။ CDC အနေဖြင့် လူများအား လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်နှစ်ဆယ်ကြာအောင် မကြာခဏဆေးကြောရန် တိုက်တွန်းထားသည်။ အထူးသဖြင့် အိမ်သာတက်ပြီးနောက် သို့မဟုတ် လက်များ သိသိသာသာ ညစ်ပတ်နေသောအခါ၊ အစာမစားမီနှင့် နှပ်ညှစ်၊ ချောင်းဆိုး၊ နှာချေပြီးနောက် ထိုသို့လက်ဆေးရမည်။ ယင်းမှာ လူသား ခန္ဓာကိုယ် အပြင်ဖက်ဖြစ်သောကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်သည် အိမ်သုံးဆပ်ပြာဖြင့် ကာကွယ်ထားသော ဘူဗောင်း ပေါက်ထွက်ပြီး သေဆုံးသွားစေသည်။ CDC က ဆပ်ပြာနှင့် ရေ ဖြင့်ဆေးကောရန် အဆင်သင့်ရှိမနေပါက အနည်းဆုံး အယ်ကိုဟော 60% ပါဝင်သော အယ်ကိုဟော အခြေပြု လက်သန့်ဆေးရည်ကို ပမာဏဖြင့် အသုံးပြုရန် ထပ်မံ အကြံပြုသည်။ WHO အနေဖြင့် လူများအား မိမိတို့၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်မဆေးဘဲ ထိတွေ့ကိုင်တွယ်ခြင်း မပြုလုပ်ရန် အကြံပြုထားသည်။ မျက်နှာပြင်များအနေဖြင့် ပျော်ဝင်မှုအရေအတွက် အများအပြားကို 62–71% အရက်ပြန်၊ 50–100% အိုက်ဆိုပရိုစနောလ် အရက်ပျံ၊ 0.1% ဆိုဒီယမ်ဟိုက်ဒရိုဂျင်ကလိုရိုက်၊ 0.5% ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နှင့် 0.2–7.5% ပိုဗီဒမ်-အိုင်အိုဒင်းတို့အပါအဝင် ဖယ်ရှားပစ်နိုင်သည် (အစွန်းခံသံမဏိမျက်နှာပြင်တစ်ခုအတွက် တစ်မိနစ်အတွင်း ပိုးသတ်ဆေးရေထိတွေ့ခြင်းဖြင့်)။ benzalkonium chloride နှင့် chrohexidine gluconate ကဲ့သို့သော အခြားရောဂါပိုးသတ်ဆေးများသည် အစွမ်း သိပ်မထက်လှပါ။ ရုံး သို့မဟုတ် နေ့ကလေးထိန်းကျောင်းကဲ့သို့ အဆောက်အဦများတွင် COVID ဖြစ်ပွားမှု သံသယရှိခြင်း သို့မဟုတ် အတည်ပြုခြင်းများ ရှိလျှင် ရုံးခန်းများ၊ ရေချိုးခန်းများ၊ အများနှင့်သက်ဆိုင်သော နေရာများ၊ တက်ဘလက်များ၊ ထိတွေ့မျက်နှာပြင်များ၊ ကီးဘုတ်များ၊ ရီမုများကဲ့သို့ အများဝေမျှသုံးစွဲသည့် အီလက်ထရောနစ်ပစ္စည်းများနှင့် ATM စက်အစရှိသည့် လူနာထိတွေ့အသုံးပြုသွားနိုင်သည့် နေရာ၊ ပစ္စည်းများအားလုံးအား ပိုးသတ်ခြင်း ပြုလုပ်ရန် CDC မှ တိုက်တွန်းထားသည်။ ကျန်းမာရေးအဖွဲ့အစည်းများမှ လူများအနေဖြင့် ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ လုပ်ဆောင်လျှင် ၎င်းတို့၏ ပါးစပ်နှင့် နှာခေါင်းများကို တံတောင်ဆစ်ဖြင့် ကာခြင်း၊ တစ်ရှူးဖြင့် ဖုံးအုပ်ခြင်းတို့ကိုလုပ်ဆောင်ရန်နှင့် တစ်ရှူးများအား ချက်ချင်းစွန့်ပစ်ခြင်းပြုလုပ်ရန် တိုက်တွန်းထားသည်။ ကူးစက်မှုခံနေရနိုင်သူများအနေဖြင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများအား ဝတ်ဆင်ရန် တိုက်တွန်းထားပြီး နှာခေါင်းစည်းတပ်ဆင်ထားခြင်းဖြင့် စကားပြောခြင်း၊ နှာချေခြင်းနှင့် ချောင်းဆိုးခြင်းတို့မှ ပျံ့နှံ့လာမည့် အရည်အမှုန်အမွှားများ၏ အရေအတွက်နှင့် ရောက်ရှိနိုင်သော အကွာအဝေးကို လျှော့ချပေးသည်။ WHO မှ နှာခေါင်းစည်းများအား မည်သည့်အချိန်နှင့် မည်သို့အသုံးပြုရမည်ကို ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ စတီဖင် ဂရစ်ဖင်၏ အဆိုအရ လိဒ် တက္ကသိုလ်မှ ဗိုင်းရပ်စ်ဗေဒ ပညာရှင်တစ်ဦးက “နှာခေါင်းစည်းများတပ်ဆင်ခြင်းသည် လူများကိုလက်ဆိုင်ရာ တကိုယ်ရည် သန့်ရှင်းရေး ကောင်းမွန်စွာ မရှိပဲ ရောဂါကူးစက်မှု၏ အဓိက အရင်းအမြစ်ဖြစ်သော သူတို့၏ မျက်နှာများကို ထိတွေ့မှု လျော့ကျစေနိုင်သည်” ဟု ပြောသည်။ နှာခေါင်းစည်းများသည် ရောဂါပိုး ရှိနိုင်သော သူကို စောင့်ရှောက်သော သူများအတွက်လည်း အသုံးပြုရန်လည်း အကြံပြုထားသည်။ ကျန်းမာသန်စွမ်းသည့်လူများအနေဖြင့် COVID-19 ရောဂါသည်ကိုပြုစုစောင့်ရှောက်နေသူကဲ့သို့ အန္တရာယ်အမြင့်ဆုံးရှိနေသူများဖြစ်မှသာလျှင် မျက်နှာဖုံးတပ်ဆင်သင့်ကြောင်း WHO အဖွဲ့က အကြံပြုထားသော်လည်း ၎င်းတို့အနေဖြင့် မျက်နှာဖုံးတပ်ဆင်ထားခြင်းဖြင့် လူများအား ၎င်းတို့၏ မျက်နှာကိုထိတွေ့ခြင်းမှရှောင်ကြဉ်နိုင်အောင် ကူညီပေးနိုင်ကြောင်း ပြောကြားထားသည်။ နိုင်ငံအများအပြားတွင် လူထုကြား လှုပ်ရှားသွားလာနေသူများအား မျက်နှာနှင့် နှာခေါင်းစည်းများအား တပ်ဆင်အသုံးပြုရန် လှုံ့ဆော်မှုများ စတင်ပြုလုပ်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် CDC က ဆေးဘက်သုံးမဟုတ်သော အဝတ်ဖြင့် ပြုလုပ်ထားသည့် နှာခေါင်းစည်းများအား ဝတ်ဆင်ခြင်းကို ထောက်ခံအားပေးသည်။ တရုတ်နိုင်ငံတွင် ကျန်းမာရေးကောင်းမွန်သူများအနေဖြင့် လူထုကြား 1 မီတာ (3 ပေ) ထက်ပိုမိုနီးကပ်စွာ ဆက်သွယ်လုပ်ဆောင်ရလျှင် တစ်ခါသုံး ဆေးဘက်ဆိုင်ရာနှာခေါင်းစည်းများအား အသုံးပြုရန် တိတိကျကျ အကြံပြုထားသည်။ ဟောင်ကောင်တွင် အများပြည်သူပို့ဆောင်ရေးယာဉ်များ အသုံးပြုချိန် သို့မဟုတ် လူစည်ကားရာနေရာများတွင် ရှိနေချိန်အတွင်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများကို အသုံးပြုရန် တိုက်တွန်းထားသည်။ ထိုင်းနိုင်ငံ ကျန်းမာရေး အရာရှိများက ပြည်သူများအား နေအိမ်တွင် အဝတ် နှာခေါင်းစည်းများ ပြုလုပ်ရန်နှင့် ၎င်းတို့ကို နေ့စဉ် လျှော်ဖွပ်ရန် တိုက်တွန်းနေပါသည်။ ချက်ရီပတ်ဘလစ်နှင့် စလိုဗေးနီးယားက နှာခေါင်းစည်းမတပ်ဘဲ သို့မဟုတ် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးကာထားခြင်းမရှိပဲ အများပြည်သူအကြား သွားလာမှုကို တားမြစ်ထားသည်။ မတ်လ 16 ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ အများနှင့် သက်ဆိုင်သော နေရာများကို သွားလာရာတွင် မိမိကိုယ်တိုင်နှင့် အခြားသူများအား ကာကွယ်နိုင်ရန်အတွက် လူတိုင်း နှာခေါင်းစည်းများ ဝတ်ဆင်ရန် ပြည်သူများကို တောင်းဆိုခဲ့သည်။ သြစတြီးယမ်းအစိုးရမှ ကုန်တိုက်များသို့ဝင်ရောက်သူတိုင်း မျက်နှာဖုံးတပ်ဆင်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အစ္စရေးနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများသို့ သွားရောက်မည့်သူများအားလုံး နှာခေါင်းစည်းများ ဝတ်ဆင်ရန်အတွက် ညွှန်ကြားထားသည်။ မတ်လအလယ်မှစ၍ တစ်ရက်လျှင် နှာခေါင်းစည်းအရေအတွက် ဆယ်သန်းထုတ်လုပ်လျက်ရှိသော ထိုင်ဝမ်နိုင်ငံတွင် မီးရထားနှင့် မြို့ကူး ဘတ်စ်ကားများ စီးနင်းသူ ခရီးသည်များအား နှာခေါင်းစည်းများ ဝတ်ဆင်ရန်လိုအပ်ကြောင်း ဧပြီလ 1 ရက်နေ့တွင် ကြေညာသည်။ ပနားမားသည် အပြင်ထွက်သော အချိန်တိုင်းတွင် နှာခေါင်းစည်းကို မတပ်မနေရ တပ်ရန် လုပ်ဆောင်ထားပြီး မျက်နှာစည်း မဝယ်နိုင်သူများအတွက် အိမ်ချုပ် မျက်နှာစည်းများကို ထုတ်လုပ်ရန် လည်း အကြံပြုထားခဲ့သည်။ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများအတွင်း မျက်နှာဖုံးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။ လူမှု ဝေးကွာခြင်း (ရုပ်ပိုင်းဆိုင်ရာ ဝေးကွာခြင်း) တွင် လူပုဂ္ဂိုလ်များ အကြား အနီးကပ် ထိတွေ့မှုကို အနည်းဆုံး ဖြစ်စေခြင်းအားဖြင့် ရောဂါကူးစက်မှုကို နှေးကွေးစေရန် ရည်ရွယ်လျက် ရောဂါကူးစက်မှုကို ထိန်းချုပ်သော လုပ်ဆောင်မှုများ ပါဝင်သည်။ နည်းလမ်းများတွင် ခွဲထား စောင့်ကြည့်ခြင်း၊ ခရီးသွား ကန့်သတ်ခြင်း၊ နှင့် ကျောင်းများ၊ အလုပ်နေရာများ၊ မိုးလုံလေလုံ အားကစားရုံများ၊ ရုပ်ရှင်ရုံများ သို့မဟုတ် ဈေးဝယ်စင်တာများပိတ်ခြင်းတို့ ပါဝင်သည်။ အိမ်တွင်သာနေထိုင်ခြင်း၊ အကန့်အသတ်ဖြင့်သာ ခရီးသွားရခြင်း၊ လူထူ ထပ်သောနေရာများကို ရှောင်ရှားခြင်း၊ ထိတွေ့မှု မရှိသည့် နှုတ်ခွန်း ဆက်နည်းများ အသုံးပြုခြင်း၊ အခြားသူများနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှုမရှိအောင်နေခြင်း စသည့် ထိတွေ့မှုမရှိသည့် လူမှုနေထိုင်မှု နည်းလမ်းများကို တစ်ဦးချင်းအနေဖြင့် ကျင့်သုံးနေထိုင်နိုင်သည်။ အစိုးရ အများအပြားသည် ယခုအခါ ကူးစက်ရောဂါ သက်ရောက်ခံရသော ဒေသများတွင် လူမှု ဝေးကွာမှုကို မလုပ်မနေရ သို့မဟုတ် တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့အစည်းများနှင့် ကျန်းမာရေး အဖွဲ့အစည်းများမှ အကြံပြုထားသည့် အများဆုံး လူစုလူဝေးပြုလုပ်နိုင်သော အရေအတွက် 250 ဦး (ဒေသတွင်း COVID-19 ပျံ့နှံ့မှု မရှိသေးလျှင်) ကို 50 ဦးအထိ လျင်မြန်စွာ လျှော့ချခဲ့ပြီး နောက်ပိုင်းတွင် 10 ဦးအထိ လျှော့ချခဲ့သည်။ 2020 ပြည့်နှစ် မတ်လ 22 ရက်နေ့တွင် ဂျာမနီသည် လူနှစ်ဦးထက်ပို၍ စုဝေးခြင်းကို တားမြစ်ခဲ့ပါသည်။ အစုလိုက်အပြုံလိုက် ရောဂါဖြစ်ပွားနေသော နယ်မြေများမှ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သွေးတိုးရောဂါနှင့် ကိုယ်ခံစွမ်းအား ကျဆင်းနေသောကြောင့် ပြင်းထန်စွာ ဖျားနာနိုင်ခြေရှိသူများကဲ့သို့ အခြေခံကျန်းမာရေးအခြေအနေ မကောင်းသူများကို တတ်နိုင်သမျှ အိမ်တွင်နေကြရန် CDC က အကြံပြုထားခဲ့ပါသည်။ 2020 ပြည့်နှစ် မတ်လကုန်ပိုင်းတွင် WHO နှင့် အခြား ကျန်းမာရေး အဖွဲ့အစည်းများသည် လူအများနှင့် အနီးကပ်ဖြစ်စေ အကွာအဝေးတစ်ခုမှဖြစ်စေ ထိတွေ့ဆက်ဆံမှုကို ဆက်လက်ပြုလုပ်နေစဉ်မှာပင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများကို လျှော့ချရေး ရည်ရွယ်ချက်ကို အလွယ်တကူ နားလည်နိုင်ရန်အတွက် “လူမှုဘဝတွင် ခပ်ခွာခွာနေခြင်း” ဟူသော ဝေါဟာရကို “ရုပ်ပိုင်းဆိုင်ရာ ခပ်ခွာခွာနေခြင်း” ဟူသော စကားလုံးနှင့် အစားထိုးသုံးစွဲခဲ့ပါသည်။ “လူမှုဘဝတွင် ခပ်ခွာခွာနေခြင်း” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းသည် လူအများကို အခြားသူများနှင့် သမားရိုးကျမဟုတ်သော နည်းလမ်းများဖြင့် ထိတွေ့ဆက်သွယ်ရန် အားပေးခြင်းထက် ပတ်ဝန်းကျင်နှင့် အဆက်ဖြတ်၍ လုံးဝ အထီးကျန်ဆန်စွာ နေထိုင်သင့်သည်ဟူ၍ အဓိပ္ပါယ်ကောက်ယူကာ ဂယက်ရိုက်စေခဲ့ပါသည်။ အချို့ အာဏာပိုင်များက ကပ်ရောဂါကာလအတွင်း အသုံးပြုရမည့် လိင်ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့တွင် အတူနေထိုင်သော ဗိုင်းရပ်စ်ကူးစက်မခံထားရသူ သို့မဟုတ် ဗိုင်းရပ်စ်ရောဂါလက္ခဏာရပ်များ မပြသောသူဖြင့်သာ လိင်မှုကိစ္စပြုလုပ်ရန် တိုက်တွန်းခြင်းများ ပါဝင်သည်။ အိမ်တွင် မိမိဘာသာ ခွဲခြားနေထိုင်ခြင်းကို COVID-19 ရှိကြောင်း စမ်းသပ်တွေ့ရှိထားသူများနှင့် မိမိကိုယ်ကို ကူးစက်ခံထားရကြောင်း သံသယ ရှိသူများအတွက် အကြံပြုထားသည်။ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများက သင့်တော်သော ကိုယ်တိုင် သီးသန့်ခွဲခြားနေထိုင်ခြင်းများ လုပ်ဆောင်ရာတွင် လိုက်နာရန်အတွက် အသေးစိတ်ကျသော ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ အစိုးရအများအပြားကလည်း ကူးစက်မှုခံနေရသော ဒေသများတွင် နေထိုင်သူများအားလုံးအား ကိုယ်ပိုင်သီးသန့်ခွဲခြားနေထိုင်ရန် တိုက်တွန်းခြင်း သို့မဟုတ် ဥပဒေပြု တားမြစ်ခြင်းများ လုပ်ဆောင်ထားသည်။ အန္တရာယ်အရှိဆုံး အုပ်စုဝင်များအတွက် အပြင်းထန်ဆုံး မိမိ ကိုယ်ကို သီးခြားခွဲ၍ နေထိုင် စောင့်ကြည့်ခြင်း ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ COVID-19 ကူးစက်ခံထားရသူတစ်ဦးနှင့် ထိတွေ့ခဲ့ဖူးသူများ၊ အတော်လေး ကူးစက်ပျံ့နှံ့ရာ ဒေသ သို့မဟုတ် နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သူများအား နောက်ဆုံး ထိတွေ့မှုရှိခဲ့ချိန်မှစ၍ 14 ရက်ကြာ ကိုယ်တိုင်သီးခြားခွဲ၍ နေထိုင်ရန် တိုက်တွန်းထားသည်။ ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်မှုအတွင်း နည်းဗျူဟာများမှာ ကန့်သတ်ထိန်းချုပ်မှု သို့မဟုတ် ဖိနှိပ်ခြင်းနှင့် လျှော့ပေါ့ခြင်းတို့ဖြစ်သည်။ ရောဂါကူးစက်ပြန့်ပွားမှု အစောပိုင်း အဆင့်များတွင် ထိန်းချုပ်မှုကို လုပ်ဆောင်ပြီး ပိုးရှိသူများကို ခြေရာခံကာ သီးခြားခွဲထားခဲ့သကဲသို့ အခြားသော ကူးစက်ရောဂါ ထိန်းချုပ်ရေး လုပ်ဆောင်မှုများကို ချမှတ်ပြီး ကျန်ရှိနေသော လူဦးရေသို့ ရောဂါ ပြန့်ပွားမှု ရပ်တန့်သွားစေရန် ကာကွယ်စေ ထိုးရရန် ရည်ရွယ်သည်။ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပါက ကူးစက်မှုလျှော့ချရေး အဆင့်သို့ ပြောင်းလဲလုပ်ဆောင်ရမည်ဖြစ်သည်- ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့် လူ့အသိုင်းအဝန်းအပေါ် ၎င်း၏ သက်ရောက်မှုများအား လျော့နည်းစေရန် စီမံဆောင်ရွက်ချက်များကို လုပ်ဆောင်ရမည်။ ဟန့်တားထိန်းချုပ်ခြင်းနှင့် လျော့ချခြင်း လုပ်ငန်းနှစ်ခုစလုံးကို တစ်ချိန်တည်းတွင် ပေါင်းစပ်လုပ်ဆောင်နိုင်သည်။ ကမ္ဘာအနှံ့ရောဂါပျံ့နှံ့မှုကို ပြောင်းပြန်လှန်ပစ်ရန် အခြေခံရောဂါကူးစက်မှုနံပါတ်ကို အရေအတွက် 1 အောက်အထိလျှော့ချခြင်းဖြင့် ပိုမိုတင်းကြပ်သည့် စီမံချက်များဖြင့် ဖိနှိပ်မှုလိုအပ်သည်။ ကူးစက်နိုင်သည့်ရောဂါ ပျံ့နှံ့မှုစီမံထိန်းချုပ်မှု၏အစိတ်အပိုင်းတစ်ခုအဖြစ် ရောဂါပျံ့ပွားမှုကို တပြေးညီဖြစ်သွားစေရန် လုပ်ဆောင်မှုအဖြစ် ရောဂါကူးစက်မှုအထွတ်အထိပ်ကို လျှော့ချရန် ကြိုးစားမှုဖြစ်သည်။ ဤသို့ဖြင့် လွှမ်းမိုးခံနေရသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အန္တရာယ်ကို လျှော့ချပေးနိုင်ပြီး ကုသဆေးနှင့် ကုသမှုနည်းလမ်းများ ရှာဖွေရေးလုပ်ငန်းစဉ်များအတွက် အချိန်ပိုမိုရရှိနိုင်သည်။ ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်မည့် ဆေးဘက်ဆိုင်ရာနှင့် မသက်ဆိုင်သော ကြားဖြတ်ဆောင်ရွက်မှုများတွင် လက်သန့်ရှင်းရေးပြုလုပ်ခြင်း၊ နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းနှင့် ကိုယ်တိုင် သီးသန့်ခွဲခြားနေထိုင်ခြင်း စသည့် တစ်ကိုယ်ရေ ကြိုတင်ကာကွယ်မှုနည်းလမ်းများ၊ ကျောင်းများအား ပိတ်ခြင်းနှင့် လူစုလူဝေးပွဲများအား ပယ်ဖျက်ခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနည်းအောင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အဖွဲ့အစည်းအလိုက် လုပ်ဆောင်ရသော နည်းလမ်းများ၊ အထက်ပါကြားဖြတ်လုပ်ဆောင်ခြင်းများကို လက်ခံပြီး ပါဝင်လုပ်ဆောင်ကြရေး တိုက်တွန်းရန် လူထု၏ စိတ်ပါဝင်စားစွာ ဆောင်ရွက်မှုနှင့် မျက်နှာပြင်သန့်ရှင်းရေးကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းရေးများ လုပ်ဆောင်ခြင်းတို့ ပါဝင်ပါသည်။ တရုတ်နိုင်ငံတွင် ကူးစက်ရောဂါစတင်ဖြစ်ပွားသည်နှင့် မြို့များအား တစ်မြို့လုံး ပိတ်ချပြီး သီးသန့်ခွဲခြားထားခြင်းနှင့် ကူးသန်းသွားလာခြင်းအား တင်းကျပ်စွာ တားမြစ်ပိတ်ပင်ခြင်း စသည့် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား ပြင်းထန်စွာ ချက်ချင်းလုပ်ဆောင်ခဲ့သည်။ အခြားတိုင်းပြည်များတွင်လည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ကွဲပြားသော အစီအမံများအား အသုံးပြုခဲ့သည်။ တောင်ကိုရီးယားက လူအများအပြား အစုအပြုံလိုက် စမ်းသပ်ခြင်းနှင့် နေရာကွက်၍ သီးခြားခွဲ စောင့်ကြည့်ခြင်းကို စတင်လုပ်ဆောင်ခဲ့ပြီး ကူးစက်ခံထားရသော လူများ၏ လှုပ်ရှားမှုများကို သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ စင်္ကာပူက ရောဂါပိုးကူးစက်ခံရပြီး ကိုယ့်ဘာသာ ခွဲထားစောင့်ကြည့်ခြင်း လုပ်သူများကို ငွေကြေး ထောက်ပံ့မှုပေးပြီး လုပ်ဆောင်ရန် ပျက်ကွက်သူများကို ငွေကြေးအမြောက်အများ ဒဏ်ရိုက်သည်။ ထိုင်ဝမ်နိုင်ငံသည် မျက်နှာနှင့် နှာခေါင်းစည်းထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းများ သိုလှောင်ခြင်းကို အရေးယူအပြစ်ပေးမှုများပြုလုပ်ခဲ့ပါသည်။ မဟာ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့အတွက် သဏ္ဌာန်တူစမ်းသပ်ချက်များအရ ကူးစက်မှုလျော့ပါးခြင်း (နှေးကွေးအောင် လုပ်ခြင်းသာ ဖြစ်ပြီး ပြန့်ပွားမှုကို ရပ်တန့်စေခြင်းမရှိပါ) နှင့် နှိမ်နင်းခြင်း (ကပ်ရောဂါ ကြီးထွားနှုန်းကို ပြောင်းပြန်လှန်ခြင်း) တို့တွင် ကြီးမားသော စိန်ခေါ်မှုများ ရှိနေသည်ကို တွေ့ရသည်။ အသင့်တော်ဆုံး သက်သာစေရေး မူဝါဒများသည် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကို အမြင့်ဆုံးအဖြစ် 2/3 အထိနှင့် သေဆုံးမှုများကို ထက်ဝက် လျှော့ချပေးနိုင်သော်လည်း သေဆုံးမှုပေါင်း ရာထောင်ချီ ဖြစ်လျက်ရှိပြီး ကျန်းမာရေးစနစ်များမှာလည်း အခက်တွေ့နေရပါသည်။ နှိမ်နင်းခြင်းနည်းလမ်းကို ပိုမိုအလေးပေးနိုင်သည်။ သို့ရာတွင် လူထုအတွင်း ဗိုင်းရပ်စ် ပျံ့နှံ့နေသမျှ ကာလတစ်လျှောက်လုံး (ကုသဆေးအား ဦးစွာရရှိနိုင်လျှင်) အစီအမံများ လျော့ရဲလာပါက ကူးစက်မှုသည် လျင်မြန်စွာ ပြန်လည်များပြားလာနိုင်သဖြင့် အခြေအနေအား ထိန်းသိမ်းလုပ်ဆောင်ရန် လိုအပ်သည်။ ကူးစက်ကပ်ရောဂါအား ထိန်းချုပ်နှိမ်နှင်းရန် ရေရှည်လုပ်ဆောင်ရမည်ဖြစ်ပြီး လူမှုရေးနှင့် စီးပွားရေး ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ COVID-19 အတွက် သီးသန့် ဗိုင်းရပ်စ်တိုက်ဖျက်နိုင်သည့် ဆေးများ မရှိသေးပါ။ သို့သော် ရှိပြီးသားဆေးများကို စမ်းသပ်ခြင်း အပါအဝင် ဆေးထုတ်လုပ်နိုင်ရန်အတွက် အားစိုက်လုပ်ဆောင်လျက်ရှိကြပါသည်။ အအေးမိပျောက်ဆေးများကို သောက်ခြင်း၊ အရည်များ သောက်ခြင်းနှင့် အနားယူခြင်းများသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။ ရောဂါကူးစက်မှုပြင်းထန်းမှုပေါ်မူတည်၍ အောက်ဆီဂျင်ရောဂါကုထုံး၊ အကြောဆေးနှင့် အသက်ရှူစက်အကူအညီများ လိုအပ်နိုင်သည်။ Steroidsများကို အသုံးပြုခြင်းသည် ရလဒ်များကို ပိုမိုဆိုးရွားစေနိုင်သည်။ အခြား ဗိုင်းရပ်စ်ဆိုင်ရာ ရောဂါများကုသရာတွင် အသုံးပြုခွင့်ပေးထားသော ဆေးအများအပြားကိုလည်း COVID-19 ကုသရာတွင် အသုံးပြုရန်အတွက် စုံစမ်းမှုများ ပြုလုပ်လျှက် ရှိသည်။ WHO က “ရိုးရာ အဆင်အလာနှင့် အိမ်တွင်းကုသမှု”များက SARS-CoV-19 ကြောင့်ဖြစ်ပွားသော ရောဂါလက္ခဏာများကို သက်သာမှုပေးစေနိုင်သည်ဟုလည်း ပြောထားသည်။ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် COVID-19 လူနာများ၏ လိုအပ်ချက်များအလိုက် ကျန်းမာ‌ရေး စောင့်ရှောက်မှုကို ပြောင်းလဲပေးခြင်းသည် အခြေခံကျသည့်ရောဂါပျံ့နှံ့မှု တုံ့ပြန်ရေး စီမံချက် တစ်ခုဖြစ်ကြောင်း WHO က ဖော်ပြခဲ့သည်။ ဓာတ်ခွဲခန်းတွင်း စမ်းသပ် စစ်ဆေးမှုများကို COVID-19 စစ်ဆေးမှုအတွက် အာရုံစိုက် လုပ်ဆောင်ခြင်း၊ ဖြစ်နိုင်လျှင် မဲပေးမှု လုပ်ထုံးလုပ်နည်းများကို ဖျက်သိမ်းခြင်း၊ COVID-19 အတည်ပြုလူနာများကို သီးသန့်ထားခြင်းနှင့် သီးခြားခွဲထားခြင်း၊ ဝန်ထမ်းများကို လေ့ကျင့်ခြင်းဖြင့် အထူးကြပ်မတ် စောင့်ရှောက်မှုစွမ်းရည်ကို တိုးမြှင့်ခြင်းနှင့် သုံးစွဲနိုင်သည့် အရေးပေါ် အသက်ရှူစက်များနှင့် ကုတင် အရေအတွက် တိုးမြှင့်ခြင်းများ အပါအဝင် အဆင့်များစွာတွင် အရင်းအမြစ်များပြောင်းလဲရန် ဆေးရုံများနှင့် အ​ခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းများအတွက် လမ်းညွှန်ချက်များကို WHO ၏ ဥရောပဒေသဆိုင်ရာရုံးနှင့် ECDC တို့က ထုတ်ပြန်ခဲ့ပါသည်။ (လူနာအမှတ် သုညဟုခေါ်ဆိုသည့်) ပထမဦးဆုံးသော လူနာသည် မည်သည်မှ စဖြစ်သည်ဟူသည့်အကြောင်း သီအိုရီ အမျိုးမျိုးရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ပထမဆုံးသိခဲ့ရချိန်၌ တရုတ်နိုင်ငံ ဟူဘေးလ်ပြည်နယ် ဝူဟန်မြို့၌ 2019 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့တွင် စတင်ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ပြန်လည်ခြေရာခံနိုင်သည်။ တစ်လအတွင်း ဟူဘဲ့တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ အရေအတွက်မှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ၎င်းတို့ အများစုစသည် တိရစ္ဆာန်အရှင်များလည်း ရောင်းချသည့် ဟွာနန် ပင်လယ်စာ လက်ကားဈေးနှင့် ဆက်စပ်နေကြပြီး သီအိုရီတစ်ခုမှာ ဗိုင်းရပ်စ်သည် အဆိုပါ တိရစ္ဆာန်တစ်မျိုးမျိုးမှလာပေသည် သို့မဟုတ် တစ်နည်းအားဖြင့် ဆိုရလျှင် ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူသို့ ကူးစက်သည့် ဇစ်မြစ်ရှိပေသည်။ အကြောင်းရင်းမသိရဘဲ နမိုးနီးယား အစုလိုက်အပြုံလိုက်ဖြစ်ပွားမှုကို ဒီဇင်ဘာ 26 ရက်နေ့တွင် တွေ့ရှိခဲ့ရပြီး ဟူဘေးစီရင်စုဆေးရုံရှိ ဒေါက်တာ Zhang Jixian က ကုသပေးခဲ့ကာ ၎င်းမှပင် ဝူဟန် ဂျန်ဟန် CDC သို့ ဒီဇင်ဘာ 27 ရက်နေ့တွင် သတင်းပေးခဲ့သည်။ ဒီဇင်ဘာ 30 တွင် ဝူဟန်ဗဟိုဆေးရုံကြီးရှိ ဆရာဝန်တစ်စုသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များသို့ “SARS ကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်” တစ်မျိုး ရှိနေကြောင်း အသိပေးခဲ့သည်။ Li Wenliang အပါအဝင် ဆရာဝန် ရှစ်ဦးသည် မှားယွင်းသော ကောလာဟလများ ပျံ့နှံ့စေသည့်အတွက် ရဲ၏ သတိပေးခြင်းခံခဲ့ရပြီး အခြားတစ်ဦးဖြစ်သော Ai Fen သည် အထိတ်တလန့်ဖြစ်မှုများ မြင့်တက်စေခဲ့သည့်အတွက် သူမ၏ အကြီးအကဲများက ပြင်းထန်စွာသတိပေးခြင်းကို ခံခဲ့ရသည်။ ဝူဟန်မြို့ (Wuhan) ကျန်းမာရေး ကော်မရှင်သည် နောက်ပိုင်း ဒီဇင်ဘာလ 31 ရက်နေ့တွင် လူထုသို့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး WHO သို့ အကြောင်းကြားခဲ့သည်။ အမျိုးအမည်မသိ အဆုတ်ရောင်ရောဂါဖြစ်ပွားမှု သတင်းများကို လုံလုံလောက်လောက် ရရှိပြီးနောက် ဝူဟန်မြို့ (Wuhan) ကျန်းမာရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို ဇန်နဝါရီလ အစောပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည်။ အစောပိုင်း ကူးစက်မှုအဆင့်များအတွင်း ကူးစက်မှုအရေအတွက်သည် ခုနစ်ရက်ခွဲခန့် ကြာတိုင်းတွင် နှစ်ဆစီ မြင့်တက်လာခဲ့သည်။ တရုတ်နှစ်ကူးအတွက် သွားလာမှုများနှင့်အတူ ဝူဟန်မြို့သည် သယ်ယူပို့ဆောင်ရေးတွင် အချက်အချာနေရာနှင့် အဓိကရထားလမ်းဆုံနေရာ ဖြစ်နေသည့်အချက်တို့ကြောင့် 2020 ခုနှစ် ဇန်နဝါရီလ အစောပိုင်းနှင့် အလယ်ပိုင်းတွင် တရုတ်နိုင်ငံ၏ အခြားပြည်နယ်များသို့ ဗိုင်းရပ်စ်ပျံ့နှံ့သွားခဲ့သည်။ ဇန်နဝါရီလ 20 ရက်နေ့၌ ဘေဂျင်းတွင်နှစ်ယောက်၊ ရှန်ဇမ်းတွင် တစ်ယောက်အပါအဝင် ရောဂါအသစ်ကူးစက်မှုပေါင်း 140 နီးပါးရှိကြောင်း တရုတ်နိုင်ငံက အစီရင်ခံသည်။ နောက်ပိုင်း တရားဝင် အချက်အလက်များက လူပေါင်း 6,174 သည် 2020 ခုနှစ် ဇန္နဝါရီလ 20 ရက်နေ့တွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ကြောင်းပြသနေသည်။ မတ်လ 26 ရောက်သောအခါ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် အတည်ပြု လူနာ အများဆုံးအဖြစ် တရုတ်နှင့် အီတလီနိုင်ငံများကို ကျော်တက်သွားခဲ့သည်။ 2020 ခုနှစ် ဧပြီ 9 ရက်တွင် တစ်ကမ္ဘာလုံးတွင် အတည်ပြု လူနာ 1.61 သန်းရှိကြောင်း ထုတ်ပြန်ခဲ့ပြီး လူပေါင်း 97,000 သေဆုံးကာ လူပေါင်း 364,000 ကျော် ပြန်လည် သက်သာပျောက်ကင်းခဲ့သည်။ နိုင်ငံနှင့် နယ်မြေဒေသ 200 ခန့်တွင် ကူးစက်ခံထားရမှု အနည်းဆုံး တစ်ခု ရှိသည်။ ဥရောပတွင် ကပ်ရောဂါကြောင့် ရှန်ဂန်ဒေသရှိ နိုင်ငံအများအပြားသည် လွတ်လပ်စွာသွားလာခြင်းကို ကန့်သတ်လိုက်ပြီး နယ်စပ်များတွင် ထိန်းချုပ်ခြင်းများကို ပြုလုပ်ခဲ့သည်။ နိုင်ငံတော်အဆင့် လုပ်ဆောင်မှုများတွင် အသွားအလာကန့်သတ်ခြင်း (အိမ်တွင်း၌သာ နေထိုင်ရန်အမိန့်၊ အမိုးအကာအောက်တွင် နေထိုင်ရန်အမိန့် သို့မဟုတ် လော့ခ်ဒေါင်းဟုလည်း ခေါ်ကြသည်) ကဲ့သို့သော ထိန်းချုပ်မှု နည်းလမ်းများနှင့် သတ်မှတ်ချိန်အပြင်မထွက်ရအမိန့်တို့ ပါဝင်ပါသည်။ ဧပြီ 2 ရက်နေ့အထိ အမေရိကန် ပြည်ထောင်စုတွင် ပြည်သူပေါင်း 90% ဖြစ်သော သန်း 300 နီးပါး၊ ဖိလစ်ပိုင်နိုင်ငံတွင် သန်း 50 ကျော်၊ တောင်အာဖရိကတွင် 59 သန်းကျော်နှင့် အိန္ဒိယတွင် 1.3 ဘီလီယံရှိသော လူများသည် လော့ခ်ဒေါင်း ပြုလုပ်ခံထားရပါသည်။ မတ်လ 26 ရက်နေ့တွင် ကမ္ဘာအနှံ့အပြားတွင် လူပေါင်း 1.7 ဘီလီယံသည် တစ်စုံတစ်ရာ ပိတ်ဆို့မှု ပုံစံကို ခံနေကြရပြီး ယင်းသည် နောက် နှစ်ရက်ကြာသောအခါ 2.6 ဘီလီယံ (ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ) အထိ မြင့်တက်သွားခဲ့သည်။ ပထမဆုံး အတည်ပြုနိုင်သော COVID-19 လူနာကို 2019 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့တွင် ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ရပြီး အတည်မပြုနိုင်သော သတင်းတစ်ခုအရ အစောဆုံးရောဂါဖြစ်ပွားမှုသည် နိုဝင်ဘာလ 17 ရက်နေ့တွင် ဖြစ်သည်ဟု ဆိုသည်။ ဒေါက်တာ Zhang Jixian သည် ဒီဇင်ဘာလ 26 ရက်နေ့တွင် အကြောင်းရင်းမသိရသော အဆုတ်ရောင်ရောဂါ လူနာ အစုလိုက်အပြုံလိုက်ကို တွေ့ရှိခဲ့ရပြီး ထိုသို့တွေ့ရှိရသည်နှင့် တစ်ပြိုင်နက် သူမ၏ ဆေးရုံမှ Wuhan Jainghan CDC သို့ ဒီဇင်ဘာ 27 ရက်တွင် အကြောင်းကြားခဲ့သည်။ 2019 ခုနှစ် ဒီဇင်ဘာလ 27 ရက်နေ့တွင် လူနာ၏ မျိုးရိုးဗီဇ နမူနာများအား ကနဦးမျိုးရိုးဗီဇစမ်းသပ်မှု ပြုလုပ်ခဲ့ရာတွင် SARS နှင့် ဆင်တူသော ကိုရိုနာဗိုင်းရပ်စ် တည်ရှိနေမှုအား တွေ့ရှိခဲ့သည်။ ဝူဟန်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ ကျန်းမာရေးကော်မရှင်က ပြည်သူသို့ သတိပေးချက်တစ်စောင်ကို ဒီဇင်ဘာလ 31 ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ထိုရက်မှာပင် WHO သို့ အကြောင်းကြားခဲ့သည်။ ဤသတိပေးချက်များ ဖြစ်ပွားနေစဉ်မှာပင် ဝူဟန်ရှိ ဆရာဝန်များကို ရဲက ကူးစက်မှုနှင့် ပတ်သက်သည့် “ကောလဟာလဖြန့်ဝေမှု” အတွက် သတိပေးခဲ့သည်။ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က လူအချင်းချင်း ကူးစက်ခြင်းအတွက် “တိကျသော အထောက်အထား” မရှိကြောင်း အစပိုင်းတွင် ပြောဆိုခဲ့သည်။ ဇန်နဝါရီလကုန်ခါနီးကာလများတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ရှီကျင်းပင်က “ပြည်သူတို့၏ စစ်” ဟု သုံးနှုန်းသည့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြုလုပ်သည့် ကြီးကျယ်သော စည်းရုံးလှုံ့ဆော်မှုတစ်ခုကို တရုတ်အစိုးရက နောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ “လူသားသမိုင်းတွင် အကြီးမားဆုံး ခွဲထားစောင့်ကြည့်မှု” ဟု ဖော်ပြသည့် ယာယီ စောင့်ကြည့်နေရာအဖြစ် ဇန္နဝါရီလ 23 ရက်နေ့တွင် ဝူဟန်မြို့အဝင်အထွက် ခရီးသွားလာမှုကို ရပ်ဆိုင်းလိုက်သည်။ ဟူဘဲ့ပြည်နယ်ရှိ စုစုပေါင်း မြို့ကြီး 15 မြို့သို့ တိုးချဲ့ခဲ့ပြီး လူပေါင်း 57 သန်းအပေါ် သက်ရောက်မှု ရှိခဲ့သည်။ မြို့တော်တွင်း ကိုယ်ပိုင်ယာဉ်အသုံးပြုခြင်းကို ပိတ်ပင်ထားခဲ့သည်။ နေရာအမြောက်အများတွင် (ဇန်နဝါရီလ 25 ရက်နေ့တွင် ကျင်းပမည့်) တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖျက်သိမ်းခဲ့သည်။ အာဏာပိုင်များက 10 ရက်အတွင်း ပြီးစီးမည့် ယာယီဆေးရုံ Huoshenshan ကို တည်ဆောက်နေကြောင်းကိုလည်း ကြေညာခဲ့သည်။ ထပ်တိုးလူနာများကို ကုသရန်အတွက် နောက်ထပ်ဆေးရုံတစ်ခုဖြစ်သည့် Leishenshan ဆေးရုံကို တည်ဆောက်ခဲ့သည်။ အသစ်တည်ဆောက်ခဲ့သော ဆေးရုံများအပြင် ဝူဟန်ရှိ ကွန်ဗန်းရှင်း စင်တာနှင့် အားကစားရုံများကဲ့သို့သော အခြား အဆောက်အအုံ 14 ခုကို ယာယီဆေးရုံများအဖြစ် ထပ်တိုးပြောင်းလဲခဲ့သည်။ ဇန်နဝါရီလ 26 ရက်တွင် အစိုးရအနေဖြင့် COVID-19 ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်ခြင်းနှင့် နွေဦးပွဲတော် အားလပ်ရက်များအား တိုးမြှင့်ခြင်းတို့အပါဝင် ထပ်တိုးအစီအမံများကို ချမှတ်ခဲ့သည်။ နိုင်ငံတဝှမ်း တက္ကသိုလ်များနှင့် ကျောင်းများကိုလည်း ပိတ်သိမ်းလိုက်သည်။ ဟောင်ကောင်နှင့် မကာအိုရှိ ဒေသများတွင် အထူးသဖြင့် ကျောင်းများ၊ တက္ကသိုလ်များအတွက် စီမံချက်များနှင့် အခြားစီမံချက်များ ချမှတ်ခဲ့သည်။ တရုတ်ဒေသအများအပြားတွင် အဝေးမှ အလုပ်လုပ်သော ပုံစံများကို စတင်လုပ်ဆောင်မိတ်ဆတ်ခဲ့သည်။ ဟူဘေးပြည်နယ်အတွင်းနှင့် အပြင်ဘက်သို့ သွားလာမှုများအား ပိတ်ပင်သည့်အမိန့်များ ချမှတ်ထားခဲ့သည်။ တရုတ်နိုင်ငံတဝှမ်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များပြုပြင်ပြောင်းလဲခြင်းနှင့် ပြတိုက်များကို ယာယီပိတ်သိမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ လူထု သွားလာလှုပ်ရှားမှုများအား ထိန်းချုပ်ခြင်းကို မြို့အများအပြားတွင် ကျင့်သုံးနေပြီး လူဦးရေ 760 သန်းခန့် (လူဦးရေစုစုပေါင်း၏ တစ်ဝက်ကျော်ခန့်) သည် အိမ်ပြင်ထွက်ခြင်းကို ကန့်သတ်ခြင်းပုံစံအချို့ဖြင့် တွေ့ကြုံနေရသည်။ ကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုအဆင့်သို့ မတ်လတွင် ရောက်ရှိခဲ့ပြီး တရုတ်အာဏာပိုင်များက အခြားသောတိုင်းပြည်များမှ ဗိုင်းရပ်စ်များ နိုင်ငံတွင်းဝင်ရောက်မလာစေရေး ကာကွယ်ရန်အတွက် တင်းကျပ်သော အစီအမံများ ချမှတ်လုပ်ဆောင်ခဲ့သည်။ ဥပမာ ဘေဂျင်းသည် မြို့ထဲ ဝင်သမျှ နိုင်ငံတကာ ခရီးသွားအားလုံးကို မဖြစ်မနေ 14 ရက် စောင့်ကြည့်ခံရမည်ဟု သတ်မှတ် ပြဋ္ဌာန်းခဲ့ပါသည်။ ထိုသို့ မပြဋ္ဌာန်းမီ ငါးရက်အလို မတ်လ 23 ရက်တွင် တရုတ်ပြည်မကြီး၌ ကူးစက်လူနာ တစ်ဦးသား ရှိသေးပြီး ထိုသူသည် အစ်စတန်ဘူလ်မှ ကွမ်ကျိုးမြို့သို့ ပြန်လာခဲ့သော ခရီးသွားမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်သည်။ 2020 ခုနှစ်၊ မတ်လ 24 ရက်နေ့၌ တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang က တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ဟန့်တားလိုက်နိုင်ပြီး အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တင်ပြခဲ့သည်။ လုံခြုံရေးအရ ပြည်တွင်းအဝင်အထွက်ပိတ်ဆို့မှု သတ်မှတ်ခဲ့ပြီးနောက် နှစ်လအကြာတွင် ဝူဟန်မြို့အပြင် အဆိုပါနေ့တွင်ပင် ဟူဘေမြို့၌ ခရီးသွားလာခွင့်တင်းကြပ်ထားမှုကို ဖြေလျှော့ပေးလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက 2020 ခုနှစ်၊ မတ်လ 26 ရက်နေ့၌ ကြေငြာချက်ထုတ်ပြန်ရာတွင် မတ်လ 28 ရက်နေ့မှစတင်၍ ပြည်ဝင်ခွင့်ဗီဇာ သို့မဟုတ် နေထိုင်ခွင့်ပါမစ်ကိုင်ဆောင်သူများအား ဆိုင်းငံ့လိုက်ပြီး ဤမူဝါဒမည်သည့်အချိန်တွင်ကုန်ဆုံးမည်ကို အတိအကျထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပါ။ တရုတ်နိုင်ငံသို့ သွားရောက်လိုသူများအနေဖြင့် တရုတ်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် ဗီဇာ လျှောက်ထားရန် လိုအပ်သည်။ တရုတ်အစိုးရသည် မတ်လ 30 ရက်နေ့တွင် စီးပွားရေး လုပ်ငန်းများနှင့် စက်ရုံများ ပြန်လည်ဖွင့်လှစ်ရန် တိုက်တွန်းခဲ့ပြီး လုပ်ငန်းများခိုင်မာစေရန်အတွက် ငွေကြေးထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ဗဟိုအစိုးရ မိသားစုများကို နောက်တစ်ကြိမ် COVID-19 ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်အတွက် လူစုလူဝေးမပြုလုပ်ခြင်းကို လိုက်နာပြီး အရိုအသေပေးမှုကို အွန်လိုင်းမှသာ ပြုလုပ်ရန် မိသားစုဝန်များကို တောင်းဆိုခဲ့သော်လည်း ပြည်နယ်ကောင်စီက ကွင်မင်းပွဲတော်နှင့် တစ်ရက်တည်း ဧပြီလ 4 ရက်နေ့ 10:00 နာရီအချိန်တွင် တစ်နိုင်ငံလုံး သုံးမိနစ်ခန့် ငြိမ်သက်၍ ဝမ်းနည်းကြေကွဲခြင်းအထိန်းအမှတ်ကို ပြုလုပ်ရန် ကြေညာခဲ့သည်။ တောင်ကိုရီးယားတွင် တရုတ်နိုင်ငံမှ ပျံ့နှံ့လာသော COVID-19 ကူးစက်မှု ရှိသည်ဟု 2020 ပြည့်နှစ် ဇန်နဝါရီလ 20 ရက်နေ့တွင် အတည်ပြုခဲ့သည်။ နိုင်ငံ၏ ကျန်းမာရေး အေဂျင်စီက ဖေဖော်ဝါရီလ 20 ရက်နေ့တွင် သိသာထင်ရှားစွာ တိုးမြင့်လာသော အတည်ပြုလူနာအရေအတွက်ကို အစီရင်ခံခဲ့သည်၊ အများစုမှာ ရှင်ချွန်ဂျီ ယေရှုခရစ်တော် ဘုရားကျောင်းဟု သိကြသော ဘာသာရေး လှုပ်ရှားမှု အသစ်၏ ဒေးဂူတွင် စုဝေးခြင်းမှ အများစု ကူးစက်ခံကြရသည်။ ဝူဟန်မှ တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့သို့ အလည်အပတ်သွား ရောက်ခဲ့သော Shincheonji ဘာသာရေးဝတ်ပြုသူများသည် ရောဂါကူးစက်မှု၏ မူလအစဖြစ်စေခဲ့သည်ဟု သံသယရှိခဲ့ကြသည်။ ဖေဖော်ဝါရီ 22 ရက်တွင် ဘုရားကျောင်း နောက်လိုက်သူ 9,336 ဦးအကြားတွင် 1,261 ဦး သို့မဟုတ် 13% တွင် ရောဂါလက္ခဏာများ တွေ့ရသည်။ တောင်ကိုရီးယားက 2020 ခုနှစ် ဖေဖော်ဝါရီ 23 တွင် အမြင့်မားဆုံး သတိပေးမှုအဆင့်ကို ကြေညာခဲ့သည်။ ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလ 28 ရက်နေ့၌ ကူးစက်ခံရသော လူနာ 2,000 ကျော်အား အတည်ပြုနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ 29 ရက်နေ့တွင် 3,150 အထိ မြင့်တက်ခဲ့သည်။ စစ်သည် သုံးဦးတွင် ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် တောင်ကိုရီးယားနိုင်ငံ စစ်တပ်အခြေစိုက်စခန်းများအားလုံးကို သီးသန့်ခွဲခြားနေထိုင်စေခဲ့သည်။ လေကြောင်းပျံသန်းမှုခရီးစဉ်များကို ထိခိုက်မှုရှိသည်ဖြစ်ရာ ခရီးစဉ်များကို ပြောင်းလဲခဲ့ရသည်။ တောင်ကိုရီးယားနိုင်ငံသည် လူများကို ဗိုင်းရပ်စ်စစ်ဆေးရန်နှင့် ကူးစက်ခံလူမမာများကို ခွဲခြားရန်အပြင် ၎င်းတို့နှင့် ထိစပ်ခဲ့သူများကို နောက်ကြောင်း လိုက်ရန်နှင့် သီးခြားခွဲခြားနေထိုင်ခြင်းကို ပြုလုပ်ရန် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးနှင့် အကောင်းဆုံး စုစည်းမှုဟု သုံးသပ်ထားကြသည့် ပရိုဂရမ်တစ်ခုကို မိတ်ဆက်ခဲ့ပါသည်။ စစ်ဆေးမှုနည်းစနစ်များတွင် နိုင်ငံတကာမှ ခရီးသွားလာပြီးပြန်လာပြီး ရောဂါလက္ခဏာဆိုင်ရာ မလုပ်မနေရ အစီရင်ခံသတင်းပို့ခြင်းကို မိုဘိုင်းလ်အပလီကေးရှင်းမှတဆင့်ဖြင့် လည်းကောင်း၊ ဖြတ်သန်းသွားလာရင်း ဗိုင်းရပ်စစ်ဆေး၍ နောက်ရက်၌ စစ်ဆေးမှုရလဒ်အဖြေထွက်ရှိမှုဖြင့်လည်းကောင်း သတင်းပေးပို့နိုင်ပြီး နေ့စဉ် လူပေါင်း 20,000 အထိ ရောဂါစမ်းသပ်နိုင်စွမ်း တိုးမြှင့်ခြင်းတို့ပါဝင်သည်။ တောင်ကိုရီးယား၏ မြို့တစ်မြို့လုံး အသွားအလာကန့်သတ် စောင့်ကြည့်မှု မပြုလုပ်ဘဲ ကူးစက်မှုကို ထိန်းချုပ်သော အစီအမံများသည် အောင်မြင်သည်ဟု မှတ်ယူနိုင်သည်။ တောင်ကိုရီးယားလူထုအနေဖြင့် အစပိုင်းတွင် သမ္မတ မွန်းဂျေအင်း၏ ကပ်ရောဂါ တုံ့ပြန်မှုအပေါ် ဝိဝါဒများ ကွဲပြားခဲ့သည်။ ကိုရီးယားနိုင်ငံသားအများအပြားတွင် အစိုးရအနေဖြင့် ကူးစက်မှုအား ထိန်းချုပ်ကိုင်တွယ်ပုံ မှားယွင်းနေသည်ဟုဆိုကာ Moon အား စွပ်စွဲပြစ်တင်ဖြုတ်ချရန် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသူများနှင့် သူ၏ တုံ့ပြန်မှုများအပေါ် လက်မှတ်ရေးထိုး ထောက်ခံကြသူများဟူ၍ ဖြစ်ပေါ်နေသည်။ တောင်ကိုရီးယားနိုင်ငံတွင် လေးပတ်အတွင်း တစ်ရက်တာ စုစုပေါင်း လူနာအနည်းဆုံး ဖြစ်သွားခဲ့ကြောင်း မတ်လ 23 ရက်က သတင်းပေးပို့ခဲ့သည်။ ဧပြီလ1 ရက်မှစ၍ ပြည်ပမှ အသစ် ဝင်ရောက်လာသူ အားလုံး သီတင်းနှစ်ပတ်ကြာ သီးခြားစောင့်ကြည့်ခြင်းခံရမည်ဟု မတ်လ 29 ရက်နေ့တွင် ကြေညာထားသည်။ ဧပြီ 1 ရက်တွင် မီဒီယာတစ်ခု၏ ဖော်ပြချက်တွင် မတူညီသော နိုင်ငံပေါင်း 121 နိုင်ငံက ဗိုင်းရပ်စ် စမ်းသပ်မှု အကူအညီတောင်းဆိုမှု ကို တောင်ကိုရီးယားက ရရှိခဲ့သည်။ အီရန်၏ ပထမဆုံး SARS-CoV-2 အတည်ပြုလူနာသည် ကွမ်မြို့မှဖြစ်ကြောင်း ဖေဖော်ဝါရီ 19 ရက်နေ့က အစီရင်ခံခဲ့ပြီး ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာန၏ အဆိုအရ ထိုနေ့ နောက်ပိုင်းတွင် လူနှစ်ဦး သေဆုံးခဲ့သည်။ အစိုးရမှ ထုတ်ပြန်ကြေညာသော အစောပိုင်း ထိန်းချုပ်မှုအစီအစဉ်များတွင် ဖျော်ဖြေရေးပွဲများနှင့် အခြား ယဉ်ကျေးမှုဆိုင်ရာပွဲများ၊ အားကစားပွဲများ၊ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများကို ဖျက်သိမ်းခြင်း၊ တက္ကသိုလ်များ၊ အဆင့်မြင့်ပညာရေးတက္ကသိုလ်များနှင့် ကျောင်းများအား ပိတ်ခြင်းတို့ ပါဝင်သည်။ အီရန်နိုင်ငံသည် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် အီရန်သုံးငွေ ငါးထရီလီယံ ခွဲဝေချထားပေးခဲ့သည်။ သမ္မတ ဟာဆန်ရိုဟီနီက 2020 ခုနှစ် ဖေဖော်ဝါရီ 26 ရက်နေ့တွင် ကူးစက်မှု ဖြစ်ပွားသော သက်ရောက်သည့် ဧရိယာများကို သီးခြားခွဲထားရန် အစီအစဉ်မရှိပဲ လူပုဂ္ဂိုလ်များကိုသာ သီးခြားခွဲ စောင့်ကြည့်ရန် ရှိကြောင်း ပြောခဲ့သည်။ ပါရှန်း နှစ်သစ်ကူး Nowruz မတိုင်မီ မြို့တစ်မြို့မှ တစ်မြို့သို့ ယာဉ်သွားလာမှု အလွန်အမင်းများပြားနေသော်လည်း မြို့များအကြား ခရီးသွားလာမှုများအား ကန့်သတ်သည့် အစီအစဉ်များကို မတ်လတွင် ကြေညာခဲ့သည်။ အီရန်နိုင်ငံ Qom ရှိ ရှီယာဘုရားကျောင်းများကို 2020 ခုနှစ် မတ်လ16 ရက်နေ့အထိ ဘုရားဖူးများအတွက် ဆက်လက်ဖွင့်လှစ်ထားခဲ့သည်။ အီရန်သည် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံပြီးလျှင် ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှု ဗဟိုတစ်ခု ဖြစ်လာခဲ့သည်။ အီရန်နိုင်ငံတွင် ကူးစက်မှုခံနေရသော အရေအတွက်ကို ဖုံးကွယ်ထားသည်ဟု စွပ်စွဲပြောဆိုချက်များပြုလုပ်နေသည့် အချိန်အတောအတွင်း နိုင်ငံပေါင်း ဆယ်နိုင်ငံကျော်က ၎င်းတို့နိုင်ငံများအတွင်း၌ ဖြစ်ပေါ်နေသော ကူးစက်မှုများသည် အီရန်နိုင်ငံနှင့် ဆက်စပ်နေကြောင်း ဖေဖော်ဝါရီလ 28 ရက်မတိုင်ခင် နောက်ကြောင်းပြန်ခြေရာခံတွေ့ရှိခဲ့ပြီး အီရန်အစိုးရက အဆိုပါနေ့စွဲဖြင့် ထုတ်ပြန်ကြေညာသော ကူးစက်ခံရသူ 388 ယောက်ထက် ပိုမိုဆိုးရွားစွာ ကူးစက်ခံနေရနိုင်သည်ကို ပြသနေသည်။ မတ်လ 3 ရက်တွင် ကိုယ်စားလှယ် 290 အနက် 23 ဦးတွင် ဗိုင်းရပ်စ် ရှိကြောင်း စမ်းသပ်တွေ့ရှိရကြောင်း အစီရင်ခံပြီးနောက် အီရန်လွှတ်တော်ကို ပိတ်လိုက်သည်။ မတ်လ 12 ရက်နေ့တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ငြိမ်းချမ်းစွာ သဘောထားကွဲလွဲခြင်းအတွက် အကျဉ်းကျခံနေရသော လူ့အခွင့်အရေးကာကွယ်သူများအား အကြွင်းမဲ့ လွှတ်ပေးရန်နှင့် အကျုံးဝင်သော အကျဉ်းသားအားလုံးကိုလည်း ယာယီလွှတ်ပေးရန် အီရန် အကျဉ်းဦးစီး အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။ ထိန်းသိမ်းရေး စခန်းများကဲ့သို့ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မျိုးလည်း မရှိသော တံခါးပိတ် အဖွဲ့အစည်းများထဲတွင် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် ပိုမိုမြင့်မားနိုင်ကြောင်း ဖော်ပြထားပါသည်။ မတ်လ 15 ရက်နေ့တွက် အီရန်နိုင်ငံ အစိုးရက တစ်ရက်တည်းတွင် သေဆုံးမှု 100 ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်းသည် ရောဂါစတင် ကူးစက်ပျံ့နှံ့သည့်အချိန်မှ စတင်၍ နိုင်ငံအတွင်း သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။ မတ်လ 17 ရက်နေ့သို့ ရောက်သည့်အခါ အီရန် လွတ်တော်အမှတ် သို့မဟုတ် အီရန်နိုင်ငံရေး သမားဟောင်း နှင့် အစိုးရ အရာရှိ အနည်းဆုံး 12 ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ မတ်လ 23 တွင် အီရန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နာရီတိုင်း လူနာသစ် 50 နှင့် ဆယ်မိနစ်တိုင်း လူသေမှုအသစ်တစ်ခု ဖြစ်ပွားခြင်းနှင့် ကြုံတွေ့ခဲ့ရပါသည်။ WHO အရာရှိများ၏ အဆိုအရ အီရန်နိုင်ငံတွင် သတင်းပို့တင်ပြမှုများထက် ကူးစက်မှု ငါးဆ ပိုမိုများပြားနိုင်သည်။ အီရနျနိုငျငံအပျေါ အမရေိကနျ၏ပိတျဆို့မှုက ဗိုငျးရပျဈကူးစကျပြံ့နှံ့မှုကို တုံ့ပွနျရနျ နိုငျငံ၏ဘဏ်ဍာရေးအရ စှမျးဆောငျနိုငျမှုကို သကျရောကျမှုရှိနိုငျကွောငျး ဖျောပွကွသညျ။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးက အီရန် အပါအဝင် ကပ်ရောဂါ ပြင်းပြင်းထန်ထန်ခံစားရသော နိုင်ငံများအတွက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို လျော့ချရန် တောင်းဆိုခဲ့သည်။ ကူးစက်ပြန့်ပွားမှုကို ဇန္နဝါရီ 31 ရက်တွင် ရောမတွင် တရုတ် ခရီးသွား နှစ်ဦးကို SARS-CoV-2 ပိုးရှိကြောင်းစမ်းသပ်တွေ့ရှိသောအခါ အီတလီတွင် ကူးစက်မှုများ ရှိနေကြောင်း အတည်ပြုသည်။ ဖြစ်ပွားမှုများသည် သိသိသာသာမြင့်တက်လာခဲ့ခြင်းကြောင့် အီတလီအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအလာလေကြောင်းခရီးစဉ်များအား ဆိုင်းငံ့ခြင်းနှင့် အရေးပေါ်အခြေအနေကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ရသည်။ အဆက်အစပ် မရှိဘဲ COVID-19 အစုလိုက်အပြုံလိုက် ဖြစ်ပွားနေမှုသည် လွန်ဘာဒီရှိ အတည်ပြုလူနာ 16 ဦးမှ စတင်ခဲ့ကြောင်း ဖေဖော်ဝါရီလ 21 ရက်တွင် စတင်တွေ့ရှိခဲ့ရပါသည်။ အီတလီ မြောက်ပိုင်းရှိ ဒေသန္တရအုပ်ချုပ်မှု စနစ်အောက်တွင် ရှိသော မြို့ငယ် 11 မြို့မှ ပြည်သူပေါင်း 50,000 ကျော်အား သီးခြားထားရှိ စောင့်ကြည့်ခြင်းများအပါအဝင် ရောဂါပျံ့နှံ့ ကူးစက်မှုကို ထိန်းချုပ်ရန် ဒီဂရီ ဥပဒေသစ်တစ်ခုကို ဖေဖော်ဝါရီလ 22 ရက်နေ့တွင် ဝန်ကြီးများကောင်စီက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် Giuseppe Conte က “ကူးစက်ရောဂါဖြစ်ပွားတဲ့နေရာတွေမှာ ဝင်ထွက်ခွင့်ပေးမထားပါဘူး” ဟုပြောသည်။ "ထိုဒေသများတွင် လုပ်ငန်း ဆောင်ရွက်မှုများနှင့် အားကစားပွဲများအား ဆိုင်းငံရန် အမိန့် ထုတ်ပြန်ထားပြီးဖြစ်သည်။ ""မတ်လ 4 ရက်နေ့တွင် အီတလီနိုင်ငံ၌ သေဆုံးမှု 100 ထိ ရှိခဲ့ပြီဖြစ်သဖြင့် တစ်ပြည်လုံးရှိ ကျောင်းများနှင့် တက္ကသိုလ်များအား ပိတ်ထားရန် အီတလီအစိုးရက အမိန့်ထုတ်ပြန်ခဲ့သည်။" စီးရီးအေ ဘောလုံးပွဲများအပါအဝင် အဓိက အားကစားပွဲအားလုံးကို ဧပြီလအထိ ကွင်းပိတ်ယှဉ်ပြိုင်ကစားရမည်ဟုဆိုသော်လည်း မတ်လ 9 ရက်နေ့တွင် အားကစားပွဲများအားလုံးကို အနည်းဆုံး တစ်လကြာ လုံးဝဆိုင်းငံ့ထားခဲ့သည်။ မတ်လ 11 ရက်နေ့တွင် ဝန်ကြီးချုပ် Conte က ကုန်စုံဆိုင်ကြီးများနှင့် ဆေးပစ္စည်းဆိုင်များမှလွဲ၍ စီးပွားရေးလုပ်ငန်းများအားလုံးနီးပါးအား ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မတ်လ 6 ရက်နေ့တွင် အီတလီ မေ့ဆေး၊ ထုံဆေးနှင့် အရေးပေါ်လူနာပြုစုရေးနှင့် ပြန်လည်ရှင်သန်ရေး ကောလိပ် (SIAARTI) မှ အရေးကြီးလူနာကို ဦးစားပေး ကုသရေးနှင့် စပ်လျဉ်းသော ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်အကြံပြုတိုက်တွန်းချက်များအား ပုံနှိပ် ထုတ်ဝေခဲ့ပြီး ၎င်းအား အသုံးချသင့်သည်။ မတ်လ 19 ရက်နေ့တွင် အီတလီနိုင်ငံ၌ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှု 3,405 ခု ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်သွားခဲ့သည်။ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပါရှိသော စစ်ဘက်ဆိုင်ရာလေယာဉ် ကိုးစီးကို ရုရှားမှ အီတလီသို့ စေလွှတ်ခဲ့ကြောင်း မတ်လ 22 ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ဧပြီလ 5 ရက်နေ့ ရောက်သောအခါ အီတလီတွင် အတည်ပြုလူနာ 128,948 ၊ သေဆုံးသူ 15,887 နှင့် ပြန်လည်ကောင်းမွန်လာသူ 21,815 ရှိပြီး လူနာအများစုမှာ လုံဘာဒီ ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ CNN ၏ သတင်းပို့ချက် တစ်ခုအရ အီတလီနိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေများပြားခြင်းနှင့် ဗိုင်းရပ်စ်ရှိသူများအားလုံးအား အချိန်မီ စစ်ဆေးနိုင်မှု မရှိခြင်းတို့က သေဆုံးမှုနှုန်းမြင့်တက်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်ကို ညွှန်ပြနေသည်။ ပထမဆုံး ဗိုင်းရပ်စ် ပေါ်ထွန်းလာချိန်တွင် ယူနိုက်တစ် ကင်းဒမ်းသည် သက်ရောက်သော နိုင်ငံများအနက် သက်တောင့်သက်သာ အရှိဆုံး နိုင်ငံတစ်ခုအနေဖြင့် တုန်ပြန့်ခဲ့ပြီး 2020 ခုနှစ် မတ်လ 18 ရက်နေ့တိုင်သည်အထိ ဗြိတိသျှ အစိုးရသည် သူ၏ နိုင်ငံသားများကို လူမှုဝေးကွာမှု သို့မဟုတ် အုပ်စုလိုက် ခွဲထားစောင့်ကြည့်ခြင်းမျိုးကို မည်သည့်ပုံစံနှင့်မျှ လုပ်ဆောင်စေခဲ့ခြင်းမရှိပေ။ ရလဒ်အနေဖြင့် အစိုးရအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိုးရိမ်ပူပန်ဖွယ်ရာအခြေအနေကို တုံ့ပြန်မှု ခြေလှမ်းနောက်ကျခြင်းဖြင့် အလေးအနက်ထားရှိမှု အားနည်းချက်များအတွက် အပြင်းအထန်ဝေဖန်မှုကို ခံခဲ့ရသည်။ မတ်လ 16 ရက်နေ့၌ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) က မလိုအပ်ဘဲခရီးသွားလာခြင်းနှင့် လူမှုဆက်ဆံရေးနယ်ပယ်အားလုံးကို ပိတ်ပင်ကြေငြာလိုက်ပြီး အတတ်နိုင်ဆုံး အိမ်ကနေအလုပ်လုပ်ရန်နှင့် ဖျော်ရည်ယမကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ပြဇာတ်ရုံများအား ရှောင်ကျဉ်ကြရန် အကြံပြုလိုက်သည်။ မတ်လ 20 တွင် အရက်ဆိုင်နှင့် အားကစားရုံကဲ့သို့သော အားလပ်ချိန်အသုံးချရန်ဖွင့်လှစ်သည့်ဆိုင်အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပိတ်ရန်နှင့် ကပ်ရောဂါ ကာလအတွင်း အလုပ်လက်မဲ့ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် တစ်လလျှင် £2,500 အထိနှင့် အလုပ်သမားများ၏ လုပ်အားခ 80%ကို ပေးချေရန် ကတိပြုကြောင်း အစိုးရက ကြေညာခဲ့သည်။ မတ်လ 23 ရက်နေ့တွင် ဝန်ကြီးချုပ်က ပိုမိုတင်းကျပ်သည့် လူလူချင်း ခပ်ခွာခွာနေရမည့် နည်းလမ်းများ၊ လူနှစ်ဦးထက်ပို၍ စုစည်းမှုကို ကန့်သတ်ခြင်းနှင့် ခရီးသွားခြင်းနှင့် အပြင်ထွက်ခြင်းကို ကန့်သတ်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် လိုက်နာရန် လိုသည်ဟု ယူဆထားသ၍ လိုက်နာရမည်ဟု ကြေညာခဲ့သည်။ ယခင် ဆောင်ရွက်မှုများနှင့် ကွဲပြားစွာပင် ဤကန့်သတ်မှုများသည် ဒဏ်ငွေ ရိုက်ခြင်း နှင့် စုဝေးမှုများကို လူစုခွဲစေခြင်းတို့မှတဆင့် ရဲက လုပ်ဆောင်နိုင်ခဲ့သည်။ စူပါမားကတ်များ၊ ဆေးပစ္စည်းဆိုင်များ၊ ဘဏ်များ၊ ကုန်မာပစ္စည်း ဆိုင်များ၊ စက်သုံးဆီဆိုင်များနှင့် ကားပြင်ရုံများ အပါအဝင် “မဖြစ်မနေ” ဖွင့်ထားရန်လိုအပ်သည်ဟု ယူဆသည့် စီးပွားရေးလုပ်ငန်းများမှအပ စီးပွားရေးလုပ်ငန်းအများစုအား ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ဇန္နဝါရီလ 20 ရက်နေ့တွင် COVID-19 ၏ ပထမဆုံး သိရှိသည့် လူနာကို ဇန္နဝါရီလ 15 ရက်နေ့က ဝူဟန်မှ ပြန်လာသူ အမျိုးသား တစ်ဦးကို ဝါရှင်တန်ပြည်နယ် ပစိဖိတ် အနောက်မြောက်တွင် အတည်ပြုခဲ့သည်။ ဇန်နဝါရီလ 29 ရက်နေ့တွင် အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းတာဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဇန္နဝါရီလ 31 ရက်တွင် ထရန့်အစိုးရက လူထု ကျန်းမာရေး အရေးပေါ် အခြေအနေကို ကြေညာပြီး တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုကို ကန့်သတ်မှုများ လုပ်ခဲ့သည်။ 2020 ပြည့်နှစ် ဇန်နဝါရီလ 28 ရက်တွင် အမေရိကန်အစိုးရ၏ ပြည်သူ့ကျန်းမာရေးရှေ့ဆောင် ရောဂါထိန်းချုပ်ရေးဗဟိုက သူတို့အနေဖြင့် ကိုယ်ပိုင် စမ်းသပ်ကိရိယာအား တီထွင်ထုတ်လုပ်ပြီးဖြစ်ကြောင်း ကြေညာသည်။ ထိုကဲ့သို့ လုပ်ဆောင်နေသော်လည်း အမေရိကန်ပြည်ထောင်စုသည် စစ်ဆေးစမ်းသပ်မှုများ လုပ်ဆောင်ရာတွင်အစနှေးကွေးခဲ့ခြင်းကြောင့် ထိုအချိန်တွင် ဖြစ်‌နေသော ‌ရောဂါပြန့်ပွားမှုအခြေအနေကို သိရှိရန် ခက်ခဲခဲ့သည်။ ဖက်ဒရယ်အစိုးရမှ ဖေဖော်ဝါရီလတွင် ထုတ်ပေးသော ချွတ်ယွင်းချက်ရှိသည့် စမ်းသပ်ကိရိယာများကြောင့် စမ်းသပ်မှုသည် ထိရောက်ခြင်းမရှိခဲ့ပါ။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (ပညာရှင်များ၊ ကျောင်းများ၊ တက္ကသိုလ်များ) က စစ်ဆေးရေးကိရိယာများအား ဖက်ဒရယ်အစိုးရအနေဖြင့် ဖေဖော်ဝါရီလကုန်အထိ ခွင့်ပြုချက်မပေးခဲ့သဖြင့် မတ်လ အစောပိုင်းမတိုင်ခင်အထိ ပြည်သူများအနေဖြင့် စစ်ဆေးမှုခံယူရန်အတွက် သတ်မှတ်စံနှုန်းများအတွင်း အကျုံးဝင်ရန်လိုအပ်သည်။ (ထို့အတူ ဆရာဝန်တစ်ယောက်၏ ထောက်ခံချက်လည်း လိုအပ်ခဲ့သည်။) ဖေဖော်ဝါရီ 27 သို့ ရောက်သောအခါ အမေရိကန် ပြည်ထောင်စု တွင် စမ်းသပ်စစ်ဆေးမှု 4,000 အောက်သာ လုပ်ဆောင်ရသေးကြောင်း ဝါရှင်တန်ပို့စ်က သတင်းဖော်ပြသည်။ မတ်လ 13 ရက်နေ့တွင် The Atlantic မှ စမ်းသပ်မှုပေါင်း 14,000 အောက်ကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း အစီရင်ခံခဲ့သည်။ မတ်လ 22 ရက်တွင် အေပီသတင်းဌာနက “ဆရာဝန်၏ ညွှန်ကြားချက်နှင့် ရောဂါလက္ခဏာရှိသူ အများအပြားသည် စမ်းသပ်မှု အတွက် နာရီများ သို့မဟုတ် ရက်များ စောင့်ခဲ့ရသည်။” အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး သေဆုံးမှု ပြီးနောက် ဖေဖော်ဝါရီ 29 ရက်တွင် ဝါရှင်တန် ပြည်နယ်တွင် သတင်း ရေးသားခဲ့ရာ မြို့တော်ဝန် Jay Inslee က အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။ ယင်းလုပ်ရပ်ကို မကြာမီအတွင်း အခြားသော ပြည်နယ်များက လိုက်လုပ်ခဲ့ကြသည်။ Seattle ဧရိယာရှိ ကျောင်းများသည် မတ်လ 3 ရက်နေ့တွင် အတန်းများကိုဖျက်သိမ်းပြီး မတ်လလယ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများ ပိတ်ထားခဲ့ရသည်။ London မြို့ Inperial College ရှိ ကူးစက်ရောဂါပညာရှင် အဖွဲ့တစ်ဖွဲ့က နိုင်ငံတစ်ခုအပေါ် ကိုရိုနာဗိုင်းရပ်စ်အသစ်၏ သက်ရောက်မှု အလားအလာ ခန့်မှန်းချက်များကို အမေရိကန်အား2020 ခုနှစ် မတ်လ 6 ရက်နေ့တွင် အကြံပေးခဲ့သည်။ ထိုနေ့တွင်ပင် သမ္မတ Trump သည် ကူးစက်ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရန် ဖက်ဒရယ်အေဂျင်စီများအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ 8.3 ဘီလီယံ ထောက်ပံ့ပေးသော ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှု ထပ်မံဖြည့်စွက်လျာထားခြင်း အက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။ စီးပွားရေး လုပ်ငန်းကြီးများက ဝန်ထမ်းများအပေါ် ခရီးသွား ကန့်သတ်မှုများ၊ အစည်းအဝေးများ ဖျက်သိမ်းခြင်း၊ နှင့် ဝန်ထမ်းများ အား အိမ်မှ အလုပ်လုပ်ရန် အားပေးခြင်းတို့ကို လုပ်ဆောင်သည်။ အားကစားပွဲများနှင့် ရာသီများကို ဖျက်သိမ်းခဲ့သည်။ မတ်လ 13 ရက်နေ့မှ စတင်၍ ရက်ပေါင်း 30 အထိ ယူနိုက်တက်ကင်းဒမ်းမှလွဲ၍ ဥရောပဒေသ အများစုသို့ ခရီးသွားမှုကို တားမြစ်လိုက်သည်ဟု ထရန့်က မတ်လ 11 ရက်နေ့တွင် ြကြေညာခဲ့သည်။ နောက်တစ်ရက်တွင် သူသည် ယူနိုက်တက် ကင်းဒမ်းနှင့် အိုင်ယာလန်နိုင်ငံတို့ အထိပါ ကန့်သတ်ချက်များအား တိုးမြှင့်ချမှတ်ခဲ့သည်။ မတ်လ 13 ရက်နေ့တွင် သူက နိုင်ငံအဆင့် အရေးပေါ်အခြေအနေကို ကြေညာသည်။ ထို့ကြောင့် ပြည်ထောင်စု ရံပုံငွေများကို ဘေးအန္တရာယ် တုန့်ပြန်မှုအတွက် အသုံးပြုလာနိုင်သည်။ မတ်လ 15 ရက်နေ့ အစပိုင်းတွင် အမေရိကန်နိုင်ငံတဝှမ်း၌ စီးပွားရေးလုပ်ငန်းအများအပြားအား ပိတ်ခြင်း သို့မဟုတ် အလုပ်ချိန် လျှော့ချခြင်းများကို ဗိုင်းရပ်စ်ပျံ့နှံ့မှု လျော့နည်းစေရေးအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့သည်။ ကိုလံဘီယာ ခရိုင်နှင့် ပြည်နယ် 50 လုံးတွင် ကပ်ရောဂါဖြစ်ပွားနေကြောင်း မတ်လ 17 ရက်နေ့တွင် အတည်ပြု နိုင်ခဲ့သည်။ နယူးယောက်မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသူ အ‌ယောက် 10,700 ရှိပြီး ဤပမာဏသည် တောင်ကိုရီးယားနိုင်ငံရှိ ‌ရောဂါဖြစ်ပွားသူပမာဏထက်ပင် များနေကြောင်း မတ်လ 23 ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဖြစ်ပွားမှု နှစ်ဆတိုးနှုန်းသည် 2.0 ရက်မှ 4.7 ရက်အတွင်း လျော့နည်းလာကြောင်းတွေ့ရှိရသဖြင့် လူအများအား ခပ်ခွာခွာ နေစေခြင်းသည် အလုပ်ဖြစ်ပုံရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက မတ်လ 25 ရက်နေ့တွင် ပြောခဲ့သည်။ မတ်လ 28 ရက်နေ့အထိ နယူးယောက်မြို့တွင် ရောဂါပိုးကူးစက် ခံရသော အတည်ပြုလူနာ 32,308 ဦးရှိခဲ့ပြီး 672 ဦး မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သည်။ တရုတ်နှင့် အီတလီအပါအဝင် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ အားလုံးထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း အမေရိကန်က မတ်လ26 ရက်နေ့တွင် အစီရင်ခံ ထုတ်ပြန်ခဲ့သည်။ ဧပြီ 8 ရက်နေ့အထိ အမေရိကန်တွင် ရောဂါကူးစက်သူ 400,335 ဦး ရှိကြောင်းနှင့် 12,841 ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားခဲ့သည်။ မတ်လ 30 ရက်နေ့၏ သတင်းမီဒီယာအစီရင်ခံချက်တစ်ခုအရ အမေရိကန်သမ္မတထရမ့်က ဧပြီလ 30 ရက်နေ့အထိ လူမှုဆက်ဆံရေး ခပ်ခွာခွာနေရန်သတ်မှတ်ကာလကို တိုးချဲ့ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုနေ့တွင်ပင် ကုတင် 1000 ဆန့် အမေရိကန် ရေတပ်မှ ဆေးရုံသင်္ဘော USNS Comfort သင်္ဘောတစ်စင်းကို နယူးယောက်တွင် ကျောက်ချထားခဲ့ပါသည်။ ဧပြီလ 3 ရက်နေ့၌ အမေရိကန်နိုင်ငံအတွင်း 24 နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ 884 ယောက်အထိ စံချိန်တင်မှတ်တမ်းတင်ရှိခဲ့သည်။ နယူးယောက်ပြည်နယ်တွင် ဧပြီလ 3 ရက်နေ့၌ ကူးစက်ခံရသူအရေအတွက် 100,000 ကျော်အထိ ရှိလာခဲ့သည်။ ဘေးအန္တရာယ်ရှိမှုအား ပေါ့တန်စွာ သဘောထားခြင်း၊ ကျန်းမာရေးအရာရှိများနှင့် သိပ္ပံပညာရှင်များအား ဗိုင်းရပ်စ်နှင့် ပတ်သက်သော လူထုထုတ်ပြန်ချက်များ၊ သတင်းများ ထုတ်ပြန်ရာတွင် ဒုသမ္မတ Mike Pence ၏ ရုံးနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားခြင်းတို့ကြောင့် အိမ်ဖြူတော်သည် ပြစ်တင်မှုများ ခံခဲ့ရသည်။ ကပ်ရောဂါအကျပ်အတည်းကို ထရမ့်၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ယေဘုယျ ထောက်ခံမှုပိုင်းတွင် ပါတီများကြား နှစ်ခြမ်းကွဲနေခဲ့သည်။ အမေရိကန်အရာရှိအချို့နှင့် သတင်းဌာနအချို့မှ တရုတ်နိုင်ငံမှ မရှိမဖြစ်လိုအပ်သည့် ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပံ့ပိုးမှုအပါဝင် အရေးပေါ်ပစ္စည်းများတင်သွင်းခြင်းအပေါ် မှီခိုအားထားခြင်းကို ဝေဖန်ခဲ့ကြသည်။ ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားရာ နေရာများကို မြေပုံထုတ်ရန်နှင့် ကူးစက်မှု ပုံစံကို ခန့်မှန်းရန် လေကြောင်းခရီးသွားလာမှုပုံစံများအား အသုံးပြု လေ့လာဆန်းစစ်ခဲ့ပြီး ထိုဆန်းစစ်ချက်ကို Travel Medicine ဂျာနယ်တွင် 2020 ခုနှစ် ဇန်နဝါရီလ အလယ်ပိုင်းက ဖော်ပြခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းကူးသန်းသွားလာရေးအဖွဲ့အစည်း၏ 2018 ခုနှစ်က သတင်းအချက်အလက်များအရ ဘန်ကောက်၊ ဟောင်ကောင်၊ တိုကျိုနှင့် တိုင်ပေတို့သည် ဝူဟန်မှ ခရီးသည်များ ဝင်ရောက်မှု အများဆုံး ရှိခဲ့ကြပါသည်။ ဒူဘိုင်း၊ ဆစ်ဒနီ၊ နှင့် မယ်လဘုန်း တို့သည်လည်း ဝူဟန်မှ လူများ ခရီးသွားရာ လူကြိုက်များသည့် နေရာများဖြစ်ကြောင်း သတင်းပေးပို့ချက်များရှိသည်။ သြစတြေးလျနိုင်ငံအတွင်းရှိ မြို့များအနေဖြင့် အရန်အသင့်ရှိမှု အလိုအပ်ဆုံးအဖြစ်ရှိရန် လိုအပ်နေချိန်၌ ဘာလီကျွန်းအနေဖြင့် ထင်ရှားအကျော်ကြားဆုံးနေရာ 20 အတွင်း အရန်အသင့်ရှိမှုပြင်ဆင်ထားရန် အကြောင်းကြားခြင်းခံရသည်။ သြစတြေးလျသည် ဖေဖော်ဝါရီလ 7 ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်အသစ် (COVID-19) အတွက် အရေးပေါ်တုံ့ပြန်မှုအစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ COVID-19 နှင့် ပတ်သက်၍ ရှာဖွေတွေ့ရှိချက် များအပြား မရှိသေးပဲ ဩစတေးလျားသည် ကပ်ရောဂါကို တုန့်ပြန်မှု အနေဖြင့် နယ်စပ် ထိန်းချုပ်မှု နှင့် ဆက်သွယ်မှုများကို ဇောင်းပေးသွားမည် ဖြစ်ကြောင်း ဖော်ပြသည်။ မတ်လ 21 ရက်နေ့တွင် သြစတြေးလျ၌ လူသားနှင့်ဆိုင်သော ဇီဝလုံခြုံမှုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုကို ကြေညာခဲ့သည်။ “ဝူဟန်နှင့် ဟူဘေရှိ လူထု သယ်ယူပို့ဆောင်ရေး၏ ထိရောက်သော ခွဲထား စောင့်ကြည့်ခြင်း ရှိနေရာ နိုင်ငံအများအပြားက သူတို့၏ နိုင်ငံသားများနှင့် သံတမာန်ဝန်ထမ်းများကို ဧရိယာအတွ်းမှ ရွှေ့ပြောင်းရန် စီစဉ်ခဲ့သည်၊ အစဦးတွင် မူရင်း နိုင်ငံများသို့ စီးလုံးငှား လေယာဉ်များဖြင့် တရုတ် အာဏာပိုင်များ၏ ကင်းလွတ်ခွင့်ကို ရယူကာ ပို့ဆောင်ခဲ့ကြသည်။ ကနေဒါ၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ သြစကြေးလျ၊ ပြင်သစ်၊ အာဂျင်တီးနား၊ ဂျာမဏီနှင့် ထိုင်းနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံသားများအား ဘေးကင်းရာသို့ ရွှေ့​ပြောင်းရန်အစီအမံကို ပထမဆုံးပြုလုပ်ခဲ့ကြသည်။ ပါကစ္စတန်က တရုတ်နိုင်ငံတွင်းရောက်ရှိနေသော ၎င်းတို့၏ နိုင်ငံသားများအား ပြန်လည်ခေါ်ယူရန် လုပ်ဆောင်မည်မဟုတ်ဟု ဆိုသည်။ ဖေဖော်ဝါရီ 7 ရက်နေ့တွင် ဘရာဇီးအစိုးရသည် ပိုလန်လူမျိုး လေးဦး၊ တရုတ်လူမျိုးတစ်ဦး၊ အိန္ဒိယလူမျိုးတစ်ဦး အပြင် ဘရာဇီးလ်လူမျိုး သို့မဟုတ် မိသားစုဝင်ပေါင်း 34 ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ဘရာဇီးလေယာဉ်သည် ၎င်း၏ဘရာဇီးသို့ လမ်းကြောင်းအတိုင်း မသွားမီ ခရီးတစ်ထောက်နားခဲ့သည့်နေရာတွင် ပိုလန်၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံသားများ လေယာဉ်ပေါ်မှ ဆင်းခဲ့ကြသည်။ ဝူဟန်မြို့သို့ သွားရောက်ခဲ့သော ဘရာဇီးနိုင်ငံသားများအား ဘရာဇီးလီယာမြို့အနီးရှိ စစ်တပ်အခြေစိုက်နေရာတစ်ခုတွင် သီးသန့်ခွဲခြားထားမှု ပြုလုပ်ခဲ့သည်။ တစ်ရက်ထဲမှာပင် ကနေဒါ နိုင်ငံသား 215 ဦး (အမေရိကန် အစိုးရ စီးလုံးငှားသော ပထမလေယာဉ်မှ 176 ဦး၊ နှင့် ဒုတိယလေယာဉ်မှ 39 ဦး) သည် ဝူဟန်မှ CFB ထရင်တန် သို့ ခွဲထားစောင့်ကြည့်မှု နှစ်ပတ် ထားရှိသည်။ ဖေဖော်ဝါရီလ 11 ရက်နေ့တွင် ဝူဟန်မြို့မှ ကနေဒါနိုင်ငံသား 185 ဦး လိုက်ပါလာသော နောက်ထပ်လေယာဉ်တစ်စီးသည် CFB Trenton ကွင်းတွင် ဆင်းသက်ခဲ့သည်။ ဩစတြေးလျ အာဏာပိုင်များက ဖေဖော်ဝါရီလ 3 ရက်နှင့် 4 ရက်နေ့များတွင် နိုင်ငံသား 277 ဦးအား ရောဂါထိန်းချုပ်ရေးနေရာအဖြစ် ပြန်လည်ပြုပြင်ထားသော ခရစ္စမတ်ကျွန်းရှိ ထိန်းသိမ်းရေးဌာနသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့သည် အဆိုပါကျွန်းတွင် 14 ရက်ကြာ နေထိုင်ခဲ့ရသည်။ နယူးဇီလန် ကယ်ဆယ်ရေး လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီလ 5 ရက်နေ့တွင် အော့ကလန်သို့ ရောက်ရှိခဲ့ပြီး ခရီးသည်များ(ဩစတြေးလျနိုင်ငံသားအချို့နှင် ပစိဖိတ်နိုင်ငံများမှ နိုင်ငံသားအချို့ အပါအဝင်) အား အော့ကလန်မြောက်ပိုင်းရှိ ဝှမ်ဂါပါရိုရာ ရေတပ်အခြေစိုက်စခန်းတွင် သီးသန့်ခွဲခြား ထားရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် Diamond Princess ဇိမ်ခံသင်္ဘောပေါ်မှ အမေရိကန်လူမျိုးများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ 15 ရက်နေ့တွင် ကြေညာခဲ့သည်။ ဖေဖော်ဝါရီလ 21 ရက်နေ့တွင် Diamond Pricess သင်္ဘောပေါ်မှ ခေါ်ဆောင်လာသည့် ကနေဒါလူမျိုး ခရီးသည် 129 ဦးအား တင်ဆောင်လာသော လေယာဉ်တစ်စီးသည် အွန်တာရီယို ပြည်နယ် ထရန်တွန် မြို့တွင် ဆင်းသက်ခဲ့သည်။ မတ်လအစောပိုင်းတွင် အိန္ဒိယ အစိုးရက အီရန်နိုင်ငံမှ ၎င်း၏ နိုင်ငံသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးမှု စတင်လုပ်ဆောင်ခဲ့သည်။ မတ်လ 14 ရက်တွင် တောင်အာဖရိကအစိုးရက စင်းလုံးငှားသည့် တောင်အာဖရိက လေကြောင်းလိုင်း လေယာဉ်သည် တောင်အာဖရိက နိုင်ငံသား 112 ဦးကို နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ဆေးဖက်ဆိုင်ရာ စစ်ဆေးခြင်းကို ထွက်ခွာခြင်းမပြုမီ လုပ်ဆောင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် လက္ခဏာပြသသော တောင်အာဖရိက နိုင်ငံသား လေးဦးအား ဘေးအန္တရာယ်လျော့ချရန် ချန်ထားခဲ့သည်။ စစ်ဆေးစမ်းသပ်ပြီး ရောဂါကင်းစင်သူ တောင်အာဖရိကနိုင်ငံသားများကိုသာ ပြန်ပို့ခဲ့သည်။ ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ် The Ranch Resort တွင် 14 ရက်ကြာ သီးခြားစောင့်ကြည့်ခံထားရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တွင် ပါဝင် ထမ်းဆောင်ခဲ့သည့် လေယာဉ်အမှုထမ်းများ၊ လေယာဉ်မှူးများ၊ ဟိုတယ်ဝန်ထမ်းများ၊ ရဲများနှင့် စစ်သားများအားလုံး အပါအဝင် တောင်အာဖရိကနိုင်ငံသားများအားလုံးကို စမ်းသပ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိခဲ့ရပါ။ မတ်လ 20 ရက်နေ့တွင် အမေရိကန်က ကပ်ရောဂါကြောင့် သူ၏ တပ်ဖွဲ့များကို အီရတ်မှ တစ်စိတ်တစ်ပိုင်း စတင် ရုတ်သိမ်းခဲ့သည်။ (ဘီလာရုစ်၊ ပါကစ္စတန်၊ ထရီနီဒတ်နှင့် တိုဘေးကိုး၊ အီဂျစ်နှင့် အီရန် နိုင်ငံများအပါအဝင်) နိုင်ငံပေါင်း 21 နိုင်ငံသည် တရုတ်နိုင်ငံကို အကူအညီများပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ 5 ရက်နေ့တွင် ဖော်ပြခဲ့သည်။ အမေရိကန်တက္ကသိုလ်များ၌ တက်ရောက်နေကြသော တရုတ်ကျောင်းသားအချို့က ဗိုင်းရပ်စ်ကူးစက်ခံနေရသည့် ဒေသများသို့ အကူအညီများပေးပို့ရန် အတူတကွပူးပေါင်းဆောင်ရွက်ရာ၌ ချီကာဂိုနယ် အနှံ့အပြားအတွင်း ပူးပေါင်းလျက် ဟူဘေပြည်နယ်ရှိ ဆေးရုံများသို့ N95 မျက်နှာဖုံး အရေအတွက် 50,000 ကို ဇန်နဝါရီလ 30 ရက်နေ့၌ ပေးပို့စီမံနိုင်ခဲ့ကြောင်း ပြောဆိုကြသည်။ လူသားချင်းစာနာထောက်ထားသော အကူအညီကယ်ဆယ်ရေးအဖွဲ့မှ FedEx အဖွဲ့နှင့် ပူးပေါင်း၍ လက်အိတ်များနှင့် ဝတ်ရုံများအပါအဝင် အခြား တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများနှင့်အတူ မျက်နှာဖုံး အရေအတွက် 200,000 ကို အရေးပေါ်လေယာဉ်ဖြင့်သယ်ပို့လျက် ဝူဟန်ပြည်နယ်ဆေးရုံသို့ ဇန်နဝါရီလ 30 ရက်နေ့က ပေးပို့ခဲ့သည်။ "ဖေဖော်ဝါရီလ 5 ရက်တွင် ဘီလ်ဂိတ်နှင့် မလင်ဒါဂိတ် (Bill and Melinda Gates) ဇနီးမောင်နှံတို့သည် ""အာဖရိကနှင့် တောင်အာရှရှိ ကပ်ရောဂါ အန္တရာယ်ကျရောက်နိုင်သောသူများ"" ကို ကာကွယ်ရန်အတွက် ကာကွယ် ဆေးရှာဖွေရန်နှင့် ကုသမှုများ လုပ်ဆောင်ရန် WHO သို့ ဒေါ်လာ သန်း 100 လှူဒါန်းခဲ့ကြောင်း ကြေညာခဲ့သည်။" Ineraksyon မှ သတင်းပေးပို့ချက်အရ အထက်လွှတ်တော်အမတ် Richard Gordon အနေဖြင့် နှာခေါင်းစည်း 3.16 သန်းအား ဝူဟန်သို့ တင်ပို့ခဲ့ပြီးနောက် ဖေဖော်ဝါရီလ 6 ရက်နေ့တွင် တရုတ်အစိုးရမှ ဖိလစ်ပိုင်နိုင်ငံသို့ နှာခေါင်းစည်း 200,000 လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ 19 ရက်နေ့တွင် စင်ကာပူ ကြက်ခြေနီအဖွဲ့မှ တရုတ်နိုင်ငံသို့ ဒေါ်လာ 2.26 သန်း တန်ဖိုးရှိသော အထောက်အပံ့ပစ္စည်းများအား ပေးပို့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဂျပန်က ဝူဟန်ကို နှာခေါင်းစည်း တစ်သန်း လှူဒါန်းခဲ့သည်၊ တူရကီက ဆေးဘက်ဆိုင်ရာ ကိရိယာများ ပေးပို့ခဲ့သည်၊ ရုရှားက ဝူဟန်သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်း 13 တန်ကျော်ကို ပို့ခဲ့သည်၊ မလေးရှားက တရုတ်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ လက်အိတ် 18 သန်း လှူဒါန်းမည်ဟု ကြေညာခဲ့သည်၊ ဂျာမဏီက ဟာ့ဇ်မက် ဝတ်စုံ 10,000 အပါအဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်း အမျိုးမျိုးကို ပေးပို့ခဲ့ပြီး အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ 17.8 တန် လှူဒါန်းခဲ့ပြီး သက်ရောက်မှု ခံရသော နိုင်ငံများသို့ ငွေကြေးရေး အကူအညီ ဒေါ်လာ သန်း 100 ထပ်ဆောင်းကူညီမည်ဟု ကတိပြုခဲ့သည်။ တရုတ်နိုင်ငံတွင် ဖြစ်ရပ်များ အခြေတကျ တည်ငြိမ်လာသောအခါ တရုတ်နိုင်ငံသည် ကပ်ရောဂါ ထိခိုက်ခံရသော နိုင်ငံအများအပြားကို အကူအညီများ ပေးပို့ခဲ့သည်။ မတ်လတွင် တရုတ်၊ ကျူးဘားနှင့် ရုရှား တို့က ကိုရိုနာဗိုင်းရပ်စ် ကူစက်ပြန့်ပွားမှုကို ကိုင်တွယ်ရန် အီတလီသို့ ဆေးဖက်ဆိုင်ရာ ပစ္စည်း ကိရိယာများနှင့် ပညာရှင်များ ပေးပို့ခဲ့သည်။ စီးပွားရေးသမား ဂျက်မာက စမ်းသပ်မှု ပစ္စည်းစုံ 1.1 သန်း၊ နှာခေါင်းစည်း 6 သန်း နှင့် ကာကွယ်မှု ဝတ်စုံ 60,000 ကို အီသီယိုပီးယားနိုင်ငံ အဒစ်စ် အဘာဘာ သို့ အာဖရိက သမဂ္ဂမှ ဖြန့်ဝေရန် အတွက် ပေးပို့ခဲ့သည်။ သူက နောက်ပိုင်းတွင် စမ်းသပ်ပစ္စည်းစုံ 5,000၊ မျက်နှာဖုံး 100,000 နှင့် အသက်ရှူစက် 5 လုံးတို့ကို ပနာမားသို့ ပို့ခဲ့သည်။ Ma အနေဖြင့် ကနေဒါနိုင်ငံသို့လည်း ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ လှူဒါန်းခဲ့သေးသည်။ နယ်သာလန်၊ စပိန်၊ တူရကီ၊ ဂျော်ဂျီယာနှင့် ချက်သမ္မတနိုင်ငံများက တရုတ်ထုတ် နှာခေါင်းစည်းများနှင့် စမ်းသပ်ကိရိယာများအပေါ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုအား ထုတ်ဖော်ပြောဆိုခဲ့သည်။ သာဓကအားဖြင့် စပိန်နိုင်ငံတွင် တိကျမှန်ကန်မှု 30 % သာရှိသော တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးသောကိရိယာ 58,000 အား ပြန်လည်သိမ်းဆည်းခဲ့ပြီး တစ်ချိန်တည်းတွင် နယ်သာလန်နိုင်ငံ၌ တရုတ်နိုင်ငံထုတ် ချွတ်ယွင်းမှုရှိသော နှာခေါင်းစည်း 600,000 အား ပြန်သိမ်းခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် အသုံးပြုရန် မသင့်တော်သည့် နှာခေါင်းစည်း 100,000 ကို ပြန်လည်သိမ်းဆည်းခဲ့သည်။ အဆိုပါနှာခေါင်းစည်းများသည် တရုတ်နိုင်ငံမှလာသည်ဟု ထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် ကိုလံဘီယာနိုင်ငံမှ ဖြစ်သည်။ အခြားတစ်ဖက်တွင် တရုတ်နိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများအား လက်တင်အမေရိကနိုင်ငံများနှင့် အာဖရိကနိုင်ငံများက လက်ခံရရှိသည်။ ဧပြီလ 2 ရက်နေ့တွင် ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပေါ်ထောက်ပံ့မှုများလုပ်ဆောင်မည့် စီမံကိန်းများအား စတင်လိုက်သည်။ WHO က တရုတ်အာဏာပိုင်းများ၏ ကပ်ရောဂါကို စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု ကြိုးပမ်းချက်များ ကို အကြံပြုခဲ့သည်။ "WHO အနေဖြင့် 2002-2004 SARS ရောဂါဖြစ်ပွားမှုကာလတွင် ကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများအား နှောင့်နှေးစေသည့် လျှို့ဝှက်ဖုံးကွယ်မှုများပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသော တရုတ်အာဏာပိုင်များနှင့် လက်ရှိ ကပ်ဆိုက်သော ကာလအတွင်း ""စိုးရိမ်ထိတ်လန့်မှုများအား ရှောင်ရှားနိုင်ရန်အတွက် တရုတ်ရိုးရာနှစ်သစ်ကူးရုံးပိတ်ရက်များ မတိုင်မီ ပုံမှန် နောက်ဆုံးရအချက်အလက်များအား ထုတ်ပြန်ပေးနေသော"" ဗဟိုအစိုးရအကြား သိသာထင်ရှားသော ကွဲပြားမှုအား မှတ်တမ်းတင်ခဲ့သည်။" ဇန္နဝါရီ 23 ရက်တွင် ဝူဟန်တွင် သယ်ယူပို့ဆောင်‌ရေးတားမြစ်မှု အကောင်အထည်ဖော်ရန် ဗဟိုအစိုးရအာဏာပိုင်များ၏ ဆုံးဖြတ်ချက်အပေါ် တုန့်ပြန်လျက် WHO ကိုယ်စားလှယ် ဂေါ်ဒင် ဂယ်လီယာက မှတ်ချက်ပြုရာတွင် “သေချာတာက WHOက လုပ်တဲ့ အကြံပြုချက် မဟုတ်ပါဘူး” ဟု ပြောသည်။ ယင်းသည် “အများဆုံး စုစည်းနေတဲ့ နေရာမှာ ကပ်ရောဂါကို ထိန်းချုပ်ဖို့ စိတ်ပိုင်းဖြတ်ခြင်းရဲ့ အလွန်အရေးကြီးတဲ့ အညွှန်း ဖြစ်တယ်” ဟုလည်း ပြောပြီး ယင်းကို “လူထု သမိုင်းကြောင်းတွင် ယခင်က မရှိခဲ့ဘူး” ဟု ခေါ်ဆိုလိုက်သည်။ ဇန္နဝါရီလ 30 ရက်နေ့တွင် တရုတ်နိုင်ငံ အပြင်ပတွင် လူမှလူသို့ ကူးစက်မှုကို အတည်ပြုပြီးနောက်တွင် နှင့် အခြားနိုင်ငံများတွင် လူနာ အရေအတွက်များပြားလာသည့်အချိန်တွင် WHO က ရောဂါကူးစက်မှုကို နိုင်ငံတကာ ဆိုင်ရာ စိုးရိမ်ပူပန်မှု လူထု ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ 2009 ခုနှစ် ဝက်တုတ်ကွေး ကာလအတွင်း ပထမ အကြိမ် ကြေညာခဲ့ပြီးနောက် ဆဌမ PHEIC ဖြစ်သည်။ "WHO ညွှန်ကြားရေးမှူးချုပ် တီဒါရော့စ် အက်ဒ်ဟနွမ်က PHEIC ကြေညာချက်သည် ""အထူးသဖြင့် ခိုင်မာသည့် ကျန်းမာရေး စနစ်များမရှိသော ဝင်ငွေနိမ့်သည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ် ရှိသည့် နိုင်ငံများတွင် ကမ္ဘာလုံးဆိုင်ရာရောဂါပြန့်ပွားမှု အန္တရာယ် ရှိနိုင်သောကြောင့်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။" ခရီးသွားလာမှု ကန့်သတ်ခြင်းများနှင့် ပတ်သက်ပြီး Tedros က “နိုင်ငံတကာ ခရီးသွားလာခြင်းနှင့် ကုန်သွယ်ခြင်းများအပေါ် မလိုအပ်သော ဝင်ရောက်စွက်ဖက်မှုများပြုလုပ်မည့် အစီအမံများ ပြုလုပ်ရန် အကြောင်းမရှိပါ” ဟု တုံ့ပြန်ပြောဆိုခဲ့ပြီး “WHO အနေဖြင့် ကုန်သွယ်လုပ်ငန်းများနှင့် သွားလာမှုများအား ကန့်သတ်ခြင်းကို အားမပေးပါ” ဟု ပြောဆိုခဲ့သည်။ ဖေဖော်ဝါရီ 5 ရက်တွင် ဝင်ငွေနည်းပါးသော နိုင်ငံများတါင် မဟာဗျူဟာမြောက် ပြင်ဆင်မှုများကို ငွေကြေးထောက်ပံ့ရန် ထည့်ဝင်ငွေ ဒေါ်လာ 675 သန်းအတွက် ကမ္ယာ့အသိုင်းအဝိုင်းကို WHO က ပန်ကြားခဲ့သည်။ ပန်ကြားရာတွင် “ဖြစ်ပေါ်လာခဲ့လျှင်ပင် ဗိုင်းရပ်စ်ပိုး ရရှိဖားသူများကို ရှာဖွေရန် စနစ်များ ရှိမနေသည့်” နိုင်ငံများကို ပံ့ပိုးရန် အရေးကြီးကြောင်း ထောက်ပြခဲ့သည်။ Tedros က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်ထဲတွင် “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အားအနည်းဆုံး ကွင်းဆက်လောက်သာ အားကောင်းစွမ်းဆောင်နိုင်သည်”ဟု ပြောဆိုခဲ့ကာ နိုင်ငံတကာအသိုင်းအဝန်းသို့ “ဒီနေ့ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါ။ မဟုတ်လျှင် နောက်တစ်ချိန် ပေးဆပ်ရမှု ကြီးမားလိမ့်မည်” ဟု တိုက်တွန်းခဲ့သည်။ ဖေဖော်ဝါရီလ 11 ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ WHO က ရောဂါ၏ အမည်အား COVID-19 အဖြစ် သတ်မှတ်ခေါ်တွင်ခဲ့သည်။ "တစ်နေ့တည်းမှာပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres အနေဖြင့် ""တုံ့ပြန်မှု လုပ်ဆောင်ရာတွင် ကုလသမဂ္ဂစနစ်တစ်ခုလုံး၏ စွမ်းအင်ဖြင့်"" ပံ့ပိုးပေးရန် သဘောတူခဲ့သည်ဟု Tedros က ပြောဆိုခဲ့သည်။" ကုလသမဂ္ဂ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂတစ်ခုလုံး၏ တုန့်ပြန်မှုကို ပူးပေါင်းဆောင်ရွက်နိုင်စေသည်။ WHO အဖွဲ့ဝင် နိုင်ငံများသည် ယင်းတို့အား “အခြားသော အေဂျင်စီများက ကူးစက်ပြန့်နှံ့မှုကြောင့်ဖြစ်သော ပိုမိုကျယ်ပြန့်သော လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နောက်ဆက်တွဲ သက်ရောက်မှုများကို ခံယူရန် သူတို့၏ ကျွမ်းကျင်မှုများကို ယူဆောင်လာချိန်တွင် ကျန်းမာရေး တုန့်ပြန်မှုကို အာရုံစိုက်ရန်” ခွင့်ပြုထားသည်။ ဖေဖော်ဝါရီ 14 ရက်တွင် WHO ဦးဆောင်သော တရုတ်နှင့် ပူးတွဲ လုပ်ငန်းလုပ်ဆောင်သည့် အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာနှင့် WHO ပညာရှင်များက မြေပြင်အခြေအနေပေါ်တွင် တရုတ်နိုင်ငံအား ပြည်တွင်း စီမံခန့်ခွဲမှုကို ကူညီရန်နှင့် “ပြင်းထန်မှုနှင့် ရောဂါ၏ ကူးစက်ပြန့်ပွားနိင်စွမ်း” ကို အဓိကကျသော အမျိုးသားအဆင့် အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ နှင့် အစည်းအဝေးများ ကျင်းပပြီး လေ့လာသုံးသပ်ရန် နှင့် “မြို့ပြနှင့် ကျေးလက် အနေအထားများ အပါအဝင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်များတွင် တုန့်ပြန်လုပ်ဆောင်မှုများ၏ သက်ရောက်မှုများ” ကို ကွင်းဆင်းလေ့လာ စမ်းစစ်မှုများ ပြုလုပ်ရန် ဖွဲ့စည်းခဲ့သည်။ ဖေဖော်ဝါရီ 25 တွင် WHO က “ကမ္ဘာအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်နိုင်ချေအတွက် ပြင်ဆင်ရန် ပိုမိုလုပ်ဆောင်ကြရန်” ကြေညာပြီး ကပ်ရောဂါအဖြစ်ခေါ်ဆိုရင် စောလွန်းသေးသည်ကာ နိုင်ငံများအနေဖြင့် မည်သို့ဖြစ်စေ “ပြင်ဆင်မှု အဆင့်တွင်” ရှိနေရမည်ဟု ပြောခဲ့သည်။ အီရန်နိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားလာခြင်းကို တုံ့ပြန်သောအားဖြင့် WHO သည် အခြေအနေကို အကဲဖြတ်ရန် ပူးပေါင်း မစ်ရှင်အဖွဲ့တစ်ဖွဲ့အား အီရန်သို့ စေလွှတ်ခဲ့သည်။ တစ်ကမ္ဘာလုံး ကူးစက်မှုအဆင့်တွင် ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှု သုံးသပ်ချက်အရ အန္တရာယ်အဆင့်သည် “မြင့်”ရာမှ “အလွန်မြင့်မား” သည့်အဆင့်အထိ မြင့်တက်လာနိုင်ကြောင်းနှင့် ၎င်းသည် သတိပေးချက်နှင့် အန္တရာယ် အကဲဖြတ်မှု အဆင့်တွင် အမြင့်ဆုံး အဆင့်ဖြစ်ကြောင်း WHO အရာရှိများက ဖေဖော်ဝါရီ 28 ရက်နေ့တွင် ပြောကြားခဲ့သည်။ WHO ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ်၏ အမှုဆောင် ဒါရိုက်တာ မိုက်ရိန်းက “ကမ္ဘာပေါ်ရှိ အစိုးရတိုင်းအတွက် အမှန်တကယ်ထိန်းချုပ်ရမည့်အရာတစ်ခုဖြစ်သည်- နိုးထကြပါ။”ဟု လက်ရှိအမြင်တစ်ရပ်ကို သတိပေးခဲ့သည်။ "ဗိုင်းရပ်စ်ပိုးသည် သူသွားမည့် လမ်းပေါ်တွင်ရောက်နေပြီ ဖြစ်ပြီး သင့်အနေဖြင့် အဆင်သင့်ဖြစ်ရန်လိုအပ်သည်၊"" မှန်ကန်သော တုံ့ပြန်မှု အစီအမံများက ကမ္ဘာကြီးအား ""အဆိုးဆုံးအနေအထာ"" ကိုရှောင်ရှားနိုင်ရန် ကူညီနိုင်မည်ဟု တိုက်တွန်းလိုက်ပါသည်။" လက်ရှိ အချက်အလက်များသည် ပြည်သူ့ကျန်းမာရေး အရာရှိများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာချက် ထုတ်ရလောက်အောင် ခိုင်လုံမှု မရှိဘဲ ထိုသို့ ကြေညာလိုက်ခြင်းဖြင့် “ကမ္ဘာပေါ်ရှိလူသား အားလုံးသည် ထိုဗိုင်းရပ်စ်ပိုးကူးစက်ခံရလိမ့်မည်ဟု ကျွန်ုပ်တို့ မုချ လက်ခံထားသည့်သဘော”ဖြစ်သွားလိမ့်မည်ဟု Ryan က ထပ်မံ ပြောဆိုခဲ့သည်။ မတ်လ 11 ရက်နေ့တွင် WHO မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအား ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။ ကူးစက်မှုနှင့် ပြင်းထန်မှု အဆင့်များ စိုးရိမ်ဖွယ်အဆင့်သို့‌ရောက်‌နေခြင်းနှင့် အ‌ရေးယူမှုအဆင့် စိုးရိမ်ဖွယ် နိမ့်ကျနေခြင်းအတွက် WHO အနေဖြင့် အထူး စိုးရိမ်နေကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။ WHO အနေဖြင့် လူထုကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာရန်နောက်ကျခြင်းနှင့် ဗိုင်းရပ်စ်အား ကပ်ရောဂါတစ်ခုအဖြစ်ကြေညာရန် နောက်ကျခြင်းတို့အပါအဝင် ကပ်ရောဂါအားထိန်းချုပ်ရာတွင် လုံလုံလောက်လောက် ကိုင်တွယ်လုပ်ဆောင်ခဲ့ခြင်းမရှိမှုအပေါ်တွင် သိသိသာသာ ဝေဖန်ခံနေရသည်။ ဆိုးရွားသောတုံ့ပြန်မှုများတွင် ဧပြီလ 6 ရက်နေ့က လူပေါင်း 733,000 လက်မှတ်ရေးထိုးထားသည့် WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုချက်လည်း ပါဝင်သည်။ 2020 ခုနှစ် မတ်လ 26 ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူများစွာက COVID-19 ကပ်ရောဂါကာလအတွင်း လူတစ်ဦးတစ်ယောက်ချင်းစီ၏ လူ့အခွင့်အရေးအား အလေးထားရန် အလေးအနက် ပြောဆိုခဲ့သည်။ ပညာရှင် အုပ်စုက လူတိုင်းသည် အသက်ကယ်ခြင်း စွက်ဖက်မှုကို ခံစားပိုင်ခွင့်ရှိပြီး ယင်းအတွက် အစိုးရတွင် တာဝန်ရှိသည် ဟု ပြောသည်။ ရင်းမြစ်များ သို့မဟုတ် ကျန်းမာရေးအာမခံ မရှိခြင်းက သီးခြားလူစုကို ခွဲခြားဆက်ဆံခြင်းအတွက် ကျိုးကြောင်းပြချက်အဖြစ် မည်သည့်အခါမျှ မဖြစ်သင့်ကြောင်းကို အဖွဲ့က အသားပေးပြောကြားခဲ့သည်။ ကျွှမ်းကျင်သူများက အလေးထားပြောကြားသည်မှာ လူတစ်ဦး တစ်ယောက်စီတိုင်းတွင် မသန်စွမ်းမှုနှင့် လူများ၊ လူနည်းစု အုပ်စုတွင် ပါဝင်သော သူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်များ၊ အိမ်ခြေမဲ့များ၊ အလွန်ဆင်းရဲသော အခြေအနေတွင် နေသူများ၊ ထိန်းသိမ်းခံထားရသူများ၊ သာမက ဒုက္ခသည်များနှင့် အစိုးရ ထောက်ပံ့မှုကို လိုအပ်နေသော သီးခြားသတ်မှတ်ချက် မရှိသေးသော အုပ်စုများ အပါအဝင် ကျန်းမာရေးအတွက် အခွင့်အရေး ရှိသည်။ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများက COVID-19 ကပ်ဆိုက်ကာလ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြေရှင်းပေးနေကြပါသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့သည် ကမ္ဘာအနှံ့ နိုင်ငံများရှိ တုန့်ပြန်မှု မူဝါဒများအပေါ် အချိန်နှင့် တပြေးညီနှင့် ပြည့်စုံသော အချက်အလက်များ သာမက အမြင်များနှင့် အကြံဉာဏ် များကိုပါ ပေးနိုင်ရန် စင်မြင့်တစ်ခုကို ဖော်ထုတ်ခဲ့သည်။ ကျန်းမာရေးစနစ်များနှင့် ကမ္ဘာ့စီးပွားရေး ပိုမိုအားကောင်းစေရန်အတွက် မူဝါဒများချမှတ်ခြင်းမှသည် လော့ခ်ဒေါင်းချခြင်းနှင့် ခရီးသွားလာမှုကို ပိတ်ပင်ကန့်သတ်ခြင်းတို့ကြောင့် ဖြစ်လာမည့် အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းအထိ ဒစ်ဂျစ်တယ် ဟဘ်တွင် နိုင်ငံ့မူဝါဒ စောင့်ကြည့်စနစ်တစ်ခု ပါဝင်ပြီး နိုင်ငံများကို အပြန်အလှန် လေ့လာရာတွင် ကူညီပေးရန်နှင့် ကိုရိုနာဗိုင်းရပ်စ်စိန်ခေါ်မှု ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းတုံ့ပြန်ခြင်း အဆင်ပြေချောမွေ့စေရန် ရည်ရွယ်သည်။ ဘရာဇီးသမ္မတ ဂျေဘိုလ်ဆင်ရို၏သား အက်ဝါဒိုဘိုလ်ဆန်နာရို၊ ဗြိတိန် အစိုးရအဖွဲ့ရုံးဝန်ကြီး မိုက်ကယ်ဂေါ့ဖ်နှင့် အမေရိကန်နိုင်ငံတို့က တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သည့် ကပ်ရောဂါအား တရုတ်အစိုးရ၏ ကိုင်တွယ်မှုနှင့်ပတ်သက်၍ ပြစ်တင်ဝေဖေန် ခဲ့ကြသည်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ခရိုင်အဆင့် အုပ်ချုပ်သူ အများအပြားသည် တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ခွဲထားစောင့်ကြည့်မှု အား သူတို့၏ ကိုင်တွယ်မှုများအပေါ် ထုတ်ပယ်ခြင်းခံကြရသည်။ ထိုဒေသများတွင် ကူးစက်ပြန့်ပွားခြင်းအပေါ် နိုင်ငံရေး တည်ဆောက်မှု၏ တုန့်ပြန်မှုကို မကျေနပ်သည့် လက္ခဏာတစ်ရပ် ဖြစ်သည်။ ဤလှုပ်ရှားဆောင်ရွက်မှုသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင်းပင်ကို ပြည်သူလူထု၏ ဒေါသဖြစ်မှုမှ ကာကွယ်ရန် ရည်ရွယ်ခဲ့သည်ဟု ဝေဖန်သုံးသပ်သူအချို့က ယုံကြည်ကြသည်။ အချို့တရုတ်အရာရှိများ (ဥပမာအားဖြင့် Zhao Lijian) က COVID-19 သည် အမေရိကန် သို့မဟုတ် အီတလီနိုင်ငံတွင် အစပြုခဲ့သည်ဟူသော အကွက်ချ ကြံစည်မှုကို ဆုပ်ကိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုသည် ဝူဟန်မြို့မှ စတင်ဖြစ်ပေါ်လာသည်ဟူသော အချက်အား အစောပိုင်းတွင် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည်။ ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို “တရုတ်ဗိုင်းရပ်စ်” သို့မဟုတ် “ဝူဟန်ဗိုင်းရပ်စ်” အဖြစ် ရည်ညွှန်းသုံးစွဲပြီး “တရုတ်နိုင်ငံ၏ သတင်းဖုံးကွယ် ဖြတ်တောက်မှုက ဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုအဖြစ်သို့ ရောက်အောင် တွန်းအားပေးလိုက်သည်” ဟု ပြောဆိုထားသည်။ ထိုသို့ ပြောဆိုခြင်းကို ဝေဖန်သူအချို့က လူမျိုးရေးခွဲခြားမှုနှင့် “၎င်းဦးဆောင်သော အစိုးရ၏ ရောဂါထိန်းချုပ်မှု မအောင်မြင်ခြင်းအပေါ် လမ်းလွှဲမှု တစ်ခုအဖြစ်” ဝေဖန်သုံးသပ်ထားကြသည်။ ဒေးလီးဘိစ်က အမျိုးသား လုံခြုံရေး ကောင်စီတွင် အစပြုကြောင်း သိသာသည့် ဆက်သွယ်ရေး မဟာဗျူဟာ ကို ဖော်ပြထားသည့် အမေရိကန် အစိုးရ ကေဘယ်ဆက်သွယ်မှုရှိ မဟာဗျူဟာအဖြစ် ကိုးကားထားချက်ဖြစ်သည် “တရုတ်နိုင်ငံအကြောင်းအားလုံး” ကို ရရှိထားသည်။ "သတင်းစာရှင်းလင်းပွဲများနှင့် ရုပ်သံအစီအစဉ်များအပါအဝင် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြုပြီး ဤသတင်းစကားကို လူအများသိအောင် ထုတ်ပြန်ရန် ကျွန်ုပ်တို့ကို ပြောကြားထားပါသည်။"" Politico၊ နိုင်ငံခြားရေးမူဝါဒနှင့် Bloomberg ကဲ့သို့သော သတင်းရင်းမြစ်များအရ ဗိုင်းရပ်စ်ကူးစက်ခံနေရသော နိုင်ငံများသို့ တရုတ်နိုင်ငံမှ အကူအညီများ ပေးပို့ရန် ကြိုးပမ်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုအတွက် ဝါဒဖြန့်မှု ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ဆိုသည်။" "ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက် ဘော်ရဲက ပထဝီနိုင်ငံရေးအဝန်းအဝိုင်းမှာ လွှမ်းမိုးမှုရရှိရေးအတွက် အားထုတ်မှုများနှင့် နိုင်ငံရေးရည်မှန်းချက်အရ ရက်ရောမှ""များ တည်ရှိနေသည် ဟု သတိပေးပြောဆိုခဲ့ပါသည်။" ဘော်ရယ် (Borrel) က “တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ခြားနားစွာ တာဝန်ယူမှုရှိပြီး ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံအဖြစ် ရောက်ရှိစေရန် အခြေအနေကို ထက်သန်စွာတွန်းအားပေးလျက်ရှိသည်” ဟုလည်း ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံမှ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံများသို့ အကူအညီများ ပေးပို့နေစဉ် တစ်ချိန်တည်းမှာပင် ဆီးရီးယား၊ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့အပေါ် ချမှတ်ထားသော အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများအား ပယ်ဖျက်ပေးရန်လည်း တောင်းဆိုခဲ့သည်။ Jack Ma မှ ကျူးဘားနိုင်ငံသို့ လှူဒါန်းသော နှာခေါင်းစည်း 100,000 အား အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဧပြီလ 3 ရက်နေ့တွင် ပိတ်ပင်ခံခဲ့ရသည်။ အခြားသော နိုင်ငံများအတွက် လှူဒါန်းသော အထောက်အပံ့ပစ္စည်းများအား ၎င်းတို့နိုင်ငံအကျိုးအတွက်သာ ယူငင်သုံးစွဲနေသည်ဟု အမေရိကန်အာဏာပိုင်များအား စွပ်စွဲကြသည်။ ချက်သမ္မတနိုင်ငံ၊ အီတလီနိုင်ငံနှင့် အခြားသော ဂျာမဏီ၊ ဩစတြီးယားနှင့် ဆွစ်ဇာလန်ကဲ့သို့သော နိုင်ငံများကြား နှာခေါင်းစည်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ ထပ်မံ၍ တူရကီနိုင်ငံသည် စပိန်နိုင်ငံအတွက် ရည်ရွယ်ထားသော ရာနှင့်ချီသည့် အသက်ရှူစက်များအား သိမ်းဆည်းခဲ့သည်။ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု၏ အကျိုးသက်ရောက်မှု ခံနေရချိန်တွင် ဥရောပနိုင်ငံများမှ သွေးစည်းညီညွတ်မှုကို ပြသရန် ပျက်ကွက်ခဲ့သည်ဟု အီတလီအစိုးရက မတ်လ အစောပိုင်းတွင် ဝေဖန်ခဲ့သည်။ ဥရောပသမဂ္ဂဆိုင်ရာ အီတလီသံအမတ် Maurizio Massari က တရုတ်နိုင်ငံသည်သာ နှစ်ဖက်အမြင်ဖြင့် တုံ့ပြန်လုပ်ဆောင်ခဲ့သည်ဟု ပြောခဲ့သည်။ "ယင်းသည် ဥရောပ စည်းလုံးညီညွတ်ရေးအတွက် ကောင်းမွန်သော လက္ခဏာတစ်ခုမဟုတ်သည်မှာ သေချာသည်။""" မတ်လ 22 ရက်နေ့တွင် အီတလီဝန်ကြီးချုပ် Giuseppe Conte နှင့် ဖုန်းဆက်သွယ် ပြီးနောက် ရုရှားသမ္မတ Vladimir Putin က ရုရှားတပ်မတော်အား စစ်ဘက်ဆေးဝန်ထမ်းများ၊ အထူးပိုးသန့်ဆေးယာဉ်များနှင့် အခြားဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို အီတလီသို့ပို့ဆောင်စေရန် စီစဉ်ခဲ့သည်။ အီတလီနိုင်ငံမှ La Stampa သတင်းစာတွင် အမည်မဖော်လိုသော အဆင့်မြင့် နိုင်ငံရေးသတင်းရပ်ကွက်မှ “ရုရှားနိုင်ငံမှ ထောက်ပံ့ပေးသော အထောက်အပံ့များ၏ 80%သည် အသုံးမဝင်ပဲ အနည်းငယ်သာ အီတလီအတွက် အသုံးဝင်သည်”ဟု ပြောကြားချက်အား ကိုးကားဖော်ပြခဲ့သည်။ အရင်းအမြစ်က ရုရှားကို “ပထဝီနိုင်ငံရေးနှင့် သံတမာန်” ထိုးစစ် လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့သည်။ Lombardy အုပ်ချုပ်ရေးမှူး Attilio Fontana နှင့် အီတလီ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio တို့က မီဒီယာများ၏ သတင်းများကို ပယ်ချခဲ့ပြီး ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ရုရှားသည် အမေရိကန်သို့ ဆေးဘက်ဆိုင်ရာအကူအညီပေးရန် ကုန်တင်လေယာဉ်တစ်စီးကို စေလွှတ်ခဲ့သည်။ “အမေရိကန်နိုင်ငံ လုပ်ဖော်ကိုင်ဖက်များအား ထောက်ပံ့မှုပေးရန် ကမ်းလှမ်းသောအခါ အမေရိကန် ဆေးဝါး ပစ္စည်းထုတ်လုပ်သူများအနေဖြင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များနှင့် ပစ္စည်းများထုတ်လုပ်မှု အရှိန်ရလာချိန်တွင် လိုအပ်သော အချိန်၌ ပြန်လည်ကူညီလာနိုင်လိမ့်မည်ဟု [ပူတင်] က ယူဆနေကြောင်း” ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။ "စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ အကြီးမားဆုံး နေတိုး စစ်ရေး လေ့ကျင့်မှုဖြစ်သည့် ဂျာမနီ၊ ပိုလန်နှင့် ဘောလ်တစ် နိုင်ငံများတွင် ပြုလုပ်ရန်စီစဉ်ထားသည့် NATO ""Defender 2020"" စစ်ရေး လေ့ကျင့်မှုကို အတိုင်းအတာလျှော့ချထားသည့် လေ့ကျင့်မှုတစ်ခုအဖြစ် လုပ်ဆောင်လိမ့်မည်ဖြစ်သည်။" “လက်ရှိ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းကာလတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တပ်သားများသာမက ၎င်းတို့ စစ်ဆင်ရေး ဆောင်ရွက်နေသည့် နိုင်ငံများမှ ပြည်သူတို့၏ ဘဝများကိုလည်း အန္တရာယ်ဖြစ်စေသည်။” ဟု နျူကလီးယား လက်နက်ဖျက်သိမ်းရေး လှုပ်ရှားမှု အထွေထွေ အတွင်းရေးမှူး Kate Hudson က Defender 2020 လေ့ကျင့်ခန်းကို ဝေဖန်ခဲ့သည်။ အီရန်အစိုးရသည် ဗိုင်းရပ်စ်ကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ပြီး ပါလီမန်အမတ် နှစ်ဒါဇင်ခန့်နှင့် လက်ရှိ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်ဟောင်း ဆယ့်ငါးဦး ရောဂါကူးစက်ခံခဲ့ရသည်။ အီရန် သမ္မတ ဟာဆန်ရိုဟီနီက လူထုပေးစာတစ်စောင်ကို ကမ္ဘာ့ခေါင်းဆောင်များထံ ပေးပို့ပြီး 2020 ခုနှစ် မတ်လ 14 ရက်နေ့တွင် အကူအညီတောင်းခံလိုက်သည်။ စာထဲတွင် သူ၏ နိုင်ငံသည် အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံကို အရေးယူပိတ်ဆို့ ထားမှုများ၏ ရလာဒ်ကြောင့် နိုင်ငံတကာ ဈေးကွက်များကို လက်လှမ်းမီမှု အားနည်းနေခြင်းကြောင့် ကူးစက်ပြန့်ပွားမှုကို တိုက်ခိုက်ရန် ရုန်းကန်နေရသည်ဟု ဖော်ပြထားသည်။ ကူးစက်ပြန့်ပွားမှုသည် အမေရိကန်ပြည်ထောင်စုသည် အခြားသော ချမ်းသာသည့် နိုင်ငံများနှင့် အလားတူ အားလုံးကို လွှမ်းခြုံသော ကျန်းမာရေး စောင့်ရှောက်မှု၊ အားလုံးကို လွှမ်းခြုံသော ကလေး စောင့်ရှောက်မှု၊ မိသားစု လစာဖြင့် ခွင့်၊ နှင့် လူထု ကျန်းမာရေးအတါက် ပိုမိုမြင့်မားသော ရံပုံငွေ အတိုင်းအတာ တို့ အပါအဝင် လူမှု မူဝါဒများကို လက်ခံလာရန် တောင်းဆိုမှုများ ဖြစ်လာခဲ့သည်။ နိုင်ငံရေးရာသုတေသီများက ဒေါ်နယ်ထရမ့်၏ 2020 ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲအတွက် အခွင့်အရေးကို ထိခိုက်နိုင်ကြောင်း မျှော်မှန်းကြသည်။ ရောဂါကူးစက်ပျံ့နှံ့မှုအတွင်း ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပိုမိုဆိုးဝါးလာခဲ့သည်။ ဂျပန်နိုင်ငံက တောင်ကိုရီးယားက လာရောက်သူ မည်သူကိုမဆို အစိုးရ သတ်မှတ်ထားသော နေရာများတွင် ရက်သတ္တနှစ်ပတ် ခွဲခြားစောင့်ကြည့်ခြင်း ခံရန် ကြေညာသောအခါ တောင်ကိုရီးယားက ဂျပန်၏ “ရှင်းလင်းပြတ်သားခြင်းမရှိသော တက်ကြွမှု မရှိသည့် ကြိုးပမ်းအားထုတ်မှုများ” ကို ဝေဖန်ခဲ့သည်။ တောင်ကိုရီးယား လူ့အဖွဲ့အစည်းအနေဖြင့် အကျပ်အတည်းနှင့် ပတ်သက်၍ သမ္မတMoon Jae-In ၏ တုံ့ပြန်မှုကို ကနဦးပိုင်းတွင် သဘောထားကွဲလွဲခဲ့ကြသည်။ ၎င်းတို့ပြောသည့်အစိုးရမှ ‌‌ရောဂါပြန့်နှံ့မှုနှင့် ပတ်သတ်၍ မှားယွင်းစွာကိုင်တွယ်ခြင်းအတွက် Moon အား စွပ်စွဲရန်၊ သို့မဟုတ်၊ သူ့၏ ကိုင်တွယ်မှုအပေါ်ချီးကျူးရန် ကိုရီးယားနိုင်ငံသားများမှ လက်မှတ်‌ရေးထိုး ခဲ့ကြသည်။ နိုင်ငံများအနေဖြင့် ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် အရေးပေါ်ဥပဒေ ပြဌာန်းခွင့်ရှိသည်။ အချို့သော ဝေဖန်သုံးသပ်သူများက ဤကိစ္စကြောင့် အစိုးရများအနေဖြင့် သူတို့၏ အာဏာထိန်းချုပ်မှုအား ပိုမိုအားကောင်းလာစေနိုင်သည်ဟူသော စိုးရမ်မှုများအား ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဟန်ဂေရီနိုင်ငံတွင် ဝန်ကြီးချုပ် ဗစ်တာအော်ဗန်ကို အကန့်အသတ်မရှိ အာဏာပေးအပ်ရန်၊ ရွေးကောက်ပွဲနှင့် ပါလီမန်ကို ရပ်ဆိုင်းရန်နှင့် ဗိုင်းရပ်စ်အကြောင်းနှင့် အစိုးရ၏ ကပ်ရောဂါကို ကိုင်တွယ်နေမှုများကို မမှန်သတင်းဖြန့်သူများကို အပြစ်ပေးရန် လွှတ်တော်က မဲခွဲ ဆုံးဖြတ်ကာ ခွင့်ပြုပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကူးစက်မှုများကို တိုက်ဖျက်နှိမ်နင်းရန်အတွက် ပစ္စည်းကိရိယာသုံးစွဲမှုများ ကမ္ဘာတစ်ဝန်းတွင် တိုးမြင့်လာခြင်းကြောင့် အဆိုပါပစ္စည်းများကို မလိုအပ်ဘဲ သုံးစွဲမှု ဖြတ်တောက်ထားခြင်း၊ ထိတ်လန့်မှုကြောင့် စုပြုံဝယ်ယူခြင်းနှင့် စက်ရုံများ၊ ထောက်ပံ့ပို့ဆောင်မှုလုပ်ငန်းများ ရပ်တန့်သွားခြင်းတို့ကြောင့် ကုန်စည်ထောက်ပံ့မှု ပြတ်တောက်သွားသည့် ဖြစ်ရပ်အချို့ကို ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး စီမံခန့်ခွဲမှုဌာနက သုံးစွဲသူတို့၏ ဝယ်လိုအားတိုးလာမှုနှင့် ထုတ်လုပ်ဖြန့်ချိမှုတွင် အလျဉ်ပြတ်မှုတို့ကြောင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုအကြောင်းကို သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ စိုးရိမ်ထိတ်လန့်ပြီး စုပြုံဝယ်ယူမှုကြောင့် ကုန်စုံဆိုင်များရှိ မရှိမဖြစ် ပစ္စည်းများဖြစ်သည့် အစားအစာ၊ အိမ်သာသုံးစက္ကူနှင့် ရေသန့်ဘူးများ အစရှိသည်တို့အား အကုန်ဝယ်ယူခဲ့ကြပြီး ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကြောင်း နေရာဒေသအများအပြားတွင် မျက်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် နည်းပညာလုပ်ငန်းတွင် ပုံမှန်အတိုင်း အီလက်ထရောနစ်ပစ္စည်းများ ပို့ဆောင်မှု နောက်ကျမည်ဖြစ်ကြောင်းကို ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ WHO ညွှန်ကြားရေးမှူးချုပ် တီဒရိုစ် အဒန်နွမ်၏ အဆိုအရ တကိုယ်‌ရေ ကာကွယ်မှု ပစ္စည်းကိရိယာများ တောင်းဆိုချက်သည် အဆပေါင်း 100 တိုးမြင့်ခဲ့သည်ဟု ဆိုသည်။ ဤတောင်းဆိုမှုက ပုံမှန် ဈေးနှုန်းထက် ဈေးနှုန်းများကို အဆ နှစ်ဆယ် မြင့်တက်သွားစေပြီး ဆေးဖက်ဆိုင်ရာ ကုန်ပစ္စည်းများ ဖြန့်ဝေမှုကိုလည်း လေးလမှ ခြောက်လအထိ နှောင့်နှေးစေခဲ့သည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်ကိုယ်ရည်သုံး အကာအကွယ် ပစ္စည်းများပြတ်လပ်မှုကိုလည်း ဖြစ်စေခဲ့ပြီး ထိုအချက်သည် ကျန်းမာရေး ဝန်ထမ်းများကို အန္တရာယ်ဖြစ်စေလိမ့်မည်ဟု WHO က သတိပေးထားပါသည်။ ဩစတေးလျားတွင် ကပ်ရောဂါသည် ဩစတေးလျားထုတ် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ရောင်းချသော ဒိုင်ဂို (တရုတ်နိုင်ငံပြင်ပမှလူက တရုတ်နိုင်ငံအတွင်းက လူအတွက် ဈေးဝယ်ပေးခြင်း) ဈေးဝယ်သည့် အခွင့်အလမ်းသစ်ကို ပေးခဲ့သည်။ လှုပ်ရှားမှုသည် စူပါမားကတ်အချို့တွင် ကလေးနို့မှုန့် ပြတ်လပ်မှုကို ဖြစ်ပွားစေခဲ့ပြီး နောက်ပိုင်းတွင် ဩစတြေးလျအစိုးရမှ တားမြစ်ပိတ်ပင်ခဲ့သည်။ အီတလီနိုင်ငံ မြောက်ပိုင်းနှင့် ဝူဟန်ဒေသတွင် COVID-19 ကူးစက်ဖြစ်ပွားမှု များပြားလာပြီး စားသောက်ကုန်များအား ဝယ်လိုအား မြင့်တက်လာခြင်း၏ အကျိုးဆက်အဖြစ် အဆိုပါဒေသနှစ်ခုစလုံးတွင် အစားအသောက်ပြတ်လပ်မှုများ အထူးတလည် များပြားလာခဲ့သည်။ ဥရောပနှင့် မြောက်အမေရိကတို့တွင် ကြီးမားသော အစာရေစာပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်သည်ဟု ကြိုတင်မျှော်မှန်းထားပြီး ၎င်းကိုရှောင်ရှားရန်အတွက် တရုတ်နှင့်အီတလီတို့က အရေးကြီးသော ထုတ်ကုန်များကို သိုလှောင်ခြင်းနှင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးခဲ့ကြသည်။ စက်မှုလုပ်ငန်းကိုယ်စားလှယ်များ၏ အဆိုအရ အီတလီမြောက်ပိုင်းရှိ အရေးပါသော စိုက်ပျိုးထုတ်လုပ်မှုပိုင်းတွင် ကြီးကြီးမားမား ကျဆင်းမှုမရှိသော်လည်း ဈေးနှုန်းများမှာမူ မြင့်တက်လာနိုင်သည်။ အစားအစာ တင်သည့် စင်များ အလွတ်ဖြစ်နေခြင်းသည် ယာယီသာ ကြုံတွေ့ရမည်ဖြစ်သည်။ ဝူဟန် မြို့တော်တွင် ပင်လျှင် တရုတ်အစိုးရ အရာရှိများက လူထုများ လုံလောက်သော အဟာရရရှိစေရန် အရံဝက်သားများကို ထုတ်ပေးလိုက်သည်။ အီတလီတွင် ထိုသို့သော အရေးပေါ်အခြေအနေများတါင် အစားအစာ ထုတ်လုပ်သူများအတွက် အရံသိမ်းဆည်းမှုအတွက် လိုအပ်ချက်များ ဖော်ပြထားသည့် အလားတူဥပဒေများ ရှိသည်။ ကမ္ဘာ့စီးပွားရေးထိခိုက်ပျက်စီးမှုသည် တရုတ်နိုင်ငံကို အထိနာစေခဲ့သည်။ မတ်လ 16 ရက်နေ့တွင် သတင်းမီဒီယာတစ်ခု၏ အဆိုအရ အစိုးရအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုလျှော့ချနိုင်ရန်အတွက် လုပ်ဆောင်ခဲ့သော နည်းလမ်းများကြောင့် 2020 ခုနှစ် ပထမနှစ်လတွင် တရုတ်နိုင်ငံ၏ စီးပွားရေး အကြီးအကျယ်ထိခိုက်ခဲ့ပြီး လက်လီရောင်းချမှုနှုန်း 20.5% ကျဆင်းခဲ့သည်။ တရုတ်ပြည်မကြီးသည် အဓိကကျသော စီးပွားရေးနှင့် ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် အချက်အချာဖြစ်သောကြောင့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသောအခါ ကမ္ဘာ့စီးပွားရေးအား မတည်မငြိမ်ဖြစ်စေသော အဓိက ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တွေ့ရှိလာရသည်။ စီးပွားရေး ထောက်လှမ်းမှု ယူနစ်မှ အာဂါသာ ဒမ်မာရေးစ်က ဖြစ်နိုင်ခြေရှိသော ရလဒ်များအတွက် ပို၍ပြတ်သားသော ပုံရိပ် ထွက်ပေါ်မလာမချင်း စျေးကွက်များမှာ ဆက်လက်၍ မတည်မငြိမ်ဖြစ်နေမည်ဟု ခန့်မှန်းလိုက်သည်။ လက်ရှိကပ်ရောဂါကာလတွင် စီးပွားရေးကျဆင်းမှု၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ်သက်ရောက်မှုသည် 2002-2004 SARS ရောဂါကူးစက်မှု ဖြစ်ပွားချိန်ကထက် ပိုမိုဆိုးရွားနိုင်သည်ဟု 2020 ခုနှစ် ဇန်နဝါရီလတွင် လေ့လာသုံးသပ်သူအချို့က ခန့်မှန်းခဲ့ကြသည်။ St. Louis ရှိ ဝါရှင်တန်တက္ကသိုလ်မှ ကျွမ်းကျင်သူတစ်ဦး၏ ခန့်မှန်းချက်အရ ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်အပေါ် သက်ရောက်မှုသည် ဒေါ်လာ 300+ ဘီလီယံ ရှိခဲ့ပြီး ၎င်းသည် နှစ်နှစ်အထိကြာရှည်နိုင်သည်ဟု ဆိုပါသည်။ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း (OPEC) သည် တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းသောကြောင့် ရေနံဈေးနှုန်း ထိုးကျခဲ့ပြီးနောက်တွင် “ကစဉ့်ကလျားဖြစ်နေသည်” ဟု အစီရင်ခံကြသည်။ တရုတ်ပြည်မ ပြင်ပ၌ COVID-19 ရောဂါကူးစက်မှုအရေအတွက် သိသာစွာတိုးပွားလာမှုကြောင့် ဖေဖော်ဝါရီလ 24 ရက်နေ့တွင် ကမ္ဘာ့ရှယ်ယာဈေးကွက် ထိုးကျသွားခဲ့သည်။ ဖေဖော်ဝါရီလ 27 ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား စိုးရိမ်မှုများ တိုးပွားလာမှုကြောင့် NASDAQ-100၊ S & amp;P 500 နှင့် Dow Jones Industrial Average အစရှိသည့် အမေရိကန်စတော့ အညွှန်းကိန်းများ ကျဆင်းလာပြီး 2008 မှ ယနေ့အချိန်ထိ စံချိန်တင်ကျဆင်းနှုန်းဖြစ်ခဲ့သည်။ Dow အနေဖြင့် 1,191 ပွိုင့် ကျဆင်းခဲ့ပြီး 2007-08 စီးပွားရေးပျက်ကပ်နောက်ပိုင်း တစ်ရက်အတွင်း အကြီးမားဆုံး စံချိန်တင် ကျဆင်းမှုဖြစ်သည်။ အညွှန်းကိန်း သုံးခုစလုံးသည် သီတင်းပတ်အကုန်တွင် 10 % ကျော်အထိ ကျဆင်းသွားခဲ့သည်။ ဖေဖော်ဝါရီလ 28 ရက်နေ့တွင် Scope Ratings GmbH က တရုတ်နိုင်ငံ၏ ကြွေးမြီအဆင့်သတ်မှတ်ချက်ကို အတည်ပြုပေးခဲ့သော်လည်း အပြစ်သဘောဆောင်သော သဘောထားအမြင်အား ဆက်လက်ထားရှိသည်။ စတော့ဈေးကွက်သည် ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုအပေါ် အခြေခံလျက် မတ်လ 16 ရက်နေ့တွင် အကြီးမားဆုံး ကျဆင်းမှုအနေဖြင့် နောက်တကြိမ် ကျဆင်းခဲ့သည်။ လူအများအပြားက စီးပွားပျက်ကပ်ဆိုက်ဖို့ ဖြစ်နိုင်ချေ ရှိကြောင်း ထည့်သွင်းစဉ်းစားကြသည်။ စီးပွားရေး ပညာရှင် Mohamed El-Erian က ဗဟိုဘဏ်များနှင့် နိုင်ငံများ၏ အချိန်မီ အရေးပေါ် ဆောက်ရွက်ချက်များကို ချီးကျူးပြောဆိုခဲ့သည်။ ဗဟိုဘဏ်များသည် 2008 ခုနှစ် စီးပွားပျက်ကပ်ဆိုက်ချိန်ကထက် ပိုမိုလျင်မြန်စွာ တုန့်ပြန်လုပ်ဆောင်ခဲ့ကြသည်။ ခရီးသွား တားမြစ်ချက်များ၊ ခရီးသွားစွဲဆောင်မှုနေရာများ အပါအဝင် လူထု နေရာများ ပိတ်ခြင်း၊ နှင့် တကမ္ဘာလုံးတွင် မည်သည့် ခရီးသွားလာခြင်းကိုမဆို အစိုးရများက ဆန့်ကျင် အကြံပေးခဲ့ခြင်း တို့ကြောင့် ခရီးသွားလုပ်ငန်းသည် အဆိုးရွားဆုံးထိခိုက်သော ကဏ္ဌများမှ တစ်ခုဖြစ်သည်။ အကျိုးဆက်အဖြစ် ဗြိတိန် လေကြောင်းလိုင်း၊ တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်းနှင့် ကွမ်တာလေကြောင်းလိုင်းများ အပါအဝင် လေကြောင်းလိုင်း အမြောက်အများသည် စီးနင်းမည့်သူနည်းပါးခြင်းကြောင့် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရပြီး ဗြိတိန်ပြည်တွင်းလေကြောင်းလိုင်း Flybe သည်လည်း ပြိုလဲခဲ့သည်။ အပျော်စီးသင်္ဘောလုပ်ငန်းများအပေါ် သက်ရောက်မှုဒဏ်သည် တစ်ခါမျှမကြုံဖူးသော အဆင့်တစ်ခုသို့ ရောက်ရှိနေသည်။ မီးရထားဘူတာရုံနှင့် ကူးတို့ဆိပ် အများအပြားကိုလည်း ပိတ်ခဲ့သည်။ ကူးစက်ရောဂါသည် တရုတ်နှစ်သစ်ကူး အားလပ်ရက်နှင့် ဆက်စပ်နေသော အဓိက ခရီးသွားရာသီ Chunyun နှင့် တစ်ချိန်တည်းတွင် ဖြစ်ပွားခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီများလည်း ၎င်းတို့၏ ဆိုင်များနှင့် ဟောင်ကောင် ဒစ်စနေးလန်းဒ်နှင့် ရှန်ဟိုင်း ဒစ်စနေးလန်းဒ် ကဲ့သို့သော ခရီးသွားများကို ဆွဲဆောင်သည့်နေရာများကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပိတ်ခြင်းတို့ပြုလုပ်ခဲ့သည့်အတူ နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကူးပွဲတော်များအပါအဝင် လူစုလူဝေးများပြားသည့် ပွဲတော်အမြောက်အများကို နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအစိုးရများက ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ဘေဂျင်းရှိ တားမြစ်မြို့တော် (Forbidden City) နှင့် ရိုးရာ ဘုရားကျောင်းဝန်းများ အပါအဝင် တရုတ်ရိုးရာနှစ်သစ်ကူးပွဲ အများအပြားနှင့် ခရီးသွားများ ဆွဲဆောင်ရာနေရာများအား လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ပိတ်ခဲ့သည်။ တရုတ်နိုင်ငံရှိ ပြည်နယ် 31 ခုအနက် 24 ခု၊ ဒေသန္တရအုပ်ချုပ်မှု စနစ်အောက်ရှိ မြို့များနှင့် ဒေသများတွင် အာဏာပိုင်များက နှစ်သစ်ကူးအားလပ်ရက်ကို ဖေဖော်ဝါရီလ 10 ရက်ထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အဆိုပါရက်မတိုင်မီ လုပ်ငန်းခွင်အများစုအား ပြန်လည်ဖွင့်လှစ်ခြင်းမပြုရန် ညွှန်ကြားခဲ့သည်။ ထိုဒေသများသည် နိုင်ငံ၏ GDP 80% နှင့် ပို့ကုန် 90% ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည့် ဒေသများ ဖြစ်ပါသည်။ ဟောင်ကောင်တွင် ကူးစက်ရောဂါတုံ့ပြန်မှုအဆင့်အား အမြင့်ဆုံးထုတ်ပြန်ထားပြီး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားကာ မတ်လအထိ ကျောင်းများအား ပိတ်ထားခြင်းနှင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများအား ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ထားသည်။ စတိုးဆိုင်များဖွင့်ချိန်အား လျှော့ချခြင်းနှင့် ယာယီ ပိတ်ထားခြင်းတို့ကြောင့် တစ်ကမ္ဘာလုံးရှိ လက်လီရောင်းချသူများ အခန်းကဏ္ဍကိုလည်း ထိခိုက်ခဲ့သည်။ ဥရောပနှင့် လက်တင်အမေရိကရှိ လက်လီအရောင်းဆိုင်များသို့ သွားရောက်မှုမှာ 40% ကျဆင်းသွားသည်။ မြောက်အမေရိကနှင့် အရှေ့အလယ်ပိုင်းရှိ လက်လီရောင်းချသူများသည် 50 မှ 60% အထိ ကျဆင်းသည်ကို တွေ့ခဲ့ကြသည်။ ထို့ပြင် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက မတ်လတွင် စျေးဝယ်စင်တာများသို့ လမ်းလျှောက်သွားလာသူ 33 မှ 43% ကျဆင်းခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ဈေးဝယ်စင်တာဖွင့်ထားသူများက သန့်ရှင်းရေးများ ပိုမိုလုပ်ဆောင်ခြင်း၊ အပူချိန်တိုင်းကိရိယာများအား တပ်ဆင်ပြီး ဈေးဝယ်လာသူများ၏ ကိုယ်အပူချိန်အား စစ်ဆေးခြင်း၊ ပွဲများအား ဖျက်သိမ်းခြင်း အစရှိသည့် ထပ်တိုးနည်းလမ်းများအား သတ်မှတ်အသုံးပြုကြသည်။ လက်တင်အမေရိကအတွက် ကုလသမဂ္ဂစီးပွားရေးကော်မရှင်၏ ခန့်မှန်းချက်အရ လက်တင်အမေရိကတွင် ကပ်ရောဂါဖြစ်ပွားပြီးချိန်တွင် အလွန်အမင်း ဆင်းရဲနွမ်းပါးသူ အရေအတွက်သည် ကပ်ရောဂါမဖြစ်ပွားခင်အချိန်ကထက် 14 သန်းမှ 22 သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းသည်။ ဝူဟန်မြို့တွင် ကူးစက်မှုနှုန်းမြင့်မားနေသော 2020 ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံတွင် လူ 5 သန်းခန့် အလုပ်အကိုင် ဆုံးရှုံးခဲ့ရသည်။ တရုတ်နိုင်ငံရှိ ကျေးလက်ဒေသမှ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် သန်းပေါင်း 300 နီးပါးသည် ကုန်တွင်းပိုင်းနယ်များရှိ အိမ်များ၌ သောင်တင်နေခြင်း သို့မဟုတ် ဟူဘေပြည်နယ်အတွင်း ပိတ်မိနေခဲ့ကြသည်။ 2020 ခုနှစ်၊ မတ်လအတွင်း အမေရိကန်နိုင်ငံသား 10 ကျော်သည် အလုပ်များဆုံးရှုံးခဲ့ကြပြီး အစိုးရအကူအညီကို တောင်းခံခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန်ပြည်ထောင်စုတွင် အလုပ်အကိုင် 47 သန်း ဆုံးရှုံးရနိုင်ပြီး အလုပ်လက်မဲ့နှုန်းသည် 32 % အထိ ရောက်ရှိနိုင်ကြောင်းကို The Fedral Reserve Bank of Saint Louis ၏ ခန့်မှန်းတွက်ချက်မှုများအရ တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံတွင် ပိတ်ချခြင်းပြုလုပ်ခဲ့မှုသည် ဆယ်သန်းကျော်သော အိန္ဒိယ ရွှေ့ပြောင်းလုပ်သားများ (နေ့တွက်စနစ်ဖြင့်လုပ်ကိုင်နေသော လုပ်သားများ) အား အလုပ်လက်မဲ့ ဖြစ်စေခဲ့သည်။ Angus Reid တက္ကသိုလ်မှ စစ်တမ်းအရ ကနေဒါလူမျိုး အိမ်ထောင်စု 44% သည်လည်း အလားတူ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ကို တွေ့ရှိရသည်။ စပိန်တွင် ပိတ်ချခြင်း စတင်ပြုလုပ်သည့် 2020 ခုနှစ် မတ်လအလယ်မှစ၍ ယခုအချိန်ထိ အလုပ်သမား 900,000 နီးပါး အလုပ် ဆုံးရှုံးခဲ့ကြရသည်။ မတ်လ၏ ဒုတိယ တဝက်တွင် ပြင်သစ် အလုပ်သမား 4 သန်း ယာယီ အလုပ်လက်မဲ့ အကျိုးခံစားခွင့် လျောက်ထားခဲ့ကြပြီး ဗြိတိန် အလုပ်သမား 1 သန်းက အားလုံးလွှမ်းခြုံသော အကြွေး အစီအစဉ်တွင် လျောက်ထားခဲ့ကြသည်။ ဂျာမဏီနိုင်ငံရှိ ကုမ္ပဏီ သန်းဝက်ခန့်က ကာဇာဘိတ် (Kurzarbeit) ဟု သိသော အစိုးရက စိုက်ထုတ်ပေးသည့် အချိန်တို အလုပ်အစီအစဉ်များသို့ သူတို့၏ အလုပ်သမားများကို စေလွှတ်ခဲ့ကြသည်။ ဂျာမဏီနိုင်ငံ၏ ကာလတို အလုပ် နစ်နာကြေး စီမံချက်ကို ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ လိုက်လံ ကျင့်သုံးခဲ့သည်။ ရောဂါကူးစက်ပျံ့ပွားမှုကြောင့် အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍများအနေဖြင့် အကြီးအကျယ်ထိခိုက်မှုဖြစ်ပြီး အဖွဲ့အစည်းလုပ်ငန်းလည်ပတ်မှုများအပြင် လူပုဂ္ဂိုလ်တစ်ဦးချင်း ဝန်ထမ်းများနှင့် အလွတ်တမ်းအလုပ်သမားများအနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကျိုးသက်ရောက်မှုရှိခဲ့သည်။ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍရှိ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုကို ယဉ်ကျေးမှုများဆီသို့ လက်လှမ်းမီနိုင်အောင် ထောက်ပံ့ပေးရန်၊ ၎င်းတို့၏ ဝန်ထမ်းများနှင့် လူထု ဘေးကင်းမှုရှိအောင် အမြဲတစေ ဆောင်ရွက်ပေးနိုင်ရန်နှင့် အနုပညာရှင်များကို တတ်နိုင်သမျှ ထောက်ပံ့ပေးနိုင်ရန် (အစိုးရက မကြာခဏထောက်ပံ့ပေးလျက်ရှိသည့်) ၎င်းတို့၏ မစ်ရှင်ကို ဆက်လက်ဖော်ဆောင်နိုင်အောင် ကြိုးပမ်းခဲ့ကြသည်။ 2020 ပြည့်နှစ် မတ်လတွင် ကမ္ဘာအနှံ့ရှိ တက္ကသိုလ်များ၊ ပြတိုက်များ၊ စာကြည့်တိုက်များ၊ ဖျော်ဖြေရေးနေရာများနှင့် အခြားယဉ်ကျေးမှုအဆောက်အဦးများကို အချိန်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး ၎င်းတို့၏ ပြပွဲများ၊ ပွဲတော်များနှင့် ဖျော်ဖြေရေးများကို ဖျက်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။ တုန့်ပြန်မှု အနေဖြင့် ဒစ်ဂျစ်တယ် စင်မြင့်များမှ တဆင့် အစားထိုး ဝန်ဆောင်မှုများ ပေးရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ ရောဂါကြောင့် နောက်ထပ် မကြာသေးမီနှင့် အလျင်အမြန် အရှိန်မြင့်နေသော အရာမှာ ဘာသာရေး ဝန်ဆောင်မှုများ ဖျက်သိမ်းခြင်း၊ အဓိက အားကစားပွဲများ၊ နှင့် ဂီတပွဲတော်များ နှင့် စင်တင်ပွဲတော်များ၊ နည်းပညာ ညီလာခံများနှင့် ဖက်ရှင်ရှိုးများကဲ့သိုံ အခြားသော လူမှု ဖြစ်ရပ်များ ဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းသည်လည်း ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါသည်။ ခရစ်တော်၏ ဒုက္ခဆင်းရဲများကို အောက်မေ့ သတိရကာ အစာငတ်ခံ ဥပုသ်စောင့်ကာလ၏ နောက်ဆုံးအပတ်တွင် ပြုလုပ်သော ရောမတွင်ကျင်းပသည့် ခရစ်တော် ရှင်သန်ထမြောက်သည့် ရက်သတ္တပတ်ကို တက်ရောက်ခြင်းကိုလည်း ပယ်ဖျက်ခဲ့ကြောင်း ဗာတီကန်က ကြေညာခဲ့ပါသည်။၊ သာသနာပိုင်နယ် အများအပြားက အသက်ကြီးရင့်သည့် ခရစ်ယာန် များကို တနင်္ဂနွေ မစ္ဆားတက်ရောက်မည့်အစား အိမ်တွင်နေရန် အကြံပြုခဲ့ကြသည်။ အချို့က ကားဖြင့်မောင်းဝင်ကာ ဘုရားရှိခိုးမှု များကို ကမ်းလှမ်းနေစဉ်တွင် အချို့သော ဘုရားကျောင်းများက ဆုတောင်းမှုများကို ရေဒီယို၊ အွန်လိုင်း တိုက်ရိုက်လွှင့်ထုတ်ခြင်း သို့မဟုတ် ရုပ်မြင်သံကြားတို့မှ ရရှိနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။ ရောမမြို့၏ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် သီးသန့်ဝတ်ပြုစုဆောင်းရာနေရာများနှင့် ခရစ်ယာန် ဘာသာရေးဆောင်ရွက်မှုနေရာများ ပိတ်သိမ်းခဲ့ပြီး အခြားဘာသာရေးဆောင်ရွက်သည့် အစီအစဉ်များကိုလည်း ပယ်ဖျက်ခဲ့ပြီး ဘုရားကျောင်းများ၊ ဗလီများ၊ ရဟူဒီဘုရားရှိခိုးကျောင်း၊ ဘုရားကျောင်းများနှင့် ဂါဝါရာများအတွင်း စုရုံးခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည်။ အီရန် ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့ ဝတ်ပြုဆုတောင်းခြင်းများအား ကူးစက်ခံရသော ဒေသများတွင် ပိတ်ပင်ခဲ့ပြီး နောက်ပိုင်းတွင် ဗလီများအား ပိတ်ခဲ့သည်။ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် နိုင်ငံခြားသားဘုရားဖူးများအား ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီး ၎င်းတို့၏ နိုင်ငံသားများကိုလည်း မက္ကာနှင့် မက်ဒီနာရှိ မြင့်မြတ်သော နေရာများသို့ သွားရောက်ခွင့်ပိတ်ပင်လိုက်သည်။ ကပ်ရောဂါသည် ကမ္ဘာ့ အားကစား ပြက္ခဒိန်တွင် ဒုတိယကမ္ဘာစစ် ပြီးလျှင် ထင်သာမြင်သာအရှိဆုံး ရပ်တန့်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ 2019-20 UEFA ချန်ပီယံလိဂ်၊ 2019-20 ပရီးမီးယားလိဂ်၊ UEFA Euro 2020 ၊ 2019-20 NBA ရာသီနှင့် 2019-20 NHL ရာသီတို့ အပါအဝင် အဓိကအားကစားပွဲအများစုကို ဖျက်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ်ခဲ့သည်။ ဇူလိုင်လ အကုန်ပိုင်းတွင် စတင်ကျင်းပရန် မူလကစီစဉ်ခဲ့သော 2020 နွေရာသီအိုလံပစ်အားကစားပွဲ၏အစီအစဉ်များသည် ရောဂါကူးစက်မှုကြောင့် ရပ်တန့်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသည် “2021 နွေရာသီထက် နောက်မကျဘဲ 2020 ခုနှစ်အလွန် နေ့ရက်တစ်ရက်တွင် ပြင်ဆင်ကျင်းပနိုင်လိမ့်မည်”ဖြစ်ကြောင်း မတ်လ 24 ရက်တွင် ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ကာစီနို လောင်းကစားရုံများနှင့် အခြားဂိမ်းကစားနိုင်သည့် နေရာများကို ပိတ်ထားခဲ့ရပြီး တိုက်ရိုက်ထုတ်လွှင့်၍ ဖဲချပ်ကစားသည့်ပြိုင်ပွဲများကိုပါ အချိန်ရွှေ့ဆိုင်း ဖျက်သိမ်းခဲ့ရသည်။ ဤဖြစ်ရပ်ကြောင့် လောင်းကစားသမားအများအပြားသည် အွန်လိုင်းလောင်းကစားများအဖြစ် ပြောင်းလဲခဲ့ပြီး အွန်လိုင်းလောင်းကစားဆိုက်များ၏ အဆိုအရ သူတို့ထံတွင် စာရင်းပေးသွင်းမှု အသစ်များ သိသိသာသာတိုးတက်ခဲ့သည်။ ဖျော်ဖြေရေးလုပ်ငန်းများတွင်လည်း သက်ရောက်မှုများရှိခဲ့ပြီး ဂီတအဖွဲ့အများအပြားသည် လှည့်လည်ဖျော်ဖြေရေးပွဲများအား ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ရသည်။ ဘရော့ဒ်ဝေးရှိ ကပွဲရုံများကဲ့သို့သော ရုပ်ရှင်ရုံကြီးများသည်လည်း ဖျော်ဖြေမှုအားလုံးကို ရပ်ဆိုင်းခဲ့ရသည်။ အချို့သော အနုပညာရှင်များသည် သမရိုးကျ တိုက်ရိုက် ဖျော်ဖြေမှု ပုံစံအစား အင်တာနက်ပေါ်တွင် သူတို့၏ အလုပ်များဆက်လုပ်ပြီး ဝေမျှနိုင်ရန် နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။ ဥပမာ- တိုက်ရိုက် လွှင့်ထုတ်သော ကပွဲများ သို့မဟုတ် ဝက်ဘ်အခြေစိုက် “ပွဲတော်များ” ကို ဖန်တီး၍ အနုပညာရှင်များက တင်ဆက်၊ ဖြန့်ဝေပြီး သူတို့၏ အလုပ်များကို ပရိသတ်ထံ ပေးပို့ခဲ့သည်။ မ‌ရေရာမှုများကြားတွင် လူအများသည် ဟာသနှင့် အာရုံလွှဲပြောင်းမှုဘက်ကို အားသာသွားသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် နှင့်သက်ဆိုင်သော အင်တာနက် Meme များစွာ ပေါ်ထွက်လာခဲ့သည်။ COVID-19 ကူးစက်မှု စတင်ဖြစ်ပွားချိန်မှစ၍ အရှေ့အာရှ မျိုးနွယ်များနှင့် ကူးစက်ဒဏ်ခံနေရသော နေရာများမှ သူများအပေါ်တွင် ချင့်ချိန်နိုင်စွမ်းလျော့နည်းလာခြင်း၊ သူစိမ်းကြောက်စိတ်များ မြင့်တက်လာခြင်းနှင့် လူမျိုးရေးခွဲခြားမှုများ မြင့်တက်လာခြင်းတို့ ဥရောပ၊ အမေရိကနှင့်အ ခြားသောနိုင်ငံများတွင် ဖြစ်ပွားလာသည်။ ကြောက်ရွံ့မှု၊ သံသယနှင့် ရန်လိုမှုများကို နိုင်ငံအများအပြားတွင် တွေ့ရှိရသည်။ အထူးသဖြင့် ဥရောပ၊ အရှေ့အာရှနှင့် မြောက်အမေရိကနှင့် အာရှ ပစိဖိတ် ဒေသများတွင် တွေ့ရသည်။ (တရုတ်နိုင်ငံတွင်ပင် ဖြစ်ပွားမှုအများစု ဖြစ်နေသေးသည့်) ဖေဖော်ဝါရီလမှစ၍ တရုတ် လူမျိုးများသည် ဗိုင်းရပ်စ်နှင့် ထိုက်တန်သည် သို့မဟုတ် တရားမျှတသည့် အပြစ်ပေးမှုကို ခံနေရခြင်း ဖြစ်သည်ဟူသော ကမ္ဘာအနှံ့ရှိ လူအုပ်စုအမျိုးမျိုးက ထုတ်ဖော် ပြောဆိုထားသည့် လူမျိုးရေး ခံယူချက် သဘောထားများ ရှိကြောင်း အစီရင်ခံစာများတွင် မှတ်တမ်းတင်ထားပါသည်။ အာဖရိကရှိ အချို့သော နိုင်ငံများတွင်လည်း တရုတ်ဆန့်ကျင်ရေး စိတ်ခံစားမှုများ မြင့်တက်လာကြောင်းကို တွေ့မြင်ရသည်။ ဝူဟန်နှင့် ဟူဘေးတွင် အခြေချနေထိုင်ကြသူ အများအပြားက ၎င်းတို့၏ နေထိုင်ရာ ဇာတိကိုအခြေခံ၍ ခွဲခြားဆက်ဆံခြင်းခံခဲ့ရကြောင်း သတင်းပို့ခဲ့ကြပါသည်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသောဒေသများရှိ တရုတ်နိုင်ငံသားများကို အင်တာနက်ပေါ်မှသာမကာ ပြင်ပမှပါ ထောက်ပံ့မှုများ ရှိခဲ့သည်။ ယခင်က ကူးစက်မခံရသေးသည့် နိုင်ငံသစ်များသို့ ကူးစက်ပျံ့နှံ့မှု တိုးတက် ဖြစ်ပွားလာပြီးသည့်နောက် ဥရောပအတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုအား ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရသော ပထမဆုံးနိုင်ငံဖြစ်သည့် အီတလီနိုင်ငံမှ လူများအပေါ် သံသယဖြစ်မှုနှင့် ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်ခဲ့သည်။ မလေးရှား၊ နယူးဇီလန်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများ အပါအဝင် နိုင်ငံများရှိ နိုင်ငံသားများက ၎င်းတို့နိုင်ငံများအတွင်းသို့ ရောဂါဝင်ရောက်မှုအား ရပ်တန့်နိုင်ရန် ကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံသားများအား ဝင်ရောက်ခွင့် ပိတ်ပင်ရန်အတွက် ကနဦး လက်မှတ်ရေးထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။ Twitter တွင် #ChineseDontComeToJapan ဟု ဟက်ရှ်တဂ်တပ်၍ ရေးသားခြင်းမျိုး ဂျပန်နိုင်ငံ၌ ခေတ်စားနေသည်။ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုရှိ တရုတ်လူမျိုးများ အပါအဝင် အခြား အာရှသားများသည် လူမျိုးရေးခွဲခြားကာ ဆဲရေးထိုင်းထွာမှု အပြင် လက်ရောက်ကျူးလွန်မှုများကို တိုးမြှင့် ခံစားနေကြရကြောင်း အစီရင်ခံခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ် ထရန့်သည် ကိုရိုနာဗိုင်းရပ်စ်ကို “တရုတ်ဗိုင်းရပ်စ်” ဟု ရည်ညွှန်း ပြောကြားခဲ့ခြင်းအတွက် တရုတ်မုန်းတီးရေးနှင့် လူမျိုးခွဲခြားရေးဆန်သည့် အသုံးအနှုန်းဖြစ်သည်ဟု ဝေဖန်သူများက သုံးသပ်ဝေဖန်ခဲ့ကြသည်။ ယူကရိန်းနိုင်ငံတွင် ဝူဟန်မှ နိုဗီဆန်ဇာရီသို့ ရွေ့ပြောင်းလာသည့် ယူကရိန်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများကို တင်ဆောင်လာသော ဘတ်စ်ကားများကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ လာ၍ အိန္ဒိယနိုင်ငံ အဓိကမြို့ကြီးများတွင် ပညာသင်ကြားနေသော ကျောင်းသားများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရကြောင်း ဆိုကြသည်။ အနောက်ဘင်္ဂလားရှိ ဘာရာတီယ ဂျနာတား ပါတီ၏ ပြည်နယ်သမ္မတ ဖြစ်သူ ဒီလစ် ဂေါ့ရှ်က တရုတ်လူမျိုးများသည် သဘာဝတရားကို ဖျက်ဆီးပစ်လိုက်ခြင်းကြောင့် “ဘုရားသခင်သည် ၎င်းတို့အား လက်စားချေခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် “မှန်ကန်မှုမရှိ”ဟု ခေါ်ဆိုနိုင်သည့် မှတ်ချက်များကို ကာလကတ္တားရှိ တရုတ်ကောင်စစ်ဝန်ရုံးက ပြစ်တင်ရှုတ်ချခဲ့သည်။ ကပ်ရောဂါသည် တရုတ်နိုင်ငံတွင် နေထိုင်သူ တရုတ် လူမျိုးမဟုတ်သူများအပေါ် ကြောက်ရွံ့မှုများနှင့် လူမျိုးရေး ခွဲခြားမှုဝါဒသည် သွေးကြွလာအောင်လှုံ့ဆော်မှုများ ဖြစ်စေခဲ့ပြီး နိုင်ငံခြား သားများကို “တိုင်းတစ်ပါး အမှိုက်သရိုက်”များအဖြစ် ဖော်ပြခဲ့ပြီး “ဖယ်ရှားစရာများ”အဖြစ် ပစ်မှတ်ထားခဲ့သည်။ လစဉ်ကြေးပေးသွင်း၍ သတင်းဝင်ရောက်ဖတ်ရှုခွင့်ရှိသော သတင်းစာ အများအပြားသည် ၎င်းတို့၏ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှု သတင်းအားလုံး သို့မဟုတ် အချို့အတွက် စာရင်းပေးသွင်းမှ ဖတ်ရှုခွင့် ရမည်ဖြစ်သော လုပ်ဆောင်ချက်ကို ဖယ်ရှားခဲ့ကြသည်။ သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ စာပေ ထုတ်ဝေသူများစွာသည် ရောဂါပျံ့နှံ့မှုနှင့်ပတ်သက်သော သိပ္ပံပညာရပ်ဆိုင်ရာ စာတမ်းများကို မည်သူမဆို ရယူ ဖတ်ရှုနိုင်စေရန် ထုတ်ဝေပေးခဲ့သည်။ သိပ္ပံပညာရှင်အချို့သည် bioRxiv ကဲသို့ ပရီပရင့် ဆာဗာများပေါ်တွင် ၎င်းတို့၏ရလဒ်များကို မျှဝေရန် ရွေးချယ်ခဲ့ကြသည်။ တိုးပွားလာနေသည့် ကူးစက်ရောဂါ - ဖြစ်ထွန်းလာသော ရောဂါပိုးမွှား၏ ကူးစက်တတ်သော ရောဂါ။ မကြာခဏပင် သူ၏ ကူးစက်ပြန့်နှံ့မှု အတိုင်းအတာ သို့မဟုတ် ကူးစက်ပုံ မှာ ထူးခြားသည်။ ကမ္ဘာအနှံ့ဖြစ်စဉ်နှင့် ရောဂါ - ကမ္ဘာအနှံ့ဖြစ်စဉ်နှင့် ရောဂါကူးစက်မှုအပေါ် ခြုံငုံသုံးသပ်ချက် ကပ်ရောဂါနှင့် ကူးစက်ရောဂါစာရင်း- ကူးစက်ရောဂါကြောင့် သေဆုံးထိခိုက်မှု စာရင်း တောရိုင်းတိရိစ္ဆာန် မှောင်ခိုရောင်းဝယ်ခြင်းနှင့် တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ရောဂါများ - ရှားပါး တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေး အန္တရာယ်များ အသက်ရှူလမ်းကြောင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ 2019 (COVID-19) နှင့် သက်ဆိုင်ရာ SARS-CoV-2 ဗိုင်းရပ်စ် ဓါတ်ခွဲခန်း စမ်းသပ်မှုများတွင် ဗိုင်းရပ်စ် တည်ရှိမှုကို ရှာဖွေသော နည်းလမ်းများနှင့် ကူးစက်ရောကာကို တုန့်ပြန်ရာတွင် ထုတ်လုပ်သော အင်တီဘော်ဒီကို ရှာဖွေသည့် နည်းလမ်းများ ပါဝင်သည်။ ကိုရိုနာဗိုင်းရပ်စ်များ၏ ရီဘိုနယူးကလိယပ်အက်ဆစ် (RNA) ကို ရှာဖွေ၍ စစ်ဆေးသည့် RT-PCR ဖြင့် လူနာများတွင် ဗိုင်းရပ်စ်များရှိနေခြင်းကို အတည်ပြုခဲ့သည်။ ဤစမ်းသပ်မှုသည် SARS-CoV-2 ၏ RNA ကို ရှာဖွေရန် အတွက်သာ သီးခြား ဒီဇိုင်းလုပ်ထားသည်။ မကြာသေးမီက သို့မဟုတ် တက်ကြွသော ကူးစက်ရောဂါများကို အတည်ပြုလေ့ရှိခဲ့သည်။ အင်တီဘော်ဒီ တွေ့ရှိခြင်း (သွေးရည်ကြည်ဗေဒ) ကို ရောဂါ ရှာဖွေခြင်းနှင့် လူထုအတွင်း နောက်ယောင်ခံခြင်းတို့ နှစ်ခုစလုံးအတွက် အသုံးပြုနိုင်သည်။ အင်တီဘော်ဒီ စမ်းသပ်မှုများသည် အစီရင်မခံလောက်အောင် အားပျော့လွန်းသော ရောဂါလက္ခဏာရှိသူများ သို့မဟုတ် ရောဂါ လက္ခဏာ မရှိသူများ အပါအဝင် ရောဂါ ရရှိဖူးသူ လူမည်မျှရှိသည်ကို ပြသသည်။ ဤစမ်းသပ်ချက်၏ ရလာဒ်များမှ ရောဂါ၏ တိကျသော သေဆုံးမှုနှုန်း နှင့် လူထုအကြားတွင် အစုအပြုံအလိုက် ခုခံအား ရခြင်း အဆင့်တို့ကို ဆုံးဖြတ်နိုင်သည်။ စမ်းသပ်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် 2020 ပြည့်နှစ် မတ်လအထိ ၎င်းတို့၏ ပြည်သူများအကြား ဗိုင်းရပ်စ်ပျံ့နှံ့နေခြင်းနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသည့် အချက်အလက်ကို မည်သည့်နိုင်ငံကမျှ မထုတ်ပြန်နိုင်ခဲ့ပါ။ မတ်လ 23 ရက်နေ့အထိ မည်သည့်နိုင်ငံကမျှ ၎င်းတို့ လူဦးရေ၏ 3 ရာခိုင်နှုန်းထက်ပို၍ ရောဂါရှာဖွေစမ်းသပ်မှု လုပ်ဆောင်မထားရသေးဘဲ နိုင်ငံများစွာတွင် လုပ်ဆောင်ပြီးသည့် စစ်ဆေးမှု အရေအတွက်များသည် များစွာကွာခြားမှုရှိသည်။ ဤကွဲပြားခြားနားမှုသည် အချို့သော နိုင်ငံများတွင် သိသာထင်ရှားစွာ ပိုမို ခန့်မှန်းထားသော စမ်းသပ်တွေ့ရှိထားသော လူနာများ၏ သေဆုံးနှုန်းကို သိသာစွာ သက်ရောက်နေပုံလည်း ရသည်။ အမှန်အချိန် ပေါ်လီမာရေ့စ် ကွင်းဆက် ပြောင်းပြန်ကူးယူခြင်း ဓါတ်ပြုမှု (rRT-PCR)ကို အသုံးပြုခြင်းဖြင့် စမ်းသပ်မှုကို နှာခေါင်း လည်ချောင်းဝ ဂွမ်းစ နမူနာ သို့မဟုတ် တံတွေးနမူနာ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ရူထားသော အသက်ရှူလမ်းကြောင်း နမူနာများပေါ်တွင် စမ်းသပ်နိုင်သည်။ ယေဘုယျအားဖြင့် ရလဒ်များကို နာရီအနည်းငယ်မှ 2 ရက်အတွင်း ရရှိနိုင်သည်။ လည်ချောင်း တို့ဖတ်များနှင့် ပြုလုပ်သော RT-PCR စမ်းသပ်မှုသည် ရောဂါက ပထမတစ်ပတ်တွင်သာ ယုံကြည်နိုင်သည်။ နောက်ပိုင်းတွင် ဗိုင်းရပ်စ်သည် အဆုပ်များအတွင်း ဆက်လက်ပွားများ နေစဉ် လည်ချောင်းတွင် ပျောက်ကွယ်သွားသည်။ ဒုတိယအပတ်တွင် စမ်းသပ်ခံရသော ကူးစက်ခံရသူများသည် တနည်းအားဖြင့် နမူနာ ပစ္စည်းများကို နက်ရှိုင်းသော အသက်ရှူလမ်းကြောင်း မှ စုပ်ယူသော ပိုက်ဖြင့် သို့မဟုတ် ချောင်းဆိုးထုတ်ခြင်း (တံတွေး) ကို အသုံးပြုနိုင်သည်။ ဇန်နဝါရီလ 2020 တွင် ဘာလင်မြို့ရှိ Charité ၌ အချိန်နှင့်တစ်ပြေးညီ ပေါ်လီမာရေ့စ် ကွင်းဆက် ပြောင်းပြန်ကူးယူ ဓါတ်ပြုမှု (rRT-PCR) ကို အသုံးပြု၍ အစောပိုင်း PCR စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ ဖြန့်ဝေမှုအတွက် စမ်းသပ်ကိရိယာ 250,000 ကို အခြေခံအဖြစ် ဖော်ထုတ်ပေးခဲ့သည်။ ယူနိုက်တစ် ကင်းဒမ်းသည်လည်း 2020 ခုနှစ် ဇန်နဝါရီလ 23 ရက်တွင် စမ်းသပ်မှု တစ်ခုကို ဖော်ထုတ်ခဲ့သည်။ တောင်ကိုရီးယား ကုမ္ပဏီ Kogenebiotech က ကုသမှု အဆင့် PCR-အခြေပြု SARS-CoV-2 ရှာဖွေမှု ပစ္စည်း တစ်စုံကို 2020 ခုနှစ် ဇန်နဝါရီလ 28 ရက်တွင် ဖော်ထုတ်ခဲ့သည်။ ယင်းသည် ကိုရိုနာဗိုင်းရပ်စ်ဘီတာအားလုံးအားဖြင့် “E” မျိုးဗီဇအတွက် ကြည့်ရှုခဲ့ပြီး SARS-CoV-2 ဗိုင်းရပ်စ်အတွက် သီးသန့် မျိုးရိုးဗီဇ RdRp ဖြစ်သည်။ တရုတ်နိုင်ငံတွင် BGI အုပ်စုသည် PCR အခြေပြု SARS-CoV-2 စမ်းသပ်သည့် ပစ္စည်းစုံများအတွက် တရုတ် အမျိုးသားဆေးဖက်ဆိုင်ရာ ကုန်ပစ္စည်းများ အုပ်ချုပ်ရေးက အရေးပေါ်အသုံးပြုမှုအတွက် အတည်ပြုမှုကို ရရှိခဲ့သည့် ပထမဆုံး ကုမ္ပဏီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများ (CDC) က ယင်း၏ 2019-နိုဗဲလ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) အမှန်အချိန် RT-PCR ဓါတ်ခွဲ ရှာဖွေမှု ပင်နယ် ကို လူထု ကျန်းမာရေး ဓါတ်ခွဲခန်းများသို့ နိုင်ငံတကာ ဓာတ်ပြုမှု အရင်းအမြစ်က တဆင့် ဖြန့်ဝေပေးခဲ့သည်။ ယခင် အဟောင်း စမ်းသပ်မှု ပစ္စည်းအစုံတွင် မျိုးရိုးဗီဇ စမ်းသပ်မှု သုံးခုမှ တစ်ခုသည် ဓါတ်ပြုပစ္စည်း အတုအပ နှင့် အတ္တလန်တာရှိ CDC တွင် ပုလင်းလည်ပင်း စမ်းသပ်ခြင်း တို့ကြောင့် ရလာဒ်များမှာ အားလုံး မခြုံမိပဲ ရှိသည်။ ၎င်းသည် 2020 ခုနှစ် ဖေဖော်ဝါရီ တစ်လ လုံးတလျောက် ပျမ်းမျှ တစ်နေ့လျှင် အောင်မြင်စွာ လုပ်ဆေ်ငနိုင်သည့် တစ်ရှူးနမူနာ မှာ 100 မပြည့်ပဲ ရှိခဲ့ခြင်းဖြစ်သည်။ ပစ္စည်း နှစ်မျိုးသုံးထားသော စမ်းသပ်မှုများသည် 2020 ခုနှစ် ဖေဖော်ဝါရီ 28 ရက်တိုင်အောင် လက်ခံလောက်ကြောင်း ဆုံးဖြတ်မပေးနိုင်ပဲ ထို ပြည်နယ်နှင့် ဒေသခံ ဓါတ်ခွဲခန်းများကို စမ်းသပ်မှု စတင်ရန် ခွင့်ပြုခဲ့သည်။ စမ်းသပ်မှုကို အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲမှုက အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက်အောက်တွင် အတည်ပြုထားသည်။ အမေရိကန် စီးပွားဖြစ် ဓာတ်ခွဲခန်းများက 2020 ခုနှစ် မတ်လ အစောပိုင်းတွင် စတင် စမ်းသပ်ခဲ့သည်။ 2020 ခုနှစ် မတ်လ 5 ရက်တွင် LabCorp သည် RT-PCR အခြေပြု COVID-19 စမ်းသပ်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာ ရရှိနိုင်မှုကြောင်း ကြေညာခဲ့သည်။ Quest Diagnostics က 2020 ခုနှစ် မတ်လ 9 ရက်နေ့တွင် တစ်နိုင်ငံလုံး COVID-19 စမ်းသပ်မှု ရရှိနိုင်အောင် အလားတူ လုပ်ဆောင်ခဲ့သည်။ မည်သည့် အရေအတွက် ကန့်သတ်မှုကိုမျှ ကြေညာခြင်း မရှိပါ။ တစ်ရှူးနမူနာ စုဆောင်းခြင်း နှင့် လုပ်ငန်းလုပ်ဆောင်ခြင်းတို့ကို CDC ၏ သတ်မှတ်လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ရမည်။ ရုရှားတွင် COVID-19 စမ်းသပ်မှုကို နိုင်ငံတော် ဗိုင်းရပ်စ်ဗေဒနှင့် ဇီဝ နည်းပညာဗေဒ သုတေသန စင်တာ (VECTOR) က တီထွင် ထုတ်လုပ်သည်။ 2020 ခုဖေဖော်ဝါရီလ 11 ရက်တွင် စမ်းသပ်မှုကို ကျန်းမာရေး စောင့်ရှောက်မှုတွင် ပြည်ထောင်စု ‌နောက်ယောင်ခံမှုအတွက် ဝန်ဆောင်မှုက မှတ်ပုံတင်ခဲ့သည်။ 2020 ခု မတ်လ 12 ရက်နေ့တွင် Mayo Clinic က COVID-19 ကူးစက်ရောဂါကို ရှာဖွေရန် စမ်းသပ်မှု တစ်ခုကို ဖော်ထုတ်ခဲ့ကြောင်း သတင်းထွက်ခဲ့သည်။ 2020 ခု မတ်လ 13 ရက်တွင် Roche Diagnostics က 3.5 နာရီအတွင်း အရေအတွက်အများအပြား လုပ်ဆောင်၍ရသော စမ်းသပ်မှု တစ်ခုအတွက် FDA ၏ ခွင့်ပြုချက် ရသည့်အတွက် စက်တစ်ခုလျှင် 24 နာရီအတွင်း စမ်းသပ်မှုပေါင်း 4,128 ခုခန့်ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 2020 မတ်လ 19 ရက်တွင် FDA သည် အရေးပေါ် အသုံးပြုမှု အခွင့်အာဏာကို Abbott ဓါတ်ခွဲခန်းများသို့ Abbott ၏ m2000 စနစ်ကို စမ်းသပ်ရန်အတွက် အခွင့်အာဏာကို ထုတ်ပြန်ခဲ့သည်။ ယခင်ကလည်း FDA က အလားတူ အခွင့်အာဏာကို Hologic၊ LabCorp၊ နှင့် Thermo Fisher Scientific များသို့ ထုတ်ပြန် ခဲ့ဘူးသည်။ Cepheid သည် 45 မိနစ်ကြာသည့် စမ်းသပ်မှုတစ်ခုအတွက် FDA မှ အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက် (EUA) ကို 2020 ပြည့်နှစ် မတ်လ 21 ရက်နေ့တွင် အလားတူလက်ခံရရှိခဲ့သည်။ FDA က PCR အစား အိုင်ဆိုသာမယ် နျူကလီရစ် အက်ဆစ် ချဲ့ထွင်မှု နည်းပညာသုံး စမ်းသပ်မှု တစ်ခုကို ခွင့်ပြုချက်ပေးခဲ့သည်။ ဤတွင် ပြောင်းလဲနေသော အပူချိန် စက်ဝန်း၏ လိုအပ်သော တွဲဖက်မှုများကို လိုအပ်ခြင်းမရှိတော့သော်လည်း ဤနည်းလမ်းသည် အပေါင်းလက္ခဏာ ရလာဒ်ကို ငါးမိနစ်အတွင်းနှင့် ပိုးရှိမှု အနုတ်လက္ခဏာ ရလာဒ်ကို 13 မိနစ်တွင်း ရရှိနိုင်သည်။ လောလောဆယ် အမေရိကန်တွင် ထိုစက်မျိုး 18,000 ခန့်ရှိပြီး Abbott က တစ်ရက်လျှင် စမ်းသပ်မှု 50,000 လုပ်နိုင်ရန်အတွက် ထုတ်လုပ်မှုကို တိုးမြှင့်ရန် မျှော်မှန်းထားသည်။ နိုဗဲလ်ကိုရိုနာ ဗိုင်းရပ်စ်၏ နျူကလီယိုကက်ပ်ဆဒ် (N ပရိုတင်း) ကို အထူးသဖြင့် ပေါင်းစပ်သော မိုနိုကလုံနယ် အင်တီဘော်ဒီကို အသုံးပြုသည့် စမ်းသပ်မှု တစ်ခုကို တိုင်ဝမ်နိုင်ငံက တီထွင်ဖော်ထုတ်လျက်ရှိပြီး ယင်းသည် လျင်မြန်သော တုတ်ကွေး စမ်းသပ်မှုကဲ့သို့ 15 မိနစ်မှ 20 မိနစ်အတွင်း ရလာဒ် ထွက်ပေါ်လာစေရန် မျှော်လင့်ထားသည်။ 2020 ခုနှစ် မတ်လ ဘာသာစကား သုံးသပ်ချက်တစ်ခုက “ရင်ဘတ် အိတ်စ်ရေးပုံများသည် အစောပိုင်း အဆင့်များတွင် ရောဂါရှာဖွေရန် တန်ဖိုးအနည်းငယ်သာ ရှိချိန်တွင် CT (ကွန်ပြူတာ တိုမိုဂရပ်) တွေ့ရှိချက်များသည် ရောဂါလက္ခဏာများ မပေါ်ပေါက်မီမှာပင် ရှိနေနိုင်သည်။ CT ပေါ်မှ ပုံမှန် အင်္ဂါရပ်များတွင် ဘေးအစွန်းတွင် တူညီမှု မရှိပဲ နောက်ပိုင်းတွင် ဖြန့်ဝေမှုပါသည့် နှစ်ဘက်စလုံး အလုံးအများအပြား ဖန်မြေသား အပိတ်သား တွေ့ရှိမှုများ ပါဝင်သည်။ ရောဂါ တိုးတက်ပြောင်းလဲလာသည်နှင့် အမျှ အများအောက် လွှမ်းမိုးမှု၊ ရူးသွပ်သော နေရာပေးမှုနှင့် စည်းလုံးညီညွတ်မှု ဖွံ့ဖြိုးလာသည်။ လက်ရှိ ကမ္ဘာ့ ကပ်ရောဂါ၏ မူလနေရာဖြစ်သော ဝူဟန်တွင် PCR ကို CT နှင့် နှိုင်းယှဉ်လေ့လာမှုတစ်ခုက တိကျမှု နည်းသော်လည်း ယင်း၏ ဖော်ပြချက်များသည် အခြားသော နမိုးနီးယားများနှင့် ရောဂါ တိုးတက်မှုများနှင့် ထပ်နေခြင်းများအများအပြား ရှိနေပြီး CT သည် PCR ထက် သိသာထင်ရှားစွာ ပုံဖော်နိုင်စွမ်းရှိသည်။ 2020 ခုနှစ် မတ်လ ရောက်သောအခါ အမေရိကန် ဓါတ်မှန် ကောလိပ်က “CT ကို COVID-19 စမ်းသပ်ရန်အတွက် သို့မဟုတ် ရောဂါရှာဖွေရန် ပထမဆင့် စမ်းသပ်မှုအဖြစ် အသုံးမပြုသင့်ကြောင်း” အကြံပြုထားသည်။ 2020 ခုနှစ် မတ်လ ရောက်သောအခါ CDC က PCR ကို ပဏာမ ဇကာစစ်မှု အဖြစ် အကြံပြုသည်။ ကူးစက်ရောဂါအပေါ် ခုခံမှု တုန့်ပြန်ချက်၏ အစိတ်အပိုင်းမှာ IgM နှင့် IgG အပါအဝင် အင်တီဘော်ဒီများ ထုတ်လုပ်ခြင်း ဖြစ်သည်။ ရောဂါလက္ခဏာများ စတင်ပြသ သည်မှ 7 ရက်နှင့် အထက်ရှိသူများတွင် ကူးစက်ရောဂါ ရှာဖွေစစ်ဆေးရန်၊ ကိုယ်ခံအားကို လေ့လာရန်နှင့် လူအများကို စောင့်ကြည့်စစ်ဆေးရာတွင် ၎င်းတို့ကို အသုံးပြုနိုင်သည်။ ဗဟိုဓာတ်ခွဲခန်း (CLT) များ သို့မဟုတ် point-of-care testing (PoCT) နေရာများတွင် ရောဂါရှာဖွေစစ်ဆေးမှုများကို ဆောင်ရွက်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများစွာရှိ high-thoughput အလိုအလျောက်စနစ်များသည် ဤစစ်ဆေးမှုများကို လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သော်လည်း ၎င်းတို့၏ လုပ်ဆောင်နိုင်မှုသည် စနစ်တစ်ခုစီ၏ ရလဒ်ထုတ်ပေးမှုနှုန်းအပေါ်တွင် မူတည်ပါလိမ့်မည်။ ခုခံမှု စနစ် တုန့်ပြန်မှုကို လေ့လာရန် အစဉ်လိုက် တစ်ရှူးနမူနာများကို အသုံးပြုနိုင်သော်လည်း CLT အတွက် ခြေလက်များရှိ သွေးနမူနာ တစ်ခုထဲကို ပုံမှန် အသုံးပြုလေ့ရှိသည်။ PoCT အတွက် သွေးနမူနာ တစ်ခုတည်းကို ယေဘူယျအားဖြင့် အရေပြားကို ဖောက်ခြင်းဖြင့် ရယူသည်။ PCR နည်းလမ်းများကဲ့သို့ မဟုတ်ပဲ ထုတ်ယူမှု အဆင့်ကို အက်ဆေးမလုပ်မီတွင် မလိုအပ်ပါ။ 2020 ခု မတ်လ 26 ရက်နေ့တွင် FDA သည် အေဂျင်စီကို အသိပေးမှု လုပ်ခဲ့သည့် အဖွဲ့အစည်း 29 ခုအမည်ကို ဖော်ထုတ်ခဲ့ပြီး ယခုအခါ သူတို့၏ အင်တီဘော်ဒီ စမ်းသပ်မှုများကို ဖြန့်ဝေနိုင်သည်။ 2020 ပြည့်နှစ် ဧပြီလ 7 ရက်နေ့အထိ စမ်းသပ်မှုတစ်ခုတည်းကိုသာ အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက်အရ FDA က အတည်ပြုခဲ့ပါသည်။2020 ပြည့်နှစ် မတ်လနှောင်းပိုင်းတွင် Euroimmun Medical Laboratory Diagnostics ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေရေးဓါတ်ခွဲခန်းနှင့် Epitope Diagnostics အဖွဲ့အစည်းသည် ၎င်းတို့၏ ရောဂါပိုး စမ်းသပ်ကိရိယာများအတွက် ဥရောပအဖွဲ့များ၏ ခွင့်ပြုချက်များ ရရှိခဲ့ပြီး ၎င်းကိရိယာများသည် လူ၏သွေးနမူနာများတွင် ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်နိုင်သော IgG နှင့် IgA ပဋိဇီဝပစ္စည်းများကို ရှာဖွေနိုင်သည်။ နာရီပိုင်းအတွင်း နမူနာ ရာပေါင်းများစွာကို စမ်းသပ်နိုင်စွမ်းသောကြောင့် သမားရိုးကျ PCR ဗိုင်းရပ်စ် RNA စမ်းသပ်မှုထက် များစွာပိုမိုမြန်ဆန်ပါသည်။ ပုံမှန်အားဖြင့် ရောဂါကူးစက်မှုစတင်ပြီး 14 ရက်အတွင်း ပဋိပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်သည်။ ဗြိတိန်က ဧပြီလ အစောပိုင်းတွင် ၎င်းတို့ဝယ်ယူလိုက်သော ပဋိပစ္စည်း စစ်ဆေးမှု ကိရိယာများသည် ကောင်းကောင်းအလုပ်မလုပ်ကြောင်း တွေ့ရှိခဲ့သည်။ ဟောင်ကောင်က သံသယဖြစ်ဖွယ် လူနာများကို အိမ်တွင် နေထိုင်စေသော စနစ်ကို ထူထောင်ခဲ့ပြီ “အရေးပေါ် ဌာနက လူနာအား တစ်ရှူးနမူနာ ဖန်ပြွန်ကို လူနာအား ပေးလိမ့်မည်” သူတို့က ထိုအထဲသို့ တံတွေးထွေးထည့်ပြီး ပြန်ပို့ကာ ရလာဒ်မှာ သိပ်မကြာမီ သိရသည်။ ဗြိတိန် NHS က အိမ်တွင် သံသယလူနာများကို စမ်းသပ်ခြင်း ပုံစံမှာ ရှေ့ဦးစမ်းသပ်မှု ဖြစ်သည်ဟု ကြေညာခဲ့သည်။ ယင်းတွင် လူနာက အကယ်၍ ဆေးရုံသို့ လာရောက်ပါက အခြားသူများကို ကူးစက်နိုင်သည့် အလားအလာနှင့် လူနာတင်ကားကို အသုံးပြုပါက ပိုးသတ်ရခြင်းတို့ကို ဖယ်ရှားပေးသည်။ COVID-19 သံသယ လူနာများအတွက် ကားမောင်းဝင်ရောက် စမ်းသပ်သည့် ပုံစံတွင် ကျန်းမာရေး ပညာရှင်များသည် သင့်လျော်သော ကြိုတင်ကာကွယ်မှုများကို နမူနာ အသုံးပြုနိုင်သည်။ ကားဖြတ်မောင်း စမ်းသပ်မှု စင်တာများက တောင်ကိုရီးယားကို မည်သည့် နိုင်ငံထက်မဆို အမြန်ဆုံး၊ အကျယ်ပြန့်ဆုံး စမ်းသပ်မှုကို ရရှိရန် အထောက်အကူပြုသည်။ ဂျာမဏီတွင် အမျိုးသား မလုပ်မနေရ ကျန်းမာရေး အာမခံ ဆရာဝန်များ အသင်းက မတ်လ 2 ရက်နေ့တွင် သူတို့တွင် သီးခြား ဖြတ်တောက်ထားသည့် တည်ရှိမှုတွင် တရက်လျှင် စမ်းသပ်မှုပေါင် 12,000 ကို လုပ်နိုင်ပြီး အရင်တပတ်က စမ်းသပ်မှု 10,700 လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။ ဆရာဝန်က စမ်းသပ်မှု လုပ်ရန် ညွှန်ကြားသည့်အခါ ကုန်ကျစားရိတ်များကို အာမခံ ကုမ္ပဏီက ကျခံရသည်။ Robert Koch Institute ၏ ဥက္ကဌ အဆိုအရ ဂျာမဏီတွင် တစ်ပတ်လျှင် စုစုပေါင်း စမ်းသပ်မှု 160,000 လုပ်နိုင်စွမ်းရှိသည်။ မတ်လ 19 ရက်နေ့တွင် မြို့ကြီး အများအပြား၌ ယာဉ်မောင်းဝင် စမ်းသပ်မှုများ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ 2020 ခုနှစ် မတ်လ 26 ရက်ရောက်သည့်အခါ ဂျာမဏီတွင် စုစုပေါင်း စစ်ဆေးပြီးသည့် စမ်းသပ်မှု အရေအတွက် မသိရပေ။ အဘယ်ကြောင့် ဆိုသော် ပိုးတွေ့ရှိသော ရလာဒ်များကိုသာ ထုတ်ပြန်သောကြောင့် ဖြစ်သည်။ ပထမဆုံး ဓါတ်ခွဲခန်း စစ်တမ်းကို SARS-CoV-2 စမ်းသပ်တွေ့ရှိမှု 33,491 နမူနာများ(6.9%) နှင့် 12/2020 ရက်သတ္တပတ် အပါအဝင် 12/2020 ပြက္ခဒိန် ရက်သတ္တပတ် တွင် စုစုပေါင်း 483,295 တစ်ရှူးနမူနာများကို ထုတ်ဖော်ပြခဲ့သည်။ အစ္စရေးတွင် Technion နှင့် Rambam ဆေးရုံရှိ သုတေသနမှူးများက လူနာ 64 ဦးထံမှ နမူနာများကို တချိန်တည်း တပြိုင်တည်းတွင် စမ်းသပ်ရန်အတွက် နည်းလမ်းကို ဖော်ထုတ် စမ်းသပ်ခဲ့သည်။ နမူနာများကို စုပေါင်းလိုက်ပြီး စုပေါင်း နမူနာတွင် ရောဂါပိုးရှိကြောင်းပြမှသာ နောက်ထပ် စမ်းသပ်မှုများကို ဆက်လက်ပြုလုပ်ခြင်းဖြစ်သည်။ ဝူဟန်တွင် “Huo-Yan” (တရုတ်လို 火眼 နှင် အင်္ဂလိပ်လို “Fire Eye- မီးမျက်လုံး”) ဟု အမည်ပေးထားသော တစ်ရက်လျှင် နမူနာပေါင်း 10,000 အထိ လုပ်ဆောင်နိုင်သော စတုရန်းမီတာ 2000 အရေးပေါ် ဓါတ်ခွဲရှာဖွေ‌ရေး ဓါတ်ခွဲခန်းကို BGI က 2020 ခုနှစ် ဖေဖော်ဝါရီ 5 ရက်တွင် ဖွင့်လှစ်ခဲ့သည်။ BGI အဖွဲ့အစည်း တည်ထောင်သူ Wang Jian က ကြီးကြပ်၍ 5 ရက်ကြာ အချိန်ယူ တည်ဆောက်ထားသည့် ပုံစံငယ်အရ ဤစမ်းသပ်နိုင်စွမ်းကို လက်တွေ့အသုံးမချနိုင်လျှင် ဟူဘေး (Hubei) ၌ ရောဂါကူးစက်မှုများသည် 47 ရာခိုင်နှုန်း ပိုမိုမြင့်မားလာနိုင်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်မှုကို ကိုင်တွယ်ဆောင်ရွက်ပေးရန် ကုန်ကျစရိတ်သည် နှစ်ဆမြင့်တက် လာနိုင်သည်ဟု ပုံစံငယ်ပုံဖော်ခြင်းက ဖော်ပြထားသည်။ ချက်ချင်းပင် ဝူဟန် ဓါတ်ခွဲခန်းအပြင် ရှန်ကျန်၊ တီယန်ကျင်း၊ ဘေကျင်း၊ နှင့် ရှန်ဟဲရှိ ဟွာယန် ဆေးခန်းများက တရုတ်နိုင်ငံတလွှား စုစုပေါင်း မြို့တော် 12 ခုတွင် ချက်ချင်း လိုက်လာခဲ့သည်။ 2020 မတ်လ 4 ရက်နေ့တွင် နေ့စဉ် ဖြတ်သန်း စမ်းသပ်မှုမှာ တစ်နေ့လျှင် စမ်းသပ်မှု 50,000 ရှိသည်။ ပွင့်လင်းလွတ်လပ်သော အရင်းအမြစ်ဖြစ်ပြီး အများအပြားကို ရှုတ်ထွေးစွာ ဒီဇိုင်းလုပ်ထားပြီး Origami Assays မှ ထုတ်လုပ်သည့် စက်သည် အက်ဆေး 93 ခုကိုသာ အသုံးပြုပြီး လူနာပေါင်း 1122 ၏ တစ်ရှူးနမူနာများကို တစ်ရက်အတွင်း COVID-19 စမ်းသပ်နိုင်သည်။ ထိုဘက်မျှမှုလုပ်ထားသော ဒီဇိုင်းများသည် အရည်ကိုင်တွယ်သည့် စက်ရုပ်များ မလိုအပ်ပဲ ဓါတ်ခွဲခန်း ငယ်လေးများတွင် အသုံးပြုနိုင်သည်။ မတ်လရောက်သောအခါ EU၊ UK နှင့် US တို့တွင် အုပ်စုလိုက် အများအပြား စမ်းသပ်ခြင်းအတွက် တစ်ဆို့စေသော အရာမှာ ဓာတ်ပြု စမ်းသပ်ပစ္စည်း ပမာဏ နည်းပါးပြီး မလုံလောက်မှုဖြစ်လာသည်။ ယင်းသည် အချို့သော စာရေးသူများကို နောက်ထပ်စမ်းသပ်ရန်အတွက် RNA ဂျီနုမ်းများ ထွက်စေရန် အပူချိန် 98 °C (208 °F) တွင် 5 မိနစ်ကြား အပူပေးခြင်းပါဝင်သည့် နမူနာ ပြင်ဆင်မှု လုပ်ထုံးလုပ်နည်းများ ကို ရှာဖွေစေခဲ့သည်။ မတ်လ 31 ရက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)က အခြားမည်သည့် နိုင်ငံထက်မဆို သူတို့၏ လူဦးရေအတွင်း တစ်ယောက်ချင်းစီတွင် ပိုမို၍ ကိုရိုနာ ဗိုင်းရပ်စ်ကို ယခုအခါ စစ်ဆေးလျက်ရှိကြောင်း ကြေညာပြီး လူဦးရေ၏ အဓိကအများစုကို လက်လှမ်းမီသည့် အဆင့်သို့ တက်ရောက်နိုင်မည့် အနေအထား ရောက်နေပြီဟု ပြောသည်။ ယာဉ်ဖြတ်မောင်းသွားခြင်း လုပ်ဆောင်နိုင်ချေနှင့် အုပ်စု 42 နှင့် BGI (ယင်းတို့၏ တရုတ်နိုင်ငံရှိ ဓါတ်ခွဲခန်းများတွင် “Huo-Yan” အရေးပေါ် ရှာဖွေခြင်း) မှ လူအုပ်စုလိုက်မှ တဆင့် လူဉီးရေအများအပြား အတိုင်းအတာဖြင့် ဓါတ်ခွဲမှုတစ်ခုကို ဝယ်ဘူခြင်း တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ 14 ရက်ကြာ တည်ဆောက်ခဲ့သည့် ဓာတ်ခွဲခန်းသည် RT-PCR စမ်းသပ်မှုများကို တစ်ရက်လျှင် သောင်းနှင့် ချီ၍ လုပ်ဆောင်ခဲ့ပြီး ယင်းမှာ တရုတ်နိုင်ငံပြင်ပတွင် ဤအတိုင်းအတာ ပမာဏဖြင့် လုပ်ငန်းလည်ပတ်နိုင်သော ကမ္ဘာပေါ်တွင် ပထမဆုံး ဓါတ်ခွဲခန်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇ ပရိုဖိုင်း၏ အစိတ်အပိုင်းအမျိုးမျိုးကို ဦးတည်ဖော်ထုတ်သည့် ဆေးစမ်းသပ်ချက် နည်းလမ်းအမျိုးမျိုးကို တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်နှင့် အမေရိကန်တို့တွင် ရှာဖွေဖော်ထုတ်ခဲ့ကြသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်လုပ်မှု ပစ္စည်းစုံအတွက် ဂျာမန် ပေါင်းစပ်မှုကို ဝင်ငွေနည်း နိုင်ငံများသို့ သူတို့ကိုယ်တိုင် ထုတ်လုပ်ရန် အရင်းအမြစ်မလိုအပ်ပဲ ပေးပို့ခဲ့သည်။ ဂျာမန် ဆေးဝါးပေါင်းစပ်မှုကို 2020 ခုနှစ် ဇန္နဝါရီ 17 ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စင်တာများ က အမေရိကန်တွင် စမ်းသပ်မှုများ ရရှိနိုင်မှု နှောင့်နှေးခဲ့ပြီး ဇန္နဝါရီ 28 ရက်အထိ ရရှိနိုင်ခြင်းမရှိပါ။ ကူးစက်ပြန့်ပွားမှု အစောပိုင်းတွင် တရုတ်နှင့် အမေရိကန် နိုင်ငံတို့သည် စမ်းသပ်မှု ပစ္စည်း အစုံများ၏ ယုံကြည်နိုင်မှုအပေါ် ပြဿနာများ ရှိခဲ့ကြပြီး ထိုနိုင်ငံများနှင့် ဩစတေးလျား တို့သည် လိုအပ်ချက် ပြည့်မီသည် အထိ စမ်းသပ်မှု ပစ္စည်းများနှင့် ကျန်းမာရေး ပညာရှင်များက ထောက်ခံချက်ပေးသော စမ်းသပ်မှုများကို လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်ခြင်း မရှိခဲ့ပေ။ ကွဲပြားခြားနားစွာပင် တောင်ကိုရီးယား၏ ကျယ်ပြန့်သော စမ်းသပ်မှု ရရှိနိုင်ခြင်းသည် နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို လျော့နည်းရန် အထောက်အကူဖြစ်စေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ အဓိက အားဖြင့် ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် စမ်းသပ်နိုင်စွမ်းကို တောင်ကိုရီးယား အစိုးရက နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့သည်။ မတ်လ 16 ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က COVID-19 ကမ္ဘာ့ကပ်ရောဂါ တိုးပွားမှုကို နှေးကွေးစေရန် အကောင်းဆုံး နည်းလမ်းအဖြစ် စမ်းသပ်မှု အစီအစဉ်များကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ဗိုင်းရပ်စ်ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားနေခြင်းကြောင့် စမ်းသပ်မှု လိုလားချက် မြင့်မားနေခြင်းသည် အမေရိကန် ပုဂ္ဂလိက ဓါတ်ခွဲခန်းများတွင် စမ်းသပ်မှုများ သိန်းနှင့် ချီ စုပုံနေစေပြီး လိုအပ်ပစ္စည်းများနှင့် ဓါတုဗေဒ ဓါတ်ပြုပစ္စည်းများ ပြတ်တောက်သွားစေသည်။ 2020 ခုနှစ် မတ်လ တွင် တရုတ်က သူတို့၏ စမ်းသပ်ပစ္စည်းစုံ များတွင် တိကျမှုနှင့် ပတ်သက်သည့် ပြဿနာကို အစီရင်ခံခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် CDC က ထုတ်လုပ်ခဲ့သော စမ်းသပ်ပစ္စည်းစုံတွင် “အမှားအယွင်းများ” ပါဝင်ခဲ့သည်။ ထို့နောက် အစိုးရက ပုဂ္ဂလိက စမ်းသပ်မှုကို တားဆီးထားသော ဗျူရိုကရေစီ အတားအဆီးများကို ဖယ်ရှားခဲ့သည်။ စပိန်က စမ်းသပ်ပစ္စည်းစုံကို တရုတ်ကုမ္ပဏီ Shenzhen Bioeasy Biotechnology ကုမ္ပဏီ လိမိတက်မှ ဝယ်ယူခဲ့သော်လည်း ရလာဒ်များမှာ တိကျမှု မရှိကြောင်း တွေ့ရှိခဲ့သည်။ မှားယွင်းသော ရလာဒ်များသည် နမူနာများ ကောက်ယူရာတွင် သို့မဟုတ် စမ်းသပ် ပစ္စည်းစုံများ မှန်ကန်စွာ အသုံးပြုရာတွင် အားနည်းချက်များ၏ ရလာဒ်ဖြစ်နိုင်ကြောင်း ကုမ္ပဏီက ရှင်းပြသည်။ စပိန်ဝန်ကြီးဌာနက မှားယွင်းသည့်ရလဒ်များ ထုတ်ပေးသော ရောဂါရှာဖွေရေး ကိရိယာများကို ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ပြီး ၎င်းတို့အစား Shenzhen Bioeasy ဇီဝနည်းပညာကုမွဏီက ထောက်ပံ့သည့် ရောဂါရှာဖွေရေး ကိရိယာများကို အစားထိုးသုံးစွဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချက်သမ္မတနိုင်ငံက ဝယ်ယူခဲ့သည့် တရုတ်နိုင်ငံထုတ် ရောဂါရှာဖွေရေး ကိရိယာ 80 ရာခိုင်နှုန်းသည် မှားယွင်းသော ရလဒ်များကို ထုတ်ပေးခဲ့သည်။ ဆလိုဗက်ကီးယားနိုင်ငံက တရုတ်နိုင်ငံမှ ရောဂါရှာဖွေရေး ကိရိယာ 1.2 သန်းကို ဝယ်ယူခဲ့ပြီး ၎င်းတို့မှာ ရလဒ်များကို မှန်ကန်စွာ ထုတ်မပေးကြောင်း တွေ့ရှိခဲ့ရသည်။ ဝန်ကြီးချုပ် Matovic က ယင်းတို့ကို Danube ထဲသို့ စွန့်ပစ်ရန် အကြံပြုခဲ့သည်။ တူရဂီ ကျန်းမာရေး ဝန်ကြီးဌာနမှ Ates Kara က တူရဂီက တရုတ်မှ ဝယ်ယူခဲ့သည့် စမ်းသပ် ပစ္စည်းစုံများတွင် “မြင့်မားသော မှားယွင်းမှုနှုန်း” ရှိပြီး “ယင်းတို့ကို အသုံးပြုခြင်း” မရှိဟု ပြောသည်။ UK နိုင်ငံက တရုတ်ထံမှ စမ်းသပ်ပစ္စည်းစုံ 3.5 သန်းကို ဝယ်ယူခဲ့သော်လည်း 2020 ဧပြီလအစောပိုင်းတွင် ယင်းတို့မှာ အသုံးပြုနိုင်ခြင်းမရှိကြောင်း ကြေညာခဲ့သည်။ စမ်းသပ်မှုလုပ်ပြီး ပိုးရှိသူများကို ခွဲထားစောင့်ကြည့်ခြင်းနှင့် SARS-CoV-2 ပိုးတွေ့ သူများနှင့် ထိတွေ့မှု ရှိခဲ့သူများကို ခြေရာကောက်ခြင်း တို့သည် အပြုသဘောဆောင်သော ရလာဒ်များ ရရှိစေသည်။ အီတလီတွင် ပထမဆုံး COVID-19 သေဆုံးမှု ဖြစ်ခဲ့သော အီတလီ မြို့ Vo တွင် အလုပ်လုပ်နေသော သုတသနမှူးများသည် မြို့လူဦးရေ 3,400 ခန့်ကို ဆယ်ရက်ခြားလျက် လူအားလုံးအား စစ်ဆေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ရောဂါပိုးစစ်ဆေးတွေ့ရှိရသူတစ်ဝက်ခန့်တွင် ရောဂါလက္ခဏာများ မတွေ့ခဲ့ရဘဲ ရောဂါပိုးတွေ့ရှိခဲ့သူအားလုံးကို အသွားအလာကန့်သတ်၍ စောင့်ကြည့်ခဲ့သည်။ ခရီးသွား ကန့်သတ်မှုများဖြင့် ယင်းသည် ကူးစက်မှု အသစ်များကို ဖယ်ရှားနိုင်သည်။ ထိတွေ့မှု ခြေရာခံခြင်းကို ပြင်းထန်စွာလုပ်ခြင်း၊ စမ်းသပ်ခြင်း နှင့် သီးခြားခွဲ စောင့်ကြည့်ခြင်းတို့ဖြင့် စင်္ကာပူရှိ 2020 ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ သည် စားသောက်ဆိုင်များ နှင့် လက်လီ အရောင်းနေရာများကို အလွန်အကျွံ ကန့်သတ်ရန် မလိုပဲ အခြား ဖွံ့ဖြိုး ပြီး နိုင်ငံများထက် များစွာနှေးကွေးစွာ ကူးစက်သည်ကိုတွေ့ရသည်။ ဖြစ်ရပ်အများအပြားကို ဖျက်သိမ်းခြင်း နှင့် စင်္ကာပူတွင် မတ်လ 28 ရက်နေ့တွင် ဒေသခံများကို နေအိမ်တွင် နေထိုင်ကြရန် တိုက်တွန်းခဲ့သော်လည်း ကျောင်းပိတ်ရက်များ ပြီးဆုံးသည့် မတ်လ 23 ရက်တွင် ကျောင်းများကို သတ်မှတ်ချိန်တွင် ပြန်ဖွင့်ခဲ့သည်။ အြခါးသော နိုင်ငံအများအပြားသည် ကပ်ရောဂါကို စီမံခန့်ခွဲရာတွင် ထိတွေ့သူ နောက်ယောင်ခံခြင်း၊ နိုင်ငံတွင်း ဝင်ရောက်သည့် ခရီးစဉ်များ ကန့်သတ်ခြင်း၊ နှင့် သီးခြားခွဲ စောင့်ကြည့်ခြင်း တို့ကို ပြင်းပြင်းထန်ထန်လုပ်သော်လည်း ပိတ်ဆို့မှုကိုမူ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခြင်းမရှိပေ။ ဥပမာ- အိုက်စ်လန် နှင့် တောင်ကိုရီးယား။ ကိန်းဂဏန်း လေ့လာမှု တစ်ခုက စမ်းသပ်မှု ပိုမိုပြုလုပ်သော နိုင်ငံများကို သေဆုံးမှု အရေအတွက်နှင့် ဆက်စပ် လေ့လာရာတွင် သေဆုံးမှုနှုန်း အလွန်နည်းပါးကြောင်းတွေ့ရသည်။ ဖြစ်နိုင်သည်မှာ ထိုနိုင်ငံများသည် အားပျော့သော သို့မဟုတ် လုံးဝ မရှိသော လက္ခဏာများကို ရှာဖွေနိုင်စွမ်း ပိုရှိသော‌ကြောင့် ဖြစ်နိုင်သည်။ စမ်းသပ်နိုင်စွမ်းမရှိသော နိုင်ငံများနှင့် COVID-19 အပေါ် အကန့်အသတ်ဖြင့်သာ အတွေ့အကြုံရှိသော အမျိုးသား ဓါတ်ခွဲခန်းများအနေဖြင့် အတည်ပြုစမ်းသပ်မှုအတွက် ၎င်းတို့၏ ပထမဆုံး ပိုးတွေ့ရှိသော နမူနာ ငါးခုနှင့် ပထမဆုံး COVID-19 ပိုးမတွေ့သော နမူနာ ဆယ်ခုတို့ကို WHO က ညွှန်းဆိုသည့် ဓါတ်ခွဲခန်း 16 အနက် တစ်ခုသို့ ပေးပို့ပါရန် WHO က အကြံပြုထားသည်။ အညွှန်း ဓါတ်ခွဲခန်း 16 ခုအနက် အာရှတွင် 7 ခု၊ ဥရောပတွင် 5 ခု၊ အာဖရိကတွင် 2 ခု၊ မြောက်အမေရိကတွင် 1 ခုနှင့် ဩစတေးလျားတွင် 1 ခု ရှိသည်။ အောက်ပါဇယားတွင် “စမ်းသပ်မှုများ၏ ပိုးရှိသူ %” ကို နိုင်ငံ၏ စမ်းသပ်မှု မူဝါဒက သက်ရောက်မှု ရှိသည်။ ဆေးရုံတက်သည့်သူများကိုသာ ဓါတ်ခွဲစမ်းသပ်သော နိုင်ငံသည် တစ်နိုင်ငံလုံးရှိ နိုင်ငံသားများကို သူတို့တွင် ရောဂါလက္ခဏာများ ပြသသည်ဖြစ်စေ မပြသသည်ဖြစ်စေ စမ်းသပ်စစ်ဆေးသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခြားအရာများတွင် ညီမျှသော်လည်း စမ်းသပ်မှုများ၏ ပိုးတွေ့ရှိသော ရာခိုင်နှုန်းသည် ပိုမိုမြင့်မားနေလိမ့်မည်။ လက် သန့်ရှင်းရေးဟုလည်း သိသော လက်ဆေးခြင်းသည် အညစ်အကြေးများ၊ ဆီများ၊ အဏုဇီဝပိုးမွှားများ သို့မဟုတ် အခြား မလိုလားအပ်သော အရာဝတ္ထုများကို ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် တစ်ဦးတစ်ယောက်၏ လက်များကို ဆေးကြောသည့် အပြုအမူဖြစ်သည်။ တစ်ရက်တာအတွင်း အချို့သော “အရေးပါသည့် အချိန်များ” တွင် လက်ကို ဆပ်ပြာဖြင့် တစိုက်မတ်မတ် ဆေးကြောခြင်းသည် မစင်-ပါးစပ် လမ်းကြောင်းမှ ကူးစက်ပျံ့နှံ့သော ဝမ်းလျောခြင်း နှင့် ကာလဝမ်းရောဂါများကဲ့သို့ ရောဂါအများအပြား ကူးစက်မှုကို ကာကွယ်ပေးသည်။ လူများသည် သူတို့၏ မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ် (အကျိအချွဲ အလွှာ) ကို မထိတွေ့မီတွင် သူတို့၏ လက်များကို မဆေးကြောပါက ဥပမာအားဖြင့် ပုံမှန် အအေးမိခြင်း သို့မဟုတ် တုတ်ကွေးကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း ကူးစက်ရရှိနိုင်သည်။ တစ်နေ့တာအတွင်း ဆပ်ပြာနှင့် ရေတို့ဖြင့် လက်ဆေးကြောရန် အရေးကြီးဆုံးဆုံး အချိန်အခိုက်အတန့်များတွင် အိမ်သာမတက်မီနှင့် တက်ပြီး၊ ကလေးငယ်၏ အောက်ပိုင်းအဝတ်ကို လဲပေးပြီးနောက် သို့မဟုတ် ကလေးအနှီးများကို လဲပေးပြီးနောက်၊ ကလေးကို အစားအသောက် မကျွေးမီ၊ အစားအသောက် ပြင်ဆင်ခြင်း သို့မဟုတ် အသားစိမ်း၊ ငါး သို့မဟုတ် ဝက်သားကြက်သားများကို ကိုင်တွယ်ခြင်း မပြုမီနှင့် ပြုပြီးတို့ ပါဝင်သည်။ ရေနှင့် ဆပ်ပြာမရနိုင်ပါက ပြာဖြင့် လက်သန့်ရှင်းနိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက လက်ဆေးခြင်းများကို အကြံပြုပါသည်- အစားအစာ ပြင်ဆင်ခြင်း မပြုမီ၊ ပြုနေစဉ်နှင့် ပြုပြီးနောက်။ နားမကျန်းဖြစ်သူကို ပြုစုစောင့်ရှောက်မှု မတိုင်မီနှင့် နောက်ပိုင်း။ ဒိုက်ပါများ လဲပေးပြီးနောက် သို့မဟုတ် အိမ်သာသုံးထားသည့် ကလေးငယ်ကို သန့်ရှင်းပေးပြီးနောက်။ နှာညှစ်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေပြီးနောက်တွင် တိရိစ္ဆာန်၊ တိရိစ္ဆာန်အစာ သို့မဟုတ် တိရိစ္ဆာန် အညစ်အကြေးနှင့် ထိမိပြီးနောက။ ဆေးဘက်ဆိုင်ရာ လက် သန့်ရှင်းရေးသည် ဆေးဘက်ဆိုင်ရာ လုပ်ထုံးများနှင့် ဆက်စပ်သော ပတ်ဝန်းကျင်သန့်ရှင်းရေး အလေ့အကျင့်များကို ရည်ညွှန်းသည်။ ဆေးမပေးမီ သို့မဟုတ် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု မပေးမီ လက်ဆေးခြင်းက ရောဂါကူးစက်မှုကို တားဆီး သို့မဟုတ် လျှော့ချနိုင်သည်။ လက်ဆေးရခြင်း၏ ဆေးဖက်ဆိုင်ရာအဓိကရည်ရွယ်ချက်မှာ လက်များတွင်ကပ်နေသော ရောဂါပိုးမွှားများ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် ရောဂါဖြစ်ပွားစေနိုင်သည့် အခြားအဏုဇီဝပိုးမွှားများ) နှင့် အန္တရာယ်ရှိသည့် သို့မဟုတ် ရောဂါဖြစ်ပွားစေနိုင်သည့် ဓာတုပစ္စည်းများကို ဖယ်ရှားသန့်ရှင်းရန်ဖြစ်ပါသည်။ ၎င်းသည် အစားအစား ကိုင်တွယ်သူများ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ဝန်းကျင်တွင် အလုပ်လုပ်သူများအတွက် အထူး အရေးကြီးသော်လည်း အထွေထွေ ပြည်သူလူထုအတွက်လည်း အရေးကြီးသော အလေ့အထဖြစ်သည်။ လက်ဆေးခြင်းသည် တုပ်ကွေးရောဂါ၊ ကိုရိုနာဗိုင်းရပ်စ်နှင့် အခြား ကူးစက်တတ်သော ရောဂါများ၏ ကူးစက်မှုကို လျှော့ချခြင်း၊ ဝမ်းသွားစေသည့် ကူးစက်ရောဂါကို တားဆီးပေးခြင်း၊ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများကို လျော့ကျစေခြင်းတို့ အပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ဖြစ်စေနိုင်သည်။ ထို့နောက် အိမ်တွင် မွေးဖွားမှုများတွင် မွေးကင်းစ ကလေး သေဆုံးနှုန်း လျော့နည်းသည်။ 2013 ခုနှစ် လေ့လာမှု တစ်ခုအရ လက်ဆေးသည့် အလေ့အထ တိုးတက်လာမှုက အသက် ငါးနှစ်အောက် ကလေးများတွင် အရပ်ရှည်ဖွံ့ထွားမှု၌ အနည်းငယ်တိုးတက်မှု ရှိလာစေနိုင်သည်ကို ပြသနေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကလေးအရွယ် သေဆုံးနှုန်းများမှာ အသက်ရှူလမ်းကြောင်းနှင့် ဝမ်းရောဂါများနှင့် သက်ဆိုင်ပြီး ၎င်းတို့အား ဆပ်ပြာနှင့် လက်ဆေးခြင်းကဲ့သို့ ရိုးရှင်းသော အပြုအမူဆိုင်ရာ အပြောင်းအလဲများကို ကျင့်သုံးခြင်းဖြင့် လျှော့ချနိုင်ပါသည်။ ဤရိုးရှင်းသော လုပ်ဆောင်မှုသည် ဤရောဂါများကြောင့် ဖြစ်သော သေဆုံးမှုများကို 50% နီးပါး လျော့ချနိုင်သည်။ လက်ဆေးမှုကို မြှင့်တင်သော ဝင်ရောက်စွက်ဖက်မှုများသည် ဝမ်းလျောမှု ဖြစ်စဉ်များကို သုံးပုံတစ်ပုံလျော့ချနိုင်ပြီး ယင်းကို ဝင်ငွေနည်း ဧရိယာများတွင် သန့်စင်သော ရေရရှိအောင် လုပ်ဆောင်ပေးခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။ ဝမ်းလျှောသည့်ကာလများတွင် လျော့ကျမှုများ၏ 48% သည် ဆပ်ပြာနှင့် လက်ဆေးခြင်းဖြင့် ဆက်စပ်နေနိုင်ပါသည်။ ဆပ်ပြာနှင့်လက်ဆေးခြင်းသည် အိမ်များ၊ ကျောင်းများ၊ နှင့် ကမ္ဘာတစ်ဝှမ်းမှအသိုက်အဝန်းများတွင် ပြုလုပ်နေသော အလိုအလျောက်လုပ်ဆောင်မှုကဲ့သို့ ဝမ်းလျှောခြင်းနှင့် ဆိုးရွားသော အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှုများ (ARI) ကို တားဆီးရန် အထိရောက်ဆုံးနှင့် ကုန်ကျမှုမများသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ အဓိက ARI ဖြစ်သော အဆုတ်ရောင်ရောဂါသည် အသက်ငါးနှစ်အောက် ကလေးများ သေဆုံးမှုကို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်ပြီး ၎င်းကြောင့် တစ်နှစ်လျှင် ကလေး 1.8 သန်းခန့် သေဆုံးနေပါသည်။ ဝမ်းလျောခြင်းနှင့် နမိုးနီးယားနှစ်ခုပေါင်း တို့ကြောင့် နှစ်စဉ် ကလေး 3.5 သန်း နီးပါး သေဆုံးသည်။ UNICEF ၏အဆိုရ အစာမစားမီနှင့် အိမ်သာသုံးပြီးနောက် ဆပ်ပြာနှင့် လက်ဆေးခြင်းကို ပုံမှန်အလေ့အထတစ်ခုအဖြစ်သို့ ပြောင်းလဲခြင်းက ကာကွယ်ဆေး သို့မဟုတ် ဆေးဝါးကုမှုများထက် လူအသက်များစွာကို ပိုမိုကယ်တင်နိုင်ပြီး ဝမ်းရောဂါဖြင့် သေဆုံးမှုများကို တစ်ဝတ်နီးပါး လျှော့ချပေးနိုင်ကာ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများဖြင့် သေဆုံးမှုများကို လေးပုံတစ်ပုံအထိ လျှော့ချပေးနိုင်ပါသည်။ လက်ဆေးခြင်းသည် ရေ၊ ရေဆိုးနုတ်စနစ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH) အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြား ရေဆိုးနုတ်စနစ် ကြားဝင်ဖျန်ဖြေရေးများနှင့် ဆက်စပ်လေ့ရှိပါသည်။ တိုက်ရိုက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှ ကူးစက်သော အနာစက်များကို လည်း လက်ဆေးခြင်းက ကာကွယ်ပေးသည်။ လက်ဆေးခြင်း၏ သေးငယ်သော ဘေးထွက် သက်ရောက်မှုမှာ မကြာခဏ လက်ဆေးခြင်းသည် အရေပြားခြောက်သွေ့ခြင်းအားဖြင့် အရေပြားပျက်စီးခြင်းကို ဖြစ်စေသည်။ 2012 ဒိန်းမတ် လေ့လာမှုအရ အလွန်အကျွံ လက်ဆေးခြင်းက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများတွင် အဖြစ်များသည့် ယားယံခြင်း၊ နှင်းခူ သို့မဟုတ် လက်ရောင်အန်းနာကျင်ခြင်းဟု သိကြသည့် အရေပြားအလွှာလိုက်ကွာကျခြင်းကို ဖြစ်စေနိုင်ကြောင်း သိခဲ့ရပါသည်။ အကြိမ်ရေအလွန်များစွာ လက်ဆေးခြင်းမှာ တသသစွဲသည့် စိတ်စွဲရောဂါတစ်မျိုး (OCD) ၏ ရောဂါလက္ခဏာတစ်ခုဟု သိရပါသည်။ တစ်နေ့တာတွင် မစင်မှ ပါးစပ်သို့ ရောဂါကူးစက်မှုကို လျော့ချရန် အတွက် လက်များကို ဆပ်ပြာဖြင့်ဆေးကြောရန် အရေးကြီးသော အချိန် ငါးကြိမ်ရှိသည်။ ၎င်းတို့မှာ အိမ်သာ သုံးပြီးချိန် (ဆီးသွားခြင်း၊ ဝမ်းသွားခြင်း)၊ ကလေး၏ ဖင်ကို သန့်စင်ပေးပြီးချိန် (နက်ပီများ လဲပေးခြင်း)၊ ကလေးအား အစာမကြွေးမီ၊ အစာမစားမီ နှင့် အစားအစာ ပြင်ဆင်ခြင်း သို့မဟုတ် အသားစိမ်း၊ ငါးစိမ်း သို့မဟုတ် ကြက်ငှက်များ ကိုင်တွယ်ခြင်းတို့ မပြုမီနှင့် ပြုပြီးတို့ ဖြစ်သည်။ ရောဂါကူးစက်မှု ကာကွယ်ရန်အတွက် မှန်ကန်သော လက်ဆေးသည် နည်းလမ်းကို ကျင့်သုံးသင့်သည့် အခြားသော အချိန်များတွင် ပြတ်ရှမှု သို့မဟုတ် အနာကို မကုသမီနှင့် ကုသပြီးနောက်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ သို့မဟုတ် နှာ ညှစ်ခြင်း ပြီးသည့်အခါ၊ တိရစ္ဆာန် အညစ်အကြေးများ ထိတွေ့ကိုင်တွယ်ခြင်း သို့မဟုတ် တိရိစ္ဆာန်များကို ကိုင်တွယ်ခြင်း ပြီးနောက်၊ နှင့် အမှိုက်သရိုက်များကို ကိုင်တွယ်ပြီးနောက်တို့ ပါဝင်သည်။ နိုင်ငံအများစုတွင် ဆပ်ပြာနှင့် လက်ဆေးနှုန်းမှာ အလွန်နည်းပါသည်။ 2015 ခုနှစ်၌ နိုင်ငံပေါင်း 54 နိုင်ငံတွင် လက်ဆေးမှု လေ့လာချက်အရ အိမ်ထောင်စုပေါင်း 38.7% ခန့်က ဆပ်ပြာနှင့် လက်ဆေးခြင်းကို ကျင့်သုံးသည်ဟု သိရသည်။ 2014 လေ့လာမှုအရ ဆော်ဒီ အာရေးဘီးယားတွင် 97 ရာခိုင်နှုန်းနှင့် အမြင့်ဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက 77 ရာခိုင်နှုန်းဖြင့် အလယ်အဆင့်ရှိကာ တရုတ်နိုင်ငံက 23 ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံး ဖြစ်သည်။ အရေးအကြီးဆုံး အချိန်တွင် ဆပ်ပြာနှင့် လက်ဆေးခြင်း အပြုအမူကို တိုးတက်လာစေရန် အပြုအမူပြောင်းလဲရေး နည်းလမ်းများစွာကို ဖော်ဆောင်ထားသည်။ ကလေးများ၏ အပြုအမူများတွင် လက်ဆေးခြင်းကို ပုံမှန်အပြုအမူအဖြစ်သို့ ပြောင်းပေးရန် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကျောင်းများတွင် တစ်နေ့တာအတွင်း သတ်မှတ်အချိန်များ ကလေးများကို အုပ်စုဖွဲ့၍ လက်ဆေးစေခြင်းမှာ နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပညာရေး ဌာနက အကောင်အထည်ဖော်သော “မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်” သည် ကလေးများ၏ ကျန်းမာရေးနှင့် ပညာရေးကို မြင့်တင်သည့် ကြီးမားသော လုပ်ဆောင်မှု နမူနာတစ်ခု ဖြစ်သည်။ တစ်နှစ် နှစ်ကြိမ်သံချခြင်း၊ နေ့စဉ်လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်းဖြင့် ဖြည့်စွက်ခြင်း၊ ဖလိုရိုက်သွားတိုက်ဆေးဖြင့် နေ့စဉ်သွားတိုက်ခြင်း သည် ဤအမျိုးသား အစီအစဉ်၏ ကျောရိုးဖြစ်သည်။ ၎င်းကို အင်ဒိုနီးရှားတွင်လည်း အောင်မြင်စွာ အကောင်အထည် ဖော်လျက် ရှိသည်။ အရေပြားမှ အဏုဇီဝပိုးမွှားများ ဖယ်ရှားခြင်းကို ရေတွင် ဆပ်ပြာ သို့မဟုတ် အဝတ်လျော်ဆပ်ပြာမှုန့် တို့က အားဖြည့်ပေးသည်။ ဆပ်ပြာတုံးများနှင့် ဆပ်ပြာမှုန့်များ၏ အဓိက လုပ်ဆောင်ချက်မှာ ပျော်ဝင်မှုတွင် အဟန့်အတားများကို လျှော့ချရန်နှင့် ပျော်ဝင်မှုကို တိုးမြှင့်စေရန် ဖြစ်ပါသည်။ သဘာဝမြေဆီလွှာ၏ အစိတ်အပိုင်းများဖြစ်သည့် အဆီနှင့် ပရိုတင်းတို့မှာ ရေတွင် အလွယ်တကူမပျော်ဝင်သဖြင့် ရေချည်း သက်သက်ဖြင့် ဆေးကြောခြင်းသည် အရေပြားကို ထိရောက်စွာ သန့်ရှင်းမပေးနိုင်ပါ။ သို့ရာတွင် ရှင်းလင်းခြင်းသည် သင့်တင့်လျောက်ပတ်သည့် ရေစီးဆင်းခြင်းက ပံ့ပိုးသည်.. ပြန်လည် အသုံးပြုနိုင်သည့် သဘာဝကြောင့် ဆပ်ပြာအခဲသည် ယခင် အသုံးပြုမှုမှ ရရှိလာသော ဘက်တီးရီးယားများကို သိမ်းဆည်းထားနိုင်သည်။ ရောဂါပိုးမွှားရှိထားသော ဆပ်ပြာခဲကနေ ဘက်တီးရီးယား ကူးပြောင်းမှုကို လေ့လာထားသည့် လေ့လာမှုအနည်းငယ်သည် ဘက်တီးရီးယားကို ဆပ်ပြာမြှုပ်ဖြင့် ဖယ်ရှားလိုက်၍ ကူးပြောင်းမှုမှာ ဖြစ်နိုင်ခြေမရှိဟု ကောက်ချက်ချပါသည်။ CDC က “ဆေးကြောခြင်းအတွက် လက်မသုံးရသော ဆပ်ပြာရည်ကို ပိုမို အသုံးပြုသင့်ကြောင်း” အကြံပြုထားသည်။ ကျန်းမာရေးအသိရှိသော ပြည်သူများအတွက် ဘတ်တီးရီးယားသေစေနိုင်သော ဆပ်ပြာများကို အထူးတလည် ကြော်ငြာထားသည်။ ယနေ့အထိ အကြံပြုထားသော ပိုးသတ်ဆေးများ သို့မဟုတ် သဘာဝအားဖြင့် ပဋိဇီဝဆေးများ ပီးသော ပိုးမွှားများအတွက် ရွေးချယ်ထားသော ပိုးသတ်ဆေးများ အသုံးပြုသည် အထောက်အထား မရှိသေးပေ။ သို့သော် ဘက်တီးရီးယားသေစေသော ဆပ်ပြာများတွင် ဇီဝရုပ်များ၏ ဒဏ်ခံနိုင်မှု အလွှာများစွာပါသည့် ထရိုင်ကလိုဆန်ကဲ့သို့သော သာမန် ဘက်တီးရီးယားတိုက်ထုတ်ရေး ပစ္စည်းများ ပါဝင်ပါသည်။ ထို့ကြောင့် ဘက်တီးရီးယားသေစေသော ဆပ်ပြာများအတွက် ပဋိဇီဝဆေး ခံနိုင်အားကို ရွေးချယ်မထားလျှင်ပင် ၎င်းတို့က သတ်မှတ်ထားသလို ထိရောက်နိုင်ခြင်း မရှိနိုင်ပါ။ ကြွေးချွတ်ပစ္စည်းနှင့် အရေပြား ကာကွယ်ပေးသော ပစ္စည်းအပြင် ခေတ်မီသော ဖော်စပ်နည်းများစွာတွင် pH ထိန်းညှိပစ္စည်းအဖြစ် အက်ဆစ်များ (အက်ဆီးတစ်အက်ဆစ်၊ အက်စကိုးဗစ် အက်ဆစ်၊ လက်တစ် အက်ဆစ်)၊ ဘက်တီးရီးယားပိုးမွှားသတ်နိုင်သော ဘင်ဇိုရစ် အက်ဆစ်နှင့် တခြား အရေပြားနူးညံ့ဆေးများ (ရှားစောင်းလက်ပတ်၊ ဗီတာမင်မျာ၊ ပူရှိန်း၊ အပင်အဆီအနှစ်များ ပါဝင်နိုင်ပါသည)်။ Oregon အများပြည်သူကျန်းမာရေး တက္ကသိုလ်မှ အလုံးစုံ စိစစ်ချက်အရ ဆပ်ပြာသပ်သပ်သည်လည်း ဖျားနာမှု ကာကွယ်ခြင်းနှင့် လက်များမှ ဘက်တီးရီးယားများကို ဖယ်ရှားရာတွင် ထရိုင်ကလိုဆန် ပါဝင်သည့် ဘက်တီးရီးယားသတ် ဆပ်ပြာများကဲ့သို့ သုံးစွဲသူများအတွက် အဆင်မီကြောင်းကို ဖော်ပြခဲ့ပါသည်။ လက်ဆေးခြင်းအတွက် အဆင်ပြေသည့် ရေပူသည် ဘက်တီးရီးယားကို သေစေနိုင်လောက်အောင် မပူပါ။ ဘက်တီးရီးယားများသည် ကိုယ်ခန္ဓာအပူချိန် (37°C) တွင် ပိုမို လျင်မြန်စွာ ကြီးထွားသည်။ သို့ရာတွင် အညစ်အကြေးများနှင့် ဘက်တီးရီးယားများကို ထိန်းသိမ်းထားသော သဘာဝ အဆီများကို ဖယ်ရှားရာတွင် နွေးသော ဆပ်ပြာရေသည် အေးသော ဆပ်ပြာရည်ထက် ပိုမို ထိရောက်မှု ရှိသည်။ သို့ရာတွင် အများကြိုက် ယုံကြည်မှုနှင့် ခြားနားစွာပင် သိပ္ပံဆိုင်ရာ လေ့လာမှုများက ရေနွေးကို အသုံးပြုခြင်းသည် လက်များတွင် အဏုဇီဝပိုးမွှားများ ရှိမှုကို လျော့ချရာတွင် မည်သို့မျှ သက်ရောက်မှု မရှိကြောင်း ပြသခဲ့သည်။ လက်သန့်စင်ဆေး သို့မဟုတ် လက်ပိုးသတ်ဆေးသည် ရေကိုအခြေမခံထားသည့် လက်သန့်စင်ဆေးရည် ဖြစ်သည်။ 1990 ခုနှစ်များ နောက်ပိုင်းနှင့် 21 ရာစု အစောပိုင်းများတွင် (အယ်ကိုဟော အခြေပြု လက်သုတ်၊ ပိုးသတ်ဆေး လက်သုတ်၊ သို့မဟုတ် လက်သန့်စင်ဆေးဟုလည်း အသိများခဲ့သည့်) ရေအခြေခံမဟုတ်သော အယ်ကိုဟော လက်သုတ် လက်သန့်ရှင်းရေး အေးဂျင့်များ သည် လူကြိုက်များလာခဲ့သည်။ အများစုမှာ အိုင်ဆိုပရိုပိုင်း အယ်ကိုဟော သို့မဟုတ် အီသနောတို့ကို ပျစ်ခဲစေသည့် အေးဂျင့်များဖြစ်သည့် ကာဘိုမာ (အေခရစ်လစ်အက်ဆစ် ပေါ်လီမာ) သုံး၍ ဂျယ်အဖြစ် သို့မဟုတ် ဂလစ်စရင်း ကဲ့သို့ ဟူမက်တန့် သုံး၍ အရည်အဖြစ် သို့မဟုတ် သုံးစွဲရာတွင်လွယ်ကူစေရန် နှင့် အယ်ကိုဟော၏ ခြောက်သွေ့လွယ်သော သက်ရောက်မှုကို လျော့နည်းစေရန် အမြှုပ်အဖြစ် ဖော်မြူလာထုတ်ထားသည်။ အားပျော့သော ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ဖြည့်စွက်ခြင်း သည် အဏုဇီဝပိုးမွှားများအား တိုက်ဖျက်သည့် လုပ်ဆောင်မှုကို ထပ်မံတိုးမြင့်စေသည်။ အနည်းဆုံး အယ်ကိုဟော 60 မှ 95% ပါသော လက်သန့်စင်ဆေးရည်များသည် ပိုးမွှားများကို သတ်ဖြတ်ရာတွင် ထိရောက်သည်။ အယ်ကိုဟော သုတ်လိမ်းသည့် သန့်စင်ဆေးရည်များသည် ဘက်တီးရီးယားများ၊ ဆေးဝါးအမြောက်အများပြီးသည့် ဘက်တီးရီးယားများ (MRSA နှင့် VRE)၊ တီဘီ၊ နှင့် (HIV၊ ရေယုံ၊ RSV၊ ရိုင်နိုဗိုင်းရပ်စ်၊ ဗက်ဆင်းနီးယား၊ တုတ်ကွေး၊ နှင့် အသည်းရောင် အပါအဝင်) ဗိုင်းရပ်စ်အချို့နှင့် ဖန်းဂပ်စ် မှိုများကို သတ်သည်။ အယ်ကိုဟော 70% ပါသော အယ်ကိုဟော သုတ်လိမ်း သန့်စင်ဆေးသည် သုတ်လိမ်းပြီး စက္ကန့် 30 အကြာတွင် လက်များပေါ်ရှိ ဘက်တီးရီးယားများကို 99.97% (3.5 လော့ လျော့နည်းမှု သို့မဟုတ် 35 ဒက်ဆီဘယ်လျော့နည်းမှု) သေစေပြီး သုတ်လိမ်းပြီး 1 မိနစ် ကြာသောအခါ လက်များပေါ်ရှိ ဘက်တီးရီးယားများကို 99.99% မှ 99.999% အထိ (4 မှ 5 လော့ လျော့နည်းမှု) သေစေသည်။ လက်သန့်ဆေးရည်များသည် ဘက်တီးရီးယားများအတွက် အများဆုံး ထိရောက်ပြီး အချို့သော ဗိုင်းရပ်စ်များအတွက် ထိရောက်မှုနည်းပါးသည်။ ကူးစစ်တတ်သော အစာအိမ်နှင့်အူရောင်ရမ်းနာ အများဆုံးဖြစ်စေသည့် နိုရိုဗိုင်းရပ်စ် (သို့မဟုတ် နော်ဝေါ့) အမျိုးအစား ဗိုင်းရပ်စ်များအတွက် အရက်ပြန်အခြေခံသည့် လက်သန့်ဆေးရည်များမှာ လုံးဝနီးပါး ထိခိုက်ရောက်မှ မရှိပါ။ လက်နှစ်ဖက်စလုံး လုံလောက်စွာ စိုစွတ်မှုရှိရန် သို့မဟုတ် သန့်ရှင်းရန် လက်သန့်ဆေးရည်များ သို့မဟုတ် အရက်ပြန် လုံလုံလောက်လောက်ဖြင့် ပွတ်တိုက်မှုကို အသုံးပြုရမည်။ လက်များ၏ အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ဘက်စလုံး နှင့် လက်ချောင်းများအားလုံး၏ အကြားနှင့် ထိပ်ဖျားများကို အကြမ်းအားဖြင့် စက္ကန့် 30 ခန့် အရည်၊ အမြှုပ် သို့မဟုတ် ဂျဲ ခြောက်သွေ့သည်အထိ ပွတ်တိုက်ပေးသည်။ လက်ဖဝါးနှစ်ဖက်လုံးဖြင့် ပွတ်တိုက်ပေးခြင်းဖြင့် လက်ချောင်းထိပ်များကိုလည်း ဆေးကြောပါမည်။ US ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာသည် လက်များ သိသိသာသာ ညစ်ပေနေသည့်အခါ၊ လက်သန့်ဆေးရည်ဖြင့် ပွတ်တိုက်သန့်ရှင်းခြင်းအစား လက်ဆေးရန် အကြံပြုထားပါသည်။ ဤဆေးရည်ကို ပိုမို သုံးစွဲလားခြင်းမှာ အသုံးပြုရလွယ်ကူခြင်းနှင့် အဏုဇီ၀ပိုးမွှားများကို လျင်မြန်စွာ သတ်ဖြတ်နိုင်သော လုပ်ဆောင်မှုအပေါ် အခြေခံသည်။ သို့ရာတွင် ယင်းကို ရရှိနိုင်ပါက မှန်ကန်သော ရေနှင့် ဆပ်ပြာဖြင့် ဆေးကြောခြင်းကို အစားထိုးလဲလှယ်ခြင်း မပြုသင့်ပေ။ ဆေးရည်များတွင် ပျော့စေသောပစ္စည်းများ နှင့်/သို့မဟုတ် အရေပြား အစိုဓာတ်ထိန်းပစ္စည်းများကို မထည့်ပါက အရက်အခြေခံသည့် လက်သန့်ဆေးရည်များကို မကြာခဏ အသုံးပြုခြင်းက အရေပြား ခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါသည်။ ဆေးစပ်ဖော်မြူလာတွင် အလှဆီ နှင့်/သို့မဟုတ် အခြားအရေပြားနူးညံ့ဆေးရည်များ ပေါင်းထည့်ခြင်းဖြင့် အရက်ပြန်၏ ‌အသားအရေ ခြောက်သွေ့စေသည့် အာနိသင်ကို လျှော့ချနိုင် သို့မဟုတ် ဖယ်ရှားနိုင်သည်။ ဆေးကုသမှုဆိုင်ရာစမ်းသပ်မှုများ၌၊ အရေပြားကိုပျော့ပြောင်းစေသည့်အရာများပါဝင်သည့် အရက်ကိုအခြေခံသောလက်သန့်ဆေးရည်များသည် ဆပ်ပြာ သို့မဟုတ် ဘက်တီးရီးယားကိုဆန့်ကျင်သောချေးချွတ်ဆေးများထက် အများအပြားပို၍နည်းပါးသော အရေပြားယားယံခြင်းနှင့် ခြောက်သွေ့ခြင်းကို ဖြစ်စေပါသည်။ ထိတွေ့ ဓါတ်မတည့်မှု အရေပြားယောင်ခြင်း၊ ထိတွေ့မှု အရည်ကြည်ဖု ရောဂါလက္ခဏာစု သို့မဟုတ် အယ်ကိုဟော အပေါ် တုန့်ပြန်မှုလွန်ခြင်း သို့မဟုတ် အယ်ကိုဟော လက်သုတ်ဆေးများ အပေါ် စွဲလမ်းခြင်းများမှာ ဖြစ်ပေါ်ခဲသည်။ ဆပ်ပြာနှင့် ရေတို့ဖြင့် လက်ဆေးခြင်းနှင့်ယှဉ်လျှင် ကသိကအောက်ဖြစ်စေသော ထိတွေ့မှုကြောင့်ဖြစ်သည့် အရေပြားရောင်အန်းနာ ဖြစ်ပွားမှုနည်းပါးခြင်းက စိတ်ဝင်စားစရာဖြစ်လာပါသည်။ ယင်းတို့က ထိရောက်မှုရှိသော်လည်း ရေမဟုတ်သည့် သန့်စင်ရည်များသည် လက်များကို သက်ရှိပစ္စည်းများ ကင်းစင်သွားစေခြင်း မရှိပါ၊ သို့သော် လက်များကို ရိုးရှင်းစွာ ပိုးသတ်ပေးသည်။ ၎င်းမှာ ရောဂါဖြစ်စေသောပစ္စည်းများသည် လက်များတွင် ဆက်လက်၍ ကျန်နေသောကြောင့် လက်သန့်ဆေးရည်များသည် ရောဂါပစ္စည်းများ၏ ပျံ့နှံ့မှုကို ကာကွယ်ရာတွင် ဆပ်ပြာနှင့် ရေတို့ကဲ့သို့ ထိရောက်မှုမရှိခြင်း အကြောင်းရင်းအတွက် ဖြစ်သည်။ အယ်ကိုဟော မပါဝင်သော လက်သန့်စင်ဆေး၏ ထိရောက်မှုသည် ပါဝင်သော ပစ္စည်းများနှင့် ပေါင်းစပ်မှု ဖော်မြူလာအပေါ် များစွာ တည်မီနေပြီး သမိုင်းကြောင်းအရ အယ်ကိုဟောနှင့် အယ်ကိုဟော သုတ်ဆေးများ၏ စွမ်းဆောင်မှုအောက် သိသာစွာ နိမ့်ကျသည်။ မကြာသေးမီက ဘင်ဇဲလ်ကိုနီယမ် ကလိုရိုဒ် (benzalkonium chloride) အသုံးပြုသော ဖော်မြူလာများသည် ထပ်ကာ အသုံးပြုပြီးနောက်တွင် တိုးပွားလာသော ဘေးထွက် အရေပြားဓါတ်ပြုမှုများကြောင့် ဖြစ်နိုင်ချေရှိသည့် ထိရောက်မှု ကျဆင်းလာသော အယ်ကိုဟော နှင့်မတူပဲ အသုံးပြုပြီးပါက တသမတ်တည်းရှိပြီး ပေါင်းစု၍ ပိုးမွှားတိုက်ခိုက်သည့် လုပ်ဆောင်ချက်ကို ပြသသည်။ ဝင်ငွေနည်းပါးသောအသိုက်အဝန်းများရှိလူများစွာသည် ဆပ်ပြာဝယ်ရန် တတ်နိုင်ခြင်းမရှိဘဲ ၎င်းအစား ပြာ သို့မဟုတ် မြေကြီးကို သုံးကြပါသည်။ ရေချည်းသက်သက်ထက်စာလျှင် ပြာ သို့မဟုတ် မြေကြီးက ပို၍ ထိရောက်နိုင်သော်လည်း ဆပ်ပြာလောက် ထိရောက်မှု မရှိပါ။ စိတ်ပူပန်စရာတစ်ခုမှာ မြေကြီး သို့မဟုတ် ပြာသည် အလွန်သေးငယ်သောဇီဝရုပ်များဖြင့် ညစ်ညမ်းနေပါက ၎င်းသည် ရောဂါကိုလျှော့ချပေးရမည့်အစား ရောဂါပျံ့ပွားမှုကို တိုးပွားစေနိုင်ခြင်း ဖြစ်ပါသည်။ ဆပ်ပြာကဲ့သို့ပင် ပြာသည်လည်း ရောဂါပိုးသေစေသော အေးဂျင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေနှင့် ထိတွေ့သည့်အခါ ယင်းသည် အယ်ကာလီ အရည်များ ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ဆပ်ပြာ မရနိုင်သော အခါ ဆပ်ပြာအစား ပြာနှင့် သဲတို့ကို အသုံးပြုရန် WHO က အကြံပြုသည်။ အမေရိကန်ပြည်ထောင်စုရောဂါများ ကူးစက်မှု တားဆီးရေးအတွက် ရောဂါထိန်းချုပ်ရေး စင်တာများ (US Centers for Disease Control) က အကြံပြုထားသော မှန်ကန်သော လက်ဆေးနည်းတွင် အောက်ပါ အဆင့်များ ပါဝင်သည်။ စီးဆင်းနေသော ရေနွေး သို့မဟုတ် ရေအေးဖြင့် လက်များကို စိုစွတ်အောင်လုပ်ပါ။ မတ်တပ် လက်ဆေးဇလုံများမှာ ညစ်ညမ်းနေနိုင်သောကြောင့် ရေအပူချိန် ခြားနားချက် မရှိပါက အဆက်မပြတ်စီးကျနေသော‌ရေကိုသာ အသုံးပြုရန် အကြံပြုထားသည်။ လက်များကို လက်ဖမိုး၊ လက်ချောင်းများကြားနှင့် လက်သည်းအောက်များပါမကျန် ဆပ်ပြာများများဖြင့် အမြှုပ်ထွက်အောင် ပွတ်တိုက်ဆေးကြောပါ။ ဆပ်ပြာသည် အရေပြားမှပိုးမွှားများကိုဖယ်ရှားပေးပါသည်၊ ရေသက်သက်ဖြင့်မဟုတ်ဘဲ ဆပ်ပြာကိုပါသုံး၍ လက်ဆေးသည့်အခါ လူများသည် ၎င်းတို့၏လက်များကို ပို၍စေ့စပ်စွာဆေးကြောလိုလာကြသည်ဟု လေ့လာမှုများတွင် ပြသပါသည်။ အနည်းဆုံး စက္ကန့် 20 ပွတ်တိုက်၍ ဆေးကြောပါ။ တိုက်ချွတ်ခြင်းက ပွတ်အားဖြစ်စေသောကြောင့် အရေပြားပေါ်ရှိ ပိုးမွှားများကို ဖယ်ရှားပေးပြီး အချိန်ကြာမြင့်စွာ တိုက်ချွတ်ခြင်းက ပိုးမွှားများကို ပို၍ ဖယ်ရှားပေးနိုင်ပါသည်။ အဆက်မပြတ်စီးကျနေသော‌ရေဖြင့် သေချာဆေးကြောပါ။ လက်ဆေးဇလုံတွင် လက်ဆေးခြင်းက လက်များကို ပြန်လည်ညစ်ညမ်းစေနိုင်ပါသည်။ သန့်စင်သော ပုဝါဖြင့် ခြောက်သွေ့အောင် သုတ်ပါ သို့မဟုတ် လေသလပ်ပြီး အခြောက်ခံပါ။ စိုနေသောလက်များ နှင့် အစိုဓာတ်ရှိသော လက်များမှာ ပိုးမွှားဖြင့် ညစ်ညမ်းလွယ်ပါသည်။ သာမန်အားဖြင့် အများဆုံး ကျန်ခဲ့တတ်သော နေရာများမှာ လက်မ၊ လက်ကောက်ဝတ်၊ လက်ချောင်းကြားများနှင့် လက်သည်းအောက်များ ဖြစ်သည်။ လက်သည်းတုနှင့် ကွာနေသော လက်သည်းဆိုးဆေး များသည် အနုဇီဝပိုးမွှားများကို သိုမှီးထားနိုင်သည်။ လက်များ ခြောက်သွေ့ မသွားအောင်ထားရန် အရေပြား စိုစွတ်စေသော လိမ်းဆေးရည်များကို မကြာခဏ အကြံပြုကြသည်။ အရေပြား ခြောက်သွေ့ခြင်းမှ အရေပြားပျက်စီးမှု ဖြစ်စေနိုင်ပြီး ယင်းကတဖန် ကူးစက်ရောဂါများ ပြန့်ပွားမှု အန္တရာယ်ကို တိုးမြင့်စေသည်။ "ဥပမာ - ချိတ်ဆွဲထားသော လေးထောင့်ရေပုံး သို့မဟုတ် သင့်လျော်သောအရွယ် အပေါက်များပါသည့် ဘူးသီးခြောက်မှ ရေလောင်းချခြင်း နှင့်/သို့မဟုတ် လိုအပ်ပါက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြာကိုအသုံးပြုခြင်းတို့ဖြင့် ဘုံပိုင်ရေ နှင့်/သို့မဟုတ် ဆပ်ပြာကို မရရှိနိုင်သည့်နေရာများတွင် လက်ဆေးခြင်းကို လုပ်ဆောင်ရန် အမျိုးမျိုးသော ကုန်ကျစရိတ်နည်းပါးသည့် ရွေးချယ်မှုများကို ပြုလုပ်နိုင်ပါသည်။ ရေအထောက်အပံ့ ကန့်သတ်မှုရှိသည့် အခြေအနေများ (ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကျောင်းများ သို့မဟုတ် ကျေးလက်ဒေသများကဲ့သို့) တွင် 'တစ်ပီ တက်ပ်များ"" နှင့် အခြား စျေးသက်သာသည့် ရွေးချယ်စရာများကဲ့သို့သော ရေချွေတာရေး ဖြေရှင်းချက်များရှိပါသည်။" တစ်ပီတက်ပ် ဆိုသည်မှာ ရေတကောင်းတစ်ခုကို ကြိုးဖြင့် ဆွဲထားပြီး ခြေနင်းမောင်းတန်ဖြင့် ရေပမာဏ အနည်းငယ်ကို လက်နှင့် ဆပ်ပြာပေါ်သို့ လောင်းချပေးသော ရိုးရှင်းသည့် နည်းပညာ ဖြစ်သည်။ ထိရောက်သော လက်ခြောက်သွေ့စေခြင်းသည် လက်သန့်ရှင်းရေး လုပ်ငန်းစဉ်တွင် မရှိမဖြစ် အစိတ်အပိုင်းဖြစ်သော်လည်း အများနှင့် ဆိုင်သော အိမ်သာများတွင် ခြောက်သွေ့အောင်လုပ်သည့် ထိရောက်မှု အမြင့်ဆုံး ပုံစံနှင့် ပတ်သက်၍ ငြင်းခုန်နေကြဆဲဖြစ်သည်။ လက်သုတ်စက္ကူများသည် သန့်စင်ခန်းများစွာတွင် တွေ့ရသည့် လျှပ်စစ်လက်အခြောက်ခံစက်များထက် ပို၍ သန့်ရှင်းကြောင်း သုတေသန ပမာဏကများစွာက အကြံပြုပါသည်။ 2008 ခုနှစ်တွင် တစ်ရှူးစက္ကူ၊ လေပူ လက်အခြောက်ခံစက်များနှင့် ပိုမိုခေတ်မီသည့် လေမှုတ် လက်အခြောက်ခံစက်များ၏ ရောဂါကာကွယ်နိုင်မှုအတွက် သန့်ရှင်းရေးအဆင့်များကို နှိုင်းယှဉ်ရန် တစ်ရှူးစက္ကူ ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် European Tissue Symposium မှ အကုန်ကျခံပေးသည့် လေ့လာမှုတစ်ရပ်ကို လန်ဒန်၊ ဝက်စ်မင်စတာတက္ကသိုလ်က ပြုလုပ်ခဲ့သည်။ လက်ဆေးပြီး လေပူအခြောက်ခံစက်ဖြင့် လက်များကို အခြောက်ခံပြီးနောက် လက်ချောင်းအပေါ်တွင် စုစုပေါင်း ဘက်တီးရီးယား အရေအတွက်မှာ ပျမ်းမျှ 194% တိုးလာပြီး လက်ဖဝါးများပေါ်တွင် 254% တိုးပွားလာပါသည်။ လေမှုတ်ခြောက်သွေ့စက်ဖြင့် ခြောက်သွေ့စေခြင်းသည် စုစုပေါင်း ဘက်တီးရီးယား အရေအတွက်မှာ ပျမ်းမျှခြင်းအားဖြင့် လက်ချောင်းများတွင် 42% နှင့် လက်ဖဝါးများတွင် 15% ပိုများလာစေသည်။ လက်များကို ဆေးကြောပြီးနောက် စက္ကူလက်သုပ်ပဝါဖြင့် သုတ်ပြီးနောက်တွင် စုစုပေါင်း ဘက်တီးရီးယား အရေအတွက်သည် ပျမ်းမျှ အားဖြင့် လက်ချောင်းများ ပေါ်တွင် 76 % နှင့် လက်ဖဝါးများပေါ်တွင် 77 % အထိ လျော့ကျသွားသည်။ သိပ္ပံပညာရှင်များက ခြောက်သွေ့အောင် လုပ်သော နည်းလမ်းတစ်ခုစီသည် အခြားသန့်စင်ခန်း အသုံးပြုသူများနှင့် သန့်စင်ခန်းဝန်းကျင်ဆီသို့ ပိုးပျံ့နှံ့တွယ်ကပ်နိုင်ခြေ ရှိမရှိ အတည်ပြုနိုင်ရန် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။ 180 m/s (650 km/h၊ 400 mph) နှုန်းဖြင့် စက်တွင်းမှ လေပြင်းမှုတ်ထုတ်ပေးသော လက်အခြောက်ခံစက်သည် လက်များ နှင့် စက်တွင်းမှ အနုဇီဝပိုးများကို အခြားသော သန့်စင်ခန်းအသုံးပြုသူများနှင့် သန့်စင်ခန်းပတ်ဝန်းကျင်သို့ အများဆုံး 2 မီတာ အဝေးအထိ လွင့်သွားအောင် မှုတ်ထုတ်နိုင်စွမ်းရှိပါသည်။ လေနွေးမှုတ် လက်ခြောက်သွေ့စက်များ အသုံးပြုခြင်းသည် ခြောက်သွေ့စက်မှ 0.25 မီတာအထိ အဏုဇီဝပိုးမွှားများကို ပြန့်နှံ့စေသည်။ လက်သုတ်စက္ကူများတွင် အနုဇီဝသက်ရှိများ သိသိသာသာ ကူးစက်မှု မရှိပါ။ 2005 တွင် TÜV Produkt und Umwelt က ဆောင်ရွက်ခဲ့သည့် သုတေသန၌ လက်အခြောက်ခံ နည်းလမ်းအမျိုးမျိုးကို အကဲဖြတ်လုပ်ဆောင်ခဲ့သည်။ လက်အခြောက်ခံပြီးနောက် အောက်ပါ ဘက်တီးရီးယား အရေအတွက် ပြောင်းလဲမှုများကို တွေ့မြင်ခဲ့ရပါသည်- မတူညီသော လက်အခြောက်ခံစက်ထုတ်လုပ်သူများစွာ ရှိနေပြီး၊ လက်သုတ်စက္ကူများဖြင့် လက်အခြောက်ခံခြင်းနှင့် လက်အခြောက်ခံစက်များကို နှိုင်းယှဉ်ထားပါသည်။ လက်သန့်ဆေးရည်ကို အသုံးပြု၍ လက်သန့်ရှင်းခြင်းက ဆပ်ပြာနှင့် ရေ မရနိုင်သည့် ခရီးသွားနေစဉ် အသုံးတည့်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အယ်ကိုဟော အခြေပြု လက်သန့်စင်ဆေးတွင် အနည်းဆုံး အယ်ကိုဟော 60% ပါဝင်ရန် လိုအပ်သည်။ ဆေးရုံပတ်ဝန်းကျင်တစ်ခုတွင် ရောဂါကာကွယ်ရာ၌ လက်ဆေးခြင်း၏ အကျိုးသက်ရောက်နိုင်မှုကို ဟန်ဂေရီလူမျိုး ဆရာဝန် Ignaz Semmelweis မှ(1846 ခုနှစ်တွင်) ရှာဖွေတွေ့ရှိခဲ့သည့်နောက် ကာလများစွာကြာကတည်းက ဆေးကုသမှုနယ်ပယ်တွင် လက်ဆေးခြင်းမှာ မဖြစ်မနေလုပ်ရသည့်အရာ ဖြစ်လာခဲ့ပါသည်။ ဆေးရုံဝန်ထမ်းများ လက်ဆေးရန် မေ့နေချိန်တွင် သတိပေးရန် တုံ့ပြန်မှု ပေးနိုင်သည့် အီလက်ထရွန်နစ် စက်များ ရှိပါသည်။ ၎င်းတို့ကို အသုံးပြု၍ ကူးစက်နှုန်းများ လျော့ကျကြောင်းကို လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့ပါသည်။ ဆေးဘက်ဆိုင်ရာ လက်ဆေးခြင်းမှာ အနိမ့်ဆုံး ၁၅ စက္ကန့်ကြာအောင် ဆပ်ပြာနှင့် ရေ ဖောဖောသီသီသုံး၍ သို့မဟုတ် ဂျယ် ကို အရေပြားပေါ်မှာ အသုံးပြု၍ လက်များ၏ အစိတ်အပိုင်း တစ်ခုချင်းစီကို ပွတ်တိုက်ခြင်း ဖြစ်သည်။ လက်များကို လက်ချောင်းများကိုယှက်ပြီး ပွတ်တိုက်ဆေးသင့်ပါသည်။ လက်သည်းများအောက်တွင် အပျက်အစီးများ ရှိပါက ယင်းတို့ကို ဖယ်ရှားရန် ဘရစ္စတယ် ဘရပ်ရှ်များ သုံးနိုင်သည်။ ပိုးမွှားများသည် လက်များပေါ်မှ ရေအတွင်း ကျန်ရှိနိုင်ရာ ရေကို စင်အောင် ခါထုတ်ပြီး သန့်စင်သော ပုဝါဖြင့် ခြောက်သွေ့အောင် သုတ်ရန် အရေးကြီးသည်။ အခြောက်ခံပြီးနောက်၊ ရေပိတ်ရန် (နှင့် လိုအပ်ပါက ထွက်ပေါက်တံခါးတစ်ခုခုကိုဖွင့်ရန်) လက်သုတ်စက္ကူကို အသုံးပြုသင့်ပါသည်။ ၎င်းက ထိုမျက်နှာပြင်များမှ လက်သို့ ပြန်လည် ကူးစက်ရောက်ရှိမှုကို ကာကွယ်ပေးသည်။ "ကျန်းမာရေးစောင့်ရှောက်မှု အလုပ်ရုံတွင် လက်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ ရောဂါဖြစ်စေသော အနုဇီဝသက်ရှိများ (""ရောဂါပိုးမွှားများ"") ကို ဖယ်ရှားရန်နှင့် ၎င်းတို့ ကူးစက်မှုကို ရှောင်ကြဉ်ရန် ဖြစ်သည်။" နယူးအင်္ဂလန် ဆေးဘက်ဆိုင်ရာဂျာနယ်က လက်ဆေးမှု အားနည်းခြင်းသည် ဆေးဘက်ဆိုင်ရာ ပတ်ဝန်းကျင် အများစုတွင် လက်သင့်မခံနိုင်လောက်သည့် အဆင့်အဖြစ် ဆက်လက် ရှိနေသော်လည်း လူနာကို ထိတွေ့ကိုင်တွယ်ခြင်းမလုပ်မီ ဆရာဝန်နှင့် သူနာပြု အရေအတွက် အများအပြားသည် သူတို့ လက်များကို ဆေးကြောရန် မေ့ကြပြီး အဏုဇီဝ ပိုးမွှားများကို ကူးစက်စေကြောင်း ရေးသားထားသည်။ သင့်လျော်သောလက်ဆေးခြင်းနှင့် အခြားသော ရိုးရှင်းသည့်လုပ်ငန်းစဉ်များသည် ကတ်သီတာနှင့်ဆက်စပ်နေသည့် သွေးတွင်းကူးစက်မှုနှုန်းကို 66 ရာခိုင်နှုန်း လျှော့ချနိုင်သည်ဟု လေ့လာမှုတစ်ခုတွင် ပြသခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် စံနှုန်းမီသော လက်ဆေးခြင်းနှင့် လက်ကိုပွတ်ခြင်းတို့အား သရုပ်ပြထားသည့်စာရွက်ကို ဖြန့်ဝေထားပါသည်။ အဖွဲ့အစည်း၏ လက်သန့်ရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်အကြမ်းကိုလည်း အများပြည်သူဝေဖန်မှတ်ချက်ပေးနိုင်ရန်အတွက်လည်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်။ သက်ဆိုင်သော သုံးသပ်မှုကို Whitby et al က လုပ်ဆောင်ခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လေးစားလိုက်နာမှုကို လက်တွေ့လိုက်နာမှု လိုအပ်ပါက စီးပွားဖြစ်ရောင်းချသော စက်များက လက်သန့်ရှင်းရေးကို တိုင်းတာပေးနိုင်ပြီး အတည်ပြုပေးနိုင်ပါသည်။ "ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက လက်ဆေးခြင်းအတွက် ""အခိုက်အတန့် ငါးခု"" သတ်မှတ်ထားသည်-" သွေး/ကိုယ်တွင်းအရည်များနှင့် ထိတွေ့ပြီးနောက် ရောဂါပိုးမရှိသောလုပ်ဆောင်ချက်မတိုင်မီ၊ နှင့် လူနာကို ပြုစုစောင့်ရှောက်ပြီးနောက်။ ဆပ်ပြာအပြင် နောက်ထပ် ပိုးသတ် ဓါတုပစ္စည်းများ (“ဆေးဝါးပါဝင်သည့်” သို့မဟုတ် “အနုဇီဝပိုးမွှား ဆန့်ကျင်သော” ဆပ်ပြာများ) သည် လက်သန့်စင်ဆေးအပေါ်တွင် ပိုးသတ်သည့် လုပ်ဆောင်မှု ထပ်ဆောင်းပေးအပ်သည်။ ပဋိဇီဝဆေးပြီးသော အဏုဇီဝပိုးမွှားများများပြားနေသည့် အနေအထားတွင် သို့မဟုတ် ခွဲစိတ်မှု လုပ်ဆောင်ခြင်း မပြုမီတွင် ထိုကဲ့သို့ သတ်ဖြတ်သည့် လုပ်ငန်းကို လိုအပ်သည်။ ခွဲစိတ်မှု လုပ်ဆောင်ခြင်းအတွက် တစ်ဦးတစ်ယောက်၏ လက်ကို “သုတ်လိမ်း” ရာတွင် လက်ဖြင့် မထိတွေ့ရပဲ အလိုအလျောက် လာသည့် ပိတ်သည့် ရေပိုက်ခေါင်း၊ ကလိုဟက်ဆီဒင်း သို့မဟုတ် အိုင်အိုဒင်း ဆေးကြောမှု၊ ဆေးကြောပြီး ခြောက်သွေ့စေရန်အတွက် ပိုးသတ်ထားသော လက်သုတ်ပုဝါနှင့် ပွတ်တိုက်ရန်အတွက် ပိုးသတ်ထားသည့် ဘရတ်ရှ် နှင့် လက်သည်းများအောက်တွင် သန့်ရှင်းရန်အတွက် နောက်ထပ် ပိုးသတ်ထားသော ကိရိယာတို့ မရှိမဖြစ်လိုအပ်သည်။ လက်ဝတ်လက်စားအားလုံးကို ချွတ်ထားသင့်ပါသည်။ ဤလုပ်ထုံးက တံတောင်ဆစ်အထိ လက်များနှင့် လက်ဖျံများကို အများအားဖြင့် 2-6 မိနစ်ကြာ ဆေးကြောခြင်း လိုအပ်ပါသည်။ ကြာကြာတိုက်ချွတ်မှု (10 မိနစ်) ကို မလိုအပ်ပါ။ ဆေးကြောချိန်တွင် လက်ဖျံများပေါ်ရှိ ရေ လက်များပေါ်သို့ ပြန်စီးဆင်းလာခြင်း မဖြစ်အောင် ရှောင်ကြဉ်ရမည်။ လက်ဆေးခြင်းပြီးစီးသည့်နောက်၊ လက်များကို ပိုးသတ်ထားသောအဝတ်ဖြင့် အခြောက်ခံကာ ခွဲစိတ်ခန်းသုံးဝတ်စုံကို ဝတ်ဆင်ပါ။ ရောဂါပိုးမွှားများ ကူးစက်မှုကို လျှော့ချရန်အတွက်၊ ဖျားနေသူကို မပြုစုမီနှင့် ပြုစုပြီးနောက် လက်ဆေးရန် သို့မဟုတ် လက်သန့်စင်ဆေးရည်ကို အသုံးပြုသင့်ပါသည်။ ဆေးရုံများတွင် စတက်ဖိုင်လိုကော့ကယ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးအတွက် လက်ဆေးခြင်း၏ အကောင်းဆုံး အကျိုကျေးဇူးသည် ဆေးကြောမှု၏ ပထမဆုံး 20% ကနေ ဖြစ်လာပြီး အလွန်နည်းပါးသော ထပ်တိုး အကျိုးခံစားခွင့်သည် လက်ဆေးမှုအကြိမ်ရေကို 35% ကျော် တိုးမြှင့်ချိန်တွင် ရရှိခဲ့သည်ဟု တွေ့ရှိရပါသည်။ ဘက်တီးရီးယားဆန့်ကျင်သော ဆပ်ပြာနှင့် ဆေးခြင်းနှင့် နှိုင်းယှဉ်ပါက ရိုးရိုးဆပ်ပြာနှင့် ဆေးခြင်းသည် အစားအစာများသို့ ဘက်တီးရီးယား ကူးစက်ရောဂါ ကူးစက်မှု နှုန်း သုံးဆ ပိုမို မြင့်မားသည်။ လက်ကို အယ်ကိုဟော အခြေပြုအရည်များဖြင့် ပွတ်တိုက်ခြင်းနှင့် ဘက်တီးရီးယား ဆန့်ကျင်သော ဆပ်ပြာဖြင့် အလယ်အလတ် အချိန် စက္ကန့် 30 ဆေးကြောခြင်းကို နှိုင်းယှဉ်ပါက ဘက်တီးရီးယား ဆန့်ကျင်သော ဆပ်ပြာနှင့် ဆေးခြင်းထက် အယ်ကိုဟောအရည်နှင့် လက်ပွတ်တိုက်ခြင်းက ဘက်တီးရီးယား ပါဝင်မှုကို 26% ပိုမို လျော့နည်းစေသည်။ လက်များမှ H1N1 တုပ်ကွေးရောဂါ A (H1N1 influenza A) ဗိုင်းရပ်စ်နှင့် ဝမ်းပျက်ခြင်းကိုဖြစ်စေသော ကလို့စ်ရီဒီယံဗိုင်းရပ်စ်များ (Clostridium difficile) အရေအတွက်ကို လျှော့ချခြင်းအတွက် ဆပ်ပြာနှင့်ရေတို့ဖြင့် လက်ဆေးခြင်းမှာ အရက်ကိုအခြေခံသော လက်သန့်စင်အရည်များထက် ပို၍ထိရောက်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနေရာများတွင် လက်သန့်ရှင်းရေးကိုမြှင့်တင်ရန်ဆောင်ရွက်ချက်များ၌ ဝန်ထမ်းများကို လက်ဆေးခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အရက်ကိုအခြေခံသည့် လက်သန့်စင်အရည်များရရှိနိုင်မှုကို တိုးမြှင့်ပေးခြင်းနှင့် ဝန်ထမ်းများထံ စာဖြင့် နှင့် နှုတ်ဖြင့် သတိပေးခြင်းတို့ ပါဝင်နိုင်ပါသည်။ မတူညီသောကျန်းမာရေးစောင့်ရှောက်ကုသမှုနေရာများ၌ ထိုဆောင်ရွက်ချက်များတွင် အထိရောက်ဆုံးသောအရာကို ပိုမိုစူးစမ်းလေ့လာရန် လိုအပ်နေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆပ်ပြာနှင့် လက်ဆေးခြင်းကို ကုန်ကျစရိတ်သက်သာပြီး ကျန်းမာရေးကောင်းမွန်စေခြင်းနှင့် အာဟာရ ကောင်းမွန်ခြင်းအတွက်ပါ အလွန်အရေးပါသော နည်းလမ်းအဖြစ် အသိအမှတ်ပြုထားသည်။ သို့သော် လူနေအိမ်များ၊ ကျောင်းများနှင့် အလုပ်ခွင်တွင် ရေ၊ ဆပ်ပြာ သို့မဟုတ် လက်သန့်ဆေးရည်ပစ္စည်းများ လုံလောက်စွာ မရနိုင်ခြင်းက တစ်ကမ္ဘာလုံးတွင် လက်ဆေးရေး အလေ့အထ ကျင့်သုံးလာရေးအတွက် အခက်အခဲ ဖြစ်နိုင်ပါသည်။ ဥပမာ၊ အာဖရိက ကျေးလက်ဒေသ အများစုတွင် လက်ဆေးကန်များကို တည်ဆောက်ရန်မှာ ကုန်ကျစရိတ်မများသည့် ရွေးချယ်စရာများရှိသော်လည်း ကိုယ်ပိုင် သို့မဟုတ် အများပြည်သူ သန့်စင်ခန်းအနီး၌ လက်ဆေးကန်များမှာ အလွန်ရှားပါးပါသည်။ သို့သော် လက်ဆေးနှုန်းနည်းခြင်းက ဆပ်ပြာ သို့မဟုတ် ရေမရှိခြင်းထက် ရှိရင်းစွဲ အလေ့အထများနှင့်သာ ပို၍ သက်ဆိုင်သည်ဟု ဆိုရပါမည်။ ဆပ်ပြာနှင့် လက်ဆေးခြင်းကို စည်းရုံးလှုံ့ဆော်ခြင်းနှင့် ထောက်ခံအားပေးခြင်းက မူဝါဒ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်သည်၊ လက်ဆေးခြင်း၏ အကျိုးကျေးဇူးများအကြောင်း ပို၍ သတိမူမိလာနိုင်ပြီး လူအများအတွက် ရေရှည် အပြုအမူ ပြောင်းလဲမှု ဖြစ်လာစေနိုင်ပါသည်။ ၎င်းထိရောက်စွာ အလုပ်ဖြစ်စေရန် စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်မှု လိုအပ်ပါသည်။ လေ့လာချက် 70 ကို စနစ်တကျ ပြန်လည်သုံးသပ်ချက်အရ LMICs (ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်တန်းစား နိုင်ငံများ) တွင် ရပ်ရွာလူထု အခြေပြုသည့် လုပ်ဆောင်ချက် နည်းလမ်းများသည် လက်ဆေးခြင်း အလေ့အထ ပိုမိုတွင်ကျယ်လာအောင် လုပ်ဆောင်ရာတွင် ထိရောက်မှုရှိပြီး လူမှုကွန်ရက် မားကတ်တင်း ကမ်ပိန့်ချ်များက ထိရောက်မှု နည်းပါးသည်ကို တွေ့ရှိခဲ့သည်။ ကျောင်းတွင်း လက်ဆေးခြင်း အလေ့အထ မြှင့်တင်ရေးအတွက် ဥပမာတစ်ခုမှာ အခြားတစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များအနက် ကျောင်းသားများ ၎င်းတို့၏ လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောစေရန် ရိုးရှင်း၍ အကုန်အကျသက်သာသည့် နည်းလမ်းများကို ကျောင်းများတွင် အသုံးပြုအောင် တိုက်တွန်းအားပေးသည့် UNICEF ၏ “ကြယ်သုံးပွင့် နည်းလမ်း” ဖြစ်သည်။ အနိမ့်ဆုံး စံနှုန်းများနှင့် ကိုက်ညီသည့်အခါ၊ ကျောင်းများသည် ကြယ်တစ်ပွင့်မှ အများဆုံး ကြယ်သုံးပွင့်အထိ ပြောင်းနိုင်သည်။ လက်ဆေးကြောသည့် နေရာများ တည်ဆောက်ခြင်း သည် ရောဂါများနှင့် ကလေးသေဆုံးမှု လျော့ကျစေရန်ရည်ရွယ် လုပ်ဆောင်သည့် လက်ဆေးမှု မြှင့်တင်ရေး လှုပ်ရှားမှု၏ အစိတ်အပိုင်းဖြစ်နိုင်သည်။ ကမ္ဘာ့လက်ဆေးရေးနေ့သည် အပြုအမူ ပြောင်းလဲရေး ဖြစ်မြောက်အောင်မြင်စေရန် ကြိုးပမ်းသည့် သတိမူမိရေးတိုးမြှင့်ပေးသော စည်းရုံးလှုံ့ဆော်မှု ဥပမာတစ်ခု ဖြစ်သည်။ 2019-20 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ၏ အကျိုးဆက်အဖြစ် UNICEF သည် လက်ဆေးရေး အီမိုဂျိ အသုံးပြုမှုကို ထောက်ခံအားပေးခဲ့သည်။ DALY များ ရှောင်ဖယ်ထားမှုဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လက်ဆေးခြင်း၏ အလုံးစုံ ကုန်ကျစရိတ် သက်သာမှုကို လေ့လာမှုအချို့က ထည့်စဉ်းစားခဲ့သည်။ သို့ရာတွင် သုံးသပ်ချက် တစ်ခုက လက်ကို ဆပ်ပြာနှင့် ဆေးခြင်းကို မြင့်တင်ခြင်းသည် အခြား ရေနှင့် သန့်စင်ခြင်းဆိုင်ရာ ဝင်ရောက်စွက်ဖက်ခြင်းများနှင့် နှိုင်းစာလျှင် သိသိသာသာ ပိုမို ဈေးသက်သာသည်။ လူသားကျန်းမာရေးအတွက် အထူးသဖြင့် မီးဖွားပြီးစ မိခင် သို့မဟုတ် ဆေးရုံရှိ ဒဏ်ရာရ စစ်သားများ ကဲ့သို့ ထိရှလွယ်သော အခြေအနေများတွင် ရှိသော လူများအတွက် လက်ဆေးခြင်းသည် အရေးကြီးကြောင်းကို တကိုယ်ရေ လက် သန့်ရှင်းရေး စဦးတီထွင်သူ နှစ်ဦးဖြစ်သည့် ဩစတီးယားနိုင်ငံ ဗီယင်နာတွင် အလုပ်လုပ်သည့် ဟန်ဂေရီလူမျိုး သမားတော် Ignaz Semmelweis နှင့် “ခေတ်ပေါ်သူနာပြုလုပ်ငန်း တည်ထောင်သူ” အင်္ဂလိပ်လူမျိုး Florence Nightingale တို့က 19 ရာစု အလယ်တွင် ပထမဦးဆုံး အသိအမှတ် ပြုခဲ့သည်။ ထိုအခါက ကူးစက်ခြင်းများမှာ စိတ်ပျက်ဖွယ်အနံ့ဆိုး (miasmas) ဟုခေါ်သည့် မကောင်းသည့်အနံ့အသက်များကြောင့် ဖြစ်ပွားရသည်ဟု လူအများစုက ယုံကြည်နေကြဆဲဖြစ်သည်။ 1980 ခုနှစ်များတွင် အစာမှ ကူးစက်သော ကူးစက်ရောဂါ ပြန့်ပွားမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ဆိုင်သော ကူးစက်ရောဂါများသည် အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာများကို ရောဂါကူးစက် ပြန့်နှံ့မှုကို ကာကွယ်ရန် အရေးကြီးသည့် နည်းလမ်းအဖြစ် လက်သန့်ရှင်းရေး ကို တက်ကြွစွာ ပိုမို တိုက်တွန်းစေခဲ့သည်။ 2009 ခုနှစ်တွင်ဖြစ်ပွားသော ဝက်တုပ်ကွေးနှင့် 2020 တွင်ဖြစ်ပွားသော COVID-19 တို့သည် ထိုသို့သော ကူးစက်တတ်သည့်ရောဂါများ၏ရန်မှ မိမိကိုယ်ကိုကာကွယ်ရန် လက်များကိုဆပ်ပြာနှင့်ဆေးကြောခြင်း၏ အရေးကြီးပုံကို နိုင်ငံများစွာတွင် သတိပြုမိမှု တိုးလာစေပါသည်။ ဥပမာ၊ ဂျာမနီနိုင်ငံရှိ အများသုံးသန့်စင်ခန်းများနှင့် ရုံးအဆောက်အအုံများ၏သန့်စင်ခန်းများနှင့် လေဆိပ်များတွင် လက်ဆေးသည့်ဘေစင်များ၏ဘေး၌ “မှန်ကန်သောလက်ဆေးခြင်းနည်းလမ်းများ” ပါရှိသော ပိုစတာများကို ချိတ်ဆွဲထားပါသည်။ “လက်ဆေးလိုက်သည်” ဟူသော စကားစု၏ ဆိုလိုရင်းမှာ တစ်စုံတစ်ယောက်က တစ်စုံတရာအတွက် တာဝန်ခံမှုကို ပြုလုပ်ရန် သို့မဟုတ် ယင်းအပေါ် ဝေမျှ ပါဝင်မှု လုပ်ရန် မလိုလားမှုကို ကြေညာခြင်း ဖြစ်သည်။ ယင်းသည် ရှင်မာသဲ ကျမ်းစာတွင် ပုန်ဆီအု ပိလာတူးက သခင် ယေရှုကို လက်ဝါးကပ်တိုင်တင်ရန် ဆုံးဖြတ်ချက်အတွက် သူ၏ လက်များကို ဆေးကြောခဲ့သည့် စာသားမှ စတင်ခဲ့သော်လည်း အင်္ဂလိပ် လူထု အသိုင်းအဝိုင်းအချို့တွင် ပိုမို ကျယ်ပြန်စွာ အသုံးပြုသည် စကားစုဖြစ်လာခဲ့သည်။ Shakespeare ၏ Macbeth တွင် Lady Macbeth သည် သူမကျုးလွန်ခဲ့သောပြစ်မှုများနှင့် သူမ၏ခင်ပွန်းကို ကျူးလွန်ရန် တိုက်တွန်းခဲ့သော အပြစ်များ စပ်လျဉ်းသည့် သူမ၏အပြစ်ရှိကြောင်းအသိစိတ်ကို ထင်ဟပ်စေခြင်းဖြင့် စွန်းထင်နေသောပုံရိပ်ကိုသန့်စင်ရန် ကြိုးစားသည့်အနေဖြင့် သူမ၏လက်များကို ပြင်းပြင်းပြပြနှင့် စတင်ဆေးကြောခဲ့ပါသည်။ လူများသည် ကျင့်ဝတ်ဖောက်ဖျက်သော အပြုအမူများကို ပြန်လည် သတိရ သို့မဟုတ် စဉ်းစားမိသည့်နောက်တွင် အခြားသူများထက် မကြာခဏ လက်များကို ပိုမိုဆေးကြောလေ့ ရှိပြီး လက်ဆေးသည့် ကိရိယာများကို ပိုမို တန်ဖိုးထားကြသည်။ ထို့အပြင် ထိုသို့ စဉ်းစားအာရုံပြုမှုရှိပြီး နောက်ပိုင်း ၄င်းတို့၏ လက်များကို ဆေးခွင့်ရရှိသော သူများသည် အခြား အစားထိုးပေးလျော်သည့် “သန့်ရှင်းရေး” လှုပ်ရှားမှုများ ဥပမာ- စေတနာ့ဝန်ထမ်းလုပ်ခြင်း တို့တွင် ပါဝင်ရန် နည်းပါးသည်။ ဘာသာအယူဝါဒများက သန့်ရှင်းရေးနှင့် အထိမ်းအမှတ် ရည်ရွယ်ချက်များအတွက် လက်ဆေးရန် ညွှန်ကြားကြပါသည်။ လက်ဆေးရန် ရေ သာသုံး၍ ဆပ်ပြာမသုံးသော အထိမ်းအမှတ် လက်ဆေးခြင်းသည် ဘဟာအီ ယုံကြည်မှု၊ ဟိန္ဒူ၊ ဂျူးဘာသာ၏ တဗွီလာနှင့် နတ်တီလတ် ယဒါယင်မ်၊ ခရစ်ယာန်ဘာသာတွင် လာဗာဘိုနှင့် အစ္စလာမ်ဘာသာတွင် ဝပ်ဒ်ဟူ တို့ အပါအဝင် ဘာသာများစွာ၌ အသုံးပြုသည့် ရိုးရာဓလေ့ လက်ဆေးနည်း တစ်မျိုး ဖြစ်သည်။ ဘာသာအယူဝါဒများသည် အထူးသဖြင့် အချို့သော လုပ်ဆောင်ချက်များ လုပ်ပြီးနောက် ကျန်းမာရေးနှင့်ညီညတ်စွာ လက်ဆေးရန်ကိုလည်း ညွှန်ကြားပါသည်။ ဟိန္ဒူအယူဝါဒ၊ ဂျူးဘာသာ အယူဝါဒ နှင့် အစ္စလာမ် အယူဝါဒတိုက အိမ်သာသုံးပြီးသည့်အခါ လက်ဆေးရန် သင်ကြားပေးသည်။ ထို့အပြင် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာတို့က အစာမစားမီနှင့် စားပြီးတိုင်း လက်ဆေးရန် ပြဠာန်းကြသည်။ 2019-20 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ပညာရေး အပေါ် သက်ရောက်မှု 2019-20 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်ခြင်းအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးစနစ်များအပေါ် ထိခိုက်မှု ရှိခဲ့သည်။ 2020 ခုနှစ်၊ ဧပြီလ 8 ရက်နေ့အရ ခန့်မှန်းခြေ 1.716 ဘီလီယံအရေအတွက်ရှိ ကျောင်းသူ/ကျောင်းသားများ အနေဖြင့် COVID-19 တုံ့ပြန်မှုအတွင်း ကျောင်းများပိတ်သိမ်းခံရခြင်းဖြင့် အကျိုးသက်ရောက်ရှိလျက်ရှိကြောင်း ဖော်ပြသည်။ UNESCO ၏ စောင့်ကြည့်လေ့လာမှုအရ ကျောင်းများပိတ်ခြင်းကို 188 နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ခဲ့ပြီး နိုင်ငံ 5 ခုတွင် ဒေသအလိုက် ပိတ်ခြင်းကို လုပ်ဆောင်ခဲ့ကာ ကမ္ဘာ့ကျောင်းသားဦးရေ၏ 99.4 % အပေါ် သက်ရောက်မှုများ ရှိစေခဲ့သည်။ 2020 ခုနှစ် မတ်လ 23 ရက်နေ့တွင် ကမ်းဘရစ် အပြည်ပြည်ဆိုင်ရာ စာမေးပွဲစစ်ဆေးရေး(CIE)သည် ကမ်းဘရစ် IGCSE၊ ကမ်းဘရစ် နိုင်ငံတကာ AS & & amp; A အဆင့် ၊ ကမ်းဘရစ် AICE ဒီပလိုမာနှင့် ကမ်းဘရစ် Pre-U စာမေးပွဲများအား 2020 မေ/ဇွန်အသုတ်များအတွက် နိုင်ငံအားလုံးတွင် ပယ်ဖျက်လိုက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာ ဘက္ကာလော်ရီရိတ် စာမေးပွဲများကိုလည်း ဖျက်သိမ်းလိုက် ရသည်။ ကျောင်းပိတ်မှုများက ကျောင်းသားများ၊ ဆရာများနှင့် မိသားစုများကိုသာ သက်ရောက်သည်သာမက အခြားဝေးလံသော စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ သက်ရောက်မှုများလည်း ရှိသည်။ COVID-19 ကြောင့် ကျောင်းများပိတ်လိုက်ရခြင်းသည် ကျောင်းသားများ၏ ကြွေးမြီ၊ ဒီဂျစ်တယ်သင်ကြားမှုနည်းစနစ်၊ စားနပ်ရက္ခာ မလုံလောက်မှုနှင့် အိုးအိမ်မဲ့ဖြစ်ခြင်းများအား ပေါ်ပေါက်စေပြီး ကလေးသူငယ်စောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိုးအိမ်နေရာထိုင်ခင်းချထားခြင်း၊ အင်တာနက်နှင့် မသန်မစွမ်းသူများအား ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများတွင် အခက်အခဲ ဖြစ်စေခြင်းတို့ အပါအဝင် လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များအပေါ် သက်ရောက်မှု ဖြစ်စေခဲ့သည်။ အားနည်းချက်ရှိသော ကလေးများနှင့် သူတို့၏ မိသားစုများတွင် သင်ကြားမှု ပြတ်တောက်ခြင်း၊ အဟာရ မပြည့်ဝခြင်း၊ ကလေးစောင့်ရှောက်မှု ပြဿနာများ၊ နှင့် အလုပ်မလုပ်နိုင်သော မိသားစုများအတွက် စီးပွားရေး ကုန်ကျမှု နောက်ဆက်တွဲများ ကြောင့် သက်ရောက်မှုမှာ ပိုမို ပြင်းထန်သည်။ ကျောင်းပိတ်ခြင်းများကို တုန့်ပြန်သည့် အနေဖြင့် UNESCO က ကျောင်းများနှင့် ဆရာများအနေဖြင့် သင်ကြားသူများကို လက်လှမ်းမီနိုင်သော အဝေးရောက် သင်ကြားမှု အစီအစဉ်များနှင့် ပညာရေးဆိုင်ရာ အခမဲ့ ပရိုဂရမ်များ အက်ပ်များနှင့် အဝေးရောက် သင်ကြားမှု ပလက်ဖောင်းများကို အသုံးပြုရန် အကြံပြုသည်။ လူမှုဘဝတွင် ခပ်ခွာခွာနေပြီး မိမိကိုယ်ကို သီးခြား ခွဲ၍ နေထိုင်ခြင်း စသည့် ဆေးဘက်နှင့် မဆိုင်သော ကြားဖြတ်လုပ်ဆောင်မှုများနှင့် ကြိုတင်ကာကွယ်မှု အစီအမံများလုပ်ဆောင်ပြီး COVID-19 ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းမှုများသည် နိုင်ငံပေါင်း 100 ကျော်ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းများအား ကျယ်ကျယ်ပြန့်ပြန့် ပိတ်စေရန် အစပျိုးမှု ဖြစ်ခဲ့သည်။ ယခင်ဖြစ်ပွားခဲ့သော ကူးစက်ရောဂါဖြစ်ပွားမှုများတွင်လည်း သက်ရောက်မှုအဆင့်အလိုက် ကမ္ဘာတစ်ဝှမ်း ကျောင်းများ ပိတ်ခဲ့ရသည်။ သင်္ချာနည်းဖြင့် ပုံစံပြုတွက်ချက်မှုအရ ကျောင်းများပိတ်လိုက်ခြင်းကြောင့် ကူးစက်ခြင်းပျံ့ပွားမှုနှုန်း လျော့ကျသွားသည်ကို တွေ့ရှိရသည်။ မည်သို့ပင်ဆိုစေ သက်ရောက်မှုသည် ကလေး၏ကျောင်းပြင်ပ၌ ထိတွေ့မှုများအား ထိန်းသိမ်းမှုအပေါ်တွင် မူတည်သည်။ အမိန့်ချမှတ်သည်နှင့် တစ်ပြိုင်နက် ကျောင်းများကို စတင် ပိတ်နိုင်ပါသည်။ အကယ်၍ ကျောင်းပိတ်ခြင်းများသည် ရောဂါဖြစ်ပွားမှုနှင့် နှိုင်းယှဉ်ပါက နောက်ကျနေလျှင် ၎င်းတို့သည် ထိရောက်မှု နည်းမည်ဖြစ်ပြီး မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပါ။ ထို့အပြင် အချို့ကိစ္စရပ်များတွင် ကျောင်းပိတ်ထားသော ကာလပြီးနောက် ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ရောဂါကူးစက်မှုနှုန်း တိုးလာသည်။ လူစုလူဝေးပြုလုပ်ခြင်းများအား တားမြစ်ပိတ်ပင်ခြင်းကဲ့သို့ အခြားလုပ်ဆောင်မှုများနှင့်အတူ ကျောင်းများပိတ်ခြင်းကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သဖြင့် ကျောင်းများပိတ်ခြင်းကြောင့် သက်ရောက်မှုအား တိကျစွာတိုင်းတာရန် ခက်ခဲနိုင်သည်။ 1918-1919 ခုနှစ် တုပ်ကွေးကပ်ရောဂါကာလအတွင်း အမေရိကန်နိုင်ငံတွင် ကျောင်းများပိတ်ခြင်းနှင့် လူစုလူဝေးပြုလုပ်ခြင်းများအား တားမြစ်ပိတ်ပင်ခြင်းကြောင့် သေဆုံးမှုနှုန်း နည်းပါးခဲ့သည်။ ထိုကဲ့သို့သော လုပ်ဆောင်ချက်များကို စောစော အကောင်အထည်ဖော်ခဲ့သော မြို့များတွင် သေဆုံးမှုနှုန်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိရန်အတွက် များစွာ နှောင့်နှေးစေသည်။ စပိန်တုပ်ကွေးရောဂါဖြစ်စဉ်က အမေရိကန်ရှိ မြို့ကြီး 43 မြို့၏ တုံ့ပြန်ဆောင်ရွက်ချက်အပေါ် လေ့လာချက်အရ ကျောင်းများကို ပျမ်းမျှကာလ 4 ပတ်ကြာ ပိတ်ထားခဲ့ပါသည်။ ကျောင်းများ ပိတ်လိုက်ခြင်းက 2004-2008 ခုနှစ်အတွင်း အမေရိကန်တွင် ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါကို 50% အထိ ထိန်းချုပ် နိုင်စေခဲ့ပြီး 1957-58 ခုနှစ်အတွင်း ပျံ့နှံ့ခဲ့သည့် အာရှ တုပ်ကွေး ရောဂါဖြစ်ပွားမှုကို 90% လျော့ကျစေခဲ့သည်ကို သက်သေပြထားပြီးဖြစ်ပါသည်။ 2009 H1N1 တုပ်ကွေး ကပ်ရောဂါ ကာလအတွင်း ကျောင်းများ ပိတ်လိုက်သည့် နိုင်ငံများစွာသည် ရောဂါ ကူးစက်ပျံ့နှံ့မှုကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့သည်။ ဂျပန်နိုင်ငံ အိုအီတမြို့တွင် ကျောင်းများပိတ်လိုက်ခြင်းကြောင့် ကူးစက်ခံရသော ကျောင်းသားအရေအတွက်အား အောင်မြင်စွာ လျှော့ချနိုင်ခဲ့သည်ကိုတွေ့ရှိခဲ့ရသည်။ သို့ရာတွင် ကျောင်းများပိတ်ခြင်းကြောင့် ကူးစက်ခံရသော ကျောင်းသားအရေအတွက် စုစုပေါင်းတွင်မူ သိသာထင်ရှားသော လျော့နည်းခြင်းမျိုးမတွေ့ရပါ။ မလုပ်မနေရ ကျောင်းပိတ်ခြင်းနှင့် အခြား လူမှုဝေးကွာမှု အစီအစဉ်များသည် တုတ်ကွေး ကူးစက်မှုနှုန်း 29% မှ 37 % အထိလျော့ကျခြင်းနှင့် တွဲဖက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ကျောင်းများ စောလျင်စွာ ပိတ်ခြင်းသည် 2009 ခုနှစ် H1N1 တုပ်ကွေး ကပ်ရောဂါကူးစက်မှုအား အထွတ်အထိပ်သို့ ရောက်ရှိမှု နှောင့်နှေးစေခဲ့သည်။ ကျောင်းများပိတ်ခြင်းသည် အလုံးစုံအောင်မြင်မှု ရရှိသော်လည်း မီချီဂန်တွင် ကျောင်းများပိတ်ခြင်းအပေါ် လေ့လာမှုတစ်စောင်အရ “ကျောင်းများပိတ်ခြင်းအပေါ် ခရိုင်အဆင့် တုံ့ပြန်မှုများသည် အကျိုးမဖြစ်ထွန်းစေခဲ့ကြောင်း” တွေ့ရှိရသည်။ ယူကေတွင် ဝက်တုပ်ကွေးကူးစက်မှု 2009 ခုနှစ်အတွင်း လန်းဆက် ကူးစက်တတ်သော ရောဂါများ (Lancet Infectious Diseases) တွင် ဖော်ပြထားသော “တုပ်ကွေးကပ်ရောဂါကာလအတွင်း ကျောင်းများအား ပိတ်ခြင်း” ဟု ခေါင်းစဉ်တပ်ခဲ့သော ဆောင်းပါးတစ်ပုဒ်၌ ကူးစက်ရောဂါနှိမ်နင်းရေးပညာရှင်များ အဖွဲ့တစ်ဖွဲ့က ကျောင်းများ ပိတ်ခြင်းသည် ကူးစက်ရောဂါ၏ ကူးစက်မှုလမ်းကြောင်းအား ဟန့်တားနှောင့်ယှက်ပြီး ထပ်မံပျံ့နှံ့မှုအား နှေးကွေးစေကာ သုတေသနလုပ်ဆောင်ရန်နှင့် ကာကွယ်ဆေးထုတ်လုပ်ရာတွင် အချိန်ပိုမိုရရှိနိုင်သည်ဟု ထောက်ခံပြောကြားခဲ့သည်။ 1918 တုပ်ကွေးကပ်ရောဂါ၊ 1957 တုပ်ကွေးကပ်ရောဂါနှင့် 1968 တုပ်ကွေးကပ်ရောဂါအပါအဝင် ယခင်က ဖြစ်ပွားခဲ့သော တုပ်ကွေးကပ်ရောဂါအခြေအနေများအား လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းများပိတ်ခြင်းကြောင့် စီးပွားရေးနှင့် လုပ်သားအင်အားများအပေါ်အကျိုးသက်ရောက်မှုများအကြောင်း တင်ပြခဲ့ကြသည်။ အထူးသဖြင့် ဆရာဝန်နှင့် သူနာပြုများ ရာခိုင်နှုန်း အများအပြားသည် အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့၏ တစ်ဝက်တွင် အသက် 16 နှစ်အောက်ငယ်သော ကလေးများ ရှိကြသည်။ သူတို့သည် ပြင်သစ်နိုင်ငံတွင် ပြင်သစ်ကျောင်းပိတ်ရက်များအတွင်း တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုအားလည်း လေ့လာခဲ့ကြပြီး ကျောင်းများပိတ်နေစဉ်အတွင်း တုပ်ကွေးကူးစက်မှု လျော့ကျခဲ့ပြီး ကျောင်းများပြန်ဖွင့်သောအချိန်တွင် ကူးစက်မှု ပြန်လည်များပြားလာကြောင်း တွေ့ရှိရသည်။ အစ္စရေးရှိ ဆရာများ ဆန္ဒပြခဲ့ကြသည့် 1999 –2000 ခုနှစ် တုပ်ကွေးရာသီအတွင်း ဆရာဝန်များနှင့် သွားရောက်ပြသခဲ့မှုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရမှုသည် ငါးပုံတစ်ပုံကျော်နှင့် ငါးပုံနှစ်ပုံကျော် အသီးသီး ကျဆင်းသွားခဲ့ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။ ကျောင်းများနှင့် ကလေးထိန်းကျောင်းများအနေဖြင့် အကယ်၍ ကူးစက်ခံရသူတစ်ဦး ကျောင်းအဆောက်အအုံတစ်ခုအတွင်း ရောက်ရှိခဲ့ဖူးပါက လူထုကြား ပျံနှံ့မှု ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ ကျောင်းကို ကာလတို ပိတ်ထားပြီး သန့်ရှင်းရေးပြုလုပ်ရန် သို့မဟုတ် ပိုးသတ်ခြင်းလုပ်ငန်းများပြုလုပ်ရန် အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေး စင်တာများမှ တိုက်တွန်းပြောကြားသည်။ လူစုလူဝေးကြောင့် ရောဂါကူးစက်မှုကို အလွန်အကျွံမဖြစ်အောင်ထိန်းချုပ်နိုင်စွမ်း အလွန်နည်းနေသည့်အခါ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ရှိသည့် ကလေးများအတွက် သီးခြားကျန်းမာရေး ဆေးပေးခန်းတစ်ခုကို အသုံးပြုခြင်း၊ မလိုအပ်ဘဲ ဧည့်သည်များ လာရောက်ခြင်းကိုကန့်သတ်ခြင်း၊ ထိုင်ခုံ တစ်ခုနှင့် တစ်ခုကြား နေရာများတိုးမြှင့်ချထားခြင်း၊ ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်များအား အချိန်မတူအောင် သတ်မှတ်ခြင်း၊ ကာယ လေ့ကျင့်ခန်း သင်ကြားခြင်း သို့မဟုတ် ခရစ်ယာန်ဓမ္မတေး အဖွဲ့လိုက်သင်ကြားမှုအတန်းများနှင့် ကိုယ်တိုင်ယူ စားသောက်ဆိုင်များတွင် အစားစားချိန်များကဲ့သို့သော လူအုပ်စု ကြီးမားစွာစုရုံးရခြင်းများ၊ အစည်းအဝေးများ၊ ကွင်းဆင်းခြင်းများစသည်တို့ကို ဖျက်သိမ်းခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်သည့် နည်းကို အကောင်အထည် ဖော်ဆောင်နိုင်ရမည်။ ဒေသတွင်းတွင် ကူးစက်ပျံ့နှံ့မှု အများအပြား ဖြစ်ပေါ်လာလျှင် လူအများအား ခွဲခြားထားခြင်းနည်းလမ်းများအပြင် ကျောင်းများပိတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ရန် စဉ်းစားရမည်။ ဇန်နဝါရီလ 26 ရက်နေ့တွင် တရုတ်နိုင်ငံ၌ COVID-19 ကူးစက်မှုကို ထိန်းချုပ်ရန် နွေဦးရာသီပွဲတော် အားလပ်ရက်များအား ထပ်တိုးခြင်းအပါအဝင် ထိန်းချုပ်ရေးနည်းလမ်းများကို ချမှတ်လုပ်ဆောင်ခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များနှင့် ကျောင်းများကို ပိတ်လိုက်ကြပါသည်။ ဖေဖော်ဝါရီလ 23 ရက်နေ့တွင် အီရန်ကျန်းမာရေး ဝန်ကြီးက ပြည်နယ်နှင့် မြို့အများအပြားရှိ တက္ကသိုလ်များ၊ အဆင့်မြင့်ပညာရေးကျောင်းများနှင့် ကျောင်းများအား ပိတ်ကြောင်းကို ကြေညာခဲ့သည်။ မတ်လ 3 ရက်နေ့တွင် UNESCO မှနေ၍ တစ်ကမ္ဘာလုံးရှိ ပိတ်ထားသော ကျောင်းများနှင့် ထိခိုက်သော ကျောင်းသား အရေအတွက်အား ထုတ်ပြန်ခဲ့သည်။ တင်ပြချက်များအရ နိုင်ငံပေါင်း 13 နိုင်ငံတွင် ကျောင်းများနှင့် တက္ကသိုလ်များအား ယာယီပိတ်ခြင်း အပါအဝင် ကြိုတင်ကာကွယ်မှုနည်းလမ်းများအား လုပ်ဆောင်ကြပြီး ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသား 290.5 သန်း အပေါ် သက်ရောက်မှုများ ရှိစေခဲ့သည်။ တုံ့ပြန်မှုအနေဖြင့် ကူးစက်မှုဒဏ်ခံရသော ကျောင်းသားများနှင့် မိသားစုများအား ထောက်ပံ့ပေးရန်နှင့် ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး အားလုံးပါဝင်နိုင်သော အဝေးရောက် သင်ကြားမှု အစီအစဉ်များကို စီစဉ်ပေးရန်အတွက် ယူနက်စကိုက နိုင်ငံများသို့ တောင်းဆိုလိုက်သည်။ မတ်လ 4 ရက်နေ့တွင် အီတလီနိုင်ငံ၌ သေဆုံးသူ 100 အထိ ရောက်ရှိခဲ့သဖြင့် အီတလီအစိုးရက တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံးနှင့် တက္ကသိုလ်အားလုံးကို အပြီးပိတ်ထားရန် အမိန့်ပေးခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အီတလီနိုင်ငံသည် ကျောင်းများအား ပိတ်ရန် ကြေညာချက် ထုတ်ပြန်သည့် တိုက်ကြီး သုံးတိုက်ရှိ နိုင်ငံပေါင်း 22 နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်လာသည်။ မတ်လ 5 ရက်နေ့၌ တရုတ်နိုင်ငံအတွင်း၌ရှိသည့် COVID-19 ရေးပေါ်တိုင်းတာမှုစီမံချက်ဖြင့် ရောဂါကူးစက်ခံရသည့် ကျောင်းသူ/ကျောင်းသားအများစုမှ တရုတ်နိုင်ငံအတွင်း 233 သန်းရှိပြီး ဂျပန်နိုင်ငံ၌ 16.5 သန်းနှင့် အီရန်နိုင်ငံ၌ 14.5 သန်းရှိခဲ့သည်။ မတ်လ 10 ရက်ရောက်သောအခါ ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသား ငါးဦးတွင် တစ်ဦးသည် “COVID-19 ပြဿနာကြောင့် ကျောင်းများ၏ အဝေးတွင်နေထိုင်ကြရပြီး” အခြားသော လေးဦးတွင် တစ်ဦးမှာ အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများမှ တားမြစ်ခံကြရသည်။ နိုင်ငံပေါင်း 39 နိုင်ငံတွင် နိုင်ငံအနှံ့ ကျောင်းများပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း 22 နိုင်ငံတွင် ဒေသတွင်းကျောင်းများ ပိတ်ထားခဲ့ရခြင်း များအပါအဝင် နိုင်ငံပေါင်း49 နိုင်ငံမှ အစိုးရများသည် ကျောင်းများ ပိတ်ထားခဲ့ရကြောင်း မတ်လ 13 ရက်နေ့တွင် ကြေငြာခဲ့သည်။ မတ်လ 16 ရက်နေ့သို့ ရောက်သောအခါ UNESCO ၏ အဆိုအရ ဤကိန်းဂဏန်းသည် 49 မှ 73 နိုင်ငံအထိ တိုးများလာခဲ့သည်။ မတ်လ 19 ရက်နေ့က နိုင်ငံပေါင်း 102 နိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများပိတ်လိုက်ပြီး11 နိုင်ငံတွင် ဒေသအလိုက် ကျောင်းများ ပိတ်လိုက်ခြင်းသည် ကလေးသူငယ်နှင့် လူငယ် သန်းပေါင်း 850 ကို အကျိုးသက်ရောက်မှုရှိစေခဲ့သဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသားများ၏ 50 ရာခိုင်နှုန်းမှာ ကျောင်းများ ပိတ်ထားခြင်းခံခဲ့ကြရသည်။ မတ်လ 20 ရက်နေ့တွင် နိုင်ငံ 124 နိုင်ငံမှ နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများ ပိတ်လိုက်ခြင်းကြောင့် ကမ္ဘာပေါ်ရှိ သင်ယူလေ့လာနေသူ 70% ကျော်အား အကျိုးသက်ရောက်မှု ရှိစေခဲ့သည်။ မတ်လ 23 ရက်တွင် နိုင်ဂျီးရီးယားကျောင်းများကို နိုင်ဂျီးရီးယား အစိုးရက ပိတ်ခဲ့ပြီး၊ ဈေးများနှင့် ကုမ္ပဏီများကိုလည်း ပိတ်သိမ်းခဲ့ကာ ကလေးများကို အိမ်ပြင်မထွက်စေရန်အတွက်လည်း မိဘများက တားမြစ်ကြသည်။ မတ်လ 26 ရက်နေ့တွင် နယူးဇီလန် နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများနှင့် တက္ကသိုလ်များအား ပိတ်ခဲ့သည်။ အစိုးရက ကျောင်းများကို နှစ်ပတ် ပိတ်လိုက်စေကာ အဝေးမှသင်ကြားသည့် ပုံစံများဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး ကူးပြောင်းရန် အစိုးရက သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။ တက္ကသိုလ်များအား တစ်ပတ်ကြာ ပိတ်ထားခဲ့ပြီး နောက်ပိုင်းတွင် အွန်လိုင်းသင်ကြားမှုဖြင့် ပြန်လည် စတင်သွားမည် ဖြစ်သည်။ အခြားသော ကျောင်းဝန်ဆောင်မှုများအား ဆက်လက် ဖွင့်ထားပြီး သင်ကြားရေးကိုမူ အဝေးရောက်သင်ကြားမှုသာ လုပ်ဆောင်ရန် ကန့်သတ်ထားသည်။ မတ်လ 27 ရက်တွင် ကမ္ဘာ့ကျောင်းသား ဦးရေ၏ 90 ရာနှုန်းခန့်မှာ စာသင်ခန်းများ အပြင်တွင် ရောက်ရှိနေပြီဖြစ်သည်။ ကျောင်းများ ဆက်လက်ဖွင့်ထားသော ဒေသများတွင် တိုင်ဝမ်၊ စင်ကာပူ၊ ဩစတေးလျား၊ ဆွီဒင် နှင့် အချို့သော အမေရိကန် ပြည်နယ်များပါဝင်သည်။ မတ်လ 29 ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများပိတ်ခြင်းကြောင့် ကလေးနှင့် အခြားကျောင်းသား 1.5 ဘီလီယံကျော်အပေါ် သက်ရောက်မှုများ ရှိခဲ့သည်။ အခြားသူများမှာ ဒေသတွင်း ပိတ်ဆို့မှုများကြောင့် အနှောင့်အယှက်ဖြစ်ရသည်။ တာမစ်နစ္စတန်နိုင်ငံ၏ အလယ်တန်းကျောင်းများအားလုံးတွင် အားလပ်ရက်ကို ဧပြီလ 6 ရက်နေ့အထိ တိုးမြှင့်ခဲ့ကြသည်။ ကာကွယ်တားဆီးမှု လုပ်ငန်းရပ်အဖြစ် ပညာရေး ဝန်ကြီးဌာနက လက်မှတ်ရေးထိုးထုတ်ပြန်သော အမိန့်သည် WHO ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် ဆက်စပ်လျက် အသက်ရှူလမ်းကြောင်း ရောဂါများ ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်သည်။ နိုင်ငံပေါင်း 10 နိုင်ငံ၌ ပြည်တွင်းကျောင်းများပိတ်ထားရပြီး၊ ယူနက်စကိုအဖွဲ့၏ ခန့်မှန်းခြေအချက်အလက်အရ ကျောင်းသူ/ကျောင်းသားပေါင်း 473,933,356 (မူကြိုအဆင့်မှ အထက်တန်းပညာရေးအဆင့်အထိ) သည် ပညာသင်ကြားခွင့် ဆုံးရှုံးနိုင်သည့် အခြေအနေရှိနေပြီး ကျောင်းသူ/ကျောင်းသားပေါင်း 77,938,904 မှာ တတိယအဆင့်ပညာရေးအတွက် အခွင့်အရေးဆုံးရှုံးနိုင်သည့် အခြေအနေတွင်ရှိနေသည်။ မှတ်ချက်။ ။ ကိန်းဂဏန်းများသည် မူလတန်းအကြိုအဆင့်၊ မူလတန်း အဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် [ISCED အဆင့် 0 မှ 3 အထ ပညာရေးအဆင့်များအပြင်၊ နိုင်ငံအဝှမ်း အကန့်အသတ်ဖြင့် ကျောင်းများ ပိတ်ထားမှုကြောင့် ထိခိုက်ခံရနိုင်သော တက္ကသိုလ်ပညာရေး အဆင့် (ISCED အဆင့် 5 မှ 8) တွင် စာရင်းသွင်းထားသည့် စုစုပေါင်း ကျောင်းသားအရေအတွက်ဖြစ်ပါသည်။ UNESCO စာရင်းအင်းအဖွဲ့၏ နောက်ဆုံးရအချက်အလက်များအား အခြေခံ၍ ကိန်းဂဏန်းများအား စာရင်းသွင်းပါ။ COVID-19 ကပ်ရောဂါကို တုံ့ပြန်ရန် ကျောင်းများကို ပိတ်လိုက်ခြင်းက ပညာသင်ယူမှုကို ထိခိုက်မှုရှိသည့် ပြဿနာအမြောက်အများ အပြင် ပိုမိုကျယ်ပြန့်သည် လူမှု-စီးပွား ပြဿနာများကို ဖြစ်ပွားစေခဲ့သည်။ အစိုးရက COVID-19 ပျံ့နှံ့မှုကို လျှော့ချရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများအား ယာယီပိတ်လိုက်သော သို့မဟုတ် အချိန်အကန့်အသတ်မရှိ ပိတ်လိုက်သော အမိန့်ထုတ်ပြန်လိုက်သဖြင့် မတ်လ 12 ရက်နေ့အထိ ကလေးများနှင့် လူငယ်များ စုစုပေါင်း 370 သန်းကျော်သည် ကျောင်းတက်ရောက်ခြင်း မရှိတော့ပေ။ ကျောင်းများပိတ်ခြင်းကြောင့် မတ်လ 29 ရက်နေ့အထိ တစ်ကမ္ဘာလုံးရှိ သင်ယူလေ့လာနေသူ 90% နီးပါးအား အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေခဲ့သည်။ ကျောင်းများ ပိတ်ခြင်းသည် ယာယီသာ ဖြစ်သည်ဟု ဆိုသော်လည်း လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများ မြင့်မားစေသည်။ ၎င်းတို့ကြောင့် ဖြစ်ပွားခဲ့ရသော ရပ်တန့်မှုများသည် လူမှုအသိုင်းအဝန်းများရှိ လူများအပေါ် ထိခိုက်မှု ဖြစ်စေသည်။ သို့ရာတွင် မသန်စွမ်း ကလေးငယ်များနှင့် သူတို့၏ မိသားစုဝင်များအတွက် သင်ကြားရေးအဆက်ပြတ်မှု၊ အာဟာရချို့တဲ့မှု၊ ကလေးငယ်စောင့်ရှောက်မှုပြသနာများနှင့် အလုပ်မလုပ်နိုင်သော မိသားစုများ၏ အသုံးစားရိတ်များအပါအဝင် ထိခိုက်မှု ပိုမိုပြင်းထန်သည်။ အလုပ်လုပ်နေသော မိဘများအနေဖြင့် ကျောင်းများပိတ်လိုက်သော အခါတွင် ၎င်းတို့၏ ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် အလုပ်ပျက်ခြင်းများ ဖြစ်လာနိုင်သည်။ ယင်းကြောင့် ကိစ္စရပ်များစွာတွင် လုပ်ခလစာဆုံးရှုံးမှုနှင့် ကုန်ထုတ်စွမ်းအားအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်။ ဒေသတွင်း နေရာကွက်၍ ကျောင်းပိတ်ခြင်းသည် မိဘနှင့် အရာရှိများက ကျောင်းသူ ကျောင်းသားများကို ဖွင့်ထားသော ကျောင်းများသို့ ရွှေ့ပြောင်းခြင်းဖြင့် ကျောင်းများပေါ်သို့ ဝန်ပိစေသည်။ အမျိုးသမီးများသည် မကြာခဏပင် ကျန်းမာရေး လုပ်သားများ၏ ကြီးမားသော အစိတ်အပိုင်းဖြစ်ပြီး မကြာခဏပင် ကျောင်းပိတ်ခြင်းများမှ ရလာဒ်ကြောင့် ကလေးစောင့်ရှောက်မှု တာဝန်များကြောင့် အလုပ်သို့ မသွားနိုင်ပဲ ရှိသည်။ ဆိုလိုသည်မှာ ကျန်းမာရေး အရေးပေါ်ကာလအတွင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အများအပြားသည် ၎င်းတို့ကို အလိုအပ်ဆုံးဖြစ်သော ကုသမှုလုပ်ငန်းခွင်များတွင် ရှိမနေကြပါ။ နည်းပညာများ အသုံးချနိုင်မှု မရှိခြင်း သို့မဟုတ် လျင်မြန်စွာ အသုံးမချနိုင်ခြင်း၊ ကျေးလက်ဒေသများရှိ ကျောင်းသားများနှင့် ချို့တဲ့သော ကျောင်းသားများအတွက် အင်တာနက် အသုံးပြုခွင့်ရရှိရန် ခက်ခဲနိုင်သည်။ နည်းပညာ သို့မဟုတ် အင်တာနက် ဆက်သွယ်မှု ရရှိနိုင်မှု နည်းပါးခြင်းသည် ဆက်လက် ပညာသင်ကြားရေး၊ အထူးသဖြင့် အားနည်းချက်ရှိသည့် မိသားစုမှ ကလေးများအတွက် အခက်အခဲဖြစ်စေသည်။ COVID-19 ရောဂါဖြစ်ပွားခြင်းကြောင့် ကျောင်းပိတ်ရခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကျောင်းသားများနှင့် ဆရာများအနေဖြင့် ပညာရေးအား အနှောင့်အယှက်ဖြစ်စေမှုကို ထိန်းချုပ်ရန်နှင့် အဝေးမှ သင်ယူမှုကို ပြုလုပ်နိုင်မည့် ပညာရေး အပလီကေးရှင်းနှင့် ပလက်ဖောင်းများကို အသုံးပြုရန်နှင့် အဝေးမှသင်ယူခြင်း အစီအစဉ်များကို အသုံးပြုရန် UNESCO က အကြံပြုထားပါသည်။ COVID-19 ရောဂါပျံ့ပွားမှု နှေးကွေးသွားအောင် ကူညီလုပ်ဆောင်ရန် စာကြည့်တိုက် များစွာကို ခေတ္တပိတ်ထားရပါသည်။ အမေရိကန်ပြည်ထောင်စုတွင် လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဖရန်စစ္စကို၊ ဆီယက်တယ်နှင့် နယူးယောက် မြို့တော် အပါအဝင် အဓိကမြို့ကြီးများရှိ အများပြည်သူဆိုင်ရာ စာကြည့်တိုက်များအား ပိတ်ကြောင်း ကြေညာခဲ့ပြီး စာကြည့်တိုက် 221 ခု အကျုံးဝင် သက်ရောက်ခဲ့သည်။ နေအိမ်တွင် အင်တာနက်မရှိသော ကျောင်းသားများအတွက် အဝေးသင်ပညာရေးစနစ်အား ဆက်လက် လေ့လာဆည်းပူးနိုင်ရန် အခက်အခဲများ ပိုမိုများပြားလာသည်။ ကျောင်းများပိတ်ထားချိန်တွင် မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် ကလေးကို စောင့်ရှောက်ရန်နှင့် အဝေးသင် ပညာရေးစနစ်ကို စီစဉ်ပေးရန်အတွက် အားထုတ်နေရသည်။ အခြားသော ရွေးချယ်စရာများ မရှိသည်တွင် ကျောင်းများ ပိတ်လိုက်သော အခါတွင် အလုပ်လုပ်သော မိဘများသည် ကလေးများကို မကြာခဏ တစ်ဦးတည်း ထားပစ်ခဲ့ရပြီး ယင်းသည် လုပ်ဖော်ကိုင်ဖက်များအပေါ် ဖိအား တိုးမြင့်ခြင်းနှင့် မူးယစ်ဆေး သုံးစွဲခြင်းများ အပါအဝင် ဘေးအန္တရာယ်ရှိသော အမူအကျင့်များ ဖြစ်လာစေသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ် အများအပြားသည် ကျောင်းများမှ အခမဲ့ သို့မဟုတ် စျေးလျှော့ရောင်းပေးသည့် အစားအစာများအပေါ် မှီခိုနေကြရပါသည်။ ကျောင်းများပိတ်ထားသည့်အခါ ကျောင်းသားများ အာဟာရချို့တဲ့ ကြရသည်။ အာဟာရသည် ကလေးများအတွက် သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေး စွမ်းဆောင်ရည်တို့တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဝါရှင်တန်ပြည်နယ်တွင် ပုဂ္ဂလိက လုပ်ပိုင်ခွင့်ကျောင်းများနှင့် အစိုးရကျောင်းများတွင် စာရင်ပေးသွင်းထားသော ပြည်နယ်များရှိ ကျောင်းသားအရေအတွက် 1.1 သန်း၏ 45 ရာခိုင်နှုန်းပတ်ဝန်းကျင်သည် ဝင်ငွေနည်းသော မိသားစုများမှ ကျောင်းသားများအတွက် အစိုးရမှထောက်ပံ့ပေးသည့် ကျောင်းအစား အစာများကို စားသုံးခွင့်ရှိ ကြသည်။ ကျောင်းသားပေါင်း အနည်းဆုံး 520,000 နှင့် ၎င်းတို့ မိသားစုများသည် ကျောင်းများ ပိတ်ထားရသည့် အကျိုးဆက်ကြောင့် စားနပ်ရိက္ခာမလုံလောက်မှုကို ခံစားရနိုင်သည်။ ဝင်ငွေနည်းသူများအတွက် ဈေးနည်းနည်းဖြင့် အစားအစားဝယ်ယူနိုင်သော လက်မှတ်ထုတ်ပေးသည့် အစီအစဉ်ပြီးလျှင် ကျောင်းနေ့လယ်စာ အစီအစဉ်များသည် အမေရိကန်၌ ဒုတိယအကြီးဆုံး အစာငတ်မွတ်မှုတိုက်ဖျက်ရေး အစီအစဉ် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း မနက်စာ၊ နေ့လည်စာ၊ သွားရေစာနှင့် ညစာပင် အပါအဝင် အခမဲ့ သို့မဟုတ် တန်ဖိုးနည်းအစားအစာများရရှိရန် အတွက် သန်း 30 မျှသော ကလေးငယ်များသည် ကျောင်းများပေါ်တွင် မှီတည်နေကြပါသည်။ မတ်လ 18 ရက်နေ့အထိ ကျောင်းပိတ်လိုက်သည့်အတွက် ကျောင်းသားပေါင်း 720,000 ကျော် အပေါ် သက်ရောက်မှုရှိခဲ့သော အလာဘားမားတွင် ကျောင်းနေ့လည်စာအပေါ် အမှီသဟဲ ပြုနေရသည့် ကျောင်းသားများအတွက် အစားအသောက်များ ထောက်ပံ့ရန် ဆင်းရဲခြင်းဒဏ်ကို မမျှမတ ခံစားနေရသော ကျောင်းဝန်ထမ်း (ဆရာ/ဆရာမ) များဖြင့် အစားအသောက် ဖြန့်ဝေသည့် ကွန်ရက်များကို ဖန်တီးမည်ဟု နိုင်ငံတော် အကြီးအကဲက ကြေညာခဲ့ပါသည်။ ကျောင်းများပိတ်ခြင်းကြောင့် ကျောင်းသားများ၏ သင်ယူလေ့လာမှု အကျိုးရလဒ်များပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများ ရှိသည်။ ကျောင်းသင်ပညာရေးစနစ်သည် မရှိမဖြစ်လိုအပ်သော ပညာသင်ကြားပေးမှုဖြစ်သည့်အတွက် ကျောင်းများပိတ်လိုက်သောအခါတွင် ကလေးသူငယ်များနှင့် လူငယ်များ ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အခွင့်အလမ်းများ ဆုံးရှုံးနေကြသည်။ ဆိုးကျိုးများမှာ ပုံမှန်ကျောင်းသင်ပညာရေးထက် ကျော်လွန်သော ပညာရေးအခွင့်အလမ်းနည်းပါးသည့် ကျောင်းသားများအတွက် မျှတမှုမရှိခြင်းဖြစ်သည်။ ကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းသားများအားလုံး ကျောင်းပြန်တက်ရေးသေချာစေရန်အတွက် စိန်ခေါ်မှုကြောင့် ကျောင်းများပိတ်ခြင်း၏ အကျိုးဆက်အဖြစ် ကျောင်းထွက်သူ ရာခိုင်နှုန်း မြင့်တက်လာနိုင်သည်။ ယင်းသည် အထူးသဖြင့် အချိန်ကြာမြင့်သော ပိတ်ထားခြင်းများ ဖြစ်သည်။ ကျောင်းများမှာ လူမှု လုပ်ဆောင်မှုများနှင့် လူသား အပြန်အလှန်ဆက်ဆံရာ ဆုံချက်များ ဖြစ်ကြသည်။ ကျောင်းများပိတ်ထားသဖြင့် ကလေးသူငယ်များနှင့် လူငယ်များသည် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် မရှိမဖြစ်လိုအပ်သော လူမှုဆက်ဆံရေးများနှင့် ဝေးကွာသွားသည်။ ကျောင်းများ ပိတ်ထားသောအချိန် အိမ်တွင် ကလေးများအား လေ့လာသင်ကြားစေရာတွင် မိဘများအနေဖြင့် ကူညီပေးရန် တောင်းဆိုခံရမှုများ မကြာခဏ ရှိလာနိုင်ပြီး ထိုသို့ ဆောင်ရွက်ပေးရာတွက် အခက်အခဲရှိနိုင်သည်။ ဤအချက်သည် ပညာရေးနှင့် ရင်းမြစ်များ အကန့်အသတ်များရှိသည့် မိဘများအတွက် အထူးမှန်ကန်သည်။ ကျောင်းများ ပိတ်ပြီး အဝေးသင် သင်ကြားမှုအပေါ် မှီခိုခြင်း၏ ဖြစ်နိုင်ချေရှီသော သက်ရောက်မှုများကို ယခုအချိန် ဥပဒေပြဒမှုများ၏ ပြည်ထောင်စု အက်ဥပဒေများကို ရည်ညွှန်းထားခြင်း မရှိပေ။ တရားဝင် ပညာရေး - တရားဝင် ပညာရေး သို့မဟုတ် တရားမဝင်သော ပညာရေးကို ဆန့်ကျင်လျက် - သည် ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ နှင့် သင်တန်း အဖွဲ့အစည်းများကို ရည်ညွှန်းလေ့ရှိသည်။ ကမ္ဘာ့ဘဏ်၏ 1974 ခုနှစ် အစီရင်ခံစာအရ ကျောင်းပညာရေးကို အောက်ပါအတိုင်းသတ်မှတ်ပါသည်။ ကျောင်းပညာရေး- မူလတန်းကျောင်းမှ တက္ကသိုလ်အထိ အဆင့်ဆင့် ဖွဲ့စည်းထားပြီး ကာလအအလိုက် ပိုင်းခြားထားသော၊ အထွေထွေ ပညာရပ်ဆိုင်ရာလေ့လာမှုများအပြင် အထူးပြုလေ့လာမှု အစီအစဉ်မျိုးစုံနှင့် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ အချိန်ပြည့် လေ့ကျင့်ရေးကျောင်းများ ပါဝင်သော ‘ပညာရေးစနစ်’။ COVID-19 သက်ရောက်မှုဒဏ် ခံခဲ့ရသော ကျောင်းသားများနှင့် လေ့လာသင်ယူသူများစွာနှင့် ပတ်သက်၍ စုဆောင်းရယူခဲ့သည် ဒေတာအများစုကို ကျောင်းပညာရေး စနစ်များ ပိတ်လိုက်မှုပေါ် အခြေခံ၍ တွက်ချက်ခဲ့သည်။ ယူနက်စကို စာရင်းအင်းအဖွဲ့သည် COVID-19 သက်ရောက်မှုဒဏ်ခံရသော ကျောင်းသားများ၏ ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့ပြီး ထိုစာရင်းတွင် မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေး (ISCED အဆင့် 0 မှ 3) တွင် စာရင်းသွင်း အပ်နှံထားသော ကျောင်းသားများအပြင် တက္ကသိုလ်အဆင့် ပညာရေး (ISCED အဆင့် 5 မှ 8) မှ ကျောင်းသားများလည်း ပါဝင်သည်။ ကလေးဘဝအစောပိုင်း ပညာရေးအစီအစဉ်များသည် ယေဘုယျ အားဖြင့် အသက် 3 နှစ်အောက် ကလေးငယ်များအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး မူကြိုကျောင်းများ၊ ကလေးထိန်းကျောင်းများ၊ မူကြိုများနှင့် နေ့ကလေးထိန်းကျောင်းများအတွက် ပရိုဂရမ်များကို ရည်ညွှန်းနိုင်ပါသည်။ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများ ပိတ်လိုက်ရသော်လည်း ကနဦးကလေးဘဝပညာရေး ပရိုဂရမ်များအပေါ် သက်ရောက်မှုရှိသော အစီအမံများကမူ ကွဲလွဲမှု ရှိပါသသည်။ အချို့သောနိုင်ငံများနှင့် နယ်မြေဒေသများရှိ မူကြိုကျောင်းများနှင့် နေ့ကလေးထိန်းကျောင်းများကို လိုအပ်သည့် ဝန်ဆောင်မှုများ အဖြစ် သတ်မှတ်ထားပြီး ကျောင်းများ ကျယ်ကျယ်ပြန့်ပြန့် ပိတ်လိုက်ရသော်လည်း ၎င်းတို့ကိုမူ ပိတ်ထားခြင်းမရှိသေးပါ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ကလေးသူငယ်များ၊ အရွယ်ရောက်သူများနှင့် မိသားစုများ စောင့်ရှောက်မှုဌာနသည် ကလေးထိန်း လုပ်ငန်းများနှင့် အစောပိုင်း ကာလ သင်ကြားမှုစင်တာများကို ဆက်လက်ဖွင့်ထားရန် တိုက်တွန်းထားသည်။ အချို့ကျောင်းအဖွဲ့အစည်းများသည် အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများ၏ ကလေးများအတွက် ဦးစားပေးသည့် ကလေးစောင့်ရှောက်မှုဆိုင်ရာ အခြားရွေးချယ်စရာများကို ပံ့ပိုးပေးနိုင်သည်။ ဝါရှင်တန်ပြည်နယ်နှင့် ကယ်လီဖိုးနီးယား ပြည်နယ်များတွင် ကလေးသူငယ် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဖွင့်လှစ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား ဆုံးဖြတ်ပိုင်ခွင့်ပေးထားသော အချိန်တွင် မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးက ကလေးသူငယ် အ‌‌ရေးပေါ် ကျန်းမာ‌ရေးစောင့်ရှောက်ရေး လုပ်ငန်းများကို ဆက်လက်ဖွင့်လှစ်ရန် အမိန့်ထုတ်ပြန်ထားသည်။ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂယ်ဗင် နယူဆမ်းက သူ့ပြည်နယ်အခြေအနေကို ရှင်းပြရာတွင် “ ကျောင်းတွေ ပိတ်လိုက်တဲ့ သက်ရောက်မှုကို စုပ်ယူဖို့ လည်ပတ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ နေရာတွေ၊ ကျွန်တော်တို့ရဲ့ နေ့ကလေးထိန်းစင်တာတွေ လိုအပ်တယ်” ဟု ပြောသည်။ ကိုလိုရာဒိုပြည်နယ်တွင် “အသင့်သုံး ကိရိယာ”များကို မိဘများအားထုတ်ပေးကာ ၎င်းကို အသုံးပြု၍ ကလေးသူငယ်များသင်ယူရမည့် ကနဦးသင်ကြားမှု အစီအစဉ်များ၏ သင်ခန်းစာများအား အိမ်တွင် သင်ကြားပေးနိုင်ရေး အကောင်အထည်ဖော်ပေးရန် တွန်းအားပေးလုပ်ဆောင်နေသည်။ ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ် ရှင်ဇို အဘီက ဧပြီလ 8 ရက်နေ့မတိုင်မီ နိုင်ငံတဝှမ်း ကျောင်းများအားလုံးအား ပိတ်ခိုင်းထားသော်လည်း နေ့ကလေးထိန်းလုပ်ငန်းများအား ခြွင်းချက် ပေးထားသည်။ မတ်လအစောပိုင်းတွင် ကိုဘေးမြို့ရှိ မူကြိုကလေးငယ်များအား စောင့်ရှောက်မှုပေးသောနေရာရှိ အရွယ်ရောက်ပြီးသူ ငါးဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ကလေးငယ်တစ်ရာကျော်အား ဆေးရုံတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မူကြိုကျောင်းသားတစ်ဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။ ယေဘုယျအားဖြင့် မူလတန်းပညာရေးသည် ကျောင်းပညာရေး၏ ပထမ လေးနှစ်မှ ခုနှစ်နှစ်အထိ ပါဝင်သည်။ နိုင်ငံတကာ ဘက္ကာလော်ရီရိတ် အဖွဲ့ (IBO) က ယင်း၏ ဒီပလိုမာအစီအစဉ်နှင့် 2020 ခုနှစ် ဧပြီလ 30 ရက်နေ့မှ မေလ 22 ရက်အတွင်း စီစဉ်ထားသည့် လုပ်သက်ဆိုင်ရာ အစီအစဉ် သင်တန်းသားများအတွက် စီစဉ်ထားသော စာမေးပွဲများကို ဖျက်သိမ်းခဲ့ရာ ကမ္ဘာတစ်ဝှမ်း ကျောင်းသားပေါင်း 200,000 ကျော်ကို သက်ရောက်မှု ရှိစေခဲ့သည်။ IBO အနေဖြင့် စာမေးပွဲဖြေသူများအား သင်တန်းကာလတစ်လျှောက် လုပ်ဆောင်ခဲ့မှုနှင့် ကျွမ်းကျင်မှု၊ ထဲထဲဝင်ဝင်လေ့လာမှုနှင့် စနစ်ထဲတွင် ပါဝင်သော အရည်အသွေးထိန်းသိမ်းမှုများအပေါ် လေ့လာရရှိသည့်အချက်များအား အခြေခံ၍ အောင်လက်မှတ်နှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။ အဆင့်မြင့်ပညာရေးဟု သိရှိထားကြသည့် တတိယအဆင့် ပညာရေးသည် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းပြီးလျှင် မတက်မနေရ တက်ရောက်ရမည့် ပညာရေးအဆင့် တစ်ခုအား ရည်ညွှန်းသည်။ တတိယအဆင့်ပညာရေးကို ပုံမှန်အားဖြင့် တက္ကသိုလ်နှင့် ဘွဲ့လွန်သင်တန်းအစီအစဉ်များအပြင် အသက်မွေးဝမ်းကြောင်းပညာရေးနှင့် ကျွမ်းကျင်မှုသင်တန်းများပါဝင်သည်။ အဆင့်မြင့် (တတိယဆင့်) ပညာရေး ပြီးဆုံးသော လူပုဂ္ဂိုလ်များသည် ယေဘူယျအားဖြင့် လက်မှတ်များ၊ ဒီပလိုမာများ သို့မဟုတ် ပညာရှင် ဒီဂရီများ ရရှိသည်။ ဘွဲ့ကြိုပညာရေးဆိုသည်မှာ ဒုတိယအဆင့် ပညာရေးပြီးဆုံးပြီးနောက် ဘွဲ့လွန်ပညာရေးဆက်လက်သင်ကြားရန်အတွက် လုပ်ဆောင်သော ပညာရေးစနစ်ဖြစ်သည်။ သင်ယူသူသည် ပုံမှန်အားဖြင့် တက္ကသိုလ်ဘွဲ့ ရရှိနိုင်ပါသည်။ ကောလိပ်များ၊ တက္ကသိုလ်များနှင့် လူထု ကောလိပ်များစသော အဆင့်မြင့်ပညာရေး အစီအစဉ်များတွင် စာရင်းသွင်းကြသည့် ကျောင်းသားများကို အမေရိကန်ပြည်ထောင်စုကဲ့သို့ နိုင်ငံများတွင် မကြာခဏပင် “ကောလိပ်ကျောင်းသားများ” ဟု ရည်ညွှန်းကြသည်။ ကောလိပ်များနှင့် တက္ကသိုလ်များ ပိတ်ထားရခြင်းသည် ကျောင်းသားများ၊ ဌာနများ၊ စီမံခန့်ခွဲသူများနှင့် ကျောင်း အဖွဲ့အစည်းများ ကိုယ်တိုင်တို့ကို ကျယ်ပြန့်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်စေသည်။ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း ကောလိပ်များနှင့် တက္ကသိုလ်များကို ကျောင်းသားများအား ကျောင်းလခ၊ အခန်းနှင့် ဘုတ်အဖွဲ့အတွက် ကုန်ကျစားရိများအတွက် ငွေပြန်လည်ထုတ်ပေးရန် တောင်းဆိုထားသည်။ အမေရိကန်ပြည်ထောင်စုတွင် ကောလိပ်ကျောင်းများနှင့် တက္ကသိုလ်များသည် “မြို့အသေးစား” လေးများအသွင်ဖြင့် လည်ပတ်လျက်ရှိကြပြီး တည်ရှိရာ မြို့၊ ပြည်နယ်နှင့် ဒေသအတွက် အရေးပါသော အခွန်များအား ရရှိစေသည်။ ဥပမာအားဖြင့် Princeton တက္ကသိုလ်မှ နယူးဂျာစီပြည်နယ် စီးပွားရေးအတွက် ဒေါ်လာ 1.58 ဘီလီယံ ထောက်ပံ့ လှူဒါန်းခဲ့ပြီး ကျောင်းသားများ၏ ကျောင်းဝန်းပြင်ပ နေထိုင်စရိတ်အတွက် ဒေါ်လာ သန်း 60 ဝန်းကျင် အသုံးပြုခဲ့သည်။ ကောလိပ်နှင့် တက္ကသိုလ်များ ပိတ်ခြင်းက စီးပွားရေးအပေါ် ဆင့်ကဲသက်ရောက်စေပြီး ကြီးမားစွာ ဂယက်ရိုက်စေသည်။ Harvard Kennedy ကျောင်းမှ Linda Bilmes ၏ အဆိုအရ ပြည်တွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဈေးဆိုင်များ၊ ကားအငှားလုပ်ငန်းအေဂျင်စီများနှင့် အခြားသော စီးပွားရေးလုပ်ငန်းများသည် ဘွဲ့နှင်းသဘင်ရက်သတ္တပတ်နှင့် ကောလိပ် ပြန်လည်ဆုံဆည်းခြင်းကာလများတွင် တစ်နှစ်ပတ်လုံးဝင်ငွေထက် သိသာပိုများသော အချိုးအစားကို ရရှိသည်။ ယင်းအသိုင်းအဝိုင်းများသည် ထိုအချိန်တွင် ကောလိပ်များကို ဆက်လက်ပိတ်ထားပါက စီးပွားရေး ပျက်စီးမှု အများအပြားကို တွေ့ကြုံကြလိမ့်မည်။ “ဒေသခံ စီးပွားရေးကို ပံ့ပိုးဖို့ ကောလိပ်ကျောင်းတွေ အပေါ်မီခိုထားရသော မြို့ငယ်လေးများ နှင့် ဒေသခံစီးပွားရေး လုပ်ငန်းများသို့ လုပ်အား ပေးလိုက်ခြင်းများသည် အထူးသဖြင့် ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းဝင်းအတွင်းမှ ကျောင်းသားများ အစုအပြုံလိုက်ထွက်ခွာသွားသည့်အခါ သက်ရောက်မှု ရှိသည်။ အီသီကာ၊ နယူးယောက်၊ ကော်နဲလ် တက္ကသိုလ် ကျောင်းသားများ သည် တွမ်ကင်းစ် မြို့နယ်တွင် တစ်ပတ်လျှင် အနည်းဆုံး $4 သန်း အသုံးပြုသည်။ ကော်နဲလ် တက္ကသိုလ်က ကျောင်းသားများကို နွေဦးကျောင်းပိတ်ရက် အပြီးတွင် နေအိမ်များ၌ နေထိုင်ကြရန်နှင့် အဝေးရောက် သင်ကြားပို့ချမှုများ အဖြစ်ပြောင်းလဲရန် ဆုံးဖြတ်ချက်ချသည့် အချိန်တွင် အိုင်သီကာ မြို့တော်ဝန်က “မိမိတို့သည့် ကော်နဲလ် တက္ကသိုလ် ပိတ်ခြင်း၏ ရလဒ်အဖြစ် ဆိုးရွားသော စီးပွားရေး သက်ရောက်မှုကို မြင်ကြရလိမ့်မည် ဆိုကာ ချက်ချင်း အားကောင်းသော ပြည်ထောင်စု ဆုံးဖြတ်ချက်ကို ချမှတ်ရန်” တောင်းဆိုခဲ့သည်။ UNESCO အနေဖြင့် ဤကာလအတွင်း အကြံပြုချက် 10 ခုကို မျှဝေပေးခဲ့သည်- အဆင်သင့်ဖြစ်မှုကို ဆန်းစစ်ပြီး အသင့်တော်ဆုံးသော ကိရိယာများကို ရွေးချယ်ပါ။ ဒေသတွင်း ဓါတ်အားထောက်ပံ့ပေးနိုင်မှု၊ အင်တာနက်ချိတ်ဆက်နိုင်မှုနှင့် ဆရာများ၊ ကျောင်းသားများ၏ ဒစ်ဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုတို့အပေါ် အခြေခံ၍ အဆင့်မြင့် နည်းပညာနှင့် နည်းပညာအနိမ့် ဖြေရှင်းနည်းများကို အသုံးပြုရန် ဆုံးဖြတ်ပါ။ ယင်းသည် ပေါင်းစပ်ထားသော ဒစ်ဂျစ်တယ် သင်ကြားမှု ပလက်ဖေင်းများ၊ ဗီဒီယို သင်ခန်းစာများ၊ MOOCများ၊ မှသည် ရေဒီယိုနင့် တီဗီများမှတဆင့် ထုတ်လွှင့်မှုများ အထိ ကျယ်ပြန့်သည်။ အဝေးသင် အစီအစဉ်များ၏ အားလုံးပါဝင်မှုကို အာမခံပါ။ သူတို့အနေဖြင့် ဒစ်ဂျစ်တယ် ကိရိယာများကို အကန့်အသတ်ဖြင့်သာ လက်လှမ်းမီမှု ရှိပါက မသန်စွမ်းမှု ရှိသော ကျောင်းသားများ သို့မဟုတ် ဝင်ငွေနည်းပါးသော နောက်ခံမှ ကျောင်းသားများအပါအဝင် ကျောင်းသားများကို အဝေးသင် အစီအစဉ်များအား လက်လှမ်းမီမှု ရှိစေမှုကို အာမခံချက်ရှိစေသော လုပ်ဆောင်မှုများကို အကောင်အထည် ဖော်ပါ။ ထိုသို့သော ကွန်ပျူတာလက်တွေ့ခန်းများမှ စက်ပစ္စည်းများကို မိသားစုများထံ ယာယီ ခွဲဝေ အသုံးပြုခွင့်ပေးရန် စဉ်းစားပြီး ၎င်းတို့အား အင်တာနက်ချိတ်ဆက်နိုင်စေရန် ကူညီပေးပါ။ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ပါ။ အချက်အလက် လုံခြုံရေးကို ဂရုပြုပါ။ ​ဒေတာများ သို့မဟုတ် ပညာရေးဆိုင်ရာ အရင်းအမြစ်များကို ဝက်ဘ်ဆိုက်ဆာဗာများသို့ တင်သောအခါနှင့် အခြားအဖွဲ့အစည်းများ သို့မဟုတ် အခြားသူများနှင့် အချက်အလက် မျှဝေသောအခါ ဒေတာလုံခြုံရေးကို အကဲဖြတ် ဆောင်ရွက်ပါ။ အပလီကေးရှင်းများနှင့် ပလက်ဖောင်းများ အသုံးပြုခြင်းသည် ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုကို မချိုးဖောက်ကြောင်း သေချာစေပါ။ သင်ကြားမှု မစတင်မီ လူမှုရေးစိတ်ပညာဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ရန် ဦးစားပေးဖြေရှင်းပါ။ ကျောင်းများ၊ မိဘများ၊ ဆရာများနှင့်‌ ကျောင်းသူကျောင်းသားများ အချင်းချင်းဆက်သွယ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းကိရိယာများအား ဖြန့်‌ဝေပေးပါ။ ပုံမှန် လူလူချင်းအပြန်အလှန်ဆက်သွယ်မှုများ ရရှိနိုင်ရန်၊ လူမှုပတ်ဝန်းကျင် စောင့်ရှောက်မှု အစီအမံများ ပြုလုပ်ရန်၊ ကျောင်းသားများအနေဖြင့် သီးသန့်ခွဲခြားထားရှိခံရချိန်တွင် ကြုံတွေ့ရနိုင်သည့် လူမှု စိတ်ပညာရပ်ဆိုင်ရာ စိန်ခေါ်မှုဖြစ်နိုင်ခြေများအား ဖောင်္ထုတ်ရန် လူမှုအသိုင်းအဝိုင်းများကို ဖန်တီးပါ။ အဝေးမှ သင်ကြားသည့် အစီအစဉ်များ၏ သင်ကြားမှု အချိန်ဇယားကို အစီအစဉ်လုပ်ပါ။ သက်ဆိုင်သူများနှင့် ဆွေးနွေးမှုများကို စီစဉ်ပြီး ကျောင်းပိတ်မှုများ ကာလ ဖြစ်နိုင်ချေကို တွက်ချက်ပြီး အဝေးသင် အစီအစဉ်တွင် အသိပညာ အသစ်များကို သင်ကြားမည် သို့မဟုတ် ကျောင်းသားများ၏ ယခင် သင်ခန်းစာများမှ အသိပညာများကို ပြန်လည် အားဖြည့်မည် ဆိုသည်ကို ဆုံးဖြတ်ပါ။ ကူးစက်ခံရသော ‌ဒေသ၏ အခြေအနေ၊ ကျောင်းသားများ၏ အတန်းအဆင့်၊ ကျောင်းသားများလိုအပ်နိုင်သည့် ပစ္စည်းများအား လိုအပ်ချက်နှင့် မိဘများ၏ ကြည့်ရှုပေးနိုင်မှု အခြေအနေတို့ပေါ်မူတည်၍ အစီအစဉ်ကို ရေးဆွဲပါ။ ကျောင်းပိတ်ခြင်းနှင် အိမ်တွင်သီးခြားစောင့်ကြည့်ခြင်း အခြေအနေများ ပေါ်မူတည်၍ သင့်တော်မည့် သင်ကြားမှုနည်းလမ်းများကို ရွေးချယ်ပါ။ မျက်နှာချင်းဆိုင် ဆက်သွယ်မှု လိုအပ်သော သင်ကြားမှု နည်းလမ်းများအား ရှောင်ကြဉ်ပါ။ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုနည်းအား ဆရာများနှင့် မိဘများအား ပံ့ပိုးပေးပါ။ စောင့်ကြည့်မှုနှင့် ကူညီဖြည့်ဆည်းမှု လိုအပ်ပါက ဆရာများနှင့် မိဘများအတွက် အကျဉ်းချုပ် သင်တန်း သို့မဟုတ် နေသားကျစေမှု သင်ခန်းစာများကိုလည်း စီစဉ်ပေးပါ။ ဆရာများအနေဖြင့် သင်ခန်းစာများကို တိုက်ရိုက်လွှင့်ရန် လိုအပ်လျှင် အင်တာနက် ဒေတာ အသုံးပြု ဖြေရှင်းနည်းကဲ့သို့ အခြေခံလုပ်ဆောင်ချက်များကို အသင့်ပြင်ဆင်ရန် ဆရာများအား ကူညီပါ။ သင့်တော်သော ချဉ်းကပ်နည်းများကို ရောစပ်ပြီး အသုံးပြုမည့် အက်ပလီကေးရှင်း အရေအတွက်နှင့် အသုံးပြုမည့်စနစ်များကို ကန့်သတ်လျှော့ချပါ။ တစ်ပြိုင်တည်းဆက်သွယ်ကာ သင်ခန်းစာပို့ချခြင်းနှင့် နှစ်သက်ရာအချိန်တွင် သင်ယူလေ့လာစေခြင်း နှစ်မျိုးစလုံးအတွက် ကျောင်းသားအများစု ရရှိနိုင်သည့် ကိရိယာများ သို့မဟုတ် ဆက်သွယ်မှုနည်းများအား ရွေးချယ်ရောစပ်အသုံးပြုပါ။ ကျောင်းသားများနှင့် မိဘများကို အပလီကေးရှင်းအများအပြား သို့မဟုတ် ပလက်ဖောင်းအမြောက်အများကို ဒေါင်းလုဒ်ပြုလုပ်ခိုင်းခြင်း၊ စမ်းသပ်ရန်တောင်းဆိုခြင်းဖြင့် ဝန်ပိစေခြင်းကို ရှောင်ရှားပါ။ အဝေးရောက် သင်ယူမှုစည်းမျဉ်းများ ချမှတ်ပြီး ကျောင်းသားများ၏ သင်ယူမှုအဆင့်များအား စောင့်ကြည့်ပါ။ အဝေးရောက်သင်ကြားမှုအတွက် စည်းမျဉ်းများအား ကျောင်းသားများ၊ မိဘများနှင့်အတူ ဆွေးနွေးသတ်မှတ်ပါ။ ကျောင်းသားများ၏ သင်ယူလေ့လာမှုများအား အနီးကပ်စောင့်ကြည့်နိုင်ရန်အတွက် ပုံစံပြုထားသော မေးခွန်းများ၊ စမ်းသပ်စစ်ဆေးမှုများ သို့မဟုတ် လေ့ကျင့်ခန်းများကို တီထွင်ဖန်တီးပါ။ ကျောင်းသားများ၏ တုံ့ပြန်ချက် တင်ပြမှုကို အားပေးရန်နှင့် မိဘများအား ကျောင်းသားများ၏ တုံ့ပြန်ချက်ကို စကင်ဖတ်ပြီး ပေးပို့ရန် တောင်းဆိုခြင်းဖြင့် ထပ်တလဲလဲပေးပို့မှု မဖြစ်စေရန် ကိရိယာများကို အသုံးပြုကြည့်ပါ။ ကျောင်းသားများ၏ကိုယ်တိုင် စီစဉ်လုပ်ဆောင်မှု စွမ်းရည်များအပေါ် အခြေပြုထားလျက် အဝေးရောက် သင်ကြားမှု ယူနစ်များ၏ အချိန်ကာလကို သတ်မှတ်ပါ။ ကျောင်းသားများ၏ မိမိတို့ဘာသာ စီမံခန့်ခွဲနိုင်မှု အထူးသဖြင့် ပေါင်းစပ် သိမြင်နိုင်မှု စွမ်းရည် အဆင့်နှင့် အညီ တိုက်ရိုက်လွှင့်ထုတ်မှု သင်တန်များအတွက် အချိန်ကို လေးစားလိုက်နာပါ။ ဖြစ်နိုင်လျှင် မူလတန်းကျောင်းသားများအတွက် စာသင်ချိန်တစ်ချိန်လျှင် 20 မိနစ်ထက် မကျော်သင့်ဘဲ အလယ်တန်းကျောင်းသားများအတွက် 40 မိနစ်ထက် မကျော်သင့်ပါ။ လူမှုအသိုင်းအဝိုင်းများကို ဖန်တီးပြီး အဆက်အသွယ်များ တိုးမြှင့်ပါ။ အထီးကျန်ခြင်းသို့မဟုတ် ပျော်ရွှင်မှုကင်းမဲ့ခြင်း ခံစားရမှုကို ပြေလျော့စေရန်၊ အတွေ့အကြုံများအား လွယ်ကူစွာ မျှဝေနိုင်ရန်နှင့် သင်ယူလေ့လာမှုတွင် အခက်အခဲများ ကြုံတွေ့ရသောအခါတွင် ဖြေရှင်းမှုနည်းလမ်းများအား ဆွေးနွေးခြင်းများ လုပ်ဆောင်ရန်အတွက် ဆရာများ၊ မိဘများနှင့် ကျောင်းအုပ်ချုပ်သူများပါဝင်သော လူမှု အသိုင်းအဝိုင်းများ ဖန်တီးပါ။ COVID-19 ကြောင့် ကျောင်းမတက်ရသည့် ကျောင်းသားပေါင်း 290 မီလီယံရှိ- ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ အရေအတွက်ကို UNESCO မှထုတ်ပြန်ခဲ့ပြီး တုန့်ပြန်ဖြေရှင်းမှုများစတင်ခဲ့ပြီဖြစ်သည်။UNESCO။ COVID-19 အတွက် အလုပ်ခွင် ဘေးအန္တရာယ် ထိန်းချုပ်မှုများ။ COVID-19 အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ထိန်းချုပ်မှုများ မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ 2019 ( COVID-19) ကာကွယ်ခြင်းအတွက် ဘေးအန္တရာယ် ထိန်းချုပ်မှုများ အတွက် လုပ်ငန်းခွင့်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ အလုပ်ခွင်တွင် မှန်ကန်သော ထိန်းချုပ်မှုသည် အလုပ်နေရာနှင့် အလုပ် ရည်မှန်းချက်များ အပေါ်တွင် ထိတွေ့မှု အရင်းအမြစ်များ၏ ဘေးအန္တရာယ် စမ်းစစ်မှု၊ လူထုအတွင်း ရောဂါ ပြင်းထန်မှု နှင့် COVID-19 ရရှိနိုင်သော အလားအလာ ရှိနိုင်သည့် အလုပ်သမားများ တစ်ဦးချင်းအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော အကြောင်းအရာများအပေါ် မူတည်သည်။ အမေရိကန်ပြည်ထောင်စု လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး စီမံအုပ်ချုပ်မှုဌာန (OSHA) ၏ အဆိုအရ လူအများနှင့်၊ အခြားလုပ်ဖော်ကိုင်ဖက်တို့နှင့် အလုပ်သဘောအရ အနည်းငယ်မျှသာ ထိတွေ့ရသည့်အလုပ်များသည် ကူးစက်မှုအန္တရာယ် နည်းပါးသော အလုပ်များဖြစ်ပြီး ထိုကဲ့သို့အလုပ်များအတွက် လက်ဆေးခြင်း၊ အလုပ်သမားများ နေမကောင်းလျှင် အိမ်တွင်သာနေရန် တိုက်တွန်းခြင်း၊ နှာစေး၊ ချောင်းဆိုးရာတွင် လိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေခြင်းနှင့် အလုပ်ခွင် ပတ်ဝန်းကျင်အား ပုံမှန် သန့်ရှင်း၍ ပိုးသတ်ခြင်းများ လုပ်ဆောင်ခြင်း အပါအဝင် အခြေခံ ကူးစက်ရောဂါ ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို အကြံပြုထားပါသည်။ COVID-19 ရှိကြောင်း သိရှိမထားသူ သို့မဟုတ် သံသယ မရှိထားသူများနှင့် မကြာခဏ သို့မဟုတ် အနီးကပ် ဆက်ဆံရန်လိုအပ်သည့် အလုပ်များအပြင် လူထု ကူးစက်မှု သို့မဟုတ် နိုင်ငံတကာ ခရီးသွားလာမှုကြောင့် ကူးစက်ခံရနိုင်သည့် အလုပ်များကလည်း ကူးစက်မှုအန္တရာယ် အတန်အသင့်ရှိသော အလုပ်များတွင် ပါဝင်ပါသည်။ ယင်းတွင် ကျောင်းများ၊ လူဉီးရေ ထူထပ်သိပ်သည်းသော အလုပ်ပတ်ဝန်းကျင်များ။ နှင့် အချို့သော လက္ကားရောင်းချမှု ပမာဏ မြင့်မားသော အနေအထားများ ကဲ့သို့ အထွေထွေ လူထုနှင့် ထိတွေ့ရသော အလုပ်သမားများ ပါဝင်သည်။ အခြေခံ ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ဆောင်မှုများ အပြင် ဤအုပ်စုအတွက် ဘေးအန္တရာယ် ထိန်းချုပ်မှုများတွင် ထိရောက်မှု မြင့်မားသော လေစစ်များသုံးသည့် လေဝင်လေထွက်၊ နှာချေခြင်း အကာအကွယ်များ၊ နှင့် အကယ်၍ COVID-19 ရှိသော လူတစ်ဦးတစ်ယောက်နှင့် ဆက်ဆံရန် လိုအပ်ပါက တကိုယ်ရည်သုံး ကာကွယ်မှု ပစ္စည်းများရှိခြင်းတို့ပါဝင်သည်။ COVID-19 ရှိသည်ဟု သိထားသူများ သို့မဟုတ် သံသယရှိသူများနှင့် ထိတွေ့ရသော ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ရင်ခွဲရုံ အလုပ်သမားများသည် မြင့်မားသော ထိတွေ့နိုင်မှု ဘေးအန္တရာယ် ရှိပြီး အကယ်၍ COVID-19 ရှိသည်ဟု သိထားရသော သို့မဟုတ် သံသယရှိသူများထံမှ တစ်ရှူးနမူနာများ စုဆောင်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း သို့မဟုတ် အပေါ် လေတွင်လွင့်ပါသော အမှုန်များ ပြုလုပ်ရသော အလုပ်သမားများဖြစ်ပါက ထိတွေ့နိုင်မှု ဘေးအန္တရာယ် အလွန်မြင့်မားသည်ဟု OSHA က သတ်မှတ်သည်။ ဤအလုပ်သမားများအတွက် သင့်လျော်သော ဘေးအန္တရာယ် ထိန်းချုပ်မှုများတွင် အနုတ်လက္ခဏာ ဖိအားရှိ လေဝင်လေထွက်ကောင်းသော အခန်းများနှင့် အလုပ် ရည်မှန်းချက်နှင့် ကိုက်ညီသော တစ်ကိုယ်ရေ အကာအကွယ် ကိရိယာများ ကဲ့သို့ အင်ဂျင်နီယာ ဆိုင်ရာ ထိန်းချုပ်မှုများပါဝင်သည်။ COVID-19 ရောဂါပြန့်ပွားမှုသည် အလုပ်ခွင်အတွင်း သက်ရောက်မှု အများအပြား ရှိသည်။ အလုပ်သမားများသည် ဖျားနာခြင်း၊ အခြားသူများကို စောင့်ရှောက်မှုပေးရန်လိုခြင်း၊ သို့မဟုတ် ဖြစ်နိုင်ချေရှိသော ထိတွေ့မှုကို စိုးရိမ်ခြင်းတို့ကြောင့် အလုပ်မှ ပျက်ကွက်နိုင်သည်။ ကုန်သွယ်မှုပုံစံများသည် တောင်းဆိုမှုရှိသော ကုန်ပစ္စည်းများနှင့် ထိုကုန် ပစ္စည်းများကို မည်သို့ ရယူမည် (ဉပမာ- လူအများဆုံး အချိန်များကို ရှောင်၍ ဈေးဝယ်ခြင်း၊ သို့မဟုတ် ပစ္စည်းကို အိမ်တိုင်ရာရောက် ပို့သည့်စနစ် သို့မဟုတ် ကားဖြတ်မောင်း ဝယ်ယူမှု ဝန်ဆောင်မှုများ) ဆိုသည့် နည်းလမ်း နှစ်မျိုးစလုံးတွင် ပြောင်းလဲသွားနိုင်သည်။ နောက်ဆုံးတွင် COVID-19 ပြင်းထန်စွာ ကူးစက်ပျံ့နှံ့ခဲ့သည့် နယ်မြေဒေသများမှ ပစ္စည်းများ တင်ပို့မှုမှာ ကြန့်ကြာနိုင်ပါသည်။ ကာကွယ်ရေး လုပ်ဆောင်ချက်များအတွက် လမ်းညွှန်အဖြစ် ကူးစက်တတ်သော ရောဂါ ကြိုတင်ပြင်ဆင်ရေးနှင့် ဖြေရှင်းရေး အစီအစဉ်ကို အသုံးပြုနိုင်သည်။ ထိတွေ့မှု အရင်းအမြစ်များ၊ အပါအဝင် လုပ်ငန်းခွင်နှင့် လုပ်ငန်းရည်မှန်းချက်အမျိုးမျိုးနှင့် တွဲဖက်နေသော ဘေးအန္တရာယ်များ၊ အိမ်နှင့် လူထု တည်ရှိဖွဲ့စည်းပုံမှ ပေါ်ထွက်လာသော ဘေးအန္တရာယ်များ နှင့် အသက်ကြီးရင့်ခြင်း သို့မဟုတ် နာတာရှည် ဆေးဖက်ဆိုင်ရာ အခြေအနေများ ကဲ့သို့ အလုပ်သမားများ တစ်ဦးချင်းစီ၏ ဘေးအန္တရာယ် အကြောင်းရင်း များ၏ အတိုင်းအတာများကို စီမံကိန်းများက ဖြေရှင်းသည်။ ၎င်းတို့က ထိုဘေးအန္တရာယ်များကို ဖြေရှင်းရန် လိုအပ်သော ထိန်းချုပ်မှုများကိုလည်း ဖော်ပြပေးပြီး ကူးစက်ပြန့်ပွားမှု၏ ရလဒ်အဖြစ် ပေါ်ထွက်လာနိုင်သော အခြေအနေများအတွက် အရန် အစီအမံများကို ဖော်ဆောင်နိုင်သည်။ ကူးစက်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များသည် နိုင်ငံတော်အဆင့် သို့မဟုတ် ဒေသဆိုင်ရာ အလိုက် အကြံပြုချက်များအပေါ် လိုက်နာဆောင်ရွက် ရပါသည်။ ကူးစက်ပြန့်ပွားခြင်းအပေါ် တုန့်ပြန်မှုအတွက် ရည်မှန်းချက်များတွင် ဝန်ထမ်းများအကြား ကူးစက်မှု လျော့ချခြင်း၊ နောက်ဆက်တွဲ ကျန်းမာရေး ဖြစ်ရပ်များအတွက် ပိုမိုမြင့်မားသော ဘေးအန္တရာယ်ရှိသည့် လူများကို ကာကွယ်ခြင်း၊ စီးပွားရေး လည်ပတ်မှုများကို ထိန်းသိမ်းခြင်း နှင့် အခြားသော လုပ်ငန်းများကို သူတို့၏ ပစ္စည်းပေးသွင်းမှု လမ်းကြောင်းများ အပေါ် ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံး ဖြစ်စေခြင်းတို့ ပါဝင်သည်။ လုပ်ငန်းတည်ရှိရာ လူထု အသိုင်းအဝိုင်းတွင် ရောဂါ၏ ပြင်းထန်မှုသည် လုပ်ဆောင်သော တုန့်ပြန်မှုအပေါ် သက်ရောက်သည်။ အန္တရာယ်ထိန်းချုပ်နည်းအဆင့်ဆင့်သည် ထိရောက်မှုအလိုက် အန္တရာယ်ထိန်းချုပ်နည်းများကို အုပ်စုခွဲရန် လုပ်ငန်းခွင် ဘေးကင်းရေးနှင့် ကျန်းမာရေးတို့တွင် ကျယ်ပြန်စွာ အသုံးပြုလျက်ရှိသည့် မူဘောင် ဖြစ်သည်။ COVID-19 ၏ ဘေးအန္တရာယ်ကို ဖယ်ရှားခြင်းမပြုနိုင်သည့် အခါတွင် အထိရောက်ဆုံး ထိန်းချုပ်မှုများမှာ အင်ဂျင်နီယာ ဆိုင်ရာ ထိန်းချုပ်မှုများ၊ ယင်းနောက်တွင် စီမံခန့်ခွဲမှုဆိုင်ရာ ထိန်းချုပ်မှုများနှင့် နောက်ဆုံးတွင် တကိုယ်ရေသုံး ကာကွယ်ရေး ပစ္စည်းများ ဖြစ်ကြသည်။ အင်ဂျင်နီယာ ဆိုင်ရာ ထိန်းချုပ်မှုများတွင် ဝန်ထမ်းများကို အလုပ်သမား၏ အလေ့အထအပေါ် မှီခိုခြင်းမရှိပဲ အလုပ်နှင့် ပတ်သက်သော ဘေးအန္တရာယ်များမှ သီးခြား ခွဲထားခြင်းပါဝင်ပြီး အကောင်အထည်ဖော်ရန် စားရိတ်အသက်သာဆုံး ဖြေရှင်းမှု ဖြစ်နိုင်သည်။ စီမံခန့်ခွဲမှု ထိန်းချုပ်ခြင်းသည် အလုပ်သမား သို့မဟုတ် အလုပ်ရှင်က လုပ်ရန် လိုအပ်သော အလုပ်မူဝါဒများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ ပေါ်တွင် အပြောင်းအလဲ ရှိသည်။ တကိုယ်ရေ ကာကွယ်မှု ပစ္စည်းများ (PPE) သည် အင်ဂျင်နီယာ ဆိုင်ရာ နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ထိန်းချုပ်မှုများလောက် ထိရောက်မှု မရှိသော်လည်း အချို့ထိတွေ့မှုများကို ကူညီကာကွယ်ပေးသည်။ PPE အမျိုးအစားအားလုံးကို အလုပ်သမား၏ အလုပ်ခွင် ဘေးအန္တရာယ် အပေါ် အခြေခံ ရွေးချယ်ရမည်၊ သက်ဆိုင်ရာများကို တည့်မှန်စွာ (ဥပမာ- အသက်ရှူပေါက်များ) တပ်ဆင်ရမည်၊ တသားတည်းနှင့် မှန်ကန်စွာ ဝတ်ဆင်ရမည်၊ ပုံမှန်စစ်ဆေးရမည်၊ ထိန်းသိမ်းရမည် လိုအပ်သလို လဲလှယ်ရမည်၊ မှန်ကန်စွာ ဖယ်ရှားရမည်၊ သန့်စင်ရမည် ထို့နောက် ပေကြံခြင်းမရှိစေပဲ သိမ်းဆည်း သို့မဟုတ် စွန့်ပစ်ရမည်။ အမေရိကန် ပြည်ထောင်စု လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု (OSHA) အဆိုအရ ထိတွေ့မှု ဘေးအန္တရာယ် နည်းပါးသော အလုပ်များသည် လူထုနှင့် အခြား လုပ်ဖော်ကိုင်ဖက်များ နှင့် လုပ်ငန်းဆိုင်ရာ ထိတွေ့မှု အနည်းဆုံးသာ ရှိသည်။ အလုပ်ခွင်အားလုံးအတွက် အကြံပြုထားသည့် အခြေခံ ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ဆောင်မှုများ တွင် မကြာခဏနှင့် သေချာစွာ လက်ဆေးခြင်း၊ နေ့မကောင်းပါက အလုပ်သမားများကို အိမ်တွေင်နေရန် တိုက်တွန်းခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့ကို ဖုံးအုပ်ခြင်း၊ တစ်ရှူးများ ပေးခြင်းနှင့် အမှိုက်ပစ်ရန် ထားရှိပေးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမူအကျင့်များ၊ အဝေးမှ ဆက်သွယ်မှုများအတွက် ပြင်ဆင်ခြင်း သို့မဟုတ် လိုအပ်ပါက အလုပ်ဆိုင်းများ ခွဲ၍ ထားခြင်း၊ အလုပ်သမားများကို အခြားသော ပရိုဂရမ်များ နှင့် ကိရိယာများ သုံးစွဲမှုကို တားမြစ်ခြင်း၊ နှင့်အလုပ်ပတ်ဝန်းကျင်တွင် ပုံမှန် သန့်ရှင်းရေး လုပ်ဆောင်မှုကို ဆက်လက် ထိန်းသိမ်းခြင်း နှင့် ပိုးသတ်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက် နိုင်ချေရှိသော လူပုဂ္ဂိုလ်များကို လျင်မြန်စွာဖော်ထုတ်၍ သီးခြားခွဲထားခြင်းသည် အလုပ်သမားများ၊ ဖောက်သည်များ၊ ဧည့်သည်များ နှင့် အလုပ်ခွင်ရှိ အခြားသော သူများကို ကာကွယ်ရာတွင် အရေးပါသော အဆင့် ဖြစ်သည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများ (CDC) က ရုတ်တရက် အသက်ရှူလမ်းကြောင်း နာမကျန်းမှု လက္ခဏာများရှိသော ဝန်ထမ်းများသည် အဖျားကျဆေးနှင့် သို့မဟုတ် အြခါး လက္ခဏာများကို ပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲခြင်း မရှိပဲ ကိုယ်ပူချိန် မြင့်မားမှု၊ ကိုယ်ပူချိန် မြင့်မားသည့် လက္ခဏာများ၊ နှင့် အခြားသော ရောဂါလက္ခဏာများ အနည်းဆုံး 24 နာရီကြာအောင် မရှိသည့် တိုင်အောင် အိမ်တွင် နေထိုင်ရန် နှင့် နာမကျန်းခွင့် မူဝါဒများ ပြောင်းလွယ်ပြင်လွယ်ရှိစေရန်၊ ဝန်ထမ်းများအနေဖြင့် နာမကျန်း ဖြစ်သော မိသားစုဝင်များကို အိမ်တွင်နေထိုင်၍ ပြုစုနိုင်ရန် နှင့် ၎င်းမူဝါဒများကို ဝန်ထမ်းများ သိရှိစေရန် တိုက်တွန်းထားသည်။ OSHA ၏ အဆိုအရ COVID-19 ကူးစက်ခံရသည်ဟု သံသယရှိ လူနာများ သို့မဟုတ် မိမိနှင့် မသိရှိသည့် သူများနှင့် ခြောက်ပေ (1.8 မီတာ) အတွင်း မကြာခဏ သို့မဟုတ် အနီးကပ်ထိတွေ့ ရသည့်အလုပ်များသည် ကူးစက်ခံရနိုင်သည့် အန္တရာယ် အလယ်အလတ်ရှိသော အလုပ်များတွင် ပါဝင်သည်။ သို့သော် အဆိုပါသူသည် COVID-19 ကူးစက်ပျံ့နှံ့နေသော ဒေသတစ်ခုသို့ မကြာသေးမီက နိုင်ငံဖြတ်ကျော် ခရီးသွားခဲ့နိုင်သောကြောင့် ဖြစ်စေ အဆိုပါလူနာလုပ်ကိုင်ရာ စီးပွားရေးလုပ်ငန်းနေရာတစ်ဝှိုက် ဒေသတွင်း ကူးစက်မှု ဖြစ်ပွားနေသောကြောင့် ဖြစ်စေ SARS-CoV-2 ကူးစက်ခံရနိုင်ခြေရှိပါသည်။ ယင်းတို့တွင် ကျောင်းများ၊ လူထူထပ်သော အလုပ် ပတ်ဝန်းကျင်များ၊ နှင့် အချို့သော ရောင်းအားကောင်း လက်လီရောင်းချမှု အခင်းအကျင်းများကဲ့သို့ အထွေထွေ အများပြည်သူနှင့် ထိတွေ့မှု ရှိခဲ့သော အလုပ်သမားများ ပါဝင်သည်။ ယင်းနှင့် ပိုမိုမြင့်မားသော ဘေးအန္တရာယ် အုပ်စုများအတွက် အင်ဂျင်နီယာဆိုင်ရာ ထိန်းချုပ်မှုများတွင် ထိရောက်မှု မြင့်မားသော လေစစ်ဇကာများ တပ်ဆင်ခြင်း၊ လေဝင်ထွက်နှုန်း မြှင့်တင်ခြင်း၊ ထွင်းဖောက်မြင် ပလပ်စတစ် နှာချေမှု အပိတ်များကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ တပ်ဆင်ခြင်း နှင့် ဖောက်သည် ဝန်ဆောင်မှု အတွက် Drive-through ပြူတင်းများ တပ်ဆင်ခြင်းတို့ ပါဝင်သည်။ ယင်းနှင့် ပိုမိုမြင့်မားသော ဘေးအန္တရာယ် အုပ်စုများအတွက် စီမံခန့်ခွဲရေး ထိန်းချုပ်မှုများတွင် နာမကျန်းသော အလုပ်သမားများကို နေအိမ်တွင် နေထိုင်စေခြင်း၊ မျက်နှာချင်းဆိုင် အစည်းအဝေးများကို လူချင်းမတွေ့သည့် ဆက်သွယ်မှုများဖြင့် အစားထိုးခြင်း၊ တထပ်တည်းမကျအောင် အလုပ် အချိန်ဇယားရေးဆွဲခြင်း၊ လက်ရှိတွင် COVID-19 ကူးစက်မှု ဖြစ်ပွားနေသည့် နေရာများသို့ မရှိမဖြစ်မဟုတ်သည့် ခရီးသွားလာမှုများကို ရပ်ဆိုင်းခြင်း၊ အလုပ်သမားများ၏ စိုးရိမ်မှုများကို ဖြေဆိုပေးသည့် ဖိုရမ်အပါအဝင် အရေးပေါ် ဆက်သွယ်မှု အစီအစဉ်များ ရေးဆွဲခြင်း၊ အလုပ်သမား များကို COVID-19 ဘေးအန္တရာယ် အကြောင်းအရာများနှင့် ကာကွယ်မှု အပြုအမူများ ဆိုင်ရာ နောက်ဆုံးရ ပညာပေးမှု အချက်အလက်များနှင့် သင်တန်းများပေးခြင်း၊ ကာကွယ်မှု အဝတ်အစားများ၊ နှင့် ကိရိယာများ အသုံးပြုရန် လိုအပ်သော အလုပ်သမားများကို သင်တန်းပေးခြင်း၊ တကိုယ်ရေသန့်ရှင်းရေးကို မြှင့်တင်ပေးသော အရင်းအမြစ်များ နှင့် အလုပ်ပတ်ဝန်းကျင်ကို ပေးခြင်း၊ ပုံမှန် လက်ဆေးမှုကို လိုအပ်ချက်အဖြစ် သတ်မှတ်ခြင်း၊ အလုပ်ခွင်သို့ ဖောက်သည်များနှင့် အများပြည်သူတို့ မလာနိုင်စေရန် ကန့်သတ်ခြင်း၊ နှင့် လက်ဆေးခြင်းနှင့် အခြား COVID-19 ကာကွယ်ရေး ဆိုင်ရာ လုပ်ဆောင်မှုများအကြောင်း ဆိုင်းဘုတ်များ ရေးသား ထောင်ထားခြင်းတို့ ပါဝင်သည်။ အလုပ် ရည်မှန်းချက်အပေါ် မူတည်၍ အနည်းဆုံး အလယ်အလတ် ထိတွေ့မှု ဘေးအန္တရာယ်ရှိသော အလုပ်သမားများကို လက်အိပ်များ၊ ဝတ်စုံ၊ မျက်နှာကာ သို့မဟုတ် နှာခေါင်းစည်း သို့မဟုတ် ရေကူးမျက်မှန် တို့ တစ်ခါတစ်ရံ စုပေါင်းလျက် အပါအဝင် တကိုယ်ရေ ကာကွယ်မှု ကိရိယာများ ဝတ်ဆင်ရန် လိုအပ်စေသင့်သည်။ ဤဘေးအန္တရာယ်ရှီသော အုပ်တွင်ရှိ အလုပ်သမားများသည် အသက်ရှူ စက်များ အသုံးပြုရန် လိုအပ်လေ့ မရှိပါ။ တစ်စုံတစ်ဦးသည် လေယာဉ်ပေါ်တွင် နာမကျန်းဖြစ်ပါက အလုပ်သမားများနှင့် အခြား ခရီးသည်များကို မှန်ကန်စွာ ကာကွယ်ရန် မှန်ကန်သော ထိန်းချုပ်မှုများတွင် နာမကျန်းသော လူကို အခြားသူများမှ 6 ပေ အကွာအဝေးတွင် ခွဲထားခြင်း၊ နာမကျန်းသူကို ပြုစုရန် လေယာဉ်ဝန်ထမ်းတစ်ဦးကို တာဝန်ပေးခြင်း၊ နှင့် ချောင်းဆိုးသည့်မအခါ သို့မဟုတ် နှာချေသည့်အခါ နာမကျန်းသူကို နှာခေါင်းစည်း တစ်ခုပေးရန် သို့မဟုတ် နာမကျန်းသူကို သူ၏ နှာခေါင်းနှင့် ပါးစပ်ကို တစ်ရှူးစက္ကူဖြင့် ပိတ်ထားစေခြင်း တို့ ပါဝင်သည်။ ရောဂါပိုးကပ်တွယ်နေနိုင်သည့် မျက်နှာပြင်များ သို့မဟုတ် ခန္ဓာကိုယ်မှထွက်သည့် အရည်များကို ထိတွေ့ကိုင်တွယ်ရသည့်အခါ သို့မဟုတ် နေမကောင်းသည့် ခရီးသည်တစ်ဦးကို ဝန်ဆောင်မှုပေးသည့်အခါ လေယာဉ်အမှုထမ်းများအနေဖြင့် တစ်ခါသုံးဆေးဘက်ဆိုင်ရာ လက်အိတ်များကို ဝတ်ဆင်သင့်သည်။ ဖြစ်နိုင်လျှင် လေယာဉ်အမှုထမ်းများသည် ဖျားနာနေသည့် ခရီးသည်တွင် အဖျားတက်နေခြင်း သို့မဟုတ် ဆက်တိုက် ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူခက်ခဲခြင်း လက္ခဏာများကို တွေ့ရလျှင် ထပ်ဆောင်း တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်းများကို ဝတ်ဆင်သင့်သည်။ လက်အိတ်များနှင့် အခြားသော တစ်ခါသုံး ပစ္စည်းများကို ဇီဝအန္တရာယ် ကာကွယ်မှု အိတ်များအတွင်း စွန့်ပစ်ပြီး ထိတွေ့ ပေကြံသော မျက်နှာပြင်များကို ယင်းနောက်တွင် သန့်ရှင်းရေး လုပ်ပြီး ပိုးသပ်ရမည်။ ဇိမ်ခံသင်္ဘောများ၊ နှင့် အခြား လူစီးသင်္ဘောများ အပါအဝင် လုပ်ငန်းသုံး သင်္ဘောများ အတွက် နာမကျန်းသည့်အခါ ခရီးစဉ် ရွေ့ဆိုင်းခြင်း၊ နှင့် မိမိဘာသာ သီးခြားခွဲနေခြင်း နှင့် သင်္ဘောစီးနေစဉ်အတွင်း ကိုယ်ပူမြင့်ခြင်းနှင့် အခြားသော ရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်း သင်္ဘောပေါ်ရှိ ကျန်းမာရေး စင်တာကို အကြောင်းကြားခြင်း အပါအဝင် ဘေးအန္တရာယ် ထိန်းချုပ်မှုများ လုပ်ဆောင်ရမည်။ သီးခြားခွဲထားသူ၏ အခန်းငယ်တွင် ကျန်းမာရေး နောက်ဆက်တွဲများ လုပ်ဆောင်ရန်မှာ အသင့်တော်ဆုံးဖြစ်သည်။ ရပ်ရွာတွင်း ကူးစက်ပျံ့နှံ့သည်ဖြစ်စေ မပျံ့နှံ့သည်ဖြစ်စေ ကျောင်းအဆောက်အဦတွင်းသို့ ကူးစက်ခံထားရသူ ရောက်လာခဲ့ဖူးပါက သန့်ရှင်းရန် သို့မဟုတ် ပိုးသတ်ရန် အလို့ငှာ ကျောင်းများနှင့် ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာများကို ကာလတို ပိတ်ပေးရန် CDC က အကြံပြုပါသည်။ အနိမ့်ဆုံးမှ အသင့်အတင့် လူထု ကူးစက်မှု ရှိချိန်တွင် ကွင်းဆင်းမှု ခရီးစဉ်များ၊ စုဝေးပွဲများ၊ နှင့် လေ့ကျင့်ခန်း လုပ်ခြင်း သို့မဟုတ် သီချင်းဆို သင်တန်းများ၊ သို့မဟုတ် ကော်ဖီဆိုင်တွင် အစာစာခြင်း စသည့် အခြား ကြီးမားသော လူစုလူဝေးများ လုပ်ခြင်း၊ စားပွဲများကြားနေရာကို တိုးမြှင့်ခြင်း၊ ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်တို့ကို မတိုက်အောင် အချိန်ဇယားဆွဲခြင်း၊ မရှိမဖြစ်မဟုတ်သည့် ဧည့်သည်များကို ကန့်သတ်ခြင်း၊ နှင့် တုတ်ကွေးနှင့် ဆင်သော လက္ခဏာများရှိသည့် ကလေးများအတွက် သီးခြား ကျန်းမာရေး ရုံး တည်နေရာများ အသုံးပြုခြင်း စသည့် လူမှု ဝေးကွာမှု မဟာဗျူဟာများကို အကောင်အထည်ဖော်နိုင်သည်။ ဒေသခံ လူထုများအတွင်း ကူးစက်မှု အများအပြား ဖြစ်ပွားသည့် အချိန်တွင် လူမှု ဝေကွာမှု မဟာဗျူဟာများအပြင် ကျောင်းပိတ်ရက် တိုးမြှင့်ခြင်းကို ထည့်သွင်းစဉ်းစားနိုင်သည်။ နေ့စဉ် ပုံမှန် လုပ်ငန်းများ လုပ်ဆောင်နေသည့် ဥပဒေစိုးမိုးရေး အရာရှိအတွက် အနီးကပ် ကျန်းမာရေး ဘေးအန္တရာယ်နည်းပါးသည်ဟု CDC က သတ်မှတ်သည်။ COVID-19 ကူးစက်ခံရသည်ဟု အတည်ပြုခံရသူ သို့မဟုတ် သံသယ ရှိခံသူများနှင့် မဖြစ်မနေထိတွေ့ရမည့် ဥပဒေစိုးမိုးရေး အရာရှိများသည် သင့်လျော်သည့် တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်းများ အသုံးပြုခြင်းအပါအဝင် အရေးပေါ်ဆေးဘက်ဆိုင်ရာ ပညာရှင်များကဲ့သို့ပင် အလားတူညွှန်ကြားချက်များကို လိုက်နာရန် အကြံပြုထားပါသည်။ စိုးရိမ်ကြောင့်ကျမှု ကာလအတွင်း အနီးကပ် ထိတွေ့မှု ဖြစ်ပွားခဲ့ပါက အလုပ်သမားများသည် သူတို့၏ ဂျူတီခါးပတ်များနှင့် ဂီယာများကို ပြန်လည် အသုံးမပြုမီ အိမ်သုံး သန့်စင်ရေး စပရေး သို့မဟုတ် သုတ်သည့် အဝတ်တို့ကို သုံးလျက် သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ရမည်။ ထို့နောက် အသုံးပြုပြီးသော PPE များကို ထည့်သွင်းခြင်းနှင့် စွန့်ပစ်ခြင်းအတွက် နှင့် အဝတ်အစားများကို ထည့်သွင်းခြင်းနှင့် လျော်ဖွတ်ခြင်း ဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာပါ။ OSHA က အချို့သော ကျန်းမာရေး စောင့်ရှောက်မှု နှင့် ရင်ခွဲရုံ လုပ်သားများကို ထိတွေ့မှု အန္တရာယ် မြင့်မားသော သို့မဟုတ် အလွန်မြင့်မားသော အမျိုးအစားအဖြစ် သတ်မှတ်သည်။ ဘေးအန္တရာယ် ထိတွေ့နိုင်မှု မြင့်မားသော အလုပ်များတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ ပံ့ပိုးမှု၊ ဓါတ်ခွဲခန်းနှင့် COVID 19 ရှိကြောင်း သိထားသူ သို့မဟုတ် သံသယရှိသူများနှင့် ထိတွေ့ရသည့် ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်သားများ ပါဝင်သည်။ အကယ်၍ အလုပ်သမားများသည် COVID-19 ရှိကြောင်း သိရှိထားသူ သို့မဟုတ် သံသယရှိသူများထံမှ ကို စုဆောင်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းနှင့် ယင်းတို့အပေါ် အမှုန်အမွှားလေးများကို လေတွင် ပြန့်နှံအောင် လုပ်ခြင်းတို့ကို လုပ်ရပါက ယင်းတို့မှာ အလွန် ဘေးအန္တရာယ် အလွန်မြင့်မားခြင်း ဖြစ်လာသည်။ လေထဲသို့ အမှုန်အမွှားများ ထုတ်လွှင့်သည့် လုပ်ငန်းစဉ်များ တွင် ပိုက်သွင်းခြင်း၊ ချောင်းဆိုးမှု လျော့ချမှု လုပ်ငန်းစဉ်များ၊ လေပြွန်ပိုက်ထည့် ကြည့်ရှုခြင်း၊ အချို့သော သွားဘက်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စမ်းသပ်မှုများ သို့မဟုတ် ကိုယ်ခန္ဓာအတွင်းပိုင်း တစ်ရှူးနမူနာ ရယူခြင်းတို့ ပါဝင်သည်။ ဘေးအန္တရာယ်မြင့်မားသည့် ရင်ခွဲရုံအလုပ်များတွင် သူတို့ သေဆုံးချိန်တွင် COVID-19 ရှိကြောင်း သိရှိထားသော သို့မဟုတ် သံသယရှိထားသော လူနာများ၏ အလောင်းများကို ပြင်ဆင်ရာတွင် ပါဝင်သော အလုပ်သမားများ ပါဝင်သည်။ အကယ်၍ သူတို့သည် ရင်ခွဲ စစ်ဆေးမှုလုပ်ဆောင်ပါက အလွန်မြင့်မားသော ဘေးအန္တရာယ်ရှိသည်။ ထို့အပြင် လေတွင် ပျံဝဲစေသော အမှုန်အမွှားများ ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်များအပါအဝင် COVID-19 ရှိကြောင်း သိထားသော သို့မဟုတ် သံသယရှိသော လူနာများအတွက် သီးခြားအခန်းများ အပါအဝင် ယင်းအန္တရာယ်ရှိသော အုပ်စုများအတွက် အပိုဆောင်း အင်ဂျင်နီယာ လုပ်ငန်း ထိန်းချုပ်မှု ကို လုပ်ဆောင်သည်။ အထူးပြုလုပ်ထားသည့် negative pressure လေဝင်လေထွက် စနစ်သည် အချို့သော ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် နေရာများနှင့် အအေးတိုက်များအတွက် သင့်လျော်သည်။ တစ်ရှူးနမူနာများကို ဇီဝ ဘေးကင်းလုံခြုံမှု အဆင့် 3 ကြိုတင်ကာကွယ်မှုများဖြင့် ကိုင်တွယ်ရမည်။ ရောက်ရှိလာသည့် လူနာများကို COVID-19 ရောဂါ သံသယရှိမှု/ မရှိမှုအပေါ် မူတည်၍ သီးခြားထားရှိသည့် စောင့်ကြည့်နေရာများတွင် ထားရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အကြံပြုသည်။ PPE နှင့် ဆက်စပ်၍ ဖြည့်စွက်ရလျှင် SARS-CoV-2 ကူးစက်ခံရသည်ဟု သံသယရှိသူများ သို့မဟုတ် ကူးစက်ခံထားရသည်ဟု သိရှိပြီးလူနာများနှင့် 6 ပေအတွင်း အလုပ်လုပ်ရသူများ၊ အသက်ရှူလမ်းကြောင်းထဲ ပိုက်ထည့်၍ စက်ဖြင့်အသက်ရှူစေခြင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရသူများအနေဖြင့် အသက်ရှူကိရိယာများဝတ်ဆင်ရန် OSHA က အကြံပြုထားသည်။ အမေရိကန်ပြည်ထောင်စုတွင် ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ သင်တန်း နှင့် ဆေးဖက်ဆိုင်ရာ စမ်းသပ်မှုများ ပါဝင်သော ပြည့်စုံပြီး ရေးသားထားသော အသက်ရှူခြင်းဆိုင်ရာ ကာကွယ်မှု အစီအစဉ်၏ အခြေအနေတွင် NIOSH-အတည်ပြု N95 ဖီလ်တာ မျက်နှာဖုံး အသက်ရှူနှာခေါင်းစည်းများ သို့မဟုတ် ပိုကောင်းသည့်အရာများကို အသုံးပြုရမည်။ အခြားသော အသက်ရှူပေါက်ပါ နှာခေါင်းစည်းများသည် ကာကွယ်မှု ပိုမို ပေးနိုင်ပြီး အလုပ်သမားအား သက်တောင့်သက်သာ ရှိစေသည်။ COVID-19 သည် ခန္ဓာကိုယ် အရည်များမှ တဆင့် ကူးစက်ခြင်းထက် အသက်ရှူလမ်းကြောင်း ရောဂါ ဖြစ်သဖြင့် WHO သည် အားလုံးကို ဖုံးအုပ်ရန် မတိုက်တွန်းပါ။ ဝင်ပေါက်နေရာတွင် စစ်ဆေးသည့် ဝန်ထမ်းများကို ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ခုကိုသာ အသုံးပြုရန် WHO က အကြံပြုသည်။ လေထဲလွင့်သည့် အမှုန်အမွှားထုတ်လုပ်ခြင်းမရှိပဲ COVID-19 လူနာများမှ အသက်ရှူလမ်းကြောင်း တစ်ရှူးနမူနာ ကောက်ခံသူ၊ လူနာများကို ပြုစုစောင့်ရှောက်သူ သို့မဟုတ် သယ်ယူ ပို့ဆောင်သူများအတွက် WHO က ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း၊ ရေကူးမျက်မှန် သို့မဟုတ် မျက်နှာကာ၊ ဝတ်စုံနှင့် လက်အိတ်များကို သုံးစွဲရန် အကြံပြုထားသည်။ အကယ်၍ လေထဲသို့ အမှုန်အမွှား ထုတ်လုပ်သော လုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ပါက ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းအစား N95 သို့မဟုတ် FFP2 အသက်ရှူမှု နှာခေါင်းစည်းများကို အစားထိုးသည်။ ကမ္ဘာအနှံ့ PPE ဝတ်စုံများ ထောက်ပံ့မှုမလုံလောက်သောကြောင့် ခေတ်မီဆက်သွယ်ရေး နည်းပညာ အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (telemedicine)၊ မှန်အကြည်ပြတင်းပေါက်များ ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အဟန့်အတားများ အသုံးပြုခြင်း၊ COVID-19 လူနာ ထားရှိသည့် အခန်းထဲသို့ ဝင်ရောက်၍ တိုက်ရိုက်ထိတွေ့ ကုသမှုပေးမည့် သူများသာလျှင် ဝတ်စုံ ဝတ်ဆင်ခွင့်ပြုခြင်း၊ PPE ကို လိုအပ်သည့် လုပ်ငန်းတာဝန်များအတွက်သာ အသုံးပြုခြင်း၊ ရောဂါတူညီသည့် လူနာများစွာကို စောင့်ကြည့်ကုသပေးစဉ် အသက်ရှူကိရိယာတစ်ခုတည်းကိုပင် မဖြုတ်ဘဲ ဆက်တိုက် အသုံးပြုခြင်း၊ PPE ထောက်ပံ့မှုကွင်းဆက်ကို စောင့်ကြည့်၍ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ရောဂါလက္ခဏာ မပြသေးသူများအတွက် နှာခေါင်းစည်း အသုံးပြုခြင်းကို အားမပေးခြင်းဖြင့် PPE လိုအပ်ချက်ကို နည်းနိုင်သမျှနည်းအောင် လျှော့ချရန် WHO က အကြံပြုထားသည်။ 2020 ပြည့်နှစ် မတ်လ 4 ရက်နေ့တွင် ကျွန်ုပ်အနေဖြင့် COVID-19 ခြိမ်းခြောက်မှု၏ အကျိုးဆက်တစ်ခုအဖြစ် ကယ်လီဖိုးနီးယားတွင် အရေးအပေါ်အခြေအနေ ထားရှိကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည် - အခြားတစ်ဖက်တွင် COVID-19 သည် ကယ်လီဖိုးနီးယားပြည်နယ် အနှံ့အပြားတွင် အချိန်တိုအတွင်း ပျံ့နှံ့လာခဲ့ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသ အဆင့် ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပိုမိုတင်းကျပ်သော လမ်းညွှန်ထိန်းချုပ်မှုများ လုပ်ဆောင်ရန် လိုအပ်လာခဲ့ပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ်တစ်ခုလုံးတွင် ပြည်သူ့ကျန်းမာရေးနှင့် လုံခြုံရေးများအား ထိန်းသိမ်းရန်အတွက် ကယ်လီဖိုးနီးယားနေပြည်သူများအားလုံး ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးညွှန်ကြားချက်များအားလုံးကို လိုက်နာရန်လိုအပ်သည်ကို ကျွန်ုပ် တွေ့ရှိရပါသည်။ ထို့ကြောင့် ယခုအခါ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူးဆမ်က ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေများ နှင့် အထူးသဖြင့် အစိုးရ ကိုဒ ဥပဒေ ပုဒ်မ 8567၊ 8627၊ နှင့် 8665 အရ မိမိအား ပေးအပ်ထားသော အခွင့်အာဏာနှင့်အညီ ချက်ချင်း သက်ရောက်မှု ရှိလာမည့် အောက်ပါ အမိန့်ကို ဤနေရာမှ ထုတ်ပြန်လိုက်သည်။ ဤအကြောင်းကြောင့် အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်- 1) ကျန်မာရေး စောင့်ရှောက်မှု စနစ်သည် အားလုံးကို ဝန်ဆောင်မှုပေးနိုင်သည့် စနစ်မျိုး ဖြစ်စေရန်အပြင် ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းမှုကို ထိန်းသိမ်းရန်၊ အသက် အန္တရာယ် အရှိဆုံး လူများနှင့် အားနွဲ့သူများကို ဦးစားပေးကုသပေးနိုင်ရန် ဤနိုင်ငံတွင် နေထိုင်ကြသူ အားလုံးအနေဖြင့် လက်ရှိ ပြည်သူ့ကျန်းမာရေး ညွှန်ကြားချက်များကို ချက်ချင်း အလေးထားသတိပြုကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီဖြစ်ကာ ပြည်နယ်အားလုံးတွင် လက်ရှိ COVID-19 ဖြစ်ပွားနေမှုအတွက် ပြည်သူ့ကျန်းမာ ရေးဌာနအနေဖြင့် ဤသည်ကို ဖော်ဆောင်ရမည်ဟု ကျွန်ုပ် ညွှန်ကြားခဲ့သည်။ ဤအဆိုပါ ညွှန်ကြားချက်များသည် https://covid19.ca.gov/ တွင်ဖော်ပြထားသည့် 2020 ခုနှစ် မတ်လ 19 ရက်နေ့တွင် ထုတ်ပြန်သော COVID-19 တုံ့ပြန်မှုများ ဆောင်ရွက်စဉ်အတွင်း မရှိမဖြစ် လိုအပ်သော အခြေခံလုပ်သားများ ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ သဘောတူမူကြမ်းတွင် ပါဝင်သည့် အချက်များနှင့် ကိုက်ညီမှု ရှိပါသည်။ နိုင်ငံတော် လူထု ကျန်းမာရေး အရာရှိ၏ အမိန့်။ လူထုကျန်းမာရေးကို ကာကွယ်ရန် ကယ်လီဖိုးနီးယား လူထု ကျန်းမာရေး ဌာန၏ ပြည်နယ် လူထု ကျန်းမာရေး အရာရှိနှင့် ဒါရိုက်တာ ဖြစ်သူ ကျွန်ုပ်သည် https://www.cisa.gov/critical-infrastructure-sectors တွင် ဖော်ပြထားသည့်အတိုင်း အရေးပါသော ပြည်ထောင်စု အခြေခံအဆောက်အဦ ကဏ္ဍများ၏ လည်ပတ်မှုများကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ချက်မှ အပ ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင်ကြသော လူပုဂ္ဂိုလ်အားလုံးကို အိမ်တွင် သို့မဟုတ် သူတို့နေထိုင်သော နေရာများတွင် နေကြရန် အမိန့်ပေးသည်။ ထို့အပြင် အရေးပေါ် ဝန်ဆောင်မှုများဆိုင်ရာ အုပ်ချုပ်ရေးရုံး၏ ညွှန်ကြားရေးမှူးနှင့်ညှိနှိုင်းပြီး ကယ်လီဖိုးနီးယားပြည်နယ်သား အားလုံး၏ ကျန်းမာရေးနှင့် သုခချမ်းသာကို ကာကွယ်နိုင်ရန် အရေးကြီးသည့် ကဏ္ဍအလိုက် ကျွန်ုပ်သည် ထပ်ဆောင်း ကဏ္ဍများကို သတ်မှတ်နိုင်ပါသည်။ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု ဥပဒေ 120125၊ 120140၊ 131080၊ 120130(c)၊ 120135၊ 120145၊ 120175 နှင့် 120150 တို့အရ ဤအမိန့်သည် ချက်ချင်း အသက်ဝင်ပြီး နောက်ထပ် အသိပေးကြေညာသည်အထိ သက်ရောက်မှု ရှိနေမည်။ ဖက်ဒရယ် အစိုးရက ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ ဗာကျူရယ် အရဖြစ်စေ အမေရိကန်ပြည်ထောင်စုအတွက် အလွန် အရေးပါသော ပစ္စည်း၊ စနစ်နှင့် ကွန်ရက်များ ရှိသော အခြေခံ ကဏ္ဍ 16 ခုကို ဖော်ထုတ်ခဲ့ပြီး ၎င်းတို့၏ မစွမ်းဆောင်နိုင်မှု သို့မဟုတ် ပြိုလဲမှုက နိုင်ငံတော် လုံခြုံရေး၊ စီးပွားရေးဖူလုံမှု၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံမှု သို့မဟုတ် ၎င်းတို့ ပေါင်းစပ်ဖြစ်ပေါ်မှု မည်သည်မဆိုအပေါ် အားလျော့စေမည်ဖြစ်ကြောင်း ယူဆထားခဲ့ပါသည်။ အဆိုပါ အရေးကြီး အခြေခံ အဆောက်အအုံ လုပ်ငန်းအပိုင်း 16 ခုတွင် လုပ်ကိုင်လျက်ရှိကြသော ကယ်လီဖိုးနီးယား ပြည်နယ်သား လုပ်သားများအနေဖြင့် ကယ်လီဖိုးနီးယားပြည်နယ်သားများ၏ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးအတွက် အဆိုပါအပိုင်းများသည် အရေးကြီးသဖြင့် ၎င်းတို့၏ အလုပ်များကို ဆက်လက်လုပ်ကိုင်ကြရန် ကျွန်ုပ် အမိန့်ပေးသည်။ ဤအမိန့်သည် ကယ်လီဖိုးနီးယား၏ လူထုကျန်းမာရေးကို ကာကွယ်ရန် ထုတ်ပြန်ခြင်း ဖြစ်သည်။ ကယ်လီဖိုးနီးယား လူထု ကျန်းမာရေး ဌာနသည် COVID-19 သက်ရောက်မှုကို မိမိတို့ လျော့ချနိုင်မှုကို အာမခံချက်ရှိစေရန် ပြည်နယ်တဝှမ်း တပြေးညီ တည်ရှိမှုကို ကြည့်ရှုသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ရိုးရှင်းပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကူးစက်မှုမျဉ်းကွေးအား အောက်သို့သာ ညွတ်ကျလာစေလိုပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ဟန့်တားလိုပါသည်။ ထောက်ပံ့ရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် နေထိုင်သူများအနေဖြင့် အစားအစာ၊ သောက်သုံးရန်ဆေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် မဖြစ်မနေလိုအပ်ချက်များကို ရရှိ အသုံးပြုနိုင်ရမည်ဖြစ်သည်။ အထက်ပါ လုပ်ဆောင်ချက်များကို ရရှိရန် သို့မဟုတ် လုပ်ဆောင်ရန်အတွက်ဖြစ်စေ၊ သို့မဟုတ် ခွင့်ပြုပေးထားသော လုပ်အပ်သည့်အရာများကို လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်စေ မိမိတို့ နေအိမ်များ သို့မဟုတ် နေထိုင်ရာနေရာများမှ ထွက်ခွာရန်လိုအပ်သည့်အခါ၊ ၎င်းတို့အနေဖြင့် လူအများနှင့် ထိတွေ့ဆက်ဆံမှုမပြုခြင်းကို အချိန်ပြည့် ကျင့်သုံးသင့်သည်။ 2) ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်စနစ်သည် စောင့်ရှောက်မှု လုပ်ကိုင်သူများအား ကိုယ်ပိုင်ကာကွယ်ရေးဝတ်စုံ အပါအဝင် ဦးစားပေး ရင်းမြစ်ပစ္စည်းများ စီမံပေးကာ ဖျားနာမှု အပြင်းဆုံးလူနာများကို ဦးစားပေးဝန်ဆောင်မှုများ ပေးအပ်ပြီး တိုက်ရိုက် စောင့်ရှောက်မှုများ လုပ်ကိုင်စေသည်။ 3) ဤအမိန့်ကို လိုက်နာရန် လိုအပ်သည့်အဆင့်များကို သေချာစွာ လုပ်ဆောင်ရန် အရေးပေါ်ဝန်ဆောင်မှုရုံးကို ညွှန်ကြားခဲ့သည်။ 4) ဤအမိန့်ကို အစိုးရဥပဒေ ပုဒ်မ 8665 အပါအဝင် အကန့်အသတ်မရှိသော ကယ်လီဖိုးနီးယားဥပဒေအရ ပြဋ္ဌာန်းသတ်မှတ်ရမည် ဖြစ်သည်။ နောက်ထပ်အမိန့်မှာ ဤအမိန့်ကို မြန်နိုင်သမျှ မြန်မြန် နိုင်ငံခြားရေး ဝန်ကြီးရုံးသို့ တင်သွင်းရမည်ဖြစ်ပြီး ဤ အမိန့်ပေးမှုကို လူသိရှင်ကြား အကျယ်တဝံ့နှင့် သတိပေးနှိုးဆော် ရမည်ဖြစ်သည်။ ဤအမိန့်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ၎င်း၏အေဂျင်စီများ၊ ဌာနများ၊ အဖွဲ့အစည်းများ၊ အရာရှိများ၊ ဝန်ထမ်းများ သို့မဟုတ် အခြားလူတစ်ဦးအပေါ် ထိရောက်သော သို့မဟုတ် လုပ်ထုံး လုပ်နည်း ကျသော၊ ဥပဒေအရဖြစ်စေ၊ တရားမျှတမှုအရဖြစ်စေ ပြဌာန်းနိုင်သော အခွင့်အရေး သို့မဟုတ် အကျိုးခံစားခွင့် တစ်ခုကိုမျှ ပြုလုပ် ဖန်တီးရန် ရည်ရွယ်ခြင်း သို့မဟုတ် ဖန်တီးခြင်းမျိုး မဟုတ်ပါ။ 2020 ခုနှစ်၊ မတ်လ 19 ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၏ မဟာတံဆိပ်တော် ရိုက်နှိပ်မှုကို ဤနေရာတွင် ကျွန်ုပ်က မျက်မြင်သက်သေ ပြုလုပ်၍ လက်မှတ်ထိုးအပ်ပါသည်။ မှ - Katherine Maher (ကက်သရင်း မဟာ)၊ Wikimedia Foundation CEO သို့- Wikimedia ဖောင်ဒေးရှင်းဝန်ထမ်း အားလုံး အကြောင်းအရာ စာကြောင်း။ [Covid-19] အခက်အခဲများ လျော့ပါးစေရေးနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရေး ပေးပို့ ရက်စွဲ/အချိန်။ 2020 ခုနှစ် မတ်လ 14 ရက်၊ 00:24 UTC လိုင်စင်ထုတ်ပေးမှု။ CC0။ မူပိုင်ခွင့်ရယူထားခြင်း မရှိ။ မိမိတို့သည် ဤလတွင် မိမိတို့ကိုယ်တိုင် အထင်ကရ အခြေအနေများကို ရှာဖွေသည်။ COVID-19 ကူးစက်ပျံ့နှံ့မှုသည် မိမိတို့ ကမ္ဘာတစ်ဝှမ်း လူသားချင်း အပြန်အလှန် ဆက်သွယ်မှုနှင့် တစ်ဦးနှင့်တစ်ဦးကြား ထားရှိသော တာဝန်ခံမှုကို ရှင်းလင်းစွာ မြင်သာစေသည်။ ဤစိမ်ခေါ်မှုများအတွက် မိမိတို့တွင် အစဉ်အလာ မရှိခဲ့သော်လည်း မိမိတို့၏ အကောင်းဆုံး တုန့်ပြန်မှုသည် ကမ္ဘာတစ်ဝှမ်း စာနာမှု၊ ပူးပေါင်းလုပ်ဆောင်မှု၊ နှင့် ဤအဖွဲ့အစည်း၏ နှလုံးသည်းပွတ်တွင် တည်ရှိသော အသိုင်းအတိုင်း တည်ဆောက်မှု တို့အပေါ် တည်မှီနေကြောင်း မိမိတို့ ကောင်းကောင်းသိသည်။ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများနှင့် ချက်များမှတဆင့် မိမိတို့ လုပ်ဖော်ကိုင်ဖက်များအားလုံးအကြား မြင်တွေ့ခဲ့ရသော ရဲဘော်ရဲဘက် စိတ်ဓါတ်နှင့် ဂရုစိုက်မှုတို့သည် မိမိတို့ ကံကောင်းမှုကြောင့် အတူ လုပ်ကိုင်ခွင့်ရသော ချီးမွမ်းလောက်သည့် လူသားများ၏ အသိအမှတ်ပြုလောက်သော အထောက်အထားများ ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် သင်တို့အားလုံးကို ဒီထက်ပိုပြီး ဝမ်းမြောက် ဂုဏ်ယူစရာ မရှိတော့ပါ။ ယခင် အပတ်က တစ်စုံတစ်ဦးသည် မိမိတို့ အလုပ်များနှင့် ပတ်သက်၍ ချီးကျူး ဂုဏ်ပြုကြောင်း ပြောခဲ့သည်။ သူတို့က ကမ္ဘာကြီးအနေဖြင့် ယခုအချိန်တွင် Wikipedia ကို ပြောင်းလဲရန်အတွက် မည်မျှ အဓိပ္ပာယ်ရှိသည်ကို နှင့် အွန်လိုင်းတွင် ဆက်လက်ရှိနေရန်နှင့် အားလုံးက လက်လှမ်းမီနေနိုင်ရန် ဤအရေးပါလှသော အရင်းအမြစ်အတွက် အလွန်အားကောင်းသော အမှတ်သင်္ကေတဖြစ်သည်ကို မိမိအား သတိပေးနေသည်။ သင်က အလုပ်ခွင်ကို နိုးထအောင် လုပ်သည် ဖြစ်စေ မိမိတို့ လုပ်ဖော်ကိုင်ဖက်များက ပေးသည်ဖြစ်စေ သို့မဟုတ် မိမိတို့ လူထု အသိုင်းအဝိုင်း ဘေးအန္တရာယ် ကင်းဝေးသည်ဖြစ်စေ သင်လုပ်ခဲ့သည့် အလုပ်က ယင်းကို ဖြစ်စေနိုင်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတွင် Wikipedia က ပေးသော အချက်အလက်များကို ယခုအခါ ယခင်ထက်ပို၍ လိုအပ်နေသည်။ ယခု အချိန်ကာလသည် မိမိတို့ ဘာကို လုပ်ဆောင်သည်သာမက မည်သို့ လုပ်ဆောင်သည်ဆိုသည်ကလည်း ကမ္ဘာကြီးအပေါ်တွင် အဓိပ္ပာယ်ရှိသော သက်ရောက်မှု ဖြစ်စေလိမ့်မည်။ ဤလုပ်ငန်းတာဝန်၏ အရေးကြီးမှုနှင့် ယင်းတွင် သင်၏ အခန်းကဏ္ဌတို့ကြောင့် မိမိတို့သည် မိမိတို့ မည်သို့မည်ပုံ အတူတကွ အလုပ်လုပ်မည်ဆိုသည်ကို လာမည့် ရက်သတ္တပတ်မှစတင်၍ သိသာထင်ရှာသည့် ထိန်းညှိမှုအချို့ကို လုပ်ဆောင်မည်။ မိမိတို့၏ အလုပ်များနှင့် အချိန်ဇယားများ ညှိနှိုင်းခြင်း Robyn အစောပိုင်းက ပြောခဲ့သည့်အတိုင်း မိမိတို့၏ ချည်းကပ်မှုနှင့် လာမည့် ရက်များ လများအတွက် အချိန်ဇယားကို C-team က အရင်ညက ဆွေးနွေးခဲ့ကြသည်။ ထိုစကားပြောဆိုမှုတွင် မိမိတို့သည် မိမိတို့၏ စဉ်းစားချက်သည် မိမိတို့ ရင်ဆိုင်နေရသည်ကို သင့်လျော်သည့် တုန့်ပြန်မှု နှင့် ဤအချိန်အတွင်း အဖွဲ့အစည်း ရေရှည်တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းသည့် အကောင်းဆုံး နည်းလမ်းအဖြစ် မိမိတိုံ ထည့်သွင်းစဉ်းစားသည်။ အားလုံးကို လွှမ်းခြုံလျက် မိမိတို့သည် စိတ်ဖိစီးမှုကို ဖယ်ရှားရန်နှင့် မိမိတို့၏ ရေရှည် လုပ်ငန်းရည်မှန်းချက်ကို ပံ့ပိုးမှု ဖြစ်စေရန် လိုလားသည်။ သင်ဖုန်းပြန်ခေါ်ရန် လိုအပ်ပါက အဆင်ပြေပါသည်။ ဝန်ထမ်းအားလုံး၊ ကန်ထရိုက်တာများ နှင့် စာချုပ်နှင့် အလုပ်သမားများ အားလုံးအတွက် - မိမိတို့၏ နေ့စဉ် အလုပ်လုပ်မှု မျှော်မှန်းချက်များမှာ နောက်ထပ် ကြေညာချက် ထုတ်ပြန်သည်အထိ တစ်ရက်လျှင် 4 နာရီ သို့မဟုတ် ရက်သတ္တပတ်လျှင် နာရီ 20 ဖြစ်သည်။ မိမိတို့သည် ရုံးပိတ်ရက်ဟု မကြေညာပါ။ - အကယ်၍ သင်သည် ပုံမှန် နာရီများထက် အလုပ်ပိုလုပ်နိုင်ပါက မစ်ရှင်သည် သင့်ကို အသုံးပြုနိုင်သည်။ ကမ္ဘာကြီးက ခန့်မှန်းမရနိုင်အောင်ဖြစ်နေပါသည်၊ သို့ရာတွင် ချစ်ရသူများအတွက် စောင့်ရှောက်မှု ရယူရန်၊ ကုန်စုံပစ္စည်းများ ဝယ်ရန် သို့မဟုတ် ဆရာဝန်နှင့် ပြသရန် လိုအပ်သည်ဖြစ်စေ၊ သင့်လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးရန်မှာ ကျွန်ုပ်တို့၏ ဦးစားပေးပါ။ သင်၏ အချိန်ကို နောက်ယောင်ခံနေခြင်း မဟုတ်ပါ။ သင် နာမကျန်းဖြစ်နေပါက အလုပ်မလုပ်ပါနှင့်။ ယင်းကို ပြောဆိုခြင်းမရှိသော်လည်း မိမိတို့က ပြောနေသည်။ နာမကျန်း နေ့ သို့မဟုတ် PTO မလိုအပ်ပါ- သင်၏ မန်နေဂျာကိုသာ ပြောပြီး အဓိကကျသော အလုပ်ဧရိယာများကို ကာမိစေရန် ပြက္ခဒိန်များနှင့် အချိန်ဇယားများကို သင့်အဖွဲ့အား ပြန်ပြင်နိုင်ရန် ကူညီပါ။ (သင်သည် COVID-19 အတွက် ပိုးရှိသူအဖြစ် စမ်းသပ်တွေ့ရှိခဲ့ပါက T & C Ops အတွင်း Bryan အား ကျေးဇူးပြု၍ အသိပေးခြင်းဖြင့် T & C သည် ပံ့ပိုးမှုနှင့် စီမံခန့်ခွဲမှုမှ သင့်လျော်သော အာရုံစိုက်မှုကို ရရှိမှု ရှိစေရန် ကူညီပေးနိုင်သည်။) နာရီပေး အလုပ်သမားများကို လုပ်ခ အပြည့်ပေးမည်။ ကျွန်ုပ်တို့ ပြောခဲ့ပြီးသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ကန်ထရိုက်တာများနှင့် နာရီပိုင်း ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအတွက် ကျွန်ုပ်တို့၏ စိတ်ပိုင်းဖြတ်လုပ်ကိုင်မှုများကို ဂုဏ်ပြုရန် ထပ်မံ၍ စိတ်ပိုင်းဖြတ်ထားသည်။ ပုံမှန်အခြေအနေများအတွင်းတွင် သူတို့၏ ပုံမှန် အလုပ်ချိန် နာရီများ၏ အခြေခံပေါ်တွင် လူတိုင်းကို လုပ်အားခ ပေးရမည်။ ယင်းတွင် သင်သည် နာမကျန်းဖြစ်ပြီး အလုပ်လုပ်ရန် မသင့်ကြောင်း ‌ပြောသည်။ သင် အလုပ်လုပ်လိုပါက မိမိတို့ သင့်ကို ပံ့ပိုးသည်။ လူအများအပြားက မိမိတို့ ပတ်ဝန်းကျင်ကမ္ယာကြီးအတွင်း သူတို့၏ စိတ်ဖိစီးမှုများကို စိတ်ပြောင်းလဲစေရန် အလုပ်ကို အသုံးပြုကြသည်။ အထူးသဖြင့် ယခုကဲ့သို့ အချိန်အတွင်း ကျွန်ုပ်တို့ လုပ်နိုင်သည့်အရာများကို လုပ်ပေးရ၍ အလွန်ဝမ်းသာပါသည်။ နောက်တကြိမ်အဖြစ် ယင်းသည် သင်ကိုယ်တိုင် စောင့်ရှောက်ရမည့် အရာ ဖြစ်သည်။ သင့်အနေဖြင့် သင်၏မန်နေဂျာနှင့် ဆက်သွယ်ရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ သို့မှသာ ကျွန်ုပ်တို့ ဘာလုပ်ရမည်ဆိုသည်ကို သိရှိပြီး ယင်းနှင့်ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ အချို့သော အလုပ်များကို မရှိမဖြစ်ဟု စဉ်းစားသည် မိမိတို့ ဆက်လက် လုပ်ဆောင်ရမည် အရာအချို့ ရှိသည်။ (တခြားဌာနများအကြားတွင်) SRE၊ HR Ops၊ Trust နှင့် ဘေးကင်းလုံခြုံမှု နှင့် ရံပုံငွေ ရှာဖွေရေး အဖွဲ့များသည် မိမိတို့ လိုအပ်သော အပိုဆောင်း ပံ့ပိုးမှုကို ပေးရန် အရေးပါသော အလုပ်များကို လုပ်ကြသည်။ မိမိတို့သည် ဌာနအားလုံးနှင့်လက်တွဲလျက် လက်ရှိ ရည်မှန်းချက်များကို သိရှိနိုင်ရန်နှင့် မိမိတို့ လုပ်ငန်းရည်မှန်းချက်အတွက် မည်သည်က မရှိမဖြစ်အရေးပါသည်ကို ပံ့ပိုးနိုင်ရန် မိမိတို့၏ အလေးထားမှုကို ရွှေ့ပြောင်းသွားမည်။ မိမိတို့အားလုံးအတွက် လုပ်ဆောင်စရာ အများအပြားရှိသည်၊ မိမိတို့အားလုံးသည် မရှိမဖြစ် ပိုမိုအရေးကြီးသော စီမံကိန်းများကိုသာ အာရုံစိုက်ကြမည်။ ယခု နှေးကွေးခြင်းဖြင့် အနာဂတ်တွင် နာကျင်မည်မဟုတ်။ မိမိတို့သည် ကပ်ရောဂါ ကျော်လွန်သွားပြီးပါက “အလျင်မီရန် အချိန်နှစ်ဆ” သွားရန် မစီစဉ်ပါ။ ယခုအခါ မဖြစ်နိုင်တော့သည့် နောက်ဆုံးသတ်မှတ်ရက်များအမီ လုပ်ဆောင်ပေးရန် သင် အချိန်ပိုဆင်းစရာ လိုတော့မည်မဟုတ်ပါ။ ထို အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်ကို မိမိတို့ လက်ခံထားပြီး ဖြစ်ပြီး ပစ်မှတ်သစ်များ နှင့် သင့်လျော်သော အချိန်ဇယားများ ချမှတ်နိုင်ရန် လုပ်ဆောင်သွားမည်။ (နှစ်ပတ်လည် စီမံကိန်း) APP နှင့် ပတ်သက်၍ ဘာဖြစ်သနည်း။ မိမိတို့၏ အမှန်ဘဝ အသစ် နှင့် နေ့စဉ် အလုပ်ချိန် မျှော်မှန်းချက်တို့ကို ချိန်ညှိရန် မိမိတို့သည် 2020-2021 နှစ်ပတ်လည် စီမံကိန်း ဖြန့်ဝေမည့် အချိန်ကို ချိန်ညှိရန် မိမိတို့ လိုလားသည်။ မိမိတို့၏ ရည်ရွယ်ချက်မှာ နောက်ရက် သတ္တပတ် အနည်းငယ်တွင် လျော့ချထားသော အချိန်ဇယား များကို လုပ်လိုသော သို့မဟုတ် လုပ်ချင်သော သူများကို အခွင့်ပြုလျက် ဝန်ထမ်းများအား အရေးကြီးသော အလုပ်များ၊ မိမိကိုယ်ကို စောင့်ရှောက်ခြင်း နှင့် ချစ်ခင်သော သူများကို စောင့်ရှောက်ခြင်းတို့ကို ဦးစားပေးနိုင်စေရန် ဘတ်ဂျက် သတ်မှတ်မှုအတွက် အချိန်အပိုများကို ခွင့်ပြုသည့် မိမိတို့၏ 2019-2020 စီမံကိန်းကို ရက်တိုးမြှင့်ရန် အဆိုပြုရန် ဖြစ်သည်။ ဤအချိန်ဇယား တိုးချဲ့မှုသည် လက်ရှိ ပြင်ဆင်နေသော အလုပ်ဝန်ထုပ်များနှင့် အဖွဲ့အစည်း တစ်ခုလုံး တလျောက်ရှိ ဖိအားကို ကြီးမားစွာ လျော့ကျစေသည်။ နောက်တပတ်တွင် မိမိတို့၏ အဆိုပြုလွှာကို ဘုတ်အဖွဲ့သို့ မိတ်ဆက်ပေးပြီး မိမိတို့ အနေဖြင့် အတည်ပြုချက်ရသည်နှင့် ကိုယ်စားလှယ်များနှင့် အဖွဲ့ကို နောက်အဆင့် ပေါ်တွင် နောက်ဆုံး အခြေအနေများကို အသိပေးသွားမည်။ ဤနေရာတွင် ဦးဆောင်မှုအတွက် APP အဖွဲ့ကို ကျေးဇူးတင်ပါသည်။ ရုံး အနေအထား၊ ထိတွေ့မှု နှင့် သန့်ရှင်းရေး လွန်ခဲ့သည့်ရက်သတ္တပတ်က ဆန်ဖရန်စစ္စကိုရှိ ကျွန်ုပ်တို့၏ လုပ်ဖော် ကိုင်ဖက်များထဲမှ တစ်ယောက်သည် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေရှိခဲ့ကြောင်း သိရှိခဲ့ရသည်။ သို့ရာတွင် သတိထားစရာများစွာရှိသည့်အနက် ကျွန်ုပ်တို့သည် ဆန်ဖရန်စစ္စကိုရုံး၏ စားပွဲ၊ ထိုင်ခုံစသည်တို့၏ မျက်နှာပြင်အားလုံးကို ပိုးသတ်ရန် ဗိုင်းရပ်စ်ရှင်းလင်းနှိမ်နင်းရေး အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခန့်ထားခဲ့သည်။ သူတို့သည် မျက်နှာပြင်တိုင်းကိုသာမက ဧည့်ကြိုခန်းမဆောင် နှင့် မိမိတို့ အထပ်များသို့ ရောက်ရှိသော ဓါတ်လှေကား ဘောင်များကိုပါ ပိုးသတ်ရန် ဆေးရုံသုံးအဆင့် ဗိုင်းရပ်စ်ဆန့်ကျင်သော ဆေးရည်များကို အသုံးပြုသည်။ အဆောက်အဦသည် သူတို့၏ လူငှားများ၏ ဘေးကင်းလုံခြုံမှုကို ပံ့ပိုးပေးသော ကုန်ပစ္စည်းများကို အသုံးပြုခြင်းဆိုင်ရာ ကိုယ်ပိုင် စောင့်ရှောက်မှု တာဝန် လုပ်ထုံးလုပ်နည်းကို သတ်မှတ်ထားသည်။ မိမိတို့ ပြန်လာရန် ဆုံးဖြတ်သည့်အခါ ရုံးသည် အသေအချာ ပြင်ဆင်ထား၍ မိမိတို့ကို သက်တောင့်သက်သာ ခံစားရစေသည်။ မိမိတို့၏ DC ရုံးသည် COVID-19 လုပ်ထုံးလုပ်နည်းကို မိမိတို့နှင့် DC အခြေစိုက်ဝန်ထမ်းများအားလုံးနှင့် အတူမျှဝေထားသည့် WeWork တွင် တည်ရှိသည်။ ဆန်ဖရန်စစ္စကိုမှ ဝေမျှလာသော လမ်းညွှန်ချက်များနှင့် အညီ ကျွန်ုပ်တို့၏ DC ရုံးခန်းကို အဝေးမှ အပြည့်အဝ လုပ်ကိုင်နိုင်သော စနစ်သို့ လွန်ခဲ့သောအပတ်အတွင်း ပြောင်းလဲခဲ့ပါသည်။ ကျွန်ုပ်တို့၏ NYC အခြေစိုက် လုပ်ဖော်ကိုင်ဖက်အချို့သိထားသည့် အတိုင်း ကျွန်ုပ်တို့သည် ဘရွတ်ကလင် (Brooklyn) တွင် နေရာတစ်ခု ငှားရမ်းရန်လည်း တိုင်ပင်လျက် ရှိနေသည်။ ဤဆွေးနွေးမှုများသည် ဆက်သွားနေသော်လည်း နှောင့်နှေးမှုများ ရှိနိုင်သည်။ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်အချို့သည် ပထမဆုံးအကြိမ်အဖြစ် အဝေးမှ အလုပ်လုပ်လျက်ရှိသည်။ မိမိတို့၏ ရေရှည် အဝေးမှ လုပ်ဖော်ကိုင်ဖက်များက ယင်းကို ချိန်ညှိ၍ရကြောင်းသိပြီး သင့်ကို အကြံဉာဏ်အချို့ ပေးလိုသည်။ အစည်းအဝေး ကြာမြင့်ချိန်ကို အများဆုံး တစ်နာရီ သို့မဟုတ် နှစ်နာရီ အတွင်းသာ ကန့်သတ်ရန်။ ပိုမိုကြာရှည်သော လုပ်ငန်းများ လိုအပ်ပါက ရက်အတန်ကြာ ကာလ အတွင်း သူတို့ကို မည်သို့ အုပ်စုခွဲမည်ကို စဉ်းစားပါ။ အစည်းအဝေးကို ရှင်းလင်းစွာ ဖော်ပြပါ၊ အစီအစဉ်ရှိ ပြီး ဖတ်ကြားမည့် အကြောင်းအရာများကို ကြိုတင် ပေးပို့ပါ။ Google Docs နှင့် Zoom ကဲ့သို့ ပရိုဂရမ်များကို တိုက်ရိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှု ကို အထောက်အကူဖြစ်စေရန် ဗီဒီယိုကို မူရင်းဆက်တင်တွင်ထားပါ။ အစည်းအဝေးတိုင်းကို လွယ်ကူချော​မွေ့စေရန် ဦးစီးဆောင်ရွက်ပါ။ မေးခွန်းများ မေးမြန်းရန်အတွက် တစ်ယောက်ယောက်က စကားပြောဆိုမှုကို စောင့်ကြည့်မှတ်သားပြီး ဆွေးနွေးမည့်သူစာရင်းကို မှတ်တမ်းလိုက်ရန်နှင့် တစ်ယောက်ယောက်က မှတ်စုများကို ကူညီရေးသားပေးရန် (သို့မဟုတ် ပူးတွဲ မှတ်စုရေးသားရန်) ညွှန်ကြားပါ။ သက်တောင့် သက်သာရှိသော နားကြပ်လိုအပ်ပါက နည်းပညာ ပံ့ပိုးမှုသို့ အီးမေးလ်ပို့ပါ။ သင်၏ ကျန်းမာမှုလေ့ကျင့်ခန်း ငွေထုတ်ပေးမှုကို သွားရေစာများအတွက် သုံးပါ။ ခွဲခြားထားသော အလုပ်များနှင့် ပတ်သက်၍ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောရန် Slackရှိ #remoties လိုင်းတွင် ပါဝင်ပါ။ HR လုပ်ငန်း အဖွဲ့သည် ဖောင်ဒေးရှင်း တလွှားခွဲဝေထားသော လုပ်ငန်းများ တိုးတက်မှုကို ပံ့ပိုးနိုင်ရန် ဝက်ဆိုက် အခြေပြု ကုန်ထွက်စွမ်းအား ဝန်းကျင်လမ်းညွှန်ချက်ကို ကြည့်ရှုလေ့လာနေသည်။ ဤယခင်အပတ်က မိမိတို့သည် ငွေကြေးထောက်ပံ့မှု ရရှိသူ လူထု အဖွဲ့အစည်းအားလုံးကို Wikimedia က ထောက်ပံ့မှုဖြင့် လုပ်ဆောင်သည့် အယ်ဒီတာများ အစည်းအဝေးကဲ့သို့ လူထု ဖြစ်ရပ်များကို WHO က ကပ်ရောဂါ ပြီးဆုံးကြောင်း ကြေညာသည်အထိ ရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။ မိမိတို့သည် မိမိတို့၏ ဖျက်သိမ်းရန်နှင့် အခြား ကန့်သတ်ချက်များအတွက် မိမိတို့၏ တောင်းဆိုမှုသည် သူတို့၏ သဘောတူညီပြီးသား ချမှတ်ထားသည့် လုပ်ငန်းများကို ပြီးပြည့်စုံအောင် မလုပ်နိုင်စေသည် နှင့် ရည်ရွယ်ချက်များကို နှောင့်နှေးစေခြင်း သို့မဟုတ် ပြောင်းလဲခြင်းအတွက် မည်သူ့ကိုမျှ အပြစ်မပေးသင့်သည်ကို ကို မိမိတို့ နားလည်သည်ကြောင်း သူတို့အား သိစေမည်။ လာမည့်အပတ်တွင် မိမိတို့သည် Wikimedia နှင့် အခြား ဒေသဆိုင်ရာနှင့် အကြောင်းအရာဆိုင်ရာ လူထု ညီလာခံများ အပေါ် အပိုဆောင်း လမ်းညွှန်မှုများကို နောက်ဆက်တွဲ ဆက်လုပ်ရမည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ အသိုင်းအဝိုင်းများအကြားတွင် ရှိနေသော အထွေထွေ စိတ်စွဲလမ်းမှုများမှာ ရပ်ဆိုင်းပြတ်တောက်မှုတွင် ဝမ်းနည်းခြင်းြဖစ်သော်လည်း သူတို့ကိုယ်ပိုင် အသိုင်းအဝိုင်းများ၊ Wikimedia နှင့် အခြားအရာများအပေါ်တွင် ရှင်းလင်းပြီး အာရုံစိုက်နိုင်သော အခါ သက်တောင့်သက်သာ ခံစားရသည်။ ရှေ့ဆက်သွားပါက CRT သည် သူတို့နှင့် မိမိတို့၏ ဆက်သွယ်မှုများ၏ သက်ရောက်မှုနှင့် လိုက်ပါလုပ်ဆောင်မှုကို လူထုများအနေဖြင့် စောင့်ကြည့်ရန် Meta-Wiki စာမျက်နှာကို တည်ဆောက်ရန် လုပ်ဆောင်နေသည်။ COVID-19 နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ထိတွေ့လေ့လာမှု ရှိပါစေ။ အထူးဝန်ထမ်း အစည်းအဝေးအတွက် နောက် ကြာသပတေးနေ့ 14:00 UTC/07:00 PT အတွက် သင်၏ ပြက္ခဒိန်များသို့ မိမိတို့ ဖိတ်စာများ ပေးပို့လျက်ရှိသည်။ ထပ်ဆောင်း တည်းဖြတ်မှုများကို မျှဝေရန်၊ သင့်မေးခွန်းများကို ဖြေဆိုရန်နှင့် အချင်းချင်း အချိန်ပေး၍ ဆက်သွယ်ပြောဆိုသွားရန် ယခုအချိန်ကို ကျွန်ုပ်တို့ အသုံးပြုသွားပါမည်။ ကျွန်ုပ်တို့ အတူတကွ ရင်ဆိုင်ကြမည်ဖြစ်ပြီး ကျွန်ုပ်တို့ တတ်နိုင်သမျှ ကူညီပေးရန် အသင့်ရှိပါသည်။ တချိန်တည်းမှာပင် သင်သည် ဤအီးမေးလ်မှ အချက်အလက်များကို ဆက်လက်ရှာဖွေနိုင်ပြီး Office Wiki တွင် အခြားသော COVID-19 ဆိုင်ရာ မသိမဖြစ် အချက်အလက်များအားလုံးကို ရှာဖွေနိုင်သည်။ CRT သည် ဤစာမျက်နှာများတွင် နောက်ဆုံးရအချက်အလက်များကို ဖော်ပြပေးနေမည်ဖြစ်ပြီး အချက်အလက်အားလုံးကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးပါမည်။ ကျွန်ုပ်တို့သည် လတ်တလောတွင် သိသာထင်ရှားစွာ ရောဂါကူးစက် ဖြစ်ပွားနေသော နိုင်ငံများတွင် နေထိုင်နေသော ဝန်ထမ်းများနှင့် ပုံမှန်ဆက်သွယ်မှုများကို ထိန်းသိမ်းရန်လည်း လုပ်ဆောင်နေသည်။ ခရီးသွားလာမှု၊ ဖြစ်ရပ်များ၊ အဓိက ကျသော အလုပ်လမ်းကြောင်း သို့မဟုတ် အာမခံ စိမ်ခေါ်မှု သို့မဟုတ် အခြား သင် အကူအညီ တစ်စုံတစ်ခု လိုအပ်မှု နှင့် ပတ်သက်၍ မေးမြန်းစရာ ရှိပါက CRT ကို အသိပေး ပြီး လက်တွဲလုပ်ဆောင်ရန် မတွန့်ဆုတ်ပါနှင့်။ လိုအပ်သလို ကူညီပံ့ပိုးရန်နှင့် ဆက်သွယ်ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ အသင့်ရှိပါသည်။ သင့်တွင် လျှို့ဝှက် သို့မဟုတ် အများသိမခံနိုင်သော ကိစ္စရပ်များရှိပါက ကျေးဇူးပြု၍ Bryan Juan- နိုင်ငံတကာ ကမ္ဘာတစ်ဝှမ်း လုပ်ငန်း လည်ပတ်မှု လူသားရင်းမြစ် ဒါရိုက်တာထံ အီးမေးလ်ပို့ပါ။ ထိုပြောင်းလဲမှုများ တစ်ခုတစ်လေကိုမျှ မိမိတို့၏ အလုပ်နှင့်တာဝန်ဝတ္တရားများအဖြစ် မမြင်နိုင်ပါ။ ယင်းအစား ယခု ကာလတွင် ၎င်းတို့သည် အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ မိမိတို့၏ အလုပ်နှင့် တာဝန်ဝတ္တရားများကို မိမိတို့ အတိတ်က မရှိခဲ့သည့် ပုံစံနှင့် လက်ခံနိုင်ရန် လိုအပ်နေပုံရသည်။ ဤအရာများသည် ကျွန်ုပ်တို့ ယုံကြည်သည့် အဆင့်များ ဖြစ်ပြီး ဤအရာများသည် တစ်ခုနှင့် တစ်ခု အပြှန်အလှန် အထောက်အပံ့ဖြစ်ရန်လည်းလိုအပ်သည်။ သို့မှသာ ကျွန်ုပ်တို့ ဆက်လက်အလုပ်လုပ်နိုင်မည်၊ ၎င်းတို့လိုအပ်သော အကူအညီကို ကျွန်ုပ်တို့၏ လှုပ်ရှားမှုဖြင့် ထောက်ပံ့နိုင်မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၎င်းတို့ အားထားရသည့် ဝန်ဆောင်မှုကို ဆက်လက်ပံ့ပိုးနိုင်မည် ဖြစ်သည်။ အချိန်ရောက်လာသောအခါ မိမိတို့ စီစဉ်ထားသော အလုပ်များသည် မိမိတို့ကို စောင့်နေလိမ့်မည်။ ယခုအချိန်သည် လာမည့် ရက်သတ္တပတ်များတွင် နှင့် လများတွင် ဖြစ်လာမည့် တစ်ဦးနှင့် တစ်ဦး ပံ့ပိုးရန်နှင့် အရေးကြီးသော အလုပ်များအတွက် နေရာဖော်ထုတ်ပေးရန် အချိန်ဖြစ်သည်။ ဤအရာ အောင်မြင်ရန်အတွက် သင်တို့အားလုံး လုပ်ဆောင်ရန် ကျွန်ုပ်တို့ လိုအပ်သည်ဖြစ်ရာ သင်တို့အားလုံးသည် သင်တို့ကိုယ်တိုင်နှင့် သင်တို့၏ မိသားစုများကို ဂရုစိုက်ရန်လိုအပ်သည်။ သို့မှသာ သင်၏ လိုအပ်ချက်များ ပေါ်ပေါက်လာသော အခါသင်သည် သင့်အတွက် အကောင်းဆုံး ဖြစ်နေမည်။ ယခုအခါ ကျေးဇူးပြု၍ သင်၏ လက်များကို ဆေးကြောပါ ထို့နောက် သင်၏ မျက်နှာကို မထိပါနှင့်။ ကက်သရင်း၊ CRT (Amanda K၊ Amy V၊ Bryan J၊ Doreen D၊ Gregory V၊ Jaime V၊ Joel L၊ Lynette L၊ Ryan M၊ နှင့် Tony S) နှင့် ကျန်ရှိသော ခေါင်းဆောင်မှု အဖွဲ့ (Grant I၊ Heather W၊ Jaime V၊ Janeen U၊ Lisa S၊ Robyn a၊ Ryan M၊ နှင့် Toby N)။ SARS-CoV-2 ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့၌ 2019 ခုနှစ် ဒီဇင်ဘာလက ပထမဆုံး စတင်တွေ့ရှိခဲ့သော ကူးစက်တတ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 (2019 ကိုရိုနာဗိုင်းရပ်စ် ရောဂါ) ၏အကြောင်းရင်းဖြစ်သည်။ ဤရောဂါသည် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတစ်ခုဖြစ်ပြီး SARS၊ MERS နှင့် ဖြစ်ပွားနေကျ အအေးမိရောဂါ မျိုးကွဲအချို့ အပါအဝင် မျိုးရင်းတူဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က 2020 ပြည့်နှစ် မတ်လ 11 ရက်တွင် ၎င်းကို ကပ်ရောဂါတစ်ခုအဖြစ် ကြေငြာခဲ့သည်။ COVID-19 အကြောင်း များစွာ မသိရှိရသေးသော်လည်း ပဏာမအချက်အလက်များအရ ၎င်းတွင် ရာသီတုပ်ကွေးထက် ရောဂါပိုပြင်းထန်ပြီး ကူးစက်မှုပိုမိုများပြားကာ SARS နှင့် MERS တို့လောက် ရောဂါ မပြင်းဘဲ ကူးစက်နှုန်း ပိုမိုမြန်ဆန်သည်။ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများသည် သေဆုံးခြင်း အပါအဝင် ပြင်းထန်သော ထပ်တိုးရောဂါအသစ်များ ကူးစက်နိုင်မှု အမြင့်မားဆုံးဖြစ်သည်။ ရောဂါ ပြန့်ပွားလာခြင်းကြောင့် ကူးစက်ခံရခြင်းမှ ရှောင်ရန်၊ အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း မခံရစေရန် သို့မဟုတ် ပြောင်းလဲနေသော ကန့်သတ်မှုများနှင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်းတို့ကြောင့် သောင်တင်မနေစေရန်အတွက် မလိုအပ်ဘဲ ခရီးမသွားရန် သင့်အား အကြံပြုပါသည်။ တတ်နိုင်သမျှ လူစည်ကားသော နေရာများကို ရှောင်ပါ။ ၎င်းသည် သင့်ကိုသာမက သင်နှင့် ထိတွေ့မှုရှိသူများကိုလည်း ကာကွယ်ပေးရန် ဖြစ်သည်။ ရောဂါကူးစက်မှု မဖြစ်စေရန် ကမ္ဘာအနှံ့ရှိ ခရီးသွားနေရာများစွာကို ပိတ်ထားလျက်ရှိသောကြောင့် ထိုသို့ဖြစ်လာ၍ အိမ်၌ နေရခြင်းသည် သင့်ကို အများကြီး လွဲချော်သွားစေလိမ့်မည် မဟုတ်ပါ။ ခရီးသွားရန် အမှန်တကယ်လိုအပ်ပါက အခြားကူးစက်ရောဂါများအတွက် လုပ်သကဲ့သို့ပင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါ-သင့်လက်များကို မကြာခဏဆေးပါ၊ မျက်နှာကို လက်ဖြင့်ကိုင်ခြင်းမှ ရှောင်ပါ၊ တံတောင်ဆစ်ကွေးအတွင်း သို့မဟုတ် တစ်ရှူးတွင်းသို့ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းပြုလုပ်ပြီး ဖျားနာနေသောသူများနှင့် ထိတွေ့ခြင်းမှရှောင်ပါ။ ခရီးမထွက်မီ ကမ္ဘာအနှံ့အပြားတွင် ချမှတ်ထားသည့် ကျယ်ပြန့်စွာနှင့် လျင်မြန်စွာ ပြောင်းလဲနေသော ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ဖတ်ရှုပါ။ ခရီးသွားပြီးနောက် သင့်ကျန်းမာရေးကို စောင့်ကြည့်ပြီး အခြားသူများသို့ ရောဂါမကူးစက်စေရန်အတွက် နှစ်ပတ်ကြာ သီးခြားခွဲ၍ နေထိုင်ပါ။ နိုင်ငံအများအပြားတွင် ခရီးရှည်ပျံသန်းလာသော လေကြောင်းခရီးစဉ်များနှင့် ပြည်တွင်းခရီးသွားလာရန်အတွက် ခရီးသည်တင် ဘတ်စ်ကားများအကြား ချိတ်ဆက်ထားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား သုံးစွဲသွားလာသူနည်းပါးခြင်း သို့မဟုတ် အစိုးရ၏ အမိန့်ကြောင့် လျှော့ချထားခြင်း သို့မဟုတ် လုံးဝရပ်တန့်ထားခြင်းများ ဖြစ်နိုင်သည်။ နိုင်ငံတကာနှင့် ဒေသတွင်း နယ်စပ်များကို ပိတ်ထားပါသည်။ သင့်အနေဖြင့် အိမ်မှ ဝေးရာသို့ရောက်ရှိနေပါက အထူးသဖြင့် အခြားနိုင်ငံတစ်နိုင်ငံတွင် ရောက်ရှိနေပါက တတ်နိုင်သလောက် အမြန်ပြန်ရန် စဉ်းစားပါ၊ နောက်ပိုင်းတွင် ကန့်သတ်ချက်များ အပြောင်းအလဲရှိလာမည်ဖြစ်သဖြင့် အိမ်ပြန်ရန် ပိုမို၍ပင် ခက်ခဲလာနိုင်ပါသည်။ အချို့အခြေအနေများတွင် ဝင်ရောက်မှုအတွက် သင်သည် ကျန်းမာနေပြီး ဥပဒေသတ်မှတ်ချက်များနှင့် ကိုက်ညီနေလျှင်ပင် ထိုသို့ ရိုးရှင်းစွာ ဝင်ရောက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ သင့်နိုင်ငံသို့ ပြန်လမ်းကို ရှာမရနိုင်ပါက အနီးဆုံး သံရုံး သို့မဟုတ် အကူအညီအတွက် ကောင်စစ်ဝန်ရုံးသို့ ဆက်သွယ်ပါ။ ၎င်းတို့သည် ဘေးကင်းရာပြောင်းရွှေ့နိုင်ရန် စုစည်းပေးခြင်း၊ ပုံမှန်စီစဉ်ပျံသန်းခြင်းမဟုတ်သည့် လေကြောင်းခရီးစဉ်များ ရှာဖွေပေးခြင်း သို့မဟုတ် ကူးသန်းသွားလာရေးအတွက် ပေးချေရန် အရေးပေါ်ချေးငွေချပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ ၎င်းတို့ လုပ်မပေးနိုင်ခဲ့လျှင် သင် ရှိနေသောနေရာတွင် ကာလကြာမြင့်စွာ နေထိုင်ရန် လိုအပ်ခဲ့သည်ရှိသော် လိုရမည်ရ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားပါ။ အိမ်ကိုပြန်နိုင်မည့်နည်းလမ်းကို အမှန်တကယ်တွေ့ရှိပါက ဈေးကြီးခြင်း၊ စိတ်ကသိကအောက်ဖြစ်ရခြင်းနှင့် (ခရီးဆောင်အိတ် မစစ်ဆေးရခြင်း ကဲ့သို့သော) ပုံမှန်မဟုတ်သည့် ကန့်သတ်ချက်များရှိနိုင်သည့်အတွက် ပြင်ဆင်ထားပါ။ 2020 ပြည့်နှစ် ဧပြီလ အစောပိုင်းတွင် COVID-19 အတည်ပြုလူနာ အရေအတွက်သည် တစ်သန်းနီးပါးဖြစ်လာသည်။ ဤရောဂါသည် တရုတ်ပြည်မကြီးတွင် စတင်ခဲ့သော်လည်း ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့ပြီး တရုတ်နိုင်ငံသည် အခြားနိုင်ငံအချို့ထက် အတည်ပြု လူနာနှင့် သေဆုံးမှုအရေအတွက် နည်းပါးသည်။ ဥရောပသည် ကပ်ရောဂါ၏ ဗဟိုချက်အသစ် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်ပြည်မကြီး၊ အီရန်နှင့် ယူနိုက်တက် ကမ်းဒမ်းတို့မှ မြောက်များလှသည့် အတည်ပြုဖြစ်စဉ် ကိန်းဂဏန်းပေါင်းများစွာနှင့်အတူ နိုင်ငံတိုင်းလိုလိုသည် အနည်းဆုံး ရောဂါသည်တစ်ဦးရှိကြောင်း ထုတ်ပြန်ထားကြသည်။ ပစိဖိတ်ကျွန်းနိုင်ငံများမှအပ ကမ္ဘာပေါ်ရှိ အဓိက လူနေထိုင်ရာ နေရာအားလုံးရှိ နိုင်ငံအများအပြားတွင် ဒေသတွင်း ကူးစက်မှုများ ဖြစ်ပေါ်နေသည်။ (WHO မှ နောက်ဆုံးရ သတင်းများအား ကြည့်ပါ) စစ်ဆေးမှုများ အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်သောကြောင့် ရောဂါပျံ့နှံ့မှု အတိုင်းအတာ အပြည့်အစုံကို သေချာစွာ မသိရှိရသေးပါ။ နိုင်ငံအများစုတွင် ရောဂါစမ်းသပ်ကိရိယာ အလွန်အမင်း ရှားပါးခြင်းကို တွေ့ကြုံနေရပြီး အာဏာပိုင်များအနေဖြင့် ကူးစက်နိုင်ချေ မြင့်မားသော လူတိုင်းကို မစစ်ဆေးနိုင်ခဲ့ပေ။ ထို့ကြောင့် အမှန်တကယ်ရောဂါဖြစ်ပွားသည့် အရေအတွက်သည် တရားဝင်ဖော်ပြသည့်အရေအတွက်ထက် ပိုမို များပြားနိုင်ချေရှိသည်။ နိုင်ငံများစွာတွင် ရောဂါစစ်ဆေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်းလုပ်ထုံး လုပ်နည်းများတွင်လည်း ကွဲပြားမှုများရှိနေသောကြောင့် ထုတ်ပြန်သည့် ကူးစက်မှုအရေအတွက်များကို နှိုင်းယှဉ်ခြင်းသည် ဒေသအသီးသီးတွင် ကပ်ရောဂါ မည်သို့ဖြစ်ပွားလျက်ရှိသည်ဟူသည့် ဖြစ်ရပ်အပြည့်အစုံကို ဖော်ပြမပေးနိုင်ပါ။ ဗိုင်းရပ်စ်သည် အသက်ရှုလမ်းကြောင်းမှထွက်သော အမှုန်အမွှားများနှင့် အရာဝတ္တုများမှတစ်ဆင့် ကူးစက်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် အတော်အတန် ကြီးမားသော ဗိုင်းရပ်စ် ဖြစ်သည်။ ဆိုလိုသည်မှာ လေထဲတွင် ပျံ့နှံ့နိုင်ခြင်း မရှိဘဲ အသက်ရှု လမ်းကြောင်းမှ ထွက်သော အမှုန်အမွှားများအတွင်းတွင် ရှိနေမည် ဖြစ်သည်။ အများအားဖြင့် အခြားသူများမှ နှစ်မီတာ (ခြောက်ပေ) အကွာတွင် နေခြင်းဖြင့် ဤလမ်းကြောင်းမှ ရောဂါကူးစက်မှုကို အလုံအလောက် ကာကွယ်ပေးနိုင်သည်။ အရာဝတ္ထုများမှတဆင့် ကူးစက်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ ဥပမာ တစ်စုံတစ်ဦးက နှာချေလျှင်၊ တစ်စုံတစ်ဦးက ကိုင်ထားသည့် တံခါးလက်ကိုင်ဘုကို အခြားသူများက ကိုင်ပြီးနောက် ၎င်းတို့၏ မျက်နှာများကို ထိတွေ့ကိုင်တွယ်လျှင်။ SARS-CoV-2 ဗိုင်းရပ်စ်သည် ကတ်ထူပြားပေါ်တွင် 24 နာရီ ရှင်သန်နိုင်ဖွယ်ရှိပြီး ပလတ်စတစ်ပေါ်တွင် 3 ရက်အထိ ရှင်သန်နိုင်ဖွယ်ရှိသည်။ စအိုနှင့် ပါးစပ် လမ်းကြောင်းမှတစ်ဆင့် ကူးစက်မှုလည်း ဖြစ်ပွားနိုင်သည်။ COVID-19 သည် ရောဂါလက္ခဏာများ မပြဘဲနှင့်ပင် ကူးစက်တတ်ကြောင်း အထောက်အထားများအရ သိရပြီး မည်မျှအတိုင်းအတာထိ ကူးစစ်တတ်သည်ကိုတော့ စုံစမ်းစစ်ဆေးဆဲပါ။ အဖြစ်များသော ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ပါဝင်သည်။ အတွေ့ရနည်းသော ရောဂါလက္ခဏာများတွင် အသက်ရှုကြပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း သို့မဟုတ် ချွဲသလိပ်ထွက်ခြင်း တို့ပါဝင်သည်။ လူနာအချို့တွင် အအေးမိခြင်းနှင့် ဆင်တူသည့် မပြင်းထန်သော ရောဂါလက္ခဏာများ ရှိနိုင်ပါသည်။ ကုသနေစဉ် ထပ်တိုးလာသည့် ပြင်းထန်သော ရောဂါများတွင် အဆုတ်ရောင်ခြင်း၊ ရုတ်တရက်ပြင်းထန်သည့် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် သွေးဆိပ်တက်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အတော်များများ ပျက်စီး၍ မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းတို့ ပါဝင်သည်။ ကူးစက်ခံရသူများ၏ 80% ခန့်သည် ရောဂါလက္ခဏာ အနည်းငယ်သာပြသပြီး ကျန်သောသူများသာ ဆေးရုံတက်ရောက် ကုသမှု ခံယူရသည့် အဆင့်ထိရောက်ရှိသည်။ ရောဂါကူးစက်ခံရပြီး သေပျောက်မှုနှုန်းမှာ 1-3% ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားပြီး သေဆုံးသူအများစုမှာ ရောဂါအခံရှိသည့် သက်ကြီးရွယ်အိုများ ဖြစ်ပါသည်။ သေဆုံးမှုနှုန်းသည် အသက် 70 ကျော်သူများအတွက် ပိုမိုမြင့်မားသော်လည်း အသက် 40 အောက်ရှိသူများအတွက် သိသိသာသာနိမ့်သည်။ COVID-19 ရောဂါကူးစက်နိုင်ခြေနှင့် ပြင်းထန်စွာဖြစ်ပွားနိုင်ခြေ အများဆုံး ရှိသူများမှာ သက်ကြီးရွယ်အိုများနှင့်ကိုယ်ခံအားစနစ်အားနည်းနေသူများ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ကင်ဆာစသည့် ရောဂါအခံရှိသူများ ဖြစ်ကြသည်။ ကလေးငယ်များတွင် ရောဂါဖြစ်ပွားမှု ကိစ္စရပ် များစွာမရှိဘဲ ၎င်းတို့ကို ကူးစက်မှုအများစုမှာ အပျော့စားနှင့် အလယ်အလတ် ဖြစ်ပါသည်။ သို့သော် သိသာသည့် ကူးစက်သူဦးရေတွင် အဆုတ်ရောင်ရောဂါကို ခံစားရပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများသည် ဝန်ထမ်းများအကြားနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်းကျင်အတွင်း အနာရောဂါများဖြင့် စုပြုံဝန်းရံနေခြင်းကြောင့် အခြားသူများနှင့်ယှဉ်လျှင် ကူးစက်နိုင်ခြေ ပိုမိုမြင့်မားနေသည်။ ရောဂါပိုး ကူးစက်ခံရခြင်းနှင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်း အကြားကာလ (ရောဂါပျိုးချိန်ကာလ) သည် ပုံမှန်အားဖြင့် 2 ရက်မှ 14 ရက်အကြားဖြစ်သော်လည်း တရုတ်နိုင်ငံတွင် ဖြစ်ပွားသော လူနာတစ်ဦးတွင် ရောဂါပိုး ကူးစက်ပြီးနောက် 27 ရက်ကြာမှသာ ရောဂါလက္ခဏာများ ပြသခဲ့သည်။ 2020 ပြည့်နှစ် ဖေဖော်ဝါရီလအထိ ရောဂါကူးစက်စေနိုင်သည့် ကာလကို အတိအကျမသိရှိနိုင်သေးသော်လည်း လူများတွင် ရောဂါလက္ခဏာများပြမှသာ အသိသာဆုံးဖြစ်လာပုံရသည်။ မည်သည့်အခြေအနေတစ်ရပ်အထိ ပျံ့ပွားနိုင်သည်ကို ထောက်လှမ်းဆဲဖြစ်သော်လည်း ရောဂါလက္ခဏာမပြသသော သူများမှ ရောဂါပျံ့နှံ့စေနိုင်ကြောင်း အထောက်အထားလည်း ရှိပါသည်။ ပထမဆုံးအကြိမ် ကူးစက်ခံရ၍ ပြန်လည်သက်သာလာပြီးနောက် ဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်ခံရနိုင်ခြေ ရှိမရှိ မသေချာပေ။ ပြန်လည်ကောင်းမွန်လာသူများအတွက် ရေရှည်အကျိုးသက်ရောက်မှုများကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ပြန်လည်ကောင်းမွန်လာသည့် လူနာအချို့တွင် အဆုတ်၏ လုပ်ဆောင်နိုင်စွမ်း ကျဆင်းစေသည့် အထောက်အထားများကို တွေ့ရှိရသည်။ ဗိုင်းရပ်စ်ကို စမ်းသပ်ခြင်းတွင် ပုံမှန်အားဖြင့် ဗိုင်းရပ်စ်အတွက် ဓာတ်ခွဲခန်းတွင် စစ်ဆေးရသော နှာခေါင်းတွင်းမှတစ်ဆင့် ထည့်သွင်းရရှိသည့် တို့ဖတ်စ သို့မဟုတ် လည်ချောင်းတို့ဖတ်စတစ်ခု ပါဝင်သည်။ လက်ရှိ “ရွှေရောင် စံနှုန်း(အတိကျဆုံး)” စစ်ဆေးမှုများတွင် မျိုးရိုးဗီဇနှင့်ဆိုင်သော ပစ္စည်းများကို နမူနာများထံမှ ထုတ်ယူခြင်းနှင့် ဗိုင်းရပ်စ်ပိုး၏ သိရှိထားသော မျိုးရိုးဗီဇ အမှတ်အသားများကို ခွဲခြမ်းစိတ်ဖြာ စိစစ်ခြင်းများ ပါဝင်သည်။ စမ်းသပ် စစ်ဆေးမှုများကို ရှာဖွေနေသော်လည်း သွေးထဲရှိ ဗိုင်းရပ်စ် သို့မဟုတ် ရောဂါကာကွယ်သော ပဋိပစ္စည်းများကို စစ်ဆေးတွေ့ရှိနိုင်သည့် စမ်းသပ် စစ်ဆေးမှု မရှိသေးပါ။ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသော ကိုယ်ခံအားရှိသည်ဟု အတည်ပြုနိုင်သည့် စမ်းသပ်ချက် မရှိသေးပါ။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများစွာက ကပ်ရောဂါ ဖြစ်ပွားနေစဉ် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန် မိမိတို့နိုင်ငံသားများအား အကြံပြုခဲ့ကြပါသည်။ များစွာသော လေကြောင်းလိုင်းများနှင့် အားလပ်ရက် ခရီးစဉ်များသည် ခရီးစဉ်ဖျက်သိမ်းမှုများနှင့် ပြောင်းလဲမှုများအတွက် အခကြေးငွေများ တောင်းခံခြင်းမရှိဘဲ သင့်အတွက် ပိုမိုအဆင်ပြေအောင် လုပ်ဆောင်ပေးပါသည်။ အထူးသဖြင့် အပျော်စီးသင်္ဘောများဖြင့် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ပါ။ သက်ကြီးခရီးသည်များနှင့် ရောခါအခံရှိသူများမှာ ရောဂါကူးစက်ခံရနိုင်ခြေအများဆုံးဖြစ်ပြီး ထိုသို့မဖြစ်စေရန်အတွက် ဆိုးရွားစွာ ကူးစက်မှု ဖြစ်နေသည့် နေရာပြင်ပပင် ဖြစ်နေသည့်တိုင် ခရီးရှည်သော လေကြောင်းခရီးစဉ်၊ လူထူထပ်သောနေရာများသို့လည်ပတ်ခြင်းနှင့် အထူးသဖြင့် အပျော်စီးသင်္ဘောစီးနင်းခြင်းမျိုးကိုပင် ရှောင်ကြဉ်သင့်ပါသည်။ ကျွမ်းကျင်သူအများစုက ရောဂါကူးစက်နေသော ဧရိယာများတွင် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းဟု သိထားသော အလေ့အထကို လိုက်နာရန် အကြံပြုထားသည်။ ဆိုလိုသည်မှာ အခြားသူများနှင့် ထိတွေ့မှုကို အနည်းဆုံးဖြစ်စေရန် ခြောက်ပေအကွာ သို့မဟုတ် နှစ်မီတာအကွာတွင် နေစေခြင်းနှင့် အတူတကွ အုပ်စုဖွဲ့စုဝေးခြင်းကို ရှောင်ကြဉ်စေခြင်းတို့ဖြစ်သည်။ အချို့ဒေသများတွင် လူအနည်းငယ်သာပါဝင်သည့် လူစုလူဝေးလုပ်ခြင်းကို ခွင့်ပြုထားပြီး အခြားဒေသများတွင် မည်သည့်လူစုလူဝေးလုပ်မှုမျိုးကိုမဆို တားမြစ်ထားသည်။ တတ်နိုင်သမျှ အိမ်မှာပင် အလုပ်လုပ်ခြင်း၊ လူစုလူဝေးများကို ရှောင်ရှားခြင်းနှင့် မဖြစ်မနေ အိမ်ပြင်ထွက်ရန် လိုအပ်သည့် ကိစ္စလွဲ၍ အိမ်အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ခြင်းတို့သည် သင်လိုက်နာရမည့် အစီအမံများ ဖြစ်သည်။ မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါက အခြားသူများနှင့် အနည်းဆုံး 2 မီတာ (6 ပေ) အကွာတွင် နေနိုင်ရန် ကြိုးစားလုပ်ဆောင်ရမည်။ နေရာ အတော်များများတွင် ဤအစီအမံများ လိုအပ်သည်။ တုပ်ကွေးကာကွယ်ခြင်းအတွက်ကဲ့သို့ပင် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အကျင့်များကို လိုက်နာပါ။ သင့်လက်များကို ဆပ်ပြာနှင့် ရေနွေးနွေးဖြင့် မကြာခဏ ဆေးကြောပြီး သန့်ရှင်းသော တဘက်ဖြင့် ခြောက်သွေ့အောင် သုတ်ပါ။ ကိုရိုနာဗိုင်းရပ်စ်များသည် အပေါ်ယံအလွှာဖုံးအုပ်ထားသည့် ဗိုင်းရပ်စ်များ ဖြစ်သောကြောင့် သင့်လက်များကို ဆပ်ပြာနှင့် ဆေးကြောခြင်းဖြင့် အဆီကို အဓိကအခြေခံသော ဗိုင်းရပ်စ်ပိုး၏ ဖုံးအုပ်ထားသည့် အပေါ်ယံလွှာ အများစုကို ပျက်စီးစေပြီး ဗိုင်းရပ်စ်ကို သတ်နိုင်သည်။ ထိရောက်သည့် လက်ဆေးခြင်းဖြစ်ရန် သင့်လက်များကို အနည်းဆုံး စက္ကန့် 20 ပွတ်တိုက်ဆေးကြောရန် လိုအပ်သည်။ ဆေးထားသော လက်များကို ခြောက်စေခြင်း သင့်အရေပြားမှ ရောဂါပိုးမွှားအချို့ကို ဖယ်ရှားပေးသည် (ထို့ကြောင့် ဤအဆင့်ကို မကျော်ပါနှင့်၊ တဘက်များကို မျှဝေမသုံးပါနှင့်)။ ဆပ်ပြာနှင့် ရေ မရရှိနိုင်ပါက အရက်ပြန် 60% အထက်ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ။ အရက်ပြန်သည် ရောဂါပိုးကို မြန်မြန်သေစေနိုင်ပါသည်၊ သို့သော် လုံးဝချက်ချင်းကြီးတော့မဟုတ်ပါ၊ ထို့ကြောင့် အရေပြား၏ နေရာလပ်မကျန် စိုစွတ်ကြောင်းသေချာစေရန်အတွက် သင့်လက်နှစ်ဘက်ကို အလားတူ စက္ကန့် 20 ခန့် ပွတ်တိုက်ခြင်း ပြုလုပ်ရန်လိုအပ်ဆဲဖြစ်ပါသည်၊ ထို့နောက်တွင် အရက်ပြန်များအပြည့်အဝခြောက်သွားစေရန်အတွက် နောက်ထပ် တစ်မိနစ် စောင့်ရပါမည်။ သင်၏ လက်များဖြင့် သင်၏ မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မထိပါနှင့်။ လူအများစုသည် သူတို့၏ မျက်နှာအား တစ်နေ့တာလုံး မိနစ်အနည်းငယ်ကြာတိုင်း ထိတွေ့ကိုင်တွယ်လေ့ရှိသည်။ ထိုအရာကို မပြုလုပ်မိအောင်ကြိုးစားပါ၊ သင့်မျက်နှာကို မကိုင်တွယ်မီ သင့်လက်များကို ဆေးကြောပါ။ ထို့အပြင် သင်ပထမဆုံးရောက်ရှိသည့်နေရာရှိ မျက်နှာပြင်များကို သင့်လက်များဖြင့် မလိုအပ်ဘဲ ထိတွေ့ခြင်းမှ တတ်နိုင်သမျှ ရှောင်ပါ။ တံတောင်ဆစ်ကွေး သို့မဟုတ် တစ်ရှုးတွင်းသို့ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းကို ပြုလုပ်ပါ၊ ပြီးပါက တစ်ရှူးကို ချက်ချင်းလွှင့်ပစ်ပြီး သင့်လက်များကို ဆေးကြောပါ။ ဖျားနာနေပုံပေါ်သည့် လူများအနီးတွင် ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်းမပြုပါနှင့်။ အနည်းဆုံး တစ်မီတာနှင့် ဖြစ်နိုင်ပါက နှစ်မီတာ (ခြောက်ပေ) ခွာနေပေးပါ။ ဤအကွာအဝေးကို ခန့်မှန်းရန် အမြန်ဆုံးနည်းလမ်းအဖြစ် သင်နှင့် အခြားသူတစ်ဦးတို့သည် အပြန်အလှန် လက်ကမ်းနေသည်ဟု မြင်ကြည့်ပါ။ တစ်စုံတစ်ဦး၏ အနားသို့ တိုးကပ်မသွားဘဲ ထိုသူ၏ လက်ကို ထိကိုင်နိုင်ပါသလား။ အကယ်၍ အဖြေသည် ဟုတ်သည် ဟူ၍ဖြစ်လျှင် သင့်အနေဖြင့် ဖြစ်နိုင်ခြေအလွန်များနေပြီဖြစ်သည်။ တံခါးလက်ကိုင်ဘု၊ ဖုန်း၊ တယ်လီဗွီးရှင်း ရီမုတ်ကဲ့သို့သော လူအများအပြား ထိတွေ့သည့် မျက်နှာပြင်များနှင့် အရာဝတ္ထုများကို ပုံမှန် အိမ်သန့်ရှင်းရေးပစ္စည်းများဖြင့် သန့်ရှင်းရေးပြုလုပ်ပါ။ မျက်နှာပြင်များကို အိမ်တွင်းသုံး အာနိသင်ပျော့ အစွန်းချွတ်ဆေး ကဲ့သို့သော သင့်လျော်ရာ ပိုးသတ်ဆေးတစ်ခုခုဖြင့် ပိုးသတ်ပါ။ သင်နေထိုင်မကောင်းဖြစ်လျှင် အိမ်တွင်နေထိုင်ပြီး သင်၏ ရောဂါလက္ခဏာများ မပျောက်မချင်း အခြားသူများနှင့် ထိတွေ့ဆက်သွယ်ခြင်းကို ရှောင်ကြဉ်ပါ။ တစ်ကိုယ်ရေ အသုံးအဆောင်များဖြစ်သော သွားတိုက်တံ၊ အစားအသောက် အသုံးအဆောင်ပစ္စည်းများ၊ သောက်စရာများ၊ ရေဘူးများနှင့် မျက်နှာသုတ်ပဝါများ အစရှိသည့် တံတွေးနှင့် ထိတွေ့နိုင်သော ပစ္စည်းများအား မျှဝေ သုံးစွဲခြင်း မပြုလုပ်ပါနှင့်။ တရုတ်နိုင်ငံ၏ ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည့် အားလုံးနှိုက်စားသည့် ပန်းကန်ပြားတစ်ခုတည်းမှ မိမိကိုယ်ပိုင်တူဖြင့် ယူဆောင် စားသောက်သည့် အကျင့်ကို သင့်အနေဖြင့် ရှောင်ကြဉ်ရမည်။ လူများနှင့် နှုတ်ဆက်သည့်အခါတွင် ထိတွေ့မှုမရှိဘဲ နှုတ်ဆက်ပါ။ ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ လက်သီးချင်း တိုက်ခြင်းနှင့် အခြားထိတွေ့မှုများကို ရှောင်ပါ။ အကယ်၍ သင့်အနေဖြင့် ထိတွေ့ဆက်သွယ်မှုမျာကို မလွှဲမရှောင်သာ ပြုလုပ်ရပါက ထိတွေ့ဆက်သွယ်မှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးချိန် နှစ်ချိန်စလုံးတွင် လက်ကို ဆေးကြောပါ။ ၎င်းသည် သင့်အား ကိုရိုနာဗိုင်းရပ်စ်မှ ကာကွယ်မပေးသော်လည်း ဒေသများစွာတွင် COVID-19 ထက် ပိုမိုကြီးမားသော အန္တရာယ်အဖြစ် ရှိနေဆဲဖြစ်သော တုပ်ကွေးရောဂါမှ တစ်စိတ်တစ်ပိုင်းအားဖြင့် ကာကွယ်ပေးနိုင်ပါလိမ့်မည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်တုပ်ကွေးမိပါက ကိုရိုနာဗိုင်းရပ်ဖြစ်နေမည်လားဟု တွေးနေရသည့် မလိုအပ်သော စိုးရိမ်ပူပန်ရခြင်းကိုလည်း လျော့ပါးစေနိုင်သည်။ အကယ်၍ သင်သည် အသက်အရွယ်ကြီးသူဖြစ်ပါက သို့မဟုတ် ကူးစက်ခံရနိုင်ခြေ မြင့်မားသော အုပ်စုတွင် ပါဝင်ပါက အဆုတ်ရောင် ရောဂါအတွက် ကာကွယ်ဆေးထိုးနိုင်လျှင် ထိုးပါ။ ၎င်းသည် COVID-19 ရောဂါ၏ အဆုတ်ရောင်ဗိုင်းရပ်စ်မှ သင့်ကို ကာကွယ်မပေးနိုင်ပါ။ သို့သော် COVID-19 လူနာအချို့သည် ၎င်းတို့၏ အားနည်းနေသော အဆုတ်များကို အဆုတ်ရောင် ဘက်တီးရီးယားများက တိုက်ခိုက်သောကြောင့် သေဆုံးခဲ့ရပြီး အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးကသာ သင့်အသက်ကို ကယ်နိုင်ပါသည်။ ရောဂါသယ်ဆောင်သည်ဟု သံသယရှိခံရသူများနှင့် ကူးစက်ခံထားရသောသူများနှင့် အနီးကပ် ထိတွေ့ဆက်ဆံရသူများအနေဖြင့် နှာခေါင်းစည်းများကိုဝတ်ဆင်ရန် အကြံပြုပါသည်။ WHO က ရောဂါလက္ခဏာမပြသသူများကို နှာခေါင်းစည်းတပ်ရန် အကြံမပြုသော်လည်း အချို့သော နိုင်ငံတကာ အစိုးရများကမူ တပ်ရန်အကြံပြုထားပါသည်။ အချို့သော နိုင်ငံများနှင့် မြို့များတွင် လူအစုလိုက်အပြုံလိုက် ကူးစက်ခြင်းကို လျှော့ချနိုင်ရန်အတွက် အချို့သော နှာခေါင်းစည်းအမျိုးအစားများကို ဝတ်ဆင်ရန် လိုအပ်သည်။ ကမ္ဘာနှင့်အဝှမ်းတွင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ပြတ်လပ်နေသည်။ နှာခေါင်းစည်း ဝတ်သည့်အခါ သေချာ ဝတ်ဆင်ပေးပါ။ နှာခေါင်းစည်းက သင့်နှာခေါင်းနှင့် ပါးစပ်ကို ဖုံးကာပေးပြီး လစ်ဟာမှုမရှိဘဲ အံကိုက်ဖြစ်ရမည်။ နှာခေါင်းစည်းကို မဝတ်ဆင်မီ သင့်လက်များကို ဆေးကြောပါ၊ ဝတ်ဆင်ထားချိန်တွင် မျက်နှာဖုံးကို ထိကိုင်ခြင်းကို ရှောင်ကြဉ်ပါ။ အကယ်၍ သင်အနေဖြင့် ထိတွေ့ကိုင်တွယ်မိခဲ့ပါက ထိတွေ့ပြီးနောက်ချက်ချင်း သင်၏ လက်များအား ဆေးကြောပါ။ နှာခေါင်းစည်း စိုထိုင်းထိုင်း ဖြစ်လာသောအခါ စွန့်ပစ်၍ အသစ်လဲပါ။ ၎င်းကို နောက်ကျောဘက်မှ ချွတ်ပြီး အဝေးသို့ လွှင့်ပစ်ပါ။ ထို့နောက် သင့်လက်များကို ဆေးကြောပါ။ နှာခေါင်းစည်းများ တပ်ထားလျှင်လည်း တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ဆောင်ရန် လိုအပ်ဆဲဖြစ်ကြောင်း သတိပြုပါ- သင့်လက်များကို မကြာခဏ ဆေးကြောပေးပါ။ သင်မလိုအပ်လျှင် နှာခေါင်းစည်းများကို သိုလှောင်မထားပါနှင့်။ နှာခေါင်းစည်း မလုံလောက်ခြင်း၏ အဓိပ္ပါယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများအနေဖြင့် နှာခေါင်းစည်းများ ရရှိရန် အခက်တွေ့နေရသည့်အတွက် လူတိုင်းကို အန္တရာယ်ဖြစ်စေနိုင်ခြင်း ဖြစ်သည်။ ၎င်းတွင် အများပြည်သူများ အသုံးပြုရန် မဟုတ်သည့် N95 အသက်ရှုကိရိယာများ ပါဝင်ပြီး ၎င်းတို့သည် အကောင်းဆုံး ထိရောက်မှုရှိစေရန်အတွက်သာ တပ်ဆင်သင့်သည့် ကျွမ်းကျင်သူများ အသုံးပြုသော ပစ္စည်းများဖြစ်သည်။ ၎င်းတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးသူများ ဆောင်ရွက်ပါစေ။ လူထူထပ်သောနေရာများ၊ အထူးသဖြင့် ဆွေးနွေးပွဲများ၊ ဖျော်ဖြေပွဲများ၊ စျေးဝယ်ကုန်တိုက်များ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ဘာသာရေးဝတ်ပြုနေရာများကဲ့သို့ လေဝင်လေထွက် နည်းပါးသည့် အလုံပိတ်ထားသော နေရာများကိုရှောင်ပါ။ ဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် ဘာသာရေး ဆုတောင်းပွဲများမှစ၍ ဂီတပွဲတော်များအထိ ကြီးမားသည့် လူစုလူဝေးများပါဝင်သည့် ပွဲတော်များကို ကမ္ဘာအနှံ့တွင် ပယ်ဖျက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ခရီးသွား လည်ပတ်မှုများ၊ စီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးတို့ကို အထူးသဖြင့် ရောဂါကူးစက်ခဲ့သည့် နိုင်ငံများတွင် ပိတ်ထားကောင်း ပိတ်ထားနိုင်သည်။ ဖျက်သိမ်းလိုက်သည့် ပွဲအစီအစဉ်အချို့၊ အထူးသဖြင့် ဖျော်ဖြေရေး၊ အားကစားပွဲများနှင့် သင်ကြားရေးအတန်းများကို အွန်လိုင်းတွင် ပြောင်းပြီး လုပ်ဆောင်လာကြသည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ကိုယ်တိုင်သွားရောက်စရာမလိုဘဲ ထိုအရာများကို တွေ့မြင်ခံစားနိုင်သည်။ ဓာတ်ဆီ/ဓာတ်ငွေ့ဆိုင်များတွင် လက်အိတ်များ အသုံးပြုပါ သို့မဟုတ် တတ်နိုင်ပါက ပိုးသတ်အဝတ်စဖြင့် လက်ကိုင်ကို ပွတ်သုတ်ချပါ။ တစ်ခုခုဖြည့်ပြီးပါက သင့်လက်များကို လက်သန့်ဆေးရည်ဖြင့် သန့်စင်ပါ။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ အစိုးရတို့က အပျော်စီး ပင်လယ်ကူးသင်္ဘောဖြင့် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြရန် အကြံပြုထားပါသည်။ လေယာဉ်ပေါ်တွင် ကူးစက်ရောဂါများမှာ လွယ်ကူစွာ ပျံ့ပွားနိုင်ပြီး ဆေးကုသမှုကိုလည်း လိုသလောက် မရရှိနိုင်ပါ။ အပျော်စီးသင်္ဘောတစ်စီးပေါ် ကူးစက်မှုဖြစ်ပွားရာတွင် သင်္ဘောပေါ်၌ လူအများအပြားပါရှိသောကြောင့် သီးသန့်ခွဲခြားနေထိုင်စေရန်နှင့် ဆိပ်ကမ်းရပ်နားရန် ကိစ္စရပ်များသည် စိန်ခေါ်မှုများ ဖြစ်လာပါသည်။ ဗိုင်းရပ်စ်ပိုးကို စိုးရိမ်ကြောက်ရွံ့မှုများကြောင့် အတည်ပြု လူနာများမပါရှိသော အပျော်စီးသင်္ဘောများကိုပင် ဆိပ်ကမ်းသို့ ကပ်ရန် ခွင့်မပြုဘဲ ငြင်းဆိုခဲ့ပြီး ဂျပန်နိုင်ငံမှ ထင်ရှားသော စိန်မင်းသမီး အပျော်စီးသင်္ဘောဖြစ်စဉ်တွင် သင်္ဘောပေါ်ရှိ လူပေါင်း ရာနှင့်ချီ၍ ရောဂါကူးစက်ခံခဲ့ရသည်။ အကယ်၍ သင်သည် ရောဂါကူးစက်ခံထားရနိုင်သည်ဟု ယူဆပါက အခြားသူများအား ကူးစက်ခြင်းမရှိစေရန်အတွက် ဆေးရုံသို့ လူကိုယ်တိုင်သွားမည့်အစား ဆေးရုံ သို့မဟုတ် ဒေသတွင်း အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို ဖုန်းခေါ်ပါ။ သင်၏ ရောဂါလက္ခဏာများနှင့် ခရီးသွားရာဇဝင်ကို ဖော်ပြပါ။ ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်းကို ဝတ်ဆင်ပြီး အာဏာပိုင်များနှင့် ဆရာဝန်များ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ လေယာဉ်ခရီးစဉ်နှင့် ကျန်းမာရေးကိုလည်း ကြည့်ပါ လေယာဉ်ပေါ်တွင် အခြားနေရာများ၌ ပြုလုပ်သည့်အတိုင်း တူညီသော တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့အကျင့်များကို လိုက်နာပါ- သင် ထိုင်ခုံမှ ထသွားရန် အဆင်မပြေပါက လက်ကို မကြာခဏဆေးပါ သို့မဟုတ် အရက်ပြန်ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ၊ သင့်မျက်နှာကို လက်ဖြင့်ကိုင်တွယ်ခြင်းမှရှောင်ပါ။ သုတေသီများသည် ပြတင်းပေါက်ဘေးခုံတွင်ထိုင်သော ခရီးသည်များသည် ဖျားနာသောသူများနှင့် ထိတွေ့ပြီး ရောဂါကူးစက်ခြင်းခံရသည့် အန္တရာယ်နည်းပါကြောင်း တွေ့ရှိခဲ့ကြသည်။ ပြတင်းပေါက်ဘက် ထိုင်ခုံကို ကြိုတင်မှာယူရန် ကြိုးစားပြီး လေယာဉ်ခရီးစဉ်အတွင်း လေယာဉ်ခန်းအတွင်း လှုပ်ရှား သွားလာခြင်းကို ရှောင်ပါ။ သင့်လက်များကို ဆေးကြောပြီးနောက် မထိုင်ခင် သင်၏ ထိုင်ခုံပတ်လည်၍ ဧရိယာတစ်ခုလုံး အနှံ့ကို ပိုးသတ်ထားသည့် တစ်ရှူးများသုံး၍ ပွတ်သုတ်ပါ။ မာကျောသည့် မျက်နှာပြင်များကို ဆေးကြောသုတ်ပစ်ပါ၊ သင့်ထိုင်ခုံမှာ သားရေသားဖြစ်ပါက ထိုင်ခုံကိုလည်း သုတ်ပါ။ အဝတ်စဖုံးအုပ်ထားသော ထိုင်ခုံများကို ဆေးကြောခြင်းမပြုပါနှင့်၊ စိုထိုင်းခြင်းက ပို၍ အလွယ်တကူ ကူးစက်စေနိုင်ပါသည်။ ပိုးသတ်ထားသည့် တစ်ရှူးများကို အသုံးပြုသောအခါ ဘူးခွံတွင်ပါသည့် ညွှန်ကြားချက်များကို လိုက်နာပါ။ ဗိုင်းရပ်စ်များက သင့်ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများမှတဆင့် ဝင်လာသည်ကို မမေ့ပါနှင့်။ ထိုနေရာများကို ပွတ်သုတ်ခြင်းက မနာကျင်ပါ သို့သော် သင့်တော်သော တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အစားထိုးဖွယ်ရာ မဟုတ်ပါ။ သင့်လက်များကို ဆေးကြောပြီး သင့်မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။ ပြီးလျှင် ထိတွေ့မျက်နှာပြင် သို့မဟုတ် အခြားထိန်းချုပ်ခလုတ်များကို နှိပ်ရန် တစ်ရှူးကို အသုံးပြုပါ။ အိမ်သာ အသုံးပြုသည့်အခါ တစ်ရှူးစက္ကူများကို အသုံးပြု၍ ဘုံပိုင်ခေါင်းပိတ်ခြင်းနှင့် တံခါးဖွင့်ခြင်းများ ပြုလုပ်ပါ၊ ထို့နောက်တွင် ၎င်းတို့ကို လွှင့်ပစ်ပါ။ ကူးစက်မှုဖြစ်ပွားလျက်ရှိသော ဒေသများရှိ လေကြာင်းလိုင်းများသည် ရောဂါကူးစက်မှု လျှော့ချနိုင်ရန်နှင့် ခရီးသည်များ ဘေးကင်းမှုရှိစေရန်အတွက် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပါသည်။ ဥပမာအားဖြင့် ၎င်းတို့တွင် အသုံးအဆောင်များအား မကြာခဏ သန့်ရှင်းရေးပြုလုပ်ခြင်း၊ လေယာဉ်အမှုထမ်းများအား နှာခေါင်းစည်းများ ဝတ်ဆင်ခွင့်ပြုခြင်းနှင့် လတ်ဆတ်သော ပူနွေးသည့် အစားအစာများအစား ကြိုတင်ထုပ်ပိုးထားသော အစားအစာများ တည်ခင်းခြင်းတို့ ပါဝင်သည်။ ခရီးသည် အုပ်စုတစ်စုသည် ရောဂါဖြစ်ပွားမှု ပြင်းထန်သည့် ဒေသနှင့် ပတ်သက်နေပါက လေယာဉ်အမှုထမ်းများအနေဖြင့် ၎င်းတို့အား ကျန်ခရီးသည်များနှင့် ဝေးရာနေရာတွင်ထားနိုင်သည်။ (ထို့ပြင် အကယ်၍ သင်သည် များမကြာမီက ကူးစက်မှု မြင့်မားသော ဒေသတွင် ရှိနေခဲ့ပါက ထိုအကြောင်းကို လေယာဉ်အမှုထမ်းများအား ပြောပြရန် ထည့်သွင်းစဉ်းစားပါ)။ လေယာဉ်ပေါ်တွင် ထိုင်ခုံပြောင်းခြင်းကို တားမြစ်ခံရခြင်းလည်း ရှိနိုင်ပါသည်။ သို့မှသာ လေယာဉ်ပေါ်တွင်လိုက်ပါလာသူ တစ်ယောက်ယောက် ကူးစက်ခြင်းခံထားရသည်ကို တွေ့ရှိရပါက အာဏာပိုင်များမှ ၎င်းတို့အနီးတွင်ထိုင်သောသူများကို စစ်ဆေးရန် သို့မဟုတ် အသွားအလာကန့်သတ်ရန်အတွက် ခြေရာခံနိုင်မည်ဖြစ်သည်။ ရောဂါလက္ခဏာများကို သက်သာအောင် ကုသပေးခြင်းနှင့် နောက်တိုးရောဂါသစ်များ မဖြစ်အောင် တားဆီးခြင်းဖြင့် COVID-19 ရောဂါကို ကုသပါသည်။ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး သို့မဟုတ် တိကျသော ကုသမှု မရှိသေးပါ။ ကာကွယ်ဆေး သို့မဟုတ် သီးသန့် ဗိုင်းရပ်စ်တိုက်ဖျက်ဆေး သုတေသနများကို လက်ရှိဆောင်ရွက်လျက်ရှိနေပါသည်။ COVID-19 ကုသမှုအတွက် အိတ်ချ်အိုင်ဗွီ ဆေးဝါးများနှင့် အခြားဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးဝါးများကို သုံး၍ စမ်းသပ်မှု များစွာရှိသည်။ သိပ်မပြင်းထန်သော ရောဂါလက္ခဏာများကို ပါရာစီတမောလ် (acetaminophen) သောက်ခြင်းဖြင့် သက်သာစေနိုင်သည်။ သင့်တွင် COVID-19 ကူးစက်ခံရပါက နိုင်ငံများအနေဖြင့် သင့်အား စမ်းသပ်စစ်ဆေးမှုများပြုလုပ်ကာ COVID-19 ကင်းစင်သည့် ရလဒ်ဆက်တိုက် မရမချင်း သီးသန့်ခွဲခြား ထားရှိမည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် COVID-19 ရောဂါကူးစက်ခံထားရသူ တစ်ယောက်နှင့် အနီးကပ်ထိတွေ့မှုရှိခဲ့ပါက နိုင်ငံအများအပြားသည် သင့်ကို နောက်ဆုံးထိတွေ့သည့်အချိန်မှစ၍14 ရက် အသွားအလာကန့်သတ်၍ သင့်အခြေအနေနှင့် ရောဂါလက္ခဏာရပ်များကို စောင့်ကြည့်ပါမည်။ အချို့သော နိုင်ငံများ၌ သင့်တွင် ရောဂါလက္ခဏာများ မရှိသော်လည်း သင့်ကို စစ်ဆေးလိမ့်မည်။ နိုင်ငံအများအပြားတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် တစ်ဟုန်ထိုးတိုးလာသော လူနာအရေအတွက်ကို ကိုင်တွယ်ဆောင်ရွက်မပေးနိုင်သည့် အနေအထားသို့ ရောက်လာနေပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်း၊ ဆေးပစ္စည်များ သို့မဟုတ် စက်ကိရိယာများ မလုံလောက်၍ ကုသမှု တောင်းခံရာတွင် ငြင်းဆိုခံရနိုင်ခြေ ရှိပါသည်။ နိုင်ငံအများအပြားသည် ကူးစက်ခံရသော ဒေသများနှင့် အသွားအလာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဖြတ်ကျော်မှုများအား ရပ်တန့်ခြင်း သို့မဟုတ် တင်းကျပ်သော ပိတ်ပင်ကန့်သတ်ခြင်းများကို လုပ်ဆောင်ထားကြသည်။ နိုင်ငံအများအပြားတွင် ဆိုက်ရောက် ခရီးသွားများအပေါ် ကန့်သတ်ချက်များချမှတ်ထားပြီး ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း (ပြည်တွင်းနေ ပြည်သူများနှင့် အမြဲတမ်းနေထိုင်ခွင့်ရသူများအတွက် ခြွင်းချက်များရှိနိုင်သည်) သို့မဟုတ် သီးသန့်ခွဲခြားနေထိုင်စေခြင်း (ပုံမှန်အားဖြင့် 14 ရက်) စသည့် စည်းကမ်းချက်များ ချမှတ်ထားသည်။ အကယ်၍ မဖြစ်မနေ အသွားအလာကန့်သတ်၍ စောင့်ကြည့်ခံရမည်ဟု ပြဌာန်းမထားလျှင်ပင် “မိမိဘာသာ နေအိမ်တွင် အသွားအလာကန့်သတ်မှု” ပြုလုပ်ပြီး အခြားသူများနှင့် အပြန်အလှန် ဆက်ဆံပြောဆိုခြင်းမပြုရန် သင့်ကို တောင်းဆိုနိုင်သည်။ ကူးစက်မှုဖြစ်ပွားနေသည့်နေရာများသို့ မကြာသေးမီက ရောက်ခဲ့ဖူးသော ခရီးသည်များအပေါ် ကန့်သတ်ချက်များမှာ အပြင်းထန်ဆုံးဖြစ်ပါသည်။ သို့သော် ယေဘုယျအားဖြင့် နိုင်ငံအများအပြားမှာ ၎င်းတို့ကို နိုင်ငံတွင်း ဝင်လာသည့် ခရီးသည်များအဖြစ် လက်ခံလျက်ရှိပါသည်။ အချို့သော နိုင်ငံများတွင် နိုင်ငံခြားသား အားလုံး သို့မဟုတ် အားလုံးနီးပါး ဝင်ရောက်မှုကို တားမြစ်ပိတ်ပင်ထားပြီး ပြည်တွင်းနေပြည်သူများနှင့် အမြဲတမ်းနေထိုင်ခွင့်ရသူများ၏ ထွက်ခွာခွင့်ကိုလည်း ကန့်သတ်ထားသည်။ မည်သည့်ဒေသများတွင် ကူးစက်မှုဖြစ်ပွားနေသနည်း။ ပြောရမည်ဆိုလျှင် ယင်းသည် လျှင်မြန်စွာပြောင်းလဲနေသည့် အခြေအနေတစ်ခုဖြစ်ပြီး နိုင်ငံ/ဒေသ/အဖွဲ့အစည်း တစ်ခုချင်းစီတွင် မည်သည့်ဒေသများအား ကန့်သတ်ထားမည်ဆိုသည့် ကိုယ်ပိုင်စာရင်းများ ရှိကြသည်။ ဝူဟန်မြို့တော်သည် ကူးစက်မှုဆိုင်ရာ စာရင်းတိုင်းတွင် ပါဝင်နေပြီး တရုတ်ပြည်မကြီး၏ ကျန်ဒေသများမှာလည်း ကူးစက်မှုဆိုင်ရာ စာရင်းအများစုတွင် ပါဝင်နေပါသည်။ ပါဝင်လေ့ရှိသည့် အခြား ဒေသများမှာ- ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အီရန်၊ အီတလီ၊ ဂျပန်၊ မကာအို၊ စင်ကာပူ၊ တောင်ကိုရီးယား၊ စပိန်၊ ထိုင်ဝမ်၊ ယူနိုက်တက် ကင်းဒမ်းမ်၊ အမေရိကန်ပြည်ထောင်စု၊ ရှန်ဂန်ဒေသ တစ်ခုလုံးနှင့် တစ်ခါတစ်ရံတွင် အခြားဒေသများစွာ။ အချို့သော နိုင်ငံများအနေဖြင့် ရောဂါဖြစ်ပွားမှု ပြင်းထန်သော နယ်မြေဒေသများမှ နိုင်ငံသားဖြစ်မှု သို့မဟုတ် ထိုဒေသများတွင် နေထိုင်မှုအပေါ် အခြေခံ၍ ကန့်သတ်မှုများ ပြုလုပ်ခဲ့ပါသည်။ ပြည်ဝင်ခွင့် ကန့်သတ်ချက်များ၏ အသေးစိတ်စာရင်းကို IATA မှ ထိန်းသိမ်းထားသည်။ ၎င်းသည် ကန့်သတ်ချက်အားလုံးအတွက် အကျုံးမဝင်သော်လည်း အသုံးဝင်ဆဲဖြစ်ပါသည်။ နောက်ဆုံးရ သတင်းအချက်အလက်များအား စဉ်ဆက်မပြတ်စောင့်ကြည့်ပါ။ ကူးစက်မှုနှင့် ခရီးသွားလာမှု ကန့်သတ်ချက်များသည် လျင်မြန်စွာ ပြောင်းလဲလျက်ရှိသည်။ များမကြာမီကာလအတွင်း ခရီးသွားမည်ဆိုပါက ပြောင်းလဲနေသော အခြေအနေများက သင့်အစီအစဉ်များကို ပြောင်းလဲရန် တွန်းအားပေးနိုင်သောကြောင့် ပြန်အမ်းငွေရရှိနိုင်သော ကြိတင်စာရင်းသွင်းမှုများကို ပြုလုပ်ရန် ထည့်သွင်းစဉ်းစားပါ။ ကူးစက်ခံနေရသော ဒေသများနှင့် ချိတ်ဆက်ပြေးဆွဲလျက်ရှိသော လက်မှတ်များအား ဝယ်ယူခြင်းမှ ရှောင်ကြဉ်ပါ။ လေယာဉ်များ ပြောင်းလဲစီးခြင်း ပြုလုပ်လျှင်ပင် ပိတ်ဆို့မှုများနှင့် ကြုံရနိုင်သည်။ ရောဂါပျံ့နှံ့ခြင်းနှင့် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ အမြဲတမ်း ပြောင်းလဲနေခြင်းကြောင့် သို့မဟုတ် လေယာဉ်စီးမည့်သူ နည်းပါးသဖြင့် လေကြောင်းလိုင်းများအတွက် ထိုင်ခုံမပြည့်နိုင်သည့် ပြဿနာရှိနေသောကြောင့် လေယာဉ်ခရီးစဉ်များမှာ အသိပေးခြင်းမရှိဘဲ ဖျက်သိမ်းသွားနိုင်ပါသည်။ ဆိုက်ရောက်ပြီးနောက် ကိုယ်အပူချိန် စစ်ဆေးမှုများ၊ ဆက်စပ် လုပ်ထုံးများနှင့် စာရွက်စာတမ်းတို့အတွက် နာရီများစွာ သင်စောင့်ဆိုင်းရနိုင်သည် သို့မဟုတ် နှစ်ပတ်ကြာ အသွားအလာကန့်သတ် စောင့်ကြည်မှုကိုပင် လုပ်ဆောင်ရနိုင်သည်။ သင့်ခရီးသွားအစီအစဉ်များအပေါ်၊ အထူးသဖြင့် နိုင်ငံတကာသို့ ခရီးသွားလာခြင်းဖြစ်ပါက၊ အနှောက်အယှက်ဖြစ်လာနိုင်စရာများ အတွက် ကြိုတင်ပြင်ဆင်ထားပါ။ သင့်အနေဖြင့် ကူးစက်မှုဖြစ်နေသည့် နေရာများအနီးတွင် ရှိမနေသည့်တိုင် ကူးစက်ခြင်းခံထားရသည့် လူတစ်ယောက်နှင့် အဆောက်အဦးတစ်ခု သို့မဟုတ် အခန်းတစ်ခုတွင် အတူတကွနေထိုင်ခြင်းဖြစ်လျှင် သင်သည် လက်ရှိနေရာတွင် စီစဉ်ထားသည့်ထက် ပိုကြာကြာ နေရနိုင်စရာ ရှိပါသည်။ ဥပမာအနေနှင့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် Costa Adeje (ကနေရီကျွန်းစု) တွင် အပန်းဖြေနေသည့် အီတလီလူမျိုး ဆရာဝန်တွင် COVID-19 ပိုးကူးစက်ခဲ့ပြီး ၎င်း၏ အကျိုးဆက်အနေနှင့် ၎င်းတည်းခိုသည့် ဟိုတယ်ရှိ ဧည့်သည်များအားလုံး အသွားအလာကန့်စောင့်ကြည့်ခြင်း ခံခဲ့ရသည်။ လော့ခ်ဒေါင်းချမှုများနှင့် အခြားသော ပြည်တွင်းကန့်သတ်ချက်များ အချို့နိုင်ငံများနှင့် ဒေသများ၊ အထူးသဖြင့် ဆိုးဆိုးရွားရွား ကူးစက်မှု ဖြစ်ပွားနေသည့်နေရာများတွင် အရေးပေါ် လော့ခ်ဒေါင်းချခြင်းများနှင့် လတ်တလော ခရီးသွားရာဇဝင် မရှိသေးသူများပါ အပါအဝင် ပြည်သူများကို အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းတို့တွင် နယ်စပ်ထိန်းချုပ်မှုများ ယာယီပြန်လည် အသက်သွင်းခြင်း၊ နိုင်ငံတွင်း ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ စားသောက်ဆိုင်များနှင့် အခြားဆိုင်များရှိ ဝန်ဆောင်မှုများကို ပိတ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း၊ လူစုလူဝေးများပြားသော ပွဲတော်များကို ပိတ်ပင်ခြင်းနှင့် အဆိုးရွားဆုံးအခြေအနေများတွင် မဖြစ်မနေအကြောင်းပြချက် ရှိသည့်အခါမှလွဲ၍ အိမ်ပြင်သို့ထွက်ခြင်းကို တားမြစ်ခြင်းတို့ ပါဝင်ပါသည်။ အစိုးရ၏ ကန့်သတ်ချက်များအပြင် ဗိုင်းရပ်စ် ပြန့်ပွားမှုကိုလျှော့ချရန်အတွက် ဌာန၊ အဖွဲ့အစည်း အသီးသီးသည် ၎င်းတို့၏ လုပ်ငန်းများကို ပိတ်ထားလိုက်ကြပြီး ပွဲအစီအစဉ်များကို ဖျက်သိမ်းခဲ့ကြပါသည်။ တရုတ်နိုင်ငံတွင် သယ်ယူပို့ဆောင်ရေးနှင့် လှုပ်ရှားသွားလာမှုများတွင် ကြီးမားသော ကန့်သတ်ချက်များကို လုပ်ဆောင်ခဲ့ပြီး ကန့်သတ်ချက်များမှာ ပြည်နယ်၊ မြို့နှင့် ခရိုင် သို့မဟုတ် ကျေးရွာအလိုက် များစွာ ကွာခြားသည်။ ဤကာလအတွင်း တရုတ်နိုင်ငံသို့ မသွား‌‌ရောက်ရန် အစိုးရ များစွာမှ ညွှန်ကြားထားကြသည်။ သင့်တွင် ရွေးချယ်စရာ မရှိပါက သင်သွားနေသည့် နေရာ၏ ဒေသအခြေအနေနှင့် ပတ်သက်၍ ကိုယ်တိုင် သုတေသနလုပ်ပြီး နောက်ဆုံးရ အချက်အလက် ရယူပါ။ အထူးသဖြင့် ဟူဘေးသို့ ခရီးသွားခဲ့ဖူးသူများမှာ ပုံမှန်ထက်ပို တင်းကြပ်သည့် ကန့်သတ်ချက်များနှင့် ကြုံတွေ့ရပါသည်။ ကန့်သတ်မှုများ ထားရှိသည့် တရုတ်နိုင်ငံ ဒေသအချို့ ဥပမာ (ဤသည်မှာ ပြီးပြည့်စုံသည့် စာရင်းမဟုတ်ပါ)- တရုတ်နိုင်ငံရှိ အခြားဒေသများမှ သို့မဟုတ် အခြားနိုင်ငံများမှ ရောက်ရှိလာပါက 14 ရက် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း၊ မိမိဘာသာ နေအိမ်တွင် အသွားအလာကန့်သတ်မှု ပြုလုပ်ခြင်း သို့မဟုတ် သင်က ကုန်ကျစရိတ်ခံ၍ COVID-19 စစ်ဆေးခြင်းများအတွက် လုပ်ဆောင်ရမည် သင်၏ ခရီးသွားလာမှုနှင့် ဆေးကုသမှုရာဇဝင်ဆိုင်ရာ မေးခွန်းများ (လိမ်လည်ပါက ထောင်ဒဏ်နှစ်ရှည် ကျနိုင်သည်) အွန်လိုင်း သို့မဟုတ် စာရွက်စာတမ်းပုံစံကို အသုံးပြု၍ မဖြစ်မနေပြုလုပ်ရမည့် မှတ်ပုံတင်ခြင်း လူအများကြားသွားသည့် အခါ နှာခေါင်းစည်း ဝတ်ဆင်ရန် သတ်မှတ်ချက် 14 ရက်အတွင်း တရုတ်နိုင်ငံပြင်ပတွင်ရှိခဲ့ဖူးပါက ဈေးဝယ်စင်တာကြီးများကဲ့သို့သော အများပြည်သူဆိုင်ရာနေရာများသို့ သွားရောက်ရန် ခွင့်မပြုပါ။ ဆိုင်များသည် မိုဘိုင်းဖြင့်ပေးချေခြင်းကိုသာလက်ခံပြီး ငွေသား လက်မခံပါ တရုတ်လူမျိုးမဟုတ်သော နိုင်ငံသားများအား ဝန်ဆောင်မှုပေးရန် ငြင်းဆန်သော စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်နှင့် အခြားအဖွဲ့အစည်းများ ကူးသန်းသွားလာမှု နည်းလမ်း အများအပြားကို လျှော့ချခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ အများပြည်သူသုံး ယာဉ်စီးကတ်များအတွက် အမည်မှန်ဖြည့်သွင်းခြင်းအား မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်။ မြို့၊ ကျေးရွာ သို့မဟုတ် မြို့ကြီးများကို ဝင်ထွက်ခွင့်များ လုံးဝ ပိတ်ထားခဲ့သည်။ အမြဲတမ်းနေထိုင်သူမဟုတ်သည့် ဧည့်သည်များကို စုပေါင်းအိမ်ရာတိုက်ခန်းများသို့ ဝင်ခွင့်မပြုပါ။ လိုအပ်သည့်ပစ္စည်းများဝယ်ယူရန်အတွက် နှစ်ရက်လျှင်တစ်ကြိမ်သာ အိမ်ပြင်ထွက်ခွင့်ပြုပါသည်။ စီးပွားရေးလုပ်ငန်းများ၊ လှုပ်ရှားဆောင်ရွက်မှုများနှင့် ခရီးသွားများအား ဆွဲဆောင်ရာနေရာများကို ပိတ်လိုက်သည်။ စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ရန် ဒေသန္တရ အစိုးရ၏ ခွင့်ပြုချက် လိုအပ်ပါသည် စားသောက်ဆိုင်များအနေဖြင့် (ဖွင့်လှစ်ထားလျှင်) စားသုံးသူများအကြား အနည်းဆုံးအကွာအဝေးတစ်ခု သတ်မှတ်ထားရန် လိုအပ်သည် စံနှုန်းမမီသော နှာခေါင်းစည်းများကို ရောင်းချခြင်းသည် အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည် 2020 ပြည့်နှစ် မတ်လလယ်တွင် ဥရောပသည် ကပ်ရောဂါ၏ ဗဟိုချက်ဖြစ်ခဲ့ရာ များစွာသော ဥရောပနိုင်ငံများသည် နိုင်ငံတကာခရီးသွားလာမှုမပြုရန် ၎င်းတို့၏ နယ်စပ်များကို ပိတ်ပစ်ခဲ့ပြီး နယ်စပ်မှ ပုံမှန်အလုပ်ဆင်းသူများနှင့် ကုန်စည်များကိုသာ ဖြတ်သန်းခွင့် ပြုခဲ့သည်။ အစားအသောက်နှင့် ဆေးဝါးအရောင်းဆိုင်များမှအပ စီးပွားရေးလုပ်ငန်းများကိုလည်း ပိတ်သိမ်းထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရးလုပ်ငန်းများကိုလည်း လျှော့ချခြင်း သို့မဟုတ် ရပ်နားခြင်းများ ပြုလုပ်ထားပါသည်။ အီတလီ၊ စပိန်နှင့် ပြင်သစ်တို့အပါအဝင် ရောဂါကူးစက်မှု အဆိုးရွားဆုံး ခံစားနေရသောနိုင်ငံများသည် တရုတ်နိုင်ငံတွင် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သကဲ့သို့ပင် လော့ခ်ဒေါင်းပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ၎င်းတို့သာမက EU သည် ၎င်း၏ပြင်ပနယ်နိမိတ်များကို ပိတ်လိုက်ပါသည်။ COVID-19 သည် မြောက်အမေရိကတွင်လည်း ပျံ့နှံ့နေသည်။ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနိုင်ငံတို့ကြားရှိ နယ်စပ်ဂိတ်များကို အရေးမကြီးသည့် သွားလာမှုများအတွက် ပိတ်ထားပြီး နယ်မြေအများအပြားတွင် ကြီးမားသည့် လူစုလူဝေးပြုလုပ်ခြင်းကို ပိတ်ပင်တားမြစ်ထားပါသည်(ဆိုလိုသည်မှာ စားသောက်ဆိုင်ကဲ့ သို့သော နေရာများကို ပိတ်ထားပြီး၊ ပွဲတော်များကို မကျင်းပစေတော့ပါ)။ ပြည်နယ်၊ ကောင်တီနှင့် စည်ပင် စီရင်ပိုင်ခွင့် နယ်မြေရှိ အာဏာပိုင်များစွာတို့က အရေးမကြီးသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို ပိတ်သိမ်းရန် လိုအပ်သည့် အိမ်တွင်သာနေရန် အမိန့်များကို ထုတ်ပြန်ထားကြသည်။ လေယာဉ်ခရီးစဉ်များစွာကို ဖျက်သိမ်းထားပြီး သတိပေးချက်များ ထုတ်ပြန်ထားကာ တားမြစ်ချက်များကို ပြုလုပ်ထားသောကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း လေယာဉ်ပျံသန်းခြင်းမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်။ အချို့သော လမ်းကြောင်းများမှာ မဖြစ်နိုင်ပါ။ အခြားသူများမှာ လေယာဉ်ခရီးစဉ်များကြား အဆင့်ဆင့် ရပ်နားရမှုများနှင့် ကြာမြင့်စွာ စောင့်ဆိုင်းရမှုများကဲ့သို့ ပုံမှန်လောက် အဆင်မပြေသည့် ခရီးစဉ်ချိတ်ဆက်မှုများကို လုပ်ဆောင်ရန် လိုအပ်လာနိုင်သည်။ အချို့အခြေအနေများတွင် ဆိုလိုသည်မှာ ပို၍ စျေးကြီးသော လက်မှတ်များ ဖြစ်သည်။ အခြားတစ်ဘက်မှကြည့်လျှင် သတင်းကောင်းမှာ ဝယ်လိုအားကျလာသည့်အတွက် လေကြောင်းလိုင်းအများစုမှာ ပုံမှန်ထက် ဈေးပိုသက်သာပြီး သင့်ကပ်လျက်ခုံတွင် လူမပါသည့် အခွင့်အရေးကိုပါ ရရှိနိုင်ချေများမည်ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာ လေယာဉ်မှ ပြည်တွင်း လေယာဉ်သို့ ပြောင်းစီးပါက၊ သင့်ခရီးစဉ်အတွင်း ရောဂါကူးစက်မှုပြင်းထန်သော နိုင်ငံတစ်နိုင်ငံ ပါဝင်ပါက သင်၏ ခရီးစဉ်ချိတ်ဆက်မှုများအတွက် အချိန်ပိုယူပါ။ သင့်ကို ခရီးဆက်ရန် ခွင့်မပြုမီ ရောဂါစမ်းသပ်စစ်ဆေးခြင်းများ၊ အပူချိန်တိုင်းခြင်းများ၊ အပိုဆောင်း ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတို့နှင့် သက်ဆိုင်သည့် စောင့်ဆိုင်းရချိန်တို့သည် မိနစ် သို့မဟုတ် နာရီနှင့်ချီ ကြာနိုင်ပါသည်။ သတိပေးခြင်းများနှင့် ကန့်သတ်ခြင်းများ ပြုလုပ်ထားသည့် နေရာများသို့ သို့မဟုတ် ထိုနေရာများမှ ခရီးသွားရောက်ရန်အတွက် လက်မှတ်ဝယ်ရသည်မှာ ယခင်ကထက် ပိုမိုခက်ခဲသည်ကို သင်တွေ့နိုင်ပါသည်။ ဤသည်မှာ သင့်အနေဖြင့် ကူးစက်မှုဖြစ်ပွားနေသည့် နယ်မြေမှ ထွက်ခွာရန် ကြိုးစားနေသည်ဆိုလျှင် အမှန်တကယ်ဂရုပြုရမည့် အချက်ဖြစ်ပါသည်။ သာဓကအားဖြင့် ခရီးသွားဝန်ဆောင်မှုဝက်ဘ်ဆိုက် အများစုသည် တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ လက်မှတ်များကို ရောင်းချမပေးပါ (ကန့်သတ်ချက်များကြောင့် ပဋိပက္ခဖြစ်ခြင်းနှင့် ခရီးသည်လေယာဉ်မှဆင်းချိန်တွင် ထိန်းသိမ်းခံရခြင်းတို့ကို ရှောင်ရှားနိုင်ရန်ဟု ယူဆရဖွယ်ရှိပါသည်။) ဤကဲ့သို့သော ခရီးစဉ်အတွက် လက်မှတ်ဝယ်ရန် သင်သည် လေကြောင်းလိုင်းများနှင့် ဆက်သွယ်ရနိုင်သည် သို့မဟုတ် လူသိနည်းသော ခရီးသွားဝန်ဆောင်မှု ဝက်ဘ်ဆိုက်ကို အသုံးပြုရနိုင်သည်။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ သီးခြားလက်မှတ်နှစ်စောင် ဝယ်ယူခြင်းဖြစ်သည် (ဥပမာ - တရုတ်မှ ကမ္ဘောဒီးယားသို့လက်မှတ်တစ်စောင်နှင့် ကမ္ဘောဒီးယားမှ အမေရိကန်ပြည်ထောင်စုသို့ ဒုတိယလက်မှတ်တစ်စောင်)။ သို့ရာတွင် သင့်ကို သီးသန့်ခွဲခြား၍ နေထိုင်ခိုင်းမည် မဟုတ်ကြောင်းနှင့် လမ်းခရီးတွင် ခရီးဆောင်အိတ်များ ပျောက်ရှမှုမရှိစေရေးအတွက် သတိပြုပါ။ လေယာဉ်တစ်စီးမှ နောက်တစ်စီးသည့် ပြောင်းစီးခြင်းသည် ပြဿနာဖြစ်နိုင်ပါသည်။ ရောဂါရှာဖွေစစ်ဆေးခံရခြင်းကြောင့် နှောင့်နှေးကြန့်ကြာခြင်းနှင့် ခရီးစဉ်များစွာ ပယ်ဖျက်ခြင်းကြောင့် ဆက်စပ်မြို့အတွင်း ပိတ်မိနေနိုင်သည့် အန္တရာယ်မှာ ယခုကာလတွင် ပုံမှန်ထက် မြင့်မားလျက်ရှိသည်။ ရောဂါကူးစက်နေသည့် ဒေသတစ်ခုတွင် လေယာဉ်ပြောင်းစီးခြင်းသည် နောက်ပိုင်းတွင် ပြည်ဝင်ခွင့်ကန့်သတ်ခြင်းများနှင့် ကြုံရနိုင်ပြီး အကယ်၍ သင့်အနေဖြင့် မကြာသေးမီက ကူးစက်မှုဖြစ်နေသည့် နေရာဒေသတစ်ခုတွင် ရှိခဲ့ဖူးပါက အချို့နိုင်ငံများတွင် သင့်ကို လေယာဉ်ပြောင်းစီးရန်ပင် ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ အချို့သော ခရီးစဉ်များတွင် ခရီးစဉ်တစ်လျှောက်၌ တစ်နေရာရာတွင် အသွားအလာကန့်သတ်ခံရနိုင်သည့် အခြေအနေရှိပါသည်။ ထို့ကြောင့် တတ်နိုင်ပါက သွားမည့်နေရာသို့ တိုက်ရိုက်ရောက်သည့် လေကြောင်းလိုင်းကိုသာ လက်မှတ်ဖြတ်ပါ၊ ထိုသို့မတတ်နိုင်ပါက မည်သည့်နေရာသို့ ချိတ်ဆက်ရမည်ကို သေသေချာချာစဉ်းစားပါ။ မသေချာမရေရာသည့် အချိန်များတွင် အစီအစဉ်များ ပြောင်းလဲနိုင်သည်။ သံရုံးနှင့် ကောင်စစ်ဝန်ရုံး အများအပြားသည် အရေးမကြီးသော ဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းစေခြင်းနှင့် အချို့သောရုံးများမှာ လုပ်ငန်းများကို အလုံးစုံ ရပ်ဆိုင်းပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့သော် သင့်ဒေသရှိ ကောင်စစ်ဝန်ရုံးပိတ်ထားလျှင် အဝေးရှိ ကောင်စစ်ဝန်ရုံးတစ်ရုံးသို့ ဆက်သွယ်ရနိုင်သော်လည်း အရေးပေါ်အကူအညီများကိုမူ ရယူနိုင်ဆဲဖြစ်ပါသည်။ အကယ်၍ သင့်အနေဖြင့် ကပ်ရောဂါကြောင့် သောင်တင်နေလျှင် သင်နှင့် အနီးဆုံးကောင်စစ်ဝန်ရုံးသည် သင့်အား အိမ်အပြန် လေယာဉ်ကိုရှာဖွေရန်၊ လက်မှတ်ဝယ်ရန်အတွက် အရေးပေါ်ချေးငွေတစ်ရပ်ကို စီစဉ်ပေးရန် သို့မဟုတ် အရေးပေါ် ပတ်စပို့ထုတ်ပေးရန် ကူညီပေးနိုင်ပါလိမ့်မည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် ဒေသန္တရအခြေအနေအကြောင်း သင့်ကို သတင်းပေးနိုင်ပြီး လတ်တလောထုတ်ပြန်ထားသည့် ခရီးသွားလာခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကန့်သတ်ချက်များ အကြောင်းကို သင့်ကို အသိပေးနိုင်ပါလိမ့်မည်။ ပုံမှန် ကောင်စစ်ဝန်ရုံးဝန်ဆောင်မှုများဖြစ်သော ဗီဇာနှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများကို နေရာနှင့် ကောင်စစ်ဝန်ရုံးအပေါ်မူတည်၍ အရေးပေါ် လိုအပ်ချက်များအတွက် ဆိုင်းငံ့ထားခြင်း၊ ကန့်သတ်ထားခြင်းများ လုပ်ဆောင်နိုင်သည်။ "အချို့သူများက ဤရောဂါကို ""ဝူဟန် အဆုတ်ရောင်ရောဂါ"" (武汉(漢)肺炎/武肺)၊ ""ဝူဟန် ရောဂါ"" သို့မဟုတ် ""တရုတ်ဗိုင်းရပ်စ်"" ဟု ခေါ်ကြသော်လည်း ဤဝေါဟာရများ သုံးစွဲခြင်းကို တရုတ်နိုင်ငံအတွင်းနှင့် တရုတ်လူမျိုးများစွာက လူမျိုးရေးခွဲခြားသည်ဟု ယူဆကြသည်။" ဟောင်ကောင်နှင့် ထိုင်ဝမ်ကဲ့သိုသော ဒေသများတွင် ဤရောဂါကို “ဝူဟန်နမိုးနီးယား”သို့မဟုတ် “တရုတ်ဗိုင်းရပ်စ်”ဟု ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းနေဆဲဖြစ်ပါသည်။ "လုံခြုံမှု ရှိစေရန်အတွက် အနာရောဂါကို ရည်ညွှန်းသောအခါ ""COVID-19""၊ “နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ” သို့မဟုတ် ""ဗိုင်းရပ်စ်"" သို့မဟုတ် ""ကပ်ရောဂါ"" ကဲ့သို့ တည်နေရာကို ကွက်၍ တိုက်ခိုက်ပြောဆိုခြင်း မဟုတ်သော အသုံးအနှုန်းများ ကိုသုံးပါ။" တရားဥပဒေစိုးမိုးမှု အားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ သတ်မှတ်အချိန်တွင်း အပြင်မထွက်ရအမိန့်ထုတ်ခြင်း၊ လော့ခ်ဒေါင်းချခြင်း သို့မဟုတ် နေအိမ်တွင်းသာနေထိုင်ရန် အမိန့်များထုတ်ခြင်းတို့ကို အကြမ်းနည်းဖြင့် လူထုအပေါ် အဆမတန် အတင်းအဓမ္မ အာဏာသုံး၍ လုပ်ဆောင်လေ့ရှိသည်။ ဤအမိန့်များကို လိုက်နာပြီး လူစုလူဝေးရှိသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများကို ရှောင်ပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ အကျိုးဆက်အဖြစ် နိုင်ငံများစွာတွင် ပြည်ပမှလာသောသူများအား မုန်းတီးမှု မြင့်တက်လာပြီး သီးသန့်မဟုတ်သော်လည်း အဓိကအားဖြင့် တရုတ်လူမျိုးများဟု သတ်မှတ်ခံထားရသူများကို ပစ်မှတ်ထားသည်။ အရှေ့အာရှမှ လူမျိုးများကို ပစ်မှတ်ထားသည့် လူမျိုးရေးခွဲခြားမှုသည် နယူးယောက်၊ လန်ဒန်နှင့် ဆန်ဖရန်စစ္စကို ကဲ့သို့ အဓိကမြို့ကြီးများ အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် မြင့်တက်လျက်ရှိသည်။ တရုတ်မုန်းတီး၊ ကြောက်ရွံ့ရေးဝါဒ အစပြုကြီးစိုးနေပြီးဖြစ်သည့် ဟောင်ကောင်တွင် ကပ်ရောဂါဖြစ်ပေါ်မှုကြောင့် ပိုမိုအရှိန်မြင့်လာပြီး ဆိုင်အများအပြားနှင့် စားသောက်ဆိုင်များသည် ယခုအခါ တရုတ်လူမျိုးစားသုံးသူများကို ဝန်ဆောင်မှုများပေးရန် ငြင်းဆိုကာ ၎င်းတို့၏ဆိုင်များတွင် (ထိုင်ဝမ်လူမျိုးများမှ အပ) မန်ဒရင်းစကားပြောသူများကို ဝင်ရောက်ခွင့်ပိတ်ပင်မှုများ ပြုလုပ်လျက်ရှိကြသည်။ အရှေ့အာရှတွင် သူစိမ်းကြောက်တတ်သည့် ပမာဏသည် မြင့်တက်လာနေပြီး ဂျပန်နှင့် တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားသားများအား ဝန်ဆောင်မှုပေးအပ်ရန် ငြင်းဆန်နေကြသည်။ တရုတ်နိုင်ငံတွင် ဟိုတယ်ဝန်ထမ်းများက နိုင်ငံခြားသားများအား အခန်းပေးရန် ငြင်းဆိုခြင်းနှင့် နိုင်ငံအတွင်း​ နေထိုင်သည့် နိုင်ငံခြားသားများ၊ အထူးသဖြင့် လူမဲများကို အိမ်ခန်းပိုင်ရှင်များက အိမ်ခန်းများမှ အမြန်ဆုံးဖယ်ပေးရန် သတိပေးစာများ ပို့ပြီး နေအိမ်အခန်းများမှ မောင်းထုတ်ခြင်းများ ဖြစ်ပွားလျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားခြင်းဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် အရင်းအမြစ်များတွင် အောက်ပါတို့ ပါဝင်ပါသည် - အမေရိကန်အစိုးရ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန ဥရောပ၏ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (နေ့စဉ် နောက်ဆုံးသတင်းများ) ယူနိုက်တက် ကင်းဒမ်းမ် အစိုးရ - ခရီးသွားများအတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးချုပ်ရုံး၏ အကြံပြုချက် John Hopkins University Center for Systems Science and Engineering မှ တိုက်ရိုက်အပ်ဒိတ်ပြုလုပ်ပေးနေသည့် အွန်လိုင်း မြေပုံနှင့် ဒတ်ရှ်ဘုတ်တိုက်ရိုက် IATA နှင့် The New York Times မှ ပြည်ဝင်ခွင့် ကန့်သတ်ချက်များ၏စာရင်း တစ်စိတ်တစ်ပိုင်း ဗိုင်းရပ်စ်နှင့် ပတ်သက်သော သတင်းအမှားများနှင့် အယူအဆအလွဲများသည် အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိပြီး ထိုအထဲတွင် ထိုသတင်းနှင့် အယူအဆအမှားများကို ဖြန့်သူများတွင် အစိုးရ အရာရှိအချို့ပါဝင်ကြသည်၊ ထို့ကြောင့် သင့်အနေဖြင့် သတင်းအချက်အလက်အတွက် သင် ကြည့်ရှုသည့် သတင်းရင်းမြစ်များကို ဂရုစိုက်ရွေးချယ်ပါ။ သင်ရရှိနေသည့် သတင်းအချက်အလက်နှင့် အကြံပြုချက်အားလုံးမှာ ယုံကြည်ရသော ဆရာဝန်များနှင့် သိပ္ပံပညာရှင်များထံမှ ထောက်ခံချက်ရရှိထားကြောင်း သေချာပါစေ။ ကပ်ရောဂါကာလအတွင်းတွင် နောက်ဆုံးရသတင်းများကို စောင့်ကြည့်လိုသည်မှာ သဘာဝဖြစ်ပါသည်၊ သို့သော် သင့် စိတ်ကျန်းမာရေးအတွက် သင်ကြည့်ရှုသည့် သတင်းပမာဏကို ချင့်ချိန်၍ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များမှ သတင်းများကိုသာ ကြည့်ရှုခြင်းက ပိုမို ကောင်းမွန်ပါသည်။ ပုံမှန်အားဖြင့် သင်သည် တစ်နေ့လျှင် နှစ်ကြိမ် သတင်းကြည့်သည်ဆိုပါက ထိုအတိုင်းပင် ဆက်ကြည့်ပါ။ 24 နာရီလုံး ဆက်တိုက် သတင်းကြည့်နေမည့်အစား အခြားအရာတစ်ခုခုကို လုပ်ဆောင်ပါ။ b'Angiotensin-ပြောင်းလဲခြင်း အင်ဇိုင်း2 (ACE2) သည် အဆုတ်များ၊ သွေးလွှတ်ကြောများ၊ နှလုံး၊ ကျောက်ကပ်နှင့် အူများရှိ ဆဲလ်များ၏ အပြင်ဘက်မျက်နှာပြင်(ဆဲလ် အမြှေးပါးများ) တွင် ကပ်တွယ်နေသည့် အင်ဇိုင်းတစ်မျိုးဖြစ်ပါသည်။ ACE2 သည် Angiotensin-II ပမာဏကို လျော့ချခြင်း၊ Ang (1-7) ပမာဏကို တိုးမြှင့်ခြင်းအားဖြင့် ယင်းနှင့် ဆက်စပ်သည့် Angiotensin Converting Enzyme (ACE) ၏ လုပ်ငန်းကို တားဆီးသည့် အတွက် ၎င်းသည် နှလုံးနှင့် သွေးကြောဆိုင်ရာ ‌ရောဂါများ ကုသရာ၌ အလွန် အသုံးဝင်သည်။ ACE2 သည် ကိုရိုနာဗိုင်းရပ်စ် အချို့အတွက် ဆဲလ်အတွင်းဝင်ပေါက်များအဖြစ်လည်း ဆောင်ရွက်သည်။ လူတွင်ရှိသော အဆိုပါ အင်ဇိုင်းကို hACE2 ဟု မကြာခဏရည်ညွှန်းလေ့ရှိသည်။ Angiotensin-converting အင်ဇိုင်း 2 သည် endothelial နှင့် အခြား ဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် တည်ရှိသော metalloenzyme ပါဝင်သည့် ဇင့်ခ်တစ်မျိုး ဖြစ်သည်။ ACE2 ပရိုတိန်းတွင် N-terminal peptidase M2 ဒိုမိန်းနှင့် C-terminal collectrin ကျောက်ကပ်ဆိုင်ရာ အမိုင်နိုအက်ဆစ် သယ်ယူပို့ဆောင်ရေး ဒိုမိန်း ပါရှိသည်။ ACE2 သည် single-pass type I အမြှေးပါး ပရိုတိန်းဖြစ်ပြီး ၎င်း၏ အင်ဇိုင်းအားဖြင့် တက်ကြွသော ဒိုမိန်းဖြင့် အဆုတ်နှင့် အခြား တစ်ရှုးများအတွင်းရှိ ဆဲလ်များ၏ မျက်နှာပြင်များပေါ်တွင် ထိတွေ့သည်။ ACE2 ၏ ဆဲလ်ပြင်ပ ဒိုမိန်းကို ဆဲလ်အမြှေးပါးတစ်လျှောက်ရှိ ဒိုမိန်းမှ sheddase ဟုခေါ်သော အခြားအင်ဇိုင်းတစ်ခုဖြင့် ခွဲထုတ်လိုက်ပြီး ထွက်ပေါ်လာသော ပျော်ဝင်နိုင်သည့် ပရိုတိန်းသည် သွေးအတွင်း လည်ပတ်စီးဆင်းကာ နောက်ဆုံးတွင် ဆီးအဖြစ် စွန့်ထုတ်သည်။ ACE2 သည် ကိုယ်ခန္ဓာအစိတ်အပိုင်းအများစုတွင် ရှိနေပါသည် - ACE2 သည် အဓိကအားဖြင့် အဆုတ်အမျိုးအစား II အဗီအိုလာဆဲလ်များ၏ ဆဲလ်အမြှေးပါး၊ အူသိမ်ရှိ အန်ထရိုဆိုက်စ်ဆဲလ်၊ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောဆိုင်ရာ အလွှာဆဲလ်နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်း အများစုရှိ သွေးလွှတ်ကြောဆိုင်ရာ ချောမွေ့ကြွက်သားဆဲလ် တို့တွင် ချိတ်ဆွဲကာ နေကြသည်။ ACE2 mRNA ဖော်ထုတ်ပြသမှုကို ဦးနှောက်၏ပြင်ပအလွှာ၊ ဦးနှောက်၏ striatum အစိတ်အပိုင်း၊ ခန္ဓာကိုယ်အတွက်လိုအပ်သော ဟော်မုန်းများ၊ အာရုံကြောစနစ်နှင့် ဟော်မုန်းများကို ထိန်းညှိပေးသော hypothalamus ဦးနှောက်အစိတ်အပိုင်းနှင့် ဦးနှောက်အညှာတို့တွင်လည်း တွေ့ရှိနိုင်သည်။ ACE2 ၏ အဓိကစွမ်းဆောင်ချက်မှာ ACE ကို တန်ပြန်ထိန်းချုပ်သူအဖြစ် ဆောင်ရွက်ရန်ဖြစ်ပါသည်။ ACE သည် အန်ဂျီယိုတန်စင်း I ဟော်မုန်းအား သွေးကြောညှစ်ပေးသည့် အန်ဂျီယိုတန်စင်း II ထဲသို့ ကပ်တွယ်ပေးသည်။ နောက်ဆက်တွဲအားဖြင့် ACE2 သည် angiotensin II (Asp-Arg-Val-Tyr-Ile-His-Pro-Phe) မှ carboxyl-terminal အမိုင်နိုအက်ဆစ် ဖီနိုင်းလာလန်နင်းကို ခွဲထုတ်ပေးပြီး ၎င်းကို vasodilator angiotensin (1-7)၊ (H-Asp-Arg-Val-Tyr-Ile-His-Pro-OH) တွင် ရေဖြင့် ဓာတ်ပြိုကွဲစေသည်။ ACE2 သည် [des-Arg9]-ဘရက်ဒီကီနင်၊ အက်ပီလင်၊ နူရိုတန်စင်၊ ဒိုင်နော်ဖင် အေ နှင့် ဂရီလင်တို့အပါအဝင် အခြား ပပ်တိုက်ဒ်များစွာကိုလည်း တိုက်ထုတ်နိုင်ပါသည်။ ACE2 သည် neutral amino acid transporter SLC6A19 ၏ အမြှေးပါးဖြတ်သန်း သွားလာမှုကိုလည်း ထိန်းညှိပေးပြီး Hartnup's ရောဂါနှင့်လည်း ပတ်သက်နေပါသည်။ အမြှေးပါးဖြတ် ပရိုတင်းဖြစ်သော ACE2 သည် HCoV-NL63၊ SARS-CoV (SARS ဖြစ်ပေါ်စေသောဗိုင်းရပ်စ်) နှင့် SARS-CoV-2 (COVID-19 ဖြစ်ပေါ်စေသောဗိုင်းရပ်စ်) အပါအဝင် အချို့ ကိုရိုနာဗိုင်းရပ်စ်များအတွက် ဆဲလ်များထဲသို့အဓိက ဝင်ပေါက်တစ်ခုအဖြစ် လက်ခံသောနေရာတစ်ခုဖြစ်သည်။ ပို၍တိတိကျကျဆိုရလျှင် ဆဲလ်များ၏မျက်နှာပြင်ပေါ်ရှိ ACE2 ၏ အင်ဇိုင်း ဒိုမိန်းတွင် SARS-CoV နှင့် SARS-CoV2 ဆူးချွန် S1 ပရိုတိန်းတို့ လာရောက်ပေါင်းစပ်ခြင်းသည် ဗိုင်းရပ်စ်ကိုရော အင်ဇိုင်းကိုပါ ဆဲလ်များအတွင်းတည်ရှိသည့် အန်ဒိုဆုမ်းအခန်းများသို့ ဗိုင်းရပ်စ်နှင့် အင်ဇိုင်းနှစ်ခုလုံး ဝင်ရောက်ခြင်းနှင့် နေရာရွှေ့ပြောင်းခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ဤဝင်ရောက်ခြင်းဖြစ်စဉ်သည် လက်ခံကောင်၏ စီရင်းပရိုတိစ် TMPRSS2 အားဖြင့် S ပရိုတိန်းကို အသင့်ပြင်ဆင်ပေးရန်လည်း လိုအပ်ပါသည်၊ ၎င်းကို ပရိုတင်း ကုထုံးအဖြစ် လက်ရှိတွင် လေ့လာလျက်ရှိသည်။ ယင်းကြောင့် လေ့လာသူအချို့သည် ဆဲလ်များရှိ ACE2 ပမာဏများကို လျှော့ချခြင်းသည် ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် အထောက်အကူပြုနိုင်သည်ဟူသော အနုမာနအဆိုထုတ်လာကြသည်။ သို့သော်လည်း ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများသည် စံသတ်မှတ်ထားသော ACE Inhibitors များနှင့် ARB ကုထုံးကို ဆက်လက်အသုံးပြုရန် အကြံပြုခဲ့ပါသည်။ 2012 ခုနှစ် ဇူလိုင်လ 11 ရက်နေ့က ထုတ်ပြန်ခဲ့သော စနစ်တကျ သုံးသပ်ချက်နှင့် စာရင်းဇယား ဒေတာများပေါင်းစု၍ ဆန်းစစ်လေ့လာချက်တစ်ခုအရ “နှိုင်းယှဉ်လေ့လာချက်များနှင့် ယှဉ်လျှင် ACE ဟန့်တားဆေးဝါးများသည် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို 34% အထိ သိသိသာသာ လျှော့ချပေးနိုင်မှုနှင့် ဆက်စပ်လျက်ရှိသည်”ဟု တွေ့ရှိခဲ့ရပါသည်။ "ထို့အပြင် ""အထူးသဖြင့် လေဖြတ်ဝေဒနာနှင့် နှလုံးရောဂါရှိပြီးအဆုတ်‌ရောင်‌ရောဂါဖြစ်နိုင်ချေ မြင့်တက်နေသော လူနာများတွင် ACE Inhibitors များဖြင့် ကုသသောအခါ အဆုတ်‌ရောင်‌ရောဂါဖြစ်နိုင်ချေ ကျဆင်းသွားကြောင်းတွေ့ရသည်။" ရလဒ်များသည် အဆုတ်ရောင်ရောဂါ၏ ကူးစက်နိုင်ခြေ အားလုံးအတွက် ခိုင်မာမှုနည်းပါးသော်လည်း ACE ဟန့်တားဆေးများကို သုံးစွဲခြင်းသည် အဆုတ်ရောင်ရောဂါနှင့် ဆက်စပ်နေသော သေဆုံးမှုကိုလည်း လျှော့ချပေးနိုင်သည်။ မျိုးရိုးဗီဇနည်းပညာဖြင့် ပွားယူထားသော လူသားနှင့်ဆိုင်သည့် ACE2 (rhACE2) သည် အဆုတ်ကိုပြင်းထန်စွာ ထိခိုက်မှုအတွက် ကုထုံးအသစ်ဟု ယူဆရပြီး ကိုယ်ခံအားစနစ်ကို အားပေးသည့် လိုင်ပိုပေါ်လီစခရိုက်ကို ဖြစ်ပေါ်စေသဖြင့် ရုတ်တရက်ပြင်းထန်သည့် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် သွေးဆိပ်တက်နေသော ဝက်ကလေးများတွင် အဆုတ် သွေးလည်ပတ်မှုနှင့် အောက်ဆီဂျင်ပြည့်ဝမှု တိုးတက်ကောင်းမွန်လာသည်ကို တွေ့မြင်ရသည်။ ဆေးတစ်ပတ်၏ 24 နာရီ အကျိုးသက်ရောက်မှု (ကြာချိန်) အပြင် လူသားများ၏ ခန္ဓာကိုယ်ထဲတွင် rhACE2 ၏ ဆေးပမာဏထက်ဝက်လျော့သည့် ကာလမှာ 10 နာရီခန့် ဖြစ်ပြီး ဆေးအာနိသင် စတင်သက်ရောက်ချိန်မှာ မိနစ် 30 ဖြစ်သည်။ rhACE2 သည် ရိုးရိုး renin-angiotensin စနစ် ဆန့်ကျင်ပစ္စည်းများ (RAS ဆန့်ကျင်ပစ္စည်းများ) ကို ခံနိုင်ရည်မရှိသူများအတွက် သို့မဟုတ် circulating angiotensin II မြင့်တက်သည့် ရောဂါများအတွက် အလားအလာကောင်းသော ဆေးဝါးဖြစ်နိုင်သည်ဟု တွေ့ရှိချက်များစွာက အကြံပြုပါသည်။ ရောစပ်ထားသော rhACE2 ကို ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ခက်ခဲခြင်း ရောဂါလက္ခဏာအစု (acute respiratory distress syndrome) ကုသမှုအတွက် ဆေးဝါးလက်တွေ့စမ်းသပ်မှုများတွင် စမ်းသပ်ခဲ့ပါသည်။ တစ်ခါတစ်ရံတွင် SARS နှင့်တူသော ကိုရိုနာဗိုင်းရပ်စ် WIV1 ဟူ၍လည်းခေါ်သော b'Bat SARS နှင့်တူသည့် ကိုရိုနာဗိုင်းရပ်စ် WIV1 (Bat SL-CoV-WIV1) သည် ရုတ်တရက်ပြင်းထန်သည့် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် သွေးဆိပ်တက်ခြင်းနှင့် ဆက်စပ်နေသော ကိုရိုနာဗိုင်းရပ်စ်(SARSr-CoV) ၏ မျိုးရိုးဗီဇဖြစ်ပြီး မြင်းခွာပုံရှိသော နီညိုရောင်တရုတ်လင်းနို့ (Rhinolophus sinicus) များနှင့် သီးခြားစီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်အားလုံးလိုလိုသည် ဗိုင်းရပ်စ်ပိုးမှုန်များ (virion) တွင် အိတ်တွင်း အလုံပိတ်ထားသည့် single-stranded positive-sense RNA ပါဝင်ပါသည်။ ရှာဖွေတွေ့ရှိမှုများအရ လင်းနို့များသည် SARS-CoV ၏ သဘာဝအလျောက် စုဝေးတည်ရှိရာနေရာဟု အတည်ပြုထားပါသည်။ ယခင်က ယူဆထားသကဲ့သို့ SARS သည် တရုတ် ကြောင်ကတိုးများမှ တစ်ဆင့်ခံ ကူးစက်ခြင်းမဟုတ်ဘဲ လင်းနို့များထံမှ လူသားများဆီသို့ တိုက်ရိုက်ကူးစက်နိုင်သည့် အလားအလာရှိကြောင်း မျိုးရိုးဗီဇ ဆင့်ကဲတိုးတက်ပြောင်းလဲမှု စိတ်ဖြာလေ့လာချက်က ပြသခဲ့သည်။ "b'COVID-19 အက်ပ်များသည် 2019-20 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တုံ့ပြန်ရန်အတွက် ထိတွေ့မှု ခြေရာခံခြင်း၊ ဆိုလိုသည်မှာ- ရောဂါ ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများ(""ထိတွေ့မှုများ"") ကို ဖော်ထုတ်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည့် မိုဘိုင်း ဆော့ဖ်ဝဲ အက်ပလီကေးရှင်းများ ဖြစ်သည်။" အချို့သော နယ်မြေများနှင့် တရားစီရင်ပိုင်ခွင့်ရှိသော ဒေသများအတွင်း တရားဝင်အစိုးရ၏ အားပေးထောက်ပံ့မှုဖြင့် များစွာသော အက်ပလီကေးရှင်းများကို တီထွင်ဖန်တီးခဲ့သည် သို့မဟုတ် အဆိုပြုခဲ့ကြသည်။ ထိတွေ့မှု ခြေရာခံအက်ပ်များကို တီထွင်နိုင်ရန်အတွက် အခြေခံဖွဲ့စည်းပုံစနစ် အများအပြားကို ဖန်တီးခဲ့ပြီးဖြစ်ပါသည်။ အထူးသဖြင့် အက်ပ် အသုံးပြုသူများ၏ ပထဝီဝင် တည်နေရာကို ခြေရာခံသည့် စနစ်များနှင့် ပတ်သက်၍ ကိုယ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများပေါ်ပေါက်ခဲ့သည်။ အနှောင့်အယှက် သိပ်မဖြစ်စေသည့် အခြား နည်းလမ်းများတွင် Bluetooth လှိုင်းများကို အသုံးပြုပြီး အသုံးပြုသူနှင့် အခြား လက်ကိုင်ဖုန်းများ မည်မျှကွာဝေးသည်ကို မှတ်တမ်းတင် သိမ်းဆည်းနိုင်သည့် နည်းလမ်းလည်း အပါအဝင် ဖြစ်သည်။ 2020 ပြည့်နှစ် ဧပြီလ 10 ရက်တွင် Google နှင့် Apple တို့က ၎င်းတို့သည် အဆိုပါဘလူးတုသ်အခြေပြုအက်ပ်များကို ၎င်းတို့၏ Android နှင့် iOS လုပ်ဆောင်ချက်စနစ်များထဲသို့ တိုက်ရိုက်ပံ့ပိုးပေးနိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေါင်းစပ်မည်ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံတွင် တရုတ်အစိုးရသည် Alipay နှင့် ချိတ်ဆက်၍ COVID-19 ရောဂါရှိသူများနှင့် ထိတွေ့ခဲ့မှုရှိ မရှိ စစ်ဆေးနိုင်သည့် အက်ပ်တစ်ခုကို နိုင်ငံသားများ အသုံးပြုနိုင်ရန်အတွက် တီထွင်ဖန်တီးခဲ့သည်။ ၎င်းကို တရုတ်နိုင်ငံရှိ မြို့ပေါင်း 200 ကျော်တွင်အသုံးပြုနေပြီ ဖြစ်သည်။ စင်ကာပူတွင် TraceTogether ဟုခေါ်သော အပလီကေးရှင်းကို အသုံးပြုနေသည်။ ဤအက်ပ်ကို ဒေသတွင်း IT ကျွမ်းကျင်ပညာရှင် အသိုင်းအဝိုင်းမှ တီထွင်ခဲ့ခြင်းဖြစ်ပြီး အခမဲ့သုံးစွဲနိုင်ရန် ဖြန့်ချိခဲ့ခြင်းဖြစ်ကာ အစိုးရသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ မြောက်မက်ဆီဒိုးနီးယားတွင် ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မှုကို ခြေရာခံရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အာဏာပိုင်များ လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် အထောက်အကူပြုရန် ဘလူးတုသ်-အခြေပြု အက်ပ်တစ်ခုဖြစ်သော “StopKorona!”ကို စတင်သုံးစွဲခဲ့သည်။ အက်ပ်ကို ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဖန်တီးထုတ်လုပ်ခြင်းဖြစ်ပါသည်။ 2020 ပြည့်နှစ် ဧပြီလ 14 ရက်နေ့မှစ၍ အက်ပလီကေးရှင်းသည် Google Play Store နှင့် Apple App Store တို့၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသည်။ "ထိတွေ့မှု ခြေရာခံ အက်ပ် ဖန်တီးရေးသားမှုသည် နောက်ဆုံးအဆင့်သို့ ရောက်နေပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်အသုံးပြုမည်ဟု အစိုးရက ဧပြီလ 12 ရက်နေ့က ကြေညာခဲ့သည်။ အလားတူအက်ပ်ကို အိုင်ယာလန်နှင့် ပြင်သစ်တွင် စီစဉ်လျက်ရှိသည် (""ကိုဗစ်ရပ်"")။" ဩစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံလုံးသည် စင်ကာပူ၏ TraceTogether အက်ပလီကေးရှင်းနှင့် BlueTrace ပရိုတိုကောလ်ကို အခြေခံ၍ အက်ပ်များကို တီထွင်ဖန်တီးရန် စဉ်းစားနေကြသည်။ ရုရှားသည် မော်စကိုတွင်နေထိုင်သည့် COVID-19 ရောဂါ ခံစားနေရသော လူနာများအတွက် ၎င်းတို့ အိမ်ထဲမှ မထွက်ကြောင်း သေချာစေရန် ဒီဇိုင်းပြုလုပ်ထားသော geofencing အက်ပ်ကို မိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။ ကိန်းဘရစ်ချ်တက္ကသိုလ်မှ လုံခြုံရေး အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ပါမောက္ခဖြစ်သူ ရော့စ်အန်ဒါစင်မှ အက်ပ်အခြေပြုစနစ်များတွင် ဖြစ်ပွားနိုင်သည့် လက်တွေ့ပြဿနာများကို စာရင်းပြုစုခဲ့သည်၊ ၎င်းတို့တွင် လူဦးရေ၏ အနည်းငယ်မျှသော ပမာဏကသာ အက်ပ်ကို အသုံးပြုပါက ထိရောက်မှု မရှိနိုင်ခြင်းနှင့် မှားယွင်း အတည်ပြုခြင်းတို့ အပါအဝင်ဖြစ်သည်။ "အထင်အမြင်မှားစေသော သို့မဟုတ် အန္တရာယ်ရှိသော “ကိုရိုနာဗိုင်းရပ်စ်"" အက်ပ်များ ပျံ့နှံ့နေခြင်းနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် Apple က မည်သည့်အဖွဲ့အစည်း အမျိုးအစားများသည် ၎င်း၏ App Store သို့ ကိုရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်သော အက်ပ်များ ထည့်သွင်းနိုင်သည်ကို ကန့်သတ်ထားပြီး “တရားဝင်” သို့မဟုတ် တစ်နည်းအားဖြင့် နာမည်ကောင်းရှိသော အဖွဲ့အစည်းများကသာ ထည့်သွင်းနိုင်သည်။" Google နှင့် Amazon တို့သည် အလားတူ ကန့်သတ်ချက်များကို အကောင်အထည်ဖော်ခဲ့သည်။ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေး စည်းရုံးလှုံ့ဆော်သူများက ကိုရိုနာဗိုင်းရပ်စ် အပလီကေးရှင်းများ အသုံးပြု၍ လူအများအား အစုအပြုံလိုက် စောင့်ကြည့်ခြင်း၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများအကြောင်း၊ အထူးသဖြင့် ကူးစက်မှု ပြီးဆုံးသွားပါက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစောင့်ကြည့်ရေးအတွက် ဖန်တီးထားသော စောင့်ကြည့်ရေး အခြေခံအုတ်မြစ် များ ဖျက်သိမ်းခြင်းရှိ / မရှိနှင့် ပတ်သက်၍ သူတို့၏ စိုးရိမ်ပူပန်မှုအား ထုတ်ဖော်ပြောဆိုခဲ့သည်။ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် အခြားအဖွဲ့အစည်း 100 ကျော်တို့သည် ထိုကဲ့သို့သော စောင့်ကြည့်စစ်ဆေးမှုအပေါ် ကန့်သတ်ထိန်းချုပ်မှုများပြုလုပ်ရန်အတွက် ထုတ်ပြန်ချက်တစ်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဖွဲ့အစည်းများအနေဖြင့် အစိုးရ စီမံကိန်းများအတွက် အခြေအနေ ရှစ်ရပ်ကို ကြေညာခဲ့သည်။ စောင့်ကြည့်စစ်ဆေးမှုများသည် “ တရားဝင်ရမည်၊ လိုအပ်မှုအတိုင်း ဖြစ်ရမည်၊ အချိုးကျ ဖြစ်ရမည်။” စောင့်ကြည့်စစ်ဆေးသည့် အချိန်ကာလ ထပ်တိုးမှုများတွင် သတ်မှတ်ထားသောကာလတစ်ခုအပြီးတွင် အလိုအလျောက် အဆုံးသတ်ရမည်ဟူသော ဥပဒေပြဌာန်းချက်များ ပါရှိရမည်။ သတင်းအချက်အလက်များအသုံးပြုမှုကို COVID-19 ရည်ရွယ်ချက်များအတွက် ကန့်သတ်ထားရှိပါမည်။ ဒေတာ လုံခြုံရေးနှင့် အမည်မဖော်ခြင်းတို့ကို အကာအကွယ်ပေးရမည်ဖြစ်ပြီး အထောက်အထားပေါ် အခြေပြု၍ အကာအကွယ်ပေးရမည် ဖြစ်ကြောင်း ဖော်ပြထားရမည်၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် စောင့်ကြည့်မှုသည် ခွဲခြားဆက်ဆံခြင်းနှင့် ဘေးဖယ်ထားခြင်းကို ပိုမိုဆိုးရွားမလာအောင် လုပ်ဆောင်ရန်လိုသည်၊ ပြင်ပအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် သတင်းအချက်အလက် မျှဝေခြင်းကို ဥပဒေတွင် သတ်မှတ်ပြဌာန်းထားရမည်။ နှိပ်စက်ညှဉ်းပန်းမှုမှ အကာအကွယ်ပေးရေး ဥပဒေများနှင့် နှိပ်စက်ညှဉ်းပန်းမှုကို တုံ့ပြန်ဖြေရှင်းရန် နိုင်ငံသားများ၏ ရပိုင်ခွင့်များ ရှိရမည်၊ "အများပြည်သူကျန်းမာရေး ကျွမ်းကျင်သူများနှင့် ဘေးဖယ်ထားသောအဖွဲ့များပါဝင်သည့် အားလုံးသော ""သက်ဆိုင်သည့်ပါဝင်သူများ"" ၏ ""အဓိပ္ပါယ်ပြည့်ဝသောပါဝင်မှု""ကို လိုအပ်ပါလိမ့်မည်။The German Chaos Computer Club (CCC) နှင့် နယ်စည်းမခြားသတင်းထောက်များ (Reporter ohne Grenzen) (RSF) တို့သည်လည်း ဆောင်ရွက်ရန်စာရင်းများကို ထုတ်ပြန်ခဲ့ကြပါသည်။" အဆိုပြုထားသော Google/Apple အစီအစဉ်သည် ခြေရာခံစနစ်ကို မလိုအပ်တော့သည်နှင့် ၎င်းတို့၏ ကိရိယာ လည်ပတ်လုပ်ဆောင်မှု စနစ်များမှ ဖယ်ထုတ်လိုက်ခြင်းဖြင့် ဆက်တိုက် စောင့်ကြည့်မှုဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ပါသည်။ အချို့နိုင်ငံများသည် အက်ပ် ဒေါင်းလုဒ်လုပ်ရန်လိုခြင်းနှင့် ခြေရာခံခြင်း ရှောင်ရှားနိုင်စွမ်းတို့ကို ဖယ်ရှားရန် အက်ပ်များအစား ကွန်ရက်အခြေပြု တည်နေရာ ခြေရာခံသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ အစ္စရေးတွင် ကွန်ရက်အခြေပြု ခြေရာခံခြင်းကို အတည်ပြုခဲ့သည်။ တည်နေရာ ဒေတာကြမ်းများကို ရယူနိုင်သည့် ကွန်ရက်-အခြေပြု ဖြေရှင်းနည်းများတွင် သိသာထင်ရှားသည့် ကိုယ်ရေး အချက်အလက် လုံခြုံရေး ပြဿနာများ ရှိသည်။ မည်သို့ဆိုစေ ဗဟိုဆာဗာများပါဝင်သည့် စနစ်များအားလုံးသည် တစ်ဦးချင်း တည်နေရာအချက်အလက်ကို ရယူရန် မလိုအပ်ပါ။ ဗဟိုဆာဗာများကို ကြားခံဆက်သွယ်မှုအတွက်သာ အသုံးပြုသည့် ကိုယ်ရေးအချက်အလက် ထိန်းသိမ်းပေးသော စနစ်ပေါင်းများစွာကို ဖန်တီးနိုင်ခဲ့ပြီးဖြစ်ပါသည် (အောက်ပါ အပိုင်းကို ကြည့်ပါ)။ တောင်ကိုရီးယားနိုင်ငံတွင် ရောဂါပိုးရှိသူနှင့် ထိတွေ့မှုကို ခြေရာကောက်နိုင်ရန်အတွက် အက်ပ်အခြေပြုမဟုတ်သည့်စနစ် တစ်မျိုးကို အသုံးပြုခဲ့ကြသည်။ သက်ဆိုင်သည့် အက်ပ်တစ်ခုကို အသုံးပြုမည့်အစား စနစ်သည် မိုဘိုင်းစက် အပါအဝင် နည်းမျိုးစုံဖြင့်ဖြင့် ခြေရာခံထားသည့် ဒေတာများနှင့် ကတ်ဖြင့် ငွေချေသည့် ဒေတာများ အပါအဝင် အချက်အလက်များကို စုစည်းပြီး ၎င်းတို့ကို ပေါင်းစည်း၍ ကူးစက်နိုင်ခြေရှိသူများထံ မက်ဆေ့ချ်များမှတစ်ဆင့် သတိပေးချက်များ ပေးပို့သည်။ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့နိုင်သည့် အလားအလာရှိသူများကို သတိပေးရန် ဤသတင်းအချက်အလက်များကို အသုံးပြုခြင်းအပြင် အစိုးရအနေဖြင့် တည်နေရာအလိုက် သတင်းအချက်အလက်များကို အများပြည်သူသိရှိနိုင်အောင် ပြုလုပ်ပေးခဲ့သည်၊ ထိုနိုင်ငံတွင် MERS ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်ပြီးနောက်ပိုင်း သတင်းအချက်အလက်လုံခြုံရေးဥပဒေတွင် အပြောင်းအလဲတော်တော်များများဖြစ်ခဲ့သဖြင့် ဤသို့လုပ်ဆောင်ခြင်းကို ခွင့်ပြုထားပါသည်။ ဤအချက်အလက်များကို အက်ပ်များနှင့် ဝဘ်ဆိုက်များစွာတွင် လူတိုင်း ဝင်ကြည့်နိုင်ပါသည်။ ဂျာမနီ အပါအဝင် နိုင်ငံများစွာက ဗဟိုချုပ်ကိုင်ပြီး ကိုယ်ရေးလုံခြုံမှု ထိန်းသိမ်းပေးသော စနစ်များ အသုံးပြုမှုကို ထည့်စဉ်းစားခဲ့သည်။ 2020 ပြည့်နှစ် ဧပြီလ 6 ရက် ဖော်ပြချက်အရ အသေးစိတ်ကို မထုတ်ပြန်ရသေးပါ။ ကိုယ်ရေး အချက်အလက် လုံခြုံမှုကို ကာကွယ်ပေးသော ထိတွေ့မှု ခြေရာခံခြင်းသည် အနည်းဆုံး 2013 ခုနှစ်ကတည်းက ပြုစုထားသော ပြည့်စုံသည့် သုတေသန စာစောင်များဖြင့် ကျိုးကြောင်းခိုင်လုံသော အယူအဆ တစ်ခုဖြစ်ပါသည်။ 2020 ပြည့်နှစ် ဧပြီလ 7 ရက်နေ့တွင် ကျွမ်းကျင်သူအဖွဲ့ပေါင်းများစွာသည် အသုံးပြုသူ၏ အခြားဆဲလ်ဖုန်းများနှင့် ထိစပ်မှုကို မှတ်တမ်းတင်ရန် ဘလူးတုသ် စွမ်းအင်လျှော့သုံး (BLE) နည်းပညာကို အသုံးပြုခြင်း ကဲ့သို့သော ကိုယ်ရေး အချက်အလက် လုံခြုံရေးအတွက် သင့်လျော်သည့် ဖြေရှင်းနည်းများကို လုပ်ဆောင်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ PEPP-PT သည် ဗဟိုချုပ်ကိုင်မှုနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး နည်းလမ်းနှစ်ခုလုံး ပါဝင်သည့် ညှိနှိုင်းဆောင်ရွက်ရေး ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး လုပ်ထုံးလုပ်နည်း တစ်ခုတည်းမဟုတ်ပါ။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော လုပ်ထုံးလုပ်နည်းများတွင် ဗဟိုချုပ်ကိုင်မှုကင်းသော ကိုယ်ရေး အချက်အလက် လုံခြုံမှုကို ကာကွယ်ပေးသည့် ထိစပ်မှု ခြေရာခံခြင်း (DP-PPT/DP-3T)၊ ယာယီ အဆက်အသွယ် နံပါတ်များ(TCN, fka Contact Event Numbers, CEN)၊ မိုဘိုင်း ဆက်သွယ်မှု ခြေရာခံခြင်းအတွက် ကိုယ်ရေး အချက်အလက် လုံခြုံမှုအရ အရေးကြီးသော လုပ်ထုံးလုပ်နည်းများနှင့် စနစ်များ (PACT) နှင့် အခြားအရာများ ပါဝင်သည်။ ဤလုပ်ထုံးလုပ်နည်းများတွင် ကိုယ်ပိုင်သက်သေခံ အချက်အလက်များအား ကိရိယာအတွင်းတွင်သာ တိုက်ဆိုင်စစ်ဆေးခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး မည်သည့်အခါတွင်မှ ကိရိယာ၏ အပြင်သို့ ရောက်ရှိမည်မဟုတ်ပါ။ MIT မီဒီယာဓာတ်ခွဲခန်းရှိ သီးသန့်အဖွဲ့သည် COVID-19 ပျံ့ပွားမှုကို နောက်ယောင်ခံရန်အတွက် တည်နေရာ သို့မဟုတ် လမ်းကြောင်းပိုင်းဖြတ်မှုဒေတာကို စုစည်းအသုံးပြုသည့်အခါ သီးသန့်လုပ်ဆောင်ထားသောနည်းစနစ်များအသုံးပြုနိုင်သည့်ပလက်ဖောင်းဖြစ်သော SafePaths ကို အကောင်အထည်ဖော်လုပ်ဆောင်နေကြပါသည်။ ၎င်းသည် 2020 ပြည့်နှစ် မတ်လတွင် ထုတ်ပြန်ခဲ့သော“Apps Gone Rogue-ကပ်ရောဂါတစ်ခုအတွင်း ကိုယ်ရေး အချက်အလက် လုံခြုံမှုကို ထိန်းသိမ်းခြင်း” ဟူသည့် စာတမ်းပါ အချက်အလက်များကို အခြေခံသည်။ နောက်ထပ် အလားတူ ကြိုးပမ်းမှုတစ်ခုမှာ မူလက MIT Media Lab တွင် စတင်တည်ထောင်ခဲ့သည့် ကိုယ်ရေး အချက်အလက် လုံခြုံရေး နည်းပညာများကို တီထွင်ဖန်တီးသည့် ကုမ္ပဏီတစ်ခုဖြစ်သော Enigma MPC မှ SafeTrace ပလက်ဖောင်းဖြစ်သည်။ SafeTrace သည် အသုံးပြုသူများကို ဒေတာများ၏ ကိုယ်ရေးလုံခြုံမှု ထိခိုက်စေခြင်းမရှိဘဲ အရေးကြီးသော တည်နေရာအချက်အလက်နှင့် ကျန်းမာရေး ဒေတာများကို အခြား သုံးစွဲသူများနှင့် အရာရှိများထံ မျှဝေနိုင်ရန် လုံခြုံစိတ်ချရသော ဟာ့ဒ်ဝဲ နည်းပညာများကို အသုံးပြုနေသည်။ ကျယ်ပြန့်စွာ သဘောတူလက်ခံရေးအတွက် အဓိက အခန်းကဏ္ဍတစ်ခုဖြစ်သည့် ကွဲပြားမှုကို လျှော့ချရန်နှင့် တစ်ကမ္ဘာလုံး အတူတကွအသုံးပြုနိုင်သည့် ခြေရာခံမှုနှင့် သတိပေးမှု အက်ပလီကေးရှင်းများကို တီထွင်နိုင်ရန် ရည်မှန်းချက်ဖြင့် အခြေခံအားဖြင့် တူညီသော ချဉ်းကပ်မှုနည်းလမ်းနှင့် ထပ်တူနီးပါးကျသော လုပ်ထုံးလုပ်နည်းများကို အတူတကွ ပေါင်းစည်းထားသော အုပ်စုများက ကမ္ဘာလုံးဆိုင်ရာ TCN ညွန့်ပေါင်းအဖွဲ့ကို 2020 ပြည့်နှစ် ဧပြီလ 5 ရက်တွင် တည်ထောင်ခဲ့သည်။ 2020 ခုနှစ် ဧပြီလ 9 ရက်တွင် စင်ကာပူနိုင်ငံအစိုးရက ၎င်း၏ တရားဝင် အစိုးရအက်ပ်၌ အသုံးပြုသည့် BlueTrace ပရိုတိုကောလ်ကို လွတ်လပ်စွာ အခမဲ့ ဝင်ရောက်အသုံးပြုနိုင်အောင် ပြုလုပ်ထားကြောင်း ကြေညာခဲ့သည်။ 2020 ပြည့်နှစ် ဧပြီလ 10 ရက်နေ့တွင် Android နှင့် iOS မိုဘိုင်းပလက်ဖောင်းများကို ထိန်းချုပ်သည့် Google နှင့် Apple ကုမ္ပဏီများသည် ထိတွေ့မှု ခြေရာခံခြင်းအတွက် နည်းလမ်းတစ်ခုကို ကြေညာခဲ့သည်။ အဆိုပါနည်းလမ်းသည် ဘလူးတုသ် စွမ်းအင်လျှော့သုံး နည်းပညာနှင့် ကိုယ်ရေး အချက်အလက် ကာကွယ်ပေးသည့် ဝှက်စာရေး/ဖတ်နည်းကို ပေါင်းစပ်အခြေခံထားသည့်အတွက် ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံရေးကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာပြောဆိုခဲ့သည်။ ၎င်းတို့သည် စနစ်အတွင်း အသုံးပြုသည့် အဓိကနည်းပညာများ၏ အသေးစိတ် အချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့သည်။ Apple နှင့် Google တို့ အဆိုအရ၊ စနစ်ကို အဆင့်သုံးဆင့်တွင် တရားဝင်ထွက်ရှိလာရန် ရည်ရွယ်ထားပါသည်- အစိုးရများမှ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ပေးသည့် ကိုရိုနာဗိုင်းရပ်စ် ခြေရာခံ တရားဝင် အက်ပ်များကို ဖန်တီးနိုင်ရန် ပစ္စည်းကိရိယာများ မိတ်ဆက်ပေးခြင်း အဆိုပါလုပ်ဆောင်ချက်ကို iOSနှင့် Android တွင် တိုက်ရိုက် ပေါင်းစပ်နိုင်ရန်အတွက် Google နှင့် Apple တို့သည် လည်ပတ်လုပ်ဆောင်သည့် စနစ် အပ်ဒိတ်များမှတစ်ဆင့် အရင်ဆုံး စနစ်ကို ဖြန့်ချိပြီး နောက်ပိုင်းတွင် ခြိမ်းခြောက်မှု အန္တရာယ် ပြီးဆုံးသွားသည်နှင့် အလားတူနည်းလမ်းဖြင့် စနစ်ကို ဖယ်ရှားခြင်းဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော စဉ်ဆက်မပြတ် စောင့်ကြည့်မှု ပြဿနာများကို ဖြေရှင်းရန် စီစဉ်ထားပါသည်။ b'COVID-19 ဆေးဝါးထုတ်လုပ်ခြင်း ဆိုသည်မှာ ကြိုတင်ကာကွယ်နိုင်သည့် ကာကွယ်ဆေး သို့မဟုတ် 2019-20 ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဆိုးကို သက်သာစေမည့် ရောဂါကုသမှုဆေးညွှန်းကို ဖော်ထုတ်သော သုတေသနလုပ်ငန်းစဉ်ဖြစ်သည်။ WHO ၏ အပြည်ပြည်ဆိုင်ရာ ဆေးဝါးစမ်းသပ်မှုများ မှတ်ပုံတင် ပလက်ဖောင်းတွင် အခြားကူးစက်ရောဂါများကိုကုသရန်အတွက် ဆေးဝါးသုတေသနပြုထားသည့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးဝါးများစွာကို COVID-19 ရောဂါကူးစက်မှုများအတွက် ပြောင်းလဲထုတ်လုပ်၍ ကူးစက်ပြီးနောက်ပိုင်း ကုထုံးများတွင် အသုံးပြုရန် ဆေးသုတေသနပေါင်း 536 ခုကို မှတ်တမ်းတင်ထားသည်။ မတ်လတွင် WHO သည် “စည်းလုံးညီညွတ်မှု စမ်းသပ်ခြင်း” ကို နိုင်ငံပေါင်း 10 နိုင်ငံတွင် ကနဦး စတင်ခဲ့သည်။ ထိုစမ်းသပ်မှုတွင် အာနိသင် အစွမ်းထက်ဆုံး ဖြစ်နိုင်မည့် ရှိနှင့်ပြီးသော ဗိုင်းရပ်စ်တိုက်ဖျက်သည့် ဆေးလေးမျိုးကို ပေါင်းစပ်ကာ ကုသခံကြည့်ရန်အတွက် COVID-19 ကူးစက်ခြင်းခံထားရသူ ထောင်ပေါင်းများစွာ ဝင်ရောက် စာရင်းသွင်းပါသည်။ COVID-19 ကာကွယ်ဆေးနှင့် အနာရောဂါကုသမှုဆိုင်ရာဆေးဝါးအဖြစ် လျာထားသည့်ဆေးဝါးများအတွက် မှတ်ပုံတင်ထားသည့် ဆေးကုသမှုဆိုင်ရာစမ်းသပ်မှုများကို ဆန်းစစ်ရန် 2020 ခုနှစ်၊ ဧပြီလတွင် အင်တိုက်အားတိုက်ပြုလုပ်ထားသော စနစ်ကျသည့် ပြန်လည်ဆန်းစစ်မှုကို ဖွဲ့စည်းခဲ့ပါသည်။ ကာကွယ်ဆေးနှင့် ဆေးဝါး ဖော်စပ်မှုသည် အဆင့်မျိုးစုံပါသောလုပ်ငန်းစဉ်ဖြစ်ပြီး၊ ကွန်ပေါင်းအသစ်၏ ဘေးကင်းမှုနှင့် ထိရောက်မှုကို သေချာစေရန် ငါးနှစ်ထက်ပိုသောအချိန်ကို လိုအပ်ပါသည်။ ဆေးဝါး တီထွင်ထုတ်လုပ်မှုဆိုသည်မှာ ဆေးဝါးရှာဖွေတွေ့ရှိမှုမှတစ်ဆင့် အဓိက ကုသပေးနိုင်သည့် ဓာတုဒြပ်ပေါင်းတစ်ခုကို ဖော်ထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် ကူးစက်ရောဂါ ကာကွယ်ဆေးအသစ် သို့မဟုတ် ကုသဆေးအသစ် တစ်ခုကို စျေးကွက်သို့ ဖြန့်ချိသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ၎င်းတွင် အဏုဇီဝများနှင့် တိရစ္ဆာန်များအား ဓာတ်ခွဲခန်းတွင် သုတေသနပြုလုပ်ခြင်း၊ စည်းကမ်းထိန်းသိမ်းမှု အခြေအနေအလိုက် ဖိုင်တွဲထားရှိခြင်း (ဥပမာ FDA မှတစ်ဆင့်)၊ လူသားများဖြင့် လက်တွေ့စမ်းသပ်မှုများကို ပြုလုပ်ရန်အတွက် ဆေးဝါးအသစ်အား စုံစမ်းစစ်ဆေးခြင်းများ ပါဝင်သည်။ ဈေးကွက်အတွင်းသို့ ဆေးဝါးအသစ်တင်ပို့ရန်အတွက် ဆေးဝါးအသစ် လျှောက်လွှာဖြင့် စည်းမျဉ်းစည်းကမ်းများအရ အတည်ပြုချက်ရယူခြင်း အဆင့်လည်းပါဝင်သည်။ vivo တွင် ဓာတုဗေဒသဘောတရားတစ်ခုကို အနာဂါတ်ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်တိုက်ဖျက်မှုဆောင်ရွက်ချက်၏ အလား အလာရှိသည့် ရောဂါကာကွယ်ရေး လုပ်ဆောင်ပုံနည်းလမ်းနှင့် တိုက်ဆိုင်ကြည့်ခြင်းဖြင့် COVID-19 ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်တိုက်ဖျက်သည့် ဆေးဝါးကုထုံးတစ်ခုကို စတင်ထုတ်လုပ်ခဲ့သည်။ ဓာတုပစ္စည်းအသစ်များ (NCEs၊ မိုလီကျူလာပစ္စည်းသစ်များ သို့မဟုတ် NMEs ဟုလည်း သိရှိကြသည်) သည် ကာကွယ်ဆေး သို့မဟုတ် ပဋိဇီဝဆေးအဖြစ် လျာထားသည့်ဆေးဝါးကို သတ်မှတ်ရန် ဆေးဝါးစူးစမ်းလေ့လာမှုလုပ်ငန်းစဉ်မှ ပေါ်ထွက်လာသော ကွန်ပေါင်းများဖြစ်ပါသည်။ ၎င်းတို့၌ COVID-19 ရောဂါနှင့်ပတ်သက်သော ဇီဝ ပစ်မှတ်တစ်ခုနှင့် ရင်ဆိုင်ရာတွင် အလားအလာကောင်းသော လုပ်ဆောင်ချက် ရှိနေပါသည်။ ကာကွယ်ဆေး သို့မဟုတ် ဆေးဝါးထုတ်လုပ်မှု အစပိုင်းတွင် လူသားများ၌ NCE ၏ ဘေးကင်းမှု၊ အဆိပ်အတောက်ဖြစ်မှု၊ ခန္ဓာကိုယ်တွင်း ဆေးလှုပ်ရှားမှုနှင့် ဇီဝတွင်းဖြစ်စဉ်များအကြောင်းကို အနည်းငယ်သာ သိရှိရသေးပါသည်။ ဆေးဝါးများကို လူသားများတွင် လက်တွေ့စမ်းသပ်မသုံးစွဲမီ ဘေးကင်းမှုနှင့် ထိရောက်မှုကို သက်သေပြရန်အတွက် ဤကန့်သတ်ချက်အားလုံးကို အကဲဖြတ်ရန်မှာ ဆေးဝါး တီထွင်ထုတ်လုပ်ရေး၏ လုပ်ငန်းနှင့် တာဝန်ပင်ဖြစ်ပါသည်။ "ဆေးဝါး တီထွင်ထုတ်လုပ်မှု၏ နောက်ထပ် အဓိက ရည်မှန်းချက်မှာ လူတွင်လုပ်ဆောင်သည့် ဆေးဝါးစမ်းသပ်မှုတွင် ပထမဆုံး အသုံးပြုမည့် ဆေးပမာဏနှင့် အချိန်ဇယားကို အကြံပြုပေးရန်ဖြစ်သည် (""first-in-human"" [FIH] သို့မဟုတ် First Human Dose [FHD]၊ ယခင်က ""first-in-man"" [FIM] ဟူ၍လည်း သိထားသည်)။" ထို့ပြင် ဆေးဝါး တီထွင်ထုတ်လုပ်ရာတွင် NCE ၏ ရူပဓာတုဗေဒ ဂုဏ်သတ္တိများ ဖြစ်သော ဓာတုဖွဲ့စည်းမှု၊ တည်ငြိမ်မှုနှင့် ပျော်ဝင်နိုင်မှုကို သက်သေပြနိုင်ရမည်။ ထုတ်လုပ်သူများသည် ၎င်းတို့အနေဖြင့် ကီလိုဂရမ်နှင့် တန် စကေးများဖြင့် ထုတ်လုပ်နိုင်ရန် မီလီဂရမ်များထုတ်လုပ်သော ဆေးဝါးဆိုင်ရာပညာရှင်ထံမှ အတိုင်းအတာကိုမြှင့်တင်နိုင်စေရန်အတွက် ဓာတုပစ္စည်းများပြုလုပ်ရန် ၎င်းတို့အသုံးပြုသောလုပ်ငန်းစဉ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ရပါမည်။ ၎င်းတို့သည် ဆေးတောင့်များ၊ ဆေးပြားများ၊ ဖြန်းဆေး၊ ကြွက်သားတစ်ရှူးများအတွင်းသို့ ထိုးဆေး၊ အရေပြားအောက်သို့ ထိုးဆေး၊ သို့မဟုတ် အကြောဆေးများကဲ့သို့သော ထုပ်ပိုးရန်သင့်လျော်မှုအတွက် ထုတ်ကုန်ကိုလည်း စစ်ဆေးပါသည်။ ဤလုပ်ငန်းစဉ်များကို ဆေးဝါးစပ်သပ်မှုမလုပ်မီ လေ့လာမှုနှင့် ဆေးဝါး လက်တွေ့ဖန်တီးမှုတို့တွင် ဖော်စပ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထိန်းချုပ်မှု (CMC) ဟု အတူတကွ သိကြပါသည်။ ဆေးဝါးဖန်တီးမှု ရှုထောင့်များစွာက ဆေးဝါး လိုင်စင်ထုတ်ပေးရေး အာဏာပိုင်များ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည့်မီရေးအပေါ် အလေးထားနေသည်။ ယေဘုယျအားဖြင့် ထို ဖွဲ့စည်းထားသောစစ်ဆေးမှုများသည် လူများတွင်ဦးစွာအသုံးပြုရန်အတွက် နိုဗယ်ကွန်ပေါင်း၏ အဓိကအဆိပ်အတောက်ဖြစ်မှုကိုဆုံးဖြတ်ရန် ပုံစံထုတ်ထားခြင်းဖြစ်ပါသည်။ "ကနေဒါ အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပျံ့ပွားမှု နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပွားပါက အသုံးပြုရန် ကာကွယ်ဆေးအသစ်များအတွက် ""ကာကွယ်ဆေးဘဏ်"" တစ်ခု တည်ထောင်ရန် အစီအစဉ်များနှင့်အတူ ကနေဒါ တက္ကသိုလ်များရှိ လျာထားသော ကာကွယ်ဆေးများစွာ အပါအဝင် COVID-19 ကို ဟန့်တားရန် ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှု သုတေသန စီမံကိန်း 96 ခုအတွက် CA$275 သန်း ရန်ပုံငွေမတည်ထားကြောင်း ကြေညာခဲ့သည်။" ဆေးဝါးစမ်းသပ်မှုအစီအစဉ်များတွင် ဆေးဝါးထုတ်ကုန် အတည်ပြုချက် ရရှိရန် နှစ်ပေါင်းများစွာကြာသည့် အဆင့် သုံးဆင့် ပါဝင်ပြီး စတုတ္ထအဆင့်သည် ကာကွယ်ဆေး သို့မဟုတ် ကုသဆေး၏ ဘေးကင်းမှုကို ဆက်လက်စောင့်ကြည့်ရန်အတွက် အတည်ပြုပြီးနောက်ပိုင်း အဆင့်ဖြစ်သည်။ အများအားဖြင့် ကျန်းမာရေးကောင်းမွန်သော ဆန္ဒအလျောက်ပါဝင်သူများတွင် လုပ်ဆောင်သည့် အဆင့် I ဆေးဝါးစမ်းသပ်မှုများသည် ဘေးကင်းမှုနှင့် ဆေးပမာဏကို ဆုံးဖြတ်ပေးသည်။ အာနိသင်သက်ရောက်မှုကို ကနဦး ဖတ်ရှုနိုင်ရန်နှင့် NCE မှ သတ်မှတ်ထားသော ရောဂါရှိသူ အရေအတွက် အနည်းငယ်တွင် ဘေးကင်းစေခြင်း ရှိမရှိ ဆက်လက် စူးစမ်းရှာဖွေရန် အဆင့် II စမ်းသပ်မှုများကို အသုံးပြုပါသည်။ အဆင့် III စမ်းသပ်မှုများမှာ COVID-19 ကူးစက်ခံထားရသူအများအပြားအတွက် လုံလောက်သော ဘေးကင်းမှုနှင့် အာနိသင်ကိုဆုံးဖြတ်ရန် ကြီးမားကာ အချက်အချာကျသောစမ်းသပ်မှုများဖြစ်ပါသည်။ ဘေးကင်းမှုနှင့်ထိရောက်မှုကို လုံလောက်စွာအတည်ပြုခဲ့ပါက၊ ဆေးကုသမှုဆိုင်ရာစမ်းသပ်ခြင်းသည် ဤအဆင့်ကို ရပ်တန့်စေနိုင်မည်ဖြစ်ပြီး NCE သည် စျေးကွက်ကိုစတင်ရန် ဆေးဝါးအသစ်လျှောက်ထားခြင်း (NDA) ထံ အဆင့်တက်သွားပါသည်။ အဆင့် IV စမ်းသပ်မှုများသည် FDA မှ ပူးတွဲပါရှိသည့်အခြေအနေဖြစ်သော အတည်ပြုပြီးနောက်ပိုင်း စမ်းသပ်မှုများဖြစ်ကာ စျေးကွက်တွင်ရောင်းချပြီးနောက် စစ်ဆေးကြည့်ရှုသည့်လေ့လာမှုများဟုလည်း ခေါ်ဆိုပါသည်။ ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်တိုက်ဖျက်ဆေး အသစ်ကို ဆေးခန်းတွင် ပထမဆုံးအကြိမ် လက်တွေ့အသုံးပြုနိုင်ရန် လိုအပ်သော စစ်ဆေးမှုများအပြင် ဆေးဝါးထုတ်လုပ်သူများအနေဖြင့် ယခင်က စောင့်ကြည့်မထားသည့် ဖွဲ့စည်းပုံစနစ်များ (အခြားအရာများအနက် မျိုးအောင်နိုင်မှု၊ မျိုးပွားစနစ်၊ ကိုယ်ခံအားစနစ်) အပေါ် သက်ရောက်မှုများ အပါအဝင် ရေရှည် သို့မဟုတ် နာတာရှည် အဆိပ်အတောက် ဖြစ်နိုင်မှုများ ရှိမရှိ သေချာရှင်းလင်းစွာ ဖော်ပြရမည်။ အမေရိကန်ပြည်ထောင်စုတွင် အဆိုပါလုပ်ငန်းစဉ်ကို “ဆေးဝါးသစ် အသုံးချခြင်း” သို့မဟုတ် NDA ဟု ခေါ်ဆိုခဲ့ကြပါသည်။ ဆေးဝါးလက်တွေ့စမ်းသပ်မှုအတွင်း ဒေတာကောက်ယူခြင်းက ကုသမှု၏ ကောင်းမွန်သော၊ ဆိုးရွားသော အကျိုးသက်ရောက်မှုနှင့် ပတ်သက်သည့် ကနဦး သဘောပေါက်မှုများကို ထောက်ပံ့ပေးနိုင်ပါက လုပ်ဆောင်ဆဲ ဆေးဝါးလက်တွေ့စမ်းသပ်မှုကို “လိုက်လျောညီထွေဖြစ်သော ပုံစံ” သို့ ပြင်ဆင်နိုင်မည်။ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ဥရောပ စူးစမ်းလေ့လာမှု၏ ပြင်းထန်သော COVID-19 ရောဂါကူးစက်ခံထားရသည့် ဆေးရုံတက်လူနာများကို စမ်းသပ်မှုများသည် စမ်းသပ်ကုသမှု နည်းလမ်း လေးခုပေါ်မှ ထွက်ပေါ်လာသော ရလဒ်များအလိုက် စမ်းသပ်မှုများကို လျှင်မြန်စွာလိုက်ပါ ပြောင်းလဲရန် လိုက်လျောညီထွေသော ဒီဇိုင်းကို အသုံးပြုထားပါသည်။ အနာရောဂါကုသမှုအဖြစ် လျာထားသည့်ကုသမှုတွင် လက်ရှိလုပ်ဆောင်နေသော အဆင့် II-III ကုသမှုဆိုင်ရာ စမ်းသပ်မှုများအတွင်းရှိ လိုက်လျောညီထွေလုပ်ထားသော ပုံစံများသည် စမ်းသပ်မှုကြာချိန်များကို တိုတောင်းစေကာ ပိုနည်းသောအရာများကို အသုံးပြုစေနိုင်ပြီး၊ အစာပိုင်းတွင် ပယ်ဖျက်ခြင်း သို့မဟုတ် အောင်မြင်မှုအတွက် အမြန်ဆုံးဖြတ်ချက်ချခြင်းများ ဖြစ်နိုင်ချေရှိကာ၊ ၎င်း၏ အပြည်ပြည်ဆိုင်ရာတည်နေရာအသီးသီးရှိ သီးခြားစမ်းသပ်မှုအတွက် ပူးပေါင်းထားသောပုံစံအပြောင်းအလဲများကို ဖြစ်စေနိုင်ပါသည်။ နိုဗယ်ဆေးဝါးအဖြစ် လျာထားသည့်ဆေးအများစု(NCEs) သည် ၎င်းတို့တွင် လက်ခံနိုင်ခြင်းမရှိသော အဆိပ်အာနိသင် ရှိနေခြင်းကြောင့် သို့မဟုတ် အဆင့် II-III ကုသမှုဆိုင်ရာစမ်းသပ်မှုများတွင် ပြသထားသကဲ့သို့ ရည်ရွယ်ထားသောရောဂါပေါ်တွင် အာနိသင်ရှိခြင်းကို သက်သေမပြနိုင်သောကြောင့် ဆေးဝါးဖော်စပ်ချိန်အတွင်းတွင် မအောင်မြင်ပါ။ "ဆေးဝါးစမ်းသပ်ထုတ်လုပ်မှုနှင့် သက်ဆိုင်သည့် မြင့်မားသည့် မအောင်မြင်မှုနှုန်းကို “ဆုတ်ယုတ်နှုန်း”ဟု ခေါ်ဆိုကြပြီး ကုန်ကျစရိတ်ဆုံးရှုံးခြင်းမဖြစ်စေရန်အတွက် ပရောဂျက်ကို ""ရပ်ဆိုင်း"" နိုင်ရန် ဆေးဝါးထုတ်လုပ်မှု အစောပိုင်းအဆင့်ကတည်းက ဆုံးဖြတ်ချက်ချခြင်းများ လိုအပ်ခဲ့သည်။" 2010 ပြည့်နှစ် လေ့လာမှုတစ်ခုအရ ဆေးဝါးသစ်တစ်ခုကို ဈေးကွက်တွင် ဖြန့်ချိနိုင်ရန် ရင်းနှီးမတည်ထားသည့် ကုန်ကျစရိတ်နှင့် နောက်ထပ် စိုက်ထုတ်ရသည့် ကုန်ကျစရိတ်များမှာ အမေရိကန်ဒေါ်လာ 1.8 ဘီလီယံနှင့် 870 မီလီယံ အသီးသီးရှိသည်ဟု တွက်ချက်ထားသည်။ ကင်ဆာတိုက်ဖျက်ရေးဆေးဝါး 10 မျိုးကို ဖော်စပ်ခြင်းအတွက် 2015-16 စမ်းသပ်မှုများ၏ ပျမ်းမျှခန့်မှန်းကုန်ကျစရိတ်မှာ $648 မီလီယံဖြစ်ပါသည်။ ဆေးကုသမှုဆိုင်ရာစမ်းသပ်မှုများမှတဆင့် အကဲဖြတ်သော ဆေးဝါးအဖြစ် လျာထားသည့်ဆေးဝါး 106 မျိုး၏ 2016 ခုနှစ် ပြန်လည်ဆန်းစစ်ချက်တွင်၊ အောင်မြင်သော အဆင့် III စမ်းသပ်မှုများမှတဆင့် အတည်ပြုပေးသည့်ဆေးဝါးရရှိထားသော ထုတ်လုပ်သူများအတွက် စုစုပေါင်းမတည်ငွေအသုံးစရိတ်မှာ (2013 ဒေါ်လာများတွင်) $2.6 ဘီလီယံဖြစ်ကာ ပမာဏမှာ တစ်နှစ်လျှင်ရှိသောနှုန်းထား၏ 8.5% သို့ တိုးမြင့်သွားပါသည်။ စမ်းသပ်မှုခုနစ်ခုသည် ဟိုက်ဒရောက်ဇီကလိုရိုကွင်း သို့မဟုတ် ကလိုရိုကွင်းဖော့စဖိတ်ကို လေ့လာမှုလေးခုအပါအဝင် ငှက်ဖျားရောဂါကိုကုသရန် အတည်ပြုပြီးဖြစ်သည့် ဆေးဝါးများကို ပြန်လည်ရည်ရွယ်လုပ်ဆောင်ခြင်းအား အကဲဖြတ်နေလျှက်ရှိပါသည်။ ပြန်လည်ရည်ရွယ်လုပ်ဆောင်ထားသော ပဋိဇီဝဆေးဝါးများသည် ဧပြီလကုန်ပိုင်းတွင် သတင်းပို့မှုအရ များစွာသောနိုင်ငံများရှိ ရမ်ဒီစီဗာနှင့်ဆိုင်သော အဆင့် III စမ်းသပ်မှု 9 ခုနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏စူးစမ်းလေ့လာမှုအများစုကို ဆုံးဖြတ်ပေးပါသည်။ ပါတနာများ၏ US$125 မီလီယံရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် Bill and Melinda Gates ဖောင်ဒေးရှင်းမှဦးဆောင်ကာ မတ်လတွင် COVID-19 အနာရောဂါကုသမှုအရှိန်မြှင့်ခြင်းကို စတင်ခဲ့ပြီး ဖြစ်နိုင်ချေရှိသောကုသမှုများကို အမြန် ခွဲခြားသတ်မှတ်စစ်ဆေးကာ ဖော်ဆောင်ပြီး တိုင်းတာရန်လုပ်ဆောင်နေသော ဆေးဝါးဖော်ဆောင်ရေးစူးစမ်းလေ့လာသူများကို ဖြည့်ဆည်းပေးနေပါသည်။ အလားအလာအကောင်းဆုံးဖြစ်သည့် ကူးစက်ခံရပြီး နောက်ပိုင်းကုသမှုများတွင် အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရလဒ်များ မြန်ဆန်စွာ ထွက်ပေါ်ရေး ဆောင်ရွက်ရန် COVID-19 ဆေးဘက်ဆိုင်ရာ သုတေသန ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ 2020 ခုနှစ်အစောပိုင်းတွင်၊ အခြားသောကူးစက်မှုများကိုကုသခြင်းအတွက် ဖော်ဆောင်ထားသည့် များစွာသော ပဋိဇီဝဆေးကွန်ပေါင်းများကို COVID-19 ဖျားနာမှုကို သက်သာစေရန် ဆေးကုသမှုဆိုင်ရာစူးစမ်းလေ့လာမှုအသစ်များတွင် ပြန်လည်ရည်ရွယ် သို့မဟုတ် ဖော်ဆောင်ခဲ့ပါသည်။ (ငှက်ဖျားကုသရန်ဖြစ်သော ဟိုက်ဒရောက်စီကလိုရိုကွင်းကဲ့သို့သော) အတည်ပြုပြီးဖြစ်သည့် ဆေးဝါးအတွက်၊ အဆင့် III-IV စမ်းသပ်မှုများသည် COVID-19 ကူးစက်မှုကိုကုသခြင်းအတွက် အတည်ပြုပြီးဖြစ်သောဆေးဝါးကို ရာထောင်ပေါင်းများစွာသော COVID-19-ကူးစက်ခံထားရသူများတွင် ဖြစ်နိုင်သော ချဲ့ထွင်အသုံးပြုမှုလုပ်ဆောင်ရန် ဆုံးဖြတ်ထားပါသည်။ 2020 ခုနှစ်၊ ဧပြီလအစောပိုင်းတွင်၊ အနာရောဂါကုသမှုအတွက် လျာထားသူ 103 ဦးသည် ဧပြီလအတွင်း မျှော်မှန်းထားသော ဆေးဝါးစမ်းသပ်ရေးအတက် လျာထားသူ29 ဦးအတွက် စမ်းသပ်မှုရလဒ်များဖြင့် ဆေးကုသမှုဆိုင်ရာအကြိုအဆင့် သို့မဟုတ် အဆင့် I-IV အကောင်အထည်ဖော်မှုအဆင့်တွင် ရှိနေခဲ့ပါသည်။ မတ်လတွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် နိုင်ငံ 10 နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ထောင်ပေါင်းများစွာအား အလျင်အမြန်အကဲဖြတ်ရန် ပူးပေါင်းထားသော “ပေါင်းစည်းထားသည့်စမ်းသပ်မှု” ကို စတင်ခဲ့ပြီး အထူးသဖြင့် COVID-19 ဖျားနာမှုအတွက် ရှိနေပြီးဖြစ်သော ဗိုင်းရပ်စ်ကုသဆေးနှင့် လောင်ကျွမ်းမှုကိုဆန့်ကျင်သောပစ္စည်းများ၏ ဖြစ်နိုင်ချေရှိသောအစွမ်းအာနိသင်ကို အကဲဖြတ်နိုင်ခြင်းမရှိသေးပါ။ ဆေးဝါးများအနက်မှ တစ်မျိုးမျိုးသည် သေဆုံးမှုကို လျော့ကျစေပါသလား။ ဆေးဝါးများစွာအနက်မှ တစ်မျိုးမျိုးသည် လူနာ၏ဆေးရုံတက်ရသောအချိန်ကို လျော့ကျစေပါသလား။ ကုသမှုများသည် အသက်ရှူကိရိယာအကူအညီယူရန် သို့မဟုတ် အထူးကြပ်မတ်ကုသဆောင်တွင်နေရန် ကုသခံရန်လိုအပ်နေသော COVID-19 ဖြစ်ရာမှ နမိုးနီးယားရောဂါအဖြစ်သို့ရောက်ရှိခံစားနေသူများကို ထိခိုက်စေပါသလား။ ထိုသို့သောဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသောဝန်ထမ်းနှင့် ပြင်းထန်သောဖျားနာမှုဖြစ်နိုင်သည့်အန္တရာယ်မြင့်မားသောသူများတွင် COVID-19 ကူးစက်မှုကြောင့်ဖျားနာခြင်းကို လျှော့ချရန် အသုံးပြုနိုင်ပါသလား။ COVID-19 ကူးစက်ခံထားရသူများကိုစာရင်းသွင်းခြင်းကို WHO ဝဘ်ဆိုက်တွင် အသိပေးထားသောသဘောတူညီချက်အပါအဝင် ဒေတာထည့်သွင်းမှုများကို အသုံးပြုခြင်းဖြင့် လွယ်ကူအောင်လုပ်ထားပါသည်။ စမ်းသပ်ဆဲ ပညာရှင်က ဆေးရုံများတွင်ရရှိနိုင်မည့် ဆေးများကို ဆုံးဖြတ်ပေးနိုင်မည်ဆိုလျှင် WHO ဝက်ဘ်ဆိုက်က ဆေးရုံတက်နေသူများကို စမ်းသပ်ဆေးဝါးတစ်မျိုး သုံးစွဲရန် သို့မဟုတ် စမ်းသပ်ဆေးဝါးတစ်မျိုးစီကို COVID-19 အထူးကုသမှုပြုလုပ်သည့်ဆေးရုံများတွင် စမ်းသပ်သုံးစွဲရန် ကျပန်း သတ်မှတ်ပေးမည်ဖြစ်သည်။ ဆေးဝါးစမ်းသပ်သည့် ဆရာဝန်က WHO Solidarity ဝက်ဘ်ဆိုက်မှတစ်ဆင့် ဒေတာများကို ဖြည့်သွင်းခြင်းဖြင့် အစမ်းသပ်ခံလူနာ၏ အခြေအနေနှင့် ကုသမှုအကြောင်း မှတ်တမ်းတင်ပြီး နောက်ဆက်တွဲ အချက်အလက်များကို တင်သွင်းပါသည်။ WHO သမားတော်များ၏ ကမ္ဘာတစ်ဝှမ်းဘေးကင်းရေးစောင့်ကြည့်မှုဘုတ်အဖွဲ့သည် စမ်းသပ်ဆေးဝါးများ၏ ဘေးကင်းရေးနှင့် ထိရောက်မှုပေါ်တွင် ဆုံးဖြတ်ချက်များချမှတ်ရာ၌ ကူညီပေးရန် ကြားဖြတ်ရလဒ်များကို စစ်ဆေးပြီး၊ အစမ်းပုံစံကို ပြောင်းလဲပါသည် သို့မဟုတ် ထိရောက်သောကုထုံးကို အကြံပြုပါသည်။ “စူးစမ်းလေ့လာမှု” ဟုခေါ်ဆိုသော ပေါင်းစည်းမှုရှိ အလားတူဝဘ်အခြေခံလေ့လာမှုကို INSERM (ပဲရစ်မြို့၊ ပြင်သစ်) မှ နိုင်ငံခုနစ်နိုင်ငံဖြင့် မတ်လတွင် စတင်ခဲ့ပါသည်။ မတ်လအတွင်းတွင်၊ ပေါင်းစည်းစမ်းသပ်မှုအတွက် ရန်ပုံငွေသည် ငွေကြေး သို့မဟုတ် စမ်းသပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုတွင် နိုင်ငံ 45 နိုင်ငံပါဝင်ပြီး တစ်ဦးချင်း၊ အဖွဲ့အစည်းများနှင့် အစိုးရများဖြင့် 203,000 မှ US$108 မီလီယံသို့ ရောက်ရှိသွားခဲ့ပါသည်။ ဖျားနာနေစဉ် ဝေဒနာခံစားရမှုကို သက်သာစေရန် “အထောက်အကူပြု” ကုသမှုများအဖြစ် လေ့လာနေသည့် NSAIDs သို့မဟုတ် bronchodilators ကဲ့သို့ လျာထားသော ဆေးဝါးများစွာမှာ အောက်ပါဇယားတွင် မပါဝင်ပါ။ အဆင့် II စမ်းသပ်မှုများ၏ အစောပိုင်းအဆင့်ရှိ အခြားသူများ သို့မဟုတ် အဆင့် I စမ်းသပ်မှုများရှိ ကုသမှုအတွက် လာထားမှုများစွာကိုလည်း ချန်လှပ်ထားပါသည်။ အဆင့် I-II စမ်းသပ်မှုများရှိ ဆေးဝါးစမ်းသပ်ခံသူများသည် အပြီးသတ်အတည်ပြုချက်ရယူရန်အတွက် စမ်းသပ်မှုအဆင့်အားလုံးကို ဖြတ်ကျော်ရန် အောင်မြင်နှုန်းမှာ (12% အောက်)အထိ နည်းပါးပါသည်။ အမေရိကန်ပြည်ထောင်စုတွင် အများအားဖြင့် ဟိုက်ဒရောက်ဇီကလိုရိုကွင်းကို ကလိုရိုကွင်းထက် ပို၍ရရှိနိုင်ပါသည်။ များစွာသောနိုင်ငံများတွင် COVID-19 ကြောင့် ဆေးရုံတက်နေရသူများကို ကုသရန်အတွက် ကလိုရိုကွင်း သို့မဟုတ် ဟိုက်ဒရောက်စီကလိုရိုကွင်းကို အသုံးပြုသော်လည်း၊ 2020 ခုနှစ် မတ်လတွင်၊ အမေရိကန်ပြည်ထောင်စုရှိ ဆေးကုသမှုဆိုင်ရာစမ်းသပ်မှုများမှတဆင့် ဆေးဝါးကို တရားဝင်အတည်ပြုပေးခြင်းမရှိခဲ့ပါ။ COVID-19 ကုသမှုအတွက် တရုတ်၊ တောင်ကိုရီးယားနှင့် အီတလီ ကျန်းမာရေးအာဏာပိုင်များမှ ကလိုရိုကွင်းဆေးကို အကြံပြုထောက်ခံထားသော်လည်း ထိုအေဂျင်စီများနှင့် US CDC သည် နှလုံးရောဂါ သို့မဟုတ် ဆီးချိုရောဂါရှိသူများအတွက် ရောဂါနှင့်မတည့်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ဆေးဝါး နှစ်မျိုးလုံးသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဝယ်၍ရနိုင်သော ဆေးများနှင့် ကြီးမားသော တုံ့ပြန်ဓာတ်ပြုမှုများရှိပြီး ကုထုံး၏ ဆေးပမာဏနှင့် ရောဂါသက်သာမှုတို့အပေါ် အကျိုးသက်ရောက်မှုရှိနေပါသည်။ လူအချို့တွင် အဆိုပါ ဆေးဝါးများနှင့် ဓာတ်မတည့်မှုများ ရှိသည်။ ဧပြီလ 12 ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံရှိ ဆေးရုံတစ်ခု၌ ဆောင်ရွက်ခဲ့သည့် ကနဦး ဆေဝါးစမ်းသပ်မှုတွင် လူအများအပြားအား COVID-19 ရောဂါကူးစက်မှုအတွက် ကလိုရိုကွင်း ဆေးအမြောက်အများ တိုက်ခဲ့ပြီးနောက် မူမမှန်သော နှလုံးခုန်နှုန်းများ ဖြစ်ပေါ်လာခဲ့ပြီး လူ 11 ဦး သေဆုံးခဲ့သောကြောင့် စမ်းသပ်မှုကို ရပ်တန့်ခဲ့သည်။ "ဝူဟန်နှင့် ရှန်ကျန်းတို့ရှိ တရုတ်နိုင်ငံ၏ ဆေးဝါးစမ်းသပ်မှုများက favipiravir (ဖာဗီပီရာဗာ) မှာ ""သိသာစွာ ထိရောက်သည်"" ဟု အခိုင်အမာ သက်သေပြခဲ့သည်။" ၎င်းကိုလက်ခံရရှိခဲ့ခြင်းမရှိသော လူနာ 45 ဦးတွင် ဖျားနာသည့်ကြာချိန်မှာ 11 ကြာမြင့်ပြီး၊ ရှန်ဇန်းရှိ လူနာ 35 ဦးသည် ပျမ်းမျှ 4 ရက်တွင် နက်ဂတစ်ဟု စမ်းသပ်သိရှိခဲ့ရပါသည်။ ဝူဟန်တွင်ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်တွင် အဆုတ်ရောင် ရောဂါဖြစ်နေသည့် လူနာ 240 တွင် တစ်ဝက်ကို Favipiravir ဆေးကို ပေးပြီး ကျန်တစ်ဝက်ကို Umifenovir ဆေးများ ပေးခဲ့ပါသည်။ """အကြိုဆေးကုသခြင်း သုတေသန"" ဟူသည့် အသုံးအနှုန်းကို သက်ရှိဇီဝ အတွင်းအပြင် နှစ်မျိုးလုံးတွင် ပြုလုပ်ခဲ့သည့် ဓာတ်ခွဲခန်းလေ့လာမှုများမှတစ်ဆင့် သတ်မှတ်ခဲ့ကြပြီး လူသားများတွင် ဘေးကင်းပြီး အာနိသင်ထိရောက်သော ဆေးသစ်တစ်မျိုးမပေါ်ထွက်မီ ထိရောက်မှုရှိနိုင်မည့် ဆေးပမာဏနှင့် အဆိပ်အတောက်ဖြစ်နိုင်မှုကို ဆုံးဖြတ်နိုင်မည့် စမ်းသပ်မှုများကဲ့သို့သော ကာကွယ်ဆေး၊ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး သို့မဟုတ် မိုနိုကလိုနယ် (ရောဂါတိုက်ဖျက်) ပဋိဇီဝကုထုံးများ ဖြစ်ပေါ်လာရန်အတွက် အစပိုင်း အဆင့်ကို ညွှန်းဆိုခြင်းဖြစ်သည်။" အချို့ ပိုးသတ်ဆေးများကို COVID-19 ကုသမှုများအတွက် ပြန်လည်ရည်ရွယ် အသုံးပြုကောင်း ပြုနိုင်သည်။ 2020 ပြည့်နှစ် မတ်လတွင် SARS-CoV-2 ဗိုင်းရပ်စ်၏ အဓိက Protease အင်ဇိုင်းအား ဖြိုခွဲရမည်ဟု ကူးစက်မှုနောက်ပိုင်းသုံးစွဲသည့် ဆေးဝါးများအတွက် ရည်ရွယ်ပြီး စိစစ်သတ်မှတ်ခဲ့ကြပါသည်။ ဤအန်ဇိုင်းသည် ဗိုင်းရပ်စ်၏ လက်ခံကလာပ်စည်းများ၏ ရီဘိုနူးကလစ်အက်ဆစ်ကို ပြန်ထုတ်ပေးရန် လက်ခံကလာပ်စည်းအတွက် ပဓာနကျပါသည်။ အန်ဇိုင်းကိုရှာဖွေရန်၊ သိပ္ပံပညာရှင်များသည် အဓိကပရိုတိစ်ကို ခွဲထုတ်ရန်အတွက် 2020 ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံရှိစူးစမ်းလေ့လာသူများမှ ထုတ်ဝေခဲ့သော မျိုးပွားပစ္စည်းကို အသုံးပြုခဲ့ပါသည်။ ဖြစ်နိုင်ချေရှိသော ပေါင်းစပ်ကုထုံးအဖြစ်၊ 2020 ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းရေးပရောဂျက်၏ အဆင့် III အခွဲနှစ်ခုကို COVID-19 တွင် အတူတကွအသုံးပြုထားပါသည်။ တရုတ်နိုင်ငံတွင် ပမာဏလေ့လာမှုတစ်ရပ်အရ Lopinavir နှင့် Ritonavir ဆေးနှစ်မျိုးစပ်၍ သုံးစွဲခြင်းသည် COVID-19 ဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် လူများတွင် မည်သည့်အစွမ်းမျှ မပြကြောင်း တွေ့ရှိခဲ့ရသည်။ b'ဆေးဝါးပြန်လည်သတ်မှတ်ခြင်း (ဆေးဝါးကို ပြန်လည်ရည်ရွယ်လုပ်ဆောင်ခြင်း၊ ပြန်လည်ကောက်ချက်ချခြင်း၊ ပြန်လုပ်လုပ်ဆောင်ခြင်း သို့မဟုတ် အနာရောဂါကုသမှုဆိုင်ရာပြောင်းလဲခြင်းဟုလည်း သိရှိကြသည်) သည် နဂိုကဖော်ဆောင်ခဲ့သောအရာထက် မတူညီသောရောဂါ သို့မဟုတ် ဆေးကုသမှုဆိုင်ရာအခြေအနေကို ကုသရန်အတွက် အတည်ပြုထားသောဆေးဝါးကို ပြန်လည်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ၎င်းသည် ဘေးကင်းထိရောက်သော COVID-19 ကုသမှုများကိုဖော်ဆောင်ရန် လက်ရှိတွင်စူးစမ်းလုပ်ဆောင်နေသော သိပ္ပံဆိုင်ရာစူးစမ်းစစ်ဆေးမှု၏ အကြောင်းတစ်ရပ်ဖြစ်ပါသည်။ အခြား သုတေသန ညွှန်ကြားချက်များတွင် COVID-19 ကာကွယ်ဆေး တီထွင်ထုတ်လုပ်ရေးနှင့် ရောဂါခံစားရပြီး ပြန်လည်ကောင်းမွန်လာသူ၏ သွေးရည်ကြည်သွင်းခြင်းတို့ ပါဝင်ပါသည်။ SARS-CoV-2 တွင် ဆေးဖြင့်ကုသနိုင်သော ပရိုတင်း 66 ခုပါဝင်ပြီး တစ်ခုစီတွင် မော်လီကျူး ပေါင်းစပ်သည့် နေရာများစွာ ပါဝင်ပါသည်။ ထိုရောယှက်သည့်ဆိုက်များကို ဆန်းစစ်ခြင်းသည် COVID-19 ပရိုတိန်းများကိုတွန်းလှန်ရန် ထိရောက်သောပဋိဇီဝဆေးဝါးကို ဖော်ဆောင်နေသည့် အကျိုးအကြောင်းဆီလျော်သောပရောဂျက်ကို ပံ့ပိုးပေးပါသည်။ အရေးကြီးဆုံး SARS-CoV-2 ပစ်မှတ် ပရိုတိန်းများမှာ ပါပိန်းကဲ့သို့ ပရိုတိစ်၊ RNA ပေါ်မှီခိုသော RNA ပိုလီမားစ်၊ ဟယ်လီကေ့စ်၊ S ပရိုတိန်းနှင့် ADP ရီဘိုဖိုစဖာတေ့စ်တို့ ဖြစ်သည်။ Hussein AA, et al သည် ဆေးကုသမှုဆိုင်ရာလေ့လာရေးဒီဇိုင်းတွင် အကြံပြုထောက်ခံရန်အတွက် ၎င်း၏ ဆေးကုသမှုအကြိုလေ့လာမှုတွင် အလားအလာရှိသော SARS-CoV-2-တိုက်ဖျက်ရေး ဆေးဝါးဖော်စပ်မှုကို အရှိန်မြှင့်ရန်အလို့ငှာ အတူညီဆုံးသော အတည်ပြုထားသည့်ဆေးဝါးများဖြင့် ၎င်းတို့၏ အခြေခံဆိုင်ရာဆင်တူမှုအတွက် အကောင်းဆုံးနည်းလမ်းကိုရှာဖွေကာ ခွဲခြမ်းစိတ်ဖြာသည့် များစွာသော ကွန်ပေါင်းအလောင်းအလျာများကို လေ့လာခဲ့ပါသည်။ ကလိုရိုကွင်းသည် ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုဆန့်ကျင်သည့်ရောဂါအချို့အတွက် အသုံးပြုသော ငှက်ဖျားတိုက်ဖျက်ဆေးဖြစ်ပါသည်။ WHO အနေဖြင့် စည်းလုံးညီညွတ်စွာ လက်တွေ့စမ်းသပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လေ့လာခဲ့သော ဆေးဝါးလေးမျိုးထဲတွင် Chloroquine နှင့် ဆက်စပ် Hydroxychloroquine တို့ ပါဝင်သည်ဟု မတ်လ 18 ရက်နေ့တွင် ကြေညာခဲ့သည်။ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo သည် နယူယောက်ပြည်နယ်၏ ကလိုရိုကွင်းနှင့် ဟိုက်ဒရောက်ဇီကလိုရိုကွင်းစမ်းသပ်မှုများသည် မတ်လ 24 ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ မတ်လ 28 ရက်နေ့တွင်၊ FDA သည် အရေးပေါ်ခွင့်ပြုချက်အသုံးပြုမှု (EUA) အရ ဟိုက်ဒရောက်ဇီကလိုရိုကွင်း ဆာလဖိတ်နှင့် ကလိုရိုကွင်း ဖော့စဖိတ်အသုံးပြုမှုကို ခွင့်ပြုပေးခဲ့ပါသည်။ ကုသမှုလုပ်ငန်းစဉ်အနေဖြင့် FDA ၏ လက်တွေ့စစ်ဆေးကုသမှု လုပ်ငန်းစဉ်များဖြင့် အတည်ပြုထားခြင်း မရှိသေးပါ။ ဆေးရုံတက်ရောက်ကုသနေပြီး လက်တွေ့စစ်ဆေးကုသမှုအား မရရှိနိုင်သော လူနာများကိုသာလျှင် အရေးပေါ် အခြေအနေအတွက် စမ်းသပ်ကုသမှုတစ်ခုအဖြစ်သာ EUA က ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ “SARS-CoV-2 ကူးစက်ရောဂါက ကြိုတင်ကာကွယ်ရန်၊ သို့မဟုတ်၊ ကုသရန်အတွက် Hydroxychloroquineကို အသုံးပြုပုံ၊ ဆေးပမာဏ သို့မဟုတ် ဆေးပေးရမည့် အချိန်ကာလ”ကို အတည်မပြုရသေးဟု ရောဂါထိန်းချုပ်ရေးဗဟို (CDC) က ဆိုပါသည်။ “အခြားရွေးချယ်စရာမရှိ”သည့်အခါ ဆေးဝါးများကို အသုံးပြုနေကြရသည်ဟု ဆရာဝန်များက ပြောကြားပါသည်။ အစ္စတန်ဘူလ်ရှိ တူရကီသုတေသနအဖွဲ့သည် ကလိုရိုကွင်းကို သွပ်ဓာတ် ၊ ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ဗီတာမင် ဒီတို့နှင့် ပေါင်းစပ်ပြီး အသုံးပြုခြင်းနှင့် ပတ်သက်၍ လေ့လာမှု အသေးစားတစ်ခုကို ပြုလုပ်နေပါသည်။ ဒု(ခ်)တက္ကသိုလ်နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့တွင် လေ့လာမှုအကြီးစားများ လုပ်ဆောင်နေပါသည်။ NYU လန်ဂွန်း ဆေးကျောင်းသည် ဟိုက်ဒရောက်ဇီကလိုရိုကွင်းအသုံးပြုမှုကို ဘေးကင်းထိရောက်စွာ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ စမ်းသပ်မှု လုပ်ဆောင်နေပါသည်။ ဝူဟန်နှင့် ရှန်ဇန်းရှိ တရုတ်နိုင်ငံ၏ ဆေးကုသမှုဆိုင်ရာစမ်းသပ်မှုများသည် ဖာဗီပီရာပါသည် “ရှင်းလင်းစွာထိရောက်မှုရှိသည်” ဟုပြသရန် တောင်းဆိုခဲ့ပါသည်။ ရှန်ကျန်းရှိ လူနာ 35 ဦးက ကြားကာလ 4 ရက်တွင် ပိုးမတွေ့ ရလဒ်ဖြစ်ခဲ့သော်လည်း ၎င်းကိုမရရှိခဲ့သည့် လူနာ 45 ဦးတွင် ဖျားနာမှု ကြာချိန်များမှာ 11 ရက်ဖြစ်ခဲ့ပါသည်။ အဆုတ်ရောဂါခံစားနေရသော လူနာ 240 ဦးဖြင့် ဝူဟန် (Wuhan) တွင် လုပ်ဆောင်ခဲ့သည့် လေ့လာမှုတွင် လူနာတစ်ဝက်ကို favipiravir (ဖာဗီပီရာဗာ) ဆေး ပေးခဲ့ပြီး ကျန်တစ်ဝတ်ကို umifenovir (ယူမီဖင်နိုဗာ) ဆေးပေးခဲ့ပါသည်။ အီတလီဆေးဝါးအေဂျင်စီသည် ဆေးဝါးပံ့ပိုးမှုတွင်ရှိနေသောသက်သေသည် ကျဉ်းမြောင်းကာ အစမ်းပြုလုပ်ခြင်းသာဖြစ်နေသေးကြောင်း ပြည်သူလူထုကို သတိပေးခဲ့ပါသည်။ ဧပြီလ 2 ရက်နေ့တွင် ဂျာမနီက ဆေးဝါးများကို သိုလှောင်ထားရန် ဂျပန်မှ ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး စစ်တပ်ကို အသုံးပြု၍ COVID-19 လူနာများကို ကုသပေးသည့် တက္ကသိုလ် ဆေးရုံများသို့ ဆေးဝါးများကို ပို့ဆောင်ပေးမည်ဟု ကြေညာခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်းနံနက်ခင်းသတင်းအရ Shinzo Abe သည် ဆေးဝါးများဝယ်ယူခြင်းနှင့်ပတ်သက်သော Trump ၏ စီမံခန့်ခွဲမှုကို မိတ်ဆက်ခဲ့ပါသည်။ ဗိုင်းရပ်စ်များ များပြားနေပြီးဖြစ်သော ပြင်းထန်သည့်ဖျားနာမှုဖြစ်စဉ်များတွင် ဆေးဝါးသည် ထိရောက်မှုနည်းပါးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ရရန်ကြိုးစားနေသူများအတွက် အသုံးပြုရာတွင် ဘေးကင်းမှုမရှိပါ။ ပဋိဇီဝဆေးနှင့်ဆိုင်သော ရီထရိုဗိုင်းရပ်စ် သတ်ဆေး (lopinavir)/HIV/AIDS