alphabet
stringclasses 35
values | word
stringlengths 1
33
⌀ | phonetics
stringlengths 1
69
⌀ | meaning
stringlengths 2
602
| pos
stringclasses 98
values | origin
stringlengths 1
68
⌀ |
---|---|---|---|---|---|
က | ကနုတ်ပန်း | ကနုတ်ပန်း | အနွယ်၊ အခက်၊ အရွက် စသည် ရစ်ပတ် ထွေးယှက် နေသော ပုံသဏ္ဍာန်ရှိသည့် အပြောက်အမွမ်း တစ်မျိုး။ | နာမ် | null |
က | ကနန်း | ဂနန်း | တိဗက် မြန်မာအုပ်စုဝင် ဘာသာစကားတစ်မျိုးကို ပြောသော မြန်မာတိုင်းရင်းသားတစ်မျိုး။ (ကသာဒေသ၊ အထက် ချင်းတွင်းဒေသတို့တွင် အများအားဖြင့် နေထိုင်သည်။) | နာမ် | null |
က | ကနွဲ့ကလျ | ကနွဲ့ကလျ၊ ကနွဲ့ကယာ့ | နွဲ့နောင်းပျော့ပျောင်း စွာ။ | ကြိယာဝိသေသန | null |
က | ကပိလဝတ် | ကပိလဝတ်၊ ကတ်ပိလဝတ် | အိန္ဒိယမြောက်ပိုင်း သာကီဝင်မင်းမျိုးတို့ စိုးစံရာ နေပြည်တော်။ | နာမ် | ပါ၊ ကပိလဝတ္ထု |
က | ကပီ | ကပီ | ၁၊ မျောက်ရုပ်၊ ဘီလူးရုပ် စသည်ရေးဆွဲသော ရှေးရိုး မြန်မာ ပန်းချီ ရေးဆွဲနည်း။ (ကနုတ်၊ ဂဇာ၊ နာရီ တို့လည်း ရှု)
၂၊ ယိုးဒယား ကနည်း တစ်မျိုး။ | နာမ် | ပါ၊ ကပိ |
က | ကပိုကရို | ဂဗိုဂယို | သပ်ရပ်စွာ ဖြီးလိမ်းပြင်ဆင်ခြင်းမပြုဘဲ။ | ကြိယာဝိသေသန | null |
က | ကပေါက်ချိကပေါက်ချာ | ဂဗောက်ချိဂဗောက်ချာ | အစီအစဉ် မကျဘဲ။ ကျိုးကြောင်းဆက်စပ်မှုမရှိဘဲ။ | ကြိယာဝိသေသန | null |
က | ကပေါက်တိကပေါက်ချာ | ဂဗောက်တိဂဗောက်ချာ | ကပေါက်ချိ ကပေါက်ချာ။ | ကြိယာဝိသေသန | null |
က | ကပိုင်၁ | ဂဗိုင် | ထိုင်ရာအခင်း။ | နာမ် | null |
က | ကပိုင်၂ | ဂဗိုင် | ပင်လယ်ကမ်းစပ်တွင် ပေါက်တတ်သော သစ်ပင်ငယ် တစ်မျိုး။ (ရေမဒမ၊ မဒမမျောဟုလည်း ခေါ်သည်။) | နာမ် | null |
က | ကပျာကယာ | ဂဗျာဂယာ | အလျင်စလို။ | ကြိယာဝိသေသန | null |
က | ကပျာကသီ | ဂဗျာဂသီ (သှီ) | ကပျာကယာ။ | ကြိယာဝိသေသန | null |
က | ကပျစ်ကညစ် | ဂဗျစ်ကညစ် | ညစ်ပတ်ပေကျံလျက်။ မသပ်မရပ်။ | ကြိယာဝိသေသန | null |
က | ကပြား | ကာ့ဗျား | လူမျိုးချင်းမတူသော မိဘနှစ်ပါးမှ ပေါက်ဖွားသူ။ ဗန္ဓတ်။ | နာမ် | null |
က | ကပြက်ကချော် | ဂဗျက်ကချော် | ပေါ့ပေါ့တန်တန်။ ဖြစ်ကတတ်ဆန်း။ | ကြိယာဝိသေသန | null |
က | ကပြင် | ဂဗျင် | အိမ်မနှင့် တစ်ဆက်တည်း ထုတ်ထားသော အမိုးမဲ့ ကြမ်းပြင်။ တပျင်း။ | နာမ် | null |
က | ကဖျက်ယဖျက် | ကာ့ဗျက်ယာ့ဗျက် | ဖျက်လိုဖျက်ဆီး။ | ကြိယာဝိသေသန | null |
