alphabet
stringclasses
35 values
word
stringlengths
1
33
phonetics
stringlengths
1
69
meaning
stringlengths
2
602
pos
stringclasses
98 values
origin
stringlengths
1
68
အောင်မြေ
အောင်မြေ
ရန်အောင်မြင်ရာ မင်္ဂလာရှိသော မြေအရပ်။
နာမ်
null
အောင်မြေနင်း
အောင်မြေနင်း
အောင်မြင်ရာ အောင်မြင်ကြောင်း ရည်၍ အောင်မြေ၌ ခြေချသည်။
ကြိယာ
null
အောင်မြင်
အောင်မြင်
အောင်သည်။
ကြိယာ
null
အောင်မှတ်
အောင်မှတ်
ဆိုင်ရာစာမေးပွဲတွင် အောင်မြင်သည်ဟု သတ်မှတ် ထားသော အမှတ်အဆင့်။
နာမ်
null
အောင်ရေ
အောင်ရေ
စပါးနှံများ နို့ရည်တည်သောကာလ အဆန် အောင် မြင်ရန် လယ်ထဲတွင်ထားရှိရသော ရေ။
နာမ်
null
အောင်လံ
အောင်လံ
အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် လွှင့်ထူသော အလံ။
နာမ်
မြန်၊ အောင် + အရဗီ၊ alam
အောင်လက်မှတ်
အောင်လက်မှတ်
ပညာအဆင့်အတန်း တစ်စုံတစ်ရာကို အောင်မြင် ခဲ့ကြောင်း သက်ဆိုင်ရာက အသိအမှတ်ပြု၍ ထုတ်ပေးသော လက်မှတ်။
နာမ်
null
အောင်သေအောင်သားစား
အောင်သှေအောင်သှားစား
အောင်ပွဲ ရသဖြင့် သေရည်သေရက်နှင့် စားဖွယ်များကို သုံးဆောင်ကြသည်။
ကြိယာ
null
အောင်သွယ်
အောင်သွယ်
တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် ပြေပြေ လည်လည် ဆက်သွယ်မိအောင် ကြားမှဆောင်ရွက်ပေးသည်။
ကြိယာ
null
အောင်သွယ်
အောင်သွှယ်
ယင်းသို့ ဆောင်ရွက်သူ။
နာမ်
null
အောင့်
အောင့်
၁၊ လေထိုး၍ဖြစ်စေ၊ ထိခိုက်မိ၍ဖြစ်စေ နာသော ဝေဒနာခံစားရသည်။ ၂၊ စိတ်၌ အခံရခက်သည်။ မခံချိမခံသာ ဖြစ်သည်။ ၃၊ စိတ်ကို ချုပ်တည်းသည်။ ၄၊ ထွက်သက်ဝင်သက်၊ ဆီး၊ ဝမ်း စသည်ကို ဆိုင်းငံ့ချုပ်တည်းသည်။
ကြိယာ
null
အောင့်
အောင့်
အလွန်တိုတောင်းသော အခိုက်အတန့်။ တစ်ခဏ။ “တစ်အောင့်စောင့်ပါ။”
နာမ်
null
အောင့်သက်သက်
အောင့်သက်သက်
၁၊ အောင့်သလိုလိုဖြစ်သော ဝေဒနာ ခံစားရလျက်။ ၂၊ စိတ်မသက်မသာ။ မခံချိမခံသာ။
ကြိယာဝိသေသန
null
အောင့်အည်း
အောင့်အည်း
၁၊ စိတ်ကို ချုပ်တည်းသည်။ သည်းခံသည်။ ၂၊ ဆီး၊ ဝမ်း စသည်ကို ဆိုင်းငံ့ချုပ်တည်းသည်။