ကုသဆေး (ritonavir) တို့ကို ပေါင်းစပ်မှုဖြစ်သည့် ရီထရိုဗိုင်းရပ်စ် သတ်ဆေး (lopinavir)/HIV/AIDS ကုသဆေး (ritonavir) (ကေးလ်ထရာ) လေ့လာမှုတစ်ခုသည် “အကျိုးကျေးဇူးတစ်စုံတစ်ရာမတွေ့ရှိရပါ” ဟု အဆုံးသတ်သွားခဲ့ပါသည်။ ပရိုတိစ်ကို ချည်နှောင်ခြင်းဖြင့် HIV ပွားလာခြင်းကို တားဆီးရန် ဆေးဝါးများကို ဖန်တီးထားသည်။ ကော်လိုရာဒိုတက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးအဖွဲ့သည် SARS-CoV-2 ၏ ပရိုတိစ်အန်ဇိုင်းနှင့် ပေါင်းစည်းသွားမည့်ကွန်ပေါင်းကို ရှာဖွေရန်အတွက် ဆေးဝါးများကိုမွမ်းမံရန် ကြိုးစားလျှက်ရှိပါသည်။ အထူးသဖြင့် HIV/AIDS အတွက် ဖော်စပ်ထားသောဆေးဝါးများကို ပြန်လည်ရည်ရွယ်လုပ်ဆောင်ခြင်းထံ လမ်းညွှန်ပေးသောရင်းမြစ်များနှင့်ပတ်သက်၍ သိပ္ပံပညာအသိုက်အဝန်းအတွင်းတွင် ဝေဖန်မှုများ ရှိနေပါသည်။ WHO သည် နိုင်ငံတကာပေါင်းစည်းမှု စမ်းသပ်ချက်တွင် ရီထရိုဗိုင်းရပ်စ် သတ်ဆေး (lopinavir)/HIV/AIDS ကုသဆေး (ritonavir) ကို ထည့်သွင်းခဲ့ပါသည်။ Remdesivir အား Ebola ဗိုင်းရပ်စ်နှင့် Marburg ဗိုင်းရပ်စ်ကူးစက်ရောဂါများကို ကုသမှုအတွက် Gilead Sciences မှ ဖန်တီးထုတ်လုပ်ခဲ့သည်။ Gilead Sciences သည် နောက်ပိုင်းတွင် Remdesivir အနေဖြင့် filo-၊ pneumo-၊ paramyxo- နှင့် ကိုရိုနာ- ဗိုင်းရပ်စ် ရောဂါနှိမ်နှင်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ကြောင်းတွေ့ရှိခဲ့သည်။ ဗိုင်းရပ်စ်ပိုးများကို သုတ်သင်သောကုသမှုနှင့်ပတ်သက်သည့် ကိစ္စရပ်တစ်ခုမှာ ပို၍ပြင်းထန်သောရောဂါနှင့် ကူးစက်ပျံ့ပွားမှုကိုဖြစ်သွားစေနိုင်သည့် သန္ဓေပြောင်းခြင်းများမှတဆင့် ခုခံအားတိုးတက်လာမှုဖြစ်ပါသည်။ ရမ်ဒီစီဗာကိုအကြံပြုထားသည့် အချို့သော အစောပိုင်းအကြိုစမ်းသပ်လေ့လာမှုများတွင် ခုခံအားအတွက် မြင်မားသော မျိုးဗီဇဆိုင်ရာအတားအဆီး ရှိနိုင်ပါသည်။ အသင့်အတင့်သောဖျားနာမှုဖြစ်သူတစ်ဦးနှင့် ပို၍ပြင်းထန်သောဖျားနာမှုဖြစ်သူတစ်ဦးအတွက် ကလဲဗားလန်းတက္ကသိုလ်ဆေးရုံများမှဆောင်ရွက်သော လုပ်ဆောင်ချက်နှစ်ခုအပါအဝင်၊ လက်ရှိတွင်လုပ်ဆောင်နသော ဆေးကုသမှုဆိုင်ရာစမ်းသပ်မှုများစွာ ရှိပါသည်။ COVID-19 ဖြင့် အပြင်းဖျားနေပြီး ဆေးရုံတင်ထားရသူများအတွက် ဗီတာမင် C အကြောဆေးဖြင့် ဆေးဝါး လက်တွေ့စမ်းသပ်မှု သုံးခုကို လက်ရှိဆောင်ရွက်လျက်ရှိပြီး၊ placebo နှစ်မျိုး (တရုတ်၊ ကနေဒါ) မှာ ထိန်းချုပ်မှုရှိပြီး placebo တစ်မျိုးမှာ ထိန်းချုပ်မှု မရှိပါ (အီတလီ)။ နယူးယောက်ခ် ပြည်နယ်သည် azithromycin ပဋိဇီဝဆေး လက်တွေ့စမ်းသပ်မှုများကို 2020 ခုနှစ် မတ်လ 24 ရက်တွင် စတင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးနှင့်ဆေးဝါး အမျိုးသားစင်တာ (NCGM) သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အရိပ်လက္ခဏာပြသနေသည့် လူနာများ၏ ကုသမှုအတွက် ပန်းနာရင်ကြပ်ရောဂါအတွက် ရှူသွင်းရသော ကော်တီကိုစတီရွိုက်ကို Teijin ၏ အယ်လ်ဗက်စ်ကို (စစ္စလီဆိုနိုက်) အတွက် ကုသမှုဆိုင်ရာစမ်းသပ်မှုကိုလုပ်ဆောင်ရန် စီစဉ်ထားပါသည်။ Angiotensin-Converting Enzyme 2 ပုံစံတစ်မျိုးအား စမ်းသပ်မှု အဆင့် II ကို ဒိန်းမတ်၊ ဂျာမနီနှင့် ဩစတြီးယားရှိ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော ရောဂါပြင်းထန်သည့် လူနာ 200 တွင် အသုံးပြုကာ ကုသမှုနည်းလမ်း၏ ထိရောက်မှုကို သုံးသပ်ဆုံးဖြတ်မည် ဖြစ်သည်။ ကနေဒါရှိ Montreal Heart တက္ကသိုလ်မှ သုတေသီများသည် COVID-19 အပျော့စားရောဂါလက္ခဏာခံစားနေရသော လူနာများတွင် အဆုတ်ရောင်ခြင်းနှင့် အဆုတ်နှင့်ဆိုင်သော ရောဂါသစ်များကို လျှော့ချရာတွင် Colchicineဆေး ၏ အခန်းကဏ္ဍကို လတ်တလောတွင် လေ့လာလျက်ရှိပါသည်။ COLCORONA ဟုအမည်ပေးထားသောလေ့လာမှုသည် COVID-19 ရောဂါခံစားခံရပြီး ဆေးရုံတက်စရာမလိုသော ညင်သာသည့်ရောဂါလက္ခဏာများကိုခံစားခဲ့ရသည့် အသက် 40 နှင့်အထက် အရွယ်ရောက်ပြီးသူ 6000 ကို စုစည်းနေပါသည်။ ကိုယ်ဝန်ဆောင်နေသော အမျိုးသမီး သို့မဟုတ် နို့တိုက်နေသောအမျိုးသမီး သို့မဟုတ် ထိရောက်သော သန္ဓေတားနည်းကို သုံးစွဲထားခြင်း မရှိသော အမျိုးသမီးများအား ရွေးချယ်ရန် မသင့်တော်ပါ။ သွေးကြဲဆေးအမျိုးမျိုးကို အီတလီတွင် စမ်းသပ်လျက်ရှိကြသည်။ မော်လီကျူလာအလေးချိန်နည်းပါးသော ဟီပါရင်ကို လူနာများကိုကုသရန်အတွက် ကျယ်ပြန့်စွာအသုံးပြုနေပြီး ၎င်းကိုအသုံးပြုမှုဆိုင်ရာလမ်းညွှန်ချက်များကို ထုတ်ဝေပေးရန် အီတလီဆေးဝါးအေဂျင်စီများကို နှိုးဆော်နေပါသည်။ လူနာအယောက် 300 တွင် ရောဂါမဖြစ်အောင် ကာကွယ်ခြင်းနှင့် ရောဂါကုသမှုဆိုင်ရာ ဆေးများတွင် အီနိုဇပါရင်အသုံးပြုမှုနှင့်ပတ်သက်သော မာလ်တီစင်တာလေ့လာမှုအား ဧပြီလ 14 ရက်နေ့တွင် အီတလီ၌ ကြေညာခဲ့ပါသည်။ SARS-CoV-2 သည် ဗိုင်းရပ်စ်ဖြစ်သောကြောင့်၊ ထည့်သွင်းစဉ်းစားရမည့် သိပ္ပံဆိုင်ရာအာရုံစိုက်မှုသည် MERS၊ SARS၊ နှင့် နိုင်းမြစ်အနောက်ပိုင်းဗိုင်းရပ်စ်ပိုးတို့ကဲ့သို့သော ယခင်ကဖြစ်ပွားခဲ့မှုများအတွက် ဖော်စပ်ထားခဲ့သော အတည်ပြုထားသည့် ဗိုင်းရပ်စ်သတ်ဆေးများကို ပြန်လည်ရည်ရွယ်လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ထားပါသည်။ ရီဗာဗီရင်- တရုတ်နိုင်ငံ၏ 7 ကြိမ်မြောက်တည်းဖြတ်ထားသော လမ်းညွှန်ချက်များအရ COVID-19 ကုသမှုအတွက် ရီဗာဗီရင်ကို အကြံပြုထားပါသည် Umifenovir- တရုတ်နိုင်ငံ၏ 7 ကြိမ်မြောက် တည်းဖြတ်ပြီးဖြစ်သည့် လမ်းညွှန်ချက်များအရ COVID-19 ရောဂါကို ကုသရန်အတွက် Umifenovir ကို အသုံးပြုရန် အကြံပြုထားပါသည် COVID-19 ကုသမှုများအဖြစ် ယာယီအားဖြင့် ပြန်လည်ရည်ရွယ်ထားသော ခွဲခြားသတ်မှတ်ထားသည့် ပဋိဇီဝဆေးအချို့- တိုစီလီဇူမက်ဘ် (Anti-IL-6 လက်ခံသည့်အရာ)- တရုတ်နိုင်ငံမှ အတည်ပြုထားသည်။ ထို့အတူ အီတလီနိုင်ငံနှင့် တရုတ်နိုင်ငံရှိ စမ်းသပ်မှုများ၊ နှင့် Tocilizumab#COVID-19 ကိုကြည့်ပါ။ ဆီးချို၊ နှလုံးရောဂါ၊ သွေးခဲခြင်း သို့မဟုတ် သွေးတိုးရောဂါများ အပါအဝင် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ပေါ်ပေါက်လာသော အခြေအနေများသည် ကိုယ်ဝန်ဆောင် မဟုတ်သူများအပေါ် အန္တရာယ်ရှိသကဲ့သို့ ကိုယ်ဝန်ဆောင်များ အပေါ်တွင်လည်း ထပ်ဆောင်း အန္တရာယ်များရှိမရှိ ဆိုသည်ကို ယခုတိုင် ရှင်းရှင်းလင်းလင်း မသိရသေးပါ။ အကန့်အသတ်ဖြင့်သာ ရရှိနိုင်သော ဒေတာများအရ တတိယသုံးလပတ်အတွင်း မိခင်မှ ကလေးသို့ ကူးစက်မှု ဖြစ်ပွားနိုင်ခြေမရှိပါ သို့မဟုတ် အလွန်ကြုံတောင့်ကြုံခဲသာ ကူးစက်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလနှင့်ဆိုင်သောဒေတာများ မရှိသေးပါ။ ကိုယ်ဝန်ဆောင်ချိန်တွင် COVID-19 ကူးစက်မှု၏သဘောသဘာဝနှင့်ပတ်သက်၍ ခိုင်မာသောသုံးသပ်ချက်တစ်စုံတစ်ရာကို ခွင့်ပြုပေးရန် သက်သေအနည်းငယ်ရှိနေပါသည်။ COVID-19 ကူးစက်ခံရသော နယူးယောက်မှအမျိုးသမီး 43 ဦး၏ ဖြစ်စဉ်တွင် ကိုယ်ဝန်ဆောင်မဟုတ်သောအရွယ်ရောက်သူများတွင် တူညီသောပုံစံများကို ပြသခဲ့ပါသည်- 86% တွင် ညင်သာသောရောဂါရှိခဲ့ပါသည်၊ 9.3% တွင် ပြင်းထန်သောရောဂါရှိခဲ့ပြီး 4.7% တွင် စိုးရိမ်ဖွယ်ရာရောဂါအခြေအနေဖြစ်ခဲ့ပါသည်။ သန္ဓေသားသို့ ကူးစက်ခံရမှုရှိကြောင်း တင်ပြမှုနှစ်ခု ရှိခဲ့သည်။ အမျိုးသမီးတစ်ဦးကမျှ ပြင်းထန်သော COVID-19 အဆုတ်ရောင်ရောဂါ မဖြစ်ပါ သို့မဟုတ် ၎င်းကြောင့် မသေဆုံးပါ။ ၎င်းတို့အားလုံးသည် အသက်ရှင်လျှက်မွေးဖွားသော ကိုယ်ဝန်ဆောင်မှုများရှိခဲ့ကာ ပြင်းထန်သော မွေးကင်းစကလေးဆိုင်ရာ အသက်ရှူမဝခြင်းမျိုးကို တွေ့ရှိခဲ့ရခြင်းမရှိပါ။ မိခင်နို့ရည်နမူနာ၊ အမိုင်နိုအက်ဆစ်အရည်၊ အချင်းသွေးနှင့် မွေးကင်းစကလေး၏လည်ပင်းမှနမူနာအရည်တို့ကို SARS-CoV-2 စစ်ဆေးမှုအတွက် အသုံးပြုခဲ့ကာ၊ ရလဒ်အားလုံးမှာ နက်ဂတစ်ဖြစ်ခဲ့ပါသည်။ အခြားသောလေ့လာမှုတွင် ကိုယ်ဝန်ဆောင်သည် 15 ဦးကို လေ့လာရာ၌၊ ဓာတ်ခွဲစမ်းသပ်မှုများ၌ မိဘ 12 ဦးတွင် လင်ဖိုဆိုက်တိုပနီးယား ဖြစ်နေပြီး မိဘအများစုသည် အဖျားရှိကာ ချောင်းဆိုးကြပါသည်။ အဆိုပါ လူများ၏ ကွန်ပျူတာပုံရိပ်ဖော်ဓာတ်မှန်စက်ဖြင့် ရှာဖွေတွေ့ရှိချက်များမှာ အစောပိုင်းအဆင့်တွင် ဖန်ကွဲစလေးများ ကြဲထားသလို အလင်းမဖောက်နိုင်သော အကွက်ပုံစံများရှိနေသည့် ကိုယ်ဝန်သည်မဟုတ်သည့် လူနာများ၏ ယခင် မှတ်တမ်းများနှင့် ကိုက်ညီပါသည်။ မီးဖွားပြီး နောက်ဆက်တွဲ စစ်ဆေးမှု အချက်အလက်များအရ အဆုတ်ရောင်ရောဂါ၏ အခြေအနေသည် ပိုမိုဆိုးရွားမှုမရှိကြောင်း တွေ့ရှိရသည်။ မီဒီယာများ၏ သတင်းများအရ 2020 မတ်လအတွင်း COVID-19 ကူးစက်ခံထားရသူ အမျိုးသမီး 100 ကျော် မီးဖွားခဲ့ပြီး မိခင်သေဆုံးမှု တစ်ခုမျှ မဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်းတို့၏လမ်းညွှန်ချက်များအရ ဆေးရုံသို့ COVID-19 ကူးစက်ခံရကာ ဆေးရုံ တက်ရောက်သော မည်သည့် ကိုယ်ဝန်ဆောင်သည်မဆို ဆေးရုံမှဆင်းပြီးနောက် အနည်းဆုံး 10 ရက်ကြာ ရောဂါကာကွယ်ရန် မော်လီကျူး အလေးချိန်နည်းသော Heparin ကို ဆက်လက် သုံးသင့်ကြောင်းအကြံပြုသည်။ ကာယလုပ်သားများအတွက် COVID-19 ကူးစက်မှု၏ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်းသောဒေတာများ မရှိသေးပါ။ COVID-19 ကူးစက်ခံထားရသောမိခင်မှ မွေးဖွားလိုက်သည့် မွေးကင်းစကလေးငယ်မိန်းကလေးသည် မွေးဖွားပြီးနောက် နှစ်နာရီအကြာတွင် IgM အဆင့် ထိုးတက်လာခဲ့ကာ သူမသည် မိခင်ဝမ်းဗိုက်အတွင်း၌ပင် ကူးစက်ခံခဲ့ရသည်ဟု ယူဆထားပြီး အချို့သောဖြစ်စဉ်များတွင် မိခင်မှသားလောင်းသို့ ကူးစက်ပျံ့ပွားမှုဖြစ်နိုင်ချေရှိခြင်းကို ထောက်ပြနေပါသည်။ COVID-19 ကူးစက်ခံရသည်ဟု အတည်ပြုခံထားရသော မိခင် 6 ဦးပါဝင်သည့် အသေးစားလေ့လာမှုတစ်ရပ်တွင် ၎င်းတို့၏မွေးကင်းစကလေးများ၏ လည်ပင်းများ သို့မဟုတ် သွေးရည်ကြည်တွင် SARS-COV-19 ညွှန်ပြချက်မရှိကြောင်း ပြသခဲ့သော်လည်း မွေးကင်းစကလေးငယ်နှစ်ဦး၏ IgM အပါအဝင် မွေးကင်းစကလေး၏သွေးရည်ကြည်နမူနာတွင် ရောဂါကာကွယ်သောပဋိပစ္စည်းများ ရှိနေခဲ့ပါသည်။ ဤသည်မှာ ပုံမှန်အားဖြင့် မိခင်မှ သန္ဓေသားသို့ မကူးစက်တတ်သဖြင့် ဗိုင်းရပ်စ်သည် အချင်းကို ဖြတ်သန်းသွားခြင်း ရှိမရှိ သို့မဟုတ် လေ့လာမှုပြုလုပ်ခဲ့သည့် အမျိုးသမီးများ၏ အချင်းများသည် မူမမှန်ခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်း ရှိမရှိတို့ကို နောက်ထပ် သုတေသနပြုခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ COVID-19 ရောဂါသည် SARS-CoV ၊ MERS-CoV တို့နှင့် ဆင်တူရိုးမှားဖြစ်ကြောင်း ပြသခဲ့သည်ဖြစ်ရာ ၎င်းတို့၏ ကိုယ်ဝန်သည်များအပေါ်သက်ရောက်မှုမှာလည်း တူညီမည့် သဘောရှိသည်။ ခုနစ်ဦးအနက်လေးဦးသည် ပထမဆုံး သုံးလအပိုင်းအခြားတွင် လမစေ့ဘဲမွေးဖွားခဲ့ပြီး၊ ငါးဦးအနက်မှ သုံးဦးသည် ဒုတိယ သုံးလအပိုင်းအခြားတွင် သန္ဓေသားကြီးထွားမှုမရှိတော့ခြင်းမျိုး ဖြစ်ပွားခဲ့ပြီး၊ ငါးဦးအနက်လေးဦးမှာ ပုံမှန်ထက်စော၍မွေးဖွားခြင်း ရှိခဲ့ပါသည်။ မွေးကင်းစ ကလေးတစ်ဦးမျှ SARS-CoV မကူးစက်ခဲ့ပါ။ ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင်များကို MERS- CoV ကူးစက်မှု ဆယ်ခု၏ အစီရင်ခံစာတွင် ဆေးဝါးကုသမှု တင်ပြချက်သည် ကူးစက်မှု အပျော့စားမှ အပြင်းစားအထိ အမျိုးမျိုးပြောင်းလဲကြောင်း ပြသခဲ့ပါသည်။ ဖြစ်စဉ်အများစုတွင် ရလဒ်မှာ အသာစီးရသော်လည်း မွေးကင်းစကလေး သေဆုံးမှုနှုန်းထားမှာ 27% ဖြစ်ပါသည်။ လတ်တလောဆန်းစစ်ချက်တွင် COVID-19 သည် မိခင်များနှင့် မွေးကင်းစကလေးများတွင် SARS နှင့် MERS တို့ထက် သေစေနိုင်မှုလျော့နည်းပုံပေါ်သော်လည်း 28 ပတ်ကြာ ကိုယ်ဝန်ဆောင်ပြီးနောက် ပုံမှန်ထက်စော၍ မီးဖွားခြင်းအန္တရာယ် ပိုမိုမြင့်မားနိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အမေရိကန်ပြန်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနတို့က ကိုယ်ဝန်သည် အမျိုးသမီးများအား ရောဂါကူးစက်မှုကို ရှောင်ကြဉ်နိုင်ရန်အတွက် ဖုံးအုပ်ကာ ချောင်းဆိုးခြင်း၊ ဖျားနာနေသူများနှင့် ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် လက်သန့််ဆေးရည်ဖြင့် ဆေးခြင်းစသည်တို့ကို အများသူငါတို့ကဲ့သို့ပင် ပြုလုပ်ကြရန် အကြံပြုထားပါသည်။ ရှန်ဟိုင်းရှိ ကိုယ်ဝန်ဆောင်ကာလ အမျိုးမျိုးဖြင့် ကိုယ်ဝန်သည်များကို စစ်တမ်းကောက်ယူချက်များအရ ကျန်းမာရေးအချက်အလက်များနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှ ရယူလိုမှုများကြောင်း တွေ့ရှိခဲ့ရပါသည်။ သားဦးကလေး မွေးဖွားမည့် မိခင်များသည် ယခင်ကလေးရှိပြီး သူများထက်ပို၍ အွန်လိုင်းမှ တိုင်ပင်ဆွေးနွေးမှုနှင့် လမ်းညွှန်မှုကို ရယူလိုကြပါသည်။ RCOG နှင့် RCM က လူကိုယ်တိုင် တွေ့ဆုံပြသရန် ချိန်းဆိုမှုများကို COVID-19 ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ပြီးနောက်ပိုင်း 7 ရက်သို့ ရွှေ့ဆိုင်းရန်နှင့် အကယ်၍ အိမ်ထောင်စုဝင် တစ်ဦးတွင် ရောဂါလက္ခဏာရှိပါက 14 ရက်သို့ ရွှေ့ဆိုင်းရန် အကြံပြုထားသည်။ ရောဂါလက္ခဏာများပေါ်လာသောလူနာသုံးဦးတွင် နောက်ပိုင်း၌ အဖျားရှိလာခဲ့ပါသည်။ စမ်းသပ်စစ်ဆေးရာတွင် ရောဂါ ကင်းစင်းသော လူနာတစ်ဦးသည် နောက်ပိုင်းတွင် မီးဖွားပြီးနောက်ပိုင်း ရောဂါလက္ခဏာများ ပြလာပြီးနောက် ကနဦးစစ်ဆေးမှု ရောဂါ ကင်းစင်သည်ဟု တွေ့ရှိပြီး သုံးရက်အကြာတွင် စစ်ဆေးရာ၌ ရောဂါရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဆရာဝန်များသည် ရောဂါလက္ခဏာပြသသော လူနာအရေအတွက်များပြားလာခြင်းကြောင့် ကူးစက်မှုကိုလျှော့ချကာ PPE ကို ခွဲဝေပေးရန်အတွက် အကြံပြုထားသောစစ်ဆေးခြင်းကို လုပ်ဆောင်နေပြီး ကိုယ်ဝန်ဆောင်လူနာများအားလုံးကို စစ်ဆေးခြင်းအား ပြုလုပ်သင့်ပါသည်။ COVID-19 သံသယရှိထားသော သို့မဟုတ် အတည်ပြုခံထားရသောသူများကို အီလက်ထရွန်းနစ်သန္ဓေသားစောင့်ကြည့်ခြင်း အဆက်မပြတ်ပြုလုပ်သင့်ကြောင်းကိုလည်း အကြံပြုထားပါသည်။ မစင်အညစ်အကြေးမှတစ်ဆင့် ရောဂါကူးစက်နိုင်သည့် အန္တရာယ်ကြောင့် COVID-19 သံသယလူနာ သို့မဟုတ် အတည်ပြုလူနာများအတွက် မီးဖွားခန်းများကို အသုံးမပြုရန် အကြံပြုထားသည်။ United Kingdom တွင် တရားဝင်အကြံပြုချက်များအရ မိခင်နှင့် ကျန်းမာသောကလေးကို ကြိုတင်ကာကွယ်ခွဲခြားထားရှိခြင်းကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်းနှင့် မွေးကင်းစကလေးစောင့်ရှောက်မှု မလိုအပ်သည့် မီးဖွားပြီးကာလတွင်သာ အတူတကွထားသင့်ကြောင်း အကြံပြုထားသည်။ တရုတ်နိုင်ငံမှ စာအုပ်များတွင် ဖော်ပြထားချက်အရ ရောဂါကူးစက်ခံထားရသော မိခင်နှင့် ကလေးငယ်များအား 14 ရက် ခွဲခြားထားရှိရမည်ဟု အကြံပေးဖော်ပြထားသည်။ US တွင်၊ ကူးစက်ပျံ့ပွားမှုကိုအခြေခံသည့် ကြိုတင်ကာကွယ်မှုများကို အဆုံးမသတ်မချင်း မွေးကင်းစကလေးများနှင့် မိခင်များကို ယာယီခွဲထားရန်ကိုလည်း အကြံပြုထားပြီး၊ ထိုသို့ပြုလုပ်ရန်မဖြစ်နိုင်သည့်နေရာများတွင် မွေးကင်းစကလေးကို မိခင်နှင့် 2 မီတာအဝေးတွင် ထားထားသင့်ပါသည်။ b'COVID-19 စောင့်ကြည့်ခြင်းတွင် ရောဂါတိုးပွားမှုပုံစံများကိုဖွဲ့စည်းရန်အလို့ငှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့ပွားမှုကို စောင့်ကြည့်ခြင်း ပါဝင်ပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) သည် ကူးစက်သူ ရှာဖွေရေးအပေါ် အလေးထားကာ ကူးစက်မှု ဖြစ်ရပ်အားလုံးတွင် စစ်ဆေးခြင်းနှင့် ထိတွေ့မှု ခြေရာခံခြင်းတို့ဖြင့် တက်ကြွစွာ စောင့်ကြပ်ကြည့်ရှုခြင်းကို အကြံပြုထားပါသည်။ COVID-19 စောင့်ကြည့်စစ်ဆေးမှုသည် ရောဂါကူးစက်မှု အလားအလာများအား စောင့်ကြည့်ရန်၊ ရောဂါဖြစ်ပွားမှု အသစ်များကို လျင်မြန်စွာရှာဖွေတွေ့ရှိရန် ရည်မျှော်လုပ်ဆောင်ပြီး အဆိုပါသတင်းအချက်အလက်အပေါ် အခြေခံ၍ ဘေးအန္တရာယ်ကျရောက်နိုင်ခြေကို အကဲဖြတ်ရန်နှင့် ရောဂါအတွက်ကြိုတင်ပြင်ဆင်မှု လမ်းညွှန်ချက် ထုတ်ပေးနိုင်ရန်အတွက် ရောဂါကူးစက်မှုအချက်အလက်များကို ပံ့ပိုးပေးပါသည်။ ရောဂါလက္ခဏာစုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုမှုကို COVID-19 ရှိနေသည့် လူတစ်ဦးချင်း၏ ရောဂါလက္ခဏာများအပေါ် အခြေခံ၍ လုပ်ဆောင်ပါသည်။ 2020 ခုနှစ်၊ မတ်လတွင်၊ WHO သည် ဖော်ပြပါ ဖြစ်စဉ်အဓိပ္ပါယ်သတ်မှတ်ချက်များကို အကြံပြုထားပါသည်- ဖြစ်နိုင်သောဖြစ်စဉ် - “COVID-19 ဗိုင်းရပ်စ် စစ်ဆေးမှုခံယူထားသော သံသယလူနာဖြစ်စဉ်သည် မရောရာပါ” သို့မဟုတ် “စစ်ဆေးမှုခံယူရန်လိုသော သံသယလူနာဖြစ်စဉ်ကို အကြောင်းရင်းတစ်စုံတစ်ရာကြောင့် လုပ်ဆောင်နိုင်မည်မဟုတ်ပါ”။ အတည်ပြုထားသောဖြစ်စဉ်- “ဓာတ်ခွဲခန်းမှအတည်ပြုထားသော COVID-19 ကူးစက်ခံထားရသူ၊ ဆေးကုသမှုဆိုင်ရာလက္ခဏာများနှင့် ရောဂါလက္ခဏာများ”။ သံသယလူနာ သို့မဟုတ် အတည်ပြုလူနာများနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ရိုက်ထိတွေ့ခြင်းများ- သင့်လျော်သော တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများကိုမသုံးဘဲ COVID-19 ရောဂါ ဖြစ်နိုင်ချေရှိသော သို့မဟုတ် အတည်ပြုထားသောလူနာကို တိုက်ရိုက်စောင့်ရှောက်ပေးမှု၊ ဒေသတွင်းအန္တရာယ်အကဲဖြတ်မှုများမှ ညွှန်ပြထားသည့် အခြားသောအခြေအနေများ”။ WHO သည် ခွဲခြားသတ်မှတ်သည့် 48 နာရီအတွင်း COVID-19 ကူးစက်မှု ဖြစ်နိုင်ချေရှိသော၊ အတည်ပြုထားသောဖြစ်စဉ်များကို အကြောင်းကြားခြင်းအား ထောက်ခံထားပါသည်။ နိုင်ငံများသည် တတ်နိုင်သမျှ ဖြစ်ရပ်တစ်ခုစီကိုအခြေခံကာ နေ့စဉ်သတင်းပို့သင့်သော်လည်း ရင်းမြစ်ကန့်သတ်ချက်ရှိနေပါက၊ စုပေါင်းထားသော အပတ်စဉ်သတင်းပို့ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။ အချို့အဖွဲ့အစည်းများသည် COVID-19 ရောဂါလက္ခဏာပြနေသူများ ပျံ့နှံ့နေပုံကို မြေပုံပေါ်ရှိဧရိယာများတွင် ပြသခြင်းဖြင့် သုတေသီများကို အကူအညီပြုနိုင်ရန် လူများ ၎င်းတို့၏ ရောဂါလက္ခဏာများကို သတင်းပို့နိုင်မည့် ရောဂါထောက်လှမ်းရေးအတွက် လူထုအရင်းမြစ်အခြေပြု အက်ပ်များကို ဖန်တီးလာခဲ့ကြပါသည်။ COVID-19 အတွက် ဗိုင်းရပ်စ်ဗေဒဆိုင်ရာ စောင့်ကြည့်ခြင်းကို မော်လီကျူလာစမ်းသပ်မှုအသုံးပြုပြီး ပြုလုပ်ခဲ့ပြီးဖြစ်သည်။ WHO သည် COVID-19 စစ်ဆေးမှုလုပ်ဆောင်ရမည့်ပုံစံနှင့်ပတ်သက်၍ ဓာတ်ခွဲခန်းများအတွက် ရင်းမြစ်များ ထုတ်ဝေပေးထားပါသည်။ ဥရောပသမဂ္ဂတွင်၊ ခွဲခြားသတ်မှတ်သည့် 24 နာရီအတွင်း ဓာတ်ခွဲခန်းမှအတည်ပြုသည့် COVID-19 ရောဂါကူးစက်မှုဖြစ်စဉ်များရှိကြောင်း သတင်းပို့ထားပါသည်။ အနည်းဆုံးနိုင်ငံပေါင်း 24 နိုင်ငံသည် ၎င်းတို့၏နိုင်ငံသားများအား ဒစ်ဂျစ်တယ်နည်းပညာသုံး၍ စောင့်ကြည့်ထားပြီး ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် စောင့်ကြည့်မှုနည်းပညာများတွင် အက်ပ်များ၊ တည်နေရာဒေတာနှင့် အီလက်ထရောနစ်တက်ဂ်များ ပါဝင်သည်။ အမေရိကန်ရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက လေကြောင်းခရီးသည်ဒေတာကို အသုံးပြု၍ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ခရီးသွား အချက်အလက်များကို ခြေရာခံလျက်ရှိသည်။ ဟောင်ကောင်တွင်၊ အာဏာပိုင်များသည် ခရီးသွားများအားလုံးအတွက် လက်ပတ်များနှင့် အက်ပ်များကို လိုအပ်နေပါသည်။ ရောဂါခြေချုပ်ကိုဆန့်ကျင်ချိုးဖောက်မှုများအား တွန်းလှန်နိုင်ရန်အတွက် တောင်ကိုရီးယားတွင် လူများသည် သတ်မှတ်ဧရိယာများမှ ထွက်ခွာခဲ့ပါက အသုံးပြုသူနှင့် အာဏာပိုင်များထံ အချက်ပေးမှုများပေးပို့ခြင်းဖြင့် လူတစ်ဦးချင်း၏တည်နေရာများကို နောက်ယောင်ခံရန် GPS အက်ပ်ကို အသုံးပြုနေပါသည်။ စင်ကာပူနိုင်ငံတွင်၊ လူတစ်ဦးချင်းသည် ဓာတ်ပုံသက်သေဖြင့် ၎င်းတို့၏တည်နေရာများကို သတင်းပို့ရပါသည်။ ထိုင်းနိုင်ငံသည် ခရီးသွားအားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ရန် အက်ပ်တစ်ခုနှင့် SIM ကတ်များကို အသုံးပြုနေပါသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ထိုတိုင်းတာမှုအချို့ကို ဝေဖန်ကာ အစိုးရများအား အန္တရာယ်ဖြစ်စေသော ဒစ်ဂျစ်တယ်စောင့်ကြည့်မှုကိုမိတ်ဆက်ရန် ဖုံးကွယ်မှုအဖြစ် ကပ်ရောဂါကိုအသုံးမချရန် တောင်းဆိုထားပါသည်။ b'A COVID-19 ကာကွယ်ဆေးသည် 2019 ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) အတွက် အသုံးပြုနိုင်ဖွယ်ရှိသော ကာကွယ်ဆေးတစ်ခုဖြစ်သည်။ ဆေးဝါးစမ်းသပ်မှုများကို အောင်မြင်သွားသည့် ကာကွယ်ဆေး မရှိသေးသော်လည်း ကာကွယ်ဆေး ထုတ်လုပ်ရန် ကြိုးပမ်းမှု များစွာ လုပ်ဆောင်လျက်ရှိသည်။ 2020 ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းတွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၎င်းအနေဖြင့် အကျိုးဆက်များဖြစ်စေသောဗိုင်းရပ်စ်ဖြစ်သည့် SARS-CoV-2 ကို တွန်းလှန်နိုင်သော ကာကွယ်ဆေးကို 18 လမပြည့်မီတွင် ရနိုင်ရန်မျှော်မှန်းထားခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ ဧပြီလတွင် အဆင့် I ဘေးကင်းရေးလေ့လာမှုများ၌ ကာကွယ်ဆေးအဖြစ်လျာထားသည့်ဆေးဝါးငါးမျိုး ရှိခဲ့ပါသည်။ COVID-19 ရောဂါကို 2019 ဒီဇင်ဘာလတွင် စတင်တွေ့ရှိခဲ့သည်။ အဓိကဖြစ်ပွားမှုသည် 2020 ခုနှစ်တွင် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့ကာ ကာကွယ်ဆေးဖော်စပ်ရန် သိသာသောရင်းနှီးမြှုပ်နှံမှုနှင့် စူးစမ်းလေ့လာရေးလုပ်ဆောင်ချက်များထံ ဦးတည်စေခဲ့ပါသည်။ များစွာသောအဖွဲ့အစည်းများသည် SARS-CoV-2 ကိုတွန်းလှန်နိုင်သော ဖြစ်နိုင်ချေရှိသည့် ကာကွယ်ဆေးကိုဖော်စပ်ရန် ထုတ်ဝေထားသောမျိုးပွားပစ္စည်းများကို အသုံးပြုနေကြပါသည်။ ကာကွယ်ဆေးထုတ်လုပ်မှုအတွက် CEPI ၏ အလွန်အရေးကြီးသော ပဏာမခြေလှမ်းကို အရှိန်အဟုန်ဖြင့်၊ ထုတ်လုပ်နိုင်စွမ်း၊ စကေးကိုလက်တွေ့အသုံးချမှုနှင့် ကမ္ဘာတစ်ဝှမ်းတွင်အသုံးပြုနိုင်ခွင့်တို့ဖြင့် လုပ်ဆောင်နေသည်ဟု ဧပြီလတွင် အတည်တကျထုတ်ပြန်ခဲ့ပါသည်။ ဧပြီလတွင်၊ CEPI သိပ္ပံပညာရှင်များသည် COVID-19 ကိုတွန်းလှန်နိုင်သော ထိရောက်သည့်ကာကွယ်ဆေးကိုဖန်တီးရန် 2020 ခုနှစ်အစောပိုင်းအတွင်းပြုလုပ်ခဲ့သော စူးစမ်းလေ့လာမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများအရ မတူညီသော နည်းပညာပလက်ဖောင်း 10 ခုရှိခဲ့သည်ဟု သတင်းပို့ထားပါသည်။ အဆင့် I ဘေးကင်းရေးလေ့လာမှုများထံ တက်လှမ်းသွားသော အဓိကပလက်ဖောင်းရည်စူးချက်များတွင် ပါဝင်သည်များမှာ- နျူကလစ်အက်ဆစ် (DNA နှင့် RNA) (အဆင့် I ဆောင်ရွက်သူနှင့် ကာကွယ်ဆေးအဖြစ် လျာထားသည့်ဆေးဝါး- Moderna၊ mRNA-1273) ဗိုင်းရပ်စ်နှင့်ဆိုင်သော ဖော်ပြသည့်ပမာဏ (အဆင့် I အကောင်အထည်ဖော်သူနှင့် ကာကွယ်ဆေးအဖြစ် လျာထားသည့်ဆေးဝါး- CanSino Biologics၊ အဒီနိုဗိုင်းရပ်စ်အမျိုးအစား 5 ဖော်ပြသည့်ပမာဏ) ဧပြီလအတွင်းက CEPI သိပ္ပံပညာရှင်များ၏ သတင်းပို့ချက်အရ အသက်ဝင်လုပ်ဆောင်နေဆဲ အတည်ပြုပရောဂျက် 78 ခု (Milken တက္ကသိုလ်အဆိုအရ 79 ခု) နှင့် ကြေညာချက်ထုတ်ထားသော်လည်း အများပြည်သူသိရှိနိုင်ရန် အချက်အလက်ထုတ်ပြန်မှု နည်းသေးသည့် ပရောဂျက် 37 ခု (အစီအစဉ်ရေးဆွဲမှု သို့မဟုတ် ဒီဇိုင်းထုတ်ပြီးသည့်အဆင့်တွင် ရှိနေပြီဟု ယူဆနိုင်သည်) တို့နှင့်အတူ ဆေးသစ်စုစုပေါင်း 115 မျိုးသည် အစောပိုင်းထုတ်လုပ်မှုအဆင့်များတွင် ရှိနေပြီးသည်ဟု သိရှိရသည်။ ပို၍တိကျကာ သက်ရောက်မှုရှိသော ဆေးများကို ဆုံးဖြတ်စဉ်တွင် အဆင့် I-II စမ်းသပ်မှုသည် အစမ်းကြိုလုပ်သော ဘေးကင်းရေးနှင့် ရောဂါကုသခြင်းဆိုင်ရာ စမ်းသပ်ခြင်းကို လုပ်ဆောင်ပြီး၊ ၎င်းမှာ ရမ်းသမ်းပြုလုပ်သော အာနိသင်မရှိသော ဆေးလုံးအတု ထိန်းချုပ်မှုနှင့် နေရာမျိုးစုံတွင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အကောင်းဆုံးသောဆေးပမာဏတွင် ဆိုးကျိုးပေးသောသက်ရောက်မှုများအား စောင့်ကြည့်စဉ်တွင် အဆင့် III စမ်းသပ်မှုများ၌ ထိန်းချုပ်အုပ်စု၊ နှင့် ရောဂါကိုတားဆီးရန်ဖြစ်သော ကာကွယ်ဆေး၏ထိရောက်မှုကိုစမ်းသပ်ခြင်းတို့အပါအဝင်၊ ပိုများသောပါဝင်သူများ ပါဝင်ပါသည်။ လက်ရှိတီထွင်ထုတ်လုပ်လျက်ရှိသော လျာထားသည့် ကာကွယ်ဆေး 79 ခုအနက် (2020 ပြည့်နှစ် ဧပြီလ အစောပိုင်းတွင် အတည်ပြုခဲ့သည်) 74 ခုသည် ယခုအထိ လူတွင်မစမ်းသပ်ရသေးပါ (“အကြိုစမ်းသပ်မှု” သုတေသန ပြုလုပ်နေဆဲသာဖြစ်သည်)။ 2020 ခုနှစ် ဇန်နဝါရီလ 24 ရက်ဝန်းကျင်ခန့်တွင် ဩစတေးလျနိုင်ငံရှိ Queensland တက္ကသိုလ်က ကိုယ်ခံအား တုံ့ပြန်မှုကို လှုံ့ဆော်ပေးရန်အလို့ငှာ ဗိုင်းရပ်စ်၏ ပရိုတိန်းများကို မျိုးရိုးဗီဇအရ ပြင်ဆင်ပေးမည့် molecular clamp ကာကွယ်ဆေး၏ ဖြစ်နိုင်ခြေကို စူးစမ်းလေ့လာနေကြောင်း ကြေညာခဲ့သည်။ ကနေဒါနိုင်ငံတွင် 2020 ပြည့်နှစ် ဇန်နဝါရီလ 24 ရက်ခန့်က Saskatchewan တက္ကသိုလ်ရှိ အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေး စင်တာ (VIDO-InterVac) က 2021 ခုနှစ်တွင် လူသားများတွင် စတင်စမ်းသပ်နိုင်ရန် ရည်ရွယ်ထားသည့် ကာကွယ်ဆေး ထုတ်လုပ်မှုကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းကို ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကာကွယ်ဆေး ထုတ်လုပ်ရေး ပရောဂျက်များကို 2020 ခုနှစ် ဇန်နဝါရီလ 26 ရက်တွင် တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေး စင်တာ၌၊ ဇန်နဝါရီလ 28 ရက်တွင် ဟောင်ကောင်တက္ကသိုလ်တို့၌ ထုတ်ပြန်ကြေညာခဲ့ကြသည်။ 2020 ခုနှစ် ဇန်နဝါရီလ 29 ရက်ဝန်းကျင်တွင်၊ Hanneke Schuitemaker ဦးဆောင်သော Janssen ဆေးဝါးဆိုင်ရာကုမ္ပဏီများသည် ၎င်းတို့အနေဖြင့် ကာကွယ်ဆေးဖော်စပ်ရန် စတင်လုပ်ဆောင်နေသည်ဟု ကြေညာခဲ့ပါသည်။ Janssen သည် ၎င်း၏ ဇီဝနည်းပညာ လက်တွဲလုပ်ကိုင်သူ Vaxart နှင့် ပူးပေါင်း၍ ကာကွယ်ဆေး သောက်ဆေးကို ပူးပေါင်းဖန်တီးနေပါသည်။ 2020 ပြည့်နှစ် မတ်လ 18 ရက်နေ့တွင် Emergent BioSolutions ကုမ္ပဏီသည် ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် Vaxart ကုမ္ပဏီနှင့် ထုတ်လုပ်ရေးမိတ်ဖက်အဖြစ်ပူးပေါင်းကြောင်း ကြေညာခဲ့သည်။ 2020 ခုနှစ်၊ ဖေဖေါ်ဝါရီလ 8 ရက်တွင် ရိုမေးနီးယားနိုင်ငံရှိ OncoGen ဓာတ်ခွဲခန်းက cancer neoantigen ကာကွယ်ဆေး ကုထုံးအတွက် အသုံးပြုသည့် နည်းပညာနှင့် ဆင်တူသော နည်းပညာဖြင့် ကာကွယ်ဆေး ဖော်စပ်ပုံအတွက် စာတမ်းကို ထုတ်ပြန်ခဲ့သည်။ မတ်လ 25 ရက်နေ့တွင်၊ စူးစမ်းလေ့လာရေးအဖွဲ့အစည်း၏ ဦးဆောင်သူမှ ၎င်းတို့သည် ကာကွယ်ဆေး၏ စုပေါင်းမှုကို အပြီးသတ်နေပြီးဖြစ်ကာ စမ်းသပ်မှုများကို စတင်နေပြီဖြစ်သည်ဟု ကြေညာခဲ့ပါသည်။ 2020 ခုနှစ်၊ ဖေဖော်ဝါရီလ 27 ရက်နေ့တွင်၊ Generex လက်အောက်ခံကုမ္ပဏီ၊ NuGenerex Immuno-Oncology၊ သည် ၎င်းတို့အနေဖြင့် COVID-19 ကိုတွန်းလှန်နိုင်သောကာကွယ်ဆေးဖြစ်သည့် Ii-Key ဒြပ်ပေါင်းကိုဖန်တီးရန် ကာကွယ်ဆေးပရောဂျက်တစ်ခုကို စတင်နေသည်ဟု ကြေညာခဲ့ပါသည်။ ၎င်းတို့အနေဖြင့် “ရက် 90” အတွင်း လူသားများတွင် စမ်းသပ်နိုင်မည့် ကုသဆေးတစ်မျိုးကို ထုတ်လုပ်လိုကြသည်။ 2020 ခုနှစ် မတ်လ 5 ရက်နေ့တွင်၊ စိန့်လူးဝစ်ရှိ ဝါရှင်တန်တက္ကသိုလ်သည် ကာကွယ်ဆေးဖော်စပ်ရန် ၎င်းတို့၏ပရောဂျက်များကို ကြေညာခဲ့ပါသည်။ 2020 ပြည့်နှစ် မတ်လ 5 ရက်နေ့တွင် အနောက်ဘက် Marylandရှိ Fort Detrick ရှိ အမေရိကန် စစ်တပ် ဆေးဘက်ဆိုင်ရာ သုတေသနနှင့်ပစ္စည်းများ ထိန်းချုပ်ဌာနနှင့် Silver Springရှိ Walter Reed စစ်တပ် သုတေသန တက္ကသိုလ်တို့သည် ကာကွယ်ဆေးထုတ်ဖော်နိုင်ရန် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။ 2020 ပြည့်နှစ် မတ်လ 10 ရက်ခန့်က Emergent Biosolutions ကုမ္ပဏီသည် Novavax Inc နှင့် ပူးပေါင်းကြောင်း ကြေညာခဲ့သည်။ ကာကွယ်ဆေး အကောင်အထည်ဖော်ထုတ်လုပ်မှုတွင်။ မိတ်ဖက်သုတေသနအဖွဲ့များသည် 2020 ပြည့်နှစ် ဇူလိုင်လ တွင်ပြုလုပ်မည့် အကြိုကုသမှု စမ်းသပ်ခြင်းနှင့် အဆင့် I စမ်းသပ်ကုသမှုတို့အတွက် အစီအစဉ်များကိုလည်း ဆက်လက် ထုတ်ပြန်ခဲ့သည်။ 2020 ပြည့်နှစ် မတ်လ 12 ရက်နေ့တွင် အိန္ဒိယနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနသည် ၎င်းတို့သည် သီးခြားအဖွဲ့အစည်း 11 ခုနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး အမြန်ဆုံး ဆောင်ရွက်နိုင်မည် ဆိုလျှင်ပင် ကာကွယ်ဆေးပေါ်ထွက်လာရန်အတွက် တစ်နှစ်ခွဲမှ နှစ်နှစ်အထိ ကြာမြင့်လိမ့်မည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။ 2020 ပြည့်နှစ် မတ်လ 12 ရက်နေ့တွင် Quebec ပြည်နယ်၊ Quebec မြို့တော်ရှိ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Medicago ကုမ္ပဏီသည် ကျန်းမာရေးသုတေသနဆိုင်ရာ ကနေဒါ တက္ကသိုလ်များ၏ တစ်စိတ်တစ်ပိုင်းငွေကြေးထောက်ပံ့မှုဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် တူသော အမှုန်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်ခဲ့ပါသည်။ 2020 ခုနှစ် ဇူလိုင်လ သို့မဟုတ် သြဂုတ်လအတွက် လူသားများတွင်စမ်းသပ်ရန် စီစဉ်ထားမှုဖြင့် ကာကွယ်ဆေးအဖြစ် လျာထားသည့်ဆေးမှာ ဓာတ်ခွဲစမ်းသပ်လေ့လာမှုတွင် ရှိနေပါသည်။ "ယင်းအပတ်အစောပိုင်းတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် Covid-19 ကာကွယ်ဆေး အများအပြား ရနိုင်ရန်အတွက် CureVac အား ""ငွေအမြောက်အများ"" ပေးအပ်ခဲ့ပြီး ယင်းအား ဂျာမန် အစိုးရက ကန့်ကွက်ခဲ့ကြောင်းကို The Guardian က သတင်းပေးပို့ခဲ့သည်။" 2020 ပြည့်နှစ် မတ်လ 17 ရက်နေ့တွင် အမေရိကန် ဆေးဝါးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Pfizer က mRNA အခြေပြု ကာကွယ်ဆေးကို ပူးပေါင်းထုတ်လုပ်ရန်အတွက် ဂျာမန် ကုမ္ပဏီ BioNTech နှင့် ပူးပေါင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ လက်ရှိတွင် ဆေးကုသမှုဆိုင်ရာစမ်းသပ်ချက်များနှင့်ပတ်သက်သော အကြို-ဆေးကုသမှုဆိုင်ရာစမ်းသပ်ခြင်းတွင်ရှိနေသည့် mRNA-ကိုအခြေခံသော ကာကွယ်ဆေးအဖြစ် လျာထားသည့်ဆေးဝါး BNT162 အား 2020 ခုနှစ် ဧပြီလတွင် စတင်ရန် မျှော်မှန်းထားခဲ့ပါသည်။ အီတလီနိုင်ငံ၌ အီတလီဇီဝနည်းပညာကုမ္ပဏီ Takis Biotech မှ သူတို့၏ အကြို လက်တွေ့စမ်းသပ်မှုရလဒ်များကို 2020 ခုနှစ် ဧပြီလတွင် ရရှိလိမ့်မည်ဖြစ်ပြီး သူတို့၏ နောက်ဆုံး ကာကွယ်ဆေး စမ်းသပ်မှုအား လူဖြင့် စမ်းသပ်ခြင်းကို ဆောင်းဦးရာသီတွင် စတင်နိုင်သည်ဟု 2020 ခုနှစ် မတ်လ 17 ရက်နေ့တွင် ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံတွင် 2020 ပြည့်နှစ် မတ်လ 19 ရက်နေ့၌ ကူးစက်ရောဂါအတွက် ကြိုတင်ပြင်ဆင်ရေး တီထွင်ဖန်တီးမှုများဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (CEPI) သည် Institut Pasteur၊ Themis Bioscience (ဗီယင်နာ၊ သြစတြီးယား) နှင့် Pittsburgh တက္ကသိုလ်တို့ ပေါင်းစပ်ပါဝင်သော COVID-19 ကာကွယ်ဆေး သုတေသနအဖွဲ့တွင် အမေရိကန်ဒေါ်လာ 4.9 သန်း ရင်းနှီးမြှုပ်နှံရန် ကြေညာခဲ့သည်။ COVID-19 ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှုတွင် CEPI ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ 29 သန်းအထိ ရှိလာခဲ့ပြီ ဖြစ်သည်။ CEPI ၏ COVID-19 ဖော်ဆောင်မှုအတွက် အခြားသော ရင်းနှီးမြှုပ်နှံရေးပါတနာများမှာ Moderna၊ Curevac၊ Inovio၊ Novavax၊ ဟောင်ကောင်တက္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်နှင့် ကွင်းစ်လန်းတက္ကသိုလ်တို့ ဖြစ်ပါသည်။ 2020 ပြည့်နှစ် မတ်လ 20 တွင် ရုရှားကျန်းမာရေးဆိုင်ရာ အရာရှိများက သိပ္ပံပညာရှင်များအနေဖြင့် မတူညီသည့် ကာကွယ်ဆေးသစ် ခြောက်မျိုးကို တိရစ္ဆာန်များတွင် စတင်စမ်းသပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Imperial College London စူးစမ်းလေ့လာသူများသည် ၎င်းတို့သည် COVID-19 အတွက် ကိုယ်တိုင်ချဲ့ထွင်ထားသော RNA ကာကွယ်ဆေးကို ဖော်ဆောင်နေကြောင်း 2020 ခုနှစ် မတ်လ 20 ရက်နေ့တွင် ကြေညာခဲ့ပါသည်။ တရုတ်နိုင်ငံမှ ဖြစ်စဉ်ကိုလက်ခံရရှိပြီးနောက် 14 ရက်အတွင်း ကာကွယ်ဆေးအဖြစ် လျာထားသည့်ဆေးဝါးကို ဖော်စပ်ခဲ့ပါသည်။ မတ်လအကုန်ခန့်တွင် ကနေဒါအစိုးရက Medicago နှင့် Saskatchewan တက္ကသိုလ်ကဲ့သို့သော ကနေဒါ ကုမ္ပဏီများနှင့် တက္ကသိုလ်များတွင် ကာကွယ်ဆေးသစ်အမျိုမျိုးထုတ်လုပ်ခြင်း အပါအဝင် COVID-19 ကို တိုက်ထုတ်နိုင်မည့် ဆေးဘက်ဆိုင်ရာနည်းလမ်းများအတွက် သုတေသနပရောဂျက်ပေါင်း 96 ခုအတွက် ရန်ပုံငွေ ကနေဒါဒေါ်လာ 275 မီလီယံ သုံးစွဲမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ကနေဒါအစိုးရအနေဖြင့် အကယ်၍ နောက်ထပ် ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားလာခဲ့ပါက အသုံးပြုနိုင်မည့် ကာကွယ်ဆေးသစ်အမျိုးမျိုး ရှိမည့် အမျိုးသားအဆင့် “ကာကွယ်ဆေးဘဏ်”တစ်ခုကို တည်ဆောက်ရန် အစီအစဉ်နှင့်အတူ COVID-19 ကာကွယ်ဆေးကို ဖော်ထုတ်ရန် သီးသန့်အတွက် ကနေဒါဒေါ်လာ 192 မီလီယံ အသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 2020 ခုနှစ်၊ ဧပြီလ 2 ရက်နေ့တွင်၊ ပစ္စဘတ်တက္ကသိုလ် ဆေးကျောင်းရှိ စူးစမ်းလေ့လာသူများသည် ဖြစ်နိုင်ချေရှိသော COVID-19 ကာကွယ်ဆေးကို ကြွက်များတွင်စမ်းသပ်သော PittCoVacc စမ်းသပ်ခြင်းအကြောင်းကို သတင်းပို့ခဲ့ပြီး၊ “MNA သည် [ကြွက်များတွင်] ကာကွယ်ဆေးထိုးပြီးနောက် 2 ပတ်တွင်စတင်ကာ သိသာထင်ရှားလာခဲ့သော ဖြစ်နိုင်ချေရှိသည့် ရောဂါဖြစ်စေသည့်ပဋိဇီဝဓာတ်-သီးခြား ကာကွယ်ဆေးကို ထုတ်ယူစေနိုင်သည့် SARS-CoV-2 S1 ယူနစ်ခွဲကာကွယ်ဆေးကို ဆောင်ကြဉ်းပေးခဲ့ပါသည်။” ဟု ထုတ်ပြန်ထားပါသည်။ ကနေဒါနိုင်ငံတွင် 2020 ပြည့်နှစ် ဧပြီလ 16 ရက်နေ့တွင် Waterloo ဆေးဝါးပညာကျောင်းတက္ကသိုလ်က နှာခေါင်းတွင်း ဖြန်း၍ ရနိုင်သည့် DNA အခြေပြု ကာကွယ်ဆေးပုံစံသစ်တစ်မျိုး တီထွင်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ Bacteriophage များကို အသုံးပြုရာကာ DNA ကို လူ့ဘက်တီးရီးယားအတွင်း ပွားများအောင် ဒီဇိုင်းရေးဆွဲထားကာ အန္တရာယ်ကင်းသောဗိုင်းရပ်စ်နှင့်တူသော အမှုန်များအား ထုတ်လုပ်ပေးမည် ဖြစ်သည်။ ၎င်းတို့သည် SARS-CoV-2 ဗိုင်းရပ်စ်ကိုတိုက်ထုတ်နိုင်သော ပဋိပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် ကိုယ်ခံစွမ်းအားစနစ်ကိုလှုံ့ဆော်ပေးသည်။ 2020 ခုနှစ် မတ်လတွင်၊ US အစိုးရ၊ စက်မှုလုပ်ငန်း၊ နှင့် တက္ကသိုလ်သုံးခုတို့သည် Hewlett Packard အင်တာပရိုက်၊ Amazon၊ Microsoft၊ နှင့် Google တို့ထံမှ ကလောက်ဒ်တွက်ချက်မှုရင်းမြစ်များနှင့်ပေါင်းစပ်ကာ IBM ထံမှ စူပါကွန်ပြူတာများကိုအသုံးပြုခွင့်ရရန် ရင်းမြစ်များကို စုစည်းခဲ့ပါသည်။ အချို့သောကာကွယ်ဆေးများတွင် အထူးသီးသန့်မဟုတ်သောသက်ရောက်မှုများဟုလည်း ခေါ်ဆိုသည့် ဟီတာရိုလိုဂတ်စ်သက်ရောက်မှုများ ရှိပါသည်။ ၎င်းတို့သည် ၎င်းတို့တားဆီးထားသောရောဂါကို ကျော်လွန်ကာ အကျိုးအမြတ်များရရှိနိုင်သည်ဟု ဆိုလိုပါသည်။ သြစတြေးလျတွင် အခြား ကျပန်း လက်တွေ့စမ်းသပ်မှုက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်း 4,170 ဦးကို စာရင်းသွင်းရန် ကြိုးပမ်းနေပါသည်။ ဖော်စပ်နေသောကာကွယ်ဆေးများသည် ဘေးကင်းမှုမရှိခြင်း သို့မဟုတ် ထိရောက်မှုမရှိခြင်းမျိုး ဖြစ်နိုင်ချေရှိပါသည်။ ACE2-မျိုးပွားယူထားသော ကြွက်များ၊ အခြား ဓါတ်ခွဲခန်းဆိုင် ရာ တိရစ္ဆာန်များနှင့် လူသားမဟုတ်သော ပရိုင်းမိတ်များ ကဲ့သို့သော COVID-19 သီးသန့်စမ်းသပ် တိရစ္ဆာန်မော်ဒယ်များကို အသုံးပြုပြီး ကုသဆေးအစွမ်းကို အကဲဖြတ်သည့် အစောပိုင်း သုတေသနများတွင် သက်ရှိဗိုင်းရပ်စ်များ ကို ကိုင်တွယ်နိုင်ရန်အတွက် ဇီဝလုံခြုံမှု-အဆင့် 3 ရှိသည့် ထိန်းချုပ်ဟန့်တားခြင်းနည်းလမ်းများနှင့် စံချိန်မီ လုံခြုံရေးလုပ်ငန်းစဉ်များဖြစ်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြသခဲ့ပါသည်။ SARS နှင့် MERS ရောဂါ ကာကွယ်ဆေးများကို လူမဟုတ်သော တိရစ္ဆာန်နမူနာများတွင် စမ်းသပ်ထားပါသည်။ 2020 ခုနှစ်တွင်၊ လူများ၌ ဘေးကင်းကာထိရောက်မှုကိုပြသသည့် SARS ရောဂါအတွက် ကုသဆေး သို့မဟုတ် ကြိုတင်ကာကွယ်ဆေး မရှိသေးပါ။ 2005 နှင့် 2006 တွင်ထုတ်ဝေခဲ့သော စူးစမ်းလေ့လာမှုစာတမ်းများအရ၊ SARS ရောဂါကိုကုသရန် နိုဗယ်ကာကွယ်ဆေးများနှင့် ဆေးဝါးများကို ခွဲခြားစစ်ဆေးကာ ဖော်စပ်ရန်မှာ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနှင့် အများပြည်သူဆိုင်ရာ ကျန်းမာရေးအေဂျင်စီများအတွက် ဦးစားပေးသည့်အရာ ဖြစ်ခဲ့ပါသည်။ MERS ကိုတွန်းလှန်နိုင်သော အတည်ပြုထားသည့်ကာကွယ်ဆေးလည်း မရှိသေးပါ။ MERS ပြန့်နှံ့လာသောအချိန်တွင် လက်ရှိ SARS သုတေသနလုပ်ငန်းများသည် MERS-CoV ရောဂါကူးစက်မှုအတွက် ကာကွယ်ဆေးများနှင့် ကုထုံးများ ရှာဖွေရာတွင် အသုံးဝင်လာလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ 2020 ခုနှစ် မတ်လတွင် (DNA အခြေပြု) MERS ကာကွယ်ဆေး တစ်မျိုးသည် လူများတွင် စမ်းသပ်သည့် အဆင့် I ဆေးဝါးလက်တွေ့စမ်းသပ်မှုများ ပြီးစီးခဲ့ပြီး တခြားသုံးမျိုးမှာ စမ်းသပ်ဆဲဖြစ်ကာ ထိုဆေးအားလုံးသည် viral-vectored ကာကွယ်ဆေးများဖြစ်ကြပြီး ၎င်းတို့မှာ adenoviral-vectored ဆေးနှစ်မျိုး (ChAdOx1-MERS၊ BVRS-GamVac) နှင့် MVA-vectored (MVA-MERS-S) တို့ ဖြစ်ကြသည်။ COVID-19 နောက်ကွယ်မှ ဗိုင်းရပ်စ်ကိုသိထားပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးလည်း ရှိနှင့်ပြီးသားဖြစ်ကြောင်း အခိုင်အမာဆိုသော ပူးပေါင်းကြံစည်မှု အယူအဆအလွဲတစ်ခုကို ဆိုရှယ်မီဒီယာပို့စ်များက ဇောင်းပေးဖော်ပြခဲ့ကြပါသည်။ အမျိုးမျိုးသောဆိုရှယ်မီဒီယာပို့စ်များဖြင့် အထောက်အထားပြထားသော မူပိုင်ခွင့်များသည် SARS ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့သော အခြားကိုရိုနာဗိုင်းရပ်စ်ဗီဇများအတွက် မျိုးဗီဇဆိုင်ရာအကျိုးဆက်များနှင့် ကာကွယ်ဆေးများအတွက် လက်ရှိရှိနေသောမူပိုင်ခွင့်များကို ကိုးကားထားပါသည်။ b'ကိုရိုနာဗိုင်းရပ်စ်များသည် နို့တိုက်သတ္တဝါများနှင့် ငှက်များတွင် ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်များနှင့်ဆက်စပ်နေသည့်အုပ်စုဖြစ်ပါသည်။ လူသားများတွင်၊ ကိုရိုနာဗိုင်းရပ်စ်များသည် မပြင်းထန်သည့်အဆင့်မှသည် သေစေနိုင်သောအဆင့်အထိဖြစ်နိုင်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကို ဖြစ်စေပါသည်။ မပြင်းထန်သောဖျားနာမှုများတွင် (အခြားသော ဖြစ်နိုင်ချေရှိသည့်အကြောင်းရင်းများ၊ အဓိကအားဖြင့် ကြံ့ဗိုင်းရပ်စ်ပါဝင်သော) သာမန်အအေးမိခြင်းဖြစ်စဉ်အချို့ပါဝင်ပြီး သေဆုံးနိုင်ခြေများသော ရောဂါအမျိုးအစားများသည် SARS၊ MERS၊ နှင့် COVID-19 တို့ကို ဖြစ်စေနိုင်ပါသည်။ အခြားသောမျိုးစိတ်များတွင် ရောဂါလက္ခဏာများမှာ ကွဲပြားပါသည်- ကြက်များတွင်၊ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာရောဂါ ဖြစ်ပွားပြီး၊ နွားများနှင့်ဝက်များတွင် ဝမ်းလျှောခြင်း ဖြစ်ပွားပါသည်။ လူသားကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို တားဆီးရန် သို့မဟုတ် ကုသရန် ကာကွယ်ဆေးများ သို့မဟုတ် ပဋိဇီဝဆေးဝါးများ မရှိသေးပါ။ ကိုရိုနာဗိုင်းရပ်စ်များကို ကိုရိုနာဗီရီဒေး၊ အော်ဒါ နီဒိုဗိုင်ရေးလ်၊ နှင့် ရီလမ် ရီဘိုဗီရီးယားမိသားစုရှိ မိသားစုခွဲဖြစ်သော အော်သိုကိုရိုနာဗီရီနေးဖြင့် ဖွဲ့စည်းထားပါသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော တစ်မျှင်တည်းဖြစ်သည့် RNA မျိုးပွားပစ္စည်းနှင့် ဝက်အူရစ်ပုံခေါက်ချိုးညီမှုရှိသော နျူကလီရိုကပ်ဆစ်ဒ်နှင့်ပတ်သက်သော အလွှာပါးပါရှိသည့်ဗိုင်းရပ်စ်များ ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်များ၏ မျိုးဗီဇအရွယ်အစားသည် ခန့်မှန်းချေ 26 မှ 32 ကီလိုဘေ့စ်အထိရှိပြီး RNA ဗိုင်းရပ်စ်များကြားတွင် အကြီးဆုံးသောဗိုင်းရပ်စ်များထဲမှ တစ်မျိုးဖြစ်ပါသည်။ ၎င်းတို့၏ မျက်နှာပြင်မှ ထိုးထွက်နေသော တင်းပုတ်ပုံစံ ဆူးချွန်များရှိပြီး အီလက်ထရွန် မိုက်ခရိုဂရပ်များဖြင့် ကြည့်ပါက ၎င်းတို့၏ အမည် ဆင်းသက်လာသည့် ဆိုလာ ကိုရိုနာ ပုံနှင့် ဆင်တူသည်။ 1930 ပြည့်နှစ်များအတွင်း အိမ်မွေးကြက်များ၏ ရုတ်တရက်ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါသည် ပိုးကူးစက်နိုင်သော ချောင်းဆိုးရင်ကျပ်နာ ဗိုင်းရပ်စ် (IBV) ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ကို သိရှိခဲ့သည့်အချိန်တွင် ကိုရိုနာဗိုင်းရပ်စ်များကို ပထမဆုံး စတင် တွေ့ရှိခဲ့သည့် အချိန်ဖြစ်ပါသည်။ 1940s တွင် နောက်ထပ် တိရစ္ဆာန်ကိုရိုနာဗိုင်းရပ်စ်နှစ်မျိုးဖြစ်သော၊ ကြွက် အသဲရောင်ရောဂါဗိုင်းရပ်စ် (MHV) နှင့် ကူးစက်ပျံ့ပွားနိုင်သော အစာအိမ်အူရောင်ရမ်းနာ ဗိုင်းရပ်စ် (TGEV) တို့ကို သီးခြားခွဲထားခဲ့ပါသည်။ လူသားများတွင်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်များကို 1960s တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ လေ့လာခဲ့သော အစောဆုံးအရာများမှာ နောက်ပိုင်းတွင် လူသားကိုရိုနာဗိုင်းရပ်စ် 229E နှင့် လူသားကိုရိုနာဗိုင်းရပ်စ် OC43 ဟု အမည်ပေးခဲ့သော အဖြစ်များသည့်အအေးမိခြင်းဖြစ်နေသော လူသားလူနာများထံမှ ဖြစ်ပါသည်။ ၎င်းတို့သည် လန်ဒန်ရှိ စိန့်သောမက်စ်ဆေးရှိမှ စကော့တလန်လူမျိုး ဗိုင်းရပ်စ်ပညာရှင် June Almeida မှ ပုံဖော်ထားသော ပထမဆုံးပုံများဖြစ်ပါသည်။ လူတွင် ဖြစ်ပွားကူးစက်သည့် အခြားသော ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားများဖြစ်သော SARS-CoV ကို 2003 ခုနှစ်တွင်လည်းကောင်း၊ HCoV NL63 ကို 2004 ခုနှစ်တွင်လည်းကောင်း၊ HKU1 ကို 2005 ခုနှစ်တွင်လည်းကောင်း၊ MERS-CoV ကို 2012 ခုနှစ်တွင်လည်းကောင်း၊ SARS-CoV-2 ကို 2019 ခုနှစ်တွင်လည်းကောင်း အသီးသီး ဖော်ထုတ်တွေ့ရှိခဲ့ပြီးဖြစ်သည်။ ထိုအရာအများစုတွင် ပြင်းထန်သော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုများ ပါဝင်ပါသည်။ ထိုအမည်ကို 1968 ခုနှစ်တွင် အလွတ်တမ်း ဗိုင်းရပ်စ်ဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က Nature ဂျာနယ်တွင် ပထမဆုံး စတင် အသုံးပြုခဲ့ပြီး ဗိုင်းရပ်စ်မျိုးစိတ် အသစ်တစ်ရပ်အား မှတ်တမ်းတင်ရန် သတ်မှတ်ခဲ့သည်။ အမည်သည် ခရောင်း သို့မဟုတ် ဆိုလာကိုရိုနာ၏ သက်ဆိုင်သောပုံရိပ်ကိုဖန်တီးသည့် ပန်းဖွားကဲ့သို့ကြီးမားကာ အချွန်များထိုးထွက်နေသော ဥလုံးပုံမျက်နှာပြင်ရှိသည့်ပုံစံရှိကြောင်းကို အလွန်သေးငယ်သောအဏုကြည့်ပုံစံဖြင့် ဗိုင်းရပ်စ်များ၏ စရိုက်လက္ခဏာပုံစံ (ဗိုင်းရပ်စ်၏ ရောဂါကူးစက်မှုပုံစံ) အား ကိုးကားပါသည်။ ဤရုပ်သွင်ဖွဲ့စည်းပုံကို ဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်ရှိ ပရိုတိန်းများဖြစ်သည့် ဗိုင်းရပ်စ် ဆူးချွန် ပပ်ပလိုမာများဖြင့် ဖန်တီးထားသည်။ ကိုရိုနာဗိုင်းရပ်စ်များသည် အစူးများထိုးထွက်နေသော ဥလုံးပုံမျက်နှာပြင်ပါရှိသည့် ကြီးမားသော စက်လုံးပုံအရွယ်အစားရှိသည့် အမှုန်များဖြစ်ပါသည်။ အီလက်ထရွန်မိုက်ခရိုဂရပ်ဖ်များတွင် တွေ့မြင်ရသော ဗိုင်းရပ်စ်၏ အကာခွံမှာ ထင်ရှားပြတ်သားသည့် အီလက်ထရွန် အခွံထူထူတစ်စုံပုံပေါ်နေပါသည်။ ဗိုင်းရပ်စ်အခွံကို အမြှေးပါး(M)၊ အခွံ(E)နှင့် ဆူးချွန်(S)ပုံစံ အသားဓာတ်များ ချိတ်ဆက်ပါဝင်နေသည့် လစ်ပစ် မော်လီကျူးနှစ်လွှာဖြင့် ဖွဲ့စည်းထားပါသည်။ အဆီ မော်လီကျူးနှစ်လွှာပါ အခွံ၊ ပရိုတိန်းအမှေးပါးနှင့် နူဆလီယိုကပ်ဆစ်တို့သည် လက်ခံကောင်ဆဲလ်၏ ပြင်ပတွင် ဗိုင်းရပ်စ် ရှိနေသည့်အချိန်တွင် ဗိုင်းရပ်စ်ကို အကာအကွယ်ပေးထားသည်။ ကိုရိုနာဗိုင်းရပ်စ်များတွင် အပြုသဘောဆောင်သည့် တစ်မျှင်တည်းဖြစ်သော RNA မျိုးပွားပစ္စည်းပါဝင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်အတွက် မျိုးပွားပစ္စည်းအရွယ်အစားသည် 26.4 မှ 31.7 ကီလိုဘေ့စ်ဖြစ်ပါသည်။ မျိုးပွားပစ္စည်းအရွယ်အစားမှာ RNA ဗိုင်းရပ်စ်များကြားရှိ အကြီးဆုံးသောအရာများထဲမှတစ်ခု ဖြစ်ပါသည်။ မျိုးပွားပစ္စည်း၏ ပထမဆုံး သုံးပုံနှစ်ပုံကို သိမ်းယူလိုက်သော ပွင့်လင်းသည့်ဖတ်ရှုမှုဘောင် 1a နှင့် 1b တို့သည် ပုံတူ/ကူးယူမှု၏ ပေါ်လီပရိုတိန်းကို ထည့်သွင်းပေးပါသည်။ ပုံတူ/ကူးယူထားသော ပေါ်လီပရိုတိန်းသည် တည်ဆောက်ပုံမရှိသောပရိုတိန်းများဖွဲ့စည်းရန် ၎င်းဘာသာ ပူးတွဲပါသည်။ နောက်ပိုင်းတွင်ဖတ်ရှုထားသောဖရိန်များသည် အဓိကတည်ဆောက်ပုံဆိုင်ရာပရိုတိန်းလေးမျိုးကို ထည့်ပေးပါသည်- ဆူး၊ အလွှာပါး၊ အမြှေးပါး၊ နှင့် နျူကလီရိုကပ်ဆစ်ဒ်။ ထိုသို့သောဖတ်ရှုမှုဘောင်များအတွင်းတွင်ပါဝင်နေသည်များမှာ ဆက်စပ်ပရိုတိန်းများအတွက် ဖတ်ရှုမှုဘောင်များဖြစ်ပါသည်။ ဆက်စပ် ပရိုတင်းများ၏ အရေအတွက်နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား အပေါ် မူတည်၍ ကွဲပြားမှု ရှိပါသည်။ ဗိုင်းရပ်စ်နှင့်ဆိုင်သော ဆူးချွန် (S) ဂလိုက်ကို ပရိုတိန်းသည် ၎င်း၏ ပြီးပြည့်စုံသော လက်ခံကလာပ်စည်း လက်ခံကောင်တွင် တွယ်ချိတ်သွားသည့်အခါ ကူးစက်မှု စတင်ပါသည်။ ချိတ်တွယ်ပြီးသည့်နောက် လက်ခံဆဲလ်မှ Protease အင်ဇိုင်းသည် လက်ခံမည့်နေရာတွင် တွဲထားသော ဆူးချွန် သဏ္ဍာန်ရှိ ပရိုတင်းကို ဖြတ်ပြီး လုပ်ငန်းစတင်စေသည်။ လက်ခံကောင်၏ဆဲလ်မှ ပရိုတိန်းပြိုကွဲနိုင်မှုအပေါ်မူတည်၍ တိုက်ထုတ်ခြေဖျက်ခြင်းနှင့် ပြိုကွဲခြင်းသည် ဗိုင်းရပ်စ်ကို အမြှေးပါးမှတစ်ဆင့် လက်ခံကောင်ဆဲလ်အတွင်းသို့ တိုးဝင်ခြင်း သို့မဟုတ် လက်ခံကောင် အမြှေးပါးနှင့် ဗိုင်းရပ်စ်အခွံလွှာနှင့် တိုက်ရိုက်ပေါင်းစပ်စေလိုက်သည်။ လက်ခံကောင်ဆဲလ်အတွင်းသို့ ဝင်ရောက်ရာလမ်းကြောင်းတွင် ဗိုင်းရပ်စ်ပါအမှုန်တွင် အဖုံးအကာ မရှိတော့ဘဲ ၎င်း၏ မျိုးရိုးရင်းမြစ်သည် ဆဲလ် ဆိုက်တိုပလပ်ဇမ်တွင်းသို့ ဝင်ရောက်သွားသည်။ ရီဘိုဆန်းလက်ခံကောင်သည် ဗိုင်းရပ်စ်မျိုးပွားပစ္စည်း၏ အစပိုင်းတွင်ထပ်နေသော လွတ်လပ်စွာကြည့်ရှုနိုင်သည့်ဘောင်ကို ဘာသာပြန်ဆိုကာ ရှည်လျားသော ပေါ်လီပရိုတိန်းကို ဖွဲ့စည်းပါသည်။ ပေါ်လီပရိုတိန်းတွင် များစွာသော တည်ဆောက်ပုံမရှိသည့်ပရိုတိန်းများအတွင်းသို့ ပေါ်လီပရိုတိန်းကို ပူးတွဲစေသော ၎င်း၏ကိုယ်ပိုင် ပရိုတိစ်အန်ဇိုင်းများ ရှိပါသည်။ nonstructural proteins coalesce များစွာတို့ဖြင့် multi-protein replicase-transcriptase complex(RTC) ကို ဖွဲ့စည်းထားသည်။ အဓိက ပုံတူပွားထားသော-ကူးယူထားသည့် ပရိုတိန်းမှာ RNA-ကိုမှီခိုသော RNA ပေါ်လီမီရေ့စ် (RdRp) ဖြစ်ပါသည်။ ၎င်းသည် RNA အမျှင်ထံမှ RNA ပုံတူကူးခြင်းနှင့် ကူးယူခြင်းတွင် တိုက်ရိုက်ပါဝင်နေပါသည်။ စုပေါင်းတည်ရှိသောနေရာရှိ အခြားသော ဖွဲ့စည်းပုံမရှိသည့်ပရိုတိန်းများသည် ပုံတူပွားခြင်းနှင့် ကူးယူခြင်းလုပ်ငန်းစဉ်တွင် ကူညီပေးပါသည်။ သာဓကအားဖြင့်၊ အိတ်ဇိုရီဘိုနျူကလိစ် တည်ဆောက်ပုံမရှိသော ပရိုတိန်းသည် RNA-ကိုမှီခိုသော RNA ပေါ်လီမီရော့စ်ကင်းမဲ့နေသည့် လုပ်ဆောင်ချက်များကို စိစစ်ပြင်ဆင်ပေးမှုအား ဆောင်ရွက်ပေးခြင်းဖြင့် ပုံတူပွားခြင်းတွင် ပိုမိုသော တိကျမှန်ကန်မှုကို ဖြည့်ဆည်းပေးပါသည်။ စုပေါင်းတည်ရှိမှု၏ အဓိကလုပ်ဆောင်ချက်များအနက်မှ တစ်ခုမှာ ဗိုင်းရပ်စ်နှင့်ဆိုင်သော မျိုးပွားပစ္စည်းကို ပုံတူပွားရန်ဖြစ်ပါသည်။ RdRp သည် အပြုသဘောဆောင်သော မျိုးပွားပစ္စည်း RNA ထံမှ အဆိုးသဘောဆောင်သော မျိုးပွားပစ္စည်း RNA ၏ စုပေါင်းမှုကို တိုက်ရိုက် ဆက်သွယ်ပုံဖော်ပေးပါသည်။ ၎င်းသည် အဆိုးသဘောဆောင်သော မျိုးပွားပစ္စည်း RNA ထံမှ အပြုသဘောဆောင်သော မျိုးပွားပစ္စည်း RNA ၏ ပုံတူကူးခြင်းအတိုင်း ဖြစ်ပါသည်။ စုပေါင်းတည်ရှိမှု၏ အခြားသောအရေးကြီးလုပ်ဆောင်ချက်မှာ ဗိုင်းရပ်စ်နှင့်ဆိုင်သော မျိုးပွားပစ္စည်းကို မှတ်တမ်းပြုရန်ဖြစ်ပါသည်။ RdRp သည် အပြုသဘောဆောင်သော မျိုးပွားပစ္စည်း RNA ထံမှ အဆိုးသဘောဆောင်သော မျိုးပွားပစ္စည်းအခွဲ RNA မော်လီကျူးများ၏ စုပေါင်းမှုကို တိုက်ရိုက် ဆက်သွယ်ပုံဖော်ပေးပါသည်။ ဤသည်မှာ အဆိုပါ နက်ဂတစ်-အာရုံရှိသော ဗီဇခွဲ RNA မော်လီကျူးများကို ၎င်းတို့နှင့် သက်ဆိုင်ရာ ပေါ့ဇစ်တစ်-အာရုံရှိသော mRNA များနှင့် ပေါင်းစပ်ဇစ်မြစ်လိုက်ရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ပုံတူပွားထားသော အပြုသဘောဆောင်သည့် မျိုးပွားပစ္စည်း RNA သည် ဗိုင်းရပ်စ်ပေါက်များ၏ မျိုးပွားပစ္စည်းဖြစ်လာပါသည်။ mRNAs သည် ကနဦး ဖတ်ရှုမှုဘောင်ထပ်ခြင်းပြီးဆုံးသည့်နောက် ဗိုင်းရပ်စ်မျိုးပွားပစ္စည်း၏ တတိယမြောက်နောက်ဆုံးအရာ၏ မျိုးပွားပစ္စည်းကူးယူမှုများ ဖြစ်ပါသည်။ ဤ mRNA များကို လက်ခံသူ၏ ရိုင်ဗိုဆုမ်းဖြင့် structural protein များနှင့် accessory protein များစွာတို့အဖြစ်သို့ ပြောင်းလဲပေးပါသည်။ ဆဲလ်အတွင်းရှိ တွန့်ခေါက်နေသော အလွှာပါး (Endoplasmic Reticulum) အတွင်းတွင် RNA ကူးပြောင်းခြင်း ဖြစ်ပွားသည်။ ဗိုင်းရပ်စ်ဖွဲ့စည်းပုံဆိုင်ရာပရိုတိန်း S၊ E၊ နှင့် M တို့သည် ဂေါ်လ်ဂီ ကြားခံအခန်းအတွင်းသို့ လျို့ဝှက်လမ်းကြောင်းအတိုင်း ရွေ့သွားပါသည်။ ထို့ကြောင့် M ပရိုတိန်းများက nucleocapsidနှင့် ၎င်း၏ ပေါင်းစပ်မှုဖြစ်ပြီးနောက် ဗိုင်းရပ်စ် စုဝေးမှုအတွက် လိုအပ်သော အများဆုံး ပရိုတိန်းမှ ပရိုတိန်းချင်း တုံ့ပြန်မှုများဆီသို့ ဦးတည်ပါသည်။ ထို့နောက် မွေးဖွားလာသောဗိုင်းရပ်စ်များကို လျို့ဝှက်အိမ်ငယ်လေးများမှတဆင့် အိတ်ဇိုစိုင်တိုစစ်ပို့ဆောင်မှုဖြင့် လက်ခံကလာပ်စည်းထံမှ ထုတ်လွှတ်လိုက်ပါသည်။ ၎င်း၏ ပြည့်စုံသော လက်ခံကလာပ်စည်း လက်ခံကောင်နှင့် ကိုရိုနာဗိုင်းရပ်စ် ပရိုတိန်းအချွန်၏ တုံ့ပြန်မှုသည် ဗိုင်းရပ်စ်ကြီးထွားမှုကို ကူညီပေးသောတစ်ရှူး၊ ကူးစက်နိုင်မှု၊ နှင့် ဗိုင်းရပ်စ်၏ မျိုးစိတ်များကို ဆုံးဖြတ်ရာတွင် အချက်အချာကျပါသည်။ ဥပမာ၊ SARS ကိုရိုနာဗိုင်းရပ်စ်သည် အန်ဂီရိုတန်စင်မှ ပြောင်းလဲထားသောအန်ဇိုင်း 2 (ACE2) လက်ခံသည့်အရာထံ တွယ်ကပ်ခြင်းဖြင့် လူသားဆဲလ်များထံ ကူးစက်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်၏သိပ္ပံအမည်မှာ အော်သိုကိုရိုနာဗီရီနေး သို့မဟုတ် ကိုရိုနာဗီရီနေးဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်များသည် ကိုရိုနာဗီရီဒေး၊ အော်ဒါ နီဒိုဗိုင်ရေးလ်၊ နှင့် ရီလမ် ရီဘိုဗီရီးယားမိသားစုနှင့် သက်ဆိုင်ပါသည်။ ဘီတာကိုရိုနာဗိုင်းရပ်စ် မျိုးစု၊ မျိုးစိတ်အမျိုးအစား- ကြွက်မျိုးစိတ်များတွင်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်များ- ဘီတာကိုရိုနာဗိုင်းရပ်စ် 1 (ကျွဲနွား ကိုရိုနာဗိုင်းရပ်စ်၊ လူသားတို့တွင် ကူးစက်သော ကိုရိုနာဗိုင်းရပ်စ် OC43)၊ လူသားတို့တွင် ကူးစက်သော ကိုရိုနာဗိုင်းရပ်စ် HKU1၊ ရှဉ့်/ကြွက် စသည့်ကိုက်ဖြတ်တတ်သည့် သတ္တဝါများတွင် ကူးစက်သော ကိုရိုနာဗိုင်းရပ်စ်၊ Pipistrellus လင်းနို့မျိုးနွယ်စုများတွင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် HKU5၊ Rousettus လင်းနို့မျိုးနွယ်စုများတွင် ဖြစ်ပွားတတ်သော ကိုရိုနာဗိုင်းရပ်စ် HKU9၊ ပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာနှင့် ဆက်စပ်သည့် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV၊ SARS-CoV-2)၊ Tylonycteris လင်းနို့မျိုးနွယ်စုများတွင် ဖြစ်ပွားသော HKU4၊ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာနှင့် ဆက်စပ်သည့် ကိုရိုနာဗိုင်းရပ်စ်၊ ဖြူကောင်တို့တွင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် 1 (EriCoV) မျိုးစိတ်များ- ဘီလူဂါဝေလငါးတွင်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် SW1၊ ကူးစက်တတ်သော လည်ချောင်းနာဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်စ်အားလုံး၏ အနီးကပ်ဆုံးနှင့် ဘုံအကျဆုံး (MRCA) ကနဦးဗိုင်းရပ်စ်သည် အနီးကပ်ဆုံးအဖြစ် 8000 BCE ခန့်ကတည်းက တည်ရှိခဲ့သည်ဟု ခန့်မှန်းရသည်။ နမူနာပုံစံအချို့အရ ကနဦးဗိုင်းရပ်စ်သည် လင်းနို့နှင့် ငှက်မျိုးစိတ်များနှင့်အတူ ကာလရှည် ဆင့်ကဲဖြစ်ပေါ်မှုဖြင့် လွန်ခဲ့သော နှစ် 55 သန်း သို့မဟုတ် ထို့အရင်ကတည်းက စတင်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ လတ်တလောအဖြစ်ဆုံး အတွေ့ရများသည့် အယ်လ်ဖာကိုရိုနာဗိုင်းရပ်စ်လိုင်း၏ အဆက်အနွယ်ကို 2400 BCE ခန့်တွင် ထားရှိထားပြီး၊ ဘီတာကိုရိုနာဗိုင်းရပ်စ်လိုင်းကို 3300 BCE တွင်၊ ဂမ်မာကိုရိုနာဗိုင်းရပ်စ်လိုင်းကို 2800 BCE တွင်၊ နှင့် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်လိုင်းကို 3000 BCE ခန့်တွင် ထားရှိထားပါသည်။ လက်ခံကောင် လင်းနို့နှင့် ငှက်မျိုးစိတ်အရေးအတွက်အများအပြား၊ နှင့် ၎င်းတို့၏ ကမ္ဘာတစ်ဝှမ်းရှိမျိုးစိတ်များသည် ကျယ်ပြန့်သော ကိုရိုနာဗိုင်းရပ်စ် ဆင့်ကဲပြောင်းလဲမှုနှင့် ဖြန့်ဝေနိုင်မှုကို ပြုလုပ်နိုင်ကြပါသည်။ များစွာသော လူသားကိုရိုနာဗိုင်းရပ်စ်များတွင် လင်းနို့များတွင်ရှိသော ၎င်းတို့၏ဇစ်မြစ်ရှိပါသည်။ မကြာသေးမီက ကုလားအုတ်မျိုးနွယ်ဝင်တစ်မျိုး အယ်လ်ပါကာတွင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်နှင့် လူသားတို့တွင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် 229E တို့သည် 1960 မတိုင်ခင်အချိန်တစ်ခုကတည်းက ကွဲပြားလာခဲ့ပြီးဖြစ်သည်။ MERS-CoV သည် ကြားခံ ကုလားအုတ် လက်ခံကောင်များမှတစ်ဆင့် လင်းနို့များထံ ရောက်ရှိပြီး လင်းနို့များမှ လူသားများထံ ဖြစ်ပွားလာခြင်းဖြစ်သည်။ MERS-CoV သည် အခြားသော လင်းနို့မှ ကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်များနှင့် ဆက်စပ်နေသော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကတည်း ထိုမျိုးစိတ်များနှင့် ကွဲပြားမှုများ ရှိနေသည်။ အနီးစပ်ဆုံး ဆက်နွှယ်မှုရှိသည့် လင်းနို့မှ ကူးစက်သော ကိုရိုနာဗိုင်းရပ်စ်နှင့် SARS-CoV တို့သည် 1986 ခုနှစ်တွင် ကွဲလွဲမှု ဖြစ်ပေါ်ခဲ့သည်။ SARS ကိုရိုနာဗိုင်းရပ်စ်နှင့် keen bat ကိုရိုနာဗိုင်းရပ်စ်များ၏ ဆင့်ကဲပြောင်းလဲနိုင်သည့် လမ်းကြောင်းအရ လွန်ခဲ့သော ကြာမြင့်သည့် အချိန်ကာလတစ်ခုတည်းက SARS နှင့်ဆက်စပ်သော ကိုရိုနာဗိုင်းရပ်စ်များသည် လင်းနို့များတွင် ဆင့်ကဲပြောင်းလဲနေပြီးဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ 1790s တွင် မျိုးစိတ်များကိုဖြတ်ကျော်လာပြီးနောက် မြင်းများတွင်ဖြစ်သည့်ကိုရိုနာဗိုင်းရပ်စ်သည် နွားများတွင်ဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ထံမှ ကွဲပြားလာခဲ့ပါသည်။ 1890s နောက်ပိုင်းတွင်၊ လူသားနှင့်ဆိုင်သော ကိုရိုနာဗိုင်းရပ်စ် OC43 သည် အခြားသော မျိုးစိတ်ဖြတ်ကျော်ကာ ထွက်ပေါ်လာသောဖြစ်စဉ်ပြီးသည့်နောက် နွားနှင့်ဆိုင်သောကိုရိုနာဗိုင်းရပ်စ်ထံမှ ခွဲထွက်လာခဲ့ပါသည်။ 1890 ခုနှစ်တွင် ဖြစ်ပွားခဲ့သော တုပ်ကွေး ကပ်ရောဂါသည် ဖြစ်ပွားသည့် အချိန်၊ ခံစားရသည့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများတူညီသည့်အပြင် ကပ်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရပုံချင်းလည်း တူညီသောကြောင့် ၎င်းသည် တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရခြင်းမဟုတ်ဘဲ ဤကူးစက်မှုဖြစ်စဉ်အတိုင်း ဖြစ်ပွားခဲ့သည်ဟု မှန်းဆရသည်။ ယှဉ်ကြည့်လျှင် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများကိုဖြစ်စေသော လူသားကိုရိုနာဗိုင်းရပ်စ် OC43 ကိုလည်း အာရုံကြောဆိုင်ရာရောဂါများတွင် သံသယဖြစ်ဖွယ်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သံသယရှိထားပါသည်။ 1950 ပြည့်နှစ်များတွင် လူသားများတွင် ကူးစက်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ် OC43 သည် မျက်မှောက်ခေတ် ဗီဇပုံစံသို့ ကူးပြောင်းလာခဲ့ပါသည်။ မျိုးရိုးဗီဇ ဆင့်ကဲတိုးတက်ပြောင်းလဲမှု ဖြစ်စဉ်အရ၊ ကြွက်များ၏အသည်းနှင့် ဗဟိုအာရုံကြောစနစ်ကို ကူးစက်သော ကြွက်အသည်းရောင်ရောဂါဗိုင်းရပ်စ် (မျူရင်း ကိုရိုနာဗိုင်းရပ်စ်) သည် လူသားများတွင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် OC43 နှင့် ကျွဲနွားများတွင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ် နေပါသည်။ လူသားကိုရိုနာဗိုင်းရပ်စ် HKU1၊ အထက်တွင်ဆိုခဲ့ပြီးဖြစ်သော ဗိုင်းရပ်စ်များကဲ့သို့ပင်၊ ၎င်း၏ဇစ်မြစ်များမှာ ကိုက်ဖြတ်တတ်သောသတ္တဝါများတွင် ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနှုန်းကို တက်စေသော အချက်များတွင် သိသိသာသာ ကွာခြားမှုများရှိကြပါသည်။ MERS-CoV ရောဂါကဲ့သို့ အချို့‌ရောဂါများသည် ကူးစက်ခံထားရသူ 30% ကျော်ကို သေစေနိုင်ကာ အချို့မှာမူ သာမန်အအေးမိခြင်းကဲ့သို့ပင်အန္တရာယ်မရှိနိုင်ဟုပင် ဆိုနိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် ဖျားနာခြင်းနှင့်၊ အာသီးရောင်ရာမှ လည်ချောင်းနာခြင်းကဲ့သို့သော အအေးမိခြင်းနှင့် ဆင်တူသော အဓိကရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်များသည် နမိုးနီးယားရောဂါ (ဗိုင်းရပ်စ်နှင့် တိုက်ရိုက် သက်ဆိုင်သော နမိုးနီးယားရောဂါ သို့မဟုတ် အဓိကမဟုတ်သော ဘက်တီးရီးယားဆိုင်ရာ နမိုးနီးယားရောဂါ) နှင့် (ဗိုင်းရပ်စ်နှင့် တိုက်ရိုက်သက်ဆိုင်သော လည်ချောင်းနာခြင်း သို့မဟုတ် အဓိကမဟုတ်သော ဘက်တီးရီးယားဆိုင်ရာ လည်ချောင်းနာခြင်း) တို့ကို ဖြစ်စေနိုင်ပါသည်။ 2003 ခုနှစ်တွင် စူးစမ်းတွေ့ရှိခဲ့သည့် ပြင်းထန်သော စိုးရိမ်ဖွယ်ရာဖြစ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (SARS) ဖြစ်စေနိုင်သော လူသားကိုရိုနာဗိုင်းရပ်စ် SARS-CoV သည် အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းရော အောက်ပိုင်းကိုပါ ကူးစက်မှုဖြစ်ပွားစေနိုင်ခြင်းကြောင့် ၎င်းတွင် ထူးခြားသည့် ရောဂါဖြစ်ပွားစေမှုရှိပါသည်။ လူသားကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်ခြောက်မျိုးကို သိရှိထားပြီး မျိုးစိတ်တစ်ခုစီကို မတူညီသောဗီဇနှစ်ခုအဖြစ် ထပ်မံခွဲခြားထားကာ လူသားကိုရိုနာဗိုင်းရပ်စ်ဗီဇခုနစ်မျိုးကို ပြုလုပ်ထားပါသည်။ ထိုကိုရိုနာဗိုင်းရပ်စ်လေးမျိုးသည် လူများကြားတွင် အစဉ်အမြဲလှည့်ပတ်နေကာ ယေဘုယျအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အရွယ်ရောက်ပြီးသူများနှင့် ကလေးများတွင် သာမန်အအေးမိခြင်း၏ ညင်သာသောလက္ခဏာများကို ဖြစ်စေပါသည်- -OC43၊ -HKU1၊ HCoV-229E၊ -NL63။ ကိုရိုနာဗိုင်းရပ်စ်များသည် 15% သော သာမန်အအေးမိခြင်းမျိုးကို ဖြစ်စေပါသည်။ အအေးမိရောဂါအများစုသည် Rhinovirus ကြောင့် ဖြစ်သည်။ ညင်သာသော ကိုရိုနာဗိုင်းရပ်စ်လေးမျိုးတွင် သမပိုင်းရာသီဥတုရှိသောနေရာများရှိ ဆောင်းရာသီလများတွင် ဖြစ်ပေါ်သော ရာသီအလိုက်ဖြစ်ပွားမှု ရှိပါသည်။ အပူပိုင်းရာသီဥတုများရှိ သီးခြားရာသီနှင့်ဆိုင်သော ဦးစားပေးမှုမျိုး မရှိပါ။ ယေဘုယျအားဖြင့် ညင်သာသောရောဂါလက္ခဏာများဖြစ်စေသည့် လူသားကိုရိုနာဗိုင်းရပ်စ်လေးမျိုးမှာ- ဗိုင်းရပ်စ်ကို SARS ကိုရိုနာဗိုင်းရပ်စ် (SARS-CoV) ဟု တရားဝင်ခေါ်ဆိုခဲ့ပါသည်။ လူပေါင်း 8,000 ကျော် ကူးစက်ခံခဲ့ရပြီး ထိုထဲမှ တစ်ဆယ်ရာခိုင်နှုန်း သေဆုံးခဲ့သည်။ 2012 ခုနှစ်၊ စက်တင်ဘာလတွင်၊ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်ကို ခွဲခြားသတ်မှတ်ခဲ့ကာ ကနဦးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် 2012 ဟု ခေါ်ဆိုခဲ့ပြီး ယခုအခါ အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် (MERS-CoV) ဟု တရားဝင်အမည်မှည့်ခေါ်ထားပါသည်။ မကြာခင်မှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ 2012 စက်တင်ဘာလ 28 ရက်တွင် WHO ၏ နောက်ဆုံးရသတင်းက ဗိုင်းရပ်စ်သည် လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ပျံ့နှံ့ခြင်းမရှိဟု ဆိုခဲ့သည်။ သို့ရာတွင် 2013 ခုနှစ်မေလ 12 ရက်‌နေ့၌ ပြင်သစ်နိုင်ငံတွင် လူအချင်းချင်း ကူးစက်မှု တစ်ခုကို ပြင်သစ် လူမှုရေးနှင့်ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ထို့အပြင် လူအချင်းချင်း ကူးစက်မှု ဖြစ်ရပ်များကို တူနီးရှား ကျန်းမာရေး ဝန်ကြီးဌာနက သတင်းပို့ခဲ့သည်။ အတည်ပြုဖြစ်စဉ်နှစ်ခုတွင် ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများထံ သွားရောက်ပြီးနောက် ဖျားနာလာခဲ့သော ၎င်းတို့၏ သေဆုံးသွားသည့်ဖခင်ထံမှ ရောဂါကူးစက်ခံရသည်ဟုထင်မြင်ရသူများ ပါဝင်ပါသည်။ သို့ဖြစ်စေကာမူ၊ ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားခြင်းမရှိသော ကူးစက်ခံထားရသူအများစုတွင်ကဲ့သို့ ဗိုင်းရပ်စ်သည် လူလူချင်းကူးစက်ပျံ့နှံ့ရန် မလွယ်ကူကြောင်းအား တွေ့ရှိရပါသည်။ ဗိုင်းရပ်စ်အတွက် နောက်ဆုံးအမည်မှာ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာစု ကိုရိုနာဗိုင်းရပ်စ် (MERS-CoV) ဖြစ်သည်။ (နှစ်ဦးစလုံးအသက်ရှင်ခဲ့သော) U.S. ဖြစ်စဉ်များကို 2014 ခုနှစ် မေလတွင် မှတ်တမ်းတင်ထားခဲ့ပါသည်။ 2015 ခုနှစ် မေလတွင်ကိုရီးယားသမ္မတနိုင်ငံ၌ အရှေ့အလယ်ပိုင်းသို့ခရီးသွားခဲ့သော အမျိုးသားတစ်ဦးသည် ၎င်း၏နာမကျန်းမှုကိုကုသရန် ဆိုးလ်နှင့်အနီးတစ်ဝိုက်ရှိ ဆေးရုံလေးခုထံ သွားရောက်အကုသခံခဲ့ရာမှတစ်ဆင့် MERS-CoV ဗိုင်းရပ်ပျံ့ပွားမှု ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းသည် အရှေ့အလယ်ပိုင်းပြင်ပတွင် အကြီးမားဆုံးသော MERS-CoV ဖြစ်ပွားမှုတစ်ခုကို ဖြစ်စေခဲ့ပါသည်။ 2019 ခုနှစ် ဒီဇင်ဘာလတွင်၊ သေဆုံးခဲ့သူ 851 ဦးရှိပြီး သေစေနိုင်မှုနှုန်း ခန့်မှန်းချေ 34.5% ရှိသော MERS-CoV ကူးစက်မှု ဓာတ်ခွဲအတည်ပြုဖြစ်စဉ်ပေါင်း 2,468 ခုကို အတည်ပြုခဲ့ပါသည်။ 2019 ခုနှစ် ဒီဇင်ဘာလတွင်၊ တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ နမိုးနီးယားရောဂါဖြစ်ပွားမှုအကြောင်း သတင်းပို့ခဲ့ပါသည်။ 2019 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့တွင် ကူးစက်ရောဂါသည် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ်မှ အစပြုခဲ့ကြောင်း ခြေရာကောက်မိခဲ့ပြီး အဆိုပါဗိုင်းရပ်စ်အား 2019-nCoV ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ယာယီအမည် သတ်မှတ်ခဲ့သည်။ ထို့နောက် ဗိုင်းရပ်စ်အမျိုးအစားခွဲခြားသတ်မှတ်သည့် နိုင်ငံတကာကော်မတီမှနေ၍ SARS-CoV-2 ဟု ပြန်လည် ခေါ်တွင်စေခဲ့သည်။ အချို့သော သုတေသီများက လူသားများသို့ ဗိုင်းရပ်စ်ကူးစပ်မှု၏ မူလအရင်းအမြစ်မှာ ဟွန်နန် ပင်လယ်စာဈေး မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါသည်။ 2020 ဧပြီလ 17 ရက်အထိ ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင် ရောဂါ ကူးစက်ပျံ့ပွားမှုကပ်ရောဂါကြောင့် အတည်ပြုသေဆုံးသူ အနည်းဆုံး 153,822 ဦးရှိခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာ 2,240,191 ဦးထက်မနည်း ရှိခဲ့ပြီဖြစ်သည်။ ဝူဟန်ဗီဇကို SARS-CoV နှင့် မျိုးဗီဇအရ ခန့်မှန်းချေ 70% တူသည့် အုပ်စု 2B ထံမှ ဘီတာကိုရိုနာဗိုင်းရပ်စ်ဗီဇအသစ်အဖြစ် ခွဲခြားသတ်မှတ်ထားပါသည်။ ဗိုင်းရပ်စ်သည် လင်းနို့ကိုရိုနာဗိုင်းရပ်စ်နှင့် 96% ဆင်တူသဖြင့် လင်းနို့များထံမှလည်း