က | ကဗျာ | ဂဗျာ | စည်းမျဉ်းများနှင့်အညီ စာလုံး၊ စာပိုဒ်အရေအတွက်၊ ကာရန်အချိတ်အဆက်၊ အသံအနေအထား စသည်ဖြင့် စီကုံးထား သော အဖွဲ့အနွဲ့။ | နာမ် | သ၊ ကာဝျ |
က | ကဗျာလွတ် | ဂဗျာလွတ် | သီချင်းမပါဘဲ ခြောက်လုံးပတ်၊ စည်း၊ ဝါး တို့ဖြင့် ကရသော အခြေခံအက။ | နာမ် | null |
က | ကဗွီး | ကဗွီး | ထင်းရှူးပင်နှင့်ဆင်သော ပင်လယ်ကမ်းနားပေါက် သစ်ပင် တစ်မျိုး။ | နာမ် | null |
က | ကဘီလူး | ကာ့ဗလူး | ခေါင်းသေး၍ မျက်လုံးပြူးသော ရေချို ရေငန်နေ ငါးတစ်မျိုး။ | နာမ် | မွန်၊ ကဖလုဟ် |
က | ကဘုန်းသား | ဂဗုန်းသှား | ပင်လယ်ယောက်သွား တစ်မျိုး။ | နာမ် [ ဒေသ ] | null |
က | ကမကထ | ကမာ့ကထာ့ | ဦးဆောင်၍။ ကြီးကြပ်၍။ | ကြိယာဝိသေသန | null |
က | ကမကထ | ကမာ့ကထာ့ | ဦးဆောင်သူ။ ဦးဆောင်ခြင်း။ | နာမ် | null |
က | ကမချ | ကာ့မချာ့ | ဗျည်းသုံးဆယ့်သုံးလုံးကို သင်ရိုးသရ ဆယ့်နှစ်လုံးနှင့်တွဲ၍ပြသော သင်ပုန်းကြီး။ | နာမ် | သ၊ ကြမဂး |
က | ကမာ | ကမာ | ကနုကမာ။ | နာမ် | မွန်၊ ကနုကမာ |
က | ကမာကျီ | ကမာကျီ | ကောက်ကြီးစပါးတစ်မျိုး။ | နာမ် | null |
က | ကမူ | ကမူ၊ ဂမူ | မိုမောက်နေသောကုန်းမြေ။ ကုန်းမူ။ | နာမ် | null |
က | ကမူးရှူးထိုး | ဂမူးယှူးဒိုး | မဆင်မခြင်။ တစ်ဇွတ်ထိုး။ | ကြိယာဝိသေသန | null |
က | ကမောက်ကမ | ကမောက်ကမ | တိမ်းလွဲချွတ်ချော်လျက်။ | ကြိယာဝိသေသန | ပါ၊ ကမ + ဩက္ကမ/မြန်၊ က - က + မှောက်မှား |
က | ကမန်း | ဂမန်း | ခမန်း ရှု။ | ပစ္စည်း | null |
က | ကမန်းကတန်း | ဂမန်းဂဒန်း | ကတိုက်ကရိုက်။ | ကြိယာဝိသေသန | null |
က | ကမျောသောပါး | ဂမျောသောဗား | ကတိုက်ကရိုက်။ ကမန်း ကတန်း။ | ကြိယာဝိသေသန | null |
က | ကမျဉ်း | ကမျဉ်း | ကက္ကုကမျဉ်း နှင့် အတူတူ။ | နာမ် | null |
က | ကမျဉ်းနီ | ကမျဉ်းနီ | အဆိပ်ရှိသည့် အလွန်သေးငယ်သော ပိုးကောင်နီတစ်မျိုး။ | နာမ် | null |
က | ကမြော့ | ကမြော့ | မတည်မကြည် ပေါ့ပြက်ပြက် ပြောဆိုပြုမူသည်။ | ကြိယာ | null |
က | ကမြင်း | ကမြင်း | ၁၊ အလွန်ဆော့သည်။
၂၊ လော်လည်ဖောက်ပြားသည်။ | ကြိယာ | null |
က | ကယီ | ကယီ | ၁၊ ရေ စသည် စိုစွတ်သဖြင့် ညစ်ပတ် ကျိချွဲသည်။
၂၊ ဟင်းသီးဟင်းရွက် ရေနာ၊ ရေလောင်သဖြင့် နွမ်းရိ ကျိချွဲသည်။ | ကြိယာ | null |
က | ကယုကယင် | ကယုကယင် | ချစ်ခင်ကြင်နာစွာ။ | ကြိယာဝိသေသန | null |
က | ကယော၁ | ကယော | ဒီရေရောက်သစ်တောတွင် ပေါက်လေ့ရှိသော အစေးတွင် အဆိပ်ရှိသည့် ပင်လတ်တစ်မျိုး။ | နာမ် | null |