ကြိယာ
null
အောင်း၁
အောင်း
၁၊ ဂူ၊ တွင်း၊ အခန်း စသည် အတွင်း၌ ဝင်ရောက်နေ သည်။ ၂၊ အခိုး၊ ရေ စသည် မပျံ့မထွက်ဘဲ တစ်နေရာတည်းတွင် စုဝေးတည်နေသည်။ ၃၊ ဦးခေါင်းပိုင်းဖြင့် အရှိန်ပြင်းစွာ တိုက် သည်။ ၄၊ ဆင်က ဦးခေါင်းဖြင့်သစ်လုံးကို ထိတိုက်၍ရွေ့စေသည်။
ကြိယာ
null
အောင်း၂
အောင်း
၁၊ သားရဲတိရစ္ဆာန်တစ်မျိုး။ ၂၊ ပန်းဖွား။
နာမ်
null
အောင်း၃
အောင်း
ရှေးခေတ် ကြိုးတူရိယာတစ်မျိုး။
နာမ်
null
အိုင်
အိုင်
သဘာဝအလျောက် ရေများ စုဝေးတည်ရှိသော မြေကျင်း၊ ချိုင့်ဝှမ်း။
နာမ်
null
အိုင်
အိုင်
၁၊ ရေ၊ အရည်များ စီးဆင်းမသွားဘဲ များပြားစွာ စုဝေး တည်ရှိသည်၊ ပြည့်လျှမ်းသည်။ ၂၊ အသံကျယ်စွာ မြည်သည်။ ၃၊ [ ဥပစာ ] ဇာတ်လမ်း ဇာတ်ကွက် စသည် တဝဲလည်လည်ဖြင့် ကြန့်ကြာနေသည်။
ကြိယာ
null
အိုင်ကျင်းဖွဲ့
အိုင်ကျင်းဖွဲ့
ဇာတ်ဝတ္ထုစသည်တွင် လွမ်းခန်းဆွေးခန်း စသည် ဖွင့်ရန် ပျိုးသည်။
ကြိယာ
null
အိုင်ချင်း
အိုင်ဂျင်း
ကောက်စိုက်သမ သီချင်းတစ်မျိုး။
နာမ်
null
အိုင်ထွန်း
အိုင်ထွန်း
ရေ၊ အရည် မစီးဆင်းဘဲ တစ်နေရာတည်းတွင် များပြားစွာ စုတင်နေသည်။
ကြိယာ
null
အိုင့်
အိုင့်
၁၊ ခွက်ဝင်နက်ရှိုင်းသော။ ၂၊ ပုပျပ်၍ အလယ်ပိုင်းကားသော။ ၃၊ အသံ လေးတွဲ့သော။ ၄၊ [ ရှေး ] စိတ်ညှိုးငယ်သော။
နာမဝိသေသန
null
အိုင်း
အိုင်း
သွေးပြည်ပုပ်တည်သော အဖုအလုံး အပိမ့်ထွက်သည့်အနာမျိုး။
နာမ်
null
အစ်၁
အစ်
၁၊ ကိုယ်ခန္ဓာတွင် တင်းကျပ် တစ်ဆို့သည်။ ၂၊ တင်းကျပ် တစ်ဆို့အောင် ဖျစ်ညှစ်သည်။ ၃၊ တစ်ဖက်သားထံမှ မိမိသိလိုသော အချက်ကို ပြောအောင် မေးမြန်းသည်။ အောက်သည်။
ကြိယာ
null
အစ်၂
အစ်
ကွမ်းဆေး စသည်ထည့်ရသော အဖုံးပါသည့် ခွက် တစ်မျိုး။
နာမ်
null
အစ်၃
အစ်
အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ နေ့ထူး နေ့မြတ်။
နာမ်
အရဗီ၊ Id
အစ်ကို
အကို
ညီအစ်ကို မောင်နှမတွင် အကြီးဖြစ်သောယောက်ျား။
နာမ်
null
အစ်မ
အမာ့
ညီအစ်ကို မောင်နှမတွင် အကြီးဖြစ်သော မိန်းမ။
နာမ်
null
အဇ္ဈတ္တ
အစ်ဇတ်တာ့
အတွင်း။
နာမ်
ပါ၊ အဇ္ဈတ္တ
အဉ္ဇလီ
အင်ဇလီ