စတင်လာနိုင်သည်ဟု အကြီးအကျယ် သံသယဖြစ်ဖွယ်ရှိပါသည်။ ကူးစက်ရောဂါကြောင့် ခရီးသွားလာခွင့် ကန့်သတ်ခြင်းများနှင့် နိုင်ငံအများအပြားတွင် နိုင်ငံအဝန်း ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်စေသည်။ 1930s ခုနှစ်ကတည်းက ကိုရိုနာဗိုင်းရပ်စ်များကို ကျွဲနွားတိရစ္ဆာန်များနှင့်ဆိုင်သောဆေးဝါးတွင် ရောဂါနှင့်ဆိုင်သောအခြေအနေများ ဖြစ်ပွားစေသည်ဟု အသိအမှတ်ပြုထားပါသည်။ ငှက်များနှင့်ဆိုင်သော ကူးစက်တတ်သည့် လည်ချောင်းနာရောဂါမှလွဲ၍၊ အဓိကဆက်စပ်နေသောရောဂါများသည် အူလမ်းကြောင်းဆိုင်ရာနေရာတွင် အဓိကရှိနေပါသည်။ ကိုရိုနာဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါများနှင့် ငှက်တို့၏ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းနှင့် အစာအိမ်အူလမ်းကြောင်းတစ်ကြောတို့တွင် အဓိကအားဖြင့် ကူးစက်ပါသည်။ ၎င်းတို့သည် မွေးမြူရေးတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များတွင် ရောဂါများကိုဖြစ်ပွားစေနိုင်ပြီး ၎င်းတို့အနက် အချို့မှာ ပြင်းထန်နိုင်ကာ လယ်ယာလုပ်ငန်းကို ခြိမ်းခြောက်နိုင်ပါသည်။ ကြက်များတွင် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် ကူးစက်တတ်သော လေပြွန်‌ရောင်ဗိုင်းရပ်စ် (IBV) သည် အသက်ရှူလမ်းကြောင်းကိုသာမက ဆီးနှင့်မျိုးပွားအင်္ဂါလမ်းကြောင်းကိုလည်း ကူးစက်နိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးသည် ကြက်တစ်ကောင်လုံးရှိ မတူညီသော အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်သည်။ စီးပွားရေးအရ သိသာထင်ရှားသောအကျိုးဆက်များရှိသည့် မွေးမြူရေးတိရစ္ဆာန်များတွင်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်များတွင် ဝက်များတွင်ဖြစ်သောကိုရိုနာဗိုင်းရပ်စ် (ကူးစက်ပျံ့ပွားနိုင်သော အစာအိမ်၊ အူရောင်ရမ်းစေသည့် ကိုရိုနာဗိုင်းရပ်စ်၊ TGE) နှင့် နွားများတွင်ဖြစ်သောကိုရိုနာဗိုင်းရပ်စ်တို့ ပါဝင်ကာ နှစ်မျိုးစလုံးသည် တိရစ္ဆာန်ပေါက်စလေးများတွင် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ ဖီလင်း ကိုရိုနာဗိုင်းရပ်စ်- ပုံစံနှစ်မျိုး၊ ဖီလင်း အင်ထရစ် ကိုရိုနာဗိုင်းရပ်စ်သည် အသေးစား ဆေးဝါးဆိုင်ရာ အရေးပါမှုရှိသည့် ရောဂါဖြစ်စေသည့် ပိုးမွှားတစ်မျိုးဖြစ်သည်။ သို့သော် ဤဗိုင်းရပ်စ်၏ အလိုအလျောက် သန္ဓေပြောင်းခြင်းက အသေအပျောက်များသော ရောဂါတစ်မျိုးဖြစ်သော ဖီလင်း ကူးစက်တတ်သော ဝမ်းတွင်းမြှေးရောင်ခြင်း (FIP) ကို ဖြစ်စေနိုင်ပါသည်။ အလားတူပင်၊ မြွေပါကတိုးဖြူများကို ကူးစက်စေသော ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားနှစ်မျိုးရှိပါသည်- မြွေပါကတိုးဖြူများတွင်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်သည် အက်ပီဇူးတစ် ကတာဟယ် အန်တရီတစ္စ (ECE) ဟုသိရှိကြသော အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်စေပါသည်၊ ထို့အပြင် ဗိုင်းရပ်စ်၏ ပို၍သေစေနိုင်သော ခန္ဓာကိုယ်တစ်ခုလုံးဆိုင်ရာဗားရှင်း (ကြောင်များရှိ FIP ကဲ့သို့သော) ကိုလည်း ကြောင်ကတိုးများတွင်ဖြစ်ပွားသည့် ခန္ဓာကိုယ်တစ်ခုလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (FSC) ဟု သိရှိကြပါသည်။ တစ်မျိုးမှာ ညင်သာသော အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်စေပြီး အခြားတစ်မျိုးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်ပွားစေသော ကေနိုင်း ကိုရိုနာဗိုင်းရပ်စ် (CCoV) အမျိုးအစားနှစ်မျိုးရှိပါသည်။ ကြွက်အသဲရောင်ရောဂါဗိုင်းရပ်စ် (MHV) သည် အထူးသဖြင့် ဓာတ်ခွဲခန်းကြွက်များကြားတွင် သေစေနိုင်မှုမြင့်မားသော ကြွက်များတွင်ဖြစ်ပွားသည့် ဖျားနာမှုကပ်ရောဂါကို ဖြစ်စေနိုင်သော ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပါသည်။ Sialodacryoadenitis ဗိုင်းရပ်စ် (SDAV) သည် နှာချေ၊ ချောင်းဆိုးခြင်းကဲတို့ဖြင့် တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ ထိမိခြင်းဖြင့် တစ်ဦးချင်းကြားတွင် ကူးစက်ပျံ့ပွားနိုင်သော စမ်းသပ်ခန်းသုံးကြွက်များတွင် စမ်းသပ်ထားသော ကူးစက်မှုမြင့်မားသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပါသည်။ MHV ၏ ဗီဇအချို့သည် ကိုယ်လက်လှုပ်ရှားမှုကိုထိန်းမရနိုင်ခြင်းအတွက် ကြွက်များနှင့်ဆက်စပ်သော နမူနာပုံစံအဖြစ် ကြွက်များတွင်အသုံးပြုနေသည့် အဆင့်ဆင့်ဖြစ်သော ဦးနှောက်ရောင်ရမ်းနာရောဂါကို ဖြစ်စေပါသည်။ အရေးပါသော သုတေသန ကြိုးပမ်းဆောင်ရွက်မှုများက အဆိုပါ တိရိစ္ဆာန်များရှိ ကိုရိုနာဗိုင်းရပ်စ်များ၏ ဗိုင်းရပ်စ်ပိုးနှင့်သက်ဆိုင်သော ရောဂါဖွံ့ဖြိုးတိုးတက်မှုပုံစံများအား ရှင်းပြနိုင်ရန် အာရုံစိုက်ခဲ့ကြပါသည်။ အထူးသဖြင့် တိရိစ္ဆာန် ဆေးကုသရေးနှင့် တိရိစ္ဆာန်မှတဆင့် လူသားများသို့ ကူးစက်စေနိုင်သော ရောဂါများကို စိတ်ဝင်စားသည့် ရောဂါပိုးမွှားဗေဒ ပညာရှင်များက ထိုသို့ ဆောင်ရွက်ခဲ့ကြပါသည်။ ဝက်၌ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် (Procine coronavirus) (ဝက်များတွင် ဖြစ်ပွားသော transmissible gastroenteritis coronavirus၊ TGEV)။ နွားများတွင်ဖြစ်သောကိုရိုနာဗိုင်းရပ်စ် (BCV)၊ အကောင်ပေါက်လေးများတွင် ပြင်းထန်သောအူရောင်ရမ်းခြင်းအတွက် တာဝန်ရှိပါသည်။ ကြောင်များတွင်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် (FCoV) သည် ကြောင်းများတွင် ညင်သာသော အူရောဂါဖြစ်စေရုံသာမက ပြင်းထန်သော ကြောင်များတွင်ဖြစ်သည့် ကူးစက်တတ်သော ဝမ်းတွင်းအမြှေးရောင်ခြင်းကိုလည်း ဖြစ်စေပါသည် (အလားတူဗိုင်းရပ်စ်၏ အခြားသောကွဲပြားခြားနားမှုများ)။ ကေနိုင်း ကိုရိုနာဗိုင်းရပ်စ်နှစ်မျိုး (CCoV) (တစ်မျိုးသည် အူပွခြင်းကိုဖြစ်စေကာ၊ နောက်တစ်မျိုးကို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများတွင် တွေ့ရပါသည်)။ ကြက်ဆင် ကိုရိုနာဗိုင်းရပ်စ် (TCV) သည် ကြက်ဆင်များတွင် အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။ မြွေပါကတိုးဖြူ အစာအိမ်ရောင် ကိုရိုနာဗိုင်းရပ်စ်သည် မြွေပါကတိုးဖြူများတွင် ကူးစက်မြန် ဝမ်းစိမ်းသွားအစာအိမ်‌ရောင်ရောဂါကို ဖြစ်ပွားစေပါသည်။ မြွေပါကတိုးဖြူများတွင်ဖြစ်သော ခန္ဓာကိုယ်တစ်ခုလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်သည် မြွေပါကတိုးဖြူများတွင် FIP-နှင့်ဆင်တူသော ခန္ဓာကိုယ်တစ်ခုလုံးဆိုင်ရာရောဂါကို ဖြစ်ပွားစေပါသည်။ ယုန်များတွင်ဖြစ်သော အူများနှင့်ဆိုင်သည့်ကိုရိုနာဗိုင်းရပ်စ်သည် ဥရောပယုန်ငယ်လေးများတွင် ပြင်းထန်သော အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ ဝက်များတွင်ဖြစ်သော ကပ်ရောဂါဆိုင်ရာ ဝမ်းလျှောဗိုင်းရပ်စ်ပိုး (PED သို့မဟုတ် PEDV) သည် ကမ္ဘာတစ်ဝှမ်းတွင် ပေါ်ထွက်လာပါသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 (COVID-19) သည် ပြင်းထန်သော ရုတ်တရက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု ကိုရိုနာဗိုင်းရပ်စ် 2 (SARS-CoV-2) ကြောင့်ဖြစ်သော ကူးစက်ရောဂါ ဖြစ်သည်။ အတွေ့ရများသောရောဂါလက္ခဏာများတွင် အဖျားရှိခြင်း၊ ချောင်းဆိုးခြင်း၊ နှင့် အသက်ရှုမဝခြင်းတို့ ပါဝင်ပါသည်။ အခြားရောဂါလက္ခဏာများတွင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ဝမ်းလျှောခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အသက် မရခြင်းနှင့် ဗိုက်အောင့်၊ ဗိုက်နာခြင်းတို့ ပါဝင်နိုင်ပါသည်။ ရောဂါလက္ခဏာတိုက်ခိုက်မှုနှင့် ထိတွေ့သည့်အချိန်သည် ပုံမှန်အားဖြင့် ငါးရက်ဝန်းကျင်ခန့်တွင် ဖြစ်သော်လည်း နှစ်ရက်မှ တစ်ဆယ့်လေးရက်အထိ ဖြစ်နိုင်ပါသည်။ လူနာအများစုမှာ အပျော့စား လက္ခဏာများသာ ရရှိကြသော်လည်း အချို့မှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော နမိုးနီးယားနှင့် အင်္ဂါအများအပြား ပျက်စီးခြင်း ဖြစ်ပေါ်ကြသည်။ 2020 ခုနှစ်၊ ဧပြီလ 17 ရက်အရ၊ နိုင်ငံများနှင့် နယ်နိမိတ်ပေါင်း 210 ၌ ကူးစက်မှုပေါင်း 2.24 သန်းနှင့် သေဆုံးမှုပေါင်း 153,000 ကျော်ရှိသည်ဟု သိရသည်။ လူပေါင်း 568,000 ကျော် ပြန်လည် ကောင်းမွန်လာသည်။ ဗိုင်းရပ်စ်သည် လူများကြားတွင် အဓိကအားဖြင့် အနီးကပ် ထိတွေ့မှု အတွင်း မကြာခဏပင် ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် စကားပြောခြင်းမှ ထွက်ပေါ်သော အစက်ငယ်များမှ တဆင့် ကူးစက်သည်။ အသက်ရှူထုတ်လိုက်သောအခါ ထွက်လာသည့် အဆိုပါအမှုန်အမွှားများသည် အများအားဖြင့် အကွာအဝေး အတော်လှမ်းလှမ်းသို့ ကူးစက်နိုင်ခြင်းမရှိဘဲ မြေပြင် သို့မဟုတ် မျက်နှာပြင်များပေါ်သို့ ကျရောက်သွားတတ်သည်။ လူအများက ရောဂါပိုးမွှားရှိထားသော မျက်နှာပြင်ကို ထိကိုင်ပြီးနောက် ၎င်းတို့၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ကို ကိုင်လိုက်ခြင်းဖြင့် ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။ ဗိုင်းရပ်စ်က မျက်နှာပြင်များပေါ်တွင် 72 နာရီအထိ ရှင်သန်နိုင်ပါသည်။ ရောဂါလက္ခဏာများ မပြသမီနှင့် ရောဂါ၏ နောက်ပိုင်းအဆင့် များတွင် ကူးစက်မှု နိုင်ခြေရှိသော်လည်း ရောဂါလက္ခဏာများ ပြသပြီး ပထမ သုံးရက်အတွင်းကာလသည် အကူးစက်နိုင်ဆုံး ဖြစ်သည်။ စံသတ်မှတ်ထားသည့် ရောဂါရှာဖွေမှုနည်းလမ်းသည် နှာခေါင်း၊ အာခေါင်တို့ဖတ်မှ real-time reverse transcription polymerase chain reaction (rRT-PCR) လုပ်ဆောင်ခြင်း ဖြစ်သည်။ နှာခေါင်းစည်းအသုံးပြုခြင်းကို ဗိုင်းရပ်စ်ပိုး ရှိသည်ဟု သံသယ ရှိသူများနှင့် သူတို့အား ပြုစုစောင့်ရှောက်သူများအတွက် အကြံပြုထားသည်။ အချို့သောအာဏာပိုင်များသည် နှာခေါင်းစည်းအသုံးပြုခြင်းကို ဆန့်ကျင်ခြင်းအား အကြံပြုကာ၊ အချို့သည် နှာခေါင်းစည်းအသုံးပြုခြင်းကို အကြံပြုပြီး၊ အခြားနိုင်ငံများသည် ၎င်းတို့ကို အသုံးပြုစေခြင်းဖြင့် အထွေထွေပြည်သူများ၏ နှာခေါင်းစည်းအသုံးပြုမှုအတွက် အကြံပြုချက်များမှာ ကွဲပြားပါသည်။ လက်ရှိတွင် COVID-19 အတွက် ကာကွယ်ဆေး သို့မဟုတ် သီးခြား ဗိုင်းရပ်စ် ဆန့်ကျင် ကုသမှု မရှိသေးပါ။ ဒေသတွင်း ရောဂါကူးစက်မှုကို WHO ၏ ဒေသ ခြောက်ခုစလုံးရှိ နိုင်ငံ အများစုတွင် မှတ်တမ်းတင်ထားသည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူများမှာ ရောဂါလက္ခဏာမပြခြင်း ရှိနိုင်သည် သို့မဟုတ် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်းနှင့် အသက်ရှူရခက်ခြင်း ကဲ့သို့သော တုပ်ကွေးရောဂါနှင့်တူသည့် ရောဂါလက္ခဏာများ ဖြစ်လာနိုင်သည်။ အရေးပေါ် ရောဂါလက္ခဏာများတွင် အသက်ရှူရခက်ခြင်း၊ ရင်ဘတ်ဆက်တိုက်နာခြင်း သို့မဟုတ် ဖိအားရှိခြင်း၊ ထိတ်လန့်တကြားဖြစ်မှု၊ နိုးထရခက်ခြင်းနှင့် မျက်နှာ သို့မဟုတ် နှုတ်ခမ်းများ ပြာနှမ်းခြင်းတို့ ပါဝင်သည်၊ ဤရောဂါလက္ခဏာများ ဖြစ်နေပါက လက်ငင်း ဆေးဘက်ဆိုင်ရာ ကုသမှု ပြုလုပ်ရန် အကြံပြုပါသည်။ အဖြစ်နည်းသည့် နှာချေခြင်း၊ နှာရည်ယိုခြင်း သို့မဟုတ် လည်ချောင်းနာခြင်း ကဲ့သို့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ရောဂါလက္ခဏာများကိုလည်း တွေ့မြင်ရနိုင်သည်။ ပျို့ခြင်း၊ အန်ခြင်း နှင့် ဝမ်းလျောခြင်းစသည့် အစာလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို ရာခိုင်နှုန်း အမျိုးမျိုး တွေ့ရှိခဲ့ရသည်။ တရုတ်နိုင်ငံမှ အချို့သော လူနာများတွင် အစဦးတွင် ရင်ကြပ်ခြင်းနှင့် နှလုံးတုန်ခြင်းတို့သာ ပြသခဲ့သည်။ အချို့တွင် ရောဂါသည် နမိုးနီးယား၊ အင်္ဂါများ ပျက်စီးခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်သွားနိုင်သည်။ ၎င်းကို ပိုးမွေးကာလဟု ခေါ်ပါသည်။ COVID-19 အတွက် ရောဂါပျိုးချိန်မှာ ပုံမှန်အားဖြင့် ငါးရက်မှ ခြောက်ရက်အတွင်း ဖြစ်သော်လည်း နှစ်ရက်မှ 14 ရက်အတိုင်းအတာထိ ရှိနိုင်သည်။ ရောဂါလက္ခဏာများပေါ်လာသူများ၏ 97.5% သည် ကူးစက်ခံရပြီးနောက် 11.5 ရက်အတွင်းတွင် ထိုသို့ဖြစ်လာပါလိမ့်မည်။ သတင်းပို့မှုများတွင် ကူးစက်ခံရသူအားလုံးတွင် ရောဂါလက္ခဏာများပြသခြင်းမရှိပါဟု ညွှန်ပြထားပါသည်။ ကူးစက်မှုတွင် ရောဂါလက္ခဏာမပြသောသူများ၏ အခန်းကဏ္ဌကို အပြည့်အဝ မသိရသေးပေ။ သို့ရာတွင် ပဏာမ အထောက်အထားများက ထိုသူတို့သည် ရောဂါပြန့်ပွားမှုကို ဖြစ်စေနိုင်ကြောင်း ပြသနေသည်။ ရောဂါလက္ခဏာမပြသဘဲ ရောဂါပိုးကူးစက်ခံရသူ အချိုးမည်မျှ ရှိသည်ကို လောလောဆယ် မသိရှိရသေးဘဲ လေ့လာနေဆဲဖြစ်ပြီး ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (Korea Centers for Disease Control and Prevention, KCDC) က ပိုးရှိကြောင်း အတည်ပြု ထားသူ အားလုံး၏ 20% သည် ဆေးရုံတွင် နေထိုင်စဉ်ကာလအတွင်း ရောဂါလက္ခဏာ ပြသခြင်းမရှိကြောင်း အစီရင်ခံ တင်ပြ ထားသည်။ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်က ဧပြီ 1 ရက်နေ့တွင် ရောဂါလက္ခဏာမပြသသော လူများကို နေ့စဉ်လူနာစာရင်းတွင် စတင် ထည့်သွင်းခဲ့သည်။ ထိုနေ့က ကူးစက်ခံရသူ 166 ဦးတွင် 130 (78%) သည် စမ်းသပ်သော အချိန်တွင် ရောဂါလက္ခဏာ မရှိကြပေ။ ချွဲသလိပ်များရော တံတွေး၊ သွားရည်တို့ကပါ များပြားသော ဗိုင်းရပ်စ်ပမာဏများကို သယ်ယူနိုင်ပါသည်။ စကားအကျယ်ကြီးပြောခြင်းသည် ပုံမှန်ပြောခြင်းထက် အရည်အစက်များ ပိုမို ထွက်စေသည်။ စင်ကာပူတွင် လေ့လာမှုအရ အကာအကွယ်မဲ့ ချောင်းဆိုးခြင်းသည် အရည်စက်ကလေးများကို 4.5 မီတာ (15 ပေ) အထိ ရောက်သွားစေသည်ဟု သိရသည်။ ဗိုင်းရပ်စ်မှာ အများအားဖြင့် လေထဲရှိအမှုန်အမွှား မဟုတ်သော်လည်း အမျိုးသား သိပ္ပံ အကယ်ဒမီက ဇီဝလေအမှုန် ကူးစက်မှုမှာ ဖြစ်နိုင်ပြီး လူအများ၏ အခန်းအပြင်ဘက်ရှိ စင်္ကြံတစ်လျှောက်တွင် တပ်ဆင်ထားသည့် လေစုစက်များမှ လေနမူနာများတွင် ဗိုင်းရပ်စ်၏ RNA ကို ရှာတွေ့ခဲ့သည်။ အသက်ရှူလမ်းကြောင်း ပိုက်ထည့်ခြင်း၊ နှင့် နှလုံးနှင့် အဆုတ် ပြန်လည် နှိုးဆွခြင်း (CPR) ကဲ့သို့ ဆေးဖက်ဆိုင်ရာ လုပ်ငန်းစဉ်များသည် အသက်ရှူလမ်းကြောင်း စိမ့်ထွက်ရည်များကို လေတွင်လွှင့်မျောသည့် အမှုန်ငယ်လေးများ ဖြစ်စေပြီး လေထဲမှ တဆင့် ကူးစက်မှုကို ဖြစ်စေသည်။ မစင်မှတဆင့် ကူးစက်နိုင်မှုများ ရှိနိုင်သည်ဟူသည့် စိုးရိမ်မှုများ ရှိနေချိန်တွင် ဤဖြစ်နိုင်ချေ အန္တရာယ်မှာ နည်းပါးသည်။ ဗိုင်းရပ်စ်သည် ရောဂါလက္ခဏာပြသနေချိန်တွင် ကူးစက်နိုင်စွမ်း အမြင့်မားဆုံးဖြစ်သည်။ ရောဂါလက္ခဏာများ မပေါ်ပေါက်မီတွင် ကူးစက်မှုများဖြစ်နိုင်သော်လည်း အန္တရာယ်မှာ နည်းပါးသည်။ ရောဂါ ဘယ်လိုမျိုး အလွယ်တကူ ကူးစက်ပုံကို လုံးလုံးလျားလျား ရှင်းလင်းစွာ မသိသေးသော်လည်း၊ လူတစ်ဦးက အခြားလူ နှစ်ဦးမှ သုံးဦးအထိ သာမန်အားဖြင့် ကူးစက်တတ်သည်ဟု ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ဥရောပ စင်တာ (ECDC) က ဆိုပါသည်။ ဗိုင်းရပ်စ်သည် မျက်နှာပြင်များပေါ်တွင် နာရီအနည်းငယ်မှ ရက်အနည်းငယ်အထိ ရှင်သန်နိုင်ပါသည်။ အထူးသဖြင့် ဗိုင်းရပ်စ်သည် ကတ်ထူစက္ကူပေါ်တွင် တစ်ရက်၊ ပလတ်စတစ် (ပုံသွင်းပလတ်စတစ် (ပေါ်လီပရိုပလင်း))နှင့် စတီးလ် (AISI 304) တို့အပေါ်တွင် သုံးရက်အထိနှင့် ကြေးနီ 99% အပေါ်တွင် လေးနာရီအထိ ရှင်သန်နိုင်ကြောင်း သိရှိခဲ့ရသည်။ သို့ရာတွင်၊ ၎င်းသည် စိုထိုင်းစနှင့် အပူချိန်ပေါ်မူတည်၍ ကွဲပြားပါသည်။ မှန်ကန်စွာအသုံးပြုပါက ဆပ်ပြာနှင့် ချေးချွတ်ဆေးတို့သည်လည်း ထိရောက်မှုရှိပါသည်၊ ဆပ်ပြာနှင့်ဆိုင်သောထုတ်ကုန်များသည် ဗိုင်းရပ်စ်၏ အဆီများသောအလွှာကို ပြိုကွဲပျက်စီးစေကာ ၎င်းကို အသက်ဝင်ခြင်းမရှိအောင် ပြုလုပ်ပေးရုံသာမက ၎င်းတို့ကို အရေပြားနှင့် အခြားသောမျက်နှာပြင်များပေါ်တွင် မရှိတော့အောင် ပြုလုပ်ပေးပါသည်။ ဘင်ဇယ်ကိုနီယမ် ကလိုရိုဒ် နှင့် ကလိုဟက်ဆီဒင်း ဂလူကိုနိတ် (ခွဲခန်းသုံး ပိုးသတ်ဆေးရည်) ကဲ့သို့ အခြားအရည်များသည် ထိရောက်မှု ပိုနည်းသည်။ ဟောင်ကောင်လေ့လာမှု တစ်ခုတွင် ဆေးရုံစတင်တက်ရောက်သည့်နောက် နှစ်ရက်အကြာတွင် တံတွေးနမူနာကို ကြားခံအဖြစ် ရယူသည်။ လူနာခြောက်ဦးမှ ငါးဦးတွင် ပထမနမူနာသည် အမြင့်မားဆုံး ဗိုင်းရပ်စ် ပါဝင်မှုကို ပြသပြီး ခြောက်ဦးမြောက်လူနာတွင် ဒုတိယနေ့ စမ်းသပ်မှုတွင် ဗိုင်းရပ်စ်ပါဝင်မှု အများဆုံးကို ပြသသည်။ ပြင်းထန်သော စိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာစု ကိုရိုနာဗိုင်းရပ်စ် 2 (SARS-CoV-2) သည် ဝူဟန်ရှိ စိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်း နာမကျန်းမှု ရောဂါဖြစ်သူ လူစုနှင့် ဆက်နွှယ်သည့် အဆုတ်ရောင်ရောဂါရှိသူ လူသုံးဦးထံမှ ပထမဆုံး သီးခြားထွက်ပေါ်လာသည့် ဆန်းသစ်သော ပြင်းထန် စိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာစု ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပါသည်။ နိုဗယ် SARS-CoV-2 ဗိုင်းရပ်စ်၏ အင်္ဂါရပ်အားလုံးက သဘာဝအလျောက် တွေ့ရသည့် သက်ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်များတွင်လည်း ဖြစ်ပေါ်ပါသည်။ လူ့ခန္ဓာကိုယ် အပြင်အပတွင် ဗိုင်းရပ်စ်ကို အိမ်သုံး ဆပ်ပြာက ကာကွယ်ထားသော ရေဗူးဗောင်းကို ပေါက်ကွဲစေခြင်းဖြင့် သေစေသည်။ SARS-CoV-2 သည် မူရင်း SARS-CoV နှင့် အတော်‌ပင် တူညီပတ်သက်မှု ရှိသည်။ အဆုတ်များအတွင်းရှိ အမျိုးအစား ၂ အေဗီအိုလာ ဆဲလ်များတွင် အများဆုံး တွေ့ရှိရသော အင်ဂျီအိုတန်ဆင်-ပြောင်းလဲခြင်း အင်ဇိုင်း 2 (ACE2) မှတဆင့် အိမ်ရှင်ဆဲလ်များအတွင်းသို့ ဗိုင်းရပ်စ်သည် ဝင်ရောက်ခြင်းကြောင့် အဆုတ်များသည် COVID-19 အများဆုံး သက်ရောက်ခြင်းခံရသော အင်္ဂါများ ဖြစ်သည်။ ဗိုင်းရပ်စ်သည် ACE2 နှင့် ချိတ်ဆက်ပြီး လက်ခံဆဲလ်ထဲသို့ ဝင်ရောက်ရန် “ဆူးချွန်” (ပပ်ပလိုမာ) ဟုခေါ်သောအထူးမျက်နှာပြင် ဂလိုင်ကိုပရိုတိန်းကိုအသုံးပြုသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ရောဂါပိုးရှိပြီး ဆေးရုံတက်ရသူ၏ 12% တွင် ရုတ်တရက် နှလုံး ထိခိုက်မှုကို တွေ့ရပြီး ယင်းသည် ပိုမိုပြင်းထန်သော ရောဂါများတွင် တွေ့ရမှု ပိုများသည်။ ရောဂါ တိုးပွားလာစဉ်အတွင်း ရောင်ရမ်းခြင်းဖြင့်တုံ့ပြန်မှုနှင့် ကိုယ်ခံအားစနစ် ချို့ယွင်းမှုများကြောင့် နှလုံးသွေးကြော ရောဂါလက္ခဏာများ ဖြစ်နှုန်းမှာ မြင့်မားပါသည်၊ သို့သော် စိုးရိမ်ဖွယ်ရာ နှလုံးကြွက်သား ထိခိုက်မှုသည်လည်း နှလုံးအတွင်းရှိ ACE2 လက်ခံတုံ့ပြန်ပစ္စည်းနှင့်လည်း ဆက်စပ်နိုင်ပါသည်။ ACE2 လက်ခံအရာများသည် နှလုံးတွင် မြင့်မားစွာ တွေ့ရှိရပြီး နှလုံး လုပ်ငန်းများတွင် ပါဝင်ကြသည်။ သွေးကြောများအတွင်း သွေးခဲခြင်း ဖြစ်ရပ် မြင့်မားခြင်း (31%) နှင့် သွေးပြန်ကြောများတွင် သွေးခဲများ ပါဝင်ပိတ်ဆို့ခြင်း (25%) ကို COVID-19 ကူးစက်ရောဂါရှိသည့် အထူးကြပ်မတ်ဆောင်တွင် ထားရှိရသော လူနာများတွင် တွေ့ရပြီး တိုးတက်နိုင်ချေ နည်းပါးမှု ကြောင့်လည်း ဖြစ်နိုင်သည်။ COVID-19 ကြောင့် သေဆုံးသူများ၏ ရင်ခွဲ စမ်းသပ်မှုများတွင် ကျယ်ပြန်သော အေဗီအိုလာ ပျက်စီးမှု (DAD) နှင့် အဆုတ်အတွင်း လင့်ဖ်ဆဲလ်များပါဝင်သော ယောင်ယမ်းမှု စိမ့်ဝင်ခြင်းတို့ကို တွေ့ရသည်။ SARS-COV-2 တွင် အသက်ရှုလမ်းကြောင်း၏ ACE2-ကိုပြသသော အက်ပီသယ်လီရယ်ဆဲလ်များအတွက် ဦးတည်ချက်ပြောင်းခြင်းမျိုး ရှိသော်လည်း ပြင်းထန်သည့် COVID-19 ကိုခံစားနေရသောလူနာများ၌ ခန္ဓာကိုယ်တစ်ခုလုံး၌ အရေပြားများဖူးရောင်နီရဲသော ရောဂါလက္ခဏာများ ရှိပါသည်။ အထူးသဖြင့် ရောဂါဖြစ်စေသော GM-CSF-စိမ့်ထွက်သည့် တီဆဲလ်များကို ရောင်ယမ်းမှု ဆိုင်ရာ IL-6 စိမ့်ထွက်သည့် မိုနိုဆိုက်များ စုဆောင်းမှုနှင့် COVID-19 လူနာများတွင် ပြင်းထန်သော အဆုတ်ရောဂါများနှင့် ဆက်နွယ်ကြောင်း ပြသသည်။ ရင်ခွဲ စမ်းသပ်မှုများတွင် လင့်ဖက်တစ် ဆဲလ်များ စိမ့်ဝင်ခြင်းကိုလည်း အစီရင်ခံထားသည်။ WHO က ရောဂါအတွက် စမ်းသပ်မှု လုပ်ထုံး အများအပြားကို ထုတ်ပြန်ကြေညာခဲ့သည်။ စမ်းသပ်ခြင်း၏ စံထားသောနည်းလမ်းမှာ တကယ့်အချိန်တွင် ပြောင်းပြန်ကူးယူသော ပေါ်လီမီရေ့စ်ချိန်း တုံ့ပြန်ချက် (rRT-PCR) ဖြစ်ပါသည်။ ဤစစ်ဆေးမှုအား နှာခေါင်းနှင့် လည်ချောင်းကြားတို့ပတ်ဓာတ်ခွဲနမူနာယူခြင်းဖြင့် ရယူထားသည့် အသက်ရှူလမ်းကြောင်း နမူနာများဖြင့် ဆောင်ရွက်လေ့ရှိသည်၊ သို့သော် နှာခေါင်းတို့ပတ်နမူနာ သို့မဟုတ် ချွဲသလိပ်နမူနာကိုလည်း အသုံးပြုနိုင်ပါသည်။ ယေဘုယျအားဖြင့် ရလဒ်များကို နာရီအနည်းငယ်မှ နှစ်ရက်အတွင်း ရရှိနိုင်သည်။ သွေးစစ်ခြင်းများကို အသုံးပြုနိုင်သော်လည်း ၎င်းတို့က နှစ်ပတ်ခြား၍ ရယူထားသည့် သွေးနမူနာများ လိုအပ်ပြီး ရလဒ်များတွင် ချက်ချင်းတန်ဖိုး အနည်းငယ်သာ ရှိသည်။ တရုတ် သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်၏ ဗီဇကို သီးခြားခွဲနိုင်ခဲ့ ပြီး မျိုးရိုးဗီဇဆိုင်ရာ အစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းဖြင့် ကမ္ဘာအနှံ့ အပြားမှ ဓါတ်ခွဲခန်းများက အမှီအခိုကင်းစွာ ဗိုင်းရပ် ကူးစက်မှုကို ရှာဖွေရန် ပေါ်လီမာရေ့စ် ကွင်းဆက် ဓါတ်ပြုမှု (PCR) ကို စမ်းသပ်ဖော်ထုတ်နိုင်စေသည်။ 2020 ခုနှစ် ဧပြီလ 4 ရက်နေ့ ရောက်သောအခါ (လက်ရှိ ကူးစက်ရောဂါ ရှိနေခြင်းနှင့် ယခင်က ကူးစက်ခံထားရသူများကို စမ်းသပ်နိုင်သော) အင်တီဘော်ဒီ စမ်းသပ်မှု ကို ဖော်ထုတ် ခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိသေးပါ။ စမ်းသပ်မှုနှင့် ပတ်သက်သည့် တရုတ်တို့၏ အတွေ့အကြုံက တိကျမှန်ကန်မှုမှာ 60% မှ 70% သာ ရှိကြောင်း ပြသနေသည်။ အမေရိကန်ပြည်ထောင်စု FDA က ထိုလအကုန်တွင် အသုံးပြုရန်အတွက် ပထမဆုံး စောင့်ရှောက်မှု နေရာအမှတ် စမ်းသပ်ခြင်းကို 2020 ခုနှစ် မတ်လ 21 ရက်နေ့တွင် အတည်ပြုခဲ့သည်။ ဝူဟန်တက္ကသိုလ် Zhongnan ဆေးရုံက ထုတ်ပြန်သော ရောဂါရှာဖွေမှု လမ်းညွှန်ချက်များက ဆေးကုသရာတွင် ပြသမှုများနှင့် ကူးစက်ရောဂါဗေဒဆိုင်ရာ ဘေးအန္တရာယ်များအပေါ် အခြေပြုရှာဖွေသည့် နည်းလမ်းများကို အကြံပြုထားသည်။ အချိုးမညီသော ကျောပိုင်း အနားစွန့် ပျံ့နှံ့မှုနှင့်အတူ အဆုတ်နှစ်ဖက်တွင် ဖန်ကွဲစလေးများ ကြဲထားသလို အလင်းမဖောက်နိုင်သော အကွက်ပုံစံများကို ရောဂါကူးစက်မှု အစောပိုင်းတွင် အတွေ့များသည်။ ရောဂါ ပိုဆိုးလာသည်နှင့်အမျှ အဆုတ်အပေါ်ယံအလွှာ ထူလာခြင်း၊ မျက်နှာပြင်ကြမ်းတမ်းခြင်း (ပုံသေမဟုတ်သော သွားရင်းဗျည်း ပြည့်လာမှုများဖြင့် လိုဘူလာ ကြားအကန့် ထူလာခြင်း) နှင့် ကြပ်ခဲခြင်းများ ဖြစ်လာနိုင်သည်။ မိုက်ခရို စကုတ်ဖြင့် မြင်ရသော ဒဏ်ရာများ နှင့် COVID-19 ၏ ဇီဝကမ္မ-ရောဂါဗေဒ တို့၏ အကြောင်းများနှင့် ပတ်သက်၍ ရရှိနိုင်သော အချက်အလက် အနည်းငယ်သာ ရှိသည်။ ရင်ခွဲစစ်ဆေးမှုများတွင် အဓိက ရောဂါဗေဒဆိုင်ရာ တွေ့ရှိချက်များမှာ မက်ခရိုစကိုပီ- အဆုတ်အမြှေးရောင်ရောဂါ၊ နှလုံးရောင်ခြင်း၊ အဆုတ် ခဲခြင်းနှင့် အဆုတ် တွင်း‌ရေဝင်ခြင်း ဗိုင်းရပ်စ်နှင့်ဆိုင်သည့်နမိုးနီးယားရောဂါ၏ ပြင်းထန်မှုလေးမျိုးကို ဖော်ပြပါအတိုင်း စူးစမ်းလေ့လာနိုင်ပါသည်- အပျော့စာ နမိုးနီးယား။ အဆုတ်ရေဝင်ခြင်း၊ နျူမိုဆိုက်များ များပြားလာခြင်း၊ ပုံမှန်မဟုတ်သော ကြီးမားသည့် နျူမိုဆိုက်များ၊ လင့်ဖ်ဆဲလ်များ ဝင်ရောက်လာခြင်းနှင့် အတူ ကြားခံနေရာ ရောင်ယမ်းခြင်း နှင့် နျူကလီးယပ်စ် အများအပြားပါသော ကြီးမားသော ဆဲ့လ်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်း။ ပြင်းထန် အဆုတ်ရောင်ရောဂါ-နေရာအနှံ့ သွားရင်းဗျည်း စိမ့်ထွက်ရေများနှင့် နေရာအနှံ့ သွားရင်းဗျည်း ထိခိုက်မှု (DAD)။ DAD သည် ပြင်းထန်အသက်ရှူရခက်ခဲခြင်းရောဂါ (ARDS) နှင့် ပြင်းထန်သည့် သွေးတွင်းအောက်စီဂျင်နည်းမှု ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ နမိုးနီးယား ပျောက်ကင်း သက်သာခြင်း။ အေဗီအိုလာ လမ်းကြောင်းများမှ စိမ့်ထွက်ရည်များနှင့် အဆုပ်ကြားခံ ဖိုင်ဘရိုးဆစ်များ ဖွဲ့စည်းခြင်း သွေး- သွေးကြောတွင်း သွေးခဲမှုပျံ့နှံ့ခြင်း (DIC)၊ လူကိုရီသရိုဘလက်စတစ် တုံ့ပြန်မှု ရောဂါကူးစက်မှု ဖြစ်နိုင်ခြေများကို လျှော့ချရန် ကြိုတင်ကာကွယ်သော နည်းလမ်းများတွင် အိမ်တွင်နေခြင်း၊ လူစုဝေးရာ နေရာများကို ရှောင်ခြင်း၊ ဆပ်ပြာနှင့် ရေတို့ဖြင့် အနည်းဆုံး စက္ကန့် 20 ကြာ မကြာခဏ လက်ဆေးခြင်း၊ ကောင်းမွန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ သန့်ရှင်းရေးကို ကျင့်သုံးခြင်းအပြင် ဆေးကြောမထားသည့် လက်များဖြင့် မျက်လုံးများ၊ နှာခေါင်း သို့မဟုတ် ပါးစပ်ကို မကိုင်ခြင်းတို့ ပါဝင်သည်။ CDC က ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း ပြုရာတွင် ပါးစပ်နှင့် နှာခေါင်းကို တစ်ရှူးဖြင့် ကာရန် အကြံပြုပြီး တစ်ရှူးမရရှိနိုင်ပါက တံတောင်ကွေးအတွင်းပိုင်းကို အသုံးပြုရန် အကြံပြုထားသည်။ ချောင်းဆိုးပြီး သို့မဟုတ် နှာချေပြီးချိန်တွင် သေချာစွာ လက်သန့်စင်ခြင်းကို အားပေးသည်။ CDC က လက္ခဏာပြသမှု မရှိသူများထံမှ ကူးစက်မှုများကို ကန့်သတ်ရန် တစ်စိတ်တစ်ပိုင်း အဖြစ် အများပြည်သူ နေရာများတွင် အဝတ်နှာခေါင်းစည်းများ အသုံးပြုရန် အကြံပြုသည်။ အများနှင့် ခပ်ခွာခွာနေရေး မဟာဗျူဟာများသည် ကျောင်းများနှင့် အလုပ်များ ပိတ်ခြင်း၊ ခရီးသွားမှု ကန့်သတ်ခြင်းနှင့် ကြီးမားသော လူထု စုဝေးမှုများကို ဖျက်သိမ်းခြင်းအားဖြင့် ရောဂါပိုးရှိသူများကို လူအုပ်စုများနှင့် ထိတွေ့မှု လျော့ကျစေရန် ရည်ရွယ်သည်။ ခပ်ခွာခွာနေခြင်း လမ်းညွှန်ချက်တွင် လူအများ အနည်းဆုံး 6 ပေ (1.8 မီတာ) ခွာ၍နေခြင်းလည်း ပါဝင်ပါသည်။ COVID-19 ကို ကာကွယ်ပေးသည့် ထိရောက်သော သိထားပြီး ဆေးဝါး မရှိသေးပါ။ ကာကွယ်ဆေးမှာ 2021 ခုနှစ် အစောပိုင်းကာလအထိ မျှော်လင့်နိုင်ခြင်း မရှိသေးသည့်အတွက် COVID-19 စီမိခန့်ခွဲမှု၏ အဓိက အစိတ်အပိုင်းမှာ “ မျဉ်းကွေးကို ပြားစေခြင်း” ဟုခေါ်သည့် ကူးစက်ရောဂါ မြင့်မားမှုကို လျော့ကျစေရန် ကြိုးပမ်းခြင်းဖြစ်သည်။ CDC သည် အထူးသဖြင့် သန့်စင်ခန်းသွားပြီးနောက် သို့မဟုတ် လက်များအလွန်ညစ်ပတ်နေသည့်အခါ၊ အစာမစားမီနှင့် နှပ်ညှစ်ပြီးနောက်၊ ချောင်းဆိုးပြီးနောက် သို့မဟုတ် နှာချေပြီးနောက်တွင် အနည်းဆုံး စက္ကန့် 20 ကြာအောင် လက်များကို ဆပ်ပြာနှင့် ရေတို့ဖြင့်ဆေးကြောရန်ကိုလည်း လူများကို အကြံပြုထားပါသည်။ ယင်းက ထပ်မံအကြံပြုသည်မှာ အယ်ကိုဟော အခြေပြု အနည်းဆုံး အယ်ကိုဟော 60 % ပါဝင်သော လက်သန့်ဆေး အသုံးပြုမှုကို အကြံပြုထားသည်၊ သို့သော်လည်း ရေနှင့် ဆပ်ပြာ အလွယ်တကူ မရရှိနိုင်မှသာ ဖြစ်သည်။ စီးပွားဖြစ်ထုတ်လုပ်သော လက်သန့်ဆေးရေများ မရရှိနိုင်သော ဧရိယာများအတွက် WHO က ဒေသအတွင်း ထုတ်လုပ်နိုင်သည့် ဖော်မြူလာ နှစ်ခုကို ပေးထားသည်။ ယင်း ဖော်မြူလာများတွင် ပိုးမွှားဆန့်ကျင်မှု လုပ်ဆောင်ချက်သည် အီသနော သို့မဟုတ် အိုင်ဆိုပရိုပနော မှ ထွက်ပေါ်သည်။ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ကို ဘက်တီးရီးယား စပိုးများ ဖယ်ရှားရာတွင် အထောက်အကူအဖြစ် အသုံးပြုသည်။ ယင်းသည် “လက်ပိုးသတ်ခြင်းအတွက် တက်ကြွစွာပါဝင်သော ဓါတ်ပစ္စည်း မဟုတ်ပေ။” အစိုဓာတ်ထိန်းပစ္စည်းအဖြစ် ဂလစ်ဆရင်းကို ထည့်ထားသည်။ အရည် ကုသမှု၊ အောက်ဆီဂျင်ပံ့ပိုးမှုတို့ ပါဝင်သော ပံ့ပိုးမှု စောင့်ရှောင်မှုနှင့် အခြားသက်ရောက်မှု ရှိသော အရေးပါသည့် အင်္ဂါများအား ပံ့ပိုးမှုဖြင့် လူများကို စီမံခန့်ခွဲသည်။ ဗိုင်းရပ်စ် သယ်ဆောင်နိုင်သည်ဟု သံသယရှိသူများသည် ရိုးရိုး နှာခေါင်းစည်းကို ဝတ်ဆင်ရမည်ဟု CDC က အကြံပြုပါသည်။ အသက်ရှုခြင်းဆိုင်ရာချွတ်ယွင်းမှုကိစ္စရပ်ကို ဖြေရှင်းရန် လူလုပ်အဆုတ် (Extracorporeal membrane oxygenation (ECMO)) ကို အသုံးပြုခြင်းသော်လည်း ၎င်း၏အကျိုးကျေးဇူးများကိုမူ စဉ်းစားနေဆဲဖြစ်ပါသည်။ ကိုယ်ခံအား တိုးလာစေရန် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာသော ဘဝနေထိုင်ပုံနှင့် စားသောက်ပုံကို ကျင့်သုံးရပါမည်။ ကူးစက်ခံရမှုအစောပိုင်းအဆင့်တွင် ညင်သာသည့်ရောဂါလက္ခဏာများရှိနေသူများ၌ ပံ့ပိုးကုသမှုများမှာ အသုံးဝင်နိုင်ပါသည်။ WHO နှင့် တရုတ်အမျိုးအသားဆိုင်ရာ ကျန်းမာရေးကော်မရှင်သည် COVID-19 ဖြင့် ဆေးရုံတက်နေရသူများကို စောင့်ရှောက်ကုသခြင်းအတွက် အကြံပြုချက်များကို ထုတ်ဝေထားပါသည်။ အမေရိကန်ပြည်ထောင်စုရှိ အထူးကြပ်မတ်ကုသပေးသည့် ဆရာဝန်များနှင့် အဆုတ်ရောဂါအထူးကုပါရဂူများသည် ကျန်းမာရေးဌာနအမျိုးမျိုးမှ ကုသခြင်းဆိုင်ရာ အကြံပြုချက်များကို အခမဲ့သတင်းရင်းမြစ်တစ်ခုဖြစ်သည့် IBCC တွင် တစ်ပေါင်းတစ်စည်းတည်း စုစည်းပြုစုပေးခဲ့ပါသည်။ 2020 ခုနှစ် ဧပြီလတွင်၊ COVID-19 အတွက် သီးခြားကုသမှု မရှိပါ။ ရောဂါလက္ခဏာများအတွက် အချို့ဆေးဖက်ဆိုင်ရာ ပညာရှင်များက ပထမအဆင့် အသုံးပြုမှုအတွက် ပါရာစီတာမော (အက်စီတာမီနိုဖင်) ကို အိုင်ဗျူပရိုဖင်ထက်ပိုမို၍ အကြံပြုသည်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးသည့်နေရာများတွင် ပိုက်ထည့်၍အသက်ရှုရန်ကူပေးခြင်း သို့မဟုတ် လက်ဖြင့်ညှစ်ရသောအသက်ရှုကူစက်များကဲ့သို့သော လေမှုန်များကို မှုတ်ထုတ်ပေးနိုင်သော လုပ်ငန်းစဉ်များကို လုပ်ဆောင်သည့်အခါ၊ ဗိုင်းရပ်စ်ကူးပြောင်းပျံ့ပွားမှုအန္တရာယ်ကို လျှော့ချရန် ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်ရပါမည်။ COVID-19 ရောဂါရှိသူများအတွက် စောင့်ရှောက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများအတွက်၊ CDC သည် စံကြိုတင်ကာကွယ်မှုများ၊ ထိတွေ့မှု ကြိတင်ကာကွယ်မှုများနှင့် လေထဲရှိအမှုန်အမွှား ကြိတင်ကာကွယ်မှုများကို လိုက်နာခြင်းအပြင် လေထဲရှိအမှုန်အမွှားမှတဆင့် ရောဂါကူးစက်မှု သီးခြား အခန်း (AIIR) တွင် လူနာအားထားရေးကို လိုက်နာရန် အကြံပြုထားသည်။ အကြံပြုထားသောပစ္စည်းမှာ- PPE ဝတ်စုံ၊ အသက်ရှူစက် သို့မဟုတ် နှာခေါင်းစည်း၊ မျက်လုံးအကာ၊ နှင့် ဆေးကုသမှုဆိုင်ရာလက်အိတ်များ ဖြစ်ပါသည်။ ရရှိနိုင်သည့်အခါ၊ (နှာခေါင်းစည်းများအစား) အသက်ရှုစက်များကို ဦးစားပေးအသုံးပြုပါ။ N95 အသက်ရှူကိရိယာများအား စက်မှုလုပ်ငန်း အဆင်အပြင်များအတွက် အတည်ပြုထားသော်လည်း FDA သည် နှာခေါင်းစည်းများကို အရေးပေါ် အသုံးပြုရန် ခွင့်ပြုမှုမိန့် (EUA) ဖြင့် အသုံးပြုရန် ခွင့်ပြုပေးထားပါသည်။ ယင်းတို့ကို လေထဲတွင် ပါလာသော ဖုန်ကဲ့သို့ အမှုန်အမွှားများမှ ကာကွယ်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သော်လည်း သီးခြား ဇီဝ ဆိုင်ရာ အေးဂျင့် အပေါ် ထိရောက်မှုမှာ တံဆိပ်တွင် ပါဝင်ခြင်းမရှိသော အသုံးပြုမှုအတွက် အာမခံချက် မရှိပေ။ နှာခေါင်းစည်းများ မရနိုင်ချိန်တွင် မျက်နှာအကာများ၊ နောက်ဆုံးအဆင့် အိပ်ချုပ် နှာခေါင်းစည်းများကို အသုံးပြုပါရန် CDC က အကြံပြုထားသည်။ COVID-19 ကူးစက်သူအများစုမှာ အသက်ရှူစက် သို့မဟုတ် အလားတူစက်များ လိုအပ်လောက်အောင် ရောဂါမပြင်းထန်၍ ကူးစက်သူအချို့သာ လိုအပ်ပါသည်။ COVID-19 နှင့် ဆက်စပ်သော အသက်ရှူလမ်းကြောင်း ပြဿနာ ရှိသူများအတွက် အသက်ရှူလမ်းကြောင်း ပံ့ပိုးမှု အမျိုးအစားကို ဆေးရုံရှိလူအများအတွက် လက်ရှိ လေ့လာလျှက်ရှိပြီး အထောက်အထားအချို့အရ စီးဆင်းအားကောင်းသော နှာခေါင်းလမ်းကြောင်း ပိုက်ငယ် သို့မဟုတ် နှစ်ဆင့် အပေါင်း လေလမ်းကြောင်း ဖိအားဖြင့် ပိုက်သွင်းရခြင်းကို ရှောင်နိုင်သည်ဟု သိရသည်။ ၎င်းတို့နှစ်မျိုးထဲမှ တစ်မျိုးမျိုးသည် အပြင်းအထန်ဖျားနာနေသူများအတွက် အလားတူအကျိုးကျေးဇူးထံ ဦးတည်စေခြင်း ရှိ မရှိကို မသိရသေးပါ။ လေစီးဆင်းမှု မြင့်မားသော နှာခေါင်းပိုက် နှင့် နှိုင်းယှဉ်လျှင် အချို့ ဆရာဝန်များက ဖြစ်နိုင်ပါက ကျူးကျော်မှု များသော စက်ပိုင်းဆိုင်ရာ အသက်ရှူစက်နှင့် နေထိုင်ခြင်းကို ပိုမို လိုလားသည်။ အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းသည် လေတွင် လွင့်ပါးသော အစက်အမှုန်ကလေးများ ပြန့်နှံ့မှုကို ကန့်သတ်ပေးသောကြောင့် ဖြစ်သည်။ ရောဂါပြင်းထန်သော လူနာများကို အသက်အရွယ် ကြီးရင့်သူများ (အသက် 60 အထက်လူများ နှင့် အထူးသဖြင့် အသက် 80 အထက် လူများ) တွင် ပိုမို အတွေ့ ရများသည်။ ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားတွင် ဆေးရုံတက်ရသည်အထိ ရောဂါပြင်းထန်သော COVID-19 လူနာအရေအတွက် ရုတ်တရက်မြင့်တက်လာမှုကို ကိုင်တွယ်နိုင်ရန် ကျန်းမာရေးစနစ်၏ လုပ်ဆောင်နိုင်မှုသည် အကန့်အသတ်ဖြင့်သာ ရှိနေ၍ တစ်ဦးချင်းစီအတွက် ဆေးရုံကုတင်များ အလုံအလောက်မရှိပါ။ တရုတ်နိုင်ငံတွင်း လေ့လာမှုတစ်ခုအရ 5% သည် အထူးကြပ်မတ်ဆောင်များသို့ တက်ရောက်ရပြီး 2.3% က အသက်ရှူစက် အကူအညီ လိုအပ်ခဲ့ပြီး 1.4% မှာ သေဆုံးခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ဆေးရုံရှိ COVID-19 ရှိသော သူများ၏ 30% မှာ တဖြည်းဖြည်းနှင့် ICU တွင် တင်ထားကြရသည်။ COVID-19 တွင် ရုတ်တရက် အသက်ရှူမှု ထိခိုက်သော ရောဂါလက္ခဏာစု ပေါ်ပေါက်လာပြီး အောက်ဆီဂျင်မှာ ပိုမို ခက်ခဲလာသောကြောင့် စက်ဖြင့် အသက်ရှူခြင်းသည် ပိုမို ရှုတ်ထွေးလာစေသည်။ အသက်ရှူစက်နှင့် ဆက်စပ်သော အဆုတ် ထိခိုက်မှုနှင့် အဆုတ်နှင့်ရင်ဘတ်ကြားလေခိုမှု ဖြစ်နိုင်ခြေကို လျှော့ချနေစဉ် အောက်စီဂျင် ပေးပို့မှုကို အမြင့်ဆုံးမြှင့်တင်ရန် လိုအပ်သည့် ဖိအားထိန်းချုပ်မုဒ်များကို လုပ်နိုင်စွမ်းသည့် အသက်ရှူစက်များနှင့် PEEP အမြင့်တို့ လိုအပ်ပါသည်။ အသက်ရှူစက် အဟောင်းများတွင် မြင့်မားသော PEEP ကို မရရှိနိုင်သည်များ ရှိသည်။ ဖြစ်နိုင်ချေရှိသောကုသမှုများကို စူးစမ်းလေ့လာခြင်းအား 2020 ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး များစွာသော ရောဂါပိုးများကို ချေဖျက်သုတ်သင်သည့်ဆေးဝါးများကို ဆေးကုသမှုဆိုင်ရာစမ်းသပ်မှုများတွင် စမ်းသပ်နေပါသည်။ ရမ်ဒီဆီဗာက အလားအလာအကောင်းဆုံး ဖြစ်နေသည်။ ဆေးအသစ် ပေါ်ရန်အတွက် 2021 ခုနှစ်အထိ ကြာမြင့်နိုင်သော်လည်း စမ်းသပ်ထားသော ဆေးဝါးအများအပြားကို အခြားအသုံးပြုမှုများ အတွက် အတည်ပြုထားပြီးဖြစ်ပြီး အဆင့်မြင့် စမ်းသပ်ချက်များကို လုပ်ဆောင်နေပြီးဖြစ်သည်။ ပြင်းထန်သည့်ရောဂါဖြစ်နေသူများတွင် ဗိုင်းရပ်စ်ပိုးများကိုချေဖျက်သုတ်သက်သည့်ဆေးဝါးကို စမ်းသုံးကြည့်နိုင်ပါသည်။ အလားအလာရှိသော ကုသမှုများ၏ ထိရောက်မှုနှင့် ဘေးကင်းရေးအတွက် စမ်းသပ်မှုများတွင် ပါဝင်ပေးပါရန် စေတနာ့ဝန်ထမ်းများအား WHO က အကြံပြုပါသည်။ လူတစ်ဦး၏ အသက် ပြင်းထန်စွာ သို့မဟုတ် လက်ငင်း အန္တရာယ်ဖြစ်နေချိန်တွင် လက်တွေ့စမ်းသပ်မှုဆိုင်ရာ ကုသမှုအဖြစ် နေပြန်ကောင်းသူ၏ သွေးရည်ကြည်ကို အသုံးပြုပါရန် FDA က ယာယီ ခွင့်ပြုချက် ချမှတ်ပေးထားသည်။ ရောဂါအတွက် ဘေးကင်းလုံခြုံပြီး ထိရောက်မှု ရှိကြောင်း ပြသနိုင်ရန် လိုအပ်သည့် ကုသမှုဆိုင်ရာ လေ့လာမှုများကို လုပ်ဆောင်ပြီးခြင်း မရှိသေးပါ။ 2020 ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံက ရောဂါပြန့်ပွားမှုကို ကိုင်တွယ်ရန် လက်ကိုင်ဖုန်း အက်ပ် တစ်ခုကို စတင်ထုတ်ပြန်ခဲ့သည်။ သုံးစွဲသူများက ၎င်းတို့၏ အမည်နှင့် ID နံပါတ်ကို ထည့်ပေးရပါမည်။ ဤအက်ပ်သည် စောင့်ကြည့်မှု အချက်အလက်များကို အသုံးပြုပြီး “အနီးကပ် ထိတွေ့မှု” နှင့် ကူးစက်မှု ဘေးအန္တရာယ် အလားအလာကိုလည်း စုံစမ်းရှာဖွေနိုင်သည်။ အသုံးပြုသူ တစ်ဦးတိုင်းသည် အခြား အသုံးပြုသူ သုံးဦး၏ အနေအထားကို လည်း စစ်ဆေးနိုင်သည်။ ဖြစ်နိုင်ချေ ဘေးအန္တရာယ်ကို ရှာဖွေတွေ့ရှိပါက ၎င်းအက်ပ်သည် မိမိဘာသာ ခွဲနေစောင့်ကြည့်ရန် အကြံပြုရုံ သာမက ဒေသခံ ကျန်းမာရေး အရာရှိများကိုလည်း အသိပေးသည်။ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံတို့တွင် ရောဂါပိုးကူးစက်ခံရသူများနှင့် ထိုကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေရန် ဆဲလ်ဖုန်းပေါ်ရှိ ကြီးမားသော ဒေတာခွဲခြမ်းစိတ်ဖြာ်မှုစနစ်၊ မျက်နှာ သိရှိမှတ်သားသည့် နည်းပညာ၊ မိုင်ဘိုင်းလ်ဖုန်းခြေရာခံခြင်းနှင့် မှတ်ဉာဏ်တုနည်းပညာများ အသုံးပြု၍ ခြေရာခံသည်။ 2020 ခုနှစ် မတ်လတွင် အစ္စရေးအစိုးရ၏ လုံခြုံရေး အေဂျင်စီများသည် ကိုရိုနာ ဗိုင်းရပ်စ်ရှိသည်ဟု ထင်ရသော လူများ၏ လက်ကိုင်ဖုန်း အချက်အလက်များကို စောင့်ကြည့်နိုင်ခဲ့သည်။ ခွဲထားစောင့်ကြည့်မှုကို အားဖြည့်ရန် နှင့် ပိုးကူးစက်ထားသော ပြည်သူများနှင့် ထိတွေ့မှု ရှိနိုင်ခဲ့သူများကို ကာကွယ်ရန် အရေးယူ ဆောင်ရွက်မှုများကို လုပ်ဆောင်သည်။ 2020 ပြည့်နှစ် မတ်လတွင်ပင် Deutsche Telekom သည် သုတေသနပြုလုပ်နိုင်ရန်နှင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် စုပေါင်းထားသည့် ဖုန်းတည်နေရာအချက်အလက်များကို ဂျာမနီ ဖက်ဒရယ်အစိုးရအေဂျင်စီဖြစ်သော Robert Koch Institute ထံ မျှဝေခဲ့ပါသည်။ ရုရှားသည် ရောဂါခြေချုပ်ကိုချိုးဖောက်သူများအား ထောက်လှမ်းရန် မျက်နှာကိုမှတ်မိသိရှိသောနည်းပညာအား လက်တွေ့အသုံးချခဲ့ပါသည်။ အီတလီ ဒေသဆိုင်ရာ ကျန်းမာရေး ကော်မရှင်နာ မင်းကြီး Giulio Gallera က “လူများ၏ 40% မှာ တနည်းနည်းဖြင့် သွားလာလှုပ်ရှားနေကြကြောင်း” သူ့ကို လက်ကိုင်ဖုန်း ကုမ္ပဏီများက အသိပေးကြောင်း ပြောပြသည်။ ဂျာမန်အစိုးရသည် ပါဝင်သူပေါင်း 42.000 ကျော်ဖြင့် စနေ၊တနင်္ဂနွေတွင် 48 နာရီကြာသော ဟက်ခြင်း (အချက်အလက်များရယူခြင်း) ပြိုင်ပွဲကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အတူ အက်စ်တိုးနီးယားသမ္မတ Kersti Kaljulaid သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကိုတွန်းလှန်ရန်အတွက် ဖြေရှင်းချက်များဖန်တီးရန် တစ်ကမ္ဘာလုံးကို တိုက်တွန်းခဲ့ပါသည်။ လူအများက ရောဂါခြေချုပ်မှု၊ ခရီးသွား ကန့်သတ်ချက်များ၊ ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် ကူးစက်ရောဂါကို ကြောက်ရွံ့မှု ခံစားရနိုင်ပါသည်။ BBC က Rory O’Connor ၏ ပြောဆိုချက်ကို ကိုးကားရာတွင် “လူမှုရေးသီးခြားဖြစ်မှု၊ အထီးကျန်ဆန်မှု၊ ကျန်းမာရေး စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုနှင့် စီးပွားရေး ကျဆင်းမှုတွေဟာ လူများရဲ့ စိတ်ကျန်းမာရေးနဲ့ စားဝတ်နေရေးကို အန္တရာယ်ဖြစ်စေတဲ့ ပြီးပြည့်စုံတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပါတယ်။” ရောဂါသည် ရောဂါလက္ခဏာ အနည်းငယ် သို့မဟုတ် လုံးဝမပြသဘဲ၊ အအေးမိခြင်းကဲ့သို့ အခြားအဖြစ်များသော အသက်ရှူလမ်းကြောင်း အထက်ပိုင်း ရောဂါများနှင့် တူညီစွာ အပျော့စား ပုံစံ ဖြစ်နိုင်သည်။ အပျော့စား လူနာများမှာ ပုံမှန်အားဖြင့် နှစ်ပတ်အတွင်း သက်သာပျောက်ကင်းချိန်တွင် ပြင်းထန်သော သို့မဟုတ် စိုးရိမ်ဖွယ် ရောဂါသည်များမှာမူ ပျောက်ကင်းသက်သာရန် သုံးပတ်မှ ခြောက်ပတ်အထိ ကြာမြင့်သည်။ SARS နှင့် MERS ကဲ့သို့သော ပုံစံတူ အခြားဗိုင်းရပ်စ်များမှ အချက်အလက်များအရ ကိုယ်ဝန်သည်အမျိုးသမီးများသည် COVID-19 ရောဂါ ကူးစက်နိုင်ခြေ မြင့်မားနိုင်ပါသည်။ သို့သော် COVID-19 ရောဂါအတွက် အချက်အလက်ဟူ၍ မရှိသေးပါ။ အချို့လူများတွင် COVID-19 ရောဂါသည် အဆုတ်ကိုထိခိုက်ကာ အဆုတ်ရောင်ရောဂါ ဖြစ်စေတတ်ပါသည်။ အပြင်းထန်ဆုံးထိခိုက်ခံစားနေရသူများတွင်၊ COVID-19 သည် အသက်ရှု၍မရခြင်း၊ သွေးဆိပ်တက်ခြင်း သို့မဟုတ် မျိုးစုံသောကိုယ်တွင်းအင်္ဂါများချို့ယွင်းခြင်းတို့ကိုဖြစ်စေသော ပြင်းထန်အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းရောဂါ (ARDS) သို့ လျင်မြန်စွာ တိုးတက်သွားနိုင်ပါသည်။ COVID-19 ဆက်စပ်၍ ထပ်တိုးရောဂါသစ်များတွင် သွေးဆိပ်သင့်ခြင်း၊ မူမမှန် သွေးခဲခြင်းနှင့် နှလုံး၊ ကျောက်ကပ်များနှင့် အသည်းကို ထိခိုက်စေခြင်းတို့ ပါဝင်ပါသည်။ သွေးခဲခြင်း ပုံမှန်မဟုတ်မှု အထူးသဖြင့် ပရိုသရွန်ဘင်အချိန် (သွေးခဲချိန်) တိုးမြင့်လာခြင်းကို COVID-19 ဖြင့် ဆေးရုံ တက်သူများ၏ 6%တွင် တွေ့ရပြီး ပုံမှန်မဟုတ်သော ကျောက်ကပ် အလုပ်လုပ်မှုများကို ယင်းအုပ်စု၏ 4% တွင်တွေ့ရသည်။ ခန့်မှန်းခြေအားဖြင့် COVID-19 ရှိသူများ၏ 20-30% တွင် အသည်း အင်ဇိုင်းများ (transminases) မြင့်တက်လျက်ရှိသည်။ ထို အစီရင်ခံစာအရပင် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ချိန်မှ သေဆုံးချိန်အထိ အလယ်အလတ် အချိန်ကာလမှာ ၁၀ ရက်ဖြစ်ပြီး ငါးရက်မှာ ဆေးရုံပေါ်တွင် ဖြစ်သည်။ သို့ရာတွင်၊ ICU သို့လွှဲပြောင်းလိုက်သောလူနာများ၌ ဆေးရုံတက်ခြင်းနှင့် သေဆုံးခြင်းကြားတွင် ပျမ်းမျှအချိန် ခုနစ်ရက်ရှိပါသည်။ အစောပိုင်းဖြစ်စဉ်များ၏လေ့လာမှုတွင်၊ ကနဦးရောဂါလက္ခဏာများပြသချိန်မှ သေဆုံးသည်အထိ ပျမ်းမျှအချိန်ကာလမှာ ကြာချိန်အပြည့်အဝ ခြောက်ရက်မှ 41 ရက်နှုန်းဖြင့် 14 ရက်ဖြစ်ပါသည်။ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင် (National Health Commission, NHC) က ပြုလုပ်သော လေ့လာမှုတစ်ခုတွင် ယောက်ျားများတွင် သေဆုံးနှုန်း 2.8 % ရှိချိန်တွင် မိန်းမများတွင် သေဆုံးနှုန်း 1.7% သာရှိသည်။ အဆုတ်နမူနာ ရင်ခွဲစစ်ဆေးမှုများ၏ တစ်ရှူးရောဂါဗေဒ စမ်းသပ်ချက်များက အဆုတ်နှစ်ခုစလုံးတွင် ဆဲလ်များမှ ဖိုင်ဘရိုမိုင်ဇွိုက် စိမ့်ထွက်ရည်များနှင့်အတူ အေဗီအိုလာ ပျက်စီးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြသနေသည်။ ဗိုင်းရပ်စ်နှင့်ဆိုင်သော ဆဲလ်အတွင်းအပြောင်းအလဲများကို အဆုတ်ဆဲလ်များတွင် တွေ့ရှိထားပါသည်။ အဆုတ်ရုပ်ပုံသည် ရုတ်တရက် အသက်ရှူလမ်းကြောင်း အနှောက်အယှက် ရောဂါ လက္ခဏာစု (ARDS) နှင့် ဆင်တူသည်။ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်က အစီရင်ခံခဲ့သည့် သေဆုံးသူများ၏ 11.8% တွင် ထရိုပိုနင် ပမာဏ မြင့်မားခြင်း သို့မဟုတ် နှလုံးရပ်ခြင်းတို့ဖြင့် နှလုံး ပျက်စီးမှုကို မှတ်သားထားသည်။ အမေရိကန်ပြည်ထောင်စု၏ မတ်လ ဒေတာများအရ၊ ဆေးရုံတင်ရသူများ၏ 89% မှာ ရောဂါအခံရှိသူများ ဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ရင်းမြစ်များရနိုင်မှုနှင့် ဒေသတစ်ခု၏ လူမှုစီးပွားရေးကလည်း အသေအပျောက်နှုန်းအပေါ် သက်ရောက်မှုရှိပါသည်။ အခြေအနေမှ သေဆုံးမှုနှုန်း၏ ခန့်မှန်းချေများမှာ ဒေသဆိုင်ရာ ကွာခြားမှုများ ကြောင့် ကွဲပြား သော်လည်း နည်းပညာဆိုင်ရာ ခက်ခဲမှုများကြောင့်လဲ ခြားနားမှုများ ရှိကြသည်။ ညင်သာသောဖြစ်စဉ်များကို အထင်သေးခြင်းသည် ခန့်မှန်းမှုထက်ကျော်လွန်သွားသော သေဆုံးမှုနှုန်းကို ဖြစ်စေနိုင်ပါသည်။ သို့သော် ယခင်က ကူးစက်ခံရသူများအတွက် ရလဒ်မှာ သေဆုံးခြင်းဖြစ်သည်ဆိုသည့် အချက်အရ လက်ရှိ အသေအပျောက်နှုန်းကို လျှော့တွက်ထားသည်ဟု ဆိုနိုင်သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် COVID-19 ၏ ပြင်းထန်သော ရောဂါလက္ခဏာများရရှိရန် 1.4 ဆ အလားအလာပိုရှိပြီး အထူးကြပ်မတ်ကုသမှု ခံယူရန်နှင့် သေဆုံးရန် 2.4 ဆ ပိုမိုသည်။ ရောဂါကြောင့် ဖြစ်သော ရေရှည် နောက်ဆက်တွဲများကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။ ဟောင်ကောင်ဆေးရုံ အာဏာပိုင်များက ရောဂါမှ ပျောက်ကင်း သက်သာ လာသူများတွင် အဆုတ် အလုပ်လုပ်နိုင်စွမ်းသည် 20% မှ 30% အထိကျဆင်းသွားပြီး အဆုတ်ကို စကင်လုပ်ခြင်းကို အင်္ဂါပျက်စီးမှုကို ဖော်ပြနေသည်။ ၎င်းက နေပြန်ကောင်းလာပြီးနောက်ပိုင်း အထူးကြပ်မတ်ကုသဆောင်တွင် ကုသပြီးဖြစ်သည့် ရောဂါလက္ခဏာစုကိုလည်း ဖြစ်စေနိုင်ပါသည်။ 2020 ခုနှစ် မတ်လသို့ ရောက်သည့်အခါ ယခင်က ကူးစက်မှုသည် ရောဂါမှ ပျောက်ကင်းသက်သာသူများတါင် ထိရောက်သော ရေရှည် ရောဂါပြီးမှု ရှိမရှိကို မသိရသေးပဲ ရှိသည်။ အခြားသောကိုရိုနာဗိုင်းရပ်စ်များ၏ အပြုအမူပေါ်တွင်အခြေခံ၍ ရောဂါကို ခံနိုင်ရည်ရှိခြင်းမှာ ဖြစ်နိုင်ချေရှိသော်လည်း၊ COVID-19 ရောဂါဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသောဖြစ်စဉ်များ၌ ၎င်းတို့သည် နောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ ပေါ့စတစ်ပြန်ဖြစ်နေကြောင်း သတင်းပို့ထားပါသည်။ အဆိုပါ ကူးစက်သူများတွင် ရောဂါပြန်လည်ကူးစက်ခြင်းထက် ရောဂါကူးစက်မှု စွဲကျန်ခြင်းမှာ ပိုဆိုးနိုင်ပါသည်။ ဗိုင်းရပ်စ်မှာ သဘာဝအလျှောက်ဖြစ်ပေါ်မှု ဖြစ်နိုင်ပြီး တိရစ္ဆာန်ဇစ်မြစ်မှတဆင့် ဆင့်ကဲဖြစ်လာခြင်း ဖြစ်နိုင်သည်။ စစ်မှန်သော မူရင်းအစကို မသိရသော်လည်း 2019 ခုနှစ် ဒီဇင်ဘာလသို့ ရောက်သည့်အခါ ရောဂါကူးစက်မှုသည် လူမှလူသို့ ကူးစက်ခြင်း လုံးဝနီးပါး ဖြစ်လျက်ရှိနေခဲ့သည်။ 2020 ခုနှစ် ဇန္နဝါရီလ The Lancet တွင် ထုတ်ပြန်ထားသည့် COVID-19 အတည်ပြု လူနာ ပထမ 41 ဦးကို လေ့လာမှုတွင် အစောဆုံး လက္ခဏာများ စတင်ဖြစ်ပေါ်သည့် ရက်စွဲကို 2019 ဒီဇင်ဘာလ 1 ရက်နေ့ဟု ဖော်ပြထားသည်။ WHO မှ တရားဝင် ထုတ်ဝေသော စာများတွင် အစောဆုံး ရောဂါ လက္ခဏာ စတင်မှုကို 2019 ခုနှစ် ဒီဇင်ဘာလ 8 ရက်နေ့ဟု အစီရင်ခံထားသည်။ အရေအတွက် သေဆုံးမှုနဒန်းအတွက် အမျိုးမျိုးသော တိုင်းထွာမျုများကို ယေဘူယျအားဖြင့် အသုံးပြုသည်။ ဤအရေအတွက်များမှာ ဒေသနှင့် အချိန်ကြာမြင့်မှုအလိုက် ကွဲပြားပြီး စစ်ဆေးမှု ပမာဏ၊ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး၊ ကုသမှု နည်းလမ်းများ၊ ကနဦး ကူးစက်ပျံ့ပွားမှု စတင်ချိန်နှင့် အသက်၊ လိင်နှင့် အလုံးစုံ ကျန်းမာရေး ကဲ့သို့ လူအများ၏ လက္ခဏာရပ်များပေါ်လည်း မူတည်ပါသည်။ 2019 ခုနှစ်နောက်ပိုင်းတွင် WHO က အရေးပေါ် ICD-10 ရောဂါအတွက် ကုဒ်များ သတ်မှတ်ရာတွင် ဓါတ်ခွဲခန်း အတည်ပြု SARS-CoV-2 ကူးစက်ရောဂါမှ သေဆုံးမှုများကို U07.1 ဟု သတ်မှတ်ပြီး ဓါတ်ခွဲခန်း အတည်ပြုချက်မပါဝင်သော SARS-CoV-2 ဆေးဖက်ဆိုင်ရာ စမ်းသပ်မှု သို့မဟုတ် ကူးစက်ရောဂါ ဗေဒဆိုင်ရာ စမ်းသပ်တွေ့ရှိသည့် COVID-19 ကူးစက်ရောဂါကြောင့် သေဆုံးမှုကို U07.2 ဟု သတ်မှတ်သည်။ လူနာနှင့် ရောဂါ အချိုးသည် သတ်မှတ်ထားသော အချိန်တစ်ခုအတွင်း သေဆုံးသူ အရေအတွက်ကို စမ်းသပ်တွေ့ရှိသော လူနာ အရေအတွက်ဖြင့် စားထားခြင်း ဖြစ်သည်။ Johns Hopkins တက္ကသိုလ်၏ကိန်းဂဏန်းအချက်အလက်များပေါ်တွင် အခြေခံ၍၊ 2020 ခုနှစ် ဧပြီလ 17 ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းသေဆုံးမှုဖြစ်စဉ်အချိုးမှာ 6.9% (153,822/2,240,191) ဖြစ်ပါသည်။ ဒေသအလိုက် အရေအတွက်များ ကွာခြားသည်။ အခြား တိုင်းတာမှုများတွင် ရောဂါကြောင့် သေဆုံးသည့် ရောဂါပိုး တွေ့ရှိသူဦးရေ ရာခိုင်နှုန်းကို ထင်ဟပ်သည့် ပိုးတွေ့သေဆုံးနှုန်း (CFR) နှင့် ရောဂါကြောင့် သေဆုံးသည့် ကူးစက်ခံရသူ (ပိုးတွေ့ရှိသူ နှင့် ပိုးမတွေ့ရှိသူများ) ရာခိုင်နှုန်းကို ထင်ဟပ်သည့် ကူးစက်ရောဂါသေဆုံးမှုနှုန်း (IFR) တို့ ပါဝင်သည်။ ထိုကိန်းဂဏန်းအချက်အလက်များသည် အချိန်ကန့်သတ်မှုမဟုတ်ဘဲ ဖြစ်စဉ်၏ခိုင်မာမှုမှတဆင့် ကူးစက်ခံရသော တိကျသည့်လူဦးရေကို လိုက်မှတ်ခြင်းဖြစ်ပါသည်။ ကူးစက်ခံရသောလူအားလုံး အင်တီဘော်ဒီထွက်ရှိခြင်း မရှိသော်လည်း အင်တီဘော်ဒီ ရှိခြင်းသည် လူမည်မျှကို ကူးစက်ထားပြီးဖြစ်ကြောင်း အချက်အလက်ကို ပေးနိုင်သည်။ အီတလီ နိုင်ငံ၏ ရောဂါကူးစက်မှု ဗဟိုချက်ဖြစ်သော ကျေးရွာငယ် Castiglione d’Adda တွင် လူဦးရေ 4,600 အနက်မှ 80 ဦး (1.7%) သေဆုံးခဲ့ပြီဖြစ်သည်။ Gangelt တွင် ကာနီဗယ်ဝါဝင်ပွဲမှာ ရောဂါပြန့်နှံ့ခဲ့ပြီး လူငယ်များကို ရောဂါပြန့်နှံ့ခဲ့သဖြင့် နှိုင်းယှဉ်ချက်အရ သေဆုံးမှု နည်းပါးခဲ့ပြီး COVID-19 သေဆုံးမှု အားလုံးမှာ ယင်းကဲ့သို့ တရားဝင် သတ်မှတ်ချက်များ မရှိနိုင်ပေ။ ထို့အပြင် ဂျာမဏီ ကျန်းမာရေးစနစ်သည် ထိန်းသိမ်းမနိုင်ခြင်း မရှိသေးပါ။ နယ်သာလန်တွင် သွေးလှူရှင်များထံမှ အကဲဖြတ်ထားချက်အရ 3% ခန့်တွင် ရောဂါကာကွယ်သည့် ပဋိပစ္စည်းရှိနေနိုင်ပါသည်။ (လူဦးရေ၏ 0.004%) 69 ဦးသည် COVID-19 ကြောင့် သေဆုံးခဲ့ပြီး ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုနှင့် ယင်းကြောင့် သေဆုံးနှုန်းသည် ယောက်ျားနှင့် မိန်းမအကြား ကွာခြားသည်။ တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတွင်ပြုလုပ်ခဲ့သော လေ့လာမှုများတွင် အမျိုးသားများ၌ သေဆုံးမှုနှုန်းပို၍မြင့်မားပါသည်။ အမျိုးသားများနှင့် အမျိုးသမီးများကြားရှိ အဆုံးသတ်ချိန်ကွာဟချက်မှာ 90 တွင်သာဖြစ်ပြီး အမျိုးသားများအတွက် အမြင့်မားဆုံးသောအန္တရာယ်မှာ အသက် 50s အရွယ်အမျိုးသားများ ဖြစ်ပါသည်။ တရုတ်တွင် အမျိုးသားများ၏ သေဆုံးနှုန်းမှာ 2.8 ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသမီးများအတွက် သေဆုံးနှုန်းမှာ 1.7 ရာခိုင်နှုန်း ဖြစ်သည်။ ကွဲပြားခြားနားမှု ခြောက်ခု၏ တိကျသော အကြောင်းရင်းကို မသိရသေးသော်လည်း မျိုးရိုးဗီဇနှင့် အလေ့အထ ကိစ္စများမှာ အကြောင်းရင်း တစ်ခု ဖြစ်နိုင်သည်။ လိင်အခြေပြု ကိုယ်ခံအားဆိုင်ရာ မတူကွဲပြားမှုများ၊ ဆေးလိပ်သောက်နှုန်း ပိုနည်းမှုနှင့် အမျိုးသမီးများထက် အမျိုးသားများတွင် ငယ်ရွယ်ချိန်တွင် သွေးတိုးရောဂါ ကဲ့သို့ ပူးတွဲရောဂါ ရှိနေတတ်ခြင်းတို့က အမျိုးသားများတွင် အသေအပျောက်နှုန်း ပိုများစေခြင်းကို ဖြစ်စေပါသည်။ ဥရောပတွင် ရောဂါပိုးတွေ့ရှိသူများ၏ 57% သည် ယောက်ျားများဖြစ်ပြီး COVID-19 နှင့် သေဆုံးသူများ၏ 72% မှာ ယောက်ျားများ ဖြစ်ကြသည်။ 2020 ခုနှစ် ဧပြီလတွင်၊ US အစိုးရသည် COVID-19 ကူးစက်မှုများ၏ လိင်ပိုင်းဆိုင်ရာဆက်စပ်နေသောဒေတာများကို နောက်ကြောင်းလိုက်စစ်ဆေးခြင်း မပြုလုပ်ထားပါ။ အီဘိုလာ၊ HIV၊ တုတ်ကွေးနှင့် SARS တို့ကဲ့သို့ ဗိုင်းရပ်စ်ကြောင့် ဖြစ်သော နာမကျန်းမှုများသည် ယောက်ျားများနှင့် မိန်းမများကို ကွဲပြားစွာ သက်ရောက်ကြောင်း သုတေသနများက ပြသ နေသည်။ ကျန်းမာရေးဝန်ထမ်းများ၊ အထူးသဖြင့် သူနာပြုများတွင် အမျိုးသမီး ရာခိုင်နှုန်းမှာ ပိုများပြီး ၎င်းတို့ ဗိုင်းရပ်စ် ထိတွေ့နိုင်ခြေ ပိုမြင့်မားပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က 2020 ခုနှစ် ဖေဖော်ဝါရီ 11 ရက်နေ့တွင် ရောဂါ၏ တရားဝင် အမည်ကို “COVID-19” ဖြစ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ WHO တာဝန်ခံ Tedros Adhanom Ghebreyesus က CO မှာ ကိုရိုနာ၊ VI မှာ Virus၊ D မှာ ရောဂါနှင့် 19 မှာ ကူးစက်ပြန့်ပွားမှုကို စတင် သိရှိသည့် အချိန် 2019 ခုနှစ် ဒီဇင်ဘာလ 31 ရက်ကို ရည်ညွန်းကြောင်း ရှင်းပြသည်။ ကဲရဲ့အပြစ်တင်မှုကို တားဆီးရန် ရည်ရွယ်၍ အမည်ပေးရာတွင် နိုင်ငံတကာ အကြံပြုချက်များနှင့်အညီ သက်ဆိုင်ရာ ပထဝီဝင် တည်နေရာ (ဥပမာ၊ တရုတ်)၊ တိရစ္ဆာန် မျိုးကွဲများ သို့မဟုတ် လူအုပ်စုတို့အား ကိုးကားခြင်း မပြုဘဲ အမည်ပေးခဲ့ပါသည်။ COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်ကို ပြင်းထန်သော စိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာစု ကိုရိုနာဗိုင်းရပ်စ် 2 (SARS-CoV-2) ဟု အမည်ပေးခဲ့သည်။ WHO က ထပ်ဆောင်း၍ “COVID-19 ဗိုင်းရပ်စ်” နှင့် “COVID-19 ဖြစ်စေသော ဗိုင်းရပ်စ်” ဟု လူထု ဆက်ဆံရေးများတွင် အသုံးပြုသည်။ ရောဂါနှင့် ဗိုင်းရပ်စ် နှစ်ခုစလုံးကို ယေဘူယျအားဖြင့် “ကိုရိုနာဗိုင်းရပ်စ်” ဟု ရည်ညွှန်းသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် အစဦး ရောဂါဖြစ်ပွားမှုကာလ အတွင်းတွင် ဗိုင်းရပ်စ်နှင့် ရောဂါတို့ကို “ကိုရိုနာဗိုင်းရပ်စ်” နှင့် “ဝူဟန် ကိုရိုနာဗိုင်းရပ်စ်” ဟု ယေဘူယျအားဖြင့် ရည်ညွှန်း ခဲ့ကြသည်။ 2020 ခုနှစ် ဇန်နဝါရီလတွင်၊ WHO သည် ရောဂါဖြစ်သည့်နေရာများနှင့် ဗိုင်းရပ်စ်အမည်များ အသုံးပြုခြင်းကို ဆန့်ကျင်၍ 2015 လမ်းညွှန်ချက်နှင့်အညီ ဗိုင်းရပ်စ်နှင့် ရောဂါအတွက် ကြားကာလအမည်များအဖြစ် 2019-nCov နှင့် 2019-nCoV စိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်း ရောဂါဟု အကြံပြုခဲ့သည်။ တရားဝင်အမည် COVID-19 နှင့် SARS-CoV-2 ကို 2020 ခုနှစ် ဖေဖေါ်ဝါရီလ 11 ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကုန်ပစ္စည်း ဖြန့်ဝေမှု ပုံမှန်လမ်းကြောင်းများတွင် စွမ်းရည် အကန့်အသတ်ရှိမှုများကြောင့် အချို့သော ဒစ်ဂျစ်တယ် ထုတ်လုပ်သူများက နှာခေါင်းတို့ဖတ်နှင့် အသက်ရှူစက်ကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းများကို ပုံနှိပ်လျက်ရှိသည်။ ဥပမာတစ်ခုတွင် အီတလီ ဆေးရုံတစ်ရုံက အသက်ရှူစက် အဆို့ရှင်ကို အလောတကြီး လိုအပ်ချိန်တွင် ပစ္စည်းထုတ်လုပ်သူက လိုအပ်သည့် အချိန်အတွင်း မပေးပို့နိုင်၍ ဒေသတွင်း လုပ်ငန်းငယ်လေးက တန်ပြန်ထုတ်လုပ်ပြီး လိုအပ်သော အဆို့ရှင် အခု 100 ကို ညတွင်းချင်း ဖန်တီးပေးခဲ့သည်။ COVID-19 စတင်ပြန့်ပွားလာပြီးနောက်တွင် ရောဂါ၏ မူလရင်းမြစ်၊ ကျယ်ပြန့်မှု၊ ကာကွယ်ခြင်း၊ ကုသခြင်း နှင့် အခြားသော ရှုထောင့်များနှင့် ပတ်သက်သည့် လျို့ဝှက် အကြံအစည် သီအိုရီများ၊ သတင်းမှားများနှင့် သတင်းအတုများ ပေါ်ထွက်လာပြီး အွန်လိုင်းတွင် လျင်မြန်စွာ ပြန့်နှံ့သွားသည်။ လူများသည် အခြားသောတိရစ္ဆာန်များထံ ဗိုင်းရပ်စ်ကို ပျံ့ပွားစေနိုင်ပုံပေါ်ပါသည်။ လေ့လာမှုက ဝက်များ၊ ဘဲများနှင့် ကြက်များတွင်း ဗိုင်းရပ်စ်ပွားများမှု အထောက်အထားရှာဖွေရာတွင် မအောင်မြင်ခဲ့ပေ။ ရောဂါကို ကုသရန် ဆေးဝါးများ သို့မဟုတ် ကာကွယ်ဆေးတစ်ခုမှ အတည်ပြုထားခြင်းမရှိပါ။ COVID-19 တွင် ကာကွယ်ဆေးများနှင့် ဆေးဝါးများအပေါ် နိုင်ငံတကာ သုတေသနကို အစိုးရ အဖွဲ့အစည်းများ၊ ပညာရှင် အုပ်စုများနှင့် လုပ်ငန်း သုတေသနမှူးများက လုပ်ဆောင်လျက် ရှိကြသည်။ မတ်လတွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် ထိရောက်မှုအရှိဆုံးဟုထင်ရသည့် ရှိနေပြီးသော ရောဂါပိုးများကို ချေဖျက်သုတ်သင်သည့်ကွန်ပေါင်းလေးမျိုး၏ ထိရောက်သောကုသမှုကို အကဲဖြတ်ရန် “ပေါင်းစည်းထားသောစမ်းသပ်မှု” ကို စတင်ခဲ့ပါသည်။ ကာကွယ်ဆေးရရှိနိုင်ခြင်းမရှိသော်လည်း အမျိုးမျိုးသောအေဂျင်စီများသည် ကာကွယ်ဆေးလောင်းလျာများကို တက်ကြွစွာ ဖော်ဆောင်နေကြပါသည်။ လူသား ဆဲလ်များကို ဝင်ရောက်ရန်အတွက် SARS-CoV နှင့် SARS-CoV-2 နှစ်မျိုးစလုံးသည် ACE2 ရီဆက်ပ်တာကို အသုံးပြုသည့် အတွက် ယခင် SARS-CoV အတွက် လုပ်ဆောင်ထားချက်များကို အသုံးပြုထားသည်။ ကာကွယ်ဆေး မဟာဗျူဟာ သုံးမျိုးကို စမ်းသပ်ဖော်ထုတ် လျက်ရှိသည်။ ပထမဆုံးအဖြစ် သုတေသီများက ဗိုင်းရပ်စ် ကာကွယ်ဆေးကို ဖန်တီးရန် ကြိုးပမ်းလုပ်ဆောင်ပါသည်။ လှုပ်ရှားမှု မရှိသော သို့မဟုတ် သေနေပြီးဖြစ်သော ဗိုင်းရပ်စ်ကို အသုံးပြုခြင်းသည် COVID-19 နှင့် အသစ် ကူးစက်မှုကို လူသား ခန္ဓာကိုယ်က ခုခံအား တုန့်ပြန်မှု အလျင်အမြန်ဖြစ်ပေါ်စေရန် ရည်ရွယ်သည်။ ဒုတိယ နည်းဗျူဟာဖြစ်သည့် ရောဂါပိုး၏ပဋိပစ္စည်းဖြင့် ပြုလုပ်ထားသော ကာကွယ်ဆေးများ၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်၏ ပဋိပစ္စည်းအချို့ကို ပြန်တိုက်ထုတ်ပေးနိုင်အောင် ကိုယ်ခံအားစနစ်အား စေ့ဆော်ပေးမည့် ကာကွယ်ဆေး ဖန်တီးရန် ဖြစ်သည်။ SARS-CoV-2 ကူးစက်သူများတွင် အဆိုပါ သုတေသနက ACE2 အင်ဇိုင်းလက်ခံတုံ့ပြန်ပစ္စည်းထဲသို့ ဗိုင်းရပ်စ် ဝင်လာနိုင်အောင် ကူညီပေးသည့် S-စူးချွန် ပရိုတိန်းအပေါ် အာရုံစိုက်လျက်ရှိပါသည်။ တတိယ နည်းဗျူဟာမှာ နျူကလစ် အက်ဆစ် ကာကွယ်ဆေးများ (DNA သို့မဟုတ် RNA ကာကွယ်ဆေးများ၊ ကာကွယ်ဆေးဖော်ထုတ်ခြင်းအတွက် ဆန်းသစ်သော နည်းစနစ်) ဖြစ်သည်။ အဆိုပါနည်းဗျူဟာများမှ ရရှိသည့် စမ်းသပ်ကာကွယ်ဆေးများကို ဘေးကင်းရေးနှင့် အာနိသင်အတွက် စမ်းသပ်ရဦးမည်ဖြစ်သည်။ 2020 ပြည့်နှစ် မတ်လ 16 ရက်နေ့တွင် ဆီအက်တယ်၌ မိမိဆန္ဒအလျောက် အစမ်းသပ်ခံသူ လေးဦးဖြင့် ပထမဆုံးကာကွယ်ဆေးစမ်းသပ်မှုကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကာကွယ်ဆေးတွင် ရောဂါဖြစ်စေသောဗိုင်းရပ်စ်ထံမှ ကူးယူထားသည့် အန္တရာယ်မရှိသော မျိုးဗီဇကုဒ် ပါဝင်ပါသည်။ SARS-COV-2 အတွက် ကာကွယ်ဆေးဖော်စပ်ရာတွင် ဖြစ်နိုင်ချေရှိသောစိန်ခေါ်မှုအဖြစ် ရောဂါကာကွယ်သောပဋိပစ္စည်းကိုမှီခိုသောတိုးပွားမှုကို အကြံပြုထားသော်လည်း ၎င်းမှာ အငြင်းပွားဖွယ်ဖြစ်ပါသည်။ ဧပြီလ 2020 အရ လက်ရှိ ဆေးပညာစမ်းသပ်မှုပေါင်း 300 ကျော် ရှိသည်ဟု သိရသည်။ စမ်းသပ်မှု အများအပြားက ဟိုက်ဒရိုအောက်ဆီကလိုရိုကွင်းနှင့် ကလိုရိုကွင်းအပေါ် လေ့လာမှု လေးခု အပါအဝင် အတည်ပြုထားသော ငှက်ဖျား ကုသမှုများကို လေ့လာသုံးသပ်ခဲ့ကြသည်။ ဧပြီလကုန်တွင် ထုတ်ပြန်သော အစီရင်ခံချက်အရ တရုတ်နိုင်ငံ သုတေသနအများစုတွင် ပါဝင်သည့် ပြန်လည် ရည်ရွယ်သော ဗိုင်းရပ်ဆန့်ကျင်ရေး ဆေးဝါးများတွင် ရမ်ဒီဆီဗာအပေါ် အဆင့် ၃ စမ်းသပ်မှု ကိုးခုတွင် နိုင်ငံအများအပြား ပါဝင်သည်။ COVID-19 ကာကွယ်ဆေးနှင့် ကုသမှု ဆေးဝါးအတွက် ဆေးကုသမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် သုံးသပ်မှုကို 2020 ခုနှစ် ဧပြီလတွင် စတင်လုပ်ဆောင်သည်။ COVID-19 ကုသမှု အတွက် လက်ရှိ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးဝါးအများအပြားကို လေ့လာ သုံးသပ်လျက် ရှိသည်။ ယင်းတို့တွင် ရမ်ဒီဆီဗာ၊ ကလိုရိုကွင်း၊ နှင့် ဟိုက်ဒရိုကလိုရိုကွင်း၊ လိုပီနာဗာ/ရီတိုနာဗား နှင့် လိုပီနာဗာ/ရီတိုနာဗာ နှင့် အင်တာဖာရွန်ဘီတာ ပူးပေါင်းတို့ ပါဝင်သည်။ 2020 ခုနှစ် မတ်လတွင် ရမ်ဒီဆီဗာ၏ ထိရောက်မှု အတွက် အထောက်အထားများ ထွက်ပေါ်ရန် ရည်မှန်းထားသည်။ ဆေးကုသမှုဆိုင်ရာ တိုးတက်မှုကို အတည်ပြုချက်မရှိသေးသည့် ရမ်ဒီဆီဗာ အသုံးပြု ကုသသော လူနာများတွင် တွေ့ရှိရသည်။ အဆင့် ၃ ကုသမှု ကြိုးပမ်းချက်များကို အမေရိကန်ပြည်ထောင်စု၊ အီတလီနှင့် တရုတ်နိုင်ငံများတွင် လုပ်ဆောင်လျက်ရှိသည်။ ငှက်ဖျားရောဂါ ကုသရန်အတွက် ယခင်က အသုံးပြုခဲ့သော ကလိုရိုကွင်းကို 2020 ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ၌ ပဏာမ ရလာဒ်များဖြင့် လေ့လာခဲ့ကြသည်။ သို့သော် သုတေသနအတွက် အချင်းချင်း သုံးသပ်မှုများပြုလုပ်ရန် ခေါ်ယူမှုများ ရှိပါသည်။ ကိုရီးယားနှင့် တရုတ် ကျန်းမာရေး အာဏာပိုင်များက ကလိုရိုကွင်း အသုံးပြုမှုကို ထောက်ခံထားသည်။ သို့ရာတွင် အကြံပြုထားသော နေ့စဉ်သုံးစွဲမှု ပမာဏမှာ တစ်ဂရမ်ဖြစ်သော်လည်း ဝူဟန် ဗိုင်းရပ်စ်ဗေဒ သိပ္ပံက ထိုပမာဏ၏ နှစ်ဆသည် အလွန် အန္တရာယ်များပြီး သေစေနိုင်ကြောင်း မှတ်ချက် ပြုထားသည်။ 2020 ခုနှစ် မတ်လ 28 ရက်နေ့တွင် ဟိုက်ဒရောက်စီ ကလိုရိုကွင်း နှင့် ကလိုရိုကွင်းတို့ကို အရေးပေါ် အသုံးပြုခွင့်ကို COVID-19 ရှိသည့် လူများကို ကုသနေသည့် ဆရာဝန်များ၏ သဘောတူညီချက်ဖြင့် FDA က ထုတ်ပြန်ခဲ့သည်။ တရုတ်တို့၏ သတ္တမ အကြိမ် လမ်းညွှန်ချက်များတွင်လည်း COVID-19 ကုသရာတွင် အင်တာဖာရွန်၊ ရီဘာဗာရင် သို့မဟုတ် ယူမီဖီနိုဗာ တို့ကို ထည့်သွင်းထားခဲ့သည်။ ပဏာမအနေဖြင့်ရရှိသည့် အချက်အလက်များအရ စမ်းသပ်ဖန်ပြွန်ထဲရှိ SARS-CoV-2 ဗိုင်းရပ်စ်ကို ဟန့်တားနိုင်ရန် ဗိုင်းရပ်စ်တိုက်ဖျက်ဆေးပမာဏများစွာ လိုကြောင်း ညွှန်ပြနေပါသည်။ SARS-CoV-2 ၏ ပါဝင်မှုနည်းပါးသောကန့်သတ်မှုကို သရုပ်ပြသပြီးနောက် နောက်ထပ် ခန္ဓာကိုယ်တွင်း လေ့လာမှုအတွက် နီတာဇိုဇာနိုက်ကို အကြံပြုထားပါသည်။ ပြည့်စုံသော အမြှေးပရိုတိစ်ဆီရိုင်း 2 (TMPRSS2) သည် ACE2 လက်ခံသည့်အရာနှင့် တုံ့ပြန်မှုမှတဆင့် SARS-CoV-2 ၏ ဝင်ရောက်မှုအတွက် ပဓာနကျပါသည်။ အေဇီသရိုမိုင်စင် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကလိုရိုကွင်းနှင့် ဟိုက်ဒရောက်ဆီကလိုရိုကွင်းတို့ အပေါ် လေ့လာမှုများတွင် ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းကို နောက်ထပ်လေ့လာမှု မရှိဘဲ ယင်း ကုထုံးများကို ဆက်လုပ်ရန် တားဆီးထားသော အဓိက အကန့်အသတ်များ ရှိနေသည်။ အိုဆယ်တာမီဗာသည် အပြင်အပတွင် SARS-CoV-2 ကို ပိတ်ပင်ခြင်းမရှိပဲ COVID-19 ကုသမှုတွင် မည်သည့် အခန်းက ပါဝင်သည်ကို မသိရပေ။ ပြင်းထန်သော COVID-19 နောက်ပိုင်း အဆင့်များတွင် ဆိုင်တိုကိုင်း စတောမ် ခေါ် ခန္ဓာကိုယ်ယောင်ယမ်းတုန့်ပြန်မှုဟု နောက်ဆက်တွဲ အဖြစ်ရရှိတတ်သည်။ ဟိုက်ဒရိုကလိုရိုကွင်းတွင် ဆိုင်တိုကင်း အုံ့ကြွမှု ဆန့်ကျင်သော ဂုဏ်သတ္တိများ ရှိနိုင်ကြောင်း အထောက်အထား ရှိပါသည်။ လေ့လာမှုအသေးစား ပြုလုပ်ပြီးနောက်တွင် တရုတ်နိုင်ငံ၏ အမျိုးသား ကျန်းမာရေး ကော်မရှင်က တိုစီလီဇူမဘ်ကို ကုထုံး လမ်းညွှန်ချက်များတွင် ထည့်သွင်းခဲ့သည်။ အီတလီတွင် ပြင်းထန်သော ရောဂါရှိသူများတွင် ရောဂါပိုးရှိကြောင်း ပြသပြီးနောက် နိုင်ငံအဆင့် ပျောက်ကြားမဟုတ်သော အဆင့် 2 စမ်းသပ်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ဆိုင်တိုကိုင်း စတောမ်း (တုန့်ပြန်မှုကြောင့် ယောင်ယမ်းသည့် ရောဂါလက္ခဏာစု) ကို ဖော်ထုတ်ရန် သွေးရည်ကြည် ဖယ်ရာတင် သွေးစစ်ဆေးခြင်းနှင့် ပေါင်းစပ်ထားခြင်းဖြင့် ယင်းသည် အချို့သက်ရောက်ခံရသော လူများအတွက် သေဆုံးသည့် အကြောင်းရင်းဟု ထင်မှတ်ထားသော ထိုဖြစ်ပေါ်တိုးတက်မှုများကို တန်ပြန်ရန် ရည်ရွယ်သည်။ 2017 ခုနှစ်တွင် မတူညီသော အကြောင်းရင်းများကြောင့် ဖြစ်ပွားသော စည်းမရှိသော ဆိုင်တိုကိုင်း ထုတ်လုပ်သည့် ရောဂါ လက္ခဏာစု ကုသမှု၊ CAR T ဆဲလ် ကုသမှု အတွက် ပြန်လည်သုံးသပ် သည့် ဖြစ်ရပ်လေ့လာမှုများအပေါ် အခြေခံပြီး အင်တာလူကင်-6 လက်ခံမှု ဆန့်ကျင်ဆေးဝါးကို FDA က အတည်ပြုခဲ့သည်။ ယနေ့အထိ၊ တိုစီလီဇူမက်ဘ်သည် CRS အတွက် ထိရောက်သောကုသမှုဖြစ်သည်ဟုသော ကျပန်းဖြစ်သည့် ထိန်းချုပ်ထားသောသက်သေမျိုး မရှိသေးပါ။ COVID-19 မှ သက်သာပျောက်ကင်းလာသူများ၏ ခုခံအား စနစ်များမှ ထုတ်လုပ်သော သန့်စင်၍ ပျစ်သော အင်တီဘော်ဒီများကို ၎င်းတို့ကို လိုအပ်နေသူများထံ လွှဲပြောင်းပေးခြင်းကို ကာကွယ်ဆေးမပါပဲ အလိုအလျောက် ခုခံအား ရစေနိုင်သည့် နည်းလမ်းအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဤမဟာဗျူဟာမှာ SARS အတွက် စမ်းသပ်ခဲ့ပြီး မရေရာသော ရလာဒ်များ ရရှိခဲ့သည်။ ဗိုင်းရပ်စ်နှင့်ဆိုင်သော အာနိသင်လျော့ပါးစေခြင်းသည် အနုနည်းဖြင့်ကုသသော ရောဂါကာကွယ်သည့်ပဋိပစ္စည်းကုထုံးသည် SARS-CoV-2 ကို ဆန့်ကျင်တွန်းလှန်ရာတွင် ဆက်သွယ်ပေးနိုင်သောကြောင့် ကြိုတင်မျှော်မှန်းထားသောလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ သို့ရာတွင် အခြားသော နည်းလမ်းများဖြစ်သည့် ပဋိပစ္စည်း အမှီပြု ဆဲလ်လူလာ ဆိုင်တိုတောက်ဆစ်စတီ နှင့်/သို့ ဖေဂိုဆိုက်တိုဆစ် များမှာ ဖြစ်နိုင်ခြေရှိသည်။ အခြားသော အလိုအလျောက် ပဋိပစ္စည်း ကုသမှု ပုံစံများ ဥပမာ- ထုတ်လုပ်ထားသော မိုနိုကလုန်နယ် ပဋိပစ္စည်းများ အသုံးပြခြင်းတို့မှာ တီထွင် စမ်းသပ်ဆဲ ဖြစ်သည်။ ပြန်လည်ကောင်းမွန်လာသည့် သူနာများမှ သွေး၏ အရည်အစိတ်အပိုင်းဖြစ်သည့် ဗိုင်းရပ်စ်အတွက် သီးသန့် ပဋိပစ္စည်း ပါဝင်သော နာလန်ထ သွေးရည်ကြည် ထုတ်လုပ်မှုသည် ပိုမို လျင်မြန်သော လက်တွေ့အသုံးချမှုအတွက် တိုးမြင့်လာလိမ့်မည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါများ၊ နီးစပ်စွာ ဆက်စပ်နေသည့်ရောဂါအုပ်စု ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို အသိပညာ မြှင့်တင်ပြီးနောက် COVID-19 ကူးစက်ရရှိကာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည့် ဝူဟန် ဗဟို ဆေးရုံကြီးမှ ဆရာဝန် Li Wenliang