က | ကယော၂ | ကယော | ပင်စည်ပွားရွက်လက်များ အဆင့်ဆင့် ဖြာထွက်သည့် ရှားစောင်းပင်တစ်မျိုး။ | နာမ် | null |
က | ကယောက်ကယက် | ဂယောက်ဂယက် | မငြိမ်မသက် မတည် မတံ့။ | ကြိယာဝိသေသန | null |
က | ကယောင်ကတမ်း | ဂယောင်ဂဒန်း | အယောင်ယောင် အမှားမှား။ | ကြိယာဝိသေသန | null |
က | ကယောင်ကယင် | ဂယောင်ဂယင် | စိတ်မတည်မတံ့ တုန်လှုပ် လျက်။ | ကြိယာဝိသေသန | null |
က | ကယောင်ချောက်ချား | ဂယောင်ချောက်ချား | စိတ် မတည်မငြိမ် လှုပ်ရှားလျက်။ | ကြိယာဝိသေသန | null |
က | ကရကဋ် | ကရကတ် | ဆယ့်နှစ်ရာသီတွင် ပုစွန်လုံးရုပ်ဖြင့် မှတ်အပ်သော စတုတ္ထရာသီ။ | နာမ် | သ၊ ကကဵဋ |
က | ကရကတ် | ကရကတ် | ရေဝမ်းဘဲငယ်တစ်မျိုး။ | နာမ် | null |
က | ကရကွက် | ကရဂွက် | ကွက်ကွက် ကွက်ကွက်ဟု အော်မြည် တတ်သော ရေကြက်တစ်မျိုး။ | နာမ် | null |
က | ကရနို့ | ကရနို့၊ ကလနို့ | ကိုယ်ထည်တစ်ခုတွင်တပ် ထားသည့် အငုတ်အစို့။ “ထိုင်မသိမ်းအင်္ကျီ ကရနို့။ ထွန်ထမ်းပိုး ကရနို့။” | နာမ် | null |
က | ကရမက် | ကရမက်၊ ကလမက် | အသားနံ့သာပင်တစ်မျိုး။ | နာမ် | မလေး၊ kalambak |
က | ကရဝေး | ကရဝေး၊ ကလဝေး | အရွက်ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးသော သစ်ပင်ကြီးတစ်မျိုး။ | နာမ် | အရဗီ၊ karawiyā |
က | ကရဝိက် | ကရဝိတ် | အသံအလွန်သာသည့် ကျမ်းဂန်လာ ငှက် တစ်မျိုး။ | နာမ် | ပါ၊ ကရဝီက |
က | ကရဝိက်ဖောင် | ကရဝိတ်ဖောင် | ကရဝိက်ငှက်ပုံ ပြုလုပ်ထားသော ဖောင်တော်တစ်မျိုး။ | နာမ် | null |
က | ကရာ | ကရာ | ပိုင်းခြား ရွေးချယ်ခြင်း မရှိသည့် အနက်ဖြင့် ကြိယာကို ထောက်ပံ့သော စကားလုံး။ “တွေ့ကရာ။” | ပစ္စည်း | null |
က | ကရာတေး | ကရာတေး | ဂျပန်ကိုယ်ခံပညာတစ်မျိုး။ | နာမ် | ဂျပန်၊ karate |
က | ကရား | ကယား၊ ခယား | နှုတ်သီး၊ လက်ကိုင်ပါသောအိုး။ | နာမ် | သ၊ ကရက |
က | ကရားရေပိတ်စကား | ကယားယေဗိတ်ဇဂါး၊ ခယားယေဗိတ်ဇဂါး | တစ်ဖက်သား စောဒကမတက်နိုင်အောင် ပြောသောစကား။ | နာမ် | null |
က | ကရိကထ | ကရိကထ | ၁၊ ဆင်းရဲပင်ပန်းခြင်း။ “ကရိကထမခံနိုင်။”
၂၊ ထွေထွေ ရာရာ ပြုလုပ်ဆောင်ရွက်ဖွယ်။ “ကရိကထ များသည်။” | နာမ် | null |
က | ကရုဏာ | ဂယုနာ | သနားကြင်နာခြင်း။ | နာမ် | ပါ၊ ကရုဏာ |
က | ကရုဏာရသ | ဂယုနာယာ့သာ့ | သနားကြင်နာမှုရသ။ | နာမ် | null |