လက်အုပ်။ လက်အုပ်ချီခြင်း။
နာမ်
ပါ၊ အဉ္ဇလီ
အဋ္ဌကထာ
အတ်ထာ့ကထာ
ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုသောကျမ်း။
နာမ်
ပါ၊ အဋ္ဌကထာ
အဋ္ဌာရသ
အထာရာ့သာ့၊ အတ်ထာရာ့သာ့
ယောက်ျားတို့ တတ်အပ်သော ၁၈ ရပ်သောအတတ်။ (၁၊ သုတိ - အကြားအမြင် အတတ် ၂၊ သမ္မုတိ - ဓမ္မသတ်အတတ် ၃၊ သင်္ချာ -ဂဏန်း အတတ် ၄၊ ယောဂါ - ဗိသုကာအတတ် ၅၊ နီတိ - နီတိကျမ်း အတတ် ၆၊ ဝိသေသိကာ - ဗျာကရိုဏ်းအတတ် ၇၊ ဂန္ဓဗ္ဗာ - ဝါ၊ ဂီ၊ နစ်အတတ် ၈၊ ဂဏိကာ-လက်ဆစ်ချိုး၍ ရေတွက်သောအတတ် ၉၊ ဓနုဗေဒ - လေးအတတ် ၁ဝ၊ ပုရာဏ - စကားဟောင်းအတတ် ၁၁၊တိကိစ္ဆာ-ဆေးအတတ် ၁ ၂၊ ဣတိဟာသ- ရှေးဟောင်းရာဇဝင် သမိုင်းအတတ် ၁ ၃၊ ဇောတိသတ္ထ - ဗေဒင်၊ နက္ခတ်အတတ် ၁ ၄၊ မာယာ - လှည့်ပတ်မှုအတတ် ၁ ၅၊ ဆန္ဒတိ - ဆန်းကျမ်း အတတ် ၁ ၆၊ ကေဋုဘ - အလင်္ကာကျမ်းအတတ် ၁ ၇၊ မန္တ - မန္တန်အတတ် ၁ ၈၊ သဒ္ဒါ - သဒ္ဒါကျမ်းအတတ်)
နာမ် [ ကျမ်းဂန် ]
null
အဋ္ဌမ
အတ်ထမာ့
ရှစ်ခုမြောက်ဖြစ်သော။
နာမဝိသေသန
ပါ၊ အဋ္ဌမ
အဏ္ဏဝါ
အဏ္ဏဝါ
ပင်လယ်သမုဒ္ဒရာ။
နာမ်
ပါ၊ အဏ္ဏဝ
အဏ္ဏဝါဗေဒ
အဏ္ဏဝါဗေဒ
ပင်လယ်သမုဒ္ဒရာတို့နှင့် ပတ်သက်သော ပညာရပ်။
နာမ်
null
အတ္တ
အတ္တ
ငါ။ မိမိ။
နာမ်
ပါ၊ အတ္တ
အတ္တနောမတိ
အတ္တနောမတိ
မိမိယူဆချက်။
နာမ်
ပါ၊ အတ္တနောမတိ
အတ္တဘော
အတ်ဒဗော
ခန္ဓာကိုယ်။
နာမ်
ပါ၊ အတ္တ+ဘာဝ
အတ္တဟိတ
အတ်တာ့ဟိတာ့
ကိုယ့်အကျိုး။ မိမိအကျိုး။
နာမ်
ပါ၊ အတ္တဟိတ
အတ္ထဗျတ္တိဂုဏ်
အတ်ထာ့ဗျတ်တိဂုန်
ဆိုလိုသောအနက်ကို ထင်ရှားအောင် ဖွဲ့ဆိုသောဂုဏ်။
နာမ်
ပါ၊ အတ္ထ + ဗျတ္တိ + ဂုဏ
အတ္ထာလင်္ကာရ
အတ်ထာလင်ဂါယာ့
စာပေအဖွဲ့၏ အနက် တန်ဆာ။
နာမ်
ပါ၊ အတ္ထ + အလင်္ကာရ
အတ္ထုပ္ပတ်
အတ္ထုပ္ပတ်
အတ္ထုပ္ပတ္တိနှင့် အတူတူ။
နာမ်
null
အတ္ထုပ္ပတ္တိ
အတ္ထုပ္ပတ္တိ
၁၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝဖြစ်စဉ်။ ၂၊ တစ်စုံ တစ်ခု၏ အကြောင်းအရာ။
နာမ်
ပါ၊ အဋ္ဌုပ္ပတ္တိ
အိတ်
အိတ်
သားရေ၊ ဖျင်စသည်ဖြင့် ချုပ်လုပ်ထားသည့် ထည့်စရာ။
နာမ်
null
အိတ်ကပ်
အိတ်ကပ်
အင်္ကျီရှေ့ပိုင်းတွင် ကပ်ချုပ်ထားသော အိတ်ငယ်။
နာမ်
null
အိတ်ဆောင်
အိတ်ဆောင်
လိုအပ်သည့်အခါ အသုံးပြုရန် အိတ်တွင် ထည့်၍ ယူဆောင်နိုင်သော။
နာမဝိသေသန
null
အိတ်ထောင်
အိတ်ထောင်
၁၊ သားရေ၊ ဖျင်စသည်နှင့် ပြုလုပ်ထားသော ကောက်ပဲသီးနှံ စသည် ထည့်စရာအိတ်။ ၂၊ အင်္ကျီ အတွင်းပိုင်းတွင် ဒေါင်လိုက် ကပ်ချုပ်ထားသော အိတ်။ ၃၊ တစ်စုံတစ်ရာထည့်ရန် ခွက်အောင် လုပ်ထားသော ပုဆိုးခါးပုံစ။
နာမ်
null
အိတ်ထောင့်
အိတ်ထောင့်
၁၊ အိတ်ထောင် နှင့် အတူတူ။ ၂၊ တောင်ရှည် ပုဆိုး ထောင့်စွန်းတွင်ရှိသော အိတ်။
နာမ်
null
အိတ်ရှုံ့
အိတ်ရှုံ့
အဝဖွင့်နိုင် ပိတ်နိုင်အောင် ကြိုးထည့်၍ ပြုလုပ်ထားသည့် အိတ်။
နာမ်
null
အိတ်သွန်ဖာမှောက်
အိတ်သွန်ဖာမှောက်
အကုန်အစင်။ အကြွင်းမဲ့။
ကြိယာဝိသေသန [ ဥပစာ ]
null
အုတ်
အုတ်
တိုက်စသည် ဆောက်လုပ်ရာတွင် အသုံးပြုရန် ရွှံ့မြေကိုနှဲ၍ ပုံသွန်းကာ မီးဖုတ်ထားသော မြေကျက်ခဲ။
နာမ်
ပါ၊ ဣဋ္ဌက
အုတ်ကြားမြက်ပေါက်
အုတ်ကြားမြက်ပေါက်
အမျိုးအမည် မထင်ရှားသူ။
နာမ် [ ဥပစာ ]
null
အုတ်ကြွပ်
အုတ်ကျွတ်
ရွှံ့ကို အချပ်အပြား ပြုလုပ်၍ မီးဖုတ် ထားသည့် အမိုးမိုးစရာ။ (ပျဉ်အုတ်ကြွပ်လည်း ရှိသည်။)
နာမ်
null
အုတ်ခွက်ဘုရား
အုတ်ခွက်ဖယား
ရွှံ့ပျော့တွင် ဘုရားပုံတော် ပုံစံခွက်ဖြင့်နှိပ်၍ ပြုလုပ်ထားသော ဘုရား။
နာမ်
null
အုတ်ပူထိုး
အုတ်ပူထိုး
မီးဖွားပြီး အမျိုးသမီးများ ဒဏ်ကျေစေရန် အုတ်ခဲကို မီးဖုတ်ရေဖျန်းပြီး အဝတ်နှင့်ပတ်ကာ ကြပ်ထုပ်ထိုးသည်။
ကြိယာ
null
အုတ်ဖိနပ်
အုတ်ဖနတ်
တိုင်ခြေရင်းတွင် အုတ်ကျောက်တို့ဖြင့် ပြုလုပ်ထားသော အခြေ။
နာမ်
null
အုတ်မြစ်
အုတ်မြစ်
အဆောက်အအုံ၏ အောက်ခြေမြေကြီးတွင် အုတ်၊ ကျောက်၊ ဘိလပ်မြေများ ထည့်လောင်းထားသည့် အမာခံ အခြေ။
နာမ်
null
အုတ်မြစ်ချ
အုတ်မြစ်ချ
၁၊ အဆောက်အအုံ၏ မူလအောက်ခြေကို ခိုင်မာစွာ တည်ဆောက်သည်။ ၂၊ အခြေတည်သည်။ အစ ပျိုးသည်။
ကြိယာ
null
အုတ်အာ
အုတ်အာ
ပေါများသော။
နာမဝိသေသန
null
အုတ်အာသရဲ
အုတ်အာသရဲ
အုတ်အာသောင်းသဲ။
ကြိယာဝိသေသန
null
အုတ်အာသောင်းသဲ
အုတ်အာသောင်းသှဲ
ဆူဆူညံညံ။ အုတ်အုတ်ကျက်ကျက်။
ကြိယာဝိသေသန
null
အုတ်အော်သောင်းတင်း
အုတ်အော်သောင်းဒင်း
လူသူ စသည် တို့၏ အသံဆူညံစွာ။
ကြိယာဝိသေသန
null
အုတ်အုတ်ကျက်ကျက်
အုတ်အုတ်ကျက်ကျက်
ဆူဆူညံညံ။ ကျယ်ကျယ်လောင်လောင်။
ကြိယာဝိသေသန
null
အုတ်အုတ်သဲသဲ
အုတ်အုတ်သဲသှဲ
အုတ်အာသောင်းသဲ။
ကြိယာဝိသေသန
null
အန်၁
အန်
၁၊ ဝမ်းတွင်းမှအစာ၊ သွေးစသည် ခံတွင်းအပြင်သို့ ထွက်သည်။ ၂၊ အန်အောင်ပြုသည်။ ၃၊ ပြည့်လျှံသဖြင့် အပြင်သို့ ဖိတ်စဉ်ထွက်ကျသည်။ လျှံကျသည်။
ကြိယာ
null
အန်၂
အန်
အန်စာ။ အန်ဖြင့်လောင်းကစားခြင်း။
နာမ်
null
အန်ခတ်
အန်ခတ်
ကြွေအန်ကစားသည်။
ကြိယာ
null
အန်ချင်း၁
အန်ဂျင်း
အန်ခတ်ရာတွင်သီဆိုသောသီချင်း။
နာမ်
null
အန်ချင်း၂
အန်ချင်း
ဖောင်ခတ်ရာတွင် သီဆိုသောသီချင်း။
နာမ်
null
အန်စာ
အန်ဇာ
၁၊ လောင်းကစားရာတွင် အသုံးပြုသော အမှတ် အသားများပါရှိသည့် မျက်နှာခြောက်ဖက်ညီ အတုံး။ ၂၊ [ သင်္ချာ] အလျားအနံဒုညီ၍ ခြောက်မျက်နှာပါသော အတုံး။
နာမ်
null
အန္တရကပ်
အန်ဒရာ့ကတ်
ဆယ်နှစ်သက်တမ်းမှ အသင်္ချေယျ သက်တမ်းအထိ တက်ကပ်၊ အသင်္ချေယျ သက်တမ်းမှ ဆယ်နှစ် သက်တမ်းအထိ ဆုတ်ကပ်ဟူသော တက်ကပ် ဆုတ်ကပ် တစ်စုံ အချိန်ကာလ။
နာမ်
ပါ၊ အန္တရ + ကပ္ပ
အန္တရာယ်
အန်ဒရယ်၊ အန်ဒယယ်
အနှောင့်အယှက်။ ဘေးရန်။
နာမ်
ပါ၊ အန္တရာယ
အန်တာတိတ်
အန်တာတိတ်
၁၊ အီကွေတာမှ တောင်ဘက် လတ္တီတွဒ် ၆၆ ၁/၂ ဒီဂရီအကွာအဝေးရှိ အီကွေတာနှင့် အပြိုင်ဖြစ်သော စိတ်မှန်း မျဉ်း။ ၂၊ တောင်ဝင်ရိုးစွန်းမှ ယင်းစက်ဝိုင်း မျဉ်းအတွင်းရှိ ဒေသ။ (အာတိတ်လည်းရှု)
နာမ် [ ပထဝီ ]
လိပ်၊ antarctic
အန္တာပိတ်
အန္တာပိတ်
အခိုးအနံ့ စသည်တို့ အပြင်သို့ မထွက်စေရန် အိုးစသည်ကို အလုံပိတ်သည်။
ကြိယာ
အံ + တာ + ပိတ်
အန္တိမ
အန်းတိမာ့
နောက်ဆုံး။ “အန္တိမ ဈာပန။”
နာမ်
ပါ၊ အန္တိမ
အန်တု
အန်တု
အားစွမ်းချင်းယှဉ်ပြိုင်သည်။
ကြိယာ
null
အန္တေဝါသိက
အန္တေဝါသိက
အတွင်းနေတပည့်။
နာမ်
ပါ၊ အန္တေဝါသိက
အန္တောဂတဝင်
အန်တောဂဒါ့ဝင်
၁၊ အတွင်းသို့ ရောက်သည်။ ၂၊ အကျုံးဝင်သည်။ (အန္တောဂဓ နှင့် လျဉ်းပါး၍ သုံးသောအနက် ဖြစ်သည်။)
ကြိယာ
ပါ၊ အန္တောဂတ + မြန်၊ ဝင်
အန္တောဂဓဝင်
အန္တောဂဓဝင်
အကျုံးဝင်သည်။
ကြိယာ
ပါ၊ အန္တောဂဓ + မြန်၊ ဝင်
အန္တောဝီထိ
အန္တောဝီထိ
နေသွားလမ်းသုံးလမ်းအနက် အတွင်းလမ်း။
နာမ်
ပါ၊ အန္တော + ဝီထိ
အန်ထောင်
အန်ထောင်
ကြိုးစားသည်။ အားထုတ်သည်။
ကြိယာ [ ရှေး ]
null
အန္ဒဂူ
အန္ဒဂူ
ထုံးကျောက်တစ်မျိုး။
နာမ်
ပါ၊ အန္တော + ဂုဟာ ၊
အန္ဓ
အန်းဒါ့
ပညာမျက်စိကန်းသူ။ လူအ။ လူပြိန်း။
နာမ်
ပါ၊ အန္ဓ
အန်း
အန်း
အနည်းငယ်ရောင်သော။
နာမဝိသေသန
null
အန်းမရ
အန်းမရ
ထောက်၍မမီဖြစ်သည်။
ကြိယာ [ ရှေး ]
null
အုန်အောက်
အုန်အောက်
ပုပ်သိုး နံစော်သည်။
ကြိယာ [ ရှေး ]
null
အုန်းခြစ်
အုန်းဂျစ်
အုန်းသီးဆန်ကို ခြစ်ယူရန် ခွေးသွားစိပ် ပါသော ကိရိယာ။
နာမ်
null
အုန်းခွံရောင်
အုန်းဂွန်ယောင်
အနည်းငယ် ဖျော့သော နီညိုရောင်။
နာမ်
null
အုန်းငှက်ပျော
အုန်းငပျော
အုန်းပင်နှင့်တူသော ပင်စည်မှ ငှက်ပျော ရွက်ကဲ့သို့ အရွက်များ ဖြာထွက်သော အပင်တစ်မျိုး။
နာမ်
null
အုန်းဆံ
အုန်းဇန်
အုန်းခွံမှ ခွာ၍ရသော အမျှင်။
နာမ်
null
အုန်းနို့
အုန်းနို့
အုန်းသီးဆန်ကိုခြစ်၍ ညှစ်ထားသော အရည်။
နာမ်
null
အုန်းပနီ
အုန်းဗနီ
နီဝါရောင်အသီးသီးသော အုန်းပင်ငယ်မျိုး။
နာမ်
null
အုန်းပင်စိုက်
အုန်းဗင်စိုက်
လက်နှစ်ဖက် ထောက်ပြီး ဦးစိုက်လျက် ခြေနှစ်ချောင်းကို ဖြောင့်ဖြောင့် မြှောက်ထောင်သည်။
ကြိယာ [ ဥပစာ ]
null
အုန်းဖွဲ
အုန်းဗွဲ
အပွင့်များကို မွေ့ရာချုပ်ရာတွင် သွတ်ရသော အလေ့ကျအပင်ငယ်တစ်မျိုး။
နာမ်
null
အုန်းမောင်း
အုန်းမောင်း
ကလတက် အကြီးစား။ တုံးမောင်း။
နာမ်
null
အုန်းမှုတ်
အုန်းမှုတ်
အုန်းသီးဆန်ကို ခြစ်ထုတ် ထားပြီးသော အတွင်း အခွံမာ။
နာမ်
null
အုန်းမှုတ်တယော
အုန်းမှုတ်တယော
အသံအိုးကို အုန်းမှုတ်ဖြင့် ပြုလုပ်ထားသော တယော။
နာမ်
null
အုန်းမှန်ကူ
အုန်းမှန်ဂူ
အုန်းသီးဆန်ကိုခြစ်၍ သကြားနှင့် ကျိုပြီး မှန်ကူကွက်ပုံဖြတ်ထားသော မုန့်။
နာမ်
null
အုန်းလေးဖက်ချ
အုန်းလေးဖက်ချ
အဆောက်အအုံ၏လေးဖက်လုံး အုန်းလက် အမိုးချသည်။
ကြိယာ
null