က | ကရေကရာ | ကရေကရာ | ပေါက်ပေါက်မှုန့်ကို သကာနှင့်ရော၍ လုပ်ထားသော မုန့်တစ်မျိုး။ | နာမ် | null |
က | ကရောသောပါး | ဂယောသောဗား | ကမျောသောပါး နှင့် အတူတူ။ | ကြိယာဝိသေသန | null |
က | ကရော့ | ကရော့ | ကြိယာအချို့ကို လေးနက်အောင် ထောက်ပံ့ သော စကားလုံး။ ပေတော့။ “မှတ်ကရော့။” | ပစ္စည်း [ အပြော ] | null |
က | ကရော်ကမည် | ကယော်ကမျီ၊ ကယော်ကမယ် | စေ့စပ်သေချာမှု မရှိဘဲ။ ပြက်တီးပြက်ချော်။ | ကြိယာဝိသေသန | null |
က | ကရို့ | ကရို့ | ကွယ်တို့ နှင့် အတူတူ။ | ပစ္စည်း [ အပြော ] | null |
က | ကရက် | ကရက် | ၁၊ ကျောက်မျက်ရတနာ ချိန်တွယ်ရာတွင် သုံးသော အလေးချိန်တစ်မျိုး။ (တစ်ကရက်သည် ၃၁၅ ဂရိန်ခန့် လေးသည်။)
၂၊ ရွှေနှင့် အခြားသတ္တု ရောထားသော ဒြပ်တစ်ခုတွင် ရွှေပါဝင်နှုန်း။ ရွှေရည်ချိန် တစ်မျိုး။ | နာမ် | လိပ်၊ carat |
က | ကရင် | ကရင် | တိဗက် မြန်မာ အုပ်စုဝင် ဘာသာစကားတစ်မျိုးကို ပြောသော မြန်မာတိုင်းရင်းသားတစ်မျိုး။ (စကောကရင်၊ ပိုးကရင် စသည်ဖြင့် ရှိသည်။ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်း တွင် အနှံ့အပြားနေထိုင်သည်။) | နာမ် | null |
က | ကရင်ဝါး | ကရင်ဝါး | ထီးရိုးဝါးနှင့် အသွင်တူ၍ အကြောမာပြီး အသား ပါးသော ဝါးတစ်မျိုး။ | နာမ် | null |
က | ကရင်ဩသံ | ကယင်အောသှန် | ကရင်တိုင်းရင်းသားတို့၏ ရိုးရာ ဂီတသံကို အခြေခံ၍ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ပေါ်ပေါက် ခဲ့သော တေးသံတစ်မျိုး။ | နာမ် | null |
က | ကရောင်း | ကရောင်း | စည်တိုနှက်သံကို အခြေပြု၍ တီးရသော ယိုးဒယားတီးလုံးတစ်မျိုး။ | နာမ် | ထိုင်း၊ gklaung |
က | ကရိုဏ် | ကရိုင် | ဓမကရိုဏ်။ | နာမ် | ပါ၊ ဓမကရဏ |
က | ကရိုဏ်း | ကရိုင်း | ၁၊ [ သဒ္ဒါ ]အက္ခရာတို့၏ဖြစ်ကြောင်း ဖြစ်သော လျှာလယ်၊ လျှာဖျားစသည်။
၂၊ [ ဗေဒင် ] အမှုကိစ္စ မဆောင်ရွက်ကောင်းသော အချိန်ပိုင်းတစ်မျိုး။ | နာမ် [ သဒ္ဒါ ] | ပါ၊ ကရဏ |
က | ကရိန်း | ကရိန်း | ဝန်ချီစက်။ | နာမ် | လိပ်၊ crane |
က | ကရွတ် | ကရွတ် | အိုးအောက်ခံ အခွေ။ | နာမ် | null |
က | ကရွတ်ကင်းလျှောက် | ကယွတ်ကင်းယှောက် | တဝဲ လည်လည်။ | ကြိယာဝိသေသန [ ဥပစာ ] | null |
က | ကလတက် | ကလဒက် | တီးခေါက်အချက်ပေးရန်သုံးသည့် အခေါင်းထွင်းသစ်တုံး။ အုန်းမောင်း။ | နာမ် | null |
က | ကလနား | ကလနား | ရက်ထည်၏ အနားသတ်။ | နာမ် | null |
က | ကလနံ | ကလနံ | အနံတို ပိတ်ပိုင်း။ | နာမ် | null |
က | ကလမောင်း | ကလမောင်း | ဆွဲချိန်ခွင် တစ်မျိုး။ | နာမ် | null |
က | ကလလရည်ကြည် | ကလလာ့ယေဂျီ | ပဋိသန္ဓေတည်စရုပ်စု။ ခန္ဓာကိုယ်ဖြစ်စရည်ကြည်။ | နာမ် | ပါ၊ ကလလ + မြန်၊ ရည်ကြည် |
က | ကလအော် | ကလအော် | သံနုတ်ကိရိယာ တစ်မျိုး။ | နာမ် | ကလော် |
က | ကလအုံးဆောင်းထပ် | ကလအုန်းဆောင်းဒတ် | ကုလားအုံး ဆောင်းထပ် ရှု။ | နာမ် | null |
က | ကလိ | ကလိ | မခံချိ မခံသာဖြစ်အောင် ပြောဆို၊ ပြုမူသည်။ မူလ အခြေ အနေ ပျက်အောင် ဆွသည်။ | ကြိယာ | null |
က | ကလိထိုး | ဂလိထိုး | ခါး၊ ချိုင်းကြား စသည်ကို တရွရွ တို့ထိ ကစားသည်။ | ကြိယာ | null |
က | ကလိယုဂ် | ကလိယုတ် | လူတို့ မကောင်းမှု အပြုများသော ကပ်ဆိုး။ ဆုတ်ကပ်။ | နာမ် | ပါ၊ ကလိယုဂ |
က | ကလီကမာ | ကလီကမာ | မဟုတ်မမှန် လိမ်လည်လျက်။ | ကြိယာဝိသေသန | null |
က | ကလီစာ | ကလီဇာ | သတ္တဝါ၏အသည်း၊ နှလုံး၊ အဆုတ် စသော ဝမ်းတွင်းအင်္ဂါများ။ | နာမ် | ဟိန္ဒီ၊ ကလေဇာ |
က | ကလူ | ကလူ | ၁၊ မြူးထူးကစားသည်။
၂၊ ကျီစယ်သည်။
၃၊ ညှဉ်းပန်းနှိပ်စက်သည်။ | ကြိယာ [ ရှေး ] | null |
က | ကလေကချေ | ကလေကချေ | အခြေအနေမဲ့သူ။ လေလွင့်နေသူ။ | နာမ် | null |
က | ကလေး | ကလေး၊ ခလေး | ၁၊ သားငယ် သမီးငယ်။
၂၊ အသက် ငယ်ရွယ်သူ။
၃၊ အရွယ်မရောက်သေးသူ။ | နာမ် | null |
က | ကလေး | ကလေး၊ ခလေး | ဂုဏ်သိက္ခာနှင့် မညီအောင် ပြုမူပြောဆိုသည်။ | ကြိယာ | null |
က | ကလေး | ကလေး၊ ခလေး | သေးငယ်သော။ ငယ်ရွယ်သော။ “လိပ်ပြာကလေး။” | နာမဝိသေသန | null |
က | ကလေး | ကလေး၊ ခလေး | အနက်ကိုလျော့ပေါ့အောင်၊ ယဉ်ကျေးအောင်၊ နှစ်သက် ဖွယ် သဘောသက်ရောက်အောင် ထောက်ကူသော စကားလုံး။ “ပူပူကလေး။ ယဲ့ယဲ့ကလေး။ သူကလေး။ မီးကလေး တစ်တို့။” | ပစ္စည်း | null |
က | ကလေးကလား | ကလေးကလား | ဂုဏ်သိက္ခာနှင့် မညီအောင်။ | ကြိယာဝိသေသန | null |
က | ကလဲ့ | ဂလဲ့ | အလှည့်အကြိမ်။ | နာမ် | null |
က | ကလဲ့စားချေ | ဂလဲ့ဇားချေ | မိမိအပေါ် မကောင်းပြုသောသူကို မိမိကပြန်၍ မကောင်းပြုသည်။ | ကြိယာ | null |
က | ကလော | ကလော | အစေ့ကို ကုဋ္ဌနူနာဆေးဖော်ရာတွင် သုံးရသော သစ်ပင် တစ်မျိုး။ | နာမ် | ပါ၊ ကောလ |
က | ကလော် | ကလော် | ကော်၍ ထုတ်သည်။ | ကြိယာ | null |
က | ကလော်တုတ် | ကလော်တုတ် | ရင့်သီးသောစကားများဖြင့် ဆဲသည်။ တစ်တစ်ခွခွ ဆဲသည်။ | ကြိယာ | null |
က | ကလက် | ကလက် | ဣန္ဒြေမဲ့သည်။ ကလေးကလားပြုမူသည်။ | ကြိယာ